04/13/2022
ပြီးခဲ့တဲ့ရမ်ဇာန်က
ဗလီမှာ တာရာဝီအပြီးကို
တရက်ခြား တခါ နှစ်ရက်ခြား တခါ
အကျွေးအမွေးနဲ့ ဧည့်ခံပါတယ်
တရက် အဲ့လိုဆွဲဇယားမှာ ဆွဲနေရင်း
ကျွန်တော့်ရှေ့တည့်တည့်မှာ
ဗလီကို ရောက်နေတဲ့ ဂျမာအသ် အဖွဲ့ကဘိုင်တွေလည်း
ဆွဲနေတာပေါ့
အဲ့နေ့က ဘာကျွေးလဲဆိုတော့
လဖက်ရည်နဲ့ အုန်းပြန်ပေါင်း
စားနေရင်း အရှေ့ကဘိုင်က
ကောက်ညင်းပေါင်းကုန်ကာနီးတော့
ကျွန်တော်က ဟေ့လာကြစမ်း
ဒီမှာ ပန်းသေးဘိုင် ကို ကောက်ညင်းပေါင်း
လာထည့်ပေးကြအုန်းလေလို့
ခပ်တည်တည်နဲ့ အော်လိုက်လေတယ်
အဲ့ဘိုင်က တကယ့်ပန်းသေးရုပ်
အဲ့လို အော်လိုက်တော့
အဲ့ဒီဘိုင်က ရယ်နေတယ်
သူ့အနားက ဘိုင်တယောက်က ဝင်ပြောတယ်
သူကပန်းသေးမဟုတ်ဘူး မြန်မာစစ်စစ် တဲ့
ကျွန်တော်ကလည်း
ဟာဒါဆို အပနီးလေးနဲ့ညားလို့ အပနားဖြစ်သွားတာပေါ့လို့
ပြောင်သလို ပြောလိုက်တော့
အဲ့ဘိုင်က ပြောတယ်
မဟုတ်ဘူးဗျ လင်မယား နှစ်ယောက်စလုံး
အရင်ကဗမာစစ်စစ်တွေ
အခုမှ အပနီးတွေ အပနားတွေ ဖြစ်ကုန်တာလို့
ပြောပြီး ရယ်နေလေတယ်
သူ့စကားကြားတော့ နည်းနည်းစိတ်ဝင်စားသွားတယ်
အဲ့ဒါနဲ့ ဆက်မေးလိုက်တယ်
ဟာဒါဆို ဘိုင်က နောင်မွတ်စလင်မ်ပေါ့ လို့
ဟုတ်တယ် တဲ့ အီမာန်ယူလိုက်တာ
4 . 5 နှစ်ပဲရှိသေးတယ် တဲ့
ဘယ်လိုဖြစ်ပြီး အီမာန်ယူဖြစ်သွားတာလဲလို့
ဆက်မေးတော့
သူက လဖက်ရည်ဆိုင်မှာ
လဖက်ရည်ဖျော်တဲ့အဖျော်ဆရာ တဲ့
အိမ်ထောင်ကျပြီးတော့
ကိုယ့်ကျွမ်းကျင်တဲ့ အဖျော်ဆရာအလုပ်ပဲ
ဆက်လုပ်ဖြစ်တယ် တဲ့
ဒါပေမယ့် ဟိုဆိုင်ပြောင်းလိုက်ဒီဆိုင်ပြောင်းလိုက်ပေါ့ဗျာ
ပိုအဆင်ပြေတဲ့ဆိုင်မှာ ဖျော်တာပေါ့
အဲ့လိုနဲ့ လွန်ခဲ့တဲ့ 7 နှစ်နီးပါးလောက်က
ကျွန်တော်ရောက်သွားတဲ့လဖက်ရည်ဆိုင်က
ဘေးမှာ လူသွားလမ်းတလမ်းရှိတယ်
အဲ့လမ်းရဲ့ နောက်ဖက်မှာ အိမ်တွေလည်းရှိတယ်
အဲ့ဒီလမ်းလေးက
လမ်းအဝပိုင်းကအမြင့် အတွင်းပိုင်းကိုနိမ့်လျောပုံစံနဲ့
ကျွန်တော်က လဖက်ရည်ဆိုင်ကို
မနက် 4 : 30 , 5 နာရီ လောက်ဆို ရောက်ပြီ
အဲ့ဒီမှာ ကျွန်တော်သတိထားမိတာတခုရှိလာတယ်
အဲ့ဒီလဖက်ရည်ဆိုင်ဘေးက
လမ်းထဲကနေ မနက် 5 နာရီ ဝန်းကျင်လောက်ဆို
ချာတိတ်တယောက် ဗလီဦးထုပ်လေးဆောင်းပြီး
ဆိုင်ကယ်လေးတစီး တွန်းတွန်းပြီးထွက်လာတယ်
ဟော တွန်းလာပြီး လမ်းအဝရောက်တော့မှ
စက်နှိုးတယ် ပြီးတော့မှ မောင်းထွက်သွားတယ်
အဲ့ဒါက တရက်တည်းမဟုတ်ဘူး နေ့တိုင်း
သူတွန်းလာတဲ့ နေရာအစကိုတခါတခါ
လှမ်းကြည့်လိုက်တော့
အားပါးပါး ဟိုးအတွင်းထဲကတွန်းထွက်လာတာ
ပြောရရင် အဲ့လမ်းကြားလေးရဲ့
ဟိုးနောက်ဆုံး အိမ်တွေထဲက တအိမ်အိမ်ကပေါ့
သူ့ခမျာ အနိမ့်ပိုင်းကနေ အမြင့်ပိုင်းကို
တွန်းတွန်းလာတာ သက်သက်သာသာတော့မရှိ
အဲ့ဒါနဲ့
ကျွန်တော်သိချင်လာတယ်
ဒီကောင်လေး ဘာလို့အပင်ပန်းခံပြီးတွန်းလာသလဲပေါ့
တခါတည်းမောင်းထွက်လာလဲ ရရဲ့သားနဲ့ပေါ့
အဲ့ကိစ္စကို သိချင်နေတာတော့ အမှန်ပဲ
အဲ့ဒါနဲ့ တရက်
ဆိုင်ရှေ့မှာ လုပ်စရာလေးလုပ်နေရင်း
အဲ့ကောင်လေး ထွက်လာတာနဲ့
အတော်ပဲဆိုပြီး မေးကြည့်လိုက်တယ်
ညီလေး ဘာလို့အပင်ပန်းခံပြီး တွန်းထွက်လာတာလဲလို့ မေးကြည့်တော့
ထိုချာတိတ်က
ဘေးအိမ်ကလူတွေ အိပ်နေကြတုန်းလေ အကိုရဲ့
ူလူခြေတိတ်ချိန်ဆိုတော့
ကျွန်တော်မောင်းထွက်လာရင်
ဆိုင်ကယ်သံက အကျယ်ကြီးဖြစ်သွားမယ်
အဲ့တော့ အိပ်နေတဲ့သူတွေကို
အနှောက်အယှက်ပေးသလို ဖြစ်သွားမှာပေါ့ တဲ့
ကျွန်တော်က
ဟာ တချို့ လူတွေလည်း
မောင်းထွက်လာကြတာပဲ
လူသွားလမ်းပဲ မောင်ထွက်လို့လည်း
ဘယ်သူမှာ အပြစ်မပြောပါဘူးကွာလို့
ပြန်ပြောလိုက်တော့
သူပြန်ပြောတာလေးက တခါတည်းဟက်ထိသွားတယ်
ဘယ်သူမှ မပြာတာတော့ ဟုတ်တယ်အကို
ဒါပေမယ့်
ကျွန်တော်တို့ အစ္စလာမ် သာသနာက
ကိုယ့်အတွက်နဲ့ ဘယ်သူတဦးတယောက်မှ
စိတ်ဒုက္ခဖြစ်လို့မရဘူးဗျ
လူခြေတိတ်ချိန်ဆိုတော့ ကျွန်တော့်ဆိုင်ကယ်သံက
အိပ်နေသူတွေကို အနှောင့်အယှက်ဖြစ်သွားနိုင်တယ်လေ
အဲ့ဒါကြောင့်
အခုလို အပင်ပန်ခံပြီး တွန်းတွန်းလာတာပါ လို့
ပြောပြီး ဗလီနောက်ကျနေလို့ သွားတော့မယ်ဆိုပြီး
မောင်းထွက်သွားလေတော့တယ်
အဲ့ချာတိတ်ရဲ့ အဲ့ဒီစကားကြားပြီး
အစ္စလာမ်ကို
အထင်ကြီးတဲ့စိတ် သဘောကျတဲ့စိတ်က
ကျွန်တော့်ရင်ထဲ ကိန်းအောင်းလာပါတယ်
အဲ့ဒါနဲ့ ဆိုင်မှာ လဖက်ရည်လာသောက်တဲ့
မွတ်စလင်မ်တွေကို အစ္စလာမ်နဲ့ ပက်သက်တာ
ဟိုဟာမေးဒီဟာမေးနဲ့ နောက်ဆုံး
ကျွန်တော် အီမာန်ယူဖြစ်သွားတာပါ တဲ့
နောက်ပြီး မဆ်သူရသ် အကူအညီနဲ့ အမျိုးသမီးလည်း
အီမာန်ယူဖြစ်သွားတာပါ
သူ့စကားကြားပြီး ဒီလူပြောတဲ့ချာတိတ်က
အားပါးပါး တော်လိုက်တဲ့ချာတိတ်ပဲဆိုပြီး
ကျွန်တော့်စိတ်ထဲ တွေးမိတာအမှန်ပါ
အဲ့ဘိုင်က ဆက်ပြောတယ်
ကျွန်တော်က ဒီချာတိတ်လေးရဲ့ လုပ်ရပ်တခုတည်းကြည့်ပြီး
အစ္စလာမ်ဆိုတာ ဒီလိုပါလားဆိုပြီး
အထင်ကြီးလေးစားတဲ့စိတ်နဲ့ အီမာန်ယူလိုက်ပေမယ့်
တကယ်တမ်း အီမာန်ယူပြီး
မွတ်စလင်မ်အသိုင်းအဝိုင်းထဲလည်း ရောက်ရော
အဲ့ချာတိတ်လို အီမာန်ရှင်မျိုးက
တော်တော်ရှားရှားပါးပါး ပါလားဆိုတာ
သိလိုက်ရတယ် ဆိုပြီး ရယ်နေတော့တယ်.
Credit to original uploader