JD-Vlog

JD-Vlog ဒီ Pageကို မတူညီတဲ့အတွေးအခေါ်၊အယူအဆတွေ အတူဆွေးနွေးဖလှယ်ဖို့ ရည်ရွယ်ပါတယ်

20/11/2023

၂၀၂၄ မှာ မြန်မာပြည် ဘာဖြစ်မယ်၊ညာဖြစ်မယ် ဆိုတဲ့ David Lah ။

( ဘာသာရေးနှင့်လုပ်စားတဲ့ စီးပွားရေးသမား David Lahရဲ့ မလိမ့်တပတ် နာမည်ကောင်းယူချင်တဲ့ ပရောဖက်ပြုချက် ။ )

30/10/2023

*2024မှာ မယ်ပြိုင်ပွဲ ကျင်းပဖို့တောင် လက်ခံရဲတဲ့
မြန်မာလူငယ်တွေကို မေးခွန်းထုတ်ချင်ပါတယ် ..

" အာဏာရှင်လက်အောက်မှာ နေပျော်ကြပြီနော် ?? "
" မြန်မာပြည်ကြီး လွပ်လပ်၊ငြိမ်းချမ်းသွားပြီပေါ့နော် ?? "

( နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ လက်ရှိလူငယ်တွရဲ့
နိုင်ငံရေးအသိစိတ် အတိမ်အနက်ပေါ် မူတည်ပါတယ်။ )

22/10/2023

အရှုံးပေးပြီး၊ ကိုယ်လွတ်ရုန်းတော့ မလို့လား ?

*( #ကျွန်တော်_နားလည်ထားသော_တော်လှန်ရေး_စိတ်ဓာတ် )

15/10/2023

USA မြေပေါ်က လူပျိုကြီးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ တစ်နေ့တာ မှတ်တမ်း ..

09/10/2023

သင်းကွဲတွေ မှိုလိုပေါက်ပြီး ခရစ်ယာန်တွေ
အစိပ်စိပ်အမွှာမွှာ ကွဲပြဲရတဲ့ အဓိကအကြောင်းအရင်း။

24/09/2023

" NightClub ဆန်တယ်ဆိုပြီး ဝေဖန်ခံရတဲ့ Video "

( ထုံးစံအတိုင်းပဲ ကျွန်တော့်အမြင်ကို ဆွေးနွေးထားပါတယ်။
လွပ်လပ်စွာ သဘောထား ကွဲလွဲကြရအောင် .. )

11/09/2023

ကိုယ်တိုင်ကျ ဘာ$ဆင့်မှ မရှိ၊ လူတကာကို
လိုက်"Blame"နေတဲ့ $ကလေးတချို့ကို တရားချကြမယ်။

03/09/2023

အမည်ခံ ထင်တိုင်းကြဲသော အာဏာရှင် လူတစ်စုအကြောင်း

( " ကျားကြီးကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီးကျားထက်ဆိုး_ " စကားပုံလို ဖြစ်နေပြီ။ )

31/08/2023

မြန်မာနိုင်ငံ တော်လှန်ရေးအကြောင်းနှင့်
ပတ်သက်ပြီး ဒီနေ့ထိ ဘာအသံမှ မထွက်ခဲ့ဖူးပါဘူး...
တိတ်တိတ်လေးနှင့် တတ်နိုင်တဲ့ဘက်ကနေ
နိုင်သလောက်ကူညီပြီး အတူရပ်တည်တာ ဒီနေ့ထိပါ..

ဒါပေမယ့် တချို့သောနေရာက တော်လှန်ရေးသမား
လက်နက်ကိုင်တွေဟာ အာဏာရှင်စိတ်ဝင်လာပြီး
ပြည်သူကို သေနတ်ပြောင်းနှင့် ခြိမ်းခြောက်တာတွေ၊
ဆက်ကြေးကောက်ပြီး ပြည်သူကို ပြန်ပြီး ဗိုလ်ကျ
တာတွေ ၊ လူthat ပြီး အလောင်းပြန်တောင်းတာကို
thayချင်လို့လား ဆိုပြီး မိုက်ကြေးခွဲတာတွေကို
ကြားရတော့ တကယ်စိတ်မကောင်းဘူး ..

လက်နက်ကိုင် အားလုံးကို မဆိုလိုပါဘူး ..
Video နှင့် နာမည်တိတိကျကျပြောပြီး ကျွန်တော့်
အမြင်အတိုင်း ပြောပါအုံးမယ် ....

အာဏာရှင်ကို ဆန့်ကျင်တော်လှန်တာမို့ လူမဆန်
အာဏာရှင်ဘီလူးစိတ် ဝင်လာတဲ့ ဘယ်အဖွဲ့အစည်းကို
မဆို ကျွန်တော်ကတော့ ဆန့်ကျင်မှာပါ ....

Stay Tuned .....!!

27/08/2023

တချို့လူငယ်တွေ လက်သုံးချောင်းထောင်ပြီး_ဂျိုပေါက်နေကြတယ်

19/08/2023

အခုတလော Trend ဖြစ်နေတဲ့ လူငယ်တစ်ယောက်
ကို အပေါ်ယံကြည့်ပြီး အထင်သေးနေကြတာ
မြင်မကောင်းဘူး ....

ငါက Rockသီချင်းပဲ အများဆုံး နားထောင်ဖြစ်တယ် ..
သူ့သီချင်းလည်း ငါ့အကြိုက်ထဲမပါသလို သူ့ကိုလည်း
မသိဘူး .. ဒါမယ့် ငါ့အကြိုက်မဟုတ်တာနှင့်
သွားဆန့်ကျင်တိုက်ခိုက်စရာ အကြောင်းမရှိဘူး ..

လူတိုင်းမှာ ကြိုးစားခွင့်အပြည့် ရှိတယ်..
ဘာလို့ ကြိုးစားခွင့်မပေးချင်ကြတာလဲ ??
အထင်သေးမျက်လုံးနှင့် ကြည့်နေကြတဲ့ကောင်တွေရဲ့
သောက်ဆင့်ကလည်း မြေကြီးကနေ ထွက်မလာပြန်ဘူး..

စိတ်ဓါတ်တွေ ... စိတ်ဓါတ်တွေ ...ပြင် !!

( Video နှင့်ပါ ဆဲပေးထားတယ် .. Stay Tuned ! )

13/08/2023

အချိန်အများကြီး အကုန်ခံပြီး ဘာ့ကြောင့် ဒီ Pageကို စတင်ခဲ့တာလဲ ?

*( Follower 10K ပြည့်တဲ့ အမှတ်တရ စကားလက်ဆောင်ပါ၊ ဒီ Video ကြည့်ပြီးရင် တစ်ယောက်ယောက်အတွက် အကျိုးတစ်ခုခုရှိမယ် လို့ မျော်လင့်ပါတယ် )

06/08/2023

ဘုရားတရား ကိုင်းရှိုင်းလှတဲ့ ဒို့မြန်မာတွေ
ဘာ့ကြောင့် ဆင်းရဲမွဲတေကြတာလဲ 🤔?

04/08/2023

လူငယ်ဆိုတာ ရင့်ကျက်ပြီး လူငယ်ဆန်ရမယ် ..
အတင်းကြီး လူကြီးမဆန်ချင်နဲ့ ....

( မရည်ရွယ်ပဲ အခန်းပြင်ဆင်ရင်းနှင့် စိတ်ထဲပေါ်တုန်း
ထပြောလိုက်တာမို့ အမြင်မသင့်တာရှိရင် နားလည်ပေးကြပါ )

10/07/2023

ဘာသာရေးဆိုသည်မှာ အဘယ်နည်း ?

*( သမရိုးကျ ဘာသာရေးရှုထောင့်ကနေ ခွဲထွက်ပြီး၊
အခြားရှုထောင့်တစ်ခုကနေ ဆွေးနွေးကြရအောင် )

09/07/2023

မပြောဖြစ်တာ အတော်လေး ကြာလာခဲ့ပြီဖြစ်တဲ့ ဘာသာရေးခေါင်းစဉ် ဘက်ကို ဒီနှစ်လ ( Video ၅ခုစာ ) လောက် ဒီအပတ်ကစပြီး ဆက်တိုက် ပြန်ပြောဖြစ်ပါမယ်။

ဘာသာရေးဆိုတာ မူပိုင်/ပုံသေ တစ်ခုသတ်မှတ်ပြီး စုံလုံးပိတ်ယုံကြည်တတ်တဲ့လူတွေကို ကြိုပြီးမေတ္တာရပ်ခံချင်ပါတယ်။

ပုဂ္ဂိုလ်ရေး မုန်းတီးစိတ် လုံးဝမရှိပါ။ ဘယ်သူ့မျက်နှာမှမထောက်ပဲ ပြောသင့်တာကိုတော့ ပြောသွားမှာမို့ ခံယူချက်ခြင်း မတူရင် လွပ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ Sensitive ဖြစ်ပြီး မပူလောင်စေချင်ဘူး🥰။

အနာဂတ်အကြောင်း ဆွေးနွေးတဲ့နေရာမှာ ငါမှန်တယ်၊နင်မှားတယ် ဆိုပြီး ပြောရအောင်လည်း ငါတို့ထဲမှာ ဘယ်သူ့မှ မရောက်ဖူးခဲ့သေးတာမို့ မာနတွေကင်းကင်းနှင့် မတူညီတဲ့အမြင်ကိုယ်ဆီ ဆွေးနွေးကြဖို့ ကြိုဖိတ်ခေါ်ချင်ပါတယ်။

ကျေးဇူးတင်ပါတယ်❣️။

26/06/2023

" လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်အမှန် "

( 1982 တုန်းက အတ္တလန်တိတ် သမုဒ္ဒရာကြီးရဲ့
အလယ်မှာ 2လကျော် ( 76 Days ) မျောပါအသက်
လုခဲ့တဲ့ အကြောင်းဖတ်မိရင်း
ကျွန်တော်စဥ်းစားမိတဲ့ လူ့တန်ဖိုးဆိုတာ ...... )

30/05/2023

ငါတို့ ဘာ့ကြောင့် တတိယနိုင်ငံ ရောက်နေရတာလဲ?

*( ဘဝမေ့ချင်နေပြီလား .. လက်တွေ့ကျကျ တချက်
အနည်းငယ်ဆွေးနွေးရအောင် .... )

24/05/2023

" နောက်ထပ် ဘယ်ကလေးမှ စိတ်ဒဏ်ရာတွေနှင့်
မကြီးပြင်းစေချင်တော့ဘူး။ "

🎇သားသမီးတစ်ယောက်အနေနှင့် မိဘတွေကို ရင်ဖွင့်ချင်တယ်။
( *အထူးသဖြင့် လက်ရှိမိဘဖြစ်နေတဲ့လူငယ်တွေနှင့်
မကြာခင်ဖြစ်လာမယ့် မိဘလောင်းလေးတွေကို ရည်ရွယ်ပါတယ် )

14/05/2023

" မေမေ နေကောင်းလား .. မေမေ😢"

မိခင်တွေအားလုံး Happy Mothers Day ပါ။
မေမေတွေအားလုံးကို လေးစားစွာနှင့် ဦးညွတ်ပါတယ်🙏

*( အနားမှာရှိနေပေးတုန်း အမေအိုကို တန်ဖိုးထားတတ်ပါလေ🥺 )

13/05/2023

" #အိမ်ထောင်_The_Marriage " ဇာတ်လမ်းတွဲ
ကြည့်ပြီး လောင်နေတဲ့ ဦးဦး၊မမကြီးများအတွက်😎

09/05/2023

မိဘတွေအပေါ် လုံးဝကျေးဇူးမကန်းမိပါစေနဲ့ ..
( Caption တကူးတက မရေးတော့ဘူးဗျာ ) ..

04/05/2023

" အောင်မြင်မှု " ဆိုတာကို ခင်ဗျား ဘာနှင့် တိုင်းတာလဲ ?

*( ကိုယ့်ရဲ့အတွေးအခေါ်၊ အသိအဥာဏ် အတိမ်အနက်အပေါ်
မူတည်ပြီး Quality & Value ဆိုတာ အဓိပ္ပါယ်တမျိုးစီ ဖြစ်သွားမှာပါ )

28/04/2023

" ရှိသမျှပုံအောပြီး မဂ်လာဆောင်သင့်သလား "

*( တစ်ယောက်ချင်းစီတိုင်းရဲ့ သဘောထားတွေကိုလည်း
ကြားချင်မိပါတယ် .. ဒါဟာ ကျွန်တော် တစ်ဦးတည်းရဲ့
အမြင်နှင့်သုံးသပ်ချက်မျှသာ ဖြစ်ပါသည်။ )

18/04/2023

*ပေါတောတော Video တစ်ခု Reaction လုပ်ကြရအောင်။😃

17/04/2023

ဘာသာရေးဆိုတာ ခင်ဗျား ဘယ်လို နားလည်ထားလဲ ? မေးချင်ပါတယ်။

*ငါ့ရဲ့ ဘာသာရေးခံယူချက်နှင့်အမြင်ကတော့ ရိုးရှင်းပါတယ်။

" ဘယ်လူသားမှ နတ်ပြည်ကောင်းကြောင်း၊ ကောင်းကင်
နိုင်ငံကောင်းကြောင်း ပြန်အကြောင်းမကြားသေးဘူး "🙄

#ဘာသာရေးမဟုတ်သော ဘာသာရေးအကြောင်း_Part_2

15/04/2023

ဘာသာရေးဆိုတာ "ဂျင်း" လို့ ဘာ့ကြောင့် ငါပြောနိုင်တာလဲ ??

*( #ဘာသာရေး_မဟုတ်သော_ဘာသာရေးအကြောင်း_Part_1 )

09/04/2023

ကျွန်တော့်ရဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းကို ရင်ဖွင့်ထားတာပါ။

( တစ်ဦးတစ်ယောက်အတွက် အကျိုးရှိမယ်
ယုံကြည်ပါတယ်.. တဖက်သတ် လွန်ဆွဲမှုအားကြီးတဲ့
အချစ်နှင့် အိမ်ထောင်ခရီးဟာ မသာယာနိုင်ပါဘူး..
အပြန်အလှန် လေးစားနားလည်မှု ထားနိုင်ကြပါစေဗျာ🥰 )

31/03/2023

#ဆုတောင်းခြင်း_ကြောင့်လား?
#အတိတ်ကုသိုလ်ကံ_ကြောင့်လား?

* ဒီဘာသာရေးသမား လူပျိုကြီးနှစ်ယောက်
ငြင်းခုန်တဲ့ပြသနာကို ဝိုင်းကူအဖြေရှာပေးကြပါအုံး🙄)

( Serious မယူပါနဲ့ .. အိပ်မရလို့ အိုင်တင်ကျင့်ဖို့
အပျော်သက်သက် ထလုပ်တာပါ😅 .. )

19/03/2023

" မိသားစု "

( Caption တကူးတက မရေးတော့ဘူး။ )

18/03/2023

#အချစ်ဆိုတာ_ဘာလဲ။

❣️( ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အဘိဓာန်ထဲမှာ ဘယ်လို အနက်ဖွင့်ထားကြလဲ ? )

❣️( အချစ်နှင့်ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခံယူချက်နှင့်အမြင်ကို အလွတ်သဘော ဆွေးနွေးထားပါတယ် )

09/03/2023

"ဆရာ" လို့ မခေါ်ကြပါနဲ့ဗျာ၊ ကျွန်တော် ဘယ်တုန်းကမှ ဆရာမဟုတ်ခဲ့ဖူးပါဘူး။

" JD , အစ်ကို၊ညီ , Bro " တခုခုနှင့်ခေါ်တာ ပိုသဘောကျတယ်ဗျာ။

( ခင်ဗျားတို့လိုပဲ ကိုယ့်အမြင်နှင့်ခံယူချက်‌တွေကို ရိုးရိုးလေးချပြနေတဲ့ သာမန်လူတစ်ယောက်ပါခင်ဗျာ )

"ဆရာ"ခေါ်ကြလို့ ငါစိတ်ကြီးဝင်ပြီး ဘဝင်တွေရူးကုန်ရင် ဒင်းတို့‌တွေ တရားခံဖြစ်သွားမယ်.. ဘာမှတ်🙄

06/03/2023

Comment ပိတ်ခံနေရလို့ ငါ့ Video အောက်မှာ လာငိုတဲ့မျက်ကန်းတွေအားလုံးကို ဒီကနေပဲ မေးပါရစေ။

1* ပေါလုက တမန်တော်ကြီးတွေကို ကိုယ်ထိလက်ရောက်စော်ကားပြီး ရိုက်နှက်ဖမ်းစီးခဲ့ပေမယ့် ဘာ့ကြောင့် မသေသွားတာလဲ။ ( ဒေဗစ်လှကို ထောက်ပြရင် သေမယ်လို့ ခြောက်လန့်နဲ့ ငပိန်းတွေအားလုံး ဖြေကြ။ )

2* ခင်ဗျားတို့ ချမ်းသာနေကြပြီလား.. တစ်ယောက်လောက်ရှေ့ထွက်ပါ😀။ အနည်းဆုံး USD 1million လောက်မရှိပဲနှင့်တော့ ချမ်းသာတယ်လို့ ပြောမထွက်မိစေနဲ့.. ရှက်စရာ🙈
(မင်းတို့ဆရာက ဘုရားသားသမီးမှန်ရင် ချမ်းသာရမယ် ပြောတယ်နော်၊ မချမ်းသာရင်တော့ လမ်းဘေးသားသမီးပဲ🙄🤣 )

ကဲ ဖြေကြကုန်လော! သူတော်ကောင်းငကန်းအပေါင်းတို့😆။ ‌အ‌ဖြေလေးတွေ စောင့်နေတယ်နော်၊ ရွှေဥာဏ်တော်တွေ ဘယ်လောက်စူးရှလဲ ကြည့်ကြတာပေါ့။

ပြေးဖို့‌တော့ မကြံနဲ့😝။

05/03/2023

" #ဆင်းရဲ့တဲ့_မြန်မာပြည်ကအမှုတော်ဆောင်တွေကို_မထောက်ပံ့နဲ့ " ဆိုတဲ့

*Prosperity Preacher တစ်ဦးရဲ့ အလွဲတွေကို
Reaction vd ပုံစံဖြင့် ကျွန်တော့်အမြင်နှင့်ခံယူချက်ကို
အနည်းငယ်ချပြထားပါတယ်။

*အဆုံးထိ နားထောင်ပြီးရင် မိတ်ဆွေတို့ရဲ့ မတူညီတဲ့
ခံယူချက်၊သဘောထားတွေကို ဝင်ရောက်ဆွေးနွေးပြီး
သဘောထားကွဲလွဲနိုင်ပါတယ်။

( Vd တအားမရှည်အောင် အတတ်နိုင်ဆုံး ဖြတ်၊ညှပ်ပြီးတော့ တည်းဖြတ်ခဲ့တာပါ )

28/02/2023

ဒီPageဟာ ငါ့ရဲ အတွေးအခေါ်အယူအဆ၊
အမြင်တွေကို တစ်နေရာတည်းမှာ သီးသန့်
တစ်စုတစည်း ထားရစ်၊ကျန်ရစ်စေဖို့ ထောင်တာပါ..

လူတွေရဲ့အကြိုက် လိုက်ပြောဖို့ ငါမွေးဖွားလာတာ
မဟုတ်သလို မျက်နှာချိုသွေးပြီး ဖော်လိုဝါ
ရှာတဲ့အထဲတော့မပါဘူးပေါ့။

လူတိုင်းရဲ့ လွပ်လပ်ခွင့်ကို အပြည့်အဝလေးစား
ပြီးသားပါ။ ကြိုက်ရင်နားထောင်၊ မကြိုက်ရင် လစ်နိုင်ပါတယ်။ ( မလေးမစားနှင့်ပြောတာ မဟုတ်ရပါ )

ကျွန်တော်တို့ အားလုံးမှာ မတူညီတဲ့အတွေးအခေါ်၊
အယူအဆ ကိုယ်စီနှင့် တူညီတဲ့ လွပ်လပ်ခွင့်ကိုယ်စီ
သဘာဝကြီးက ပေးထားပြီးသားပါ။

အားလုံး Peace ✌️ ပါ။

27/02/2023

#ငါဘာ့ကြောင့်_ပေါက်ကွဲပြီး_ဆဲခဲ့တာလဲ??

( ပုဂိုလ်ရေး၊ ဘာသာရေးမုန်းတီးမှု ငါ့မှာ လုံးဝ
(အလျင်း)မရှိ။ အမှန်တရားအတွက်ရပ်တည်ပြီး
ငါ့ပတ်ဝန်းကျင်နှင့်လူတွေကို ကာကွယ်ဖို့ သမိုင်းပေးတဲ့
တာဝန်ကို ထမ်းဆောင်နေခြင်း သက်သက်ဖြစ်ပါတယ်။ )

လူမှန်ရင် လူစိတ်ရှိရပါမယ် ...

မငိုကြနဲ့တော့နော် .. ညီလေး၊ညီမလေးတို့🥺

ကော်ရီး_စိတ်မကောင်းဘူး🙄

21/02/2023

" ချင်းလူမျိုးတွေအကြောင်း တစ်စေ့တစ်စောင်း "

*စည်းလုံးခဲ့ကြတဲ့ ချင်းလူမျိုးတွေ ဘာ့ကြောင့် စိတ်ဝမ်းကွဲ၊အစိပ်စိပ်အမွှာမွှာ ဖြစ်သွားရတာလဲ ?

*ဒီနေ့ ခေတ်လူငယ်တွေကရော သမိုင်းတွေပေါ်ကနေ သင်ခန်းစာယူနိုင်ကြရဲ့လား ?

*ဘာသာစကားမတူတဲ့အားနည်းချက်ဟာ တကယ်ပဲ အကြောင်းပြချက် ဖြစ်နေတော့မှာလား ?

ဒီမေးခွန်း၊ ဒီအကြောင်းအရာတွေကို စဥ်းစားရင်း ကျွန်တော့်အမြင်ကို အရိုးသားဆုံး ဆွေးနွေးကြည့်ခြင်းဖြစ်ပါတယ်။

*( လိုအပ်ချက်တွေရှိရင် ကျွန်တော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါသည် )

( #ချင်းအမျိုးသားနေ့ Feb 20, 2023 ရည်စူးပြီးလုပ်ခဲ့တာဖြစ်ပေမယ့် Editting ပြန်လုပ်ရတာနှင့် အချိန်မှီ မတင်နိုင်ခဲ့ဘူး ဖြစ်သွားပါတယ် )

19/02/2023

မနေ့က ဒေးဗစ်လားကို တွေ့ဖို့ သူ့တရားပွဲမကို သွားခဲ့ပေမယ့်
တရားပွဲမပြီးသေးပဲ သူပြန်နှင့်သွားလို့ မတွေ့ခဲ့ကြပါဘူး ။😎

( စာနှင့်ရေးရင် ရှည်တယ် .. အောက်မှာ ကိုယ့်ဘာသာကြည့်တော့။ အကြောင်းပြန်ပါဆိုကြလို့ ပြောပြတာပါ .. )

19/02/2023

#နိဒါန်း ..

ငါ ဘာ့ကြောင့် Prosperity Preacher တွေကို ခါးခါးသီးဖြစ်နေတာလဲ?

ငါ့ရဲ့ ရပ်တည်ချက်က ဘာလဲ ? သိချင်ရင် အရင်ကြည့်ပြီးမှ လေကန်။

( လူတွေရဲ့ထောက်ခံတာ၊ မထောက်ခံတာတွေကို ငါစိတ်မဝင်စားပါ )

Address

OK

Alerts

Be the first to know and let us send you an email when JD-Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JD-Vlog:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share