IDK ANIME

IDK ANIME Translate with by heart
So if we delay this is not our fault ,it needs to rest
(1)

mmanime Admin များ အနာဂတ်ရေးရာဆွေးနွေးနေပုံ
18/02/2024

mmanime Admin များ အနာဂတ်ရေးရာဆွေးနွေးနေပုံ

Isekai ဘာညာ(ကိုယ့်ဘာသာနာမည်ပေးလိုက်မယ် လာမဆဲနဲ့နော်😌) နဂါးမရယ် ပင့်ကူမ မိစ္ဆာများတို့နှင့်နောက်ဘဝအပိုင်း၆ ရာသီ၂လင့် in က...
14/02/2024

Isekai ဘာညာ(ကိုယ့်ဘာသာနာမည်ပေးလိုက်မယ် လာမဆဲနဲ့နော်😌) နဂါးမရယ် ပင့်ကူမ မိစ္ဆာများတို့နှင့်နောက်ဘဝ
အပိုင်း၆ ရာသီ၂
လင့် in ကောမန့်
ဘာသာပြန် တက်စုမကီ
အန်ကုတ်ဒါ နစ်ကီ
မြန်မြန်ကြည့်ချင်သူများ တယ်လီဂွမ်မှာစောင့် ပြီး ကြည့်ပါ ဖေ့ဘုတ်က တခါတလေတင်ဖို့မေ့နေတာ

အချစ်ဇာတ်လမ်းနဲ့ပက်သက်လာရင်ငါတို့ကဘာလို့အမြဲတမ်းတတိယလူဖြစ်နေရတာလဲName - A sign of Affection
14/02/2024

အချစ်ဇာတ်လမ်းနဲ့ပက်သက်လာရင်ငါတို့ကဘာလို့အမြဲတမ်းတတိယလူဖြစ်နေရတာလဲ

Name - A sign of Affection

ကဲကဲကဲ fan ခွဲပါမယ် Tomoe fan နဲ့ Mio fan ဆိုပြီးကိုယ်တွေက Mio ဘက်က တစ်ပြားမှမလျှော့ဘူးနော်Tsukimichi moonlit Fantasy - ...
14/02/2024

ကဲကဲကဲ fan ခွဲပါမယ် Tomoe fan နဲ့ Mio fan ဆိုပြီး
ကိုယ်တွေက Mio ဘက်က တစ်ပြားမှမလျှော့ဘူးနော်

Tsukimichi moonlit Fantasy - S2 Ep6 telegram link
https://t.me/idkammh/611

ဒီကောင်လား ပိုဆိုက်ဒွန်ကိုငါးပူတင်းလုပ်ခဲ့တဲ့သူဆိုတာ(ဘုရားကျောင်းကို ကားပေါ်တင်ခိုးပြေးသောဘိုးတော်)
10/02/2024

ဒီကောင်လား ပိုဆိုက်ဒွန်ကိုငါးပူတင်းလုပ်ခဲ့တဲ့သူဆိုတာ
(ဘုရားကျောင်းကို ကားပေါ်တင်ခိုးပြေးသောဘိုးတော်)

Golden kamuyရဲ့ Gacha လေးလှည့်ရင်းနဲ့ ထူးဆန်းတာလေးတခုတွေ့ခဲ့တယ်😏
09/02/2024

Golden kamuyရဲ့ Gacha လေးလှည့်ရင်းနဲ့ ထူးဆန်းတာလေးတခုတွေ့ခဲ့တယ်😏

Both pictures can be heard without soundLeft one - Berserk manga (volume 3)Right one - ...
07/02/2024

Both pictures can be heard without sound
Left one - Berserk manga (volume 3)
Right one - ...

ဘာလိုလိုနဲ့အပိုင်း၅တောင်ရောက်လာပြီပဲTsukibga michibi ဘာဘာညာညာSeason 2 အပိုင်း၅Translated by TatsumakiEncoded by NikoLink...
07/02/2024

ဘာလိုလိုနဲ့အပိုင်း၅တောင်ရောက်လာပြီပဲ
Tsukibga michibi ဘာဘာညာညာ
Season 2 အပိုင်း၅
Translated by Tatsumaki
Encoded by Niko
Link in comment
I recommend to u plz notify our telegram channel so u can watch early than this fb post

လူကြီးတွေပြောပြောနေတဲ့နေဖင်ထိုးတဲ့အထိအိပ်တယ်ဆိုတာအခုမှပဲမြင်ဖူးတော့တယ်
04/02/2024

လူကြီးတွေပြောပြောနေတဲ့နေဖင်ထိုးတဲ့အထိအိပ်တယ်ဆိုတာအခုမှပဲမြင်ဖူးတော့တယ်

ဒီ Encoder နဲ့ ငါနဲ့ စကားပြောဖို့လိုနေပြီ
30/01/2024

ဒီ Encoder နဲ့ ငါနဲ့ စကားပြောဖို့လိုနေပြီ

ဘာတွေဖြစ်ကုန်ပြီလဲဆိုတာမကြည့်ရသေးဘူးTsuki ga Michibiku Isekai Douchuu S2 - 04Translator TatsumakiEncoded by NikoTelegram...
30/01/2024

ဘာတွေဖြစ်ကုန်ပြီလဲဆိုတာမကြည့်ရသေးဘူး
Tsuki ga Michibiku Isekai Douchuu S2 - 04
Translator Tatsumaki
Encoded by Niko
Telegram မှာ joinထားရင်ပိုမြန်တယ်နော် fbမှာတင်ဖို့ကိုတခါတ‌ေလမေ့နေတာမို့လို့
link in comment

ကမ္ဘာဟောင်းကလူနဲ့ပြန်ဆုံကြပြီTsuki ga Michibiku Isekai Douchuu S2 - 03Translated by TatsumakiEncoded buly NikoLink in co...
23/01/2024

ကမ္ဘာဟောင်းကလူနဲ့ပြန်ဆုံကြပြီ
Tsuki ga Michibiku Isekai Douchuu S2 - 03
Translated by Tatsumaki
Encoded buly Niko
Link in comment

Traveler after completing "share not your treasure quest"ဘာရယ်လို့မဟုတ်ဘူး မနက်ကထိုင်ဆော့ရင်းစိတ်ကူးပေါက်လာလို့ ကောက်လုပ...
23/01/2024

Traveler after completing "share not your treasure quest"

ဘာရယ်လို့မဟုတ်ဘူး မနက်ကထိုင်ဆော့ရင်းစိတ်ကူးပေါက်လာလို့ ကောက်လုပ်ပလိုက်တာ 🤣

မင်္ဂလာပါ မိတ်ဆွေ တနှစ်အကြာမှတပိုင်းလာတင်တာ🙄Golden Kamuy S4 EP3Translated by horiEncoded by nikoLink in Comment
21/01/2024

မင်္ဂလာပါ မိတ်ဆွေ
တနှစ်အကြာမှတပိုင်းလာတင်တာ🙄
Golden Kamuy S4 EP3
Translated by hori
Encoded by niko
Link in Comment

အဲတာဘာသားတုန်းကွဲ့Sauce - Leadale no Daichi ni natte
16/01/2024

အဲတာဘာသားတုန်းကွဲ့
Sauce - Leadale no Daichi ni natte

ပင့်ကူမ နဂါးမ မိစ္ဆာတို့နှင့် ကုန်သွယ်ရေးတိုးဖောက်မည်ရာသီ၂ အပိုင်း၂Tsukimichi moonlit Fantasy season 2 Ep2Translator -Ta...
16/01/2024

ပင့်ကူမ နဂါးမ မိစ္ဆာတို့နှင့် ကုန်သွယ်ရေးတိုးဖောက်မည်
ရာသီ၂ အပိုင်း၂

Tsukimichi moonlit Fantasy season 2 Ep2

Translator -Tatsumaki
Encoded by Niko
Link in comment

ဘာသာပြန်တဲ့ပို့စ် မတင်တာ အတော်ကြာခဲ့ပြီနော် တကယ်က ဘာသာပြန်လက်စ anime ဖြစ်တာ‌ဆိုတော့ ဆက်ပြီး ပြန်ဖြစ်တဲ့သဘောပါတွေ့ရတာဝမ်း...
10/01/2024

ဘာသာပြန်တဲ့ပို့စ် မတင်တာ အတော်ကြာခဲ့ပြီနော်
တကယ်က ဘာသာပြန်လက်စ anime ဖြစ်တာ‌ဆိုတော့
ဆက်ပြီး ပြန်ဖြစ်တဲ့သဘောပါ
တွေ့ရတာဝမ်းသာပါတယ်
Btw Happy Karen New Year
Tsuki ga michibiku Isekai Douchuu
S2 ep1
Translator Tatsumaki
Encoded by Niko
Link in Comment

အကြာကြီးစောင့်မျှော်ပြီးတဲ့နောက်ပိုင်း Tsukimichi moonlit Fantasy Season 2 ရဲ့ ပထမပိုင်းကိုစတင်ထုတ်လွှင့်ခဲ့ပါပြီ။ထိုဇာတ...
10/01/2024

အကြာကြီးစောင့်မျှော်ပြီးတဲ့နောက်ပိုင်း Tsukimichi moonlit Fantasy Season 2 ရဲ့ ပထမပိုင်းကိုစတင်ထုတ်လွှင့်ခဲ့ပါပြီ။

ထိုဇာတ်လမ်းထဲမှာဆိုရင်ဖြင့် Season 1 မှာပါခဲ့ဖူးတဲ့ဇာတ်ကောင်တွေဖြစ်တဲ့...

အဓိကဇာတ်ကောင်အဖြစ် - Misumi Makoto
စနေနှစ်ခိုင်ပြူးထွက်နေသောနဂါးမအဖြစ် - Tomoe
ဦးနှောက်တစ်ခြမ်းလွတ်နေသော ပင့်ကူမမအဖြစ် - Mio
Tomoe ရဲ့အငယ်စားအဖြစ်ကလေးသရုပ်ဆောင်- Komoe
အရံဇာတ်ကောင်အဖြစ် သူရဲကောင်းနှစ်ယောက္မှပါ၀င်ကူညီထားကြပြီး
ဇာတ်ပို့ဇာတ်ကောင်အဖြစ်မိစ္ဆာလွင်ပြင်မှနေထိုင်သူများပါ၀င်အားဖြည့်ထားသည်။

ဇတ်ညွှန်း - Kei Azumi ရေးသားကာ
ဒါရိုက်တာ - Shinji Ishihara မှစီစဉ်ပြီး
Studio - J.C.Staff ကုမ္ပဏီမှ ထုတ်လုပ်သည်။

အပိုင်း ၁ ကိုတော့ admin ဖြစ်တဲ့ ဟောဒီကျွန်တော် Tatsumaki မှ ဘာသာပြန်ပြီး Niko မှ အန်းကုတ်ထားသည်။
တင်မယ့်နေ့ကိုစောင့်မျှော်ရင်းအားပေးကြပါဦးလို့ပြောကြားရင်း တစ်နေ့ပြန်ဆုံကြဦးမယ်ဗျာ

Admin ရဲ့ Christmas နေ့တစ်နေ့တာဖြတ်သန်းပုံအကျဉ်းချုပ်ကတော့...ဒါပဲCosplay ပွဲလည်းမသွားဘူးမီးလည်းမလာဘူး လိုင်းလည်းမကောင်းဘ...
25/12/2023

Admin ရဲ့ Christmas နေ့တစ်နေ့တာဖြတ်သန်းပုံအကျဉ်းချုပ်ကတော့...
ဒါပဲ
Cosplay ပွဲလည်းမသွားဘူး
မီးလည်းမလာဘူး လိုင်းလည်းမကောင်းဘူးလခွမ်းထဲမှ

တစ်နှစ်တောင်ပြည့်သွားပြီပေါ့လား
25/12/2023

တစ်နှစ်တောင်ပြည့်သွားပြီပေါ့လား

Merry Christmas ပါ Kirito ရေ 💔
ဒီစကားလေးကို ဒီ anime ကြည့်ရှုခဲ့တဲ့သူအားလုံးမျက်ရည်ဝဲခဲ့ရတဲ့အချိန်လေးလည်းဖြစ်သလို

ဒီနေ့ဟာ Sword Art Online ဂိမ်းကိုစတင်ဖြန့်ချီပြီး
49 ရက္မြောက်နေ့လည်းဖြစ်ပါတယ်

SAO timeline အရ နောက်နှစ်မ‌ှဆိုပေမယ့် ဒီနေ့ဟာလည်း မှတ်မှတ်ရရှိနေဆဲဖြစ်ပါတယ်

ဒီနေ့ ည 7 နာရီအချိန်မှာ Kirito က သူ့အနားမှာအမြဲရှိနေပါ့မယ်လို့ပြောပြီး သေဆ‌ံုးသွားခဲ့တဲ့ Sachi လေးရဲ့ Record လုပ်ထားတဲ့ Christmas ဆုတောင်းလေးကို၀မ်းနည်းစွာနဲ့နားထောင်ခဲ့ရပါတယ်

နာကျင်မှုတွေ... နာကျင်မှုတွေ...Anime - how a realist hero rebuild a kingdom
25/11/2023

နာကျင်မှုတွေ... နာကျင်မှုတွေ...

Anime - how a realist hero rebuild a kingdom

ဘ၀ခရီးဆိုတာဘာလဲဘ၀ခရီးဆိုတာ ကိုယ့်ရဲ့ဇာတ်လမ်းတစ်ခုထဲမှာ တွေ့ဆုံခဲ့တဲ့သူတွေ၊ ဖြစ်ပျက်ခဲ့တဲ့အမှတ်တရတွေ၊ ၀မ်းနည်းကြေကွဲဖို့က...
24/11/2023

ဘ၀ခရီးဆိုတာဘာလဲ
ဘ၀ခရီးဆိုတာ ကိုယ့်ရဲ့ဇာတ်လမ်းတစ်ခုထဲမှာ တွေ့ဆုံခဲ့တဲ့သူတွေ၊ ဖြစ်ပျက်ခဲ့တဲ့အမှတ်တရတွေ၊ ၀မ်းနည်းကြေကွဲဖို့ကောင်းတဲ့အခိုက်အတန့်လေးတွေ၊ ပျော်ရွှင်ဖို့ကောင်းတဲ့အချိန်လေးတွေနဲ့ ခက်ခက်ခဲခဲကြုံတွေ့လာရတဲ့စွန့်စားခန်းတွေကိုစုစည်းထားတဲ့ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။

ဘ၀ခရီးလမ်းတစ်လျှောက္မှာ တစ်ချို့သောလူတွေကကိုယ့်ဘ၀ထဲ၀င်လာကြတယ်။ တစ်ချို့သောလူတွေက ကိုယ့်ဘ၀ထဲကနေထွက်ခွာသွားကြတယ်။ တစ်ချို့ကလည်းရှင်လျက်နဲ့ခွဲခဲ့ရသလို သေလျက်နဲ့ခွဲခွာခဲ့ကြတဲ့သူတွေလည်းရှိပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူတူပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ၊ မိသားစုနဲ့အတူတူပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ၊ တစ်ယောက်တည်းရုန်းကန်ခဲ့ရတဲ့အချိန်တွေနဲ့ ကြေကွဲ၀မ်းနည်းဖို့ကောင်းတဲ့အခိုက်အတန့်လေးတွေ ပါရှိပါတယ်။ ဘ၀မှာ ကိုယ်မသိသေးတဲ့အရာတွေနဲ့ မတွေ့ကြုံမခံစားဖူးတဲ့အရာတွေကို လေ့လာကာ လောကကြီးရဲ့အလှတရားကိုခံစားရင်း ဒါဟာ ဘဝပါလားဆိုတဲ့အနှစ်သာရတစ်ခုကိုလည်းပေးစွမ်းနိုင်ပါတယ်။

Anime series တွေထဲမှာ ခရီးသွားတဲ့ဇာတ်လမ်းတွေအများကြီးရှိပါတယ်။ အဲ့အထဲမှာမှ ရှားရှားပါးပါး ခရီးသွားတာကိုမှ slice of life နဲ့ တွဲထားပြီး အဓိကဇာတ်ကောင်ရဲ့ ဘ၀ခရီးကိုအဓိကတင်ဆက်ထားတဲ့ anime series တွေလည်းရှိပါတယ်။ မွေးဖွားလာကတည်းက ‌တစ်ယောက်တည်းဖြစ်သလို သေဆုံးတော့လည်းတစ်ယောက်တည်းဖြစ်ပြီး ကိုယ်ရှင်သန်ခဲ့တဲ့ဘ၀တစ်လျှောက်လုံး ကိုယ်ဖြတ်သန်းလာရတဲ့စွန့်စားခန်းတွေကို အောက္မေ့သတိရဖွယ်တင်ဆက်ပြသထားတာဖြစ်ပါတယ်။

သူတို့ဟာ သမိုင်းကြောင်းမှသည် ပုံပြင်တစ်ပုဒ်သို့၊ ပုံပြင်တစ်ပုဒ်မှသည် ရာဇ၀င်သို့၊ ရာဇ၀င်မှသည် ဒဏ္ဍာရီကဲ့သို့ ဆိုတဲ့အတိုင်း ထို‌ဇာတ်ကောင်ရဲ့ ဘ၀ခရီးလမ်းက လူတိုင်းရဲ့ရင်ထဲမှာတည်ရှိနေအောင် တင်ဆက်ပြသထားတဲ့ anime series တွေဖြစ်ပါတယ်။ အဲ့ anime series တွေကတော့

To your Eternity,
Violet Evergarden,
Made in Abyss,
Majou no Tabitabi,
Kino no Tabitabi,
A Place Further than Universe နဲ့ လတ်တစ်လောမှထွက်ထားတဲ့ Sousou no Frieren တို့ဖြစ်တယ်။

သူတို့တွေက rating အရ မနည်းသလို မသေချင်ကြည့်သွားရမယ့်အထဲမှာပါပါတယ်။ အဲ့အထဲမှာမှ To your Eternity အကြောင်းကိုပြောပြပေးသွားပါမယ်။ To your Eternity ကို 2021, April 12 ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပြီး Season 2 ခုနဲ့ စုစုပေါင်း Episode 40 အထိ ထုတ်လွှင့်ထားပြီးပါပြီ။ Rating အရ IMDB rating 8.4/10 အထိရထားပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာဦးအစမှာ ဘုရားသခင်က ထိုအရာကို လူသားကမ္ဘာပေါ်သို့လေ့လာရန် ပို့ဆောင်လိုက်ပြီး ထိုအရာဟာတစ်ဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာကာ Fushi ဆိုတဲ့ကောင်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ထိုကောင်လေးဟာ ခြေဦးတည့်ရာလျှောက်သွားရင်းသူ့ဘ၀ခရီးလမ်းတစ်လျှောက်ကြုံတွေ့လာခဲ့ရတဲ့ စွန့်စားခန်းတွေ၊ ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေကို သူ့နေရာကနေ ၀င်ခံစားနိုင်အောင်တင်ဆက်ပြသထားတဲ့ မသေခင်ကြည့်သွားသင့်သော anime series ကောင်း တစ်ခုဖြစ်ပါတယ်။

ရွက်ပုန်းတွေကြွေလို့ ရွက်သစ်တွေဝေဆာခဲ့ပြီ။ ဆောင်းဦးလည်းပေါက်ကာ နှစ်ဟောင်းကုန်လို့နှစ်သစ်ကူးလည်းရောက်လာတော့မည်။ သွားအတူလာ...
21/11/2023

ရွက်ပုန်းတွေကြွေလို့ ရွက်သစ်တွေဝေဆာခဲ့ပြီ။ ဆောင်းဦးလည်းပေါက်ကာ နှစ်ဟောင်းကုန်လို့နှစ်သစ်ကူးလည်းရောက်လာတော့မည်။ သွားအတူလာအတူစားအတူနဲ့ ခင်မင်ရင်းနှီးခဲ့ရတဲ့သူငယ်ချင်းတွေလည်း ကိုယ်ပိုင်ဘ၀ကိုယ်စီနဲ့ ခွဲခွာခဲ့ကြရပြီး အသစ်အသစ်သော လူတွေဟာလည်း ကိုယ့်ဘ၀ထဲ ၀င်လာနေလေပြီ။

ဒီတစ်ခေါက္မှာတော့ IMDB Rating 8.8/10 နဲ့ myanimelist မှာ fullmetal alchemist ကိုတောင် ကျော်တက်ပြီး Rank 1 ရောက်ရှိသွားတဲ့ Sousou no Frieren ဆိုတဲ့ anime series အကြောင်းကို ထင်မြင်ချက်အနေနဲ့ကြည့်ဖို့တန်မတန် နှလုံးသားထဲကနေရေးသားပေးပါမယ်။

ပိုးဟပ်မှာ page 100 အထိကျော်သွားတာတောင် ကောင်းတဲ့ကားရှာမတွေ့သလိုမျိုးပဲ fantasy anime series တွေကြည့်ပြီး ထပ်ခါတလဲလဲပြန်ကြည့်ချင်လောက်အောင်ရင်ထဲပြန်ပြီးထိလာစေမယ့် series မျိုးဆိုတာ ရှားပါတယ်။ အရင်လို 1 season 1 night ပြန်မကြည့်နိုင်တော့ပေမယ့် စကြည့်တာနဲ့ အဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဟာမျိုးကိုကြည့်ချင်နေခဲ့တာလည်းဖြစ်မယ်ထင်ပါရဲ့။

Oshi no ko တုန်းက တစ်ပိုင်းတည်းနဲ့ရင်ထဲထိအောင်လုပ်နိုင်ခဲ့ပေမယ့်ကျန်တဲ့အပိုင်းတွေကျတော့ feel ငုတ်သွားသလိုခံစားခဲ့ရတယ်

ဒါပေမယ့်ဟောဒီ Sousou no Frieren ဆိုတဲ့ series ကတော့ episode I မှာတင် ဟတ်ထိအောင်လုပ်နိုင်ခဲ့ပြီး အဆုံးထိကြည့်ချင်‌ေအာင်ဆွဲခေါ်သွားတဲ့ series တစ်ခုဖြစ်ပါတယ်။
သူ့ကိုကြည့်ရင်းနဲ့ တစ်ချိန်က Oscar Nomination ၀င်ခဲ့ဖူးတဲ့ Violet Evergarden ကိုတောင်ပြန်ပြီး သတိရစေခဲ့ပါတယ်။
သေသပ်လွန်းတဲ့ art style ရယ် တစ်ခြားဟာတွေနဲ့မတူပဲကွဲထွက်နေတဲ့ plot ရယ်နဲ့ background အသားပေးပြီး ဖန်တီးထားတဲ့ ‌anime တစ်ခုအဖြစ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။

Sousou no Frieren anime series ထဲမှာ အဓိကဆွဲဆောင်သွားစေတဲ့အရာက ဘာလဲဆိုတော့ သူ့ရဲ့ soundtrack ပါပဲ။

Fantasy anime ဖြစ်တဲ့အတွက် RPG/fantasy အမျိုးအစားတွေမှာတွေ့ရတတ်တဲ့ အလယ်ခေတ်‌ဥရောပရဲ့ မီးပုံပွဲတွေမှာတီးခတ်တဲ့တေးသံတွေကို ထည့်သွင်းထားတာမျိုးမဟုတ်ပဲ ဥရောပမြောက်ပိုင်းဒေသ စကင်ဒီနေဗီးယန်းကျွန်းဆွယ်နိုင်ငံ‌ေတွမှာရှိတဲ့ တောတောင်ရေမြေသဘာ၀ကိုဖော်ကျူးထားတဲ့ ကျေးလက်တေးသံတွေချည်းပဲအများစုထည့်သွင်းထားပါတယ်။

anime ထဲမှာ တိတ်ဆိတ်ခြင်းနှင့် လေတိုးသံ၊သစ်ရွက်လှုပ်သံချည်းပဲ ထည့်သွင်းထားတာက အေးချမ်းခြင်းကိုဖော်ဆောင်ပြီး soundtrack တွေကတော့ Main character ဖြစ်တဲ့ Frieren ရဲ့ လွမ်းဆွေးခြင်းကိုဖော်ဆောင်‌ေနပါတယ်။

Episode 1 မှာ Frieren တို့ရဲ့ အဖွဲ့ဟာ တာ၀န်ပြီးမြောက်လို့ ကိုယ့်လမ်းကိုယ်လျှောက်ကြတဲ့အခါ တစ်မိုးအောက်မှာရင်းနှီးခဲ့ကြတဲ့မိတ်ဆွေတွေခွဲခွာခြင်းအဖြစ်ထည့်သွင်းထားတဲ့ soundtrack က စကော့တလန်နိုင်ငံရဲ့ နှစ်သစ်ကူးသီချင်းဖြစ်တဲ့ Auld Lang Syne ကို သွားသတိရစေပါတယ်။ နောက္မှ Auld Lang Syne ကို lyrics နဲ့ပဲဖြစ်ဖြစ် violin cover နဲ့ပဲဖြစ်ဖြစ် YouTube မှာ သွားနားထောင်လို့ရပါတယ်။ တစ်အားကောင်းပါတယ်။

ပြီးတော့
Sousou no Frieren က ကြည့်ဖို့တန်လားဆို မသေခင်ကြည့်သွားရမယ့်အထဲပါတဲ့အထိ တန်တယ်လို့ ပြောချင်ပါတယ်။
ဒါပါပဲ...

2013 ကတည်းက စတင်ခဲ့တဲ့ ပုံပြင်ကြီးတစ်ပုဒ်ဟာ 2023 မှာ အဆုံးသတ်သွားခဲ့ပြီဆယ်နှစ်တာကာလအတွင်းကြည့်ရှုသူတွေရဲ့နှလုံးသားကိုဖမ်...
06/11/2023

2013 ကတည်းက စတင်ခဲ့တဲ့ ပုံပြင်ကြီးတစ်ပုဒ်ဟာ 2023 မှာ အဆုံးသတ်သွားခဲ့ပြီ
ဆယ်နှစ်တာကာလအတွင်းကြည့်ရှုသူတွေရဲ့နှလုံးသားကိုဖမ်းစားနိုင်ခဲ့ပြီး ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ လှလှပပလေး ဇာတ်သိမ်းပေးသွားခဲ့ပြီ။

Eren ဖြစ်စေချင်တဲ့ ဘီလူးတွေအားလုံးမျိုးသုဉ်းသွားရမယ်ဆိုတဲ့ရည်ရွယ်ချက်က ဘီလူးတွေအားလုံးကိုကိုယ်တိုင်ချေမှုန်းတာမဟုတ်ပဲ သူများအမုန်းခံ villain အဖြစ်ခံပြီး ဘီလူးတွေရဲ့ဇစ်မြစ်ကိုကမ္ဘာပေါ်ကနေအပြီးတိုင်ဖယ်ရှားသွားပေးခဲ့ပြီ။

တစ်ဖက်္မှာတော့ နဲ့အတူအေးအေး‌ချမ်းချမ်းနေချင်ခဲ့တဲ့ Mikasa လေး... တစ်လောကလုံးရဲ့မုန်းတီးမှုကိုခံလိုက်ရပြီး villain တစ်ယောက်ဖြစ်သွားခဲ့တဲ့ Eren က သူ့ကိုမေ့လိုက်ပါတဲ့။
အဲ့အချိန်သူစည်းပေးခဲ့တဲ့လည်စည်းကိုကျစ်နေအောင်ဆုပ်ပြီးသူမကပြောလိုက်တယ်... "မမေ့နိုင်ဘူး" တဲ့။

Rumbling ကိုစတင်ခဲ့တဲ့ ဟောဒီမဟာရန်သူကြီးကိုသတ်နိုင်သွားတဲ့အတွက် သူရဲကောင်းဖြစ်ရတော့မယ်တဲ့။ ဒါပေမယ့် Armin က သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ထက် သူ့ကိုယ်သူ Eren ရဲ့အိပ်မက္ ကိုဖြည့်ဆည်းခဲ့တဲ့သူလို့ခံယူကာ ငယ်သူငယ်ချင်းတစ်ယောက်အဖြစ် Eren နဲ့အတူငရဲသွားရမယ်ဆိုလည်း သွားမယ်တဲ့။

တံတိုင်းရဲ့အပြင်ဘက္မှာဘာတွေရှိမှာလဲဆိုပြီး ရဲဘော်တွေတစ်ယောက်ပြီးတစ်ယောက် အသက်ပေးခဲ့ရတယ်။ အားလုံးပြီးသွားတော့လည်းသူတို့ရဲ့ပေးဆပ်မှုကအချည်းမဖြစ်ခဲ့ဘူးဆိုတာ Levi တစ်ယောက်သိခဲ့တယ်။

Happy Ending လည်းမဟုတ် Sad Ending လည်းမဟုတ် လူတွေရဲ့စိတ်ထဲမှာတစ်ခုခုထင်ကျန်အောင်လုပ်ပေးခဲ့ပြီး လက်ရာမြောက်တဲ့ပုံပြင်တစ်ပုဒ်ကို‌ရေးခဲ့ပေးတဲ့ ဆရာကြီး Hajime Isayama ကို အထူးကျေးဇူးတင်ရှိပါတယ်။

Season 1 ကနေ 3 အထိ လက်ရာမြောက်တဲ့ animation တွေကိုလုပ်ခဲ့ပေးတဲ့ WIT studio ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

Kenny နဲ့ Levi ရဲ့ တိုက်ပွဲမှာ လက်စွမ်းပြခဲ့တဲ့ WIT studio ရဲ့လက်ရာအတိုင်း Captain Levi ကို နောက်ဆုံးဇာတ်၀င်ခန်းမှာ ပြန်လည်အသက်၀င်လာအောင်လုပ‌်ပေးခဲ့တဲ့ Studio MAPPA ကို အထူးကျေးဇူး‌တင်ရှိပါတယ်။

ဇာတ်လမ်းကြီးတစ်ခုလုံးကို masterpiece ဖြစ်အောင်အဘက်ဘက္ က နေ ပါ၀င်အားဖြည့်ပေးခဲ့တဲ့ soundtrack artist ဖြစ်တဲ့ Hiroyuki Sawano နဲ့ opening, ending song တွေကို သီဆိုပေးခဲ့တဲ့ Linked Horizon, Sim, Shinsei Kamattechan နဲ့ AI Higuchi တို့ကိုအထူးကျေးဇူးတင်ရှိပါတယ်။

နှုတ်ဆက်ခဲ့ပါတယ် Eren Yaegar
နှုတ်ဆက်ခဲ့ပါတယ် Mikasa Ackerman
နှုတ်ဆက်ခဲ့ပါတယ် Armin Arlert

မင်းတို့ရဲ့ဇာတ်လမ်းက နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ လူတိုင်းရဲ့ရင်ထဲမှာပြောနေကြဦးမှာပါ။

နှုတ်ဆက်ခဲ့ပါတယ် Shingeki no Kyoujin

By Admin Tatsumaki

အားတင်းထားကြစမ်းညီနောင်တို့ငါတို့ပထမဆုံးနေ့ကိုအောင်မြင်စွာနဲ့ဖြတ်ကျော်နိုင်ခဲ့ပြီ။ငါတို့တွေလုပ်နိုင်တယ်။ငါတို့ခံနိုင်ရည်...
02/11/2023

အားတင်းထားကြစမ်းညီနောင်တို့
ငါတို့ပထမဆုံးနေ့ကိုအောင်မြင်စွာနဲ့ဖြတ်ကျော်နိုင်ခဲ့ပြီ။
ငါတို့တွေလုပ်နိုင်တယ်။
ငါတို့ခံနိုင်ရည်ရှိကြောင်းပြရမယ်။
ငါတို့ဖြတ်ကျော်နိုင်ရမယ်။
ဒါငါတို့ယောင်္ကျားတွေရဲ့ ကတိပဲ
ပုံ

လူတိုင်းမှာကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ဘ၀တစ်လျှောက်လုံးမှာကိုယ်ကြုံတွေ့ဖူးခဲ့ရတဲ့အရာတွေနဲ့ပက်သက်ပြီး era အလိုက်ခွဲထားတာရှိတယ်။...
29/10/2023

လူတိုင်းမှာကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ဘ၀တစ်လျှောက်လုံးမှာကိုယ်ကြုံတွေ့ဖူးခဲ့ရတဲ့အရာတွေနဲ့ပက်သက်ပြီး era အလိုက်ခွဲထားတာရှိတယ်။ state ကျောင်းတုန်းကဆို ကျောင်းသားဘ၀နဲ့ uni မှာဆို တက္ကသိုလ်ကျောင်းသားဘ၀နဲ့ အမျိုးမျိုးရှိခဲ့ကြတယ်။ အဲ့ဒီအထဲမှာ anime fan တိုင်းရှိခဲ့တဲ့ဘ၀လေးတစ်ခုရှိတယ်။ အဲတာဘာလဲဆို အချိန်အတိုင်းအတာတစ်ခုအထိ ငါမြန်မာနိုင်ငံမှာနေနေတာပါလားဆိုပြီးမေ့သွားတာပါပဲ။ anime တွေအကြည့်များလို့ ပွဲဝောာ်နဲ့ပက်သက်တာတွေစိတ်၀င်စားလို့ တစ်ခြား culture တစ်ခုကကိုယ့်စိတ်ထဲမှာစိုးမိုးလာတဲ့အခါ ကိုယ်ကအမှန်တစ်ကယ်အဲ့ကိုရောက်နေရသလိုခံစားရပါတယ်။ admin တုန်းကတော့ဆယ်တန်းအပြီးကာလ သင်တန်းတွေစတက်တဲ့အချိန်ကစပြီး ဒုတိယနှစ်အထိ အဲ့အချိန်အပိုင်းအခြားရှိခဲ့ဖူးပါတယ်။ 1 day 2 season အပြီးကြည့်ပြီးအရူးထခဲ့တဲ့နေ့တွေပေါ့။ ကိုယ်‌ေနတာ မြန်မာနိုင်ငံမှန်းမသိ ဂျပန်နိုင်ငံမှန်းမသိတဲ့နေ့တွေလေ။

ကိုင်း... သီတင်းလည်းကျွတ်ပြီ။ ဆောင်းတွင်းလည်းရောက်ပြီ။ ရွက်ဟောင်းကြွေလို့ရင်ခုန်တတ်တဲ့အရွယ်ကနေ အချစ်ဦးထားသွားတာလည်းခံခဲ့ရဖူးပြီးပြီ
ဘာရယ်လို့မဟုတ်ဘူးအရင်ကခံစားချက်တွေလာပြောပြတာ ဟီးဟီး...

အဲ့လိုမျိုး‌အချိန်‌တွေရှိခဲ့ရင်ပြောပြပေးသွားပါဦး

သူ့ရုပ်ကိုကြည့်ပြီး FGO ထဲက Solomon ကြီးကိုပြေးပြေးမြင်နေတယ်
21/10/2023

သူ့ရုပ်ကိုကြည့်ပြီး FGO ထဲက Solomon ကြီးကိုပြေးပြေးမြင်နေတယ်

90s vibe ကိုပြန်လည်အသက်သွင်းပေးခဲ့သူကြီး
14/10/2023

90s vibe ကိုပြန်လည်အသက်သွင်းပေးခဲ့သူကြီး

Me: အမရေ သူမကလေ....Admin Hori: ....
14/10/2023

Me: အမရေ သူမကလေ....
Admin Hori: ....

Address


Website

Alerts

Be the first to know and let us send you an email when IDK ANIME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share