FNCC Burma

FNCC Burma Fact Check Community

08/15/2024

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့သူတွေရဲ့ကျန်းမာရေးအတွက် ကျနော်တို့ ငွေကျပ် သိန်း ၄၀ ပေးဖို့ စီစဉ်ထားပေမဲ့အခုအချိန်ထိကို ၇၆၀၀၀၀ ကျပ်ပဲ ရပါသေးတယ်။ဆန်တစ်အိတ် ၈၅၀၀၀ နှုန်းနဲ့ အိတ် ၂၀ လိုအပ်တာ ကောက်ခံနေတာကလည်း ၂ အိတ်စာပဲ ရပါသေးတယ်။ပို့ပြီးရင်လဲ ဘယ်အဖွဲ့ကို ဘယ်လောက်ပို့လိုက်တယ်ဆိုတာကို လှူတဲ့သူအားလုံးကိုဓာတ်ပုံမှတ်တမ်းကအစပို့ပေးပါတယ်။ပါ၀င်နိုင်တဲ့သူတွေကပါ၀င်အားဖြည့်ပြီး မပါ၀င်နိုင်တဲ့သူတွေကတော့ R,C,S လေး ကူညီပေးကြပါအုံး။ဘယ်အဖွဲ့ကို ဘယ်လောက်ပေးတယ်ဆိုတာလည်း Page မှာတင်ပေးနေကြအတိုင်းတင်ပေးပါမယ်ခင်ဗျာ။အားဖြည့်ပေးကြပါအုံး။

08/12/2024

မြန်မာငွေကြေးစနစ်ကတဖြည်းဖြည်းနဲ့ယိုင်နဲ့လာနေတဲ့အနေအထားကို လူတွေသတိထားမိကြပါတယ်။အခုလို အနေအထားမှာ အိမ်ရာ စီမံကိန်း Project တွေ အကြီးအကျယ်ရောင်းထုတ်လာနေတာတွေတွေ့ကြမှာပါ။ ဖက်ဆစ်စစ်တပ်က အကြီးပိုင်းတွေမတရားသဖြင့် ရယူထားတဲ့နေရာတွေကို အကွက်ရိုက်ရောင်းထုတ်တာတွေကိုဒီရက်တွေမှာအကြီးအကျယ် Promote လုပ်ပြီး အပြိုင်အဆိုင်ကို ရောင်းနေကြပါတယ်။ကြားထဲကရောင်းနေတဲ့ ပွဲစားကတော့ ခိုင်မာတယ်ပြောမှာပါပဲ ဒါမှလဲ သူက ကော်မရှင်ကောင်းကောင်းရမှာကိုး။ငွေဈေးကျနေလို့ အဖက်တင်အောင်၀ယ်ထားမယ်ဆိုတာတွေလဲ မလုပ်ကြဖို့ပျော်ချင်ပါတယ်။ဘယ်လိုနည်းနဲ့မှန်းမသိရထားတဲ့နေရာတွေကို ၀ယ်မိလို့ဆုံးရှုံးရင်ကိုယိပဲဆုံးရှုံးမှာပါ။နောက်တစ်ခုက ခေတ်ပျက်ကြီးမှ လိုအပ်တဲ့တန်ဖိုးထက်လျော့ပြီး ရနိုင်တဲ့အရာတွေ ကို မ၀ယ်ပါနဲ့။ခေတ်ပျက်နေတဲ့ အချိန်မှာ ဈေးတန်တန် နဲ့ မြေကွက်ကိုရောင်းပါတယ်ဆိုမှတော့ စဉ်းစားကြည့်ပေါ့ဗျာမိတ်ဆွေတို့။ဂျွန်လွင်ဆိုတဲ့ ဘဲဟာလည်း Boycott List ထဲကပဲနော်အဲဒါလေးလဲ မမေ့ကြပါနဲ့အုံး အဲဘဲလည်း အိမ်၊ခြံ၊မြေ အရောင်းအ၀ယ်‌တွေလုပ်နေတာတွေ့ကြမှာပါ။လုံး၀အားမပေးကြဖို့ပြောချင်ပါတယ်။

08/11/2024

ဆေးဝါးပို့ပေးဖို့အတွက်က အဓိက‌ကတော့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးအကျဉ်းချခံထားရတဲ့သူတွေရဲ့ကျန်းမာရေးအတွက်လိုအပ်တဲ့ဆေးဝါးပံ့ပိုးပေးနိင်ဖို့အတွက်ဖြစ်ပါတယ်။။အဲဒါအတွက်အကူအညီပေးကြဖို့တင်ထားတာက အခုထိတော့ ၂ သိန်းခွဲကျပ်ပဲရပါသေးတယ် လိုအပ်တာက သိန်း ၄၀ ပတ်၀န်းကျင်ပါ တစ်ဖွဲ့ ၅ သိန်းနှုန်းနဲ့ ၈ ဖွဲ့ခွဲပေးဖို့မှန်းထားတာပါ။ရိက္ခာအတွက်သီးသန့် ဆန်တစ်အိတ်ကို ၈၅၀၀၀ နှုန်းနဲ့ ၁၃ အိတ် မှန်းထားပါတယ်။အဲဒါကတော့ တစ်ကျပ်တစ်ပြားမှတောင်ရရှိထားခြင်းမရှိသေးပါဘူး။ဆေးဝါးအတွက် ကလဲ လာမဲ့ ၂၀ ရက်နေ့ဆို ရက်ပြည့်မှာဖြစ်တာကြောင့် အခု အခြေအနေတိုင်းဆို Fail ဖြစ်ဖို့က များပါတယ်။ပါ၀င်ပံ့ပိုးပေးကြပါဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ React,Comment,Share RCS လေးလဲ လုပ်ပေးကြပါအုံးခင်ဗျာ။သိန်း ၄၀ ဆေးဝါးကူညီဖို့မှန်းတာကို ၂ သိန်းခွဲကျပ်ပဲရသေးတယ်ဆိုတော့တော်တော်ကို အလှမ်းဝေးတဲ့အခြေအနေဖြစ်နေလို့ပါ။Admin တွေလဲနေမကောင်းတာရယ် Team Badget လဲ မရှိသလောက်ဖြစ်နေတာကြောင့် မြန်မြန်လေးပြည့်အောင်ပါ၀င်ပေးကြဖို့နှိုးဆော်ပါတယ်။ဘယ်အဖွဲ့ကို ဘယ်လောက်ပို့ပေးတယ်ဆိုတာကို Page မှာပုံမှန်တင်ပေးနေကြအတိုင်း တင်ပေးပါမယ်ခင်ဗျာ။

08/11/2024

အချက်အလက်မျှဝေတာတွေဒီဘက် Page မှာပိုလုပ်ပါမယ်ခင်ဗျာ။

08/07/2024

ဘာရယ်မဟုတ် အပြောင်းအလဲ မြန်တဲ့လူတွေအကြောင်းတွေးမိလို့

ကျွန်တော် အေးစက်သွားတာကို မြင်တယ်ဆိုရင် အဲဒီလို အေးခဲသွားစေတဲ့ ဒဏ်ရာတွေကိုလည်း
မြင်စေချင်တယ်

လူတွေကပြောင်းလဲတတ်တာရော
ကမ္ဘာကြီးက ပြောင်းလဲတတ်တာရော
ချစ်ခြင်းမေတ္တာဆိုတာကလဲငွေကြေးနဲ့ဂုဏ်လိုအရာတွေပေါ်မူတည်ပြီး မတည်မြဲတတ်တာရော ကျွန်တော် တို့ နားလည်ထားကြပါတယ်

အဲဒီအရာတွေ ကျွန်တော့်ဆီ ရွေ့လာခဲ့တုန်းကလည်း
ကျွန်တော်တို့ဟာ ကိုယ်နဲ့ ထိုက်တန်တယ်လို့ ဆိုပီး ပျော်ခဲ့ရတာပဲ

လူတွေဟာ သူတို့ မဟုတ်သလို ပြောင်းလဲသွားကြတဲ့အခါရုတ်တရက် အေးစက်သွားတဲ့ အပြောင်းအလဲအတွက် ကျောက်စိုင်ကျောက်သား မဟုတ်တဲ့
ကျွန်တော့်မှာ ပိုပြီး အက်ကွဲခံစားရတာတွေရှိပါတယ်။

အေးစက်စက်ညတွေ၊ အစိမ်းရောင်လမ်းတွေမှာ ကျွန်တော် တစ်ယောက်တည်းဖြတ်သန်းပြီး
ပြန်ထခဲ့ရတုန်းက ဘယ်သူမှ ရှိနေခဲ့တာမှမဟုတ်တာ။

ကျွန်တော်ပြောင်းလဲသွားတယ်လို့ဆိုရမှာတာထက် ကိုယ့်ကိုကိုပိုသန်မာလာအောင် ပြန်လည်တည်ဆောက်နေရတာပါ။

ကျွန်တော့်ကို ချစ်ခြင်းမေတ္တာဆိုတာတကယ်ရှိလား လို့ လာမေးတဲ့အခါ ကျွန်တော့်မှာ ဖြေစရာ စကားလုံး ရှိချင်မှ ရှိပါမယ် ဘာကြောင့်လဲဆိုတော့လူတွေကြောင့်ပဲ

ပြောင်းလဲသွားတယ်နော်လို့ မပြောခင်
ကျွန်တော့်အေးစက်ရခြင်းတွေအတွက်
တစ်စုံတစ်ခုသော အကြောင်းအရာမဖြစ်စေခဲ့ဘူးလား လို့ ပြန်တွေးပါ

ဒါဟာ အပြစ်တင်တာမဟုတ်ဘူးနော်
ကျွန်တော့်ကိုလည်း နားလည်စေချင်တာပါ။

တော်လှန်ရေးကိုပါ၀င်ကူညီထောက်ပံ့နေလို့ ဆက်ဆံရေးပြောင်းလဲသွားတဲ့ မိတ်ဆွေညီအစ်ကိုအသိုင်းအဝိုင်းတစ်ချို့ကိုပြောချင်တဲ့စကားတွေပါ။

ဒီတော့ဒီကာလမှာ မိတ်ဆွေစစ်လို့ခံစားရတဲ့ လူတစ်ချို့ကလွဲရင် ကျန်တဲ့ လူတွေနဲ့တော့ ကျနော်အဝေးဆုံးမှာအေးစက်စွာပဲနေဖြစ်ပါတယ်။

08/06/2024

ဒီလထဲ မှန်းထားတာတွေတော့ စစ်ရှောင်ပြည်သူ ၃၀၀ ကျော် ကို ထမင်းကျွေးတဲ့ အစီအစဉ် နှစ်ခုလုပ်မယ်။ဆေးဝါးကူမဲ့အစီအစဉ်ရယ်၊အာဏာသိမ်းစစ်ကောင်စီတပ်က ‌မတရားဖမ်းဆီးအကျဉ်းချထားတဲ့သူတွေရဲ့ကျန်းမာရေးအတွက် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် ကူညီဆောင်ရွက်တာတွေလုပ်သွားပါမယ်။ကျန်းမာရေးအခြေအနေ အရ အများကြီး လျော့ချ ထားပေမဲ့ ကူညီပေးနိုင်တာလေးတွေတော့ တတ်နိုင်သလောက်ကူညီပေးသွားပါမယ်။

07/28/2024

ကြားဖြတ်အကူအညီတစ်ခုတောင်းချင်ပါတယ်။အဖွဲ့တစ်ဖွဲ့က ဆန် 8 အိတ် အရေးတကြီးလိုအပ်နေလို့ အကူအညီလာတောင်းပါတယ်။ဓာတ်ပုံမှတ်တမ်းရော Certificate ပါ အားဖြည့်တဲ့သူကို ပို့ပေးမှာဖြစ်ပါတယ်။ဆန် တစ်အိတ် 85000 ကျပ်နဲ့အားဖြည့်ကူညီလို့ရပါတယ်။အရေးကြီးတာဖြစ်လို့ပအားဖြည့်ပေးကြပါအုံး။သူတို့လဲ မျှော်လင့်ချက်နဲ့လာပြောတာမို့ ကျနော်လဲ မကူညီပေးဖြစ်တာကြာပီဖြစ်တဲ့အတွက် ကူညီပေးနိင်ဖို့ရာတင်လိုက်တာဖြစ်ပါတယ်။

07/23/2024

ကိုယ်တိုင်ငွေကြေးပါ၀င်နိုင်ခြင်းမရှိရင်တောင်မိတ်ဆွေတို့ရဲ့R,C,S လေး‌နဲ့ကူညီပေးလို့ရပါတယ်။

လတ်တလောဖြစ်နေတဲ့အခြေအနေတွေအရ စားနပ်ရိက္ခာနဲ့ဆေးဝါးပြတ်လတ်မှုကအတော်လေးစိုးရိမ်စရာကောင်းအောင်ကြီးထွားလာတဲ့ပြသာနာတစ်ခုဖြစ်လာပါတယ်။တစ်ချို့မြို့နယ်တွေမှာဆေးဝါး၀ယ်ယူဖို့တောင်ခက်ခဲနေပြီးကျန်းမာရေး မကောင်းတဲ့အချိန် ဆေးဝါးလိုအပ်မှုကို မဖြေရှင်းနိင်တဲ့အတွက် မလိုအပ်ပဲ အသက်တွေ‌ဆုံးရှုံးရတဲ့အဖြစ်အပျက်တွေလဲ များစွာဖြစ်နေပါတယ်။ဆေးဝါးအတွက် လိုအပ်တဲ့နေရာ ၄ ‌နေရာနဲ့နိင်ငံရေး အရမတရားဖမ်းဆီးခံရပြီးအကျဉ်းထောင်ထဲရောက်နေတဲ့သူတွေရဲ့ ကျန်းမာရေးအတွက်ဆေးဝါးကူညီဖို့လုပ်ဆောင်ချင်ပါတယ်။အနိမ့်ဆုံး အနေနဲ့ ငွေပမာဏ သိန်း ၄၀ ပတ်၀န်းကျင်လိုအပ်မှာဖြစ်ပါတယ်။အဲဒီလိုအပ်ချက်အတွက် ကျနော်တို့ ဒီကနေ့ကနေနောက်လ ၂၀ ရက်နေ့အထိ လိုအပ်တာမျှဝေဖို့ အကူအညီတောင်းချင်ပါတယ်။လတ်တလောဆေးဝါးကူညီပေးနေတာတွေရှိပေမဲ့ မြေပြင်လိုအပ်မှုတွေက များပြားလွန်းတာကြောင့် လိုအပ်ချက်ရဲ့ ၁၀ ပုံ ၁ ပုံတောင်မဖြည့်ဆည်းနိင်တဲ့အခြေအနေဖြစ်နေပါတယ်။မိမိတတ်အားသ၍ ပါ၀င်ကူညီကြဖို့ နှိုးဆော်ပါတယ်ခင်ဗျာ။နားချင်နေပေမဲ့ လိုအပ်ချက်တွေ များပြားနေတဲ့အချိန်မှာ တတ်နိင်သလောက်ဖြည့်ပေးချင်တဲ့အတွက်ပါ။ပြီးခဲ့တဲ့ ရက်တွေက လိုအပ်ချက်တွေဖြည့်ဖို့ အကူအညီတောင်းတုန်းကလဲ ဖြည့်ဆည်းဖို့ လိုအပ်တဲ့ပမာဏ ပြည့်ဖို့ တော်တော်ခက်ခဲပါတယ်။အခုဆိုရင် Target တစ်ခု ပြည့်ဖို့တောင် ၁ လ ကနေ နှစ်လ နီးပါး အချိန် ယူရတာတွေ ရှိလာပါတယ်။ဝိုင်း၀န်းကူညီပေးကြဖို့ တောင်းဆိုပါတယ်။ခဏခဏ မျှဝေမှုတွေအတွက် အကူအညီတောင်းရတာလည်းအားနာပါတယ်။ကျနော်တို့လည်း တော်လှန်ရေး အတွက်တစ်ခြား ငွေ၀င်နိုင်တဲ့လမ်းကြောင်းတွေရှာပြီး ကူညီဖို့ကြိုးစားနေပါတယ်။

07/18/2024

ကူစရာအရေးတကြီးလိုအပ်နေတာဆန်အိတ် ၆ အိတ်စာလိုအပ်ပါတယ်။ဒီနေ့လိုအပ်နေတာကဆန်အိတ်သုံးအိတ်စာလိုအပ်နေတာပါ။အရေးတကြီးလိုအပ်လာပြီမို့လို့စာတင်လိုက်ရတာဖြစ်ပါတယ်ပါ၀င်အားဖြည့်ပေးကြပါအုံး။

07/13/2024

BC List ဆယ်ယောက်စာရင်းမှာ ပထမဆုံးတစ်ယောက်အနေနဲ့ အဆိုတော်လေးဖြူ ကိုတင်ပေးထားပါတယ်။အကြောင်းအရာတစ်ချို့နဲ့တွဲဖက်တင်ဆက်ပေးထားပါတယ်။ကျန်တဲ့သူတွေလဲဆက်တင်ပေးပါမယ်။လုပ်စရာရှိတာတွေရယ်နေမကောင်းနေတာရယ်ကြောင့်နည်းနည်းကြန့်ကြာနေတာကိုနားလည်ပေးပါခင်ဗျာ။လိုအပ်တာတွေအကူအညီလာတောင်းတာတွေကလည်းများနေလို့ပါ။

07/12/2024

ကျန်းမာရေးအတွက်ဆေးသွင်းရမဲ့နေ့‌ဖြစ်နေတာကြောင့် Boycott List ကို ဆေးချိတ်ပြီး ခဏနားပြီးတာနဲ့ Telegram မှာတင်ထားပေးမှာဖြစ်ပါတယ်။ညဉ့်ဦးပိုင်းအချိန်လောက်တင်ထားမှာဖြစ်ပါတယ်။Page မှာတော့ မနက်ဖြန် မနက်ပိုင်းတင်ပေးပါမယ်။

Spring UAV Force - G3 ဂဠုန်စစ်ကြောင်း၏ Fixed Wings Drone နည်းပညာအဖွဲ့ အတွက် Team ဘက်က ပါ၀င်အားဖြည့်မှုဖြစ်ပါတယ်။
07/04/2024

Spring UAV Force - G3 ဂဠုန်စစ်ကြောင်း၏ Fixed Wings Drone နည်းပညာအဖွဲ့ အတွက် Team ဘက်က ပါ၀င်အားဖြည့်မှုဖြစ်ပါတယ်။

သူရဲကောင်းအမျိုးသမီးတွေအတွက်
07/04/2024

သူရဲကောင်းအမျိုးသမီးတွေအတွက်

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အတွက် ပံ့ပိုးကူညီပေးပါသော
" FNCC Burma "အား နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကျေးဇူးအထူးတင်အပ်ပါတယ် ရှင်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
ဇူလိုင် (၄)ရက်၊ ၂၀၂၄ခုနှစ်

#နိုင်ငံရေးအကျဉ်းသူ
#အကျဉ်းထောင်


#နိုင်ငံရေးအကျဉ်းသူ

06/28/2024

ဆန်အိတ်လိုအပ်‌ချက် တွေလဲ မပြည့်တော့ စိတ်ဓာတ်တောင်ကျ‌ချင်တယ်။ကူညီပံ့ပိုးပေးကြပါအုံးဗျ။လိုအပ်‌တဲ့သူတွေလဲ မျှော်နေကြလို့ပါ။

06/27/2024

ဆန်အတွက် ကူထားတာတွေဘာတွေရှိရင် ထိုင်းက အကိုတွေအမတွေလာပြောပေးကြအုံးနော်။

06/27/2024

ဆန်မျှဝေဖို့အတွက် ဆန်အိတ် အိတ် ၂၀ လိုအပ်ချက်က ၉ အိတ်မှာ ရပ်နေပါတယ်။ဝေမျှစရာတွေ ရှိတာ မြန်မြန် မျှဝေနိင်အောင် လိုအပ်တဲ့ Target လေး ဝိုင်းဖြည့်ပေးကြပါအုံးခင်ဗျာ။ဆန်တစ်အိတ် ၈ သောင်းကျပ်နှုန်းနဲ့ပါ၀င်ကူညီပံ့ပိုးပေးလို့ရပါတယ်။

လာမဲ့မနက်ဖြန်ကတော့ မြန်မာနိင်ငံအနှံ့က အစ္စလာမ်ဘာသာ၀င်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့ စွန့်လွှတ်ပြီးလှူဒါန်းသမှုပြုတဲ့ အီဒွလ်အသွဟ...
06/17/2024

လာမဲ့မနက်ဖြန်ကတော့ မြန်မာနိင်ငံအနှံ့က အစ္စလာမ်ဘာသာ၀င်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့ စွန့်လွှတ်ပြီးလှူဒါန်းသမှုပြုတဲ့ အီဒွလ်အသွဟာ အီးဒ်နေ့ (အစ်ကြီး/အသားအီးဒ်)နေ့ဖြစ်ပါတယ်။ယခုကာလမှာတိုင်းပြည်ဟာဖက်ဆစ်စစ်အာဏာရှင်စနစ်ကိုတွန်းလှန်နေတဲ့အချိန်ဖြစ်တာကြောင့် တိုင်းပြည်ရဲ့ လူထု‌ဟာ နေရာပေါင်းစုံမှာ အဖိနှိပ်ခံနေကြရတာပါ။
ဒီလိုအချိန်မှာ အစ္စလာမ်ဘာသာ၀င်တွေဟာ နွားသို့မဟုတ်ဆိတ်သို့မဟုတ် ကျွဲတို့ကို ကုရ်ဘာနီ လုပ်ပြီး မိမိအရပ် မိမိပတ်၀န်းကျင်မှာရှိတဲ့ မရှိဆင်းရဲသားတွေကို အသားမျှဝေပေးတာဖြစ်ပါတယ်။အခုလိုအချိန်မှာ အမဲသားဈေးလက်ရှိအခြေ အနေ ဆိတ်သားဈေးအခြေအနေတွေကြောင့် အသားမစားနိင်တဲ့ ဆင်းရဲကြပ်တည်းတဲ့လူတန်းစားတွေဟာ ဒီလို ကုရ်ဘာနီအီးဒ်နေ့မှာ အသားဟင်းကောင်းကောင်းစားဖို့အခွင့်အရေးရကြပါတယ်။စွန့်လွှတ်ပြီး လှူဒါန်း အလှူပြုတဲ့နေ့ဖြစ်တဲ့အတွက် ဒီလို အီးဒ်နေ့ဟာ အဆင်မပြေတဲ့ လူတစ်ချို့အတွက်အဟာရ ဒါန ရတဲ့နေ့‌တစ်နေ့ မိသားစုထမင်းဝိုင်းလေး စိုပြေ‌စေတဲ့နေ့လေးတစ်နေ့လည်းဖြစ်ပါတယ်။ဘယ်လိုအခြေအနေတွေဖြစ်နေပါစေ ဒီတိုင်းပြည်မှာအေးအတူပူအမျှ ဖြတ်သန်း‌ရင်ဆိုင်နေကြတဲ့ အစ္စလာမ်ဘာသာဝင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဖက်ဆစ်စစ်အာဏာရှင် စနစ်ဆိုး အောက်ကနေ အမြန်ဆုံးလွတ်မြောက်‌ပါစေလို့ FNCC Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အစ္စလာမ်ဘာသာ၀င် မိတ်ဆွေသူငယ်ချင်းများအားလုံး အလ္လာဟ်ရှင်မြတ် ဘက်တော်မှ ရဟ်မသ်၊ဘရ်ကသ် အဖြာဖြာ ကျရောက်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးရင်း အားလုံး အီးဒ်မူဘာရက်ပါလို့ စလာမ် နူတ်ခွန်းဆက်ပါရစေ။

06/15/2024

Page အဟောင်းမှာ ထိုင်းငွေလဲ Group တွေထဲက အလိမ်အညာတွေအကြောင်းတင်လိုက်တာ Page က Restricted မိသွားလို့ဒီမှာပဲဆက်တင်ပါမယ်။

06/14/2024

ရန်ကုန်တိုင်းဒေကြီးအတွင်းကမြို့နယ်များတွင်ဧည့်စာရင်းစစ်သည့်အခါ အဆိုပါနေအိမ်ရှိ လက်ကိုင်ဖုန်းများအတွင်း VPN App ရှိမရှိပါ စစ်ဆေးရန် အာဏာသိမ်းစစ်ကောင်စီတပ်ကညွှန်ကြားထားကြောင်းရပ်ကွက်ရုံးများနှင့်နီးစပ်သည့်သတင်းရင်းမြစ်များ၏အတည်ပြုချက်အရသိရှိရသည်။ယမန်နေ့ညကလည်း မြို့နယ်တစ်ချို့မှာ ဧည့်စာရင်း၀င်စစ်ဆေးရင်း ဖုန်းများကိုပါ VPN App ရှိမရှိစစ်ဆေးတာတွေရှိကြောင်းလည်းစုံစမ်းသိရှိရသည်။

06/12/2024

ရန်ကုန်တိုင်းဒေသကြီးအစွန်အဖျားမြို့နယ်တွေဖြစ်တဲ့ခရမ်းမြို့နယ်၊သုံးခွမြို့နယ်နဲ့လှည်းကူးမြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ယင်းတို့၏ စစ်ဆေးရေးဂိတ်တိုင်းတွင် ဖုန်းများကိုစစ်‌ဆေးနေပြီး VPN App ဖုန်းတွင်တွေ့ပါက ဖမ်းဆီးခေါ်ဆောင်တာနဲ့ငွေညှစ်တာတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်းမြို့ခံသတင်းရင်းမြစ်များ၏ ပေးပို့အတည်ပြုချက်များအရစုံစမ်းသိရှိရသည်။

06/12/2024

စားနပ်ရိက္ခာနဲ့ဆေးဝါးတစ်ချို့ အဖွဲ့ငယ်လေးတစ်ခုကိုပို့ပေးစရာရှိတာက ၄ သိန်း ၈ သောင်းကျပ် လိုအပ်နေပါသေးတယ်။တစ်ချို့နေရာ‌တွေဆို လမ်းကြောင်းအခြေအနေတွေက ပို့ပေးဖို့ အဆင်မပြေဖြစ်တာ တော်တော်ဆိုးပါတယ်။လိုအပ်နေတာလေးပြည့်သွားအောင်ပါ၀င်ကူညီပေးကြပါအုံး။ဒီလ ထဲ အတွက်တော့ ဒါလေးပို့ပြီးရင် ရပ်ထားပါအုံးမယ်။

06/11/2024

အကူအညီလိုအပ်တဲ့ အကြောင်းအရာတွေတင်တဲ့အခါ လူကြည့်တာ တော်တော်နည်းသွားပါတယ်။အကူအညီတွေလဲ သိပ်မရတော့တာတွေများပါတယ်။တစ်ချို့နေရာတွေမှာအားတက်စရာကောင်းပေမဲ့ တစ်ချို့နေရာတွေမှာကျဆင်းလာတာကလဲ ငြင်းလို့မရပါဘူး။

06/09/2024

အမှောင်ခတ်ကြီးတစ်ခုကိုကျနော်တို့ပြည်သူတွေမကြာခင်ရင်ဆိုင်ကျော်ဖြတ်ကြရဖို့ရှိပါတယ်။ဖောက်ထွက်နိင်ဖို့လည်းကြိုးစားကြရပါအုံးမယ်။သတင်းအချက်အလက်တွေမျှဝေနိင်ဖို့ တတ်နိင်သမျှ နည်းလမ်းအသစ်တွေ ရှာဖွေပြင်ဆင်ထားကြဖို့လဲလိုအပ်ပါတယ်။ဖောက်ထွက်ဖို့နည်းလမ်းတွေလဲ များစွာရှိတဲ့အတွက် စိတ်ဓာတ်ကျနေဖို့လဲ မလိုပါ။

06/07/2024

ထိုင်းမှာဘတ်ရိုက်တဲ့ကိစ္စ ၀န်ဆောင်မှုတွေပေးရာမှာ မြန်မာက ကိုယ့်နိင်ငံသားအချင်းချင်း ခေါင်းပုံဖြတ် မတရား၀န်ဆောင်ခတွေ တောင်းနေတာလည်း ဝိုင်းအသံထွက်ကြ အုံး ခေတ်ပျက်ထဲ ကိုယ့်နိင်ငံသားအချင်းချင်း အနိင်ကျင့်တာတွေလည်းတစ်ခါတည်းအမြစ်ပြတ်မြေလှန်ဖို့လုပ်ကြ။

06/06/2024

🛑တော်လှန်သတင်းပေးများလုပ်နိင်သည်။

အိမ်ထဲမှာနေပြီး တော်လှန်ရေးကိုဘယ်လိုလုပ်လို့ရသလဲ?

လာ​လာမေးနေကြတဲ့သူတွေကို‌ပြန်ဖြေပေးလိုက်တာဖြစ်ပါတယ်။
1.သတင်းအချက်အလက်မျှဝေပေးခြင်းဖြင့် တော်လှန်ရေးကိုပါဝင်ပေးလို့ရပါတယ်။မိမိပတ်၀န်းကျင်ကစစ်ကောင်စီတပ်သားတွေရဲ့လှုပ်ရှားမှုအခြေအနေ၊စစ်တပ်ရဲ့ပတ်ကင်းကားများနှင့်ပတ်သက်သောအခြေအနေတွေကို သတင်းပေးပို့ခြင်းဖြင့်ပါ၀င်လို့ရပါတယ်။

2. လူထုကို စိုးရိမ်မှုကြီးမားစေတဲ့သတင်းတွေထက် မှန်ကန်တိကျတဲ့ သတင်း​​တွေကိုမျှဝေခြင်းဖြင့် တော်လှန်ရေးမှာပါ၀င်လို့ရပါတယ်။

3.​ တော်လှန်းရဲဘော်တွေနဲ့ မြေပြင်စစ်ရှောင်စခန်းတွေမှာလိုအပ်နေတဲ့အရာတွေကို ထောက်ပို့ပေးခြင်းဖြင့်၊ကလစ်နှိပ်ပေးခြင်းတို့နဲ့လည်း တော်လှန်ရေးကိုတစ်ထောင့်တစ်နေရာက‌နေပါ၀င်အားဖြည့်ပေးလို့ရပါတယ်။

သတင်းပေးပို့တယ်ဆိုတဲ့ ကိစ္စကအခက်အခဲ သိပ်မရှိတဲ့ကိစ္စပါ။ Telegram ကနေ သတင်းပေးပို့ရပေးမှာဖြစ်ပါတယ်။
Telegram မှာ username ရှာပြီးသတင်းပေးပို့ရတာ ဖြစ်လို့ လုံခြုံမှုအပြည့်အ၀ရှိပါတယ်။

သတင်းပေးပို့တဲ့သူတွေအနေနဲ့ အထူးဂရုစိုက်ရမှာရှိပါတယ်။ သတင်းပေးပို့တဲ့သူတွေအနေနဲ့ မိမိဓာတ်ပုံအစစ်၊ နာမည်အစစ်၊ ဖုန်းနံပါတ်တွေနဲ့ မိမိရဲ့ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို လုံး၀မပေါ်အောင် Privacy Settings တွေသေချာချိန်ပြီးသတင်းပေးပို့ကြပါ။ဟိုလူပြောလို့ဒီလူပြောလို့ဆိုတဲ့အရပ်သတင်းအတင်းသတင်းတွေထက် မိမိကိုယ်တိုင်အတည်ပြုလို့ရတဲ့သတင်းများကိုသာပေးပို့ပေးကြဖို့လည်းမေတ္တာရပ်ခံပါတယ်။

သတင်းပေးပို့ရန်အတွက် ဆို တာကို Telegram မှာရိုက်ရှာပြီး သတင်းပေးပို့လို့ရပါတယ်ခင်ဗျာ။သတင်းစုဆောင်းပေးတဲ့ Admin အများစု ကျန်းမာရေးမကောင်းဖြစ်နေကြတဲ့အတွက် သတင်းအချက်အလက် ပေးပို့ အားဖြည့်ပေးလို့ရပါတယ်။

06/05/2024

အကူအညီလာတောင်းတဲ့အဖွဲ့ တွေကိုမျှဝေပေးစရာရှိနေပါတယ်။လိုအပ်တဲ့ ငွေ ရဲ့ တစ်၀က်ကို အကူအညီတောင်းချင်ပါတယ်။၁၀ သိန်းရဖို့တော့မှန်းထားပါတယ်။ကူညီနိင်တဲ့သူတွေကပဲ ကူကြပါ။ဒီလထဲ အကူအညီတောင်းတာတွေလဲ များနေတဲ့အတွက်‌‌နားလည်ပေးဖို့တောင်းဆိုပါတယ်။ကျနော်တို့ Team ထဲမှာတောင် သေတဲ့သူသေ နားတဲ့သူနား၊တစ်ခြားနိင်ငံတွေမှာအလုပ်လုပ်ကျောင်းတက်သူတွေများနေတဲ့အတွက် ကူတာဆက်ကူနေပေနဲ့ တလရ အပေါ် အချိန်ပြည့် လုပ်ပေးနိင်တာတွေကတော့နည်းလာပါတယ်။ရေရှည်အတွက်သွားဖို့အတွက်က ကိုယ်တိုင်လဲ အလုပ်နဲ့ငွေရှာ ပြီးပံ့ပို့းတာ က အကောင်းဆုံးပါ။ဒီအကူအညီလေးက ဆန်နဲ့ဆီ အဓိက အကူအညီပေးနဲ့အကူအညီပါ။တလရမှာပါ၀င်ရင်း သားသမီးဆုံးရှုံးသွားရတဲ့ မိသားစု တွေကို အဓိက ကူညီမျှဝေပေးမှာဖြစ်ပါတယ်။အမြဲ ကူနေကြ သူတွေကို လဲ ပြောချင်ပါတယ် မိမိနိင်သလောက်ပဲ ကူကြဖို့ပါ တစ်ချို့ကိစ္စတွေက မနိင်၀န်မထမ်းတာ အကောင်းဆုံးမို့ပါ။
တစ်ချို့သောဆုံးရှုံးမှုတွေက ပြန်ဖြည့်ဆည်းလို့မရပေမဲ့ ဒီဆုံးရှုံးမှုကို နားလည်ခံစားမျှဝေပေးနိင်တဲ့လုပ်ရပ်ဟာ လူအပီသဆုံးသော လုပ်ရပ်ဖြစ်လို့ပါပဲ။ပါ၀င်ပေးကြပါအုံးခင်ဗျာ။

06/04/2024

အခုချိန်ဂရုစိုက်ရမဲ့အရာရှိပါတယ်။တစ်ကြောင်းတင် စာနှစ်ကြောင်းတည်း‌တင်ပြီး မသေချာ မရေရာတဲ့အချက်အလက်တွေနဲ့ဝေမျှ ဖြန့်ဝေတဲ့သတင်းတွေ အဲသတင်းတွေကို ဂရုစိုက်ပါ။အထိနာနေချိန် အာရုံမပြောင်းပြောင်းအောင် အာဏာသိမ်းစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလေ့ရှိပါတယ်။

06/03/2024

နေ့စဉ်နဲ့အမျှဘ၀တွေခက်ခဲလာတယ် ကျနော်တို့လဲ အတူတူပါပဲ စိတ်ခံစားချက်တွေ အဆင်မပြေတာတွေ ပိုဆိုးလာနေတယ် ဒါကိုလည်းနားလည်ပါတယ် ကိုယ်တိုင်လဲခံစားနေရတာပါ ။ဒါပေမဲ့ ကျနော်တို့တော်လှန်ရေးလုပ်နေတာလေ ဘာတွေဖြစ်နေနေ ယုံကြည်ချက်ထက်ကျော်လွန်တာမရှိပါဘူး လျှောက်ရမဲ့လမ်းအဆုံးမှာလဘာရှိတယ်မြင်နေကြရပါပီ ။ဘယ်လိုအခြေအနေမှာမဆို ကျနော်တို့ ရှေ့ဆက်ကြရမှာပဲလေ ဘာလို့လဲဆိုတော့ ဒါဟာ ဘ၀ ဖြစ်နေလို့ အမြဲတမ်း လွယ်ကူမှုဆိုတာ ကြီးပဲ ရှိနေမှာမဟုတ်ပါဘူး။အဲတော့ လုပ်စရာရှိတာ ဆက်လုပ်ကြရပါတယ်။ဘယ်လို ပဲ ဖြစ်ဖြစ် ရှေ့ဆက်ကြရမှာပါပဲ။တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီပြီးအကြင်နာတရားတွေဖြန့်ဝေကြပါ။

06/03/2024

ဘယ် App နဲ့အစားထိုးမယ်ပြောပြော သူတို့လုပ်မဲ့ App ကို တစ်ဖက်လှည့်နဲ့ Promote လုပ်ပေးမိတာမျိုးတော့မဖြစ်စေနဲ့ မသုံးပဲဆန့်ကျင်ဖို့လိုမယ်။ဖက်ဆစ်စစ်တပ်နဲ့အတူလက်တွဲလုပ်ဆောင်နေတဲ့ ဘယ်အဖွဲ့ကိုမဆို ပြင်းပြင်းထန်ထန် BC လုပ်သပိတ်မှောက်ကျဖို့လိုတယ်။ဒါလေးရနေတာပဲ ဒါလေးမှာတင်မယ်ဆိုတာကတော့ တစ်ဖက်လှည့်နဲ့ Promote လုပ်ပေးတဲ့အခြေအနေ ဖြစ်သွားမယ်ဆိုတာကို သတိပြုကြဖို့လိုတယ်။

06/03/2024

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့စစ်မှုထမ်းအပတ်စဉ် (၄) မှာ အမျိုးသမီးအချို့ စစ်မှုထမ်းရန် စာရင်းထဲ ပါ၀င်လာကြောင်းသိရသည်။အာဏာသိမ်းစစ်ကောင်စီဘက်က တစ်စုံတစ်ရာငြင်းချက်မထုတ်သေးပေမဲ့ စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး အကြောင်းကြားခံရတဲ့ အမျိုးသမီးငယ်များ ရှိနေကြောင်း ‌ဧရာ၀တီတိုင်းဒေသကြီးဘက်မှ ရွာဒေသခံအချို့က ဆိုသည်။တစ်ချို့သော ရွာခံများရဲ့ သတင်းပေးပို့ချက်မှာတော့ အဆိုပါ အမျိုးသမီးများစစ်မှူထမ်းရန် ခေါ်‌ဆို ခံရသည့်အကြောင်းအရင်းမှာ အိမ်ရှိမိသားစု၀င်များထဲမှာ
သားယောက်ျားလေးများမှာ ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်နေသဖြင့် အဆိုပါ သားယောက်ျားလေးများ ၏ ကိုယ်စား ၀င်ရောက်ရမည်ဟု ဖိအားပေးနေသောကြောင့်ဟုလည်း စုံစမ်းသိရှိရသည်။ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်၊၀မ်းတွင်းမြို့နယ်၊ဂုဏ်ရွာတွင်လည်း အမျိုးသမီးအချို့ကို စစ်မှုထမ်းရန် အကြောင်းကြားမှုများ ရှိနေကြောင်းလည်း ရွာခံအချို့၏ အတည်ပြုချက်အရစုံစမ်း သိရှိရသည်။

Address

Washington D.C., DC

Website

Alerts

Be the first to know and let us send you an email when FNCC Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FNCC Burma:

Share

Nearby media companies