နွေဦးတော်လှန်ရေး

နွေဦးတော်လှန်ရေး Media engagement with the people with their neighbour/environmen. Specially to let every one know w
(3)

08/24/2024

၃၅ ကနေ ၆၅ ထိဆိုတော့မထူးပါဘူး
လက်ရှိအကုန်နှုတ်ထွက်လိုက်
ငါတို့အကုန်စစ်ထဲဝင်လိုက်မယ်လေ

နေကောင်းရင် ရခိုင်သွားရမယ်နော် 🥰
03/28/2024

နေကောင်းရင် ရခိုင်သွားရမယ်နော် 🥰

တခေတ် တခါက ဖွတ်ဆယ်လီမမတွေကိုပြန်လည်ဖော်ထုတ်ချင်း
03/06/2024

တခေတ် တခါက ဖွတ်ဆယ်လီမမတွေကိုပြန်လည်ဖော်ထုတ်ချင်း

ဘယ်ကောင်မ အရင် တိုင်းပြည်အတွက် အသက် ပေးလှူမလဲ လောင်းကြမလားဟေ့ 👀💀
02/19/2024

ဘယ်ကောင်မ အရင် တိုင်းပြည်အတွက် အသက် ပေးလှူမလဲ လောင်းကြမလားဟေ့ 👀💀

သဘောပါလား သားတို့သမီးတို့ 😎
02/12/2024

သဘောပါလား သားတို့သမီးတို့ 😎

I'd rather saveThe angels down💔💔
02/07/2024

I'd rather save
The angels down💔💔

ဒါလေးတောင်မြင်အောင်မကြည့်တတ်တာမြောက်ရွာကဟာတွေ👉💩👈စားပြီးကြီးလာကြတာများလား 🤨
11/01/2023

ဒါလေးတောင်မြင်အောင်မကြည့်တတ်တာ
မြောက်ရွာကဟာတွေ👉💩👈စားပြီးကြီးလာကြတာများလား 🤨

မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို စစ်တပ်က သေဒဏ် အမိန့်ချမှတ်+++++++++++ဧပြီ ၂၉ ရန်ကုန်တိုင်း၊ မြေ...
04/29/2023

မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို စစ်တပ်က သေဒဏ် အမိန့်ချမှတ်
+++++++++++
ဧပြီ ၂၉

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင်ကို အကြမ်းဖက် စစ်တပ်က သေဒဏ် အမိန့်ချမှတ်ခဲ့တယ်လို့ မြောက်ဥက္ကလာမြို့နယ် ကျောင်သားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဆီက သိရပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ မြောက်ဥက္ကလာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို အင်းစိန် ထောင်တွင်း စစ်ခုံရုံးက သေဒဏ်အမိန့်ကို ထပ်တိုး ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကိုကောင်းဆက်ပိုင်ကို ပြီးခဲ့တဲ့ မတ်လ ၂၂ ကလည်း အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့နဲ့ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချမှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

" ဧပြီ ၂၅ ရက်နေ့မှာ ပုဒ်မ ၅၀ ဈ၊ ၄၉ က တို့နဲ့ သေဒဏ်ချမှတ် ခဲ့တယ်လို့သိရတယ်။ ကျွန်တော့် အနေနဲ့ပြောချင်တာ ဖက်ဆစ်တပ်ကနေပြီး ခုလို ငယ်ရွယ်တဲ့ကျောင်းသား တစ်ယောက်ကို မတရားမိန့်ချတာက ကျောင်းသားထုတစ်ရပ်လုံးကို မထီမဲ့မြင်ပြုတာဖြစ်တယ် စိန်ခေါ်တာဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းသားထုအနေနဲ့ ကတော့ ခုလို ပြစ်ဒဏ်တွေကို တုန်လှုပ်မှာမဟုတ်ဘူး ကြောက်ရွံ့မှာမဟုတ်ဘူး။ သေဒဏ်ဆိုတဲ့ မတရား ပြစ်ဒဏ်က ကျောင်းသားထုရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး လုပ်ငန်းတွေကို ရပ်တန့်လို့ရမှာမဟုတ်ဘူး။ တစ်ချိန်မှာ စစ်အုပ်စုက သူတို့ရဲ့မဆင်မခြင် လုပ်ရပ်တွေအတွက် ကျိန်းသေ ပေးဆပ် ရမယ်။ အလိုဖြစ်အောင်လည်း ကျွန်တော်တို့ အဘက်ဘက်ကနေ လုပ်ဆောင်သွားမယ်လို့ ပြည်သူတစ်ရပ်လုံးကို ပြောချင်ပါတယ်" လို့ မြောက်ဥက္ကလာမြို့နယ် ကျောင်သားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အညာနွေနေပူပူမှာသူတို့ရင်ထဲလဲ ဘယ်လောက်တောင်ပူနေရှာကြမလဲ။ကိုယ့်မိသားစု၀င်တယောက် ရိုးရိုးတန်းတန်း သေဆုံးရင်တောင် အယူအစွဲဘာည...
04/18/2023

အညာနွေ
နေပူပူမှာ
သူတို့ရင်ထဲလဲ ဘယ်လောက်တောင်ပူနေရှာကြမလဲ။
ကိုယ့်မိသားစု၀င်တယောက် ရိုးရိုးတန်းတန်း သေဆုံးရင်တောင် အယူအစွဲဘာညာ အကြောင်းပြလို့ ၇ ရက် ၇ လီ လွမ်းကြဆွေးကြနဲ့။
အချို့ဆို တလပြည့်တောင် အကြောင်းပြ သတိတရ အလှူအတန်းလုပ်ကြသေးတာ။
တမိသားစုလုံး တမျိုးလုံးနီးပါး ရုပ်ချည်းပျောက်ဆုံးကုန်ကြတဲ့ သူတို့ရင်ထဲ ဘယ်လောက်တောင်ပူနေကြရှာမလဲ။ ဖြေမဆည်နိုင်ဘူး ပဇီကြီးရယ်။
မအလ လာတုံးက
ဒေါက်ဖိနပ်လျှောက်သံနဲ့ ရဲရဲတောက် ကြိုခဲ့ဘူးတဲ့ အညာဒေသအပေါ် အုပ်ချုပ်သူလူကြီးမပီမသ ဂလဲ့စားခြေလိုက်ပုံက သိပ်ကို အဆင့်မဲ့လွန်းတယ်။
ဒီအရာတွေအားလုံးအတွက် မြေကိုကိုင်ပြီးကြိမ်တယ်။
၀ဠ်ဆိုတာလည်စမြဲမို့ အဆပေါင်းများစွာ ပြန်လည်ပေးဆပ်ရမယ်။

ကိုယ်က“တွဲ”မှ မြဲမဲ့လက်တွေမလိုချင်တော့ဘူးရေခဲတောင်ကြီး အေးချမ်းပါစေ 🤌 #မိုင်းကုန်းဆျာတော် 🙏🙏🙏
04/18/2023

ကိုယ်က“တွဲ”မှ မြဲမဲ့လက်တွေမလိုချင်တော့ဘူး
ရေခဲတောင်ကြီး အေးချမ်းပါစေ 🤌
#မိုင်းကုန်းဆျာတော် 🙏🙏🙏

ဪ.... 🙃
04/16/2023

ဪ.... 🙃

◼သေဆုံးသူ အရပ်သားပြည်သူ ၁၄၄ ဦးထိ ရှိလာပြီး ခလေးငယ် ၂၁ ဦး ပါဝင် ဧပြီ (၁၃) ရက်ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြေ...
04/13/2023

◼သေဆုံးသူ အရပ်သားပြည်သူ ၁၄၄ ဦးထိ ရှိလာပြီး ခလေးငယ် ၂၁ ဦး ပါဝင်

ဧပြီ (၁၃) ရက်

ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၁၄၄ ဦးထိ ရှိလာပြီး ခလေးငယ် ၂၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ပဇီကြီးကျေးရွာက ၁၁၉ ဦး၊ လေးတွင်းစဥ်ရွာက ၁၀ဦး၊ ရွာသာယာရွာက ၁၄ ဦးနဲ့ ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းကြီးရွာက ၁ဦး ဖြစ်ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါဝင်နေပြီး သေဆုံးသူစာရင်းကို ဆက်လက်ပြုစုနေကြပါတယ်။

"ဒဏ်ရာရသူ ၂၀ ကျော်ထဲက ဆေးကုသရင်း သေဆုံးသွားသူ ၃ ဦး ရှိပါတယ်။ ဒဏ်ရာရသူတွေထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးပါဝင်ပြီး တစ်ဦးလက်ဖြတ်လိုက်ရပါတယ်။ မိသားစုလိုက်ပါသွားတာကို ၃၀ ထက် မနည်းဘူး"

လို့ဒေသခံတဦးရဲ့ အဆိုကို PVTV က ဖော်ပြထားပါတယ်။

ရုပ်အလောင်းတွေကို ဧပြီ ၁၃ရက်မှာ သင်္ဂြိုလ်လိုက်ပြီလို့ သိရပြီး နောက်ထပ်အတည်မပြုနိုင်သေးတဲ့ ရုပ်အလောင်းတွေရှိနေဆဲမို့ သေဆုံးသူ ၂၀၀ ခန့်အထိ ရှိလာနိုင်ပါတယ်။


သင်္ကြန်အကြိုနေ့ နံနက်ပိုင်း သာကေတရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သူမရှိရန်ကုန်၊ ...
04/13/2023

သင်္ကြန်အကြိုနေ့ နံနက်ပိုင်း သာကေတရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သူမရှိ

ရန်ကုန်၊ ဧပြီ ၁၃

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်း ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သူမရှိကြောင်း ဒေသပြည်သူများက ပြောသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန် သာကေတမြို့နယ်၊ ရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲကင်းတဲတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိသော်လည်း ဗုံးပေါက်ကွဲသံကို ပြည်သူအများစု ကြားသိရကြောင်း ၊ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နှင့်ရဲများက လှည့်လည်သွားလာနေသည်ကို မြင်ရကြောင်း ဒေသပြည်သူများဆိုကြသည်။

"လူထိခိုက်တယ်လို့တော့ မကြားဘူး။ ဗုံးတော့ပေါက်သွားတယ်။ အသံလည်းကျယ်တယ်။ အဲဒီနောက်တော့ ခွေးတွေ ဆိုင်ကယ်နဲ့ ကားနဲ့ လှည့်တာတွေ့တယ်" ဟု သာကေတမြို့ခံတစ်ဦးက ဆိုသည်။

ရန်ကုန်ကင်းထောက်အဖွဲ့ Eagles News ကလည်း သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု သတင်းတစ်ရပ်ကို ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-သာကေတမြို့နယ်ရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲကင်းတဲ။

၁၃၈၅ / 2023 မဟာသင်္ကြန်အကြိုနေ့ မနက်ပိုင်း ရန်ကုန်မြို့တွင်းလမ်းမအချို့မြင်ကွင်းPhoto crd to taxi driver owner group
04/13/2023

၁၃၈၅ / 2023 မဟာသင်္ကြန်အကြိုနေ့ မနက်ပိုင်း ရန်ကုန်မြို့တွင်းလမ်းမအချို့မြင်ကွင်း
Photo crd to taxi driver owner group

04/13/2023

အကြိုနေ့တောင်ရောက်နေပြီ။
ဘယ်မဏ္ဍပ်မှ “အုံး” သံလဲမကြားသေးဘူး
😁😁

မျက်ရည်မချူပါဘူးကိုယ်တိုင်လဲ မငိုနိုင်တော့လို့ပါ....။
04/12/2023

မျက်ရည်မချူပါဘူး
ကိုယ်တိုင်လဲ မငိုနိုင်တော့လို့ပါ....။

" KNU/KNLA-PC စစ်ရေးချုပ် မိမိကိုယ်ကိုမိမိ ဗုံးခွဲပြီး အဆုံးစီရင် "+++++++++++++++++++++++++++++++++ ကရင်အမျိုးသားလွတ်မြ...
04/12/2023

" KNU/KNLA-PC စစ်ရေးချုပ် မိမိကိုယ်ကိုမိမိ ဗုံးခွဲပြီး အဆုံးစီရင် "
+++++++++++++++++++++++++++++++++

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ်စောအယ်ခူဟာ မနေ့က ဧပြီလ ၁၁ရက်နေ့ မနက်ပိုင်းမှာ မိမိကိုယ်ကိုအဆုံး စီရင်သွားခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်စောအယ်ခူဟာ ဧပြီလ ၁၁ ရက် နံနက် ၉ နာရီကျော်လောက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထလော့စခန်းအတွင်းရှိ သူ့ရဲ့နေအိမ်၌ လက်ပစ်ဗုံးဖြင့်ဗုံးခွဲ၍ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်စောအယ်ခူအား ၎င်း၏ နေအိမ်ဘေးတွင် ခြေလက်ပြတ်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို KNU/KNLA PC တပ်ဖွဲ့ဝင်များမှာ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

မနေ့ညက ဗိုလ်ချုပ်စောအယ်ခူ၏နေအိမ်ကို BGF တပ်ဖွဲ့ဝင်များမှ ဝင်ရောက်မွှေနှောက်ပြီး နေအိမ်အတွင်းရှိ လက်နက်များအား ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က KNU/ KNLA- PC ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ကို ဗိုလ်ချုပ်စောအယ်ခူ၏ လက်မှတ်ဖြင့် စည်းကမ်းများမလိုက်နာ၍ဟုဆိုကာ ထုတ်ပယ်ခဲ့ပါသေးတယ်။

ဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းခြင်း စစ်ဆင်ရေးအဖြစ် က.ပ.စ-၁၀(မင်းလှ)စက်ရုံကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်၊ စစ်ကောင်စီ...
04/11/2023

ဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းခြင်း စစ်ဆင်ရေးအဖြစ် က.ပ.စ-၁၀(မင်းလှ)စက်ရုံကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်အရာရှိနှင့် လက်နက်ထုတ်လုပ်ရေး ပညာရှင် ၁၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားဟုဆို

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်

ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားက စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များ ရောက်ရှိနေသည့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀) ကာကွယ်ရေး ပစ္စည်းစက်ရုံ (က.ပ.စ-၁၀(မင်းလှ))ကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ ည ၈ နာရီခန့်က ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်ရုံထဲတွင် အရက်စုသောက်နေသည့် ပညာရှင်များ အပါအဝင် ၁၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ များပြားကြောင်း PRA-မကွေးတပ်ဖွဲ့ထံမှ သိရသည်။

"လက်နက်ထုတ်လုပ်ရေး ပညာရှင်တွေလို့ပဲ သိရပါတယ်။ ဘယ်နိုင်ငံသားလည်းဆိုတာ အတည်မပြုနိုင်သေးပါဘူး။ အရာရှိနဲ့ လက်နက်ထုတ်လုပ်ရေး ပညာရှင်တွေပါတယ် ဆိုတာလောက်ပဲ သိရပါသေးတယ်ဗျ" ဟု PRA-မကွေးမှ စစ်ဦးစီးချုပ် ဟာကြူလီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယင်းစက်ရုံအတွင်းရှိ တာဝေးပစ် ၁၂၂ ဒုံးများနှင့် ယမ်းများသိုလှောင်သည့် အဆောက်အဦးများ မီးလောင်ဆင့်ကဲပေါက်ကွဲခဲ့ပြီး စစ်ကောင်စီက ကုန်းကြီးကျေးရွာသား အပြစ်မဲ့ပြည်သူ NLD ပါတီဝင် ငါး ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

"ဖမ်းဆီးသွားတဲ့ နောက်ပိုင်းအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ မြေပြင်ကရတဲ့ သတင်းတွေအရတော့ NLD ပါတီဝင်တွေလို့ပဲ သိရပါတယ်ဗျ။ လက်ရှိမြေပြင် အခြေအနေကတော့ စစ်ကြောင်းထိုးမယ်ဆိုတဲ့ အသံ ကြားရပြီး ထပ်မံဖမ်းဆီးခံရ တာတော့ မကြာမိသေးပါဘူးဗျ" ဟု စစ်ဦးစီးချုပ် ဟာကြူလီက ဆိုသည်။

အဆိုပါ က.ပ.စ-၁၀(မင်းလှ)ကို ဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းခြင်း စစ်ဆင်ရေး အဖြစ် မဟာမိတ်တော်လှန်ရေး ညီနောင်များဖြစ်သော People's Revolution Alliance (PRA-Magway)၊ အထက်မင်းလှ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)၊ အရှိုချင်း ကာကွယ်ရေးတပ် (ACDF)နှင့် Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

က.ပ.စ-၁၀(မင်းလှ)သည် ကရင်နီ၊ ကရင်နှင့် မကွေးတိုင်းတို့တွင် အာဏာသိမ်း စစ်ကောင်စီမှ အသုံးပြုနေသော တာဝေးပစ် ၁၂၂ ဒုံးများအပြင် တင့်ကားသုံး အမြှောက်ဗုံးသီးများနှင့် လေယာဉ်ပစ်ဒုံးများကို အဓိကထုတ်လုပ် နေပြီး ပိုမိုထိရောက်မည့် တာဝေးပစ်ဒုံးများ ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှ နည်းပညာရှင် သုံးဦး ဦးဆောင်သော တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ စစ်လက်နက် ထုတ်လုပ်ရေး ပညာရှင် ၂၀ ဦးခန့်အဖွဲ့ကို စစ်ကောင်စီက ခေါ်ယူထားကြောင်း သိရသည်။

#မကွေးတိုင်း #သရက်ခရိုင် #ကပစ၁၀မင်းလှ

Yangon Dark Shadow အဖွဲ့ရဲ့ကြေငြာချက်ဖြစ်ပါတယ်။ အရေးတော်ပုံအောင်ရမည်
04/10/2023

Yangon Dark Shadow အဖွဲ့ရဲ့ကြေငြာချက်ဖြစ်ပါတယ်။ အရေးတော်ပုံအောင်ရမည်

တပ်တွင်းတွင် သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြုံရေးတင်းကျပ်ထားရန် လုံခြုံရေးစည်းဖောက်ဖျက်လာသူများကို အသေပစ်ခတ်ရန် ည...
04/09/2023

တပ်တွင်းတွင် သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြုံရေးတင်းကျပ်ထားရန် လုံခြုံရေးစည်းဖောက်ဖျက်လာသူများကို အသေပစ်ခတ်ရန် ညွှန်ကြား ချက်ထုတ်
++++++++++++++++++++++
အကြမ်ဖးက်စစ်ကောင်စီက တပ်ဖွဲ့တပ်ရင်းများတွင် တပ်တွင်း သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြု့ရေး အထူးတင်းတင်းထားရန်နှင့် လုံခြုံရေး စည်း ဖောက် ဖျက်လာသူများကို အသေပစ်ခတ်ရန် ညွှန်ကြားချက် ထုတ်ပြန် လာ ကြောင်း သိရှိရသည်။

မြို့ပြ တော်လှန်ရေးအဖွဲ့ BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha နှစ်ဖွဲ့တို့ ပူးပေါင်း၍ ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၆ မိနစ်တွင် မင်္ဂလာဒုံလေတပ်ကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် လာမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ တပ် တွင်းသင်္ကြန် မဏ္ဍပ် များအနီးသို့ လုံးဝ(လုံးဝ) မသွားကြပါရန်၊ တပ်မဏ္ဍပ် နေ ရာ တည်နေရာ များကို နီးစပ်ရာ မြို့ပြပျောက်ကျားအဖွဲ့များကို အကြောင်း ကြားပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ တပ်တွင်း သင်္ကြန်မဏ္ဍပ်များကို ပစ်ခတ် ရန် ၁၀၇ မမ များလည်း လုံလုံလောက်လောက် ရောက်ရှိနေပြီ ဖြစ်ပါ သော ကြောင့် တပ်တွင်း သွေးသင်္ကြန်ပွဲများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ တပ်တွင်း သင်္ကြန်များကို လုံး၀ မသွားကြရန် အထူးသတိပေးချက်ထုတ်ပြန်ခဲ့သည်။

တပ်တွင်းသင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော ကြေညာ ချက် ကြောင့် နောက်ဆက်တွဲ တပ်တွင်း သင်္ကြန်ပွဲများ ကျင်းပလျှင် လုံခြုံရေး တင်း ကျပ်ရန် ညွှန်ကြားချက်များ ထွက်လာခြင်းဖြစ်သည်။

"မဟာသင်္ကြန်စည်ကားရေးတွက် လုံခြုံရေးအထူးဂရုစိုက်ဖို့ ပုဒ်မ ၁၄၄ ထုတ် ထား ရဲ့သားနဲ့ ညပိုင်း သတ်မှတ်အချိန် ကျော်ထွက်ရင် ဖမ်းဆီးထောင်ချဖို့၊အမိန့်မနာခံရင် လုံခြုံရေးအတွက် အလုံးစုံ လုပ်ပိုင်ခွင့် အပ်နှင်းထားပြီးသားမို့ တပ်တွေအနေနဲ့ ထိထိရောက်ရောက်အရေးယူဖို့ ညွှန်ကြားချက်တွေ ထွက် လာ ပါတယ်" ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်/တိုင်း စစ်ကောင်စီများက ပြုလုပ်မည့် ဗဟိုမဏ္ဍပ်များတွင်လည်း စစ်တပ်က စနိုက်ပါများ၊ သေနတ်သမားများ၊ ကင်း ပုန်း ချထားပေးမည်ဖြစ်ပြီး အဝေးထိန်းဗုံးများကို ထိန်းချုပ်ရန်နှင့်ဒရုန်း များ ကို ဖြတ်တောက်ရန် Jammer များ၊ ဒရုန်းပစ်ချသည့် လက်နက်များ တပ်ဆင်ထား မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးအဖွဲ့များထံတွင် ရှိနေသည့် ရှော့တိုက်ဒုံးများ။

မနိုင်မနင်းနဲ့ ပြိုဆင်းနေပြီဟေ့ 🤣
04/09/2023

မနိုင်မနင်းနဲ့ ပြိုဆင်းနေပြီဟေ့ 🤣

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင်   ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များ ဖျက်...
04/09/2023

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များ ဖျက်သိမ်း၊ ရန်ကုန်တိုင်းစစ်ကောင်စီ၏ ပြည်သူ့ရင်ပြင် သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ
+++++++++++++++++++++++
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် စစ်တပ်က လုံခြုံရေး တာဝန်မယူနိုင်ခြင်း၊ တပ်တွင်းသင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာထားခြင်းတို့ကြောင့် တည်ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များကို ပြန်လည် ဖျက်သိမ်းသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့သော ပုလဲမြို့သစ်ရှိ သင်္ကြန်မဏ္ဍပ်များကို စစ်တပ်က ပြန်လည် ဖျက်သိမ်းသွားကြောင်း၊ ဖျက်သိမ်းရာတွင် စုပုံရှင်း ပုံစံဖြင့် ပြန်လည် ဖျက်သိမ်းသွားခြင်းဖြစ်ပြီး မည်သည့် အကြောင်းပြချက်မှ မပေးဟု သိရှိရသည်။

"ပုလဲမြို့သစ် သင်္ကြန်မဏ္ဍပ်တွေ ဆောက်‌ပြီး ပြန်ဖျက်လိုက်တာတော့ တွေ့ရတယ်။ ဘာလို့လဲတော့မသိဘူး။ အသင့်ဆောက်ထားပြီးသားတွေ အကုန်ပြန်ဖျက်တာ" ဟု ပုလဲမြို့ခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်က တပ်သတင်းရင်းမြစ်တချို့ ထံသို့ ပုလဲမြို့သစ်မှ သင်္ကြန်မဏ္ဍပ်တချို့ ဖျက်သိမ်းမှုနှင့်ပတ်သက်၍ မေးမြန်းရာ လုံခြုံရေး အာမ မခံနိုင်ခြင်းကြောင့်ဖြစ်ပြီး ပုလဲမြို့သစ်သင်္ကြန်မဏ္ဍပ်များတွင် တပ်မိသားစုများ ပါဝင်ဆင်နွှဲရန် စီစဉ်ထားခဲ့ကြောင်း၊ သို့ရာတွင် တပ်တွင်း သင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော ကြေညာချက်ကြောင့် မဏ္ဍပ်များ ဖျက်သိမ်း လိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်အတွင်း တပ်တွင်းသင်္ကြန်ပွဲများကိုလည်း မကျင်းပရန် အကျဉ်းချုံးလုပ်ဆောင်ရန် လည်း ညွှန်ကြားချက်များရရှိထားကြောင်း၊ လုံခြုံရေး ဦးစားပေး အရေးကြီးဆုံးဖြစ်၍ သင်္ကြန်ပွဲများကို အဖြစ်သာ ကျင်းပတော့မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုရှိကြောင်း စစ်တပ်၏ သတင်းဌာန News of Myanmar က တယ်လီဂရမ်တွင်သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်အခြေစိုက် Dark Shadow(YGN UG) အဖွဲ့ကမူ ဧပြီလ ၈ ရက်နေ့် ညနေ ၆ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်ရှိ အကြမ်းဖက်စစ်တပ် ကျင်းပမည့် သင်္ကြန် မဏ္ဍပ် ၂ ခုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စမ်းချောင်း ရဲစခန်းရှေ့ မြို့နယ် ရေကစား မဏ္ဍပ်နှင့် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တို့ကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ် သက် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း၊ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ပြန်လည် ဖျက် သိမ်း သွားသော သင်္ကြန်မဏ္ဍပ်များ။

မကွေးရှိ စစ်တပ် လက်နက်ထုတ် ကပစ ၁၀ စက်ရုံကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှု စက်ရုံ အဆောက်အအုံ မီးလောင်ပျက်စီး၊ တရုတ်၊ ရု...
04/08/2023

မကွေးရှိ စစ်တပ် လက်နက်ထုတ် ကပစ ၁၀ စက်ရုံကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှု စက်ရုံ အဆောက်အအုံ မီးလောင်ပျက်စီး၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားက ပညာရှင်တချို့ ရောက်ရှိနေချိန် တိုက်ခိုက်ခဲ့တယ်လို့ ဆို
+++++++++++++
ဧပြီ ၈

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ လက်နက်ကြီးကျည်များ ထုတ်လုပ်တဲ့ အမှတ် ၁၀ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရုံ( ပကစ ၁၀) ကို ရှော့တိုက်ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စက်ရုံအဆောက်အအုံ မီးလောင် ပျက်စီးခဲ့ကြောင်း PRA (မကွေး)တပ်ဖွဲ့ရဲ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ ဧပြီလ ၇ ရက် ည ၈ နာရီခွဲခန့်က အဲ့ဒီ ကပစ ၁၀ စက်ရုံကို ရှရှား နိုင်ငံရှိ လက်နက်ထုတ်လုပ်ရေးပညာရှင် ၃ ဦးက ဦးဆောင်ကာ တရုတ်နဲ့ မြောက်ကိုရီယားနိုင်ငံတို့က ပညာရှင် ၂၀ ခန့်ရောက်ရှိပြီး ကပစ ၁၀ အတွင်း ထုတ်လုပ်နေတဲ့ ၁၂၂ မစ်ဆိုင်းဒုံးများကို အဆင့်မြှင့်တင်ဖို့ နည်းပညာ ပံ့ပိုးပေးနေချိန် ဗျူဟာမြောက် ပစ်မှတ်များ ခြေမှုန်းခြင်း စစ်ဆင်ရေးအဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“မစ်ရှင်အတွက် သတင်းအချက်အလက်တွေ စုံစမ်းရင်းနဲ့ တရုတ်၊ ရုရှား၊ ကိုရီး ယားပညာရှင် တွေရောက် နေတယ်ဆိုတာ သိရတာ၊ ရုရှားပညာရှင် ၃ ယောက် ကနေ ဦးဆောင်ပြီး စုစုပေါင်းအင်အားကတော့ ၂၀ လောက်ရှိမယ်လို့သိရတယ်၊ သူတို့တွေက ကပစ ၁၀ မှာ ထုတ်လုပ်နေတဲ့ ၁၂၂ မစ်ဆိုင်းဒုံးတွေကို အဆင့် မြှင့် တင်နေတဲ့နည်းပညာပိုင်းမှာ ပံ့ပိုးကူညီနေတယ်လို့ သိရတယ်။” လို့ PRA (မကွေး)တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။.

အဲ့ဒီတိုက်ခိုက်မှုကို People's Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ (အထက်မင်းလှ ပ.က.ဖ)၊ မကွေး တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (SMPDF)နဲ့ အရှိုချင်း ကာကွယ်ရေးတပ်၊ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“ကျနော်တို့ PRA မကွေးနဲ့ မဟာမိတ်တွေအနေနဲ့က ကပစတွေရဲ့လက်နက် ထုတ် လုပ်ရေးယန္တရားတွေ ရပ်တန့်သွားအောင်၊ နှောင့်နှေးသွားအောင် မဟာ ဗျူဟာမြောက် ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တဲ့ အတွက် လူအထိ အခိုက်ကတော့ နည်းနိုင်ပါတယ်၊ အခုပစ်လိုက်တဲ့ ဒုံးကြောင့် စက်ရုံကိုထိ သွားတဲ့ အ ချိန်မှာ ဆင့်ကွဲပေါက်ကွဲမှုတွေ ကြောင့် ထိခိုက်သေဆုံးဒဏ်ရာ ရတွေရှိနိုင်တယ်လို့ သိရတယ်၊ တိတိ ကျ ကျသိရဖို့ တော့ ဆက်ပြီးစုံစမ်း နေတယ်၊ စက်ရုံတစ်ခုလုံးကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်၊ စက်ရုံ အနီး တဝိုက်မှာရှိတဲ့အဆောက်အအုံတွေလည်း ဆင့်ကွဲပေါက်ကွဲမှုတွေနဲ့ ထိခိုက်ပျက်စီးသွားတယ်လို့ ကြားသိရတယ်၊” လို့ PRA မကွေးတပ်ဖွဲ့ရဲ့ တာဝန်သူတစ်ဦးက ပြောပါတယ်။

စစ်တပ် လက်အောက်ခံ က.ပ.စ ၁၀ (မင်းလှ)ဟာ တာဝေးပစ်ဒုံးများ၊ တင့်ကားသုံး အမြှောက်ဗုံးသီးများ၊ လေယာဉ် ပစ်ဒုံးများ ထုတ်လုပ်နေတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ချေမှုန်းရေးအတွက် High - Value Target ဖြစ်တယ်လို့ People's Revolution Alliance (PRA-Magway) တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကပစ ၁၀ တပ်က ကုန်းကြီးရွာသား အရင်က NLD ပါတီဝင်ဟောင်း ၅ ဦးကို စစ်ဆေးမေးမြန်းစရာရှိတယ် ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရပါတယ်။

ရွှေကုက္ကိုမှာ တိုက်ပွဲဖြစ်တယ်။တရုတ်ကာစီနိုရုံနဲ့ တရုတ်တွေကိုစကစ နဲ့ BGF တွေ စနိုက်ပါစစ်သားတွေက လုံခြုံရေးယူပေးထားပါတယ်။...
04/07/2023

ရွှေကုက္ကိုမှာ တိုက်ပွဲဖြစ်တယ်။
တရုတ်ကာစီနိုရုံနဲ့ တရုတ်တွေကို
စကစ နဲ့ BGF တွေ စနိုက်ပါစစ်သားတွေက လုံခြုံရေးယူပေးထားပါတယ်။

ပြည်သူ ၃၀၀၀ ထောင်ကျော်ဟာ
ထိုင်းဘက်ခြမ်း ရော်ဘာခြံနဲ့ နွားခြံတွေမှာ
ဖြစ်သလို စစ်ရှောင်နေရတယ်။

စစ်ရှောင်တွေအတွက် ထိုင်းဘက်ခြမ်း
မြန်မာလုပ်သားတွေက ကျွေးမွေးဖို့ တာဝန်ယူထားရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဘယ်သူ့ကိုကာကွယ်တာလဲ သိချင်ရင် ရွှေကုက္ကိုလာကြည့်ပါ။
နိုင်ငံအနှံ့စစ်ပွဲတွေရှိပါတယ်။ စစ်ရှောင်ပြည်သူကို ဘယ်သူတွေက တာဝန်ယူစောင့်ရှောက်နေလဲ မြင်အောင်ကြည့်ပါ။

အခုစစ်ရှောင်တွေထဲမှာ စကစလူတွေလည်းရှိနေမှာပါ။ ဒလန်တွေလည်းရှိမှာပါ။ အရေးကြုံတော့ ဘယ်သူ့ဘက်မှာ ခိုလုံရလဲ ? ဘယ်သူတွေကာကွယ်ပေးရလဲ ? ဘယ်သူတွေက ကျွေးရလဲ ? မြင်အောင်ကြည့်တတ်ကြပါစေ။

ဒီပွဲက ငါနဲ့မဆိုင်ဘူးဆိုတဲ့သူတွေ နေသာနေတဲ့သူတွေလည်း မြင်အောင်ကြည့်ကြပါ။

နိုင်ငံသားတယောက်ဟာ နိုင်ငံသားတာဝန်ကျေပွန်ဖို့လိုအပ်ပါတယ်။ ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံရဲ့တာဝန်မကျေတာဟာ ဒွန်းစဏ္ဏး တယောက်နဲ့ ထူးမခြားနားပါပဲ။

ကိုကျောက်
6.4.2023

https://m.facebook.com/story.php?story_fbid=745066573989063&id=100054571819835&mibextid=Nif5oz

ရွှေကုက္ကိုလ်က BGF စခန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို PDF နဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲရာ စစ်တပ်နဲ့ BGF ...
04/07/2023

ရွှေကုက္ကိုလ်က BGF စခန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို PDF နဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲရာ စစ်တပ်နဲ့ BGF ဘက်က ၈၅ ဦး tayဆုံးခဲ့ပြီး အလောင်းများကို ဖောကားနဲ့ပါ သယ်ယူနေရတယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်တပ်နဲ့ အပေါင်းအပါတွေဆီက လက်နက်မျိုးစုံ ၇၅ လက် သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

မန္တလေး ပုသိမ်ကြီးမှာ ယူနီဖောင်းဝတ်ပြီး ကွမ်းယာထွက်ဝယ်တဲ့ စစ်အုပ်စု ရဲတပ်ကြပ် ပစ်thetခံရ၊ သေနတ် ပါသွား၊MFP ၊ မန္တလေး၊ ဧပ...
04/07/2023

မန္တလေး ပုသိမ်ကြီးမှာ ယူနီဖောင်းဝတ်ပြီး ကွမ်းယာထွက်ဝယ်တဲ့ စစ်အုပ်စု ရဲတပ်ကြပ် ပစ်thetခံရ၊ သေနတ် ပါသွား၊

MFP ၊ မန္တလေး၊ ဧပြီ - ၇

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်မှာ မနေ့က ညနေပိုင်း ယူနီဖောင်းဝတ်ပြီး ကွမ်းယာထွက်ဝယ်တဲ့ စစ်အုပ်စု ရဲတပ်ကြပ် အောင်နွယ်စိုး ဆိုသူ ကွမ်းယာဆိုင်မှာ ပစ်ခတ်ခံရပြီး ကိုင်ဆောင်တဲ့ သေနတ်ကိုပါ ပစ်ခတ်သူတွေက ယူဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။

ဧပြီ(၆)ရက် ညနေ(၆)နာရီက ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာရွာ ထရန်စဖော်မာပုံး အစောင့်ကျနေတဲ့ စစ်အုပ်စု ရဲတပ်ကြပ် အောင်နွယ်စိုး ဆိုသူ အနီးအနားက ကွမ်းယာဆိုင်ကို ကွမ်းယာထွက်ဝယ်ချိန် ပစ်thetခံလိုက်ရတာ ဖြစ်ပြီး (MA-13) အမျိုးအစား သေနတ် တစ်လက်၊ ကျည် ငါးတောင့်နဲ့ ကျည်ဘောက် တစ်ခုပါ ဆုံးရှုံးတယ်လို့ စစ်အုပ်စုက အတည်ပြုပါတယ်။

ကလစ်ဆိုင်ကယ် စီးလာတဲ့ လူငယ်နှစ်ဦးက သေနတ်နဲ့ တစ်ချက် ပစ်ခတ်သွားတာ ဖြစ်ပြီး နားထင် ထိမှန်tayဆုံးတာလို့ စစ်အုပ်စုက ဆိုပါတယ်။

အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးပါဘူး။

မန္တလေးမြို့မှာ စစ်အုပ်စုက ရပ်ကွက်တွေ၊ လမ်းတွေ ပိတ်ဆို့စစ်ဆေးတာ၊ ဖမ်းဆီးငွေညှစ်တာ၊ တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို ဥပဒေမဲ့ thetဖြတ်တာတွေ လုပ်ဆောင်နေသလို စစ်အုပ်စုနဲ့ ဆက်စပ်သူတွေကိုလည်း မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မင်္ဂလာဒုံလေတပ်ကို တော်လှန်ရေးအဖွဲ့ ၃ ခု ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တပ်တွင်း သင်္ကြန်ပွဲများကို ပစ်ခတ်ရန် ၁၀၇ မမ ရှော့တိ...
04/07/2023

မင်္ဂလာဒုံလေတပ်ကို တော်လှန်ရေးအဖွဲ့ ၃ ခု ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တပ်တွင်း သင်္ကြန်ပွဲများကို ပစ်ခတ်ရန် ၁၀၇ မမ ရှော့တိုက်ဒုံးများ အလုံ အလောက် ပြင် ဆင်ထား၍ ပြည်သူများ ဝေးဝေးရှောင်ကြရန် သတိပေး

■ မင်္ဂလာဒုံလေတပ် အပါအဝင် မစ်ရှင်များကို အမည်ခံ၍ လိမ်လည် အလှူခံ နေမှုများ သတိထားရန် တိုက်တွန်းပြီး မည်သည့် မစ်ရှင်အတွက်မှ အလှူမခံ ဟုဆို

ရန်ကုန်၊ ဧပြီ ၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်ကို ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ည ပိုင်း ရှော့တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်မှုကို မြို့ပြ တော်လှန်ရေးအဖွဲ့ ၃ ခုက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး များမကြာမီ ကျရောက်မည့် သင်္ကြန်ကာလ တပ် တွင်း သင်္ကြန်ပွဲများကို ပစ်ခတ်ရန် ၁၀၇ မမ ရှော့တိုက်ဒုံးများ အလုံ အလောက် ပြင်ဆင် ထားရှိပြီဖြစ်ကြောင်း မြို့ပြ အဖွဲ့ ၃ ဖွဲ့ကပြောဆိုသည်။

မြို့ပြ တော်လှန်ရေးအဖွဲ့ BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha နှစ်ဖွဲ့တို့ ပူးပေါင်း၍ ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၆ မိနစ်တွင် မင်္ဂလာဒုံလေတပ်ကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး မြေပြင်ရဲဘော်များအားလုံး ဘေးကင်းအောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ ယခုကာလသည် ပြည်သူ့တော်လှန်ရေး ဘက်တော် သားများက အာဏာရှင်စစ်တပ်အား တန်ပြန်စစ်ဆင်ရေးများဖြင့် တောရောမြို့ ပါမကျန် တတ်စွမ်းသမျှ ခုခံတန်ပြန်တိုက်ခိုက်နေကြသည့် အချိန်ကာလ ဖြစ် ကြောင်း၊ အာဏာရှင်စစ်တပ်သည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်အား ငဲ့ညှာခြင်းအလျင်းမရှိ ၎င်း၏လေတပ်မှ မတရားအင်းအားသုံး၍ ရက်စက်စွာ ပစ် ခတ်သတ်ဖြတ်နေခဲ့သည်မှာ အများအသိပင်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တော် လှန် ရေးအင်အားစုများက ဖက်ဆစ်စစ်တပ်၏လေတပ်အား တန်ပြန် တိုက် ခိုက် ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အများ ပြည်သူအရပ်သားများ ထိခိုက်မည်ကို အထူးရှောင်ရှား ဆောင်ရွက် ကြရ သည်ဖြစ်၍ စစ်ဆင်ရေးပွဲတိုင်းမှာ တော်လှန်ရေးရဲဘော်များက အလွန် သတိထားပြီး ခက်ခက်ခဲခဲဖြင့် သတိကြီးစွာဆောင်ရွက်ရကြောင်း ပြောဆိုသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ထားသည့်နေရာများသို့ ၄၈ နာရီအတွင်း အသွားအလာ မပြုလုပ်ကြရန်နှင့် Delay counter attack အဖြစ် ယင်းနေရာသို ရှော့တိုက်ဒုံးများလည်းထပ်မံ ရောက်ရှိလာ နိုင်သော ကြောင့် ပြည်သူများ လုံးဝ လုံးဝ သွားရောက်မကြည့်ရှုကြပါရန်နှင့် သတိထား ရှောင်ရှားကြပါရန် ထပ်မံအသိပေးနှိုးကြောင်း မြို့ပြ အဖွဲ့များက ပြောသည်။

အလားတူ လာမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ တပ်တွင်းသင်္ကြန် မဏ္ဍပ် များအနီးသို့ လုံးဝ(လုံးဝ) မသွားကြပါရန်၊ တပ်မဏ္ဍပ်နေရာ တည်နေရာ များကို နီးစပ်ရာ မြိုပြပျောက်ကျားအဖွဲ့များကို အကြောင်းကြားပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ တပ်တွင်း သင်္ကြန်မဏ္ဍပ်များကို ပစ်ခတ်ရန် ၁၀၇ မမ များလည်း လုံလုံလောက်လောက် ရောက်ရှိနေပြီ ဖြစ်ပါသောကြောင့် တပ်တွင်း သွေးသင်္ကြန်ပွဲများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ တပ်တွင်းသင်္ကြန်များကို လုံး၀ မသွားကြရန် အထူးသတိပေးထားသည်။

"သင်္ကြန်ကာလမှာ စစ်တပ်က လုပ်တဲ့သင်္ကြန်နဲ့ တပ်တွင်း သင်္ကြန်ပွဲတွေကို ပြည်သူတွေ မသွားကြဖို့နဲ့ ဝေးဝေး နေကြဖို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ တပ်တွင်းသင်္ကြန်ပွဲတွေကိုတော့ အထူးသတိထားစေချင်ပါတယ်။ တတ်နိုင်သမျှ ဝေးဝေး နေပေးကြဖို့ ပြောချင်ပါတယ်" ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ရှင်းပြသည်။

အများပြည်သူများထံမှ ယခုမစ်ရှင်များအတွက် လိမ်လည်ပြီး နာမည်ယူ အလှူ ခံနေခြင်းများလည်း ရှိနေကြောင်းကြားသိကြရကြောင်း၊ မှော်ဘီလေတပ် ပစ် ခတ်မှုဖြစ်စဉ်နှင့် ဧပြီလ ၆ ရက်နေ့ည ပစ်ခတ်တိုက်ခိုက်မှုများမှာ ပြင်ပ အလှု ရှင် မည်သည့်အဖွဲဆီကမျှ အလှုမခံခဲ့သည်ကို အသိပေးလိုကြောင်း၊ အဆိုပါ အဖွဲ့ အတုများမှာ စကစ၏ထောင်ချောက်ဆင်မှုများလည်း ဖြစ်နိုင်ပါသဖြင့် အလှူရှင်များအနေဖြင့်လည်း အလိမ်မခံရစေရန် သတိထား၍လှုကြပါရန် ပြည်သူ များကို သတိပေးသည်။

မသာအိမ်ဆိုပေမဲ့ဖဲနိုင်တဲ့အောက်တန်းစားကတော့ပျော်နေမှာပေါ့Crd
03/20/2023

မသာအိမ်ဆိုပေမဲ့
ဖဲနိုင်တဲ့အောက်တန်းစားကတော့ပျော်နေမှာပေါ့

Crd

Address

S Clark Avenue
San Francisco, CA
9416

Website

Alerts

Be the first to know and let us send you an email when နွေဦးတော်လှန်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နွေဦးတော်လှန်ရေး:

Videos

Share


Other News & Media Websites in San Francisco

Show All