Myat Woon Cho

  • Home
  • Myat Woon Cho

Myat Woon Cho Love 1500 you

07/02/2024
29/01/2024
29/01/2024
20/01/2024

လူသေရင် တစ္ဆေဖြစ်သတဲ့လား(စ/ဆုံး)

တကယ်တော့ လူသေတိုင်း တစ္ဆေဖြစ်တာ
မဟုတ်ဘူးဗျ။ ဒီအကြောင်းတွေကို မဖဲဝါ
ပြောပြလို့ ကျုပ်လည်း သိတာဗျ။
ဒီလိုဗျို့။ အညာနွေခေါင်ခေါင်ကြီးဗျ။

ကျုပ်တို့ရွာက ဘွားမယ်စိုးကြီး ဆုံးသွားပါရောဗျာ။
ဖြစ်တာကတော့ လူကြီးရောဂါပါ။ တရှောင်ရှောင်
ဖြစ်နေရာက နေပြီး အားယုတ်လာတာပေါ့ဗျာ။
နောက်ဆုံး အစာမဝင်တော့ဘဲ ဆုံးသွားတာဗျို့။

ကျုပ်တို့အညာမှာက ဒီလိုတကယ်ပူတဲ့
အချိန်မှာ လူသေရင် ရက်မထားဘူးကြဘူးဗျ။
နေ့ချင်းသင်္ဂြိုဟ်ကြတယ်။ပူတဲ့အရပ်ဆိုတော့
ချက်ချင်း ပုပ်တာဗျ။

ခုလည်း ဘွားမယ်စိုးကြီး အသုဘကို
နေ့ချင်းသင်္ဂြိုဟ်ဖို့ ပြင်ကြတာပေါ့ဗျာ။
ညနေလေးနာရီထိုးတာနဲ့ ကြေးစည်ထုပြီး
အသုဘ ချတယ်။ ဘွားမယ်စိုး ဆိုတာက
ကျောင်းအစ်မကြီးဗျ။ ရွာဦးကျောင်းမှာလည်း
ကျောင်းလှူတယ်။ ကျုပ်ဆရာတော်ကျောင်းမှာလည်း
ကျောင်းလှူတယ်ဗျ။ အိမ်မှာလည်း တစ်နေ့လုံး
ပုတီးတချောက်ချောက် စိပ်နေတာဗျ။

ကျုပ်တို့ တစ်ရွာလုံးကတော့ ဘွားမယ်စိုးကြီးကို
နတ်သမီး ဖြစ်သွားပြီလို့ ပြောနေကြဗျို့။

ဘွားမယ်စိုးရဲ့ အသုဘကိုလည်း တစ်ရွာလုံးကို
လိုက်ပို့ကြတာဗျ။ ဒါ ကျုပ်တို့ ထနောင်းကုန်းက
သူတော်ကောင်းမကြီး သေတာလေဗျာ။

ညရောက်တော့လည်း ကျုပ်တို့ကာလသားတွေရော၊
လူကြီးပိုင်းတွေရော အသုဘအိမ်ကို စောင့်ကြတာဗျ။
လူကြီးပိုင်းကလည်း ဘုရားစကား တရားစကားတွေ
ပြောကြလို့ပေါ့ဗျာ။

ကျုပ်တို့ လူငယ်ပိုင်းကလည်း ပဲအကြောင်း၊
နှမ်းအကြောင်း၊ ယာအကြောင်း၊အမဲလိုက်တဲ့
အကြောင်းတွေ ရောက်တတ်ရာရာ ပြောကြလို့ပေါ့ဗျာ။

ဒီလိုနဲ့ ရက်လည်ရောဗျာ။ ကျုပ်တို့ အညာရွာတွေ
ဓလေ့က ရက်လည်ရင် ထမင်းကျွေးကြတာဗျ။
ရက်လည်ပြီးသွားတော့ အသုဘအိမ်လည်း
ပုံမှန်ပြန်ဖြစ်သွားတော့တာပေါ့ဗျာ။
ဒီမှာတင် ဇာတ်လမ်းစတော့တာဗျ။

"တာတေရေ ၊ တာတေ"

နွေရာသီဆိုတော့ နေ့လယ်နေ့ခင်း ဘယ်မှ
မသွားတော့ဘူးပေါ့ဗျာ။ ဝိုင်းထဲက မန်ကျည်းပင်ကြီး
အောက်မှာပဲ ကျုပ်အိပ်နေတာ။ ကျုပ်နားထဲမှာ
ခေါ်သံကြားတော့ ကျုပ် လန့်နိုးသွားတယ်
ခေါင်းထောင်ပြီး ဝိုင်းဝကို လှမ်းကြည့်လိုက်တော့
ကိုမောင်ပုကြီးဗျ။ ကိုမောင်ပုဆိုတာ ဘွားမယ်စိုးရဲ့
မြေးဗျ။ အသက်သုံးဆယ်လောက်ရှိပြီ။
လူက ဂင်တိုတို ပုပြတ်ပြတ်နဲ့ဗျ။

ဘွားမယ်စိုးရဲ့ ယာတွေကို ဦးစီးလုပ်ကိုင်နေတဲ့
လူတွေထဲက တစ်ယောက်ပေါ့ဗျာ။ ကျုပ်တို့ရွာမှာတော့
ဘွားမယ်စိုးရဲ့ အိမ်က လူချမ်းသာအိမ်ပေါ့ဗျာ။

ဝိုင်းဝမှာ ရပ်နေတဲ့ ကိုမောင်ပုကို ကြည့်ပြီး
ကျုပ်တွေးနေတာဗျ။ ဟိုနေ့ကမှ ရက်လည်ရုံရှိသေးတာ၊
ဘာကိစ္စများ ရှိလို့ပါလိမ့်လို့ တွေးရင်းနဲ့ …

"ဟာ…ကိုကြီးမောင်ပု လာလေဗျာ၊ ကျုပ် ဒီမှာ "

လို့ ပြောလိုက်တော့မှ ကိုမောင်ပုကြီးက ဝိုင်းထဲကို
ဝင်လာတာဗျ။

"လာ ထိုင် ကိုကြီးမောင်ပု "

ကျုပ်က ကျုပ်အိပ်နေတဲ့ သစ်သားကွပ်ပျစ်ပေါ်မှာ
ထထိုင်ပြီး ကိုမောင်ပု ထိုင်ဖို့ နေရာလုပ်ပေးလိုက်တယ်။
ပြီးတော့ ကိုမောင်ပုကို နဂါးဆေးပေါ့လိပ်တစ်လိပ်
မီးညှိပြီး တည်လိုက်တယ်။ ကိုမောင်ပုက ဝါးဖတ်
ခမောက်ကလေးနဲ့ ယပ်ခတ်နေရင်းကနေ
ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကို
ယူပြီး ဖွာလိုက်တယ်

"ကိုကြီးမောင်ပု၊ နေပူကြီးထဲ ဘယ်ကလှည့်ဝင်တာတုံးဗျ"

"ဘယ်ကမှ မလှည့်ဘူး တာတေရ၊ မင်းဆီကိုပဲ
လာတာကြ "

"ဟင် ဟုတ်လား ၊ ကိစ္စရှိလို့လား ကိုကြီးမောင်ပု"

"ရှိတယ်ကွ တာတေရ "

ကိုမောင်ပုက ဆေးလိပ်ဖွာရင်း ကျုပ်ကိုပြောဖို့
စကားကို စဉ်းစားနေတာဗျ။

"ဒီလိုကွ တာတေရ၊ ငါတို့ ဘွားတော်ကြီး ဆုံးတာ
ဒီနေ့ဆိုရင် နှစ်ပတ်ရှိပြီကွ"

"ဟုတ်ကဲ့ "

"အဲဒါ အိမ်မှာ ထူးထူးခြားခြား ဖြစ်နေလို့ကွ "

"ဗျာ၊ ဘာဖြစ်စရာရှိလို့တုံး ကိုကြီးမောင်ပုရဲ့၊
ဘွားမယ်စိုးက သူတော်ကောင်းမကြီးပဲဟာ၊
တစ္ဆေတွေ ဘာတွေ မဖြစ်နိုင်ပါဘူးဗျ"

"ခုဟာက တစ္ဆေမဟုတ်ဘူးကွ တာတေရ"

"ဟင်၊ ဒါဖြင့် ဘာတုံးဗျ၊ ဘာများဖြစ်လို့တုံး "

"တို့အိမ်ကို ငှက်ကလေးတစ်ကောင် ရောက်လာလို့ကွ"

"ဟာ…ကိုကြီးမောင်ပုကလည်း ငှက်လာနားတာပဲ
ဆန်းတာမှတ်လို့ဗျာ၊ ဒီလိုပဲ ငှက်ကလေးတွေက
အိမ်တွေ ဘာတွေထဲကို ဝင်လာတတ်တာပဲလေဗျာ"

"ဟာ …အခုဟာက ဒီလိုမဟုတ္ဘူးကြ "

"ဟင်…ဒါဆိုလည်း ပြောပါဦးဗျာ''

လူေ
အသုဘ ချတယ်။ ဘွားမယ်စိုး ဆိုတာက
ကျောင်းအစ်မကြီးဗျ။ ရွာဦးကျောင်းမှာလည်း
ကျောင်းလှူတယ်။ ကျုပ်ဆရာတော်ကျောင်းမှာလည်း
ကျောင်းလှူတယ်ဗျ။ အိမ်မှာလည်း တစ်နေ့လုံး
ပုတီးတချောက်ချောက် စိပ်နေတာဗျ။

ကျုပ်တို့ တစ်ရွာလုံးကတော့ ဘွားမယ်စိုးကြီးကို
နတ်သမီး ဖြစ်သွားပြီလို့ ပြောနေကြဗျို့။

ဘွားမယ်စိုးရဲ့ အသုဘကိုလည်း တစ်ရွာလုံးကို
လိုက်ပို့ကြတာဗျ။ ဒါ ကျုပ်တို့ ထနောင်းကုန်းက
သူတော်ကောင်းမကြီး သေတာလေဗျာ။

ညရောက်တော့လည်း ကျုပ်တို့ကာလသားတွေရော၊
လူကြီးပိုင်းတွေရော အသုဘအိမ်ကို စောင့်ကြတာဗျ။
လူကြီးပိုင်းကလည်း ဘုရားစကား တရားစကားတွေ
ပြောကြလို့ပေါ့ဗျာ။

ကျုပ်တို့ လူငယ်ပိုင်းကလည်း ပဲအကြောင်း၊
နှမ်းအကြောင်း၊ ယာအကြောင်း၊အမဲလိုက်တဲ့
အကြောင်းတွေ ရောက်တတ်ရာရာ ပြောကြလို့ပေါ့ဗျာ။

ဒီလိုနဲ့ ရက်လည်ရောဗျာ။ ကျုပ်တို့ အညာရွာတွေ
ဓလေ့က ရက်လည်ရင် ထမင်းကျွေးကြတာဗျ။
ရက်လည်ပြီးသွားတော့ အသုဘအိမ်လည်း
ပုံမှန်ပြန်ဖြစ်သွားတော့တာပေါ့ဗျာ။
ဒီမှာတင် ဇာတ်လမ်းစတော့တာဗျ။

"တာတေရေ ၊ တာတေ"

နွေရာသီဆိုတော့ နေ့လယ်နေ့ခင်း ဘယ်မှ
မသွားတော့ဘူးပေါ့ဗျာ။ ဝိုင်းထဲက မန်ကျည်းပင်ကြီး
အောက်မှာပဲ ကျုပ်အိပ်နေတာ။ ကျုပ်နားထဲမှာ
ခေါ်သံကြားတော့ ကျုပ် လန့်နိုးသွားတယ်
ခေါင်းထောင်ပြီး ဝိုင်းဝကို လှမ်းကြည့်လိုက်တော့
ကိုမောင်ပုကြီးဗျ။ ကိုမောင်ပုဆိုတာ ဘွားမယ်စိုးရဲ့
မြေးဗျ။ အသက်သုံးဆယ်လောက်ရှိပြီ။
လူက ဂင်တိုတို ပုပြတ်ပြတ်နဲ့ဗျ။

ဘွားမယ်စိုးရဲ့ ယာတွေကို ဦးစီးလုပ်ကိုင်နေတဲ့
လူတွေထဲက တစ်ယောက်ပေါ့ဗျာ။ ကျုပ်တို့ရွာမှာတော့
ဘွားမယ်စိုးရဲ့ အိမ်က လူချမ်းသာအိမ်ပေါ့ဗျာ။

ဝိုင်းဝမှာ ရပ်နေတဲ့ ကိုမောင်ပုကို ကြည့်ပြီး
ကျုပ်တွေးနေတာဗျ။ ဟိုနေ့ကမှ ရက်လည်ရုံရှိသေးတာ၊
ဘာကိစ္စများ ရှိလို့ပါလိမ့်လို့ တွေးရင်းနဲ့ …

"ဟာ…ကိုကြီးမောင်ပု လာလေဗျာ၊ ကျုပ် ဒီမှာ "

လို့ ပြောလိုက်တော့မှ ကိုမောင်ပုကြီးက ဝိုင်းထဲကို
ဝင်လာတာဗျ။

"လာ ထိုင် ကိုကြီးမောင်ပု "

ကျုပ်က ကျုပ်အိပ်နေတဲ့ သစ်သားကွပ်ပျစ်ပေါ်မှာ
ထထိုင်ပြီး ကိုမောင်ပု ထိုင်ဖို့ နေရာလုပ်ပေးလိုက်တယ်။
ပြီးတော့ ကိုမောင်ပုကို နဂါးဆေးပေါ့လိပ်တစ်လိပ်
မီးညှိပြီး တည်လိုက်တယ်။ ကိုမောင်ပုက ဝါးဖတ်
ခမောက်ကလေးနဲ့ ယပ်ခတ်နေရင်းကနေ
ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကို
ယူပြီး ဖွာလိုက်တယ်

"ကိုကြီးမောင်ပု၊ နေပူကြီးထဲ ဘယ်ကလှည့်ဝင်တာတုံးဗျ"

"ဘယ်ကမှ မလှည့်ဘူး တာတေရ၊ မင်းဆီကိုပဲ
လာတာကြ "

"ဟင် ဟုတ်လား ၊ ကိစ္စရှိလို့လား ကိုကြီးမောင်ပု"

"ရှိတယ်ကွ တာတေရ "

ကိုမောင်ပုက ဆေးလိပ်ဖွာရင်း ကျုပ်ကိုပြောဖို့
စကားကို စဉ်းစားနေတာဗျ။

"ဒီလိုကွ တာတေရ၊ ငါတို့ ဘွားတော်ကြီး ဆုံးတာ
ဒီနေ့ဆိုရင် နှစ်ပတ်ရှိပြီကွ"

"ဟုတ်ကဲ့ "

"အဲဒါ အိမ်မှာ ထူးထူးခြားခြား ဖြစ်နေလို့ကွ "

"ဗျာ၊ ဘာဖြစ်စရာရှိလို့တုံး ကိုကြီးမောင်ပုရဲ့၊
ဘွားမယ်စိုးက သူတော်ကောင်းမကြီးပဲဟာ၊
တစ္ဆေတွေ ဘာတွေ မဖြစ်နိုင်ပါဘူးဗျ"

"ခုဟာက တစ္ဆေမဟုတ်ဘူးကွ တာတေရ"

"ဟင်၊ ဒါဖြင့် ဘာတုံးဗျ၊ ဘာများဖြစ်လို့တုံး "

"တို့အိမ်ကို ငှက်ကလေးတစ်ကောင် ရောက်လာလို့ကွ"

"ဟာ…ကိုကြီးမောင်ပုကလည်း ငှက်လာနားတာပဲ
ဆန်းတာမှတ်လို့ဗျာ၊ ဒီလိုပဲ ငှက်ကလေးတွေက
အိမ်တွေ ဘာတွေထဲကို ဝင်လာတတ်တာပဲလေဗျာ"

"ဟာ …အခုဟာက ဒီလိုမဟုတ္ဘူးကြ "

"ဟင်…ဒါဆိုလည်း ပြောပါဦးဗျာ "

"ငှက်ကလေးက ချိုးငှက်လောက် ရှိတယ်ကွ။
အရောင်က ရွှေရောင်တောက်တောက်နဲ့ အစိမ်းရောင်
တောက်တောက် စပ်ထားတာကွ၊ နှုတ်သီးက နီရဲနေတာ၊
ဘွားတော်ကြီးအခန်းထဲမှာ ကော်ဇောတွေသိမ်းဖို့
တံခါးဖွင့်လို့ ငှက်ကလေးကို သွားတွေ့တာကွ၊
တံခါးတွေ ပိတ်ထားရက်သားနဲ့ ဒီငှက်ကလေးက
အထဲကို ဘယ်လိုရောက်နေတာတုံး တာတေ
မင်း စဉ်းစားကြည့်လေကွာ၊ ပြီးတော့ ငါတို့က
ငှက်ကလေး ဝင်နေတာကို မသိဘဲ တစ်ယောက်
ယောက်က တံခါးတွေ ပိတ်ထားလို့ အထဲမှာ
ပိတ်မိနေတယ်ထင်ပြီး တံခါးတွေ ပြတင်းပေါက်တွေ
ဖွင့်ထားပေမယ့် ငှက်ကလေးက မပျံဘူးကွ၊
ဘွားတော်ကြီးအခန်းထဲမှာပဲ နေတယ်။
ညဘက်ရောက်တော့ ငါချောင်းကြည့်တယ်ကွ၊
ဘွားတော်ကြီး အိပ်တဲ့ကုတင်ပေါ်မှာ နားနေတယ်၊
အိပ်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့ကွာ "

"အဲဒီငှက်ကလေး ရောက်နေတာ ဘယ်နှရက်ရှိပြီတုန်းဗျ"

"ရက်လည်ပြီး နောက်နေ့မှ ရောက်လာတာကွ "

"ကိုကြီးမောင်ပုတို့က ဘယ်လိုထင်လို့တုန်းဗျ"

"ငါတို့ ဘွားတော်ကြီးများ ငှက်ဖြစ်နေတာလားလို့ပေါ့ကွာ "

"ဟာ …ဘွားမယ်စိုးကတော့ ငှက်မဖြစ်လောက်ပါဘူးဗျာ၊
ဖြစ်ခြင်းဖြစ်ရင် နတ်ပဲဖြစ်မှာပါ "

"ဒါတော့ မပြောနိုင်ဘူးလေကွာ၊ ဒါပေမဲ့ တစ်ခုရှိတာက
ငှက်ဖြစ်ရင်လည်း ငှက်မကြီးရဲ့ ဗိုက်ထဲဝင်ပြီး ဥရဦးမယ်၊
ပြီးမှ အကောင်ပေါက်ရဦးမယ်မို့လား။ချက်ချင်းတော့
ဒီအရွယ်ရောက်လာဦးမှာ မဟုတ်ဘူးကွ။ ငါတို့လည်း
ဘယ်လိုစဉ်းစားရမှန်းကို မသိတာကွ၊ ဒါနဲ့ မင်းကို
လာပြီးတိုင်ပင်တာကွ တာတေရ "

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကိုဖွာပြီး
တစ်ချက်ရှိုက်လိုက်တယ်။ ပြီးတော့
စဉ်းစားကြည့်တာပေါ့ဗျာ။

"အဲဒီငှက်ကလေးကို ဖမ်းပြီး တစ်နေရာမှာ
သွားလွှတ်လိုက်ဗျာ။ မျက်စိလည်ပြီး မသွားတတ်
မလာတတ် ဖြစ်နေတာလားမှ မသိတာ "

"အေး ဒါတော့ မပြောတတ်ဘူးကွ၊ မင်းပြောသလို
လုပ်ကြည့်လိုက်မှာပဲ ထင်တယ် "

ကိုမောင်ပုကြီးက ကျုပ်နဲ့ စကားပြောရင်
ညနေစောင်းမှ ပြန်သွားတယ်ဗျ။

နောက်နေ့ရောက်တော့ ကိုမောင်ပု ကျုပ်ဆီကို
အစောကြီး ရောက်ချလာတယ်

"တာတေရေ"

"ဟာ ကိုမောင်ပု လာဗျ၊ ငှက်ကလေးကို
လွှတ်ပေးလိုက်ပြီလား "

"မနေ့က ငါ ဒီက ပြန်ရောက်တာနဲ့ ဖမ်းပြီး ရွာပြင်က
ထနောင်းပင်တွေနားမှာ သွားလွှတ်လိုက်တယ်ကွ"

"အဲဒါ ပြီးရောပေါ့ဗျာ "

"ဟာ…မပြီးသေးဘူး တာတေရ "

"ဟင် …ဘယ်လိုဖြစ်လို့တုန်း "

"ညက ငါ့ကို အိပ်မက်ပေးတယ်၊
အိပ်မက်ထဲမှာ ငါ့ဘွားတော်ကြီး ဒေါ်မယ်စိုးက
ငါ့ကို ပြောတယ်ကွ၊ 'မြေး မောင်ပု၊ မြေးလေးက
ဘွားတော်ကို အိမ်မှာ မနေစေချင်လို့
ရွာပြင်ကို ပို့တာလား'တဲ့ကွာ၊ ငါဖြင့်
အိပ်ရာက လန့်နိုးပြီး စိတ်မကောင်းဖြစ်လိုက်တာကွာ၊
ညတွင်းချင်း ထပြီး အဲဒီငှက်ကလေးကို
လိုက်ရှာချင်စိတ်တောင် ပေါက်သွားတယ် "

"ဟာ …ဖြစ်မှဖြစ်ရလေဗျာ "

"ဒါပေမဲ့ ဒီမနက်ကျတော့ ငှက်ကလေးက
ဘွားတော်ကြီး အခန်းမှာ ပြန်ရောက်နေတယ်ကွ"

"ဟာ …ဟုတ်လား ကိုကြီးမောင်ပု၊
တော်သေးတာပေါ့ဗျာ"

"အေးပေါ့ကွာ၊ ဒီလိုသာ မဟုတ်ရင် ငါ့မှာ
ဘယ်လိုရှာရမှန်းတောင် သိမှာမဟုတ်ဘူး
တာတေရ "

"ဒါဆိုရင်တော့ ခဏစောင့်ဗျာ၊ သေသူနှင့်
ပက်သက်ရင် မဖဲဝါနဲ့ ဆိုင်တယ်ဗျ၊ ကျုပ်
ဒီည မဖဲဝါကို မေးကြည့်မယ်ဗျာ "

ညရောက်တော့ မအိပ်ခင်မှာ မဖဲဝါရဲ့
ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို ကိုင်ပြီး
မဖဲဝါကို အကြောင်းပြုလိုက်တယ်။

"သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က
ဆုံးသွားတဲ့ ဘွားမယ်စိုးရဲ့ အိပ်ခန်းထဲမှာ ထူးဆန်တဲ့
ငှက်ကလေးတစ်ကောင် ရောက်နေပါတယ်၊အဲဒီ
ငှက်ကလေးဟာ ဘွားမယ်စိုးနဲ့ ပတ်သက်မှု
ရှိ ,မရှိကို သိချင်လို့ပါဗျာ "

အရုပ်ကလေးကို ခေါင်းအုံးအောက်မှာ ထားပြီး
အိပ်လိုက်တယ်

ကျုပ်ကို မဖဲဝါ အိပ်မက်ပေးတယ်ဗျ

လေတွေ တဟူးဟူးတိုက်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီး
အောက်မှာ မဖဲဝါကို ကျုပ်တွေ့တယ်။ သူ့ကို
ကျုပ် လန့်မသွားအောင် ကျုပ်နဲ့ ရွယ်တူလောက်ရှိတဲ့
ကောင်မလေးအရွယ် ဖန်ဆင်းထားတာဗျ။

ဆံပင်ရှည်ရှည်လေးကို ဖားလျားချထားပြီး
နားရွက်အပေါ်လောက်မှာ ဆယ့်နှစ်ရာသီအဝါ
ပွင့်လေးတစ်ပွင့် ပန်ထားတယ်၊ ဆယ့်နှစ်ရာသီပင်
ကြီးကလည်း တစ်ပင်လုံး အပွင့်ဝါတွေနဲ့
ဝေနေလို့ဗျ။

"တာတေ နင် မှတ်ထား၊လူသေတိုင်းလည်း
တစ္ဆေ မဖြစ်ဘူး၊ တစ္ဆေဖြစ်တယ် ဆိုတာ
သေခါနီး အသက်ကုန်ခါနီးလေးမှာ တစ်ခုခုကို
စိတ်ထဲစွဲလန်းသွားတော့မှ တစ္ဆေဖြစ်တာ။
သရဲဖြစ်တယ်၊ ပြိတ္တာဖြစ်တယ် ဆိုတာကတော့
တစ်သက်လုံး အကုသိုလ်အလုပ်တွေ လုပ်ပြီး
အကုသိုလ်စိတ်နဲ့ အမြဲလွှမ်းမိုးပြီး နေနေတဲ့
လူတွေ သေတဲ့အခါ အဲဒီအာရုံတွေကို
စိတ်ကရောက်ပြီး ဖြစ်ကြတာ။

ဒါပေမဲ့ တစ်သက်လုံး ကောင်းတာလုပ်နေတဲ့
သူတော်ကောင်းကြီးတွေလည်း သေခါနီးမှာ
တစ်ခုခုကို စွဲသွားရင် ခဏတော့ တစ္ဆေ
ဖြစ်တတ်ကြတယ်

အဲဒါထက် ထူးဆန်းတာက သန္ဓေမတည်၊
ဥကမပေါက်ဘဲ အရွယ်ရောက်ပြီးသား
ငှက်တို့၊ မြွေတို့ သွားပြီး ဖြစ်တတ်ကြတယ်။

ဒါကတော့ သူတို့ရဲ့ ဝဋ်ကြွေးတစ်ခုခုကို
ဆပ်ရတဲ့ သဘောပဲ တာတေ၊ ငှက်ကလေးတွေ၊
မြွေကြီးတွေ အဖြစ်ကို ဘွားကနဲ ပေါ်လာပြီး
ဖြစ်သွားတာ၊ ဥက ပေါက်နေရတာ မဟုတ်ဘူး "

"ဟာ…အဲဒီလို ရှိလို့လား မဖဲဝါ "

"ရှိတယ် တာတေ၊ ရှိတယ်၊ အခု နင်တို့
ဘွားမယ်စိုးကြီးက အဲဒီလို ပုံစံနဲ့ ငှက်ကလေး
သွားဖြစ်တာဟဲ့ "

"ဟာ …ဖြစ်ရလေဗျာ "

"ဘာမှ မဖြစ်ဘူး တာတေ၊ အလှူဒါနလုပ်ပြီး
အဲဒီငှက်ကလေးကို တရားနာခိုင်းလိုက်၊
ရက်လည်တုန်းက သူ မှီအောင်လာတာ၊
မမှီလိုက်ဘူး နောက်ကျသွားတယ်၊
သူက တခြားတစ်နေရာမှာ ငှက်သွားဖြစ်တာ၊
လေထဲမှာ ဘွားကနဲ ပေါ်တာ။ဒါပေမဲ့
သူ့စိတ်က ဘွားမယ်စိုးစိတ်ပဲ၊ အားလုံးသိတယ် "

မနက်မိုးလင်းတော့ ကျုပ်က ဘွားမယ်စိုးရဲ့
အိမ်ကို သွားပြီး အကျိုးအကြောင်း
ပြောပြလိုက်တယ်။

သူတို့မိသားစုတွေ အလှူလုပ်ဖို့
ချက်ချင်း ပြင်တယ်။ ဆရာတော် ဦးဂုဏကို
ပင့်ဖို့ ပြင်ဆင်ကြတယ်။ ဆွမ်းကပ်ပြီး
တရားနာတဲ့ အချိန်မှာ ကျုပ် ရှိတယ်ဗျ

ကျုပ်ပဲ ဘွားမယ်စိုးအခန်းကိုဝင်ပြီး
ငှက်ကလေးကို သွားပြောတာ။
မဖဲဝါက ပြောတယ်လေဗျာ။

ဘွားမယ်စိုးက သူ့နဂိုစိတ်အတိုင်း
ရှိနေတယ်တဲ့။

ငှက်ကလေးက ကိုကြီးမောင်ပု ပြောသလိုပဲဗျ။
ရွှေရောင်နဲ့ အစိမ်းရောင်ကြားလေး နှုတ်သီးနီနီလေးနဲ့
အရောင်လေးတွေက တောက်နေတာဗျို့။
တော်တော်လှတဲ့ ငှက်ကလေးပါဗျာ။

ကျုပ်က ငှက်ကလေးကို သေသေချာချာ ကြည့်တယ်
ငှက်ကလေးကလည်း ကျုပ်ကို သေသေချာချာ
ကြည့်နေတယ်။

"ဘွား၊ ကျုပ် တာတေလေ ဘွားရဲ့၊
ဘွားအတွက် အလှူလုပ်ပေးကြတာ၊
ဆရာတော်နဲ့ သံဃာတွေကို ဆွမ်းကပ်တော့မှာ
ပြီးရင် ဆရာတော် တရားဟောမှာ ဘွားရဲ့၊
အဲဒါကြောင့် ဘွားကို ဆွမ်းကပ်ဖို့ လာခေါ်တာ၊
ဒီအလှူက ဘွားရဲ့ အလှူလေ"

လို့ ကျုပ်ပြောလိုက်ရုံ ရှိသေးတယ်
ငှက်ကလေးက နားနေရာကနေ ပျံလာပြီး
ကျုပ်ပုခုံးပေါ်မှာ နားလိုက်တယ်

မဖဲဝါပြောတာ ဟုတ်လိုက်တာလို့
ကျုပ်စိတ်ထဲမှာ တွေးလိုက်မိတယ်

ကျုပ်က ကျုပ်ပုခုံးပေါ်မှာ နားနေတဲ့
ဘွားမယ်စိုးငှက်ကလေးကို အိမ်ရှေ့ခေါ်လာတယ်

လူတွေ ဝိုင်းကြည့်ကြတာပေါ့ဗျာ။
ငှက်ကလေးက ကျုပ်ပုခုံးပေါ်မှာ
နားနေရင်းကနေ ဆွမ်းကပ်တာကို
အာရုံပြုတယ်။

ကျုပ်က ဆွမ်းပွဲဝင်ကိုင်ပြီး ကပ်ရတာပေါ့ဗျာ။

ဆရာတော်နဲ့ သံဃာတော်တွေ ဆွမ်းဘုန်းပေးတာကို
သေသေချာချာ ကြည့်နေတယ်။ဆရာတော်ကို
သင်္ကန်းလှူတော့လည်း ကျုပ်က ကိုင်ပြီး
လှူပေးရတာပေါ့ဗျာ။

ငှက်ကလေးက ကျုပ်ပုခုံးပေါ်မှာပေါ့။

လှူတာတန်းတာပြီးတော့ ဆရာတော်က
တရားဟောတယ်။

ငှက်ကလေးက တရားကို သေသေချာချာ
နာနေပုံပဲဗျ။

နောက်ဆုံး ဆရာတော်က ရေစက်ချခိုင်းတယ်။
ကျုပ်ကပဲ ရေစက်ခွက်ကိုင်ပြီး ချပေးရတာပေါ့ဗျာ။
အမျှဝေတယ်။ သာဓုခေါ်ကြတယ်။

သာဓု၊ သာဓု၊ သာဓုလို့ သုံးကြိမ်ခေါ်ကြလို့
အပြီးမှာ ကျုပ် ပုခုံးပေါ်မှာ နားနေတဲ့ ဘွားမယ်စိုး
ငှက်ကလေး ဘုတ်ကနဲ ပြုတ်ကျပြီး ငြိမ်သွားတယ်ဗျို့။

"ဟာ"

ကြည့်နေတဲ့ လူတွေက တစ်ပြိုင်နက်တည်း
အော်လိုက်ကြတာဗျ။ ဆရာတော်က ခေါင်းညိတ်ပြီး
ပြောတယ်။

"ကဲ ဝမ်းသာကြပေတော့၊ ဘွားတော်ကြီး
ကောင်းရာသုဂတိဘုံကို စံဝင်သွားပြီ"

လို့ ပြောလိုက်တယ် ။ ဒီတော့မှ ကိုကြီးမောင်ပုတို့
မိသားစုတွေလည်း ရယ်နိုင်မောနိုင်ကြတော့တာပေါ့ဗျာ။

*****

ပြီးပါပြီ...။
#မူရင်းရေးသူဆရာတာတေ
စာဖတ်သူများစိတ်ရွှင်လန်းကြပါစေဗျာ...💖

16/01/2024

“အချေနိုင်ဆုံးမိန်းမ”
*******************
👸မိန်းမတွေဆိုတာ
ကိုယ့်အိပ်မက်တွေကို
အကောင်အထည်ဖော်တတ်ရမယ်
ကိုယ့်အိပ်မက်တွေရဲ့
ရည်ရွယ်ချက်တွေကို
လက်တွေ့ဖန်တီး တည်ဆောက်နိုင်ရမယ် ...

👸ယောင်္ကျားတစ်ယောက်ကို
အားကိုးမှီခိုဖို့စိတ်ကူးမျိုးမရှိပဲ
ကိုယ့်ဘဝကို
ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်တဲ့
မိန်းမတွေက
လေးစားစရာအကောင်းဆုံးပါပဲ ...

👸ယောင်္ကျားတစ်ကာ
စိတ်ဝင်စားလာရအောင်
အလှအပအတွက်ပဲ
အချိန်ကုန်နေတဲ့ မိန်းမမျိုးတွေကို
အားကျအတုယူပြီး
အချိန်တွေကို ဖြုန်းတီးမပစ်ဘဲ
တော်တဲ့၊ ထက်မြတ်တဲ့မိန်းမမျိုးတွေနဲ့သာ
ရင်ဘောင်တန်းနိုင်တဲ့
မိန်းမမျိုးဖြစ်အောင်ကြိုးစားရမယ် ...

👸ယောင်္ကျားတစ်ယောက်ကို
ခယအောက်ကျို့ရတဲ့
မိန်းမမျိုးအဖြစ်မခံပဲ
ယောင်္ကျားတစ်ကာက
လေးစားတန်ဖိုးထားရတဲ့
မိန်းမမျိုးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ် ...

👸ယောင်္ကျားတစ်ယောက်ရှိမှ
ဘဝကိုရပ်တည်ရှင်သန်နိုင်တဲ့
ခပ်ညံ့ညံ့မိန်းမမျိုးတွေကိုကြည့်ပြီး
ယောင်္ကျားမရှိလဲ ကိုယ့်ဘဝကို
အလှဆုံးတည်ဆောက်ပြနိုင်တဲ့
ထက်မြတ်တဲ့ မိန်းမတစ်ယောက်အဖြစ်
ရှိနေနိုင်ရမယ် ...

👸မိန်းမသားဘဝဆိုတာ
ကိုယ်ကိုယ်တိုင်မြင့်အောင်နေမှ
တခြားသူကအမြင့်မှာထားရမှန်းသိမှာပါ ...

👸ဒီခေါတ်မှာ
ဘယ်သူ့ကိုမှမှီခိုစရာမလို
ဘယ်သူ့မျက်နှာမှကြည့်စရာမလိုပဲ
တစ်ယောက်တည်းဘဝကို
ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေတဲ့
မိန်းမတွေကလောကမှာ
အချေနိုင်ဆုံးပါပဲ .….🤍🤍🤍



#လောကနိယာမ777

12/01/2024

အောင်မြတ်သာနှင့်ဖိုးရွှေမှုန်
+++++++++++++++++++

" ဖြောင်း... ဖြောင်း...ဖြောင်း"

ညသန်းခေါင်အချိန် ကျယ်လောင်စွာထွက်ပေါ်လာတဲ့ လက်ခမောင်းခတ်သံကြောင့် အောင်မြတ်သာအပါအ၀င် တပည့်နှစ်ယောက်လုံး ခေါင်းထောင်လာခဲ့ကြတယ်။

" ဆရာ ကြားလိုက်လား... လူတစ်ယောက် လက်ခမောင်းခတ်နေတဲ့အသံလိုပဲဗျ"

ခွန်းလှစကားကြောင့် အောင်မြတ်သာက အသံကြားရာဘက်ကို နားစွင့်လိုက်တဲ့အချိန် ဒုတိယအကြိမ်လက်ခမောင်းခတ်သံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။

" ဒီအနီးအနားမှာ ငါတို့မသိသေးတဲ့ပုဂ္ဂိုလ်တစ်ဦးရှိနေသေးတဲ့ပုံပဲ..."

" အခုကြားတဲ့အသံက ကျွန်တော်တို့ကိုသိစေချင်လို့ အသံပေးတာများလား"

မောင်ကောင်းစကားကြောင့် ခွန်းလှက လွယ်အိတ်ကိုဆတ်ခနဲကောက်ကိုင်ကာ မြောက်ဘက်မုဒ်ဘက်ကိုထသွားခဲ့တယ်။

" မောင်ကောင်း လိုက်သွားလိုက်.... ခွန်းလှက သူ့အပေါင်းအသင်းတွေကိုသတင်းမေးဖို့သွားတာဖြစ်မယ်"

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ခွန်းလှအနောက်ကိုလိုက်သွားခဲ့ရာ လှေကားအတက်ဆင်းနားရောက်တော့

" ခွန်းလှ... မင်းတစ်ယောက်ထဲ ဘယ်ထွက်သွားတာလဲ.. ငါ့လဲစောင့်ပါဦးဟ"လို့ပြောလိုက်တော့မှ

" ဟီး... ကျွန်တော်လဲအတွေးတစ်ခုရတာနဲ့ ဆရာတို့ကိုပြောဖို့မေ့သွားတာ"

" မင်းကဘယ်သူနဲ့တွေ့ဖို့ အလောတကြီးထွက်သွားတာလဲ"

" ဟဲဟဲ... လှေကားအဆင်းရောက်ရင်သိမှာပေါ့ဗျာ"

ခွန်းလှက မောင်ကောင်းကို ရယ်ကျဲကျဲနဲ့ပြောပြီး လှေကားအောက်ခြေထိကိုဆင်းလာခဲ့လိုက်တယ်။ လှေကားရင်းရောက်တော့ လွယ်အိတ်ထဲပါလာတဲ့ ထန်းလျက်တစ်လုံးကို ပါးစပ်ထဲထည့်ကာစုပ်လိုက်ပြီး လမ်းဘေးမှာအိပ်နေတဲ့ ခွေးတစ်‌ကောင်ရဲ့ ဘေးကို ပစ်ချလိုက်တယ်။

အိပ်ပျော်နေတဲ့ခွေးက ထန်းလျက်အနံ့ရတော့ ထလာပြီး ကောက်ဝါးလိုက်တဲ့အချိန် ခွန်းလှက လက်‌ဖျစ်တီးကာအနားကပ်သွားပြီး ဦးခေါင်းကိုပွတ်သပ်နေလိုက်တယ်။

ခဏကြာတော့ ခွန်းလှက လွယ်အိတ်ထဲကနေ ထန်းလျက်နောက်တစ်လုံးကိုထုတ်ပြီး ကျွေးကာ မောင်ကောင်းဆီကိုပြန်လာခဲ့လိုက်တယ်။

" မင်းက ခွေးတွေနဲ့စကားပြောနိုင်တာ ငါမေ့နေတာ... ဒါနဲ့ ဘာအကြောင်းထူးလဲ"

" ခုနက လက်ခမောင်းခတ်သံအကြောင်း ဒီကောင်ကိုမေးနေတာ... သူပြောတာက အရှေ့ကလမ်းလေးခွဆုံမှာ ညောင်ပင်တစ်ပင်ရှိတယ်တဲ့... လက်ခမောင်းခတ်သံကအဲဒီညောင်ပင်မှာနေတဲ့သူဆီကနေထွက်လာတာတို့ပြောတယ်"

" ညောင်ပင်မှာနေတဲ့သူဆိုတော့ ဘီလူးလား... သရဲလား... သဘက်လား"

" အဲဒါတော့မပြောတတ်ဘူးဗျ... ငနီပြောတာကတော့ တစ်ခါတစ်လေ လမ်းလေးခွကို သူခြေထောက်နှစ်ဖက်နဲ့ ကားယားကြီးခွပြီးရပ်နေတတ်တယ်တဲ့"

" ဟ... ဒါဆို အတော်အကောင်ကြီးတာပဲ... ငါတို့ကိုဒုက္ခမပေးသရွေ့ သူ့ကိုလေးလေးစားစားဆက်ဆံရမှာပေါ့"

မောင်ကောင်းက ခွန်းလှပခုံးကိုပုတ်ကာပြောလိုက်ပြီး စေတီရင်ပြင်ပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
+++++++

မနက်အရုဏ်တက်ချိန်ရောက်တော့ အောင်မြတ်သာက စေတီတစ်ပတ်ပတ်ပြီး မေတ္တာပို့စင်္ကြန်လျောက်နေတဲ့အချိန် ကုက္ကားတိုင်စိုက်ထားတဲ့ဘက်‌ကနေ မိန်းကလေးယောက် ပန်းရေချမ်းဆီမီးတွေကိုင်ပြီးတက်လာမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ မြင်လိုက်ရတဲ့မြင်ကွင်းကို မသိကျိုးနွံပြုပြီး မေတ္တာကိုသာနိုင်နိုင်ပွားများနေခဲ့ရာ မိန်းမျလးယောက်က စနေထောင့်ဘက်ကိုထွက်သွားခဲ့တယ်။ စေတီတစ်ပတ်ပတ်နေရင်း စနေထောင့်ဘက်ကိုရောက်တော့ ပန်းရေချမ်းဆီမီးတွေပူဇော်ထားတာကိုသာမြင်လိုက်ရပြီး တက်လာတဲ့မိန်းမလေးယောက်ကိုမမြင်ရတော့ပေ။ စနေထောင့်ရဲ့ဘေးမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ မလှုပ်မယှက်ငြိမ်သက်စွာတရားထိုင်နေတာကိုမြင်လိုက်ရတယ်။

" ဒီစေတီမှာလဲအစောင့်အရှောက်တွေများတာပဲ" လို့ရေရွတ်ကာ စေတီကိုဒုတိယအကြိမ်လှည့်ပတ်နေလိုက်တယ်။ ဒုတိယအကြိမ်ရောက်တော့ ဗောဓိညောင်ပင်ရဲ့အနောက်မှာရှိတဲ့ ထန်းပင်ပေါ်ကနေ သပိတ်လုံးလောက်ရှိတဲ့ မျက်လုံးနှစ်လုံးက‌ အောင်မြတ်သာသွားတဲ့နောက်ကို လိုက်ကြည့်နေတာကြောင့် အာရုံကိုစုစည်းပြီးကြည့်လိုက်ရာ တစ်ကိုယ်လုံးမီးသွေးခဲလိုမဲညစ်နေတဲ့အသားအရည်၊ နှာခေါင်းနဲ့နားရွက်မှာလဲ ကြေးနီရောင်ကွင်းတွေတပ်ထားတဲ့ မိန်းမတစ်ယောက် ဆောင့်ကြောင့်ထိုင်ကြည့်နေတာမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ ထန်းပင်ပေါ်မှာရှိတဲ့ မိန်းမကိုရည်စူးပြီးမေတ္တာပို့လိုက်ရာ မျက်လုံးပြူးပြူးအသားမဲမဲနဲ့မိန်းမက နားနှစ်ဖက်ကိုလက်နဲ့အုပ်ပြီး အောင်မြတ်သာဆီကို ထန်းသီးခြောက်တွေနဲ့လှမ်းပစ်ပါလေရော။ ဒါပေမယ့် ထန်းသီးခြောက်တွေက စေတီပေါ်ကိုမရောက်ခင်မှာပဲ တစ်စုံတစ်ခုနဲ့ဟန့်တားလိုက်သလို တဒုန်းဒုန်းနဲ့အပြင်ကိုပြန်ကန်ထွက်သွားခဲ့တယ်။

" ဟင်း... မေတ္တာပို့တာကို မနှစ်သက်တဲ့ သူမျိုးလဲရှိတာပဲ" လို့ရေရွတ်ကာ ‌ရောင်နီပျို့လာတဲ့အရှေ့ဘက်ကို မျက်နှာမူပြီး စိတ်ကိုတည်ငြိမ်စွာထားကာ ထိုင်နေလိုက်တယ်။ အဲဒီအချိန် ခေါင်းလောင်းထားတဲ့ဘက်ကနေ ကလေးတစ်ယောက်ကိုလက်ဆွဲပြီး တုန်တုန်ယင်ယင်နဲ့ လမ်းလျောက်လာတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။

အဖိုးအိုက နှပ်ချေးတွဲလောင်းဖြစ်နေတဲ့ကလေးငယ်ကို အောင်မြတ်သာရှေ့ခေါ်လာပြီး
" ဆရာတို့ မနေ့ညက တရားထိုင်နေတုန်း အဖိုးမြေးလေး ဆော့ကစားမိခဲ့တယ်လို့ပြောတယ်၊ သူ့အပြစ်တွေကိုဗွေမယူဖို့ အဖိုးက လာတောင်းပန်တာပါ" လို့ပြောတော့ အောင်မြတ်သာက

" ကျွန်တော်တရားဘက်ကိုအာရုံစိုက်နေတာနဲ့ သတိတောင်မထားမိပါဘူး... ကလေးဆိုတော့ ဆော့ချင်ရှာမှာပဲလေ... အဖိုးလဲ အရမ်းကြီးမဆူပါနဲ့ဗျာ"

" နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်ဆရာရယ်... ခုနက ကုလားမသရဲ ဆရာကို ထန်းသီးခြောက်တွေနဲ့ ကောက်ပေါက်တာကို အဖိုး ဟန့်တားပေးလိုက်သေးတယ်"

" အော်... ဒါကြောင့် ထန်းသီးခြောက်တွေက စေတီ‌ရင်ပြင်ပေါ်ကိုမရောက်လာတာကိုး... "

" ဟုတ်ပါတယ်ဆရာ... အဲဒီကုလားမက အတော်ကိုပြောရဆိုရခက်တာ... လူ့ဘ၀တုန်းကလဲ သူတစ်ပါးအသက်ကိုသတ်ပြီး စီးပွားရှာရတဲ့သူဖြစ်ခဲ့တော့ အခုဘ၀ရာက်တဲ့ထိအောင် စိတ်ကြမ်းကိုယ်ကြမ်းဖြစ်နေတုန်းပဲ"

" သူကရော ဒီအနီးနားက သူတွေကို ဒုက္ခပေးတာမျိုးတွေရှိလား"

" သူနေတဲ့အပင်အောက်မှာ မဟုတ်တာလုပ်ရင်တော့ ခြောက်လှန့်ဖမ်းစားတာတွေလုပ်တတ်တယ်၊ သူ့ထက်ဆိုးတာက လမ်းလေးခွဆုံက ပုဂ္ဂိုလ်ပဲဆရာ"

" လမ်းလေးခွဆုံဆိုတော့ ညက လက်ခမောင်းထခတ်တဲ့ပုဂ္ဂိုလ်လား"

" ဟုတ်တယ်ဆရာ... သူလက်ခမောင်းခတ်ရင် တစ်ယောက်ယောက်ကိုမကျေနပ်လို့ပဲ... ညက ဘယ်သူ အမှားလုပ်မိပြန်လဲမသိပါဘူးဗျာ"

" အဖိုး အခုလိုရှင်းပြတော့မှပဲ ဇာတ်ရည်လည်သွားတော့တယ်... သူတို့က တရားဓမ္မတွေကိုမနှစ်သက်တဲ့ပုံစံပဲနော်"

" သိပ်သေချာတာပေါ့ဆရာရယ်... လူနေရပ်ကွက်ထဲက ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေကို စေတီကိုမရောက်အောင် အမြဲခြောက်လှန့်နေကြတာ... ဟိုတစ်လောကပဲ စေတီမှာတရားထိုင်နေတဲ့ ကျောင်းဆရာလေးကို ဘာတွေမြင်အောင်လုပ်လိုက်လဲမသိပါဘူး... စေတီပေါ်ကနေ ငယ်သံပါအောင်အော်ပြီးပြေးတာ.. မနက်ကျတော့ စိတ်ကပုံမှန်မဟုတ်တော့ဘူး"

အဖိုးက စိတ်မကောင်းစွာနဲ့ သက်ပြင်းရှည်တစ်ချက်ကိုချကာပြောလိုက်ပြီး ဘေးမှာရပ်နေတဲ့ ကလေးကို ငုံ့ကြည့်လိုက်တယ်။

" ကလေးက ချစ်စရာလေးပဲနော်... ရော့ ဒီမုန့်ကိုယူလိုက်"

အောင်မြတ်သာက လွယ်အိတ်ထဲပါလာတဲ့ မုန့်တစ်ထုပ်ကိုကမ်းပေးလိုက်ရာ နှပ်ချေးတွဲလောင်းကျနေတဲ့ ကလေးက လက်နှစ်ဖက်နဲ့လှမ်းယူလိုက်တယ်။

" ဆရာတို့ ဒီစေတီမှာရှိနေတဲ့ကာလပတ်လုံး အဖိုးအနေနဲ့နိုင်သလောက်ကြည့်ပေးပါမယ်.."

" အဖိုးရဲ့ စေတနာကို ကျွန်တော်တို့အသိမှတ်ပြုပါတယ်.. နေ့စဉ်နေ့တိုင်းလဲ မေတ္တာပို့ပေးပါတယ်ဗျာ"

အောင်မြတ်သာစကားကြောင့် အဖိုးအိုရဲ့မျက်နှာပြုံးရွှင်သွားပြီး တောင်ဝှေးကိုတဒေါက်ဒေါက်ခေါက်ကာ ခေါင်းလောင်းထားတဲ့အမှောင်ထုထဲကို၀င်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
++++++

" ဆရာ... ဒီနေ့တရားဖြုတ်တာ စောနေသလိုပဲ"

နေအလင်းရောင်မှိန်ဖျော့ဖျော့ထိုးကျနေတဲ့ တန်ဆောင်းထဲမှာ ရေနွေးကြမ်းထိုင်သောက်နေတဲ့ မောင်ကောင်းရဲ့စကားကြောင့် မိုင်းကိုင်စက္ကူတွေကိုခေါက်နေတဲ့ အောင်မြတ်သာက

" ဒီမနက် တရားမထိုင်ဖြစ်ပဲ စင်္ကြန်ပဲလျောက်ဖြစ်ခဲ့တယ်... အော် ဒါနဲ့ မင်းတို့နှစ်ယောက် ရပ်ကွက်ထဲသွားလိုက်ကြဦး..."

"ရပ်ကွက်ထဲဘာများဖြစ်လို့လဲဆရာ"

" စေတီစောင့်အဖိုးပြောပုံအရ ထန်းပင်မှာနေတဲ့ ကုလားမကြီးကြောင့် ကျောင်းဆရာတစ်ယောက် စိတ်နောက်သွားတယ်တဲ့... "

" ဟုတ်ကဲ့ဆရာ.. ကျွန်တော်တို့ ခရီးသွားဟန်လွှဲလုပ်ပြီး လေ့လာလိုက်ပါမယ်"

မောင်ကောင်းတို့လဲ သောက်လက်စရေနွေးကိုလက်စသတ်ပြီး လွယ်အိတ်ကိုယ်စီလွယ်ကာ ရပ်ကွက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ မြောက်ဘက်မုဒ်လှေကားရင်းကိုရောက်တော့ ခွန်းလှရဲ့ဘော်ဒါက အမြှီးတနှံ့နှံ့နဲ့အသင့်ကြိုနေတာကိုမြင်လိုက်ရတယ်။

" ရပ်ကွက်ထဲမှာ သူတစ်ပါးပယောဂကြောင့် စိတ်နောက်နေတဲ့သူရှိတယ်ပြောတယ်... မင်းသိရင်ငါတို့ကိုခေါ်သွားပေးဦး"

ခွန်းလှက ငနီရဲ့ ခေါင်းကိုပွတ်ပြီးပြောလိုက်ရာ ငနဲသားက နားလည်တဲ့ဟန်နဲ့ အမြှီးကိုယမ်းကာ လူနေရပ်ကွက်ရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။

အတော်သင့်သွားပြီးတဲ့နောက်မှာ ငနီက ခြံဝိုင်းတစ်ခုရှေ့မှာရပ်လိုက်ပြီး ခြံထဲကိုကြည့်ကာ စူးစူးဝါးဝါးထိုးဟောင်နေခဲ့တယ်။

ခွန်းလှတို့လဲ ငနီရဲ့အမူအယာကြောင့် ရှေ့ကိုဆက်မသွားပဲ အရိပ်အချည်ကိုစောင့်ကြည့်နေခဲ့ရာ ခဏကြာတော့ အိမ်ထဲကနေ ကလေးတွေ ငိုယိုပြီးပြေးထွက်လာတာမြင်လိုက်ရတယ်။

" ဆရာလေး... လိုက်ရိုက်နေလို့ ... လုပ်ကြပါဦး... အီး ဟီး ဟီး"

ကလေးတွေက ငိုတဲ့သူငို အော်တဲ့သူအော်နဲ့ ထွက်ပြေးလာတဲ့နောက်မှာတော့ ရယ်ကျဲကျဲမျက်နှာနဲ့ တုတ်တစ်ချောင်းကိုကိုင်ကာ ပြေးထွက်လာတဲ့ အသက်နှစ်ယောက်ကျော်အရွယ် လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။

" ဟဲ့ ဟဲ့... ကျော်စွာ... ကလေးတွေကို ဘာလို့ရိုက်နေတာတုန်း" ဆိုတဲ့အသံနဲ့အတူ သဘက်ပခုံးပေါ်တင်ပြီးပြေးထွက်လာတဲ့အမျိုးသမီးကြီးတစ်ယောက်။

ကလေးတွေအော်သံကြောင့် ဘေးနားမှာရှိတဲ့အိမ်ကလူတွေပါပြေးထွက်လာပြီးတားပေမယ့် ကြိမ်လုံးကိုင်ထားတဲ့လူငယ်က ဟီးဟီးဟားဟားရယ်ကာ တွေ့ရာလူကိုလိုက်ရိုက်ပါလေရော။

မောင်ကောင်းတို့လဲ အခြေအနေကိုရိပ်စားမိတာကြောင့် ခြံဝိုင်းထဲကိုပြေး၀င်သွားပြီး

" ဟိတ် ရပ်လိုက်စမ်း" လို့အမိန့်ပေးလိုက်ရာ ရယ်မောနေတဲ့လူငယ်က မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး ချက်ချင်းဆိုသလို ကျောခိုင်းသွားခဲ့တယ်။

" ဒေါ်မြ... ခင်ဗျား သားက ဘယ်လိုဖြစ်လို့ ကလေးတွေကိုလိုက်ရိုက်နေတာလဲ... "

" ဟုတ်တယ် ... ဒီကောင်ကို မနေ့ထဲက ကြည့်နေတာ... ကျုပ်က ခင်ဗျားမျက်နှာကြောင့် ဘာမှမပြောတာဗျ"

ရပ်ကွက်ထဲကလူတွေက ဒေါ်မြဆိုတဲ့အမျိုးသမီးကို ဝိုင်းပြောနေတာမြင်တော့ ခွန်ူလှက ကြားထဲ၀င်ပြီး

" နေကြပါဦးဗျာ... ဒီကောင်လေးပုံစံက သာမန်မဟုတ်ဘူး"

" ခင်ဗျားတို့က ဘယ်ကလဲ... ဒီကောင်နဲ့ ဘာတော်လို့ ၀င်ပြောနေကြတာလဲ ဟမ်"

" မိတ်ဆွေတို့ စိတ်ကိုအေးအေးထားပါဗျာ... ကျုပ်တို့က ဘယ်သူ့ကိုမှနစ်နာစေတဲ့စိတ်နဲ့၀င်ပြောတာမဟုတ်ပါဘူး.. ဒီကောင်လေးကြည့်ရတာ မကောင်းတဲ့အပမှီနေသလိုဖြစ်နေတယ်"

" တော်စမ်းပါဗျာ... ဒီကောင်က ရူးနေတာ... ရူးနေတာကို အပမှီတယ်လို့ပြောရတယ်လို့"

" ကျုပ်တို့ပြောတာကိုမယုံဘူးဆိုရင် လက်တွေ့ပြပါ့မယ်... အဲဒီတော့မှ မိတ်ဆွေတို့ သဘောတိုင်းဆုံးဖြတ်ကြပါ... အခုတော့ ကျုပ်တို့ကို အချိန်လေးနည်းနည်းပေးပါ"

ခွန်းလှစကားကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးထဲကနေ ပုဆိုးတိုတို၀တ်ထားတဲ့ လူတစ်ယောက်ထွက်လာပြီး

" ကောင်းပြီလေ... ခင်ဗျားတို့ပြောတဲ့အတိုင်း စောင့်ကြည့်ပေးမယ်.. "

ခွန်းလှတို့လဲ အခွင့်ရပီမို့ ကျောပေးထားတဲ့ လူငယ်ရဲ့ ဦးခေါင်းကိုလက်နဲ့ရွယ်မိုးကာ

" ကာယကံရှင်ရဲ့ကိုယ်ထဲမှာ မကောင်းတဲ့အမှောက်ပယောဂရှိနေတာပါက ချက်ချင်းဖယ်ခွာပြီး လူကောင်းပကတိဖြစ်စေ" လို့အမိန့်ပြန်လိုက်ရာ မျက်ထောင့်နီနဲ့အံကြိတ်နေတဲ့ လူငယ်က သတိပြန်၀င်လာပြီး စုရုံးစုရုံးဖြစ်နေတဲ့ လူအုပ်ကြီးကို အံ့ဩတဲ့အကြည့်တွေနဲ့ လိုက်ကြည့်နေခဲ့တယ်။

" အရီး... ဒီကောင်လေးကို အိမ်ပေါ်ခေါ်လာခဲ့ပါ"

" အေးအေး... အရီးခေါ်လာခဲ့ပါမယ်"

ခွန်းလှတို့အိမ်ပေါ်ရောက်တော့ လူအုပ်ကြီးကလဲ မြင်သာတဲ့နေရာကနေ အခြေအနေ‌ကို စူးစမ်းနေခဲ့ကြတယ်။

" အကိုကြီး..."

ခွန်းလှစကားကြောင့် ဘုရားကျောင်းဆောင်ပေါ်မှာ ဖယောင်းတိုင်မီးပူဇော်နေတဲ့ မောင်ကောင်းက လှည့်ကြည့်ပြီး

" ခွန်းလှ ဘာဖြစ်လို့လဲ"

" အကိုကြီးက ပညာသက်လဲရင့်တော့ ဒီလူနာကို... "

" ခွန်းလှ... ဒီကောင်လေးက မင်းနဲ့ဆက်နွယ်လို့ သိရတာလေ... မင်းငါ့ကို အားနာမနေနဲ့ ကိုယ့်ဘာသာ ကုစရာရှိတာကု"

မောင်ကောင်းစကားကြောင့် ခွန်းလှက သူ့ရှေ့မှာရှိနေတဲ့လူနာကို ဘုရားဦးတိုက်ခိုင်းပြီး အထက်ဆရာတွေကိုခွင့်ပန်လိုက်တယ်။ ပြီးတာနဲ့ အိမ်တွင်းအိမ်ပြင် ခြံတွင်းခြံပြင်မှာ စောင့်ကြပ်နေတဲ့ အစောင့်အရှောက်တွေကို ခေတ္တဖယ်ခိုင်းပြီး လူနာရဲ့နဖူးကို လက်ညိုးနဲ့ထောက်ကာ

" ကာယကံရှင်ရဲ့ စိတ်ကို မူးအောင်ဝေအောင် ကစဉ့်ကလျားဖြစ်အောင် ဖမ်းစားထားတဲ့ အစွဲအား ဆင့်ခေါ်လိုက်တယ်... ဤအမိန့်သံက ဖမ်းစားထားသူဆီကိုတိုက်ရိုက်ရောက်ပြီး ချက်ချင်း၀င်လာစေ" လို့ပြောပြီး လက်ကိုအားစိုက်ပြီးထောက်လိုက်ရာ အရှေ့မှာထိုင်နေတဲ့ လူငယ်ရဲ့ အသားတွေ တဆတ်ဆတ်တုန်ရီလာပြီး ဝုန်းခနဲထခုန်ပါလေရော။

" ဟိတ်... အိမ်သူအိမ်သားတွေ ထိတ်လန့်အောင် မလုပ်နဲ့ ... ကောင်းကောင်းမွန်မွန်နေစမ်း" လို့ပြောလိုက်တော့မှ ထခုန်နေတဲ့လူငယ်က ငြိမ်ကျသွားခဲ့တယ်။

" သင်ဘယ်သူလဲ... "

" @$@$$&&$++& #&&&"

" ဟင်... နင်က ဘာသာခြားလား... ငါတို့နားလည်အောင်ပြော... သူမပြောနိုင်ရင် ဆိုင်ရာပုဂ္ဂိုလ်တွေက ပြောနိုင်အောင် ကူညီပေးကြပါ.... ကဲ သင်ဘယ်သူလဲ ပြောစမ်း"

" ငါ ငါက လက်ချမီးလ်ပဲဟေ့"

" ဘယ်က လက်ချမီးလ်လဲ... "

" ထန်းပင်ပေါ်က လချမီးလ်"

" နင်က သူ့ကိုဘာလို့ စိတ်နောက်အောင် လုပ်ထားတာလဲ... နင့်ကြောင့် ဒီကောင်လေးကို အကုန်လုံးမုန်းတီးနေကြပီ"

" အဟီးအဟီးဟက်ဟက်... သူက ငါနေတဲ့အပင်နားမှာ ငါမကြိုက်တာတွေလာရွတ်လို့ ကိုယ်ထင်ပြလိုက်တာ"

" နင်မကြိုက်တာလာရွတ်တာဟုတ်လား... သူက ဘာတွေရွတ်လို့လဲ"

" မသိဘူး... သူရွတ်တဲ့အသံကိုမကြားချင်ဘူး... ငါ့ကိုထပ်မမေးနဲ့"

ခွန်းလှလဲ ‌အဲဒီတော့မှ ‌အရီးဒေါ်မြဘက်ကိုလှည့်ပြီး

" ဒီကောင်လေး ... ခုလိုမဖြစ်ခင် ဘာတွေလုပ်ခဲ့တာမြင်လဲအရီး"

" အရီး သားက လူရိုးလူအေးလေးပါကွယ်... ညနေဆို စေတီပေါ်မှာ ဘုရားသွားရှိခိုးတာကလွဲပြီး ဘာမှမလုပ်ခဲ့ပါဘူး"

" လက်ချမီးလ်.... နင်က သူဘုရားရှိခိုးတာကို မကြိုက်လို့ စိတ်နောက်အောင်လုပ်လိုက်တာလား"

" ဟုတ်တယ်... ငါ့အပင်နားမှာ သူလာရွတ်ရင် ငါနေလို့မရဘူးဟ.. ဒါကြောင့် ငါ့ခြေထောက်ကို သူ့မြင်အောင်ပြလိုက်တာ"

" တယ်... ဒီမိန်းမကတော့ ... စေတီရှိမှတော့ ဘုရားသံတရားသံကြားရမှာပေါ့... ငါတို့လဲနေ့တိုင်း ဘုရားရှိခိုးနေတာ ဘာလို့ သူ့ကိုမှလုပ်ရတာလဲ"

" နင်တို့ကိုလုပ်မရလို့ပေါ့ဟဲ့... နင်တို့ကငါ့ထက်မြင့်နေလို့ သည်းခံနေတာ... လုပ်လို့ရရင် ဂုတ်ကနေဆွဲပြီး ထန်းပင်နဲ့ရိုက်သတ်တယ် ဟင်းဟင်း"

လက်ချမီးလ်စကားကြောင့် နားထောင်နေတဲ့သူတွေအားလုံး ထိတ်လန့်သွားကြပြီး ခွန်းလှကို လေးစားအားကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။

" အခု ငါတို့ကို လုပ်မရဘူးဆိုတာသိတယ်ဆိုတော့ ဒီကောင်လေးကိုလဲ ထပ်ပြီးမနှောက်ယှက်နဲ့တော့... စကားနဲ့ပြောနေချိန်လက်မခံဘူးဆိုရင်တော့ မွှေးညှင်းတစ်ပေါက်ကို ဓါးတစ်ချောင်းစိုက်ထည့်ရလိမ့်မယ်"

" ဟင်းဟင်း... နင်တို့ကိုမလွန်ဆန်နိုင်တော့လဲ... ပြောတဲ့အတိုင်းလုပ်ပေးရမှာတော့မှာပေါ့... နောက်တစ်ခါ ငါရှိတဲ့အပင်နားမှာ အခုလိုတွေလာမရွတ်ဖို့ပြောပေး"

" ဟာ... ဒီမိန်းမကတော့ ဘုရားစေတီဆိုမှတော့ ဘုရားသံတရားသံကြားရမှာပေါ့... သင်မကြားချင်တိုင်း ငါတို့ကမရွတ်ဖို့ပြောပေးရမှာလား ... ငါလုပ်လိုက်ရ နာတော့မယ်"

ခွန်းလှရဲ့ မာန်မဲသံကြောင့် လက်ချမီးလ် ဘာမှထပ်မပြောတော့ပဲ ငြိမ်ကျသွားခဲ့တယ်။

" ရော့... ဒီသစ္စာရေသောက်... နောက်တစ်ခါ ထပ်လုပ်ရင် နင်၀မ်းထဲကနေ သွေးပွက်ပွက်အန်လိမ့်မယ်"

လက်ချမီးလ်က သစ္စာရေသောက်ဖို့ကို အင်တင်တင်လုပ်နေတာကြောင့် ဂိုဏ်းစောင့်တွေကိုဆင့်ခေါ်ပြီး လည်ပင်းကိုဓါးမိုး သောက်ခိုင်းခဲ့ရတယ်။

ကြည့်ရှုနေကြတဲ့ လူတွေလဲ ခွန်းလှတို့အစွမ်းကိုမြင်ပြီးမှ လာမိတ်ဆက်သူမိတ်ဆက်၊ သူ့အိမ်ကြွပါ.. ငါ့အိမ်ကြွပါလို့ပြောတဲ့သူပြောဖြစ်ကုန်ကြတယ်။

ခွန်းလှတို့လဲ နေမွန်းတည့်နေပြီမို့ ဘယ်သူ့အိမ်မှဆက်မသွားတော့ပဲ စေတီကိုသာပြန်လာခဲ့လိုက်တယ်။
+++++

အချိန်ကမှောင်စပျိုးနေပီမို့ တောင်ကုန်းစေတီတစ်ခုလုံး တိတ်ဆိတ်နေပြီး ထီးတော်မှာချိတ်ဆွဲထားတဲ့ ဆည်းလည်းအသံလေးတွေကသာ ရံဖန်ရံခါထွက်ပေါ်လာခဲ့တယ်။

အဲဒီအချိန် စေတီပေါ်ကို ရေးကြီးသုတ်ပြာနဲ့တက်လာတဲ့ သူလေးယောက်ကို စောင်းတန်းထဲကနေ လှမ်းမြင်လိုက်ရတယ်။

" ဆရာ... ကျွန်တော်တို့တော့ ကိစ္စပေါ်ပြီထင်တယ်"

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက သူတို့ဆီလျောက်လာတဲ့သူတွေကို လှမ်းကြည့်လိုက်ပြီး မိုင်းကိုင်စက္ကူတွေကို လွယ်အိတ်ထဲအစီအရီထည့်နေလိုက်တယ်။

" ဆရာလေး... ဆရာလေးတို့ကို လိုက်ရှာနေတာ မောလိုက်တာဗျာ"

နဖူးစပ်ပေါ်က ချွေးစတွေကို လုံချည်နဲ့သုတ်ရင်းပြောလိုက်တဲ့ မျက်နှာစိမ်းလူကြောင့် မောင်ကောင်းတို့ထိုင်နေရာကနေထလိုက်ပြီး

" ကျုပ်တို့ကိုလိုက်ရှာနေတယ်ဆိုတော့ ဘာကိစ္စများရှိလို့လဲ"

" မနက်က ဆရာလေးတို့အစွမ်းကိုမြင်ပြီး လေးစားနေတာ၊ အခုလဲ ကျုပ်ရဲ့ညီတစ်၀မ်းကွဲ ဒုက္ခရောက်နေလို့ ကူညီပါဦးဗျာ"

" ဘယ်လိုဒုက္ခရောက်နေတာလဲ သေချာလေးပြောပါဦး"

" ဒီလိုပါဆရာလေး... မနေ့ညက ဒီကောင်အရက်မူးပြီး အိမ်ကိုပြန်ရောက်လာတယ်၊ ကျုပ်တို့လဲ ဒီကောင် နေ့တိုင်းမူးနေတာဆိုတော့ မသိချင်ယောင်ဆောင်ပြီး နေနေလိုက်တာပေါ့၊ ညသန်းခေါင်အချိန်ရောက်ဝောာ့ သူ့လည်ပင်းကို တက်နင်းထားတယ်လို့ အသံနက်ကြီးနဲ့ထအော်တာ၊ ပြီးတော့ ပြန်အိပ်ပျော်သွားတယ်... အဲဒီထိဘာမှမဖြစ်သေးဘူး.. ဆရာလေးတို့ ကျော်စွာကို ကုပေးပြီးတဲ့ချိန်ရောက်မှ ဒီကောင် ကပ်ပယ်အိတ်က တစ်ဖြေးဖြေးယောင်ကိုင်းလာတာ... အခု‌ဆို အပေါ့တောင်သွားမရအောင် ဖြစ်နေလို့ ကူညီပါဦးဆရာလေးတို့ရယ်"

" သူကအရင် ခုလိုမျိုးဖြစ်ဖူးလား"

" မဖြစ်ဘူးပါဘူးဆရာတို့ရယ်... ကျွန်တော်စိတ်ထင်ပြောရရင် ဒီကောင်ညက မူးမူးရူးရူးနဲ့ ဘာတွေလျောက်လုပ်ခဲ့လဲမသိပါဘူး... ဖြစ်နိုင်ရင် အိမ်ကိုလိုက်ပြီး ကြည့်ပေးပါလို့တောင်းဆိုပါတယ်"

မောင်ကောင်းနဲ့ခွန်းလှက အကူညီတောင်းခံသူတွေရဲ့စကားကြောင့် အောင်မြတ်သာကိုလှမ်းကြည့်လိုက်ရာ

" အကူညီတောင်းနေတော့လဲ လိုက်သွားပေးရတာပေါ့... မင်းတို့နှစ်ယောက်ပါ လိုက်ခဲ့ကြ"

" ကျေးဇူးတင်ပါတယ် ဆရာတို့ရယ်... ကျွန်တော်တို့ရှေ့ကနေလမ်းပြပေးပါ့မယ်"

လူစိမ်းနှစ်ယောက်က အောင်မြတ်သာတို့ကိုခေါ်ပြီး စေတီပေါ်ကနေဆင်းလာတဲ့ချိန် လှေကားရင်းမှာ အမြှီးလေးတနှံ့နှံ့နဲ့စောင့်နေတဲ့ ငနီကိုမြင်လိုက်ရတယ်။

ခွန်းလှက ငနီကိုမြင်တော့ ထန်းလျက်တစ်လုံးကို စုပ်ပီး ပစ်ကျွေးလိုက်တယ်။

" ဒီကောင်က ဆရာလေးတို့နဲ့သိနေတာလား..."

" ဟုတ်တယ်လေ ဘာဖြစ်လို့လဲ... ငနီကိုသိလို့လား"

" ဒီရပ်ကွက်မှာ ငနီကိုမသိတဲ့သူမရှိဘူး... ဒီကောင်က အစာစားချိန်ဆို ရပ်ကွက်ထဲလာတတ်တယ်... သူလာပီဆိုရင် နယ်ခံခွေးတွေအကုန် အမြှီးကုပ်ပြီး ပြေးတာ"

" ဟင်... ဘာဖြစ်လို့လဲ"

" အဲဒါတော့မသိဘူး... ငနီက ဒီရပ်ကွက်မှာမွေးတာလဲမဟုတ်ဘူးဗျ... ဘယ်ကရောက်လာမှန်းလဲမသိဘူး... ထူဆန်းတာက သူ့ကိုဆို ဘယ်ခွေးမှမကိုက်ရဲတာပဲ"

" ဒါဆို ဒီကောင်က တော်တော်ထူဆန်းတာပဲ.. အော် ဒါနဲ့ မိတ်ဆွေတို့နာမည်ကိုဘယ်လိုခေါ်ရမလဲ"

" အာ... ဟုတ်သားပဲ... လူနာအကြောင်းပြောနေတာနဲ့ မိတ်ဆက်ဖို့တောင် မေ့နေတာ... ကျွန်တော်နာမည်က မောင်စိုးလို့ခေါ်တယ်... သူကတော့ ၀င်းတင်တဲ့"

" ကျုပ်တို့နာမည်က ခွန်းလှနဲ့မောင်ကောင်းလို့ခေါ်တယ်.. ဒီဘက်ကတော့ ကျုပ်တို့ဆရာ အောင်မြတ်သာလို့ခေါ်ပါတယ်"

" ဆရာတို့နဲ့ဆုံရတာ အတော်ကံကောင်းတယ်... နောက်ဆို ဘယ်သူကို ပြလို့ပြရမှန်းသိမှာမဟုတ်ဘူး"

မောင်စိုးက စကားကိုရေပက်မ၀င်အောင်ပြောပြီး ခေါ်လာခဲ့ရာ ဖက်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းအိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။

" အေးခင်ရေ... ဆရာတွေကြွလာပြီ... နေရာလုပ်ထားဦး"

မောင်စိုးအသံကြောင့် အသက်လေးဆယ်အရွယ်မိန်းမကြီးတစ်ယောက်က ပြာပြာသလဲလဲနဲ့ ဘုရားကျောင်းဆောင်ရှေ့မှာ ဖျာတစ်ချပ်ခင်းချလိုက်တယ်။

" ဟဲ့... မိတင်စိန်... ကျော်အေးထွန်း နင်တို့ကလဲ လမ်းဖယ်ကြပါဦး... ဘာမှတောင်မသိရသေးဘူး စပ်စုဖို့ထိပ်ဆုံးကနေရာယူနေကြတာ"

အေးခင်ဆိုတဲ့မိန်းမကြီးက အိမ်ပေါက်၀မှာထိုင်နေတဲ့ သူတွေကို ပြောဆိုပြီး အောင်မြတ်သာတို့ကို ခေါင်းရင်းကိုပင့်လာခဲ့တယ်။

အိမ်ပေါ်ရောက်လို့ မျက်လုံးဝေ့ကစားလိုက်ရာ အိမ်ရှေ့မှာ စုတ်သသတ်သတ်နဲ့ညဉ်းတွားနေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ အိမ်ပေါ်ရောက်တာနဲ့ ဘုရားမီးပူဇော်ပြီး အိမ်တွင်းအိမ်ပြင်မှာရှိတဲ့ အစောင့်ရှောက်တွေကိုနေတ္တာပို့ပြီး အထက်ဆရာတွေထံ ခွင့်ပန်လိုက်တယ်။

အမှုကိစ္စအ၀၀ပြီးပြီဆိုတာနဲ့ လူနာကို အရှေ့ခေါ်ပြီး စိုက်ကြည့်လိုက်ရာ ခန္ဓာကိုယ်ထဲကနေ အခြားသူပယောဂကြောင့်ဖြစ်ပေါ်နေတဲ့ အခိုးငွေ့တွေကိုမြင်တွေ့လိုက်ရတယ်။

" ကဲ... မင်း နာမည်ဘယ်လိုခေါ်လဲပြောပါဦး"

" ကျော်... ကျော်လင်းလို့ခေါ်ပါတယ်"

" မနေ့ညက မင်းဘာတွေလုပ်ခဲ့လဲ မှတ်မိလား"

" မနေ့ညဦးပိုင်းက ဒေါ်ဘုတ်ဆုံဘုံဆိုင်မှာ အရက်သောက်ခဲ့တယ်ဆရာ... ခါတိုင်းဒီလောက်မသောက်ပေမယ့် ညကအတော်ကိုသောက်မိသွားတာကြောင့် အသိစိတ်က လွတ်ထွက်သွားတာ... ကျွန်တော် အိမ်ကိုဘယ်လိုပြန်ရောက်လာလဲဆိုတာတောင် ဝိုးတဝါးပဲမှတ်မိတော့တယ်"

" လမ်းမှာရော... ဘယ်လိုအရာတွေလုပ်ခဲ့တယ်ဆိုတာ မှတ်မိလား"

" ဘုရားဘေးက ဖြတ်လာတော့ ငနီက ကျွန်တော်ကိုဟောင်တာတော့မှတ်မိတယ်.. ကျန်တာကို ပြန်စဉ်းစားလို့မရတော့ဘူး"

" အခု.. မင်းဘယ်လိုခံစားနေရလဲ"

" ကျွန်တော် ဆီးအရမ်းသွားချင်နေတယ်ဆရာ...ဒါပေမယ့် ဆီးက မထွက်ပဲ ဟို... ဟိုနေရာက ဖောင်းတင်းလာတယ်... အခုဆို ဆီးမသွားရလို့ ကိုက်ခဲနေတာ ထမင်းတောင်မစားနိုင်ဘူးဆရာ"

" ဟုတ်ပီ... မင်း နေသာသလို နေနေပါ... ကျုပ်ကို ရေသန့်သန့်တစ်ခွက်ပေးလို့ရမလား"

"ဟုတ်ကဲ့ဆရာ အခုယူပေးပါမယ်"

အောင်မြတ်သာလဲ ရေသန့်ခွက်ရတာနဲ့ ညာလက်ညိုးကို ရေထဲစိမ်ပီး ဂါထာတစ်ပုဒ်ကိုကိုးခေါက်တိတိရွတ်ဖတ်နေလိုက်တယ်။ ပြီးတာနဲ့ ကျော်လင်းရဲ့ မျက်လုံးထဲကို ခပ်လိုက်ရာ

" အား... စပ်တယ် ဆရာ.. ရေထဲမှာဘာပါလဲမသိဘူး"

" ဒေါ်အေးခင် အနားခဏလာပါဦး"

ဒေါ်အေးခင်အနားရောက်လာတော့ အောင်မြတ်သာက ရေခွက်ထဲကရေကိုပဲ မျက်လုံးထဲခပ်ပေးလိုက်ရာ

" ဘယ်လိုခံစားရလဲ အရီး"

" ဘာမှမဖြစ်ပါဘူးဆရာ... မျက်လုံးထဲအေးနေတာပဲ"

" ကျုပ်လဲ အကုန်လုံးကိုစိတ်ရှင်းစေချင်လို့ စမ်းပြတာပါ.. ကျော်လင်းကိုခပ်တဲ့အချိန်စပ်ရတယ်ဆိုတာက သူ့ကိုယ်မှာ အခြားသူတစ်ယောက်ရဲ့ အမှောင့်ပယောဂရှိနေလို့ပဲ"

" ကျွန်မတို့ ဘယ်လိုလုပ်ရပါ့မလဲဆရာ"

" ဒီကိစ္စမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ မသိရသေးတာမို့... သေချာအောင်ခေါ်မေးရတော့မယ်"

အောင်မြတ်သာလဲ ကျော်လင်းရဲ့ ဦးခေါင်းကိုလက်နဲ့ကိုင်ပြီး
" ကာယကံရှင်မှာ ဖြစ်ပေါ်ခံစားနေရတဲ့ ရောဂါဝေဒနာဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ တစ်စုံတစ်ယောက်က ပြုလုပ်ထားတာဆိုရင် ပြုလုပ်ထားတဲ့ပုဂ္ဂိုလ် အခုချက်ချင်းရောက်စေ" လို့ပြောလိုက်ရာ ‌တင်ပလ္လင်ခွေထိုင်နေတဲ့ ကျော်လင်းက ဝုန်းခနဲထရပ်ကာ ပုဆိုးကိုခါးတောင်းကျိုက်ပီး လက်ခမောင်းကို တဖြောင်းဖြောင်းခတ်ပါလေရော။

" ကဲကဲ... ရောက်လာပြီဆိုတော့ ဘုရားကိုအရင်ဦးတိုက်လိုက်ပါဦး"

ကျောင်လင်းတစ်ဖြစ်လဲ ၀င်စီးနေတဲ့သူက အောင်မြတ်သာစကားကိုကြားတော့ ဒူးနှစ်ဖက်ကို ဝုန်းခနဲပစ်ချပြီး ကြမ်းကိုနဖူးနဲ့ဆောင့်ကာ ဘုရားကိုဦးတိုက်ခဲ့တယ်။

" ဒုန်း ဒုန်း ဒုန်း... ခွပ်"

ပြင်းထန်လှတဲ့ ခေါင်းဆောင့်ချက်ကြောင့် ကျော်လင်းရဲ့ နဖူးကနေ သွေးတွေဖြာခနဲ ကျဆင်းလာခဲ့တယ်။

ကျော်လင်းက နဖူးကသွေးတွေကို လက်ညိုးနဲ့ကော်ယူပြီး ‌ပေါင်ပေါ်မှာ ထိုးကွင်းမှင်ကြောင်ပုံစံရေးဆွဲကာ အောင်မြတ်သာကို ထီမထင်တဲ့မျက်နှာပေးနဲ့ကြည့်နေခဲ့တယ်။

" ကဲ... သင်အမှုကိစ္စပြီးပြီဆိုတော့ ကျုပ်မေးရမယ့်အလှည့်ပေါ့... အခု၀င်ရောက်ပူးကပ်နေတာ ဘယ်သူများလဲ"

ပထမအကြိမ်... ဒုတိယအကြိမ်မေးတာကိုမဖြေတာကြောင့် ရေမန်းခွက်ထဲက ရေနဲ့တောက်ဖို့လုပ်တော့မှ

" ငါက ရွှေမှုန်ပဲကွ....ငါ ဒီကောင်ကို သတ်မလို့ လုပ်ထားတာ... နင်တို့ဘာ၀င်ရှုပ်တာလဲ"

" သူ့ကဘာအမှားလုပ်ထားလို့ သတ်ချင်ရတာလဲ"

" ဒီကောင် ငါနေတဲ့ ညောင်ပင်အောက်မှာ ကျင်ငယ်စွန့်သွားတယ်လေ... ဒါကို ငါကသည်းခံစရာလား"

" ကျုပ်သူ့ကိုမေးကြည့်တော့ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးဆိုတာသိခဲ့ရတယ်၊ ဒီကလေးက အမူးလွန်နေတာကြောင့် ခုလိုဖြစ်သွားတာပါ... အဖိုးကလဲ သည်းခံပေး... သူသတိရတာနဲ့ အုန်းပွဲငှက်ပျောပွဲနဲ့ ပြန်တောင်းပန်ခိုင်းလိုက်ပါမယ်"

" ငါခွင့်မလွှတ်နိုင်ဘူး... ဒီကောင်ကိုသတ်ရမှကျေနပ်မယ်"

" အဖိုး... အသက်တွေလဲကြီးနေပါပြီဗျာ... ဒေါသလေးကိုလျော့ပါတော့.... ကျုပ်က အဖိုးကို နာကျင်အောင်မလုပ်ချင်လို့ ဒီကလေးအစား တောင်းပန်ပေးနေတာပါ... ကျုပ်မျက်နှာကိုထောက်ထားပြီး ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်ပါ"

" တောက်စ်... နင့်ကြောင့်နော်... မဟုတ်ရင် ဒီကောင်အသေပဲ"

" အဖိုးက လက်ဝှေ့သမားထင်တယ်... ဘယ်လိုလဲ လက်ဝှေ့ယိမ်းလေးပြပြီး တစ်ပွဲလောက်မစမ်းချင်ဘူးလား"

အောင်မြတ်သာရဲ့ စိတ်လွှဲတဲ့စကားကြောင့် ‌ဖိုးရွှေမှုန်က လက်ဝှေ့ယိမ်းကို ဟန်ပါပါပြပြီး

" ငယ်မူငယ်သွေးတွေပြန်ကြွအောင် နင်လုပ်နေတာပဲ... လာစမ်းပါ... ဘယ်ကောင်လာမလဲ... တစ်ချီလောက် လက်ရည်စမ်းချင်လို့"လို့ပြောလိုက်တဲ့ချိန်မှာပဲ ကရင်သင်တိုင်း၀တ်ထားတဲ့ အဖိုးကြီးတစ်ယောက် ပေါ်လာခဲ့တယ်။

ကရင်သင်တိုင်း၀တ်ထားတဲ့အဖိုးအိုကိုတော့ အောင်မြတ်သာတို့ဆရာတပည့်တွေကပဲမြင်နေခဲ့တယ်။

" အဖိုးစိတ်ကျေနပ်အောင် ဇွဲကပင်တောင်က အဖိုးကိုဖိတ်ထားပေးတယ်... အချင်းချင်း လက်ဝှေ့ယိမ်းပြပြီး အကဲစမ်းကြပေတော့..."

အောင်မြတ်သာစကားအဆုံးမှာ ဖိုးရွှေမှုန်က ဇွဲကပင်အဖိုးနဲ့ လက်ဝှေ့ကစားပါလေရော။

ယိမ်းတယ်... ခတ်တယ်.. ရှောင်တယ်... ထိုးတယ်.... ကန်တယ်.. စတဲ့ဟန်ပန်တွေကို လက်ဝှေ့သမားတစ်ယောက်လို ပြနေရင်း သုံးမိနစ်လောက်ကြာတော့

" အဖိုး... ဒီလောက်ဆို ကျေနပ်လောက်ပြီထင်ပါတယ်... ပင့်ဖိတ်တာကိုလာရောက်ပေးတဲ့ ဇွဲကပင်အဖိုးကိုလဲ ကျေးဇူးတင်ပါတယ်" လို့ပြောလိုက်တော့မှ ငြိမ်သွားခဲ့တယ်။

" အဖိုးလဲ စိတ်ကျေနပ်ပီဆိုတော့ ဒီကောင်လေးကို လာတောင်းပန်ခိုင်းလိုက်ပါမယ်..."

" အေး... ဒီတစ်ခါတော့ နင့်မျက်နှာကြောင့် ခွင့်လွှတ်ပေးလိုက်မယ်... နောက်တစ်ခါဆို သေပီမှတ်"

" အဖိုး... မထွက်သွားနဲ့ဦး... ခုနက အဖိုးလုပ်ထားတဲ့ဖြစ်နေတဲ့ ဒဏ်ရာတွေကို အကုန်ပြန်ယူသွားပေးပါ"

အောင်မြတ်သာစကားကြောင့် ဖိုးရွှေမှုန်က ဆံဖျားကနေ ခြေဖျားထိကိုလက်နဲ့သပ်ချပြီး ဆွဲယူကာ ဗိုင်းခနဲလဲကျသွားခဲ့တယ်။

အဲဒီမှာထူးဆန်းတာက ဖိုးရွှေမှုန်ထွက်သွားတာနဲ့ နဖူးမှာကွဲနေတဲ့ဒဏ်ရာက အမာရွတ်ပင်မကျန်အောင် ပျောက်ကွယ်သွားပြီး ယောင်ကိုင်းနေတဲ့ ကပ်ပယ်အိတ်က မူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်။

အောင်မြတ်သာလဲကတိအတိုင်း အုန်းပွဲကန်တော့ပွဲကိုအမြန်ပြင်စေပြီး ဖိုးရွှေမှုန်နေထိုင်တဲ့ ညောင်ပင်အောက်မှာ ချက်ချင်းတောင်းပန်စေခဲ့တယ်။

အဲဒီချိန်ကစပြီး ဖိုးရွှေမှုန်နေတဲ့ညောင်ပင်အောက်မှာ ဘယ်သူမှအပေါ့မစွန့်ရဲကြတော့ပေ။

+++++

ညသန်းခေါင်အချိန်ရောက်တော့ တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့ နားထဲမှာ

" လူလေး... မင်းကိုအရေးကြီးတဲ့တာ၀န်တစ်ခုပေးဖို့ရှိတယ်... အဲဒီတာ၀န်က ကုန်းဘောင်ခေတ်အဆက်ဆက် ပူဇော်ခဲ့တဲ့ ရွှေစင်ရုပ်ထုတွေထဲက တစ်ရုပ်ဖြစ်တဲ့ မြောက်နန်းမိဘုရားမယ်လွန်းသူရဲ့ ရွှေစင်ပုံတူရုပ်ကိုရှာပေးဖို့ပဲ၊ ရွှေစင်ရုပ်ထုရဲ့အမြင့်က ၁၅လက်မရှိပြီး ငါတို့နိုင်ငံကို တိုင်းတစ်ပါးသားတွေမသိမ်းပိုက်မီထဲက ပျောက်ချင်းမလှပျောက်သွားခဲ့တယ်၊ ဒီရွှေဆင်းတုရုပ်နဲ့ပတ်သတ်တဲ့ ပဌာန်းဆက်တွေ လူလေးဆီကိုရောက်လာကြလိမ့်မယ်၊ ဉာဏ်ကိုလွှာသုံးပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေ" ဆိုတဲ့ဆရာသခင်အသံကိုကြားလိုက်ရတယ်။

ဒီတာ၀န်ကို အောင်မြတ်သာတို့ ကျေပွန်အောင် ဆောင်ရွက်နိုင်မလား၊ ဘာတွေကြုံတွေကြဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် မြောက်နန်းရွှေကိုယ်လေးရုပ်ထုဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
‌ဇေယန(ရာမည)

Address


Website

Alerts

Be the first to know and let us send you an email when Myat Woon Cho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share