Internet world News

Internet world News သတင်းများ နှင့် တွေ့ဆုံမေးမြန်းမှုများ

02/01/2023
01/26/2023

မြန်မာ နိုင်ငံရေး သတင်းများ

ယနေ့နံနက် ကျူံဒိုးတိုက်ပွဲ စစ်သားသေဆုံးမှုများကာ တပ်ဆုတ်ပြေးဟု ဆို26 Jan 2023 By MPA 001ယနေ့နံနက်ဖြစ်ပွားခဲ့သည့် ကော့ကရိ...
01/26/2023

ယနေ့နံနက် ကျူံဒိုးတိုက်ပွဲ စစ်သားသေဆုံးမှုများကာ တပ်ဆုတ်ပြေးဟု ဆို

26 Jan 2023 By MPA 001

ယနေ့နံနက်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့နယ်၊ကျူံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများကာ တပ်ဆုတ်ပြေးသွားကြောင်းသိရသည်။

ယနေ့ မနက် ၇နာရီမှ စတင်ကာ Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊DKBA၊ပူးပေါင်း BGFတပ်ဖွဲ့နှင့် KNDOနှင့် PDFပူးပေါင်းထားသည့် ဂဠုန်စစ်ကြောင်းတို့က ကျုံဒိုးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းမှရဲဘော်တစ်ဦးက ပြောသည်။

"ဒီနေ့ ၇ နာရီလောက်မှာ စတိုက်တာ။ စစ်ခွေးတွေသေတာများတယ်။ မြေပြင်ရှင်းလင်းပြီးရင် ကျွန်တော်တို့ ထုတ်ပြန်ပါ့မယ်။ အခုတော့ သူတို့မရှိတော့ဘူး။ ပွဲပြီးသွားပါပြီ"ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သားများ သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယနေ့တိုက်ပွဲတွင် Lion Battalion Commando - ဗျူဟာစစ်ကြောင်းမှ ရဲဘော်တစ်ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိကြောင်း ကျုံဒိုးတိုက်ပွဲအတွင်း ရောက်ရှိနေသည့် ၎င်းက အတည်ပြုသည်။

"မနေ့က တိုက်ပွဲတော်တော်ကြမ်းတယ်။ စကစဘက်က လက်နက်ကြီးနဲ့ထုတဲ့အပြင်M35 i ရဟတ်ယာဉ်တစ်စီးနဲ့ ဂျက် ၆ ခါပျံပြီး စစ်ကူပေးတိုက်တာ။ ကျုံဒိုးမြို့အနီးတဝိုက်ကရွာတွေရဲ့ အိမ်ပေါ်လက်နက်ကြီးကျလို့ တိုက်ပွဲရှောင်နေရတဲ့သူတွေလည်းများတယ်"ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်တိုက်ပွဲသည် ၆ ရက်ကြာခဲ့ပြီဖြစ်ပြီး ယနေ့အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ ၊ မိဂလုံ၊ ကော့ဘိန်း အစရှိသည့် ကျေးရွာများက ဒေသခံပြည်သူများ ထွက်ပြေးနေရပြီး လက်နက်ကြီးကျသဖြင့် ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း MPA က စုံစမ်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bit.ly/3jbJkYT
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Photo - ပေးပို့

#ကရင်ပြည်နယ် #ကျုံဒိုး #စစ်ကောင်စီ #တိုက်ပွဲ

{English Version}

The Military retreated after the soldiers were killed in the Kyondoe battle this morning

26 Jan 2023 By MPA 001

It is reported that during the Kyondoe battle in Kawkareik Township which took place this morning, the SAC Military suffered heavy casualties and retreated.

Since 7:00 a.m. today, the Lion Battalion Commando - Strategic Command, DKBA, the joint BGF forces, and the Grone column, which is joined by the KNDO and PDF, attacked the SAC Military soldiers stationed in Kyondoe, a comrade from the Lion Battalion Commando - Strategic Command said.

The fighting started at 7 o'clock today. Many of the SAC soldiers were killed. We will make an announcement after the ground is cleared. Now they are gone. The game is over," he said.

The MPA could not confirm the death of the SAC Military soldiers.
He confirmed that in today's battle, a comrade from the Lion Battalion Commando - Strategic Column was killed and at least three comrades were injured.

"Yesterday's battle was very fierce. In addition, the SAC Military attacked by an M35 i helicopter boomed the heavy weapons and a jet flew 6 times to provide reinforcements. There are many displaced people from the fighting because of heavy weapons falling on the houses of the villages around Kyondoe city," he said.

The fighting that started on 20 January has been going on for 6 days and has been going on until today.

The MPA has investigated that the local residents of Kanni, Migalone, and Kyawbane villages nearby Kyondoe town in Kawkareik Township in Kayin State have been fleeing and their homes have been destroyed and burned down by heavy weapons.

01/26/2023

ဥပဒေဘောင်အတွင်းသို့ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်လူငယ် လေးများ၏ ရင်ဖွင့်စကားသံများ - ၂

01/24/2023

မျိုးထိုက်တန်သိန်း၏

01/24/2023

NUG/PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များမှ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်



https://t.me/mya97media

ကျုံဒိုး ကမ်းနီ ရွာရှေ့မှာ ယနေ့ အဖြစ်အပျက်များ 24.1.2023
01/24/2023

ကျုံဒိုး ကမ်းနီ ရွာရှေ့မှာ ယနေ့ အဖြစ်အပျက်များ 24.1.2023

01/24/2023

ခဏခဏသတိပေးတယ်, ကိုယ့်ရဲ့ရွာက အခြေအနေမကောင်းတော့ဘူးဆိုရင် မြန်မြန်လေးနဲ့ရှောင်လိုက်ပါလို့ပြောထားတယ် , ပြည်သူတွေဖက်ကလဲ အရေးပေါ်တဲ့အချိန်မှာ လာပြီးတော့ကူညီပေးကြပါ လို့ပြောချင်ပါတယ် အချက်အလက်တွေက လိုင်းပေါ်မှာလဲအကုန်လုံးပြောလို့မရ နားလည်ပေးကြပါ

မိုးရဲ့ဘဏ်နံပတ်
413 112 8864 ထိုင်ဖာနင့်ဘဏ်
အမည် Nan San San Moe
080 357 6726 ကာစီကော်ဘဏ်
အမည် Aye Aye Maw
စာရင်းမဖုန်းနံပတ်0626296672
0628193547

01/24/2023

ယနေ့ အဲန်ယူးဂျီနဲ့ပတ်သက်၍ အောင်မင်းရဲ့ သုံးသပ်ချက် Best Video

01/24/2023

ဘုတ်ဆုံမ ဒေါ်ဇင်မာအောင် ၊ ဒေါ်အောင်မျိုးမင်း၊
မိ ဆာဆာ နှင့် အပေါင်းအပါများ သို့ သိစေရန် ။

အယ်ဒီတာ့ စေတနာ စကား ။

Myo Min Latt
Editor
Kayah State News Media
24 Jan 2023

01/24/2023
01/20/2023

မိသားစုကို ကယ်ခဲ့တဲ့ စင်္ကာပူကိုကျေးဇူးကန်းလို့မရဘူးဆိုတဲ့အကြောင်း အခြားအကြောင်းအရာများ မအိုင်းရင်းပြော

01/20/2023

MM

01/20/2023

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာ ၊ ရန်ကုန်တိုင်း ရွေး ကောက်ပွဲကော်မရှင်ရုံး တို့ကို ဗုံး၊ မိုင်းတို့ ဖြင့် ပစ် ခတ် တိုက်ခိုက်၊ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ် (ရုပ်/သံ)

အမေရိကန်ငွေနှင့် သူခိုးများသောင်းကျန်းကြတော့မည်လော--------------------------------------------------------(၁)အမေရိကန် လက...
01/10/2023

အမေရိကန်ငွေနှင့် သူခိုးများသောင်းကျန်းကြတော့မည်လော
--------------------------------------------------------
(၁)အမေရိကန် လက်ရှိအစိုးရမှ မြန်မာပြည်အတွက် ဒေါ်လာသန်းပေါင်း ၄၀၀ တိတိကို အကူညီပေးဖို့ ဆုံးဖြတ်ခဲတာ တကမ္ဘာလုံးသိကြပါတယ်။
(၂) အဆိုပါ ဆုံးဖြတ်ချက်အတွက် အမေရိကန် လွှတ်တော်နှစ်ရပ်လုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုပြီးမှ လက်ရှိ အမေရိကန် သမ္မတ လက်မှတ်ထိုးခဲ့တာကိုလည်း တကမ္ဘာလုံးသိကြပါတယ်။
(၃) အမေရိကန်၏ အကူညီသည် အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒအောက်တွင် အမေရိကန်မှ သတ်မှတ်ထားသော လူ့အခွင့်ရေးနှင့် ဒီမိုကရေစီ အမှန်တကယ် ဖြစ်ထွန်းရန်အကြောင်းရာများကို စာကြောင်းရေပေါင်း ၇၂၂ ကြောင်း ရေးသားထည့်သွင်းထားသည်ကို လေ့လာသူများ သိရှိကြသည်။
(၄) အဆိုပါ ပြဌာန်းထားသော စာကြောင်းများထဲတွင် လူ့အခွင့်ရေးဆိုင်ရာ ခေါင်းစဉ်အောင်တွင် ကျန်းမာရေး မိခင် ကလေး နှင့် CDM ဝန်ထမ်းများအား အခြေနေ ပျက်ယွင်းမှု့ မရှိပဲ အမေရိကန်၏ လိုလားသော ဒီမိုကရေစီ မူဝါဒများကို အကောင်ထည်ဖေါ်နိုင်ရန် ဟု အကျဉ်းချုပ် ကျနော် ပြောလိုပါသည်?
(၅) အမေရိကန် အမျိုးသားလုံခြုံရေးဉပဒေသည် ဒသနိက ဗေဒအရ သော်၎င်း ကံမ ဝါဒအရသော်၎င်း လက်နက်နှင့် လူအများသေစေနိုင်သည့် အရာများထောက်ပံ့ပေးခြင်းများကို လုံးဝ မရှိကြောင်း အထူး ပြဌာန်းထားသည်။
(၆) လက်ရှိတွင် အမေရိကန် အစိုးရမှ မိခင် ကလေး ကျန်းမာရေးနှင့် CDM ပြုလုပ်ထားသော သူများအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ တိတိကို NGOs များထံ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှ စတင် ပေးအပ်ခဲ့ပြီးဖြစ်သည်။
(၇) အဆိုပါ ငွေများကို လက်ခံဆောင်ရွက်သော NGOs များက NUG ဂျလုံးပလုံးများနှင့် ချိပ်ဆက် ဆောင်ရွက်နေပြီး မိခင် ကလေး ကျန်းမာရေးအတွက် ကိုယ်ဝန်ဆောင်သယ် တစ်ဉီးအတွက် မြန်မာကျပ်ငွေ လစဉ် ၂ သိန်း ကလေးအတွက် မြန်မာကျပ်ငွေ လစဉ် တသိန်းခွဲ ထို့အပြင် CDM များအတွက် မြန်မာ ကျပ်ငွေ လစဉ် ၃ သိန်း ကျပ်တို့အား ဇန်နာဝါရီလ ကုန်တွင် စတင် ပေးအပ်ရမယ်ဖြစ်သည်။
(၈) မြန်မာနိုင်ငံတွင် စစ်ဖက်မှ အာဏာရယူ ထိမ်းသိမ်းထားမှု့ကို မလိုလား၍ အလုပ်မှ ထွက်ပြီး ဆန့်ကျင်သူများ ဖြစ်သော CDM များကို တစ်လ ၃ သိန်း ထောက်ပံ့ရန် NUG အဖွဲ့တွင်းမှ သက်ဆိုင်ရာ တာဝန်ယူသူနှင့် အမေရိကန် NGOs များ ဆွေးနွေးရာတွင် တကျသော CDM စာရင်းနှင့် နေရပ်လိပ်စာများ ရာထူးများ လက်ရှိ ရောက်ရှိနေသော နေရာများ ဘဏ် အကောင့်များ K ပေးများ နှင့် အခြား ထောက်ပံ့ပေးနိုင်သော သတင်းအချက်လက်များကို တိကျစွာ မရှိပဲ NUG မှ CDM ပေါင်း ၃ သိန်း ကျော် ရှိသည်ကိုသာ တစ်လ ကျပ်ငွေသုံးသိန်းအား တစ်ဉီးချင်းထောက်ပံ့ရန် တင်ပြလာခြင်းကို တွေ့ရပါသည်။
(၉) ထိုသို့ဆိုလျင် အမေရိကန် ပြောသော မူဝါဒများကို အကောင်ထည်ဖေါ်နိုင်မည်လား သူခိုး ကြမ်းပိုးတို့ လိမ်စား၍ လုံးပါး ပါးသွားရမည်လားဆိုသော...မေခွန်းကို ကျနော်သည် အမေရိကန်နိုင်တွင် တရားဝင် အခွန်ပေးဆောင် ရပ်တည်နေသော ကုပ္ပဏီ ပိုင်ရှင် CEO တစ်ယောက် ဖြစ်နေသည့် အတွက် ကျနော်တို့ အမေရိကန်တွင် ပေးဆောင်နေသော အခွန်များသည် ပေါက်လွှတ်ပဲစား လူလိမ် အောက်တန်းစားများ အတွက် အခွင့်ရေးတစ်ခု ဖြစ်နေမည်ကို စိုးရိမ်ရိမ်၍ မြန်မာပြည်သူများကို သိစေရန် တင်ပြခြင်းဖြစ်ပါသည်။
မကြေနပ်လျင် တရားစွဲ
ခိုင်မာသော အချက်လက်များကျနော့ထံတွင် ရှိပါသည်
ဂိုလ်ရှယ်လေး
မှတ်ချက်
လွန်ခဲ့သော တစ်ပတ်ခန့်က...စားမကောင်းသော စားသောက်ဆိုင်တွင် ဈေးကြီးပေးပြီး ဘာမှ အရသာ မခံလိုက်ရသော အခြေနေတစ်ခုတွင် ရိုက်ကူးထားသော ပုံဖြစ်ပါသည်...ပိုမို အထူးပြုရလျင် စောက်မြင်ကပ်၍ စောက်ကြွားထူစွာ ပြသော ဓါတ်ပုံဖြစ်သည်

သတင်းထုတ်ပြန်ချက်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတ...
01/10/2023

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး မြေပြင်မှ သပိတ်အင်အားစုများ အဖွဲ့ပေါင်း (၁၂) ဖွဲ့နှင့် ယနေ့မွန်းလွဲ (၁း၀၀) နာရီမှ (၄း၀၀) နာရီခန့်အကြာ အွန်လိုင်းအစည်းအဝေးဖြင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

၄င်းအစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့သော အဖွင့်အမှာစကား ကောက်နုတ်ချက်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

"ဒီနေ့ တွေ့ဆုံစည်းဝေးမှုမှာ အသွေးအရောင်စုံတဲ့ နိုင်ငံရေးအင်အားစုအသီးသီးကို ဆုံတွေ့ခွင့်ရတာဟာ ကျွန်တော်တို့အတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စုဖွဲ့မှုအသီးသီးနဲ့ ပြည်သူ့ သဘောထားဆန္ဒအပေါ် အခြေခံပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို အသွင်သဏ္ဌာန်မျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ယခု တွေ့ဆုံတဲ့ သပိတ်အင်အားစု / တော်လှန်ရေးအင်အားစုအသီးသီးရဲ့ နံပါတ် (၁) ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးဖြစ်ပါတယ်။ နောက်ထပ် ရည်မှန်းချက် နံပါတ် (၂) ကတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ယခု တွေ့ဆုံရတဲ့ သပိတ်အင်အားစုအားလုံးကို လက်ရှိ တော်လှန်ရေး လုပ်ငန်းစဉ်တွေမှာလည်း အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားနေတာတွေ့ရလို့ လှိုက်လှဲစွာ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့လည်း မလျော့သော ဝီရိယထားပြီး ကြိုးစားလုပ်ဆောင်နေကြောင်း အသိပေးတင်ပြချင်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး / စစ်ရေးတပ်ဦးကနေ ဦးဆောင်နေတယ်လို့ ဆိုပေမယ့် တော်လှန်ရေးအင်အားစု အသီးသီး / သပိတ်အင်အားစု အသီးသီးရဲ့ ယုံကြည်မှုကို မရရင် ကျွန်တော်တို့ ရှေ့ဆက်လို့ မရပါဘူး။ ဒါ့ကြောင့် NUG အစိုးရနဲ့ သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကို ကျွန်တော့်အနေနဲ့ အထူး အလေးထားကြောင်း ပြောချင်ပါတယ်။

တော်လှန်လူငယ်မျိုးဆက်တွေမှာ အတွေးအခေါ်သစ်/ အမြင်သစ်နဲ့ တီထွင်ကြံဆမှုအသစ်တွေ ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်အချိန်ကို ရောက်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်အထိ သပိတ်အင်အားစုအသီးသီးက လူထုနဲ့ နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံး အာရုံမပြတ် စောင့်ကြည့်ရမယ့် သပိတ်လှုပ်ရှားမှုတွေကို ခေတ်အမြင် / ခေတ်အတွေးအခေါ်နဲ့ အစဉ်တစိုက် လုပ်ဆောင်နေတာ ကျွန်တော့်အတွက် အံ့ဩဝမ်းသာရပါတယ်။

စဉ်ဆက်မပြတ်တွေ့မြင်နေရတဲ့ သပိတ်လှုပ်ရှားမှုပုံစံတွေဟာ ပြည်တွင်းက လူထုအတွက်ရော နိုင်ငံတကာ လူထုအတွက်ပါ အံ့ဩမင်သက်ရပါတယ်။ နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်းတွေ ဓလေ့ဟောင်းတွေ အမူအကျင့်ဟောင်းတွေကို ခဝါချ စွန့်ပစ်ထားနိုင်ခဲ့ပြီဆိုတာကို ကျွန်တော် ယုံကြည်ထားပါတယ်။ ဒီနေ့ တွေ့ရတဲ့ သပိတ်လှုပ်ရှားမှုတွေဟာ တော်လှန်ရေးသစ် တစ်ခုကို မွေးဖွားလိုက်ပြီလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းတွေထဲကနေ ဖောက်ထွက်နိုင်ပြီလို့လည်း ယုံကြည်ထားပါတယ်။

ယခုတွေ့ဆုံရတဲ့ သပိတ်အင်အားစုတွေမှာ ထောင့်ပေါင်းစုံ စဉ်းစားတွေးခေါ်တတ်တဲ့ အလေ့အကျင့်တွေနဲ့ ကျင့်သားရနေပြီလို့ ကျွန်တော် ခံစားမိပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဒီလိုအလေ့အကျင့်တွေဟာ အလိုအပ်ဆုံးဖြစ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လူမျိုးပေါင်းစုံ ရှိသလို / အလွှာအတန်းစားပေါင်းစုံလည်း ရှိနေပါတယ်။ မတူကွဲပြားတဲ့ အမြင်နဲ့ အသွေ အရောင်စုံတဲ့ အိုင်ဒီယာတွေရှိပေမယ့် လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးဖြစ်ဖို့ အတူတကွ ပေါင်းစည်းလုပ်နိုင်ကြ တယ်လို့ ကျွန်တော် ယုံပါတယ်။

တစ်လက်စတည်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာလည်း ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ NUG အစိုးရကို အားမနာတမ်း ဝေဖန် အကြံပြုကြဖို့လည်း အနူးညွတ် မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သောအခါမှ ငါတကော ကောပြီး လုပ်ဆောင်တာမျိုး မဖြစ်စေရပါဘူး။ လူထုသဘောထား ဆန္ဒနဲ့ အညီသာ အစဉ်တစိုက် လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။ ဒါ့အပြင် အသက်အရွယ် ဖြတ်သန်းမှုအားဖြင့် ငယ်ရွယ်ပေမယ့် တော်လှန်သောသပိတ်အင်အားစုအသီးသီးမှာ ပါဝင်နေတဲ့ လူငယ်တွေကို လေးစားတန်ဖိုးထားမှု မလျော့ခဲ့ဘူး ဆိုတာ အသိပေးချင်ပါတယ်။ ကျွန်တော်တို့ဟာ လူထုလမ်းညွှန်မှုကို ခံယူသလို၊ သက်ဆိုင်ရာ သပိတ်အင်အားစုတွေရဲ့ သဘောထားအမြင်တွေကိုလည်း လေးစားစွာ နားထောင်နေပါတယ်။ မှားတာ ရှိရင် ပြင်ဆင်ဖို့ ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပါဘူး။ ယခုလည်း ဝေဖန်အကြံပြုချက်တွေကို တိုက်ရိုက်အားဖြင့်လည်းကောင်း / သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ရရှိအောင် အမြဲမပြတ် ကြိုးစားနေပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှာ အခုလက်ရှိ တွေ့ဆုံရတဲ့ သပိတ်အင်အားစုအသီးသီးကို တည်ဆောက်ရေးအင်အားစုသစ်အဖြစ် မျှော်လင့်ထားပါတယ်။ တော်လှန်ရေးမှာ ပါဝင်သလို တည်ဆောက်ရေးမှာလည်း စွမ်းစွမ်းတမံ ပါဝင်ကြဖို့ အထူးမျှော်လင့်ထားပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ လက်ရှိ မျိုးဆက်သစ်တွေကို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ပြောင်းလဲအပ်နှံရပါလိမ့်မယ်။ အဲသည့်အတွက် ယခုကတည်းက တော်လှန်ရေးမှာ ပါဝင်ရင်း မိမိကိုယ်ကို အသိပညာကိုယ်ခံအား မြင့်မားနေအောင် တည်ဆောက်ထားကြဖို့လည်း တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ယုံကြည်ချက်နဲ့ ခံယူချက် ခိုင်ခိုင်မာမာထားပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပါဝင်သကဲ့သို့ / ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာလည်း ပညာကိုယ်ခံအား မြင့်မြင့်မားမားနဲ့ ပါဝင်ထမ်းရွက်နိုင်ကြဖို့ မျှော်လင့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား.."

အရေးတော်ပုံ အောင်ရမည်...

01/10/2023
01/10/2023

ဆိုင်ကယ်မှောက်တဲ့ လူစိမ်းတယောက်ကို ကူညီပေးလိုက်ရတဲ့ ပေါက်ကိုယ်တော်

Address

Washington D.C., DC

Telephone

+12022354218

Alerts

Be the first to know and let us send you an email when Internet world News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Internet world News:

Videos

Share