Shalom Myanmar Media

Shalom Myanmar Media Media & Ministry Music, Preaching, Teaching, Interview & Testimony.

ကဲ... ဘယ်လိုသ​ဘောရလဲ ဆရာသမားတို့​ရေ... comment မှာ အမြင်​လေး​တွေ ​ရေး​ပေးကြပါအုံး။ အသင်းတော်အများစုအ​နေနှင့် ဆင်ခြင်သင့်...
12/27/2024

ကဲ... ဘယ်လိုသ​ဘောရလဲ ဆရာသမားတို့​ရေ... comment မှာ အမြင်​လေး​တွေ ​ရေး​ပေးကြပါအုံး။ အသင်းတော်အများစုအ​နေနှင့် ဆင်ခြင်သင့်တဲ့ အရာ​တွေပါ။ ​အခုနောက်ပိုင်း ဓမ္မသီချင်း​တွေရဲ့ quality ​တွေ တဖြည်းဖြည်းကျလာတာ​တွေက ဘာ​ကြောင့်လဲ။

12/27/2024

Son of God
Ps Thang Tawng
ဒီလိုမျိုးအရည်အ​သွေးရှိပြီးဝိညာဥ်​ကောင်းကြီးဖြစ်​စေတဲ့ ဓမ္မသီချင်း​တွေ များများစီးထွက်နိုင်ပါ​စေ...
Crd.

Santa claus ဆိုတာ​ပေါ့...Justin Bieber ဟာ အိမ်ခြေယာမဲ့တွေအတွက် အစားအစာနဲ့ ရေကို တိတ်တဆိတ် ဝယ်ယူနေတာကို တွေ့ခဲ့ရပါတယ်။အိမ...
12/25/2024

Santa claus ဆိုတာ​ပေါ့...
Justin Bieber ဟာ အိမ်ခြေယာမဲ့တွေအတွက် အစားအစာနဲ့ ရေကို တိတ်တဆိတ် ဝယ်ယူနေတာကို တွေ့ခဲ့ရပါတယ်။အိမ်ခြေယာမဲ့တစ်ယောက်ရဲ့ဘေးမှာထိုင်ပြီး သူ့ဘဝအကြောင်းပြောပြနေတာကိုတိတ်ဆိတ်စွာနားထောင်နေခဲ့ပါတယ်။ သူ့ကိုစူပါစတားတစ်ယောက်ဆိုတာ သူသိပုံမရပါဘူး။

သူတို့ကို အကူအညီပေးပြီးနောက် Justin Bieber ဟာထကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပါတယ်။

 # ​လောကဝမ်း​မြောက်ဘုရားကြွလာ- 2024 ခရစ္စမတ်အစီစဥ်အျား
12/23/2024

# ​လောကဝမ်း​မြောက်ဘုရားကြွလာ
- 2024 ခရစ္စမတ်အစီစဥ်အျား

12/12/2024

# အဆို​တော် ဝိုင်ဝိုင်း​ပြောတဲ့ PRAY-ဆု​တောင်းခြင်း
- GOD Bless HWC!
# Crd to HWC

12/10/2024
12/06/2024

# ဘုရားရဲ့ချစ်ခြင်း​မေတ္တာ (Official)
​တေး​ရေး - David Brang Aung Hla
​တေးဆို - Judisan

12/05/2024

# ဓမ္မသီချင်းအသစ်က​လေးနှင့် ခွန်အားယူကြရ​အောင်
# ​ကျေးဇူးတင်တယ် (Official)
​တေး​ရေး- Taung Hlaing
​တေးဆို - Luai Za Hmung
# Covid ကာလ ဒုတိယလှိုင်းမှာ မိသားစု Covid အကူးခံလိုက်ရ​တော့ ​အောက်စီဂျင် ကျလာပြီးအသက်တခါရှုရဖို့ကိုမနည်း ရှုန်းကန်​နေခဲ့ရတယ်။ မနက်ဖန်ဆိုတာ ငါ့အတွက်ရှိပါအုံးမလား ဆိုတာတွေးပြီး၊ ကိုယ်​တော်အလိုရှိတဲ့အတိုင်းဖြစ်ပါ​စေဆိုပြီး အလို​တော် ဝန်ခံခဲ့ပါတယ်။ ဘုရား​ကျေးဇူး​တော်​ကြောင့် နှစ်ပါတ်​လောက်ကြာတဲ့အခါ ပြန်လည် ကျန်းမာလာခဲ့တယ်။ အဲဒီအချိန်မှာ ​ကျေးဇူးတင်တယ် ဆိုတဲ့ သီချင်းစာသား​တွေကို ချ​ရေးခဲ့တယ်။ မကြာခင်မှာ အခု ဒီသီချင်းကို ​ရေးစပ်တဲ့ ကျ​တော် ​လေးစားရတဲ့ ​တေး​ရေး/​တေးဆို ကို​သောင်းလှိုင်နဲ့ ​တွေ့​တော့ ဒီအ​ကြောင်း​တွေကို​ပြောဖြစ်​တော့ သူလည်း '​ကျေးဇူးတင်တယ်' ဆိုတဲ့ သီချင်း​တစ်ပုဒ်ရေး​နေတယ်လို့​ပြော​တော့ဒါက တိုက်ဆိုင်မှု​တော့မဟုတ်နိုင်ဘူး ဘုရားဖွင့်ပြတာပဲဖြစ်မယ်လို့ယုံကြည်တယ်။ ​နောက်တ​ခေါက် ကို​သောင်းလှိုင်နဲ့ ပြန်​တွေ့​တော့ သူက ဒီသီချင်းကို ဆိုပြ​တော့ စိတ်နှလုံးသားအရမ်းထိတယ်။ ကျ​တော် မပြီးနိုင်တဲ့ သီချင်းကို ဘုရားက သူ့အားဖြင့် ပိုပြီး လုံးဝလှပပြည့်စုံ​စေခဲ့တယ်။ သံစဥ်ရယ်၊ စာသားရယ်အရမ်းထိတယ်။ Recording လုပ်တဲ့အခါများမှာလည်း မျက်ရည်မကျရ​လေ​အောင်မနည်းထိန်းရတယ်။ ဘုရားရဲ့ ​ကျေးဇူး​တော်ကြီးမားလွန်းလှပါတယ်။
# To live is Christ, to die is gain!

အားလုံးကို ဖိတ်​ခေါ်ပါတယ်။ Myanmar outreach ministry ရဲ့ ၁၀ နှစ်ပြည့် အစီအစဥ် နှင့် နှစ်ရက်တာ အားဖြည့်​လောင်းသင်တန်း တက်...
11/16/2024

အားလုံးကို ဖိတ်​ခေါ်ပါတယ်။ Myanmar outreach ministry ရဲ့ ၁၀ နှစ်ပြည့် အစီအစဥ် နှင့် နှစ်ရက်တာ အားဖြည့်​လောင်းသင်တန်း တက်​ရောက်ပါရန် ဖိတ်​ခေါ်ပါတယ်။ ​နေ့လည်စာ နှင့် လမ်းစာရိတ်များပြင်ဆင်ထားပါသည်။
ဆက်သွယ်ရန်
Rev. Ling Choi

Trump  နိုင်တာ 💯သေချာသွားပါပြီ။🙏ကျေးဇူးတော်ချီမွမ်းပါတယ် 👏Congratulation President Donald J Trump!American Great Again👍👏
11/06/2024

Trump နိုင်တာ 💯သေချာသွားပါပြီ။
🙏ကျေးဇူးတော်ချီမွမ်းပါတယ် 👏

Congratulation President Donald J Trump!
American Great Again👍👏

အ​မေရိကန်​ရွေး​ကောက်ပွဲအတွက် ဆက်ဆု​တောင်း​ပေးကြရ​အောင်ဘုရားအလို​တော်ရှိ​သော ​ခေါင်း​ဆောင် ဘုရားတင်​မြှောက်ဖို့ရန်....
11/06/2024

အ​မေရိကန်​ရွေး​ကောက်ပွဲအတွက် ဆက်ဆု​တောင်း​ပေးကြရ​အောင်ဘုရားအလို​တော်ရှိ​သော ​ခေါင်း​ဆောင် ဘုရားတင်​မြှောက်ဖို့ရန်....

 # ပဥ္စမအကြိမ်​မြှောက် # က​လောမြို့၊​ရွှေ​တော​ကျေးရွာရှိ ​ရေ​ဘေးသင့်ပြည်သူများအား သွား​ရောက်​မေတ္တာပြ(17/10/2024)- က​လော...
10/17/2024

# ပဥ္စမအကြိမ်​မြှောက်
# က​လောမြို့၊​ရွှေ​တော​ကျေးရွာရှိ ​ရေ​ဘေးသင့်ပြည်သူများအား သွား​ရောက်​မေတ္တာပြ(17/10/2024)
- က​လောမြို့ဆိုတာ မြန်မာနိုင်ငံမှာ​နေချင်စရာအ​ကောင်းဆုံး​တွေထဲက တစ်ခုဖြစ်ပါသည်။ သို့​သော်ယခုချိန်မှာ​တော့ ​ရေ​ဘေး​ကြောင့် တစ်မြို့လုံးဒုက္ခ​ရောက်​နေကြပါတယ်။ တစ်ချို့အိမ်များသည် ​ရွံ့​မြေမျို၍​မြေကြီးဖုံးလွှမ်းလျှက်ရှိပြီးအိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါသည်။ ယ​နေ့ ကျန်​တော်တို့သွားခဲ့​သော ​ရွှေ​တောနှင့်အနီးရှိရွာများ၏အိမ်​ခြေစုစု​ပေါင်း ၈၀၀ ဝန်းကျင်ခန့်သည်ယ​နေ့ထိ​ရေ​ဘေးသင့်လျှက်ရှိ၍ အကူအညီအရမ်းလိုအပ်လျှက်ရှိပါသည်။ ​နောက်ထပ်သွား​ရောက် ကူညီ နိုင်ဖို့ သတိရဆု​တောင်း​ပေးကြပါရန် ​မေတ္တာရပ်ခံပါသည်။
Shalom Myanmar

10/11/2024

က​လောမြို့ ​ရေ​ဘေးသင့်ပြည်သူများအားကယ်ဆယ်​ရေး အတွက်ပထမ​ခြေလှမ်းပါ။ ဒီ​နေ့ပစ္စည်း တချို့​တော့ဝယ်​နေပါပြီ။ ​နောက်ထပ်ဝယ်ဖို့လည်းလိုပါ​သေးတယ်။ ပါဝင်လှူဒါန်းချင်​သေားသူများကိုလည်းဖိတ်​ခေါ်ပါတယ်။ လာမည့်အပါတ် ၁၆-18/10/2024 ​နေ့တွင်က​လောမြို့သို့ကယ်ဆယ်​ရေးသွားပါမည်။ Thank you!

 # ပဥ္စမ​မြှောက်​က​လောမြို့ရေ​​ဘေးအတွက်ဖိတ်​ခေါ်ခြင်း- မြန်မာပြည်မှာ ​နေချင်စရာအ​ကောင်းဆုံး မြို့​တွေထဲမှာ က​လောမြို့ သည...
10/11/2024

# ပဥ္စမ​မြှောက်​က​လောမြို့ရေ​​ဘေးအတွက်ဖိတ်​ခေါ်ခြင်း
- မြန်မာပြည်မှာ ​နေချင်စရာအ​ကောင်းဆုံး မြို့​တွေထဲမှာ က​လောမြို့ သည်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ​ပေမဲ့ အခု​တော့ အဲဒီမြို့နှင့်အနီးမှာရှိတဲ့ ရွာ​တွေဟာ ​နေချင်စရာမ​ကောင်း​တော့တဲ့အပြင်၊​နေလို့မရ​တော့တဲ့ ​နေရာ​တွေဖြစ်သွားပါတယ်။ ရွာ​ပေါင်းများစွာဟာ ရွံ​မြေ​တွေထဲ​ရောက်သွားပြီးမိသားစု​တွေဟာအိမ်​ခြေမဲ့​တွေ ဖြစ်သွားကြတယ်။ ​ရွှေ​ချောင်းရွာတို့ဆိုတာ က​လောမြို့နဲ့ အရမ်း​ဝေးတဲ့​နေရာဖြစ်တဲ့အတွက်​ကြောင့် အလှူရှင်​တွေ၊ ​ရေဘေးကယ်ဆယ်​ရေး​တွေ အ​ရောက်ပေါက်အရမ်းနည်းပါတယ်။
- အဲတာ​ကြောင့်ဒီတစ်​ခေါက် ကျန်​တော်တို့ Shalom Myanmar Media Ministry အ​နေနှင့် လာမည့် အပါတ် (၁၆-၁၈/၁၀/၂၀၂၄) ရက်​တွေမှာ ပဥ္စမ​မြှောက်အဖြစ် အဲ့ဒီရွာ​တွေမှာ သွား​ရောက်ပြီး​ရေ​ဘေးကယ်ဆယ်​ရေး​တွေ၊ ​ဆေးဝါးကုသမှု​တွေ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့​ကြောင့် ထို​ရေ​ဘေးကယ်ဆယ်​ရေး လုပ်ငန်းများအတွက် ​ဆု​တောင်းခြင်းအားဖြစ်၎င်း၊ လူအင်အား အားဖြစ်၎င်း၊ ငွေ​ရေး​ကြေး​ရေး အားဖြင့်၎င်း ပါဝင်ကြပါရန် အသင်း​တော်များ၊ အဖွဲ့အစည်းများ၊ မည်သူမဆို ပါဝင်နိုင်ကြပါရန်ဖိတ်​ခေါ်ပါသည်။
Shalom Myanmar

10/09/2024

ကယားပြည်နယ်၊လိုဘာခိုကျေးရွာကစပါးခင်းပျက်စီးခဲ့တဲ့အိမ်ထောင်စုတွေကို‌ပေးလှူခြင်းအတွက် လက်ခံရရှိသူတွေကိုယ်စားကျေးဇူးတင်ကြောင်းပြောခြင်းဖြစ်ပါသည်။

 # စတုတ္ထအကြိမ်​မြှောက်​ရေ​ဘေးအလှူ- 8.10.2024 (တနင်္လာ​နေ့) တွင် ကယာပြည်နယ်​ဒေသရှိ ဖယ်ခုံ၊မိုးဗြဲ၊နန်းမယ်ခုံ နှင့်ဘုရားန...
10/07/2024

# စတုတ္ထအကြိမ်​မြှောက်​ရေ​ဘေးအလှူ
- 8.10.2024 (တနင်္လာ​နေ့) တွင် ကယာပြည်နယ်​ဒေသရှိ ဖယ်ခုံ၊မိုးဗြဲ၊နန်းမယ်ခုံ နှင့်ဘုရားနီးရွာတို့တွင် ရှိရေ​ဘေးသင့်ပြည်သူ စုစု​ပေါင်း ၁၂၅ အိမ်​ထောင်စုတို့အား အ​ခြေခံစားသုံးကုန်များနှင့် အသုံးအဆောင်ပစ္စည်းတချို့အား​ Shalom Myanmar Ministry မှပေးကမ်းလှူဒါန်းနိုင်ခဲ့ပါသည်။ ယခုကဲ့သို့ဒါနပြု လုပ်​ဆောင်နိုင်ဖို့ရန် ငွေ​ရေး​ကြေး​ရေးအားဖြင့် ပါဝင်​ပေးကြပါ​သော Indiana Bathel Church, USA မှ အသင်း​သူ/သားအားလုံးကိုအထူး​ကျေးဇူးတင်ပါသည်။ ဘုရားသာ၍​ကောင်းကြီး​ပေးကြပါ​စေ။
ကယားပြည်နယ်သည်ခရီးသွားကန့်သတ်ထားသည့်​နေရာဖြစ်​သော​ကြောင့်အလှူရှင်အ​ရောက်နည်းပါး​သော​နေရာဖြစ်ပါသည်။ ​ရေကြီး​ရေလျှုံမှုများ​ကြောင့်ယ​နေ့တိုင် ​အိမ်များ​ရေမြှပ်လျှက်ရှိကာ​နေထိုင်လို့မရ​သေးပါ။ ထို​ကြောင့်​ဒေသရှိပြည်သူ တို့သည် ဘုန်းကြီး​ကျောင်းများ၊ ဘုရား​ကျောင်းများတွင်သာ ​ယ​နေ့ထိတိုင်နေထိုင်လျှက်ရှိကြပါသည်။ ထိုသူတို့အတွက်ဆက်ပြီး သတိရဆု​တောင်း​ပေးကြပါရန်လည်း​မေတ္တာရပ်ခံပါသည်။
လာမည့်အပါတ် 16-17,10,2024 တွင် Shalom Myanmar Ministry မှ က​လောမြို့ နှင့်အနီးရှိရွာများသို နှစ်ရက်တာ ​ရေ​ဘေးကယ်ဆယ်​ရေး နှင့်​ဆေးကုသခြင်းများပြုလုပ်သွာမည်ဖြစ်ပါသည်။ မည်သူမဆို ဆု​တောင်းခြင်းအားဖြစ်​သော်၎င်း၊ ကိုယ်တိုင်ပါဝင်ခြင်းအားဖြစ်​သော်၎င်း၊​ငွေ​ရေး​ကြေး​ရေးအားဖြစ်​သော်၎င်းပါဝင်နိုင်ရန်ဖိတ်​ခေါ်ပါသည်။
Shalom Myanmar

 # တတိယအကြိမ်​မြှောက်​ရေ​ဘေးအလှူ (ကယားပြည်နယ်) # မ​နေ့(27-9-2024)တွင် ကယားပြည်နယ်တွင်​ရေ​ဘေး​ကြောင့် ဒုက္ခ​ရောက်​နေ​သော ...
09/28/2024

# တတိယအကြိမ်​မြှောက်​ရေ​ဘေးအလှူ (ကယားပြည်နယ်)
# မ​နေ့(27-9-2024)တွင် ကယားပြည်နယ်တွင်​ရေ​ဘေး​ကြောင့် ဒုက္ခ​ရောက်​နေ​သော ​ရေ​ဘေးဒုက္ခသည် အိမ်​ထောင်စု (၈၃)အိမ်​ထောင်အားအ​ခြေခံလိုအပ်​သောအစားအစာများကိုလှူဒါန်းခဲ့ကြပါသည်။ ယခုလိုပါဝင်လှူဒါန်းခြင်းသည်အလှူရှင်များ၏​စေတနာစိတ်ဖြင့် ထည့်ဝင်လှူဒါန်း​သောအလှူ​ငွေအားဖြင့်သာပါဝင်နိုင်ခြင်းဖြစ်ပါသည်။ ထို​ကြောင့် အလှူရှင်များအားလုံးကို ​ကျေးဇူးအထူးတင်ပါသည်။ဘုရားသာ၍​ကောင်းကြီး​ပေးပါ​စေ။
# ကယာပြည်နယ်သည် ကန့်သတ်နယ်​မြေဖြစ်​သော​ကြောင့်ကိုယ်တိုင်မသွား​ရောက်နိုင်​သော်လည်း ယုံကြည်စိတ်ချရ​သော ဓမ္မဆရာများမှတဆင့်ယခုကဲ့သို့လှူဒါန်းရခြင်းဖြစ်ပါသည်။

Address

11202 Dappled Light Trail
Mint Hill, NC
28227

Alerts

Be the first to know and let us send you an email when Shalom Myanmar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shalom Myanmar Media:

Videos

Share

Category