Freemyanmarbook

  • Home
  • Freemyanmarbook

Freemyanmarbook This page is published for educational purpose. Our free library has more than 10 thousand e-book. w
(27)

စာအုပ်စာပေ ချစ်မြတ်နိုးသူများ အတွက် ကဏ္ဍပေါင်းစုံမှ
စာအုပ်ပေါင်း ၁ သောင်းကျော် ကို လေ့လာ ဖတ်ရှုနိုင် ရန် Share ထားပါသည်။

ရန်ကုန် ဆူးလေလမ်းဆုံတွင် လူကူးတံတားပေါ်မှသာ ဖြတ်သန်းသွားလာရန် စစ်ကောင်စီ သတိပေးစာကပ်ဝေဟင်စိုးမဇ္ဈိမ။         ။ ရန်ကုန်မြ...
26/08/2022

ရန်ကုန် ဆူးလေလမ်းဆုံတွင် လူကူးတံတားပေါ်မှသာ ဖြတ်သန်းသွားလာရန် စစ်ကောင်စီ သတိပေးစာကပ်
ဝေဟင်စိုး
မဇ္ဈိမ။ ။ ရန်ကုန်မြို့ ၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံမီးပွိုင့်ရှိ လူကူးကုန်းကျော်တံတားပေါ်မှသာ ဖြတ်သန်းသွားလာရန် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များက သတိပေးစာများ ကပ်ထားသည်။
ယင်းသတိပေးမှုကို ယမန်နေ့ သြဂုတ်၂၅ရက်နေ့က စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူကူးတံတားအောက်ခြေတိုင်များတွင် စာကပ်ကာ သတိပေးထားခြင်းမျိုးဖြစ်သည်။
ယင်း သတိပေးစာကပ်အပြီး၊ ယနေ့ သြဂုတ် ၂၆ရက် နံနက်ပိုင်းတွင် စတင်ဖမ်းဆီးအရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
" စာကတော့ မနေ့ကတည်းက ကပ်သွားတာ၊ ဒီမနက်ပိုင်းတော့ ယူနီဖောင်းဝတ်တွေရော အရပ်ဝတ်တွေရော ရောက်နေပြီး ဖမ်းဆီးအရေးယူတာမျိုးတွေ၊ မေးမြန်းတာမျိုးတွေ လုပ်နေတယ်။ ယာဥ်စည်းကမ်း လမ်းစည်းကမ်းလို့ပြောရအောင်ကလည်း တံတားအောက်မှာ လူကူးမျဥ်းကြားရှိနေတော့ကူးလို့ရတယ်ထင်ပြီးကူးကြတယ်။ အကြောင်းတစ်ခုခုတော့ ရှိမယ်ထင်တာပဲ၊ ရှစ်လေးလုံးသပိတ်ကို တံတားအောက်ကနေ ထီးနဲ့ ပုံဖော်သွားတာမျိုးတွေရှိတယ်၊ အဲ့ဒီသပိတ်ကလည်း ကမ္ဘာသိဖြစ်သွားတာလေ၊ အလားတူ ဒါမျိုးထပ်လုပ်ရင် ပိတ်ဖမ်းမယ့်အစီအစဥ်ဖြစ်နိုင်တယ်။"ဟု ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက သူ၏အမြင်ကို ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ယာဥ်ထိန်းရဲ၊ စခန်းရဲ၊ စည်ပင်နှင့် အရပ်ဝတ်ထားသူ စုစုပေါင်းဆယ်ဦးခန့်က စောင့်ဆိုင်းဖမ်းဆီးခြင်းမျိုးများ ပြုလုပ်လျက်ရှိသည်။
ထို့အပြင် ယနေ့တွင် ဆူးလေဘုရားအဝိုင်းပတ် အနီးအပါအဝင် ရန်ကုန်ဘူတာကြီးတစ်ဝှိုက် စစ်ကောင်စီကားများနှင့် အဓိကရုဏ်းနှိမ်နှင်းရေး ရဲများ ကားသုံးစီးတန်းစီ၍ ကင်းလှည့်လည်နေသည်ကို တွေ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

ဆောမြို့တွင်  သက်ကြီးရွယ်အိုများနှင့်မိန်းကလေးငယ် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်အား YDF ဗဟို မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ...
26/08/2022

ဆောမြို့တွင် သက်ကြီးရွယ်အိုများနှင့်မိန်းကလေးငယ် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်အား YDF ဗဟို မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဟုဆို
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ဆောမြို့၊ ဇေယျရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ်လ၂၁ ရက်နေ့ ညပိုင်းက အသက် ၆၀ ဝန်းကျင် အမျိုးသားသုံးဦးအပြင် အမျိုး သမီးနှစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးတို့ သေနတ်ဒဏ်ရာများနှင့် သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာတွင် ပြန်လည် ခုခံမှုများပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့သည်ဟု ယောကာကွယ်ရေးတပ်(YDF)က ဩဂုတ်လ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
ယောကာကွယ်ရေးတပ်(YDF) ၏ ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင် အပါအဝင် ၎င်း၏ညီ၊ ဇနီး၊ ချွေးမ၊ မြေးနှင့် လာရောက်လည်ပတ်သည့် သူငယ်ချင်းတို့ သေဆုံးခဲ့ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်ဟု သေဆုံးသူများ၏ မိသာစုဝင်တစ်ဦးက ဆိုသည်။
ယင်းဖြစ်စဉ်အပေါ် တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူလူထုက ဝေဖန် ထောက်ပြမှုများ ရှိနေ၍ အဓိကတာဝန်ရှိသူများ ဖြစ်သည့် YDF-SAW မှ အဖွဲ့ဝင်များကိုစုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း YDF ဗဟို ၏ ပြောရေးဆို ခွင့်ရှိသူ ကိုမင်းမင်းထံက သိရသည်။
“ကျွန်တော်တို့ အောက်ခြေတပ်ရင်းနဲ့ ရဲဘော်တွေ တစ်ခုခုအမှားအယွင်းလုပ်ခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်နေပါပြီ” ဟု ကိုမင်းမင်းက မဇ္ဈိမကို ပြောသည်။
YDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လတ်တလောတွင် တပ်ရင်း ၁၅ ရင်းဖြင့် ဖွဲ့စည်း ထားကြောင်း YDF ထံကသိရှိရသည်။
၎င်းတို့အနက် တစ်ခုအပါအဝင်ဖြစ်သည့် YDF-Sawကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
” အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တို့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့စီစဉ် ဆောင်ရွက်နေပါပြီ။ YDFကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျနော်တို့ ပြောကြားထားတာရှိပါတယ်။ စုံစမ်းစစ်ဆေးတာကနေ ရရှိလာတဲ့အပေါ်မူတည်ပြီးတော့ လိုအပ် တာတွေ ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန-NUG ၏ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က မဇ္ဈိမ ကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ၂၁ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုများ အသတ်ခံခဲ့ရသလို နေအိမ်မှ ကားနှစ်စီး၊ ဆိုင်ကယ်နှစ်စီး ၊ငွေသားများ၊ လက်ဝတ်ရတနာအချို့နှင့် အိမ်ရှေ့တွင်ဖွင့်ထားသည့် ဆိုင်အတွင်းမှ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့သည် ဟု အသတ်ခံရသူများ၏ မိသားစုဝင်တစ်ဦး ဖြစ်သူ ကိုအောင်အောင်လင်းက ဆိုသည်။
“ပါသွားတဲ့ပစ္စည်းတွေက အခုထိတော့ ဘာမှကိုပြန်မရသေးဘူး” ဟုကိုအောင်လင်းလင်း ကပြောသည်။
YDFဗဟိုဘက်မှ ကားနှစ်စီး၊ဖုန်းတစ်လုံး ၊ငွေသားသုံးသိန်းနှင့် ဆွဲကြိုးသုံးကုံးပါသည် ဟု အတည်ပြုထားပြီး မိသားစုဝင်များ ရထိုက်သည်ဟု ထင်ပါက ပြန်လည် ပေးအပ်သွား မည်ဟု ဆိုထားသည်။
“NUG အစိုးရ MOD(ministry of defense)ကို အကူအညီတောင်းပြီးတော့မှ သူ့ မိသားစုဝင်တွေ ရသင့်ရထိုက်တယ်ဆိုရင် ပြန်လည်ပြီးတော့ ပေးအပ်သွားပါမယ်” ဟု YDF ပြောရေးဆိုခွင့်ရှိသူကဆိုသည်။
မဇ္ဈိမသတင်းဌာန၏ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဦးခင်မောင်လင်းသည် ဒလန် ဖြစ်ကြောင်းခိုင်မာသည့် သတင်းအချက်အလက်များကို အခိုင်မာရရှိခဲ့ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ၂၄ရက်နေ့တွင် YDF-Sawက ဖြေကြားထားသည်။
YDF-Sawက ထိုသို့ ဖြေကြားထားသော်လည်း သွားရောက်ရှင်းလင်းမည့်ကိစ္စကို ဗဟိုမှ မသိရှိကြောင်း နှင့် ဒလန်ပျူစောထီးများဆိုလျင်လည်း သေဒဏ်ဖြင့် အရေးယူရန် ညွှန်ကြားထား ခြင်းမရှိကြောင်း YDFထံက သိရသည်။
“အဲ့ဒီသတင်းက ဗဟိုအထိတော့ မရောက်ဘူး။ ရုံးအဆင့်ထိပဲ ရောက်လာတာ။ သူတို့ ချက်ချင်းပဲ ဆုံးဖြတ်ချပြီး မြန်မြန်ပြုလုပ်သွားတာဆိုတော့လေ။ ဒါပေမဲ့ ဒီလအတွင်း ပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက် ဗဟိုအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတာ ရှိတယ်။ ဘာလဲဆိုရင် ဒလန်တို့ ပျူစောထီးတို့ သတ်တဲ့ရှင်းတဲ့ ကိစ္စမျိုးမပြုလုပ်ဖို့ ၊ ဒလန် ဘာညာ စွပ်စွဲခံရသူတွေကို ရဲဘော်တွေက ဖမ်းဆီးပြီးတော့မှ တရားရုံးကို အပ်ပေးဖို့ ညွှန်ကြားထားတာရှိတယ်။ အဲဒီညွှန်ကြားစာက တပ်ရင်း တပ်ဖွဲ့အသီးသီးကို မရောက်တာလည်း ပါတာပေါ့” ဟုကိုမင်းမင်းကပြောသည်။
လက်ရှိအချိန်တွင်ဖြစ်စဉ်တစ်ခုလုံးအတွက် ဆောတပ်ရင်းမှ တာဝန်ရှိသူများကို ဗဟိုက ဂျီနီဗာကွန်ဗန်းရှင်းနှင့် MOD လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးနေပြီး ပြစ်မှု ကျူးလွန်ခြင်းများရှိပါက ဥပဒေအတိုင်းအရေးယူသွား မည်ဖြစ်ပြီး မိသားစုကို ကျေနပ်သည် အထိတောင်းပန်သွားမည် ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲအမှု လာမည့် တစ်ပတ်အတွင်း အမိန့်ချမည်001မဇ္စျိမ။     ။နိုင်...
26/08/2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲအမှု လာမည့် တစ်ပတ်အတွင်း အမိန့်ချမည်
001
မဇ္စျိမ။ ။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို စွပ်စွဲထားသည့် ရွေးကောက်ပွဲအမှုကို လာမည့် စက်တင်ဘာလ ၂ ရက်နေ့ သောကြာနေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြသည်။
စွပ်စွဲခံရသူ သုံးဦးဘက်က ရှေ့နေအဖွဲ့က တရားလိုဘက်က မဲမသမာမှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး အသေအချာ သက်သေမပြနိုင်သည့်အပေါ် ထောက်ပြခဲ့ကာ စွပ်စွဲခံရသူများကို အပြစ်မပေးသင့်ကြောင်း လျှောက်လဲချက်ပေးခဲ့ကြသည်ဟု တရားရုံးနှင့် နီးစပ်သူများက​ ပြောသည်။
တရားလိုဘက်က မဲမသမာမှု ၁၁ သန်းကျော်ရှိသည်ဟု ဆိုသော်လည်း အဆိုပါ ၁၁ သန်း​ကျော်၏ အသေးစိတ်အချက်အလက်များကို တင်ပြနိုင်ခြင်းမရှိကြောင်း သိရသည်။
၎င်းတို့သုံးဦးအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာသုံးခဲ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်မှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်ကာ ပုဒ်မ ၁၃၀ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပုဒ်မ ၁၃၀ (က)မှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
အဆိုပါ အမှုကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၂၁ ဦးရှိသည့်အနက် ကိုးဦးကို စစ်ဆေးပြီးချိန်တွင် တရားလိုဘက်က ကျန်သည့်သက်သေများကို ပယ်ဖျက်ပေးရန် တင်ပြခဲ့သည်။
ဇွန်လ ၃ ရက်နေ့ရုံးချိန်းတွင် အမှုကို စွဲချက်တင်ကြောင်း တရားသူကြီးက အမိန့်ချမှတ်ခဲ့ပြီး စွပ်စွဲခံရသူအသီးသီးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်​ ဒေါ်​အောင်ဆန်းစုကြည်အား စွပ်စွဲထားသည့်အမှုများထဲမှ ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့် အမှု ​လေးမှုအတွက် ​ထောင်ဒဏ် စုစု​ပေါင်း ​ခြောက်နှစ်ကို ယခုလ ၁၅ရက်​နေ့တွင် အမိန့်ချခဲ့သည်။ ထို့​ကြောင့် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် အမှု​ပေါင်း ၁၀မှုအတွက် ​ထောင်ဒဏ် ၁၇နှစ် ချမှတ်ခံထားရပြီး ယခုအမှုအပါအဝင် အမှု​ပေါင်း ကိုးမှုဖြင့် ဆက်လက်တရားရင်ဆိုင်​နေရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

ကျိုင်းတုံတွင် ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး အမြှောက်တပ် ၃၉၀ မှ ဗိုလ်မှူး ဝေယံစိုးမိုး သေဆုံးရန်ကုန်၊ ဩဂုတ် ၂၆ရှမ်းပြည်နယ်...
26/08/2022

ကျိုင်းတုံတွင် ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး အမြှောက်တပ် ၃၉၀ မှ ဗိုလ်မှူး ဝေယံစိုးမိုး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် အမြှောက်တပ် အမှတ် ၃၉၀ မှ ဗိုလ်မှူးဝေယံစိုးမိုး ဆိုင်ကယ် မတော်တဆမှုဖြင့် သေဆုံးသွားကြောင်း ကျိုင်းတုံမြို့ခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးဝေယံစိုးမိုးသည် ဆိုင်ကယ် မတော်တဆမှုဖြင့် သေဆုံးခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း၊ ကျိုင်းတုံမြို့ခံ ပရဟိတအဖွဲ့ဖြစ်သည့် နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်း နာရေးကူညီ ချပေးခဲ့ကြောင်း သိရှိရသည်။
ကျိုင်းတုံဒေသခံ ပရဟိတအသင်း၏ နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်းက ကျန်ရစ်သူမိ သားစု၏ အကူအညီတောင်းခံမှုအရ ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဗိုလ်မှူးဝေယံစိုးမိုး၏ နာရေးကို ကူညီချထားပေးခဲ့ကြောင်း၊ ဗိုလ်မှူးဝေယံစိုးမိုး၏ ရုပ်အလောင်းကို ၃/၃၀၀ရင်ခွဲရုံမှ ဟွေဖြန်းသုဿန်သို့ကောင်းမွန်စွာ‌မီးသဂြိုလ်ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ဩဂုတ်လ ၂၄ ရက်နေ့ ဗိုလ်မှူးဝေယံစိုးမိုး၏ နာရေးမြင်ကွင်းများ။

ဗဟိုဘဏ်က စက်သုံးဆီအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာ မရောင်းပေးတော့သည့်အပြင် ပြင်ပ ပုဂ္ဂလိကဘဏ်များ၏ ပို့ကုန်ရငွေ အရောင်...
26/08/2022

ဗဟိုဘဏ်က စက်သုံးဆီအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာ မရောင်းပေးတော့သည့်အပြင် ပြင်ပ ပုဂ္ဂလိကဘဏ်များ၏ ပို့ကုန်ရငွေ အရောင်းအဝယ်ကိုပါ ထိန်းချုပ်၊ လိုအပ်ချက်ကြီးမားနေပြီး ဒေါ်လာစျေး အမြင့်ဆုံးသို့ စံချိန်တက်မည်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၂၆
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ အပါအဝင် သွင်းကုန်စီးပွားရေးသမားများကို ဒေါ်လာ လိုသလောက် မရောင်းတော့သည့်အပြင် ပြင်ပပုဂ္ဂလိက ဘဏ်များ ပို့ကုန်ရငွေ ဒေါ်လာ အရောင်းအဝယ်များကိုပါ ဗဟိုဘဏ်သို့ သတင်းပေးပို့ အရောင်းအဝယ် လုပ်ရမည်ဆိုသော အမိန့်ကိုပါ ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ဗဟိုဘဏ်က ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာငွေ လဲလှယ်ရန်နှင့် ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ သို့ရာတွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချသည့်စျေးနှုန်း၊ ဝယ်ယူသွားသော ကုမ္ပဏီများ၏ စာရင်းကို ဗဟိုဘဏ်ကို တင်ပြရန် ညွှန်ကြားချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
"ဗဟိုဘဏ် ကိုယ်တိုင်က အခု လိုသလောက် ဒေါ်လာ ရောင်းမပေးဘူး။ သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ သူ့ဆီက ဒေါ်လာမရဘူး။ အခု သူလည်း ဒေါ်လာ ရောင်းမပေးတာကို အပြင်မှာ ဝယ်ရင်တောင် ဘယ်စျေးနဲ့ ဝယ်တာလဲ။ ဘယ်သူက ဝယ်တာလဲဆိုပြီး သတင်းပို့ရမယ်ဆိုတော့ ထိန်းချုပ်တာပဲ။ သူတို့သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ဆိုတာ သူတို့တောင် မရောင်းပေးနိုင်ဘဲ ပြင်ပမှာ ဘယ်သူက အဲဒီစျေးနဲ့ရောင်းပေးမလဲ။ အခု တစ်ဒေါ်လာ ၃၀၀၀ ကျော်နေပါပြီ" ဟု စီးပွားရေးသမားတစ်ဦးက ဆိုသည်။
ပြင်ပစျေးကွက်တွင် ဒေါ်လာစျေး ဆွဲတင်မှုများရှိပြီး ယင်းစျေးဆွဲတင်မှုတွင် ပုဂ္ဂလိက ဘဏ်များ ပါဝင်နေကြောင်း၊ အရောင်းအဝယ်ကို လိုက်လျှင် မည်သည့် ဘဏ်က မည်သည့် သွင်းကုန်လုပ်ငန်းရှင်ကို မည်သည့်စျေးဖြင့် ရောင်းချသည်ကို သိရှိနိုင်ကြောင်း၊ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၃၀၀၀ ကျော်အထိ ဆွဲတင်မှုကို အရေးယူမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ်လဆန်းပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ ရောင်းမပေးသည့်အတွက် ဩဂုတ်လဆန်းပိုင်းတွင် စက်သုံးဆီ တင်သွင်းသူများက ဆီတင်သွင်းရန် အမေရိကန်ဒေါ်လာ သန်း ၅၀ ပြင်ပမှ ဝယ်ယူ တင်သွင်းခဲ့ရကြောင်း သိရှိရသည်။
"ဗဟိုဘဏ်က သူ့မှာ ဒေါ်လာ အရမ်းနည်းမှာကို သေမလောက် ကြောက်နေတယ်။ လက်ထဲရှိတာ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးမတက်အောင် ကဖျက်ကရက် လိုက်လုပ်နေတာ။ ဒါပေမယ့် အဲဒီလို လုပ်လေ အခြေအနေက ပိုဆိုးလေဖြစ်ပါလိမ့်မယ်" ဟု စီးပွားရေးသမားက ဆိုသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီများ စက်တင်ဘာလတွင် ရောက်ရှိမည်ဟု စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုပြီးနောက် ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသူများထံ ဒေါ်လာ မရောင်းပေးသလောက်ဖြစ်လာနေသည်ဟု သိရှိရသည်။
ပြည်တွင်းငွေလဲစျေးကွက်တွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ အထိ စျေးပေါက်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် စျေးထပ်မံ မြင့်တက်လိမ့်မည်ဟု စျေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည်စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦး လင်မယား ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးရန်ကုန်၊ ဩဂုတ် ၂၆ ...
26/08/2022

စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည်စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦး လင်မယား ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၆
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၊ စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည်စက်ရုံတွင် ယနေ့ နံနက် ၆ နာရီခွဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦးနှင့်လင်မယား ပွဲချင်းပြီး သေဆုံးသွားကြောင်း‌ ဒေသသတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ၊မြို့သစ်အမှတ် ၅ အထည်စက်ရုံတွင် သေနတ်သမား ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦးတို့ လင်မယား ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း၊ စက်ရုံမှ ကား၁ စီးပါ ယူဆောင်သွားကြောင်း ပခုက္ကူသတင်းရင်းမြစ် Pakokku city & University News မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"ဗိုလ်မှူးအောင်ဇော်ဦးရော သူ့မိန်းမရော သေသွားပြီဗျ။ ဆေးရုံရောက်မှ ဗိုလ်မှူးကသေတယ်။ သူ့မိန်းမကတော့ ပွဲချင်းပြီးသေတယ်" ဟု Pakokku city & University News မှ တာဝန်ရှိသူက ဆိုသည်။
ပခုက္ကူမြို့ခံတစ်ဦးကလည်း ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်ပြီး ဗိုလ်မှူး အောင်ဇော်ဦးလင်မယား သေဆုံးသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ပခုက္ကူတစ်မြို့လုံးလုံခြုံရေးတင်းကျပ်ထားကြောင်း ပြောဆိုသည်။
"ဗိုလ်မှူး လင်မယား သေသွားပြီ။မနက် ၆ခွဲလောက်က အရေးပေါ် ကားသံတွေ ကြားရတယ်။ ရွှေတန့်တစ် ဘုရားသွားတဲ့ လမ်းပေါ်မှာ ချည်မျှင်နဲ့ အထည်စက်ရုံ ရှိပြီး မျက်နှာချင်းဆိုင် က ဝန်ထမ်းအိမ်ရာ ထဲ ဝင်ပစ်သွားတာ ။ဗိုလ်မှူးက စက်ရုံမှာ အကြီးဆုံး စက်ရုံ မှူး။ အရမ်းဆိုးတယ် မောက်မာတယ်။ သူ့ အမျိုး သမီးက စက်ရုံရှေ့မှာ စျေးရောင်းတာ။ သူ့ဆိုင်နဲ့ ရောင်းတာ တူရင် အရောင်းမခံကြဘူး ။ စက်ရုံမှူး လင်မယားက။ အခုမနက်တော့ ပခုက္ကူမှာ အရှေ့ပိုင်း ရွှေတန့်တစ်လမ်း-ပခုက္ကူ-ရေစကြိုလမ်း-ရွှေ ချောင်း လမ်းတဝိုက်မှာ အစစ်ကြမ်း နေပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
နေပြည်တော် စက်မှုဝန်ကြီးဌာနထံ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းရာ အမှတ် ၅ အထည်စက်ရုံ (ပခုက္ကူ) တွင် စက်ရုံမှူးအဖြစ် ဗိုလ်မှူးအောင်ဇော်ဦးက ကြီးကြပ်နေသည်မှာ မှန်ကန်ပြီး ပစ်ခတ်မှု သတင်းကိုမူ မရရှိသေးဟု ပြောဆိုသည်။
"သေသွားပြီလား။ ပစ်ခတ်မှု ဖြစ်တာတောင် သတင်းမသိရသေးဘူး။ ဗိုလ်မှူးအောင်ဇော်ဦးက စက်ရုံမှူး ဟုတ်တယ်။ " ဟု နေပြည်တော် စက်မှုဝန်ကြီးဌာနတာဝန်ရှိသူက ဆိုသည်။
ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့ နံနက် ၆ နာရီဝန်းကျင် မကွေးတိုင်း ပခုက္ကူမြို့၊မြို့သစ်ရှိ အမှတ်(၅)ချည်မျှင်နှင့်အထည် စက်ရုံရှိ ဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့ရာ၊ အညံ့မခံဘဲ ပြန်လည်ပစ်ခတ်သဖြင့် ပစ်ခတ်ရာ အမျိုးသမီး ဖြစ်သူ နေရာတွင် သေဆုံးသွားကြောင်း၊ အောင်ဇော်ဦးမှာမူ ဆေးရုံတွင် ရောက်ရှိပြီး သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceက Laptop(၁)လုံး၊လူကြီးခရီးစဥ် မှတ်စု စာအုပ် (၁)အုပ် ၊ကား (၁)စီးအား သိမ်းဆည်းရရှိ
ခဲ့ကြောင်း၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များပါ ရရှိထားပြီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ဗိုလ်မှူးအောင်ဇောင်ဦးသည် CDM ဝန်ထမ်းများကို စက်ရုံမှ နှင်ထုတ်ခြင်း၊ကိုယ်ထိလက် ရောက်ပြုလုပ်ခြင်းများအထိ နာမည်ဆိုးဖြင့် ကျော်ကြား
သူဖြစ်ကြောင်း၊ ထိုစစ်ဆင်ရေးအား မဟာမိတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်း
လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ Defense Team Pakokku (DTP) နှင့်
ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceတို့ပါဝင်ကြောင်း သိရှိရသည်။
ဒေသခံတစ်ဦးကမူ လက်ရှိတွင် ဗိုလ်မှူးအောင်ဇော်ဦးသည် ဒဏ်ရာများဖြင့် မေ့မြောနေပြီး သေဆုံးခြင်းမရှိသေးဟု သိရှိရကြောင်း ရန်ကုန်ခေတ်သစ်ထံ ဆက်သွယ်ပြောဆိုသည်။

26/08/2022

ရန်ကုန်၊ မရမ်းကုန်းမြို့နယ် တရားရုံး ဖောက်ခွဲ တိုက်ခိုက်ခံရ (ရုပ်/သံ)
ရန်ကုန်၊ သြဂုတ် ၂၆
ရန်ကုန် မရမ်းကုန်းမြို့နယ် ၈ မိုင်ကားမှတ်တိုင် အနီးရှိ တရားရုံးကို ယနေ့ သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၆ မိနစ်တွင် Generation-Y Guerilla (GYG) အဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" စစ်​ကောင်စီ အလိုကျ ဆောင်ရွက်နေတဲ့ မရမ်းကုန်းမြို့နယ် ၈ မိုင်တရားရုံးကို GYG အဖွဲ့မှ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ရဲခွေးတွေဘေးမှာ ကပ်ပြီးခွဲ​ဖို့ အခွင့်အရေးရခဲ့ပေမယ့် ပြည်သူများရှိနေတဲ့ အတွက်ကြောင့် အရပ်ဝတ်တွေ ရဲခွေးများ အနီးနားမှာပဲ ဖောက်ခွဲနိုင်ခဲ့ပါတယ် ခွေးအထိအခိုက်ကတော့ မသိရသေးဘူး" ဟု GYG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
https://www.facebook.com/khitthitnews/videos/586290759638754

26/08/2022

မြိုင်တွင် PDF များ၏ ဖမ်းဆီးမှုခံရစဉ် ခုခံတိုက် ခိုက်၍ ပစ်ခတ်ရာမှ သေဆုံးသူ ဒုဗိုလ်မှူးကြီး ထွန်းလင်းအောင် မသေဆုံးမီအချိန် ဇနီးဖြစ်သူ ဆက်သွယ်ပြောဆိုလာသော အသံဖိုင်(ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF များ၏ ဖမ်းဆီးမှုခံရစဉ် ခုခံတိုက်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသူ စစ်အရာရှိမှာ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးဖြစ်သူ နည်းပညာတက္ကသိုလ်ကျောင်းဆရာမ J လုမိုင်နှင့်သားသမီး ၃ ဦး ကျန်ရစ်ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။
ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်သည် မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ ထွက်ခွာပြီး PDF ဂိတ်တစ်ခုကို PDF ဟု ဆိုကာ ဖြတ်ကျော်ခဲ့ကြောင်း၊ ယင်းနောက် အခြားဂိတ်တစ်ခုတွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(မြိုင်-ပကဖ) က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိစဉ် PDF များကို ခုခံတိုက်ခိုက်၍ ထွက်ပြေးရာမှ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
PDF က ဒုတိယဗိုလ်မှူးကြီးထွန်းလင်းအောင်ကို ဖမ်းဆီးရမိချိန် မသေဆုံးမီအချိန်တွင် ဇနီးဖြစ်သူက ဆက်သွယ်လာပြီး ခလရ ၄၁ လားရှိုးတွင် တာဝန်ကျချိန်တွင် အိမ်ထောင်ကျခြင်းဖြစ်ကြောင်း၊ ယင်းနောက် တာဝန်ကျရာနေရာသို့ လိုက်ပါပြောင်းရွှေ့ခြင်းဖြစ်ကြောင်း၊ ယခင် လားရှိုးနည်းပညာတက္ကသိုလ်၊ EP ဌာနမှ တွဲဖက်ပါမောက္ခဖြစ်သည်ဟု ဆက်သွယ် ပြောဆိုလာကြောင်း သိရှိရသည်။
စစ်တပ်အသိုင်းဝိုင်းႏွင်႕ ဇနီးဖြစ်သူ J လုမိုင်ကမူ ဒုတိယဗိုလ်မႉးကြီး ထွႏ်းလင်းေအာင် သေဆုံးခြင်း မဟုတ်မွႏ်ဟု ဆက်လက် ငြင်းဆိုနေဆဲဖြစ်သၫ်။
မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကမူ သေဆုံးသွားသူ၏ ဖုန်းအတွင်းမှ ဒုတိယဗိုလ်မှူးကြီးဝတ်စုံဖြင့် သူဖြစ်ပြီး ဖုန်းအတွင်း ဓာတ်ပုံများကို ဖွက်ထား၍ Software ဖြင့် ဖော်မှသာ ဒုတိယဗိုလ်မှူးကြီးဝတ်စုံဖြင့် ပုံထွက်ရှိလာခြင်း ဖြစ် ကြောင်း မှတ်ပုံတင် အတုများလည်း ကိုင်ဆောင်ထားကြောင်း ရှင်းပြသည်။https://www.facebook.com/khitthitnews/videos/1161226024458366

မုံရွာ၊ လယ်ဇင်စံပြကျေးရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ရန်ကုန်၊ သြဂုတ် ၂၆စစ်...
26/08/2022

မုံရွာ၊ လယ်ဇင်စံပြကျေးရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်
ရန်ကုန်၊ သြဂုတ် ၂၆
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာနေပြည်သူ ဦးအောင်ချစ်ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဒေသခံ ပြည်သူ ၂ ဦးကို မီးရှို့ သတ်ဖြတ် ခဲ့ခြင်းဖြစ်ကာ မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦးသည် မည်သူ မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
" ဒီနေ့ နံနက် ၅ နာရီ ၄၅ မိနစ်လောက်က စစ်ခွေး စစ်ကြောင်း ရွာကို ဝင်လာပြီး ရွာသား ၂ ဦးကို မီးရှို့သတ်ထားတယ်။ နောက် ၁ ဦးကို ဖမ်းဆီး စစ်​ဆေးပြီ ဓားနဲ့မွှန်းသတ်လိုက်တယ်။ စစ်ခွေးတွေ ဖမ်းဆီး စစ်ဆေးခဲ့တဲ့သူက ဦးအောင်ချစ်တဲ့ ကျန်တဲ့ မီးရှို့ သတ်ဖြတ် ခံရတဲ့ ၂ ဦးကတော့ ရုပ်ပျက်သွားတဲ့ အတွက် အမည်တွေ မသိရသေးဘူး" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ကိုဇေယျာလင်း၊ ကိုသိန်း၊ ကိုထွန်းဦးနှင့် ကိုဘုန်းတို့ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကုလသမဂ္ဂICJ တရားရုံးတွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော ဂမ်ဘီယာနိုင်ငံဘက်မှ ဂျာမနီက နောက်ထပ်...
26/08/2022

ကုလသမဂ္ဂICJ တရားရုံးတွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော ဂမ်ဘီယာနိုင်ငံဘက်မှ ဂျာမနီက နောက်ထပ်တိုး တရားလိုအဖြစ် ပူးပေါင်းပါဝင်၊ ဗြိတိန်၊ ကနေဒါ၊ နယ်သာလန် စုစုပေါင်း ၄ နိုင်ငံက ဂမ်ဘီယာနှင့်အတူ တရားလိုနိုင်ငံများဖြစ်လာ
ရန်ကုန်၊ ဩဂုတ် ၂၆
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသော ဂမ်ဘီယာနိုင်ငံဘက်မှ ဂျာမနီနိုင်ငံက တရားလိုနိုင်ငံအဖြစ် နောက်တိုးပါဝင်မည်ဖြစ်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။
လက်ရှိတွင် ဗြိတိန်၊ ကနေဒါ၊နယ်သာ လန် ၊ ဂျာမနီစုစုပေါင်း ၄ နိုင်ငံက တရားလိုနိုင်ငံများအဖြစ် ဂမ်ဘီယာနိုင်ငံ ဘက်မှ ပါဝင်လာခြင်းဖြစ်သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တရားရုံးသို့ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသာ မြန်မာစစ်တပ်မှ မင်းအောင် လှိုင်နှင့်စစ်ခေါင်းဆောင်များကို ပို့ဆောင်ရေး အမေရိကန်နိုင်ငံက ထောက်ခံမည်ဖြစ်ကြောင်း ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း အမေရိကန်ထောက်ခံသွား မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က "နိုင်ငံကြီး ၄ နိုင်ငံက ဂမ်ဘီယာနဲ့ ပူးပေါင်းလိုက်တဲ့အတွက် နောက်ထပ်နိုင်ငံတွေလည်း ပူးပေါင်းလာဖို့ အလားအလာအများကြီးရှိတယ်။ ICJ အမှုက ပိုပြီးခိုင်မာလာမယ်" ဟု ပြောဆိုသည်။
ဓာတ်ပုံ- ယခုနှစ် ICJ တရားရုံးရှေ့တွင် မင်းအောင်လှိုင် မျက်နှာကို ခြေဖြင့် နင်း၍ ဆန္ဒပြနေကြစဉ်။
Photo -Agency

အကြမ်းဖက် စစ်တပ် လော်ဘီများ၏ အန္တရာယ်မှ ကင်းဝေးစေရေး မိဘပြည်သူများသို့ အထူးသတိပေးနှိုးဆော်ချက်==========================...
26/08/2022

အကြမ်းဖက် စစ်တပ် လော်ဘီများ၏ အန္တရာယ်မှ ကင်းဝေးစေရေး မိဘပြည်သူများသို့ အထူးသတိပေးနှိုးဆော်ချက်
==============================================
အကြမ်းဖက်စစ်လော်ဘီများသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ သတင်းများအောက်တွင် Comment ပေးသူများကို နာမည်နှင့်တကွ လိုက်လံ စုံစမ်း၍ ဖမ်းဆီးခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း ဥပဒေမဲ့ မတရားသော လုပ် ဆောင် ချက်များ လုပ်ဆောင်နေပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လူမှုကွန်ရက် Facebook Account များကို သူငယ်ချင်းမဟုတ်သည့် အခြားသူများ (အထူးသဖြင့် စခများ) ဝင်ရောက် ကြည့်ရှုခြင်းမပြုနိုင်ရန် Facebook Account Locked ချ ထားကြပါရန် အရေးပေါ် အထူးနှိုးဆော်အပ်ပါသည်။
Facebook Account Locked မချထားသဖြင့် အကြမ်းဖက် စစ်လော်ဘီ(စခ) များက ဝင်ရောက်ကြည့်ရှုပြီး ဖမ်းဆီးခံရမှု တချို့ရှိလာ၍ အရေးပေါ် သတိပေးရခြင်းဖြစ်ပါသည်။
မိဘပြည်သူများနှင့်အတူ ရပ်တည်လျက် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေးတွင် ဆက်လက် ပါဝင်နေမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
အယ်ဒီတာအဖွဲ့
ရန်ကုန်ခေတ်သစ်သတင်းဌာန

ဖြူးမြို့၊ ဆာဂွန်းဂိတ်တွင် ဗုံးပေါက်ကွဲမှု ရဲတပ်ကြပ်မောင်နိုင်၏ အမျိုးသားအင်္ဂါနှင့် မျက်စိ ထိမှန်ပြီး အသက်အန္တရာယ်စိုးရ...
26/08/2022

ဖြူးမြို့၊ ဆာဂွန်းဂိတ်တွင် ဗုံးပေါက်ကွဲမှု ရဲတပ်ကြပ်မောင်နိုင်၏ အမျိုးသားအင်္ဂါနှင့် မျက်စိ ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရ၊ အခြားရဲ ၄ ဦးလည်း ဒဏ်ရာရ
----------------------------------------------------------------------
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် EPC ရုံး၊ မရမ်းကုန်းတရားရုံး၊ တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်
ရန်ကုန်၊ ဩဂုတ် ၂၆
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆာဂွန်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်း ချိန် ကိုက် ဗုံးပေါက်ကွဲပြီး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ် မောင်နိုင်၏ အမျိုးသားတန်ဆာနှင့် မျက်လုံး ဗုံးထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန် ဖြူးမြို့ ဆာဂွန်းလုံခြုံရေးဂိတ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရဲတပ်ကြပ် မောင်နိုင်အပါအဝင် ရဲ ၅ ဦးဒဏ်ရာရရှိကြောင်း၊ ရဲတပ်ကြပ်မောင်နိုင်သည် အမျိုးသားတန်ဆာနှင့် မျက်လုံးတွင် ဗုံးစ ထိ မှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။
"ဖြူးမြို့နယ်၊ဆာဂွန်းဂိတ်မှာ ချိန်ကိုက်ဗုံးပေါက်ပါတယ်။ ရဲတွေ ဒဏ်ရာရပါတယ်။ ရဲတပ်ကြပ်မောင်နိုင် ​​ေ-ွး နဲ့မျက်စိထိပြီး အခြေအနေ မကောင်းပါဘူး။ ဒီမနက် ၉ နာရီ ဝန်းကျင် ဖြူးမြို့နဲ့ အမြန်လမ်း ဆက်လမ်းပေါ် ဆာဂွန်းစစ် ဆေးရေးဂိတ်မှာ ချိန်ကိုက်ဗုံးပေါက်ကွဲတာပါ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် EPC ရုံး၊ တောင်ဒဂုံ မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တရားရုံးများတွင် ယနေ့ ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။
လှိုင်မြို့နယ် EPC ရုံးတွင် ယနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်တပ်က လမ်းပိတ် စစ်ဆေးကြောင်း ယင်းနောက် မပေါက်ကွဲသေးသော ဗုံးထပ်မံတွေ့ရှိ၍ ညနေ ၄ နာရီကျော်အချိန်တွင် ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။
လှိုင်မြို့နယ်၊ အင်းစိန်လမ်းမ‌နှင့် ဘူတာရုံးမှတ်တိုင်အနီးရှိ လှိုင် EPC ရုံးကို Rangers of Region 7 က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် တောင်ဒဂုံမြိုနယ် ၁၀၄ တွင် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်ခန့် ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်ကြောင်း၊ မရမ်းကုန်းမြို့နယ် တရားရုံးတွင်လည်း ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးပေါက်ကွဲပြီး စစ်သား ၂ ဦးထိခိုက် ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ဖြူးမြို့မရဲစခန်း။(ပုံအဟောင်းဖြစ်သည်)

သိန်းထောင်သောင်းချီသော မြန်မာကျပ်ငွေများ ဘတ်၊ ယွမ်၊ ဒေါ်လာ၊ ရွှေ၊ ကားနှင့်အိမ်ခြံမြေစျေးကွက်များသို့  အလုံးအရင်းဖြင့် ပြ...
26/08/2022

သိန်းထောင်သောင်းချီသော မြန်မာကျပ်ငွေများ ဘတ်၊ ယွမ်၊ ဒေါ်လာ၊ ရွှေ၊ ကားနှင့်အိမ်ခြံမြေစျေးကွက်များသို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံနေ
------------------------------------------------------------------
အမေရိကန်တစ်ဒေါ်လာ ၃၃၀၀ ကျပ်နှင့် မီးလင်းရွှေတစ်ကျပ်သား ၂၈ သိန်းခွဲအထိ ရောက်ရှိ
----------------------------------------------------------------
စစ်ကောင်စီကြောင့် မြန်မာကျပ်ငွေ တန်ဖိုး အနိမ့်ဆုံးထိုးကျနေသဖြင့် ကိုင်မထားသင့်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၂၆
မြန်မာ့စီးပွားရေးစျေးကွက်တွင် သိန်းထောင်သောင်းချီသော မြန်မာကျပ်ငွေများကို ထိုင်းဘတ်၊ တရုတ်ယွမ်၊ အမေရိကန်ဒေါ်လာ၊ ရွှေ၊ ကားနှင့် အိမ်ခြံမြေစျေးကွက်များအတွင်းသို့ ရင်းနှီးမြှုပ်နှံနေကြကြောင်း ရန်ကုန်စီးပွားရေးသမားများက ပြောသည်။
"ကျပ်ငွေတော့ ပြုံပြီး ထုတ်နေကြတယ်။ ဘာကြောင့်လဲလို့ မေးရင် နိုင်ငံရေးကြောင့်ပဲ။ ကျောက်မျက်လောကမှာ ကျောက်ကုန်သည်ကြီး ဦးကျော်သူရ ပိုင်ဆိုင်မှုတွေကို စစ်တပ်က မတရားသိမ်းလိုက်တာကြောင့်လည်း အကြောင်း တစ်ချက် အဖြစ်ပါတယ်။ ကျပ်ငွေတွေ အတိုင်းအဆမဲ့ ရိုက်ထုတ်နေတာ။ တရုတ်ကုန်သွယ်ရေးလည်း ရပ်သွားပြန်တယ်။ နိုင်ငံရေးလည်းပါတယ်။ အကြောင်းအရာတွေက တစ်ခုတည်းကြောင့်မဟုတ်ဘူး။ စုံနေတာ" ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။
ယနေ့ ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေ လဲလှယ်သည့်စျေးကွက်တွင် ငွေကျပ် သိန်းထောင်ပေါင်းများစွာ ထိုင်းဘတ် လဲလှယ်ရန် တင်လာကြကြောင်း သိရှိရသည်။
"KBZ သိန်း ၁၂၀၀ ရှိတယ်။ ထိုင်းဘတ်လိုချင်တယ်။ CB သိန်း ၈၀၀ ထိုင်းဘတ်လိုချင်တယ် ဆိုတာမျိုးတွေချည်းပဲ။ မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ မနက်ဖြန်လောက်တောင် ဖြစ်မလားမသိဘူး။ အခု မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၁၁၇၀ လောက်ရှိပါတယ်" ဟု ထိုင်း-မြန်မာငွေလဲဒိုင်တစ်ဦးက ဆိုသည်။
ပြည်တွင်းစျေးကွက်တွင် အမေရိကန်ဒေါ်လာမှာလည်း ယနေ့ ပေါက်စျေးသည် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ ကျပ်မှ ၃၃၀၀ ကျပ်အကြား စျေးထိုးတက် ပေါက်စျေးရှိနေကြောင်း သိရှိရသည်။
"ဒေါ်လာကတော့ ရောင်းသူမရှိဘူး။ အဝယ်ချည်းပဲ။ အခုလကုန်ခါနီးတော့ စက်သုံးဆီတွေ သိပ်မရှိတော့ဘူး။ ရုရှားက ဟာဆိုတာလည်း ရောက်လာရင် ဘယ်လိုခွဲတမ်းနဲ့ပေးမလဲ။ ဘယ်လိုလုပ်ကြမလဲ ရေရေရာရာမရှိဘူး။ ဗဟိုဘဏ်ကလည်း သွင်းကုန်သမားတွေကို ဒေါ်လာမရောင်းပေးတော့ဘူး။ ဒေါ်လာ Demand အရမ်းများနေတယ်" ဟု ရန်ကုန်စီးပွားရေးသမားကဆိုသည်။
ရွှေစျေးကွက်တွင်မူ အကယ်ဒမီ မီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်း ခွဲ(၂,၈၅၀,၀၀၀ ကျပ်) နီးပါး စျေးပေါက်နေပြီး စျေးကွက်အခြေအနေမှာ ခန့်မှန်း၍ မရတော့ဘဲ အတက်ကြမ်းနေသည်ဟု ရွှေကုန်သည်များက ဆိုကြသည်။
"ရွှေစျေးကတော့ ဒေါ်လာစျေးတက်တာကြောင့် လိုက်တက်လာတာ။ အရောင်း အဝယ်ဆိုတာထက်လေ ရှိတဲ့ဟာ မရောင်းရဲဘူး။ မြတ်တယ်ထင်ပြီး ရောင်းလိုက် ပြန်ဝယ်မရတော့ဘူး။ ဆုပ်လည်းဆူး စားလည်းရူး စျေးကွက်ဖြစ်နေတယ်။ ဝယ်မယ့်သူကလည်း ဘယ်လောက်စျေးအမြင့်ခေါ်ခေါ် ရွှေဝယ်မယ်ဆိုတာချည်းပဲ။ ဒါကြီးက ပရမ်းပတာ စျေးကွက်ကြီးဖြစ်နေတာ။ ကျနော်တို့လည်း စျေးတက်တာထိုင်ကြည့်ပြီး မျက်လုံးပြူးနေရုံပဲ တတ်နိုင်တယ်" ဟု မန္တလေးမှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။
စျေးကွက်ကျွမ်းကျင်သူတစ်ဦးကမူ မကြာမီ ရက်ပိုင်းအတွင်း အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၄၀၀၀ ကျပ် အထိရောက်ရှိမည်ဖြစ်ပြီး ရွှေစျေးမှာလည်း အနိမ့်ဆုံး အခေါက်ရွှေတစ်ကျပ်သား ၂၉ သိန်းခွဲအထိ ရောက်ရှိလာလိမ့်မည်ဟု ခန့်မှန်းပြောဆိုသည်။
ရန်ကုန်စီးပွားရေးသမားကမူ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့် စီးပွားရေး စီမံခန့်ခွဲမှု ပရမ်းပတာများ၊ ငွေကျပ်ဘီလီယံပေါင်းများစွာ အသစ်ရိုက်ထုတ်မှုများကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ပြန်တက်ရန် လမ်းမမြင်တော့ကြောင်း၊ မြန်မာကျပ်ငွေ ကိုင်မထားသင့်တော့ဟုဆိုသည်။

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်ကို ICC တရားရုံး သို့ ပို့ဆောင်ရေး အမေရိကန်က ထောက်ခံ...
25/08/2022

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်ကို ICC တရားရုံး သို့ ပို့ဆောင်ရေး အမေရိကန်က ထောက်ခံဟု ကြေညာ၊ မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များ ICC တရားရုံးတွင် ရာဇ ဝတ်သား တရားခံများ ဖြစ်လာမည်
ရန်ကုန်၊ ဩဂုတ် ၂၅
မြန်မာပြည်သူများနှင့် ရိုဟင်ဂျာအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇ ဝတ်မှုများ ကျူးလွန်ခဲ့သော မြန်မာစစ်တပ်ကို ICCတရားရုံး သို့ ပို့ဆောင်ရေး အမေရိကန်က ထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ၅ နှစ်ပြည့်ခြင်းအထိမ်းအမှတ်အနေ ဖြင့် ထုတ်ပြန်ကြေညာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်၏ ကြေညာချက်တွင် အမေရိကန်အနေဖြင့် မြန်မာစစ်တပ်ကို ICC တရားရုံးသို့ ပို့ဆောင်ရေး ထောက်ခံသွားမည်ဖြစ်ပြီး ICJ အပါအဝင် တရားရုံးများတွင် တရားစွဲဆိုထားမှုကိုလည်း ထောက်ခံကြောင်း အတိအလင်း ထုတ် ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာအရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ချက်နှင့်အညီ စစ်တပ်၏ လုပ် ရပ်များအပေါ် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်ဆောင်ရွက်ခြင်းကိုလည်း အမေရိကန်တို့ အားပေးထောက်ခံကြောင်း၊ အလားတူစွာ မြန်မာ နိုင်ငံတွင်းအခြေအနေများနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း အမေရိကန်က အားပေးထောက်ခံသွားမည်ဟု ကြေညာသည်။
လွန်ခဲ့သော ငါးနှစ်က မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာများကို ဖျက်ဆီးခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ကလူခြင်းနှင့် အကြီးစားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်းတို့ဖြင့် ထောင်ပေါင်းများစွားသော ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များစွာကို သတ်ဖြတ်ခဲ့ကြောင်း၊ ရိုဟင်ဂျာလူမျိုး ၇၄၀,၀၀၀ ကျော်ခန့်သည် မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ရကြောင်း၊ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ပြီး လူမျိုးတုံးသတ် ဖြတ်မှုဖြစ်သည်ဟု ယခုနှစ်မတ်လပိုင်းက အမေရိကန်ပြည်ထောင်စု ဂျူးလူမျိုးများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း အထိမ်းအမှတ်ပြတိုက်တွင် ခိုင် မာသောအထောက်အထားများဖြင့် ထုတ်ဖော်ပြောဆိုထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ရိုဟင်ဂျာများအပေါ် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည် စစ်တပ်အဖွဲ့ဝင်များ သည် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်ကို အဆုံးသတ်စေရန် ပြောင်ပြောင် တင်း တင်းကြိုးပမ်းရာတွင် မြန်မာပြည်သူများကို နှိပ်ကွက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်ခဲ့ကြကြောင်း၊ ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို စစ်အာဏာရှင်အဖွဲ့အစည်းက လောလောလတ်လတ် ကွပ်မျက်ခဲ့သည့်လုပ်ရပ်က စစ်တပ်သည် မြန်မာပြည်သူများ၏ အသက်ကို ကမ်းကုန်အောင်အရေးမထားကြောင်းဖော်ပြသည့် ပူပူ နွေးနွေးသာဓကတစ်ခုသာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
စစ်တပ်၏ တိုးမြှင့်ဆောင်ရွက်လာနေသည့် အကြမ်းဖက်မှုများက လူသားချင်းစာနာထောက်ထားမှုအ ကူအညီပေးရေးအခြေအနေများကို ပိုမိုဆိုးဝါးလာစေပြီး အထူးသဖြင့် နိုင်ငံအတွင်းရှိ ထိခိုက်အလွယ်ဆုံးနှင့် ဘေးဖယ်ထားခြင်းအခံရဆုံးအသိုက်အဝန်းများထဲတွင် ယနေ့ထိတိုင် ဆက်လက်ရှိ နေဆဲဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအပါအဝင် လူနည်းစု တိုင်းရင်းသားနှင့် ဘာသာခြားအသိုက် အဝန်းများအတွက် ပိုမိုဆိုးဝါးစေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် သတ်ဖြတ်ခံခဲ့ရသူများနှင့် အသက်ရှင်ကျန်ရစ်သည့်သူများအားလုံးနှင့် တစ် သားတည်းရှိပြီး ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများအတွက်တရားမျှတမှု ရှာဖွေရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အတွက် အမေရိကန်တို့၏ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုကြောင်း၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်အရ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားသော အမှုနှင့် မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုများကို ကိုင်တွယ်ဆုံးဖြတ်ကြမည့် ကမ္ဘာတဝှမ်းက အများယုံကြည်လက်ခံသည့်တရားရုံးများ ကို အမေရိကန်က ဆက်လက် အားပေးထောက်ခံကြောင်း ဖော်ပြထားသည်။
ရိုဟင်ဂျာလူမျိုးများအနေဖြင့် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့၏ ဇာတိမြေသို့ လူအစုအဝေးလိုက်နေရပ်ပြန်ရေးမှာ လက်ရှိစစ်အာဏာရှင်အဖွဲ့အစည်းအာဏာတည်မြဲနေသရွေ့ မဖြစ်နိုင်သည့်အကြောင်းကို နားလည်သဘောပေါက်သည့် အား လျော်စွာ အမေရိကန်ပြည်ထောင်စုသည် ၂၀၁၇ မှစပြီး အခြားသော နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိအကြမ်းဖက်မှုများကြောင့် ဘဝကပြောင်းကပြန်ဖြစ်ခဲ့ရသူများအတွက် အသက်ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်သည့် တစ်ဦးတည်းအလှူရှင်စာရင်းတွင် ဆက်လက်ဦးဆောင်လျက်ရှိပြီး ဤအကျပ်အတည်း၏ ရိုက်ခတ်မှုခံရသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် ဒေသတွင်းရှိ အချို့နေရာများအတွက် အကူအညီအဖြစ် ဒေါ်လာ ၁ ဒသမ ၇ဘီလီယံကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ရိုဟင်ဂျာများကို လက်ခံထားသော ဒေသအတွင်းရှိ အခြား အစိုးရများနှင့်လည်း အမေရိကန်က တစ်သားတည်း ရပ်တည်ကြောင်း၊ နိုင်ငံတကာမှ ပြည့်စုံခြုံငုံမိသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းမှ ရိုဟင်ဂျာဒုက္ခသည်အချို့အတွက် အမေရိကန်ပြည်ထောင်စုတွင် ဘဝသစ် စတင်နိုင်ရန်အလို့ငှာ ပြန်လည်နေရာချထားရေးအစီအစဉ်ကို မိမိတို့ သိသိသာသာတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကို အကောင်ထည်ဖောင်ဆောင်ခြင်း၊ စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုဖိအားပေးခြင်းနှင့် မြန်မာနိုင်ငံတွင်းမှ လူပုဂ္ဂိုလ်အားလုံး၏ လူ့အခွင့်အရေးနှင့် လူ့ဂိုဏ်သိက္ခာကို အကာအကွယ်ပေးခြင်းအားဖြင့် ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် လွတ်လပ်ရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာသည်။
Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြသော မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များသည် ICC တရား ရုံးတွင် တရားရင်ဆိုင်ရမည့် ရာဇဝတ်သား တရားခံများဖြစ်လာမည်ဖြစ် ကြောင်း၊ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသည် လူပုဂ္ဂိုလ်များကို တရား စွဲဆိုခြင်းဖြစ် ကြောင်း၊ လက်ရှိ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲထားသော ကုလသမဂ္ဂ ICJ တရားရုံး သည် နိုင်ငံနှင့်အစိုးရကို စွဲဆိုခြင်းဖြစ် ကြောင်း ရှင်းလင်း ပြောဆိုသည်။

Address

TX

Alerts

Be the first to know and let us send you an email when Freemyanmarbook posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Freemyanmarbook:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share