Myanmar Lyric Songs

  • Home
  • Myanmar Lyric Songs

Myanmar Lyric Songs Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Lyric Songs, Video Creator, .

06/01/2022

1990 // Shine



03/01/2022

Tik Tok & Music Video & Funny Video များတင်ပေးသွားပါမယ် Page ကို Like & Share, Followလေးလုပ်ပေးသွားကြပါဦး



#မြန်မာဝတ်စုံနှင့်မြန်မာမလေးများ

02/01/2022
မင်းထားခဲ့တယ့် တရားဓမ္မပါပဲတစ်ခြားတစ်ယောက်နဲ့ အိုမင်းရလေတယ်                                               #စိုင်းဝင်းမြင...
15/06/2020

မင်းထားခဲ့တယ့် တရားဓမ္မပါပဲ
တစ်ခြားတစ်ယောက်နဲ့ အိုမင်းရလေတယ်

#စိုင်းဝင်းမြင့်

** ဆရာစိုင်းဝင်းမြင့်အား Crd ပေးပါသည် **

12/06/2020

နွေနေပူပူ အဲကွန်းနဲ့ မင်္ဂလာခန်းမထဲမှာ
အိုက်စ်ခရင်မ် တစ်ဇွန်း ပါးစပ်ထဲထည့်တယ်
ပူလိုက်တာ ။
ပါးစပ်ကမဟုတ် ရင်ထဲမှာ ငရဲကျနေအလားပဲ
ဂါဝန်ဖြူဖြူကြီးနဲ့ သတို့သား လက်မောင်း တစ်ဖက်ကို
ချိတ်ပီး ပျော်နေတယ့် မင်းကိုတွေ့တော့
ငါ့မှာ စိတ်ထဲကျိတ်ပီး မျက်ရည်ဝဲရ။
"ကွန်ဂယက်ကျူလေးရှင်း"လို့ ပရိုနောင်ဇေးရှင်း
မမှန်တမှန် နဲ့ ပြောပီး လက်ဆွဲ နှုတ်ရင်း
ရွာမင်္ဂလာဆောင် ဆောင်းဘောက်စ်နား ရောက်သွားတယ့်
ငါ့ရင်ကိုနားပိတ်ပီး လှည့်ထွက်ခဲ့တယ်။
ခြေလှမ်းနဲ့ နှလုံးသားက ထပ်တူကျစွာ ဦးတည်လို့
ငါရဲ့ နိဗ္ဗာန် ဘုံဆိုင်ဆီပေါ့ ။
ဖန်ခွက်ထဲကို ဝီစကီအစား မျက်ရည်ကိုထည့်
ရေမရောပဲ တစ်ကျိုက်ထဲ မော့တယ်
အသည်းက မလောင်ကျွမ်းဘူး
သို့သော် ဆွေးတမြေ့မြေ့။ ။

#ဧက

 #သစ်ရွက်ကြွေအခုလောက်ဆိုရင်မင်းဆံပင် ဘယ်လောက်ရှိပြီ ။အခုလောက်ဆိုရင်မင်းအရပ် ဘယ်လောက်ရှိပြီ ။ငါ့မှာပြင်မရတဲ့ အမှားတစ်ခုနဲ...
11/06/2020

#သစ်ရွက်ကြွေ

အခုလောက်ဆိုရင်
မင်းဆံပင် ဘယ်လောက်ရှိပြီ ။
အခုလောက်ဆိုရင်
မင်းအရပ် ဘယ်လောက်ရှိပြီ ။
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့ နေ့လေးတစ်နေ့နဲ့ ။
အလွမ်းအဆွေးဟာ
မင်းဘဝအတွက် မတိုးတော့တဲ့ ဆေးလား ။
လမ်းကလေးဟာ
ငါ့ဘဝအတွက် မဆုံးတော့တဲ့ အတွေးလား ။
ဪ. . .
မင်းထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ် ။ ။

#စိုင်းဝင်းမြင့်
၁၉၉၈

**ဆရာစိုင်းဝင်းမြင့်အား Crd ပေးပါသည် **

11/06/2020

လွမ်းတယ်မပြောပဲ
လွမ်းနေရတာမျိုးကို
အချစ်ဟောင်းလို့ခေါ်တယ်...

#စစ်ငြိမ်း

**ဆရာစစ်ငြိမ်း အား Crd ပေးပါသည်**

11/06/2020

လမ်းခွဲခြင်း ဟာ ကဗျာတစ်ပုဒ် ဖစ်ခဲ့မယ်ဆို
ကံကြမ္မာ ဟာ ကဗျာဆရာပါပဲ။
အမှားများသူ ရှုံးစတမ်းဆိုပေမယ့်
ရင်ကွဲရတော့ နှစ်ယောက်ပါ
ရုပ်ရှင်တွေထဲကလို
လမ်းခွဲမှာ နှစ်ယောက်သားမျက်ရည်မကျဘူး
အသံခပ်မာမာနဲ့ ဖုန်းထဲက တစ်ဆင့်
နင်နဲ့ငါပြတ်ပီ ပဲပြောတယ်
ငါတော့ ရယ်ရယ်မောမောပဲ
နင်ရော ငိုနေလား ငါမသိ
နောက်ပိုင်း နင့်ကို ရယ်ရယ်မောမောနဲ့ လမ်းမှာတွေ့တယ်
ငါ့မှာတော့ မောမောရယ်ရယ်ပါ ။ ။


Feel Song Lyric များ ကဗျာများ တင်ပေးသွားပါမည်။ Like And Share လုပ်ပေးပါ ။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Lyric Songs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share