Online Sharing

  • Home
  • Online Sharing

Online Sharing အွန်လိုင်းမိတ်ဆွေများအကျိုးရှိစေမဲ့အရာတွေကို တဆင့်ပြန်လည် မျှဝေ‌ ပေးသွားမှာဖြစ်ပါတယ်။

Credit- Original Post
30/07/2023

Credit- Original Post

28/11/2021
28/11/2021

20/11/2021

ဦးနှောက်ဆိုတာ ဓားတစ်ချောင်းလိုပဲ သွေးလေထက်လေ ဆိုတဲ့အမျိုးပါ၊ ကျန်းမာထက်မြက်တဲ့ဦးနှောက်ကို ပိုင်ဆိုင်ရဖိ....

20/11/2021

ဒီနေ့ လူတစ်ယောက်ချင်းစီကပလတ်စတစ်သုံးစွဲမှုကို တစ်ကြိမ်ပဲလျှော့လိုက်တယ်ထားဦး၊ လူပေါင်း ၇ ဘီလီယံရှိတဲ့ကမ္....

18/11/2021

ရာသီဥတုပြောင်းလဲခြင်းဟာ ကမ္ဘာကြီးကို ပျက်စီးစေမယ့် သိသာထင်ရှားတဲ့ နိမိတ်လက္ခဏာတွေကို လျစ်လျူရှုခြင်းအား....

***“တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့”***မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖ...
16/11/2021

***“တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့”***

မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပါတယ်။
●ဒီလမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
●ကထိန်သင်္ကန်း အလှူပွဲတော်၊
●မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊
●မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
●ကျီးမနိုးပွဲတော်၊
●သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိကြပါတယ်။

ဒီအထဲမှာ သာမညဖလအခါတော်နေ့ ပွဲတော် ကျင်းပခြင်းရဲ့ အကြောင်းရင်းကို တင်ပြလိုပါသည်။
အဇာတသတ်မင်းဟာ ဒေဝဒတ်နှင့် ပေါင်းမိပြီး ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိပါတယ်။
ဒီအချိန်ကစပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို “လှံချက်ပေါင်း အရာအထောင်”တို့နဲ့ ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။

ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေခဲ့ပါတယ်။ ဒီအခါ ဝေဒနာကို
ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ
ရောက်သွားပါတယ်။

ဒါပေမဲ့ တိတ္ထိဆရာကြီး ၆-ဦးဟာ အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေး လမ်းညွှန်မှု မပြုနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ စိတ်သောကတွေ သက်သာအောင် ဇီဝကအမတ်၏ အကြံပေးချက်အရ မြတ်စွာဘုရားထံသွားရောက် ဖူးတွေ့ဖို့ သွားရောက်ခဲ့ပါတယ်။

မြတ်စွာဘုရားထံရောက်ရှိခဲ့တဲ့ ညဟာ တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ဇီဝကဦးဆောင်တဲ့ “မိန်းမ စစ်သည်တော် ၅၀၀” တို့ဟာ အဇာတသတ်မင်းကြီး မကြောက်ရွံဖို့နဲ့ မြတ်စွာဘုရားရဲ့ကျောင်းတော် ဆီမီးအလင်းရောင် ထိန်ထိန်လင်းစေဖို့ တန်ဆောင်တိုင်လို့ ခေါ်တဲ့ မီးတိုင်တွေကို ကိုင်ဆောင် ထွန်းညှိကာ
မြတ်စွာဘုရားရဲ့ကျောင်းတော်ကို ထိန်လင်းစေတာကို အစွဲပြုပြီး “တန်ဆောင်တိုင်ပွဲတော်”ကို ကျင်းပခဲ့ကြပါတယ်။

ဇီဝကလှူဒါန်းတဲ့ ကျောင်းတော်ကိုရောက်တဲ့ခါမှာ ဥယျာဉ်တော်ထဲမှာ တစ်ထောင်ငါးရာတစ်ဆယ်သော
ရဟန်းအပေါင်းခြံရံလျက် တင့်တယ်သပ္ပါယ်စွာ သီတင်းသုံးနေတော်မူသောမြတ်စွာဘုရားကိုတွေ့မြင်
လိုက်ရတဲ့အခါ အဇာတသတ်ဟာ ကြည်ညိုသော သဒ္ဓါတရားတွေ ဖြစ်ပွားပြီးငြိမ်သက်တည်ကြည်သော
ရဟန်းတို့ကိုရှေးကတစ်ကြိမ်တစ်ခါမျှမမြင်ဘူးပါလား တကားလို့ တည်ကြည်သောစိတ်ထားဖြင့်
နှုတ်မှရေရွတ်ပြီး အလွန်ကြည်ညိုသွားပါတော့တယ်။

ထိုအခါ မြတ်စွာဘုရားက “သာမညဖလသုတ်”ကို ဟောကြားသော်လည်း အဇာတသတ်ဟာ ဘုရားရှင်ထံမှ တရားတော်ကို ကြည်ညိုသဒ္ဓါပွားနာကြားပြီး တရားသဖြင့် မင်းပြုခဲ့ပေမယ့်ဒေဝဒတ် ဟူသောပညာမဲ့ ယုတ်မာသူကို မှီဝဲဆည်းကပ်မှု ကြောင့် အဇာတသတ်ဟာ ကြီးလေးသော အမှားကြီးဖြစ်တဲ့ ကံကြီးငါးပါးထဲက ပိတုဃာတက အဖကို သတ်တဲ့ကံဖြစ်သော ဖခင်ဗိမ္ဗိသာရ မင်းကြီးကို သတ်မိတဲ့ကံကြောင့် မြတ်စွာဘုရားရှင်ဟောကြားသောတရားတော်ကိုနာကြားပေမယ့် သောတပတ္တိဖိုလ်မရဘဲ
နောင်တမလွန် ဘဝမှာလည်း အပါယ်ငရဲ၌ ကျခဲ့ရပါတယ်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါတင်မကဘဲ ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့အမှားကိုလည်း ကြီးစွာနောင်တရခဲ့ပါတယ်။

ပြီးတော့ မြတ်စွာဘုရားထံမှာ
(၁) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) ဝန်ခံခြင်း၊
(၂) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) တောင်းပန်ခြင်း၊
(၃) (ထိုကဲ့သို့သော မကောင်းမှုကို နောင်တဖန် မလုပ်တော့ပါ ဟု) ကတိပေးခြင်း၊ တို့ကိုလုပ်ဆောင်ခဲ့ ပါတယ်။

●အဇာတသတ်မင်းကြီးဟာ သာမညဖလသုတ် တရားတော်ကို ကြားနာရပြီး သူ့အပြစ်တွေကို
ဒီလို ကုစားခဲ့တာကြောင့် “မဟာ အဝီစိ ငရဲ”တွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့တဲ့
“လောဟကုမ္ဘီ ငရဲ” ၌သာ ကျရောက်ပြီး နောင်သောအခါမှာ “ဝိဇိတာဝီ” မည်တဲ့
ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ရ ပါလိမ့်မယ်။

ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏
ဖြစ်ရပ်မှန်ပင် ဖြစ်သည်။
ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။
သာမညဖလဟူသည် “ရဟန်းပြုခြင်း၏ အကျိုးများ”ကို ဖော်ပြချက်ဖြစ်သည်။
“ရဟန်းပြုခြင်း၏ အကျိုးများ”
~~~~~~~~~~~~~~~~~
ရဟန်းပြုခြင်းဖြင့် -
(၁) မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၄) ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
(၅) ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊
မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
(၆) နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း
စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်
ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
(၇) ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
(၈) သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
(၉) သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
(၁၀) နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ
ကင်းလွတ်ခြင်း။
(၁၁) ဈာန်တရား ရနိုင်ခြင်း။
(၁၂) ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း
အကျိုးတရားတို့ ဖြစ်ပေသည်။

ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၄င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၄င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။

ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။

ထိုသာမညဖလသုတ်ခေါ်
(ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား “တန်ဆောင်မုန်းလပြည့်နေ့” တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့” ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက အဇာတသတ်မင်းအား “သာမညဖလသုတ္တန်”ကို
ဟောကြားတော် မူသောကြောင့် ဤနေ့ကို သာမညဖလ အခါတော်နေ့ဟူ၍ သတ်မှတ်ကာ
သံဃာရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို ပူဇော်ကြသည့် အချိန်အခါလည်း ဖြစ်ပါသည်။
ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို
ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။

-【Admin Team of Young Buddhist's Association】
Posted by
Young Buddhist Association
အညွှန်း - ဦးပညာသာမိ(မာဂဓီ-သာစည်) ၏ အခါတော်နေ့များမှ-

05/11/2021
အလင်းနှစ်အလင်းနှစ်ဆိုတာဘာလဲ?အလင်းနှစ်ဆိုတာ အလင်းရဲ့အလျှင်ဖြင့် တစ်နှစ်တာအထိသွားတဲ့အကွာအဝေးပဲဖြစ်ပါတယ်။အလင်းအလျှင်ဟာ တစ်စ...
05/11/2021

အလင်းနှစ်

အလင်းနှစ်ဆိုတာဘာလဲ?အလင်းနှစ်ဆိုတာ အလင်းရဲ့အလျှင်ဖြင့် တစ်နှစ်တာအထိသွားတဲ့အကွာအဝေးပဲဖြစ်ပါတယ်။

အလင်းအလျှင်ဟာ တစ်စက္ကန့်လျင် ကီလိုမီတာ ၃ သိန်း မိုင်အားဖြင့် မိုင်ပေါင်း ၁၈၆,၀၀၀ ထိရောက်ရှိပါတယ်။

တစ်နှစ်လျှင် ၅.၈၈ ထရီလီယံမိုင် (၉.၄၆ ထရီလီယံကီလိုမီတာ) ထိရောက်ရှိပါတယ်။

ထိုအလျှင်နှုန်း အမြန်နှုန်းဖြင့် တစ်နှစ်လုံး အလင်းဖြတ်သန်းသွားသော အကွာအဝေးဟာ အလင်းနှစ် ၁ နှစ် ပဲဖြစ်ပါတယ်။

မိုင်ပေါင်း ၂၄၀,၀၀၀ ဝေးသော ကျွန်တော်တို့
လကမ္ဘာဟာ ကမ္ဘာကနေအလင်းအလျှင်နဲ့ဆိုလျှင် ၁ စက္ကန့်ကျော်သာကွာ‌ဝေးပါတယ်။

မိုင်ပေါင်း ၉၃ သန်းဝေးသော ကျွန်ုပ်တို့ နေမင်းရဲ့အလင်းရောင်ဟာ ကမ္ဘာကိုရောက်ရန် ၈ မိနစ်ကျော် ကြာသောကြောင့် အလင်းအလျှင်နဲ့ဆိုရင် ၈ မိနစ်ကျော်သာ ကွာဝေးပါတယ်။

ကျွန်ုပ်တို့ရဲ့အနီးဆုံးအိမ်နီးချင်းဖြစ်တဲ့ ကြယ်၊ Proxima Centauri သို့ အလင်းအမြန်နှုန်းဖြင့် သွားရင်တော့ ၄.၂၅ နှစ်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ကြယ်ပေါင်း ၁၀၀ ဘီလီယံ ကနေ ၄၀၀ ဘီလီယံအထိပါဝင်တဲ့ ကျွန်တော်တို့ ဂလက်ဆီဟာအလင်းနှစ် ၁၀၀,၀၀၀ ခန့်ရှိပါတယ်။

အလင်းနှစ်ဆိုတာ စကြာဝဠာ အတွင်းအကွာအဝေးတိုင်းတာရာမှာအသုံးပြုသောအတိုင်းအတာယူနစ်တစ်ခုဖြစ်ပါတယ်။

#အာကာသနှင့်သိပ္ပံဗဟာသုတ
#အာကာသ
#သိပ်ပံ

Credit-အာကာသနှင့်သိပ္ပံဗဟုသုတ
မူရင်းပို့စ်
👇👇👇
https://www.facebook.com/308059616379572/posts/1265771747275016/

ကွန်ပျူတာ နည်းပညာတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်အခုတစ်ခါမှာတော့ Pageတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။   ASHIN Thuseikta ဖေုစ်ဘ...
04/11/2021

ကွန်ပျူတာ နည်းပညာတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်
အခုတစ်ခါမှာတော့ Pageတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ASHIN Thuseikta ဖေုစ်ဘွတ်စာမျက်နှာလေးမှာတော့ ကွန်ပျူတာသင်ခန်းစာတွေကို အခမဲ့လေ့လာလို့ရမှာဖြစ်ပါတယ်။
သင်ခန်းစာတွေကို အခန်းအလိုက် video ဖိုင်လေးတွေနဲ့ စနစ်တကျ
သင်ကြားပို့ချပေးထားတာဖြစ်တဲ့အတွက် ကွန်ပျူတာ စိတ်ဝင်စားတဲ့
သူတွေအတွက် အရမ်းကောင်းတဲ့ Pageလေးဖြစ်ပါတယ်ခင်ဗျာ။

ASHIN Thuseikta
👇👇👇👇👇👇
https://www.facebook.com/AshinThuseikta.Computer/

Credit - Metanoia-Entainment Myanmar
04/11/2021

Credit - Metanoia-Entainment Myanmar

အသက်မွေးဝမ်းကြောင်း ရွေးချယ်ခြင်းအနုပညာဒီနေ့တော့ အတည်ကြီးတွေ ပြောတာ ခဏထားပြီး ပေါ့ပေါ့ပါးပါးနဲ့ အကြံပေးချင်တဲ့ သဘောမျိုး...
02/11/2021

အသက်မွေးဝမ်းကြောင်း ရွေးချယ်ခြင်းအနုပညာ
ဒီနေ့တော့ အတည်ကြီးတွေ ပြောတာ ခဏထားပြီး ပေါ့ပေါ့ပါးပါးနဲ့ အကြံပေးချင်တဲ့ သဘောမျိုးလေး ပဲ ရေးချင်ပါတယ်။ ကျွန်တော်ငယ်ငယ် က စာအရမ်းတော်တဲ့ အထဲမှာ မပါ တဲ့ အပြင် အဆင့်နောက်ဆုံး ရတဲ့ ကျောင်းသား ထဲမှာတောင်ပါခဲ့ပါသေးတယ်။ ကျောင်းမှာလဲ အားကစား အသင်းတွေဖြစ်တဲ့ ဝှူရှူး၊ ရေကူး၊ အေရိုးဗစ် တွေ အပြင် ဘင်ခရာ၊ကျောင်းကောင်စီ၊ အတန်းခေါင်းဆောင် စတဲ့ လူမှုရေး အလုပ်တွေ ပဲ ဝါသနာပါပြီး လုပ်နေတော့ စာမလုပ်ဖြစ်တာလဲ ပါပါတယ်။ ဒါနဲ့ပဲ စာ မလိုက်နိုင်တော့ပဲ ဆယ်တန်း ကျတော့မှ ဖုတ်ပူမီးတိုက်ဆိုသလို ဘော်ဒါ ဆောင် မှာကျောင်းအိပ်ကျောင်းစား တက်ပြီး စာလုပ်ရပါတော့တယ်။ ဒီနောက်တော့ ကျက်နိုင် မှတ် နိုင်တဲ့ ဉာဏ်လေးက ကောင်းလေတော့ ဆယ်တန်းမှာ ဂုဏ်ထူးနဲ့ အောင်မြင် ပါတော့တယ်။
ဆယ်တန်းအောင်တာနဲ့ ကြုံ ရတာကတော့ အသက်မွေးဝမ်းကြောင်းအနေနဲ့ဘာကို ရွေးချယ်မလဲ ဘာတက္ကသိုလ် တက်မလဲဆိုတာကိုစဉ်းစား ဆုံးဖြတ်ရတော့တာပါပဲ။ ကိုယ်ဝါသနာပါ တာကို ရွေးချယ် ဖို့ကလဲ တကယ်တမ်းပြောရရင် ဟုတ်တိပတ်တိ ဝါသနာရယ်လို့ မရှိ ပါဘူး။ မိဘ တွေကတော့ ဆေးမှတ် မှီတာနဲ့ ဆေးကျောင်းတက်ဖို့ ပြောပေမယ့် အစကထဲက စာ မလုပ်နိုင်မှန်း သိလေတော့ ဒီတစ်ခုတော့ အသည်းအသန် ငြင်းခဲ့ရပါသေးတယ်။ ဒီအချိန်မှာပဲ လူကြီးတွေ ရဲ့ အသက်မွေးဝမ်းကြောင်းရွေးချယ်မှုအတွက် အကြံပေးချက် အသီးသီးကို စရပါတော့တယ်။
ဒီနေရာမှာ အတော်များများက ဝါသနာပါ တာကိုရွေးပါလို့ပြောကြပေမယ့် တကယ် တမ်းကျတော့ လူငယ်တွေ မှာ ဘာဝါသနာပါမှန်းမသိကြပါဘူး ဒီအတွက် ဒီအချက်လေးကို ဖယ် ထားလိုက်ပါဦးမယ်။
နောင်ဆယ်နှစ်ကို မျှော်ကြည်ပါ
မှတ်မှတ် ရရ မှတ်မိနေတဲ့အကြံဉာဏ်တွေ ထဲကတစ်ခုကတော့ ဆရာ တစ်ယောက်က ပြောခဲ့တာ ပါပဲ။ ဒါကတော့ အသက်မွေးဝမ်းကြောင်းအနေနဲ့ရွေးမယ်ဆိုရင် နောင် ဆယ်နှစ်မှာ ဒီ ပညာ ဒီအလုပ်က တိမ်ကောသွားနိုင်လား ပိုပြီး ကြီးထွား အရေးပါလာနိုင်သလား ဆိုတာကို တွေး ဖို့ ပြောတာပါ ။ ဆရာ ပေးတဲ့အကြံကလဲအတော်လေးကောင်းပါတယ်။ ဥပမာ အဲဒီအချိန်တုန်းက နိုင်ငံက တိုးတက်ကာစ ဆိုတော့ ဖွံဖြိုး လာဖို့အတွက် အင်ဂျင်နီယာ ဆောက်လုပ်ရေး အတတ်ပညာ လိုအပ်နေတာ၊ နည်းပညာ တွေ စပေါ်လာခါစဆိုတော့ ကွန်ပျူတာ နည်းပညာဆိုင်ရာ စတဲ့ အသက်မွေးဝမ်းကြောင်းတွေ ဟာ နောင် ဆယ်နှစ် မှာ ယခုထက်ပို ပြီး ကြီးကျယ်လာမှာဖြစ်တဲ့အတွက် အဲဒီလို သုံးသပ်ပြီးရွေးခိုင်းတာပါပဲ။
အသက်မွေးဝမ်းကြောင်း သက်တမ်း
နောက်ထပ် တစ်ဦး ရဲ့အကြံပေးချက်ကတော့ သင်္ဘောသား လုပ်မယ်ဆိုတော့ ပေးကြတဲ့ အကြံဉာဏ်တစ်ခုပါပဲ။ ဒါကတော့ အသက်မွေးဝမ်း အလုပ် အချို့မှာ Expired Date ရှိပြီး အချို့ ကတော့ Expire မဖြစ်ပဲ နှစ်ချို့ဝိုင်အရက်တွေလို ကြာလေ ပိုတန်ဖိုးရှိလာလေ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဥပမာ ဘောလုံးသမား ဖြစ်ချင်တယ်ဆိုပါစို့။ ဘောလုံးကစားခြင်းဟာ ကျန်းမာ ကြံခိုင်မှု၊သက်လုံ စတာတွေ ပေါ်များစွာမူတည်ပြီး အသက်အရွယ် အရလဲ ငယ်ရွယ်မှ ပိုအဆင် ပြေတတ်ပါတယ်။ ကမ္ဘာ တစ်ဝှမ်း စစ်တမ်းတွေ အရလည်း ဘောလုံးသမား တစ်ဦးရဲ့ အသက်မွေး အလုပ် သက်တမ်းဟာ အသက် ၃၀ အထိပဲပျှမ်းမျှ ရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဲဒီ အသက်ကို ကျော်သွားရင် အဲဒီအသက်မွေးဝမ်းကျောင်းမှု မှာ အောင်မြင်ဖို့ ခက်ခဲ ပြီး အကျပိုင်း ကို စရောက်သွားပြီဆိုတာပါပဲ။ ဆိုတော့ အဲဒီအချိန်ကျတော့ မှ Career ပြန်ပြောင်းဖို ့လုပ်ရပါတယ် တဲ့။ ဥပမာ ဘောလုံးနည်းပြလုပ်မလား၊ စီးပွားရေးပဲလုပ်မလား၊ သရုပ်ဆောင် မော်ဒယ် ဖက်ကိုပြောင်းမလားစသဖြင့်ပါပဲ။
ပိုကြာလေ ပို တန်ဖိုး ရှိလေ ဆိုတာကတော့ သမားဆိုအိုမှ ဆိုတဲ့ စကားလိုပဲ ဆရာဝန်တွေ ကတော့ အသက်ကြီးလာလေလေ အတွေ့အကြုံအသိပညာ ပိုများလာလေလေ ပိုပြီး တော့ ဆုံးဖြတ်ချက်တွေက တိကျကောင်းမွန်လာလေလေ ဖြစ်တာကြောင့် ဒီလိုအသက်မွေးဝမ်းကြောင်း မျိုးကိုတော့ Expire မရှိဘူးလို့ အကြမ်းအားဖြင့်ဆိုကြပါတယ်။ ဒါပေမယ့် ချွင်းချက်အားဖြင့် တော့ သက်တမ်းကြာပေမယ့် ဆက်လက် မလေ့လာ မဆည်ပူး သလို အတွေ့အကြုံလဲနည်းရင်တော့ မဖြစ်နိုင်ပါဘူး။
ဆိုလိုတာကတော့ ဒီအသက်မွေးဝမ်းကြောင်း အလုပ်ဟာ ကိုယ့်အသက် ဘယ်အရွယ်ထိ လုပ်နိုင် မလဲ ဆိုတာကို သုံးသပ်ခိုင်းတာပါပဲ။ ဆိုတော့ အဲဒီ Expire date မကျော် ခင် ဘယ်လို ဆက်ခရီး သွားမယ်ဆိုတာကို ပြင်ဆင်ထားနိုင်ဖို့ပါပဲ။ သင်္ဘောသား ကတော့ သင်္ဘောလိုက်မယ် ဆိုရင် အသက် ၄၅ လောက်အထိ ပဲ ကောင်းတယ် လို့ ကျွန်တော့်ကို အကြံပေးခဲ့ကြပါတယ်။
ဘယ်လောက်ထိ တက်လမ်းရှိသလဲ..
အခြား အကြံပေးချက်တစ်ခုကတော့ ဘယ် အနေအထားထိတက်လမ်းရှိနိုင်သလဲ ဆိုတာပါပဲ။ ဥပမာ ဒီအလုပ် လုပ်မယ်ဆိုရင် ဘယ်ရာထူးအထိ ဖြစ်နိုင်လဲ အမြင့်ဆုံးဘယ် လောက်ထိ ရောက် နိုင်မလဲ ဘယ်အသက် အရွယ်မှာ ပျှမ်းမျှ ရနိုင်မလဲ ဝင်ငွေ အများဆုံး ဘယ်လောက် ဖြစ်မလဲ ဘယ်လောက် ဂုဏ်သတင်း ကျော်ကြားနိုင်လဲ ဆိုတာမျိုးတွေးတာပါပဲ။ ဥပမာ သင်္ဘောအင်ဂျင်နီယာ လုပ်မယ်ဆိုတော့ အမြင့်ဆုံးက အင်ဂျင်နီယာ ချုပ်ထိရောက်နိုင်မယ် လစာက ဒေါ်လာ ၈၀၀၀ ဝန်းကျင် တစ်လ သိန်း၁၀၀ လောက် ရနိုင်မယ် အသက်က တော့ ၃၅ ကနေ ၄၀ အတွင်း ဖြစ် နိုင်လောက်တယ် စသဖြင့် တွက် ချက် ခဲ့ပါသေးတယ်။
ကျွန်တော့်အကြံပြုချက်က…
အထက်က အချက်တွေ အကုန်လုံးဟာ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုရွေးတဲ့ အခါ စဉ်းစား ရမှာဖြစ်သလို ကျွန်တော်ဖယ်ထားခဲ့တဲ့ ဝါသနာ ပါတာဆိုတာကိုလဲ တကယ်တော့ထည့်တွက်ဖို့ လိုပါသေးတယ်။ အားလုံးအဆင်ပြေနေပေမယ့် ဝါသနာ လုံးလုံးမပါ ဘူးဆိုရင်လဲ အဲဒီနယ်ပယ် မှာ အောင်မြင်ဖို့ကခက်ခဲပါဥိးမယ်။ ဒီတော့ ဒါတွေအားလုံးကိုမျှတအောင် စဉ်းစားဖို့ တိုက်တွန်းလို တာပါပဲ။
ဒါ့အပြင် အထူး အကြံပေးချင်တာက…
ကျွန်တော်တို့ ရှေးလူကြီးတွေ ပြောလေ့ရှိတာလေးတစ်ခုရှိပါတယ် အောင်မြင်မှုတစ်ခု ကိုရဖို့ အတွက် ကံ၊ဉာဏ်၊ ဝီရီယ သုံးခု လုံး လိုတယ် ဆိုတဲ့စကားလေးပါပဲ။ လိုတယ် ဆိုတာက အဲဒီသုံးခု လုံးကို အသုံးပြု လို့ရမယ့် အလုပ်မျိုးကို ဆိုလိုပါတယ်။ ဒီ ကံ၊ဉာဏ်၊ ဝီရီယ သုံးခု လုံးကို သုံးလို့မရနိုင်တာဖြစ်ဖြစ် သုံးဖို့ အခြေအနေပေးတာဖြစ်ဖြစ်အဲဒီအလုပ် ကို မရွေးချယ်သင့် ဘူးလို့ ပြောလိုပါတယ်။
ကံ၊ဉာဏ်၊ဝီရိယ သုံးခုလုံးသုံးလိုမရတဲ့ အလုပ်ဆိုတာ ဥပမာ ထီထိုးတာ ဆိုပါစို့။ ထီကို ဝီရိယ ကောင်းကောင်းနဲ့ စထုတ်တဲ့နေ မနက် ၁ နာရီ ထထိုး လည်း ထီပေါက်နိုင်ခြေ ပိုများမှာ မဟုတ်ပါဘူး။ ဉာဏ်ကို သုံးပြီး ဘယ် အစောင်ရေပေါက်နိုင်မယ်လို့လဲ အတိအကျ တွက် ချက်သုံး သပ်လို့လည်း မရနိုင်ပါဘူး။ ဆိုတော့ ထီထိုးတာဟာ ကံ သက်သက်လို့တောင် ပြောလို့ရသွားနိုင်ပါတယ်။ ဒီအတွက် ထီထိုးတာကို အသက်မွေးဝမ်းကြောင်း လုပ်ငန်း အနေနဲ့ရွေး လို့မရနိုင်ပါဘူး။ ဒီလိုပဲ လောင်းကစား လုပ်တာ၊ ကံ စမ်းရတဲ့အလုပ်တွေ လုပ်တာ ဟာ အသက်မွေး အလုပ်အနေနဲ့ရော ကိုယ့်အိမ်မက်တွေကို အဲဒါတွေအပေါ်အခြေတည်ဖို့ရော မဖြစ်သင့် တဲ့ အရာပါပဲ။
ကံ၊ဉာဏ်၊ဝီရိယ သုံးခုလုံးကို သုံးလို့ရပေမယ့် သုံးဖို့အခြေအနေမပေးရင်လဲ အဆင်မပြေ ပါဘူး၊ ဥပမာ မြန်မာပြည်က ဆယ်ကျော်သက်တစ်ယောက်က နည်းပညာcompany တွေ ရှိတဲ့ ဆီလီကွန်ဗယ်လီ မှာ ပညာရှင် အနေနဲ့ဖြစ် အသက်မွေးချင်တယ် ဒါပေမယ့် မိသားစု အခြေအနေကရော တိုင်းပြည်နဲ့အခြား ရေခံမြေခံ အခြေအနေအရရော အခွင့်မပေးတဲ့အခါ ဒါကြိးကိုပဲ လုပ်မယ် လို့စွဲမှတ်ကြိုးစားနေရင် အဖိုးတန် နှစ် တွေ အချိန်တွေ ကုန်ဆုံးတာသာ ရှိပါလိမ့်မယ်။
ဒါ့အပြင် လူပေါင်း တစ်သောင်း လူပေါင်းတစ်သိန်းမှာ မှ တစ်ယောက်လောက်ဖြစ်တဲ့ အလုပ် တွေကိုလဲ အသက်မွေးဝမ်းကြောင်းအဖြစ်ရွေးချယ်ဖို့အားမပေးလိုပါဘူး။ ဥပမာ ယနေ့ခေတ် Gamer အနေနဲ့ရပ်တည်ရင် Live Stream တွေလုပ် ပြိုင်ပွဲတွေဝင်ပြိုင်ပြီး ဒေါ်လာသိန်းချီ ရနိုင် ကြောင်းအကြောင်းပြပြီး အချို့လူငယ်လေးတွေဟာ အခြားဘာမှ လုပ်ဖို့မကြိုးစားပဲ ဂိမ်းကိုသာ အရူးအမူး ကစား ကြတာ မျိုး ပါပဲ။ အဲဒီအစား ဂိမ်းတွေ တီထွင်ဖန်တီးမယ့် နည်းပညာပိုင်း ကိုလေ့လာလိုက်စားတာကမှ ပိုဉာဏ်စိုက်ရင် ပိုဝီရိယစိုက်ရင် အောင်မြင်မှု တစ်ခု ရဖို့ ပိုပြီး လွယ်ကူ ဦးမှာဖြစ်ပါတယ်။
ကံ၊ဉာဏ်၊ဝီရိယ သုံးခုလုံးအသုံးချနိုင်တယ်ဆိုတာက တေ့ာ ဥပမာ Sale အရောင်း ပိုင်း ကို စတင်လုပ်ကိုင်မယ်ဆိုပါစို့။ ကံဆိုတာ အလုပ်လို့ပြောတဲ့အတွက် မိမိ အလုပ်ကိုအကောင်းဆုံး တာဝန်ကျေအောင်လုပ်မယ်။ဉာဏ် အနေနဲ့ လိုအပ်တဲ့ပညာတွေ ဆက်လက်လေ့လာပြီး လုပ်ငန်း ခွင်မှာ ဉာဏ်နဲ့ယှဉ်ပြီး တိုးတက်အောင် အသုံးချကြည့်မယ်၊ ဝီရိယကောင်းကောင်းနဲ့ ကြိုးစားမယ် ဆိုရင် နှစ် အနည်းငယ်အတွင်းမှာ အနည်းဆုံး အောင်မြင်တဲ့ အရောင်းမန်နေဂျာ ဘဝကနေ ကိုယ်ပိုင် လုပ်ငန်းရှင် အဆင့်ထိ ကြိမ်းသေပေါက်ရပ်တည်နိုင်မှာပါပဲ။
ဒီလိုမဟုတ်ဘူးဆိုရင်တော့ မိမိ ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ကုန် လို့ကုန်နေမှန်းမသိပဲ တစ်ချိန်မှာမှ နောင်တ ပြန်ရပါလိမ့်မယ်။
ဆိုတော့ အသက်မွေးဝမ်းကြောင်း အလုပ်အနေနဲ့ အထက်က ပြောခဲ့တဲ့ အချက်တွေ အပါအဝင် ကျွန်တော်ကတော့ ကံ၊ဉာဏ်၊ဝီရိယ သုံးခုလုံး သုံးပြီး တိုးတက်မှုကို အသေအချာရနိုင်တဲ့ အလုပ် တွေကသာ တက်လမ်းရှိတဲ့ လုပ်ဆောင်သင့်တဲ့ ကြိမ်းသေအောင်မြင်နိုင်မယ့် အသက်မွေးမှု တွေ ဖြစ်ကြောင်း အကြံပြုလိုတာပါပဲဗျား
Kaung Hein Soe – Strategic
Business Consultant

Credit- Kaung Hein Soe - Strategic

https://www.facebook.com/1774694082613421/posts/3598965656852912/

ဒီတစ်ခါမှာတော့ ခရီးသွားမိဘပြည်သူတွေအတွက် အဆင်ပြေစေမဲ့ Page တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။🚌 မိဘပြည်သူတွေအနေနဲ့ MM Bus Ticke...
01/11/2021

ဒီတစ်ခါမှာတော့ ခရီးသွားမိဘပြည်သူတွေအတွက် အဆင်ပြေစေမဲ့ Page တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

🚌 မိဘပြည်သူတွေအနေနဲ့ MM Bus Ticket ကနေ ပြည်တွင်း
ဘတ်စ်ကားလက်မှတ်တွေကို မိမိစိတ်တိုင်းကျဝယ်ယူနိုင်မှာဖြစ်တယ်။

🎟️လက်မှတ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဝယ်ယူနိုင်သလဲ?
MM Bus Ticket. com ဝဘ်ဆိုက်ကနေဖြစ်စေ၊ MM Bus Ticket အပလီကေးရှင်းက‌ေနဖြစ်‌ေစ မိမိသွားချင်တဲ့ခရီးစဉ်၊အချိန်၊ဘတ်စ်ကားလိုင်းတွေကို မိမိကိုယ်တိုင်ရွေးချယ်ပြီး လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ပါတယ်။
MM Bus Ticket အပလီကေးရှင်းကိုတော့ Google Play Store မှာ အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

အသေးစိတ်သိရှိလိုတာတွေကိုတော့ အောက်ပါပေးထားတဲ့
MMBusTicket.com ဖေ့စ်ဘွတ်စာမျက်နှာမှာ လေ့လာ မေးမြန်းလို့ရပါတယ် ခင်ဗျာ။

https://www.facebook.com/MMbusticket/

(ခရီးသွားမိဘပြည်သူတွေအဆင်ပြေစေဖို့ရည်ရွယ်ပြီး Online
Sharing Myanmarကနေပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။
ကြော်ငြာခြင်းမဟုတ်ပါ။)

ကျွန်ုပ်တို့နေထိုင်‌ရာ ကမ္ဘာဂြိုဟ် အကြောင်းကမ္ဘာဂြိုဟ် ဟာ လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်...
31/10/2021

ကျွန်ုပ်တို့နေထိုင်‌ရာ ကမ္ဘာဂြိုဟ် အကြောင်း

ကမ္ဘာဂြိုဟ် ဟာ လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်ပါတယ်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်ပါတယ်။ကမ္ဘာမှာ ဂြိုဟ်ရံလတစ်စင်းသာရှိပါတယ်။

ကမ္ဘာဟာ နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီးတော့ တစ်နှစ်ဟုသတ်မှတ်ကြပါတယ်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုဆိုပါတယ်။
နေဟာ ကမ္ဘာကို ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးပါတယ်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)
အခြေအနေများကို ဖြစ်ပေါ်လာစေပါတယ်။

ကမ္ဘာဟာ ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိပါတယ်။ နေအဖွဲ့အစည်းအတွင်းမှာ သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်လည်းဖြစ်ပါတယ်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီးတော့ လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်ပါတယ်။

အနီးမှာရှိတဲ့ ကြာသပတေးဂြိုဟ်ရဲ့ ပြင်းထန်တဲ့ ဒြပ်ဆွဲငင်အားကြောင့် ဥက္ကာပျံများ၏ တိုက်မိနိုင်ချေမှ အတန်အသင့်အကာအကွယ် ရနေသည်ဟု ယူဆထားပါတယ်။ ကမ္ဘာ ဖွဲ့တည်ပြီး ပထမ ဘီလီယံနှစ်များတွင် သက်ရှိဇီဝသည် ပင်လယ်သမုဒ္ဒရာ၌ စတင်ရှင်သန်ခဲ့ပြီး ကမ္ဘာ့လေထုနှင့် ကုန်းမြေများကို အကျိုးသက်ရောက်ခဲ့ကာ လွန်ခဲ့သောနှစ်ပေါင်း ၄.၁ ဘီလီယံမှစ၍ သက်ရှိတို့ ရှင်သန်ပေါက်ဖွားခဲ့ဟန် ရှိပါတယ်။

ကမ္ဘာမြေရဲ့သမိုင်းမှာ မျိုးတုန်းမှုဖြစ်ရပ်များကြောင့် သက်ရှိမျိုးစိပ် ၉၉ ရာခိုင်နှုန်းပျက်စီးပျောက်ကွယ်ခဲ့ဖူးပါတယ်။ယနေ့တိုင် တည်ရှိကြတဲ့ ခန့်မှန်းခြေ မျိုးစိပ်များဟာ ကျယ်ပြန့်လှပြီးတော့ မျိုးစိပ်အများစုကို ဖော်ပြထားခြင်း မရှိသေးပေ။

#အာကာသနှင့်သိပ္ပံဗဟုသုတ



Credit- အာကာသနှင့်သိပ္ပံဗဟုသုတ
https://www.facebook.com/308059616379572/posts/1263225814196276/

🚩🚩🚩 ဘဝဆိုတာ🚩🚩🚩🚩 မျှော်လင့်ချက် နဲ့ လက်တွေ့ တစ်ထပ်တည်း မကျတာကို ဘဝဟု ခေါ်သည်။🚩 ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း ကျမနေတာက...
31/10/2021

🚩🚩🚩 ဘဝဆိုတာ🚩🚩🚩

🚩 မျှော်လင့်ချက် နဲ့ လက်တွေ့ တစ်ထပ်တည်း မကျတာကို
ဘဝဟု ခေါ်သည်။

🚩 ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း ကျမနေတာကို
ဘဝ ဟု ခေါ်သည်။

🚩 လိုချင်တာနဲ့ ရနေတာ တစ်ထပ်တည်းမကျတာကို
ဘဝ ဟု ခေါ်သည်။

🚩 သွားနေတဲ့ ခရ်ီး နဲ့ ရောက်နေတဲ့ နေရာ တစ်ထပ်တည်းမကျတာကို
ဘဝ ဟု ခေါ်သည်။

🚩 ဘဝဆိုတာ အရှိန်အဟုန်ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုပါ
ထမင်း လိုက်ပွဲ ခူးစား(မှာစား)သလောက်တော့ မလွယ်ဘူး။

🚩 ဘဝ ဆိုတဲ့ အရာက
ဘယ်လို လူတန်းစားကိုမှ သာယာချောမွေ့မှုတွေ မဖန်တီးပေးတတ်ပါဘူး။

🚩 ချမ်းသာသူမှာလဲ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေ ရှိသလို
ဆင်းရဲနွမ်းပါသူမှာလဲ ဒုက္ခဆိုတဲ့ ဝန်ထုပ် ဝန်ပိုးတွေ ရှိနေတတ်ပါတယ်။

🚩 ဘယ်လို အခက်အခဲ တွေပဲ ရှိနေပါစေ
စိတ်ဓာတ် ကျနေလို့တော့ မရဘူး။

🚩 ဘဝဆိုတာ အခက်အခဲ ဒုက္ခတွေကြားမှာ
ရှင်သန် ဖြတ်သန်း ရတဲ့ ဝင်္ကဘာ တစ်ခုပါ။

🚩 ဘဝမှာ အောင်မြင် တဲ့ အခိုက်အတန့်တွေ ရှိသလို
ဆုံးရှူံးနစ်နာတဲ့ အဖြစ်အပျက်တွေ လဲ ကြုံနေရမှာပဲလေ။

🚩 သဘာဝတရားကြီး က အချိန် ရာသီဥတုတွေနဲ့
ပြောင်းလဲ လည်ပတ်နေသလို...
ဘဝ ဆိုတာ လည်း တသားမတ်တည်း သတ်မှတ်ထားတာ မဟုတ်ပါဘူး
အောင်တစ်ခါ ရှူံးတလှည့် ၊ ပြုံးတစ်ခါ မဲ့တလှည့် နဲ့
လှည့်ပတ်ပြီး စမ်းသပ်နေတာပါ။

🚩 စမ်းသပ်မှု့တွေ အပေါ်မှာ သင်ခန်းယူပြီး
စဉ်းစား ချဉ့်ချိန် တွေးခေါ် ယူဆတတ်ဖို့တော့ လိုတယ်။

🚩 စမ်းသပ်မှု့ကို ခံနိူင်ရည် ရှိရှိ ဖြတ်သန်းပါ
လမ်းလျောက်နေတဲ့သူ မှန်သမျှ လဲကျဖူး သလို
လဲကျဖူးသူ မှန်သမျှ ပြန်ထပြီး လမ်းလျောက်နေတာပါ။

🚩 သင် ငယ်ငယ်က အကြိမ်ကြိမ် လဲကျဖူးခဲ့တယ်နော်
လဲကျတိုင်း ပြန်ထခဲ့လို့ လမ်းလျှောက်တတ်ခဲ့တာ မဟုတ်လား။

🚩 ငယ်ငယ်ကတောင် လဲကျတိုင်း ပြန်ထနိူင်ဖို့ ကြိုးစားခဲ့တဲ့ သင်က
ခုချိန်မှာမှ လဲကျတာကို ပြန်ထဖို့ ဝန်လေးနေတာလား...
စိတ်ဓာတ်ကျနေဖို့ မလိုဘူးလေ
သင် ပြန်ထနိူင်ပါတယ်....
ကြိုးစားလိုက် စမ်းပါ။

🚩 "သင် တစ်ခု မှတ်ထားပါ"
ကြယ်တစ်ပွင့်ကြွေ သွားရုံနဲ့
ကောင်းကင်ကြီးတစ်ခုလုံး အမှောင် မကျသွားသလို....
ရေတစ်စက် ဖိတ်စင်သွားရုံနဲ့လဲ
ပင်လယ်ပြင်ကြီး ခမ်းခြောက်မသွားနိူင်ပါဘူး။

🚩 အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးပြီး
သင်ခန်းစာ ယူပါ။

🚩 အတိတ်ကို ပြန်တွေးဆိုလို့
လဲကျဖူးတာကို ပြန်တွေးပြီး
နောက်ထပ်လည်း လဲကျနေဦးမှာပဲ ဆိုတဲ့ အတွေးနဲ့
ပြန်မထဖို့ အားလျော့ခိုင်းတာ မဟုတ်ဘူး နော်။

🚩 ငါ ဘာကြောင့် လဲကျခဲ့တာလဲ ပြန်တွေးခိုင်းတာပါ
ပြီးတော့.....
လဲကျစေခဲ့တဲ့ ခလုတ် ခပင်း၊ ဆူးငြောင့် တွေ ကို
ရှောင်ကွင်းပြီး သွားလာတတ်ဖို့နဲ့
အစစအရာရာ ဂရုစိုက်ဖို့ သတိလေး ထားဖို့ပါ။

🚩 ဘဝဆိုတဲ့ တိုက်ပွဲဟာ
စိတ်အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိူင်မှ
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရဲ့ အနီးစပ်ဆုံး နေရာကို ရောက်နိူင်မှာမို့
သင် အားကြိုး မာန်တတ်နဲ့ ပြန်လည် ကြိုးစားရှင်သန်လိုက်ပါနော်။


🌸🌸🌸🌸🌸
credit-


Credit-ကြာည်ုသင်းစာပေ

https://www.facebook.com/113877667609845/posts/160917232905888/

>>>ပထမဆုံး ကာကွယ်ဆေး
31/10/2021

>>>ပထမဆုံး ကာကွယ်ဆေး

Address

Nyaungdon
Ayeyarwady

Website

Alerts

Be the first to know and let us send you an email when Online Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Online Sharing:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share