Celebrity News

Celebrity News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Celebrity News, Game Publisher, New York, NY.
(1)

တစ်ခါတစ်လေမှာ မျက်နှာပူရတာတွေရှိတယ်။  ကိုယ်ဘာမှမလုပ်ရဘဲနဲ့ ငြိုငြင်သွားမှာလည်း စိတ်ပူတယ်လေ။ တစ်ချို့တွေကျတော့လည်း တကယ်ချ...
12/21/2025

တစ်ခါတစ်လေမှာ မျက်နှာပူရတာတွေရှိတယ်။ ကိုယ်ဘာမှမလုပ်ရဘဲနဲ့ ငြိုငြင်သွားမှာလည်း စိတ်ပူတယ်လေ။ တစ်ချို့တွေကျတော့လည်း တကယ်ချစ်လို့ ကြူးတာပေါ့နော်။ အနုပညာရှင်အချင်းချင်း ပရိသတ်ကြောင့် မခေါ်မပြောတော့တာတွေလည်းရှိကြတယ် ဆိုတဲ့ မေမီကိုကို

#မေမီကိုကို

အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အတွက် သက်ရောက်မှုတွေ အားလုံးက ကျနော့်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။ စိတ်မကောင်း...
12/21/2025

အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အတွက် သက်ရောက်မှုတွေ အားလုံးက ကျနော့်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။ စိတ်မကောင်း ဖြစ်ပေမယ့် အနုပညာ လုပ်တဲ့သူတွေက သည်းခံရတယ်ဆိုတဲ့ ဇာတ်မင်းသား အောင်ဇမ္ဗူ

#အောင်ဇမ္ဗူ

ကျွန်တော်လည်း ချစ်ထွေးလို လူတစ်ယောက်ထဲမှာ ပါပါတယ်။ ၁၀၀ရာခိုင်နှုန်းပေါ့။ ကိုယ်ချစ်တဲ့သူက နံပါတ်(၁)ပဲလေ ။ ကိုယ်ချစ်တော့ ခ...
12/21/2025

ကျွန်တော်လည်း ချစ်ထွေးလို လူတစ်ယောက်ထဲမှာ ပါပါတယ်။ ၁၀၀ရာခိုင်နှုန်းပေါ့။ ကိုယ်ချစ်တဲ့သူက နံပါတ်(၁)ပဲလေ ။ ကိုယ်ချစ်တော့ ချစ်တယ်လို့ပြောခဲ့တယ်။ ကျွန်တော်လည်း ကတိတည်နိုင်တဲ့သူ ကောင်းတဲ့သူဖြစ်နိုင်အောင် ကြိုးစားခဲ့ပါတယ် ဆိုတဲ့ ကောင်းဆက်နိုင်

#ကောင်းဆက်နိုင်

12/20/2025

မင်္ဂလာဆောင် ကို ကြန့်ကြာစေခဲ့ပြီး ကလေးငယ်လေးကို ကယ်တင်ပေးခဲ့တဲ့ သတို့သမီး ... 🚑❤️👏

The bride who delayed her wedding to save a little child...

ဒီနှစ် မွေးနေ့မှာ အလှူ ၇ ရက်လုပ်မှာ။ အလှူ ၇ ရက်မှာ ညတိုင်းပွဲပါတယ်၊ နောက်ဆုံးညမှာ တရားပွဲ။ ကျွန်တော့်ကို ဘာပြောပြော ဘာမှ...
12/20/2025

ဒီနှစ် မွေးနေ့မှာ အလှူ ၇ ရက်လုပ်မှာ။ အလှူ ၇ ရက်မှာ ညတိုင်းပွဲပါတယ်၊ နောက်ဆုံးညမှာ တရားပွဲ။ ကျွန်တော့်ကို ဘာပြောပြော ဘာမှကို ပြန်မပြောတာ။ ကျွန်တော်ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပဲ၊ မကောင်းတာလုပ်မှ မကောင်းတာဖြစ်မှာလေ။ ခင်ပွန်းကြီး ၁၀ ပါးကို စော်ကားပစ်မှားတဲ့သူမှန်သမျှ မချမ်းသာဘူး၊ မအောင်မြင်ဘူး။ ခင်ပွန်းကြီး ၁၀ ပါးကို စိတ်နဲ့တောင် မပစ်မှားကြပါနဲ့ဆိုတဲ့ ဒိန်းဒေါင်

#ဒိန်းဒေါင်

ကျွန်မက ရိုးရိုးအေးအေး မိန်းမမှ မဟုတ်တာ။ အစကတည်းက အင်မတန် ထက်မြက်တဲ့ မိန်းမ။ နှုတ်သီးလေးတွေ , အစွယ်လေးတွေကို ခဏ သိမ်းထား...
12/20/2025

ကျွန်မက ရိုးရိုးအေးအေး မိန်းမမှ မဟုတ်တာ။ အစကတည်းက အင်မတန် ထက်မြက်တဲ့ မိန်းမ။ နှုတ်သီးလေးတွေ , အစွယ်လေးတွေကို ခဏ သိမ်းထားတာလေ။ နဂါးမှန်းသိအောင် အမောက် ထောင်ပြမယ် ပါးပါးလေးပေါ့ဆိုတဲ့ သန်းသန်းစိုး

#သန်းသန်းစိုး

ဒီနှစ်က ကျရှုံးခြင်းတွေရော၊ အောင်နိုင်ခြင်းတွေရော ဒွန်တွဲနေတဲ့နှစ်ပေါ့။ ၂၀၂၆ ကတော့ အလုပ်တွေလုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ် အကေ...
12/20/2025

ဒီနှစ်က ကျရှုံးခြင်းတွေရော၊ အောင်နိုင်ခြင်းတွေရော ဒွန်တွဲနေတဲ့နှစ်ပေါ့။ ၂၀၂၆ ကတော့ အလုပ်တွေလုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပြင်ဆင်မဲ့နှစ်ပါ။ စိတ်ရော၊ လူရော အပြောင်းအလဲတွေလုပ်နေပါတယ်။ ဖွားဖွားကြီး ကျန်းမာရေးအခြေအနေကတော့ သာမန်ပါပဲ။ လူကြီးရောဂါတော့ရှိတာပေါ့။ ရောဂါဓာတ်ခံရှိနေတော့ ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ ပိုပြီးတော့ အချိန်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဖွားဖွားရဲ့အားပေးမှုတွေလည်း ပါပါတယ်၊ ဖွားဖွားရဲ့ အကူအညီတွေလည်းပါပါတယ်။ ဖွားဖွားကြောင့်လည်း ဒီအလုပ်တွေ ဆက်လက်ပြီးလုပ်ဆောင်နေတာ၊ ဒီလမ်းကြောင်းလေးပေါ်ကို ရောက်သွားတယ်ဆိုတာ ဖွားဖွားကြီးကြောင့်ပါဆိုတဲ့ ခန့်ကျော်

#ခန့်ကျော်

၂၀၂၆၊ တစ်လပိုင်း (၂၈) ရက်နေ့ တစ်ရက်တည်းမှာပဲ မင်္ဂလာပွဲရော၊ ညစာစားပွဲရော လုပ်ဖြစ်မှာပါ။ ချစ်သူ ကနေ အမျိုးသား ဖြစ်သွားတော...
12/20/2025

၂၀၂၆၊ တစ်လပိုင်း (၂၈) ရက်နေ့ တစ်ရက်တည်းမှာပဲ မင်္ဂလာပွဲရော၊ ညစာစားပွဲရော လုပ်ဖြစ်မှာပါ။ ချစ်သူ ကနေ အမျိုးသား ဖြစ်သွားတော့လည်း ပိုလုံခြုံမှုပေးနိုင်မယ်ဆိုတဲ့ မေပန်းချီ

#မေပန်းချီ

၂၀၂၅ က အစ်မအတွက် လုပ်ငန်းပိုင်းဆိုင်ရာမှာရော၊ အနုပညာပိုင်းဆိုင်ရာမှာရော စိန်ခေါ်မှုတွေ ဖြစ်ခဲ့တယ်။ အရမ်းကြီး မအောင်မြင်ပ...
12/20/2025

၂၀၂၅ က အစ်မအတွက် လုပ်ငန်းပိုင်းဆိုင်ရာမှာရော၊ အနုပညာပိုင်းဆိုင်ရာမှာရော စိန်ခေါ်မှုတွေ ဖြစ်ခဲ့တယ်။ အရမ်းကြီး မအောင်မြင်ပေမဲ့ အသင့်အတင့်လေး ပရိသတ်လက်ခံပေးတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကိုယ်က အသက် ၁၈ နှစ်ကတည်းက အသွေးအသားထဲက အနုပညာကို ချစ်တာ၊ တီးလုံးကြားရင် မနေနိုင်ဘူး။ အနုပညာပိုးက အသွေးအသားထဲကကို ဝါသနာပါတာ။ အသက် ၁၈ နှစ်ကတည်းက ကြိုးစားလာတယ်၊ အိမ်နဲ့အတိုက်အခံလုပ်ပြီးတော့ ခေါင်းမာပြီးတော့ လုပ်ခဲ့တယ်။ ကိုယ်မအောင်မြင်ပေမဲ့ ကိုယ့်ညီမလေးအောင်မြင်တဲ့အတွက် ဝမ်းသာတယ်။ ဒီလပိုင်းအတွင်းမှာ ဆုံးဖြတ်ချက်တွေ ချနေရတယ်။ တစ်ဖက်မှာလည်း အနုပညာ၊ တစ်ဖက်မှာလည်း စီးပွားရေးပေါ့။ နှစ်ခုစလုံးကို ဘယ်လိုလုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ အသက် ၁၈ နှစ်ကတည်းက လုပ်လာတဲ့အလုပ်ဆိုတော့ စွန့်လွှတ်ဖို့ကို တော်တော်ကြီး ဆုံးဖြတ်ချက်ချနေရတယ်။ စွန့်လွှတ်မှာတော့ မဟုတ်ဘူး၊ နှစ်အပိုင်းအခြားနဲ့ ခဏနားရင်လည်း နားမှာပေါ့။ ပြန်ပြီးလုပ်ရင်လည်း အသက်အရွယ်တစ်ခု ရသွားတော့ အမေခန်းပေါ့။ အနုပညာကို ချစ်တာကိုးဆိုတဲ့ ရွှန်းလဲ့ကိုကို

ဝိန့်စိန်မှာ မိုးအတွက်ဝတ်စုံဖန်တီးပေးမှုမှာ စိတ်ကျေနပ်မှုအပြည့်ရှိခဲ့တယ်။ မိုးရဲ့ရုပ်ရည်က Elegant ဖြစ်တယ်။ မော်ဒယ်တစ်ယော...
12/19/2025

ဝိန့်စိန်မှာ မိုးအတွက်ဝတ်စုံဖန်တီးပေးမှုမှာ စိတ်ကျေနပ်မှုအပြည့်ရှိခဲ့တယ်။ မိုးရဲ့ရုပ်ရည်က Elegant ဖြစ်တယ်။ မော်ဒယ်တစ်ယောက်လို အကြည့်တချက် ကိုယ်နေဟန်ထားပြောင်းလိုက်တာမျိုးက သူ့ရဲ့ဟန်ပန်အမူအရာကဘယ်သူနဲ့မှမတူဘူး။ Royal ဆန်တဲ့ဖန်တီးမှုမျိုးကို ပေါင်းစပ်ဖန်တီးဖို့ တော်တော်အားထည့်ပြီးလုပ်ခဲ့ပါတယ်ဆိုတဲ့ သျှတ္တရ

‘ပွဲတွေ မကလို့ ဒိန်းဒေါင် ငတ်နေပြီ ထင်နေကြတယ်။ အောင်မြင်တဲ့ အချိန်က မြေကြီးတွေ၊ တိုက်ခန်းတွေ ဝယ်ထားလို့ အေးဆေးပါပဲဆိုတဲ့...
12/19/2025

‘ပွဲတွေ မကလို့ ဒိန်းဒေါင် ငတ်နေပြီ ထင်နေကြတယ်။ အောင်မြင်တဲ့ အချိန်က မြေကြီးတွေ၊ တိုက်ခန်းတွေ ဝယ်ထားလို့ အေးဆေးပါပဲဆိုတဲ့ ဒိန်းဒေါင်

ကိုထွန်း ကို ပရိသတ်က တော်တော် မုန်းနေကြပြီ။ ကာရိုက်တာ / Character ပီပြင်လို့ အဆဲခံရတာပါ။ အပြင်က ကောင်းမြတ်စံ ကိုတော့ ချစ...
12/19/2025

ကိုထွန်း ကို ပရိသတ်က တော်တော် မုန်းနေကြပြီ။ ကာရိုက်တာ / Character ပီပြင်လို့ အဆဲခံရတာပါ။ အပြင်က ကောင်းမြတ်စံ ကိုတော့ ချစ်ပေးပါဆိုတဲ့ ကောင်းမြတ်စံ

#ကောင်းမြတ်စံ

Address

New York, NY

Telephone

+12014092607

Website

Alerts

Be the first to know and let us send you an email when Celebrity News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category