Wai Yan If somebody offers you an amazing opportunity but you are not sure you can do it, say yes- then learn how to do it later! Thanks for watching!

Our news channel aims to deliver accurate news and information by republishing various news outlets and news. To broadcast accurate news and information.

01/12/2025

⫷⫸ လူရင်းတွေကို လေးစားပါ။ ⫷⫸

လူမှုဆက်ဆံရေးမှာ ဘဝင်မကျတဲ့ မြန်မာ့ဓလေ့ တစ်ခုအကြောင်းပါ။

တရင်းတနှီး ဖြစ်လာတဲ့အခါ …..

👉 အပြောအဆိုတွေမှာ Respect မရှိတော့ဘူး။

👉 အမူအရာတွေမှာ ဂါရဝတရား မရှိတော့ဘူး။

👉 စိတ်သဘောထားတွေမှာ အလေးထားမှု မရှိတော့ဘူး။

ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ 🤭🤭


သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “







#ဗဟုသုတ

01/11/2025

🌐ပညာသည်သာ အရာရာ

💫 ပညာရှိရင် ပစ္စည်းဥစ္စာဆိုတာ ရှာလို့ရတယ်။
💫 ပညာရှိရင် ရာထူးအာဏာဆိုတာ ရှာလို့ရတယ်။
💫 ပညာရှိရင် တရားဘာဝနာဆိုတာလဲ ရှာလို့ရတယ်။

ပညာဆိုတာ အတန်းပညာ ၊ အတတ်ပညာကို မဆိုလိုပါ။
သင့်၊မသင့် နဲ့ အမှား၊အမှန်ကို ချင့်ချိန်စဉ်းစားနိုင်တဲ့ အသိဉာဏ်ပညာကို ဆိုလိုပါတယ်။



သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “






#ဗဟုသုတ

01/05/2025

ဖြစ်တန်စွမ်း ( Probability )

Probabilityဆိုတာ သင်္ချာဝေါဟာရ ဖြစ်ပေမယ့် လူမှုပတ်ဝန်းကျင်မှာလဲ ထည့်သွင်းစဉ်းစားစရာ အနေနဲ့ အရေးပါလာပါတယ်။

အကြောင်းအရာတစ်ခု၊ လုပ်ဆောင်ချက်တစ်ခုကို မဖြစ်နိုင်ဘူး၊ဖြစ်နိုင်တယ်... ဆိုပြီး မှတ်ချက်ပေး ဆုံးဖြတ်ကြတာဟာ တကယ်တော့ ရှူမြင်သူတို့ရဲ့ စိတ်အခံနဲ့ အများကြီး သက်ဆိုင်ပါတယ်။

“ သူဆိုရင်တော့ ဒီလိုလုပ်နိုင်တယ်။ ”

“ ဒီလို အခြေအနေဆိုရင်တော့ ဒါဟာ ဖြစ်နိုင်တယ်။ ”

စသဖြင့် သုံးသပ်တတ်ကြတာဟာ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ပြီး ထွက်ပေါ်လာတတ်တဲ့ မှတ်ချက်တွေပါ။


ဒီလို မှတ်ချက်တွေဟာ တစ်ခါတရံမှာ သမာသမတ်မကျနိုင်ပါဘူး။
အမှန်တရားနဲ့လဲ သွေဖည်တတ်ပါတယ်။

ဒါ့ကြောင့် ဘယ်အကြောင်းအရာမဆို ဝေဖန်ဆုံးဖြတ်တော့မယ်ဆိုရင် ... ... ကိုယ့်စိတ်ခံစားချက် မပါအောင် အထူး သတိပြုဆင်ခြင်ရပါမယ်။♦️

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။



“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “













#ဗဟုသုတ

#စာတို

01/04/2025

စိတ်ထွက်ပေါက်

ကျွန်တော်တို့တွေ စိတ်ရှုပ်၊စိတ်ညစ်တဲ့အခါ စိတ်ထွက်ပေါက် ရှာတတ်ကြတယ်။
တချို့က ဆဲဆိုအော်ဟစ်ပြီး စိတ်ထွက်ပေါက်ရှာတယ်။
တချို့က အရက်သောက်ပြီး စိတ်ထွက်ပေါက်ရှာတယ်။
တချို့က KTV သွားပြီး စိတ်ထွက်ပေါက်ရှာတယ်။
တချို့က ခရီးထွက်ရင်း စိတ်ထွက်ပေါက်ရှာတယ်။
တချို့ကျတော့လဲ တရားထိုင်ရင်း စိတ်ထွက်ပေါက်ရှာတယ်။
ဘာပဲလုပ်လုပ် လက်ရှိအနေအထား စိတ်အဆင်မပြေတာကနေ ကျော်လွှားသွားချင်ကြလို့ပါပဲ။
တကယ်တမ်းကျတော့ ထွက်ပေါက်အများစုက အပြင်မရောက် ဖြစ်တတ်ကြတယ်။
ဝင်္ကပါလို ပိုတောင် လမ်းပျောက်သွားတဲ့ ထွက်ပေါက်တွေလဲ ရှိတယ်။

အဲ့ဒီလို အခြေအနေမှာ ကျွန်တော်တို့ အလုပ်သင့်ဆုံး အရာတစ်ခုကတော့ စိတ်ညစ်၊စိတ်ရှုပ်စေတဲ့ အရင်းအမြစ်ကနေ အခွေရစ်သလို တစ်စစီ ပြန်ဖြည်ပြီး ဖြေရှင်းကြည့်လိုက်ဖို့ပါပဲ။

စဖို့သာ ခက်တာပါ။ လုပ်ရင်းနဲ့ လွယ်သွားပါလိမ့်မယ်။

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။
“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “













#ဗဟုသုတ

#စိတ်ထွက်ပေါက်

01/03/2025

💁မေ့နိုင်ဖို့ ကြိုးစားပါ။

စိတ်ရဲ့သ‌ဘာဝကိုက ပျော်စရာတွေထက် ဝမ်းနည်းစရာ/စိတ်မကောင်းဖြစ်စရာတွေကို မမေ့နိုင်ပါဘူး။ 😔😭
အနက်ရှိူင်းဆုံး နေရာမှာ စွဲစွဲမြဲမြဲ သိမ်းထားတတ်ပါတယ်။
ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဆိုပေမယ့် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။
မကောင်းတဲ့အတွေး၊မကောင်းတဲ့ခံစားချက်တွေ ကြီးစိုးပြီး မပျော်တတ်တော့တာ အကျင့်ဖြစ်သွားနိုင်ပါတယ်။🥵🥵

စိတ်မကောင်းစရာတွေ ကြုံလာတဲ့အခါ စိတ်ကိုဖော့ပြီး ဖြေသိပ်နိုင်ဖို့ ကြိုးစားပါ။
စိတ်မှာဒဏ်ရာရတာ သက်သာစေပြီး သတိမရအောင် ကူညီပေးပါလိမ့်မယ်။

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “






#ဗဟုသုတ
#‌မေ့နိုင်ဖို့ကြိုးစားပါ
#စိတ်ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ
#စာတို

𝟮𝟬𝟮𝟱 ရဲ့ ပထမဆုံး နေ့ရက်မှာ နှစ်သစ်ဆုတောင်းလေး ပို့သလိုက်ပါတယ်။  🙏 စိတ်အညစ်အကြေး ကင်းဝေးပြီး အတွေးအခေါ်အသစ်တွေနဲ့ လုပ်ငန်...
01/01/2025

𝟮𝟬𝟮𝟱 ရဲ့ ပထမဆုံး နေ့ရက်မှာ နှစ်သစ်ဆုတောင်းလေး ပို့သလိုက်ပါတယ်။

🙏 စိတ်အညစ်အကြေး ကင်းဝေးပြီး အတွေးအခေါ်အသစ်တွေနဲ့ လုပ်ငန်းတိုင်း ဖြစ်မြောက်အောင်မြင်ပါစေ။
🙏 ရန်သူမျိုးငါးပါးဘေးမှ အလုံးစုံ ကျော်လွှား လွတ်မြောက်နိုင်ပါစေ။
🙏 အရာရာ ကောင်းမွန်ခြင်းတွေနဲ့ ပြည့်စုံကြပါစေ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “






#ဗဟုသုတ

𝟮𝟬𝟮𝟰 ကိုတော့ ကျွန်တော်တို့ မကြာခင် နှုတ်ဆက်ရတော့မယ်။ကျွန်တော်တို့လဲ Officially အသက်တစ်နှစ် ထပ်ကြီးသွားတော့မယ်။ဒီကုန်ဆုံး...
12/31/2024

𝟮𝟬𝟮𝟰 ကိုတော့ ကျွန်တော်တို့ မကြာခင် နှုတ်ဆက်ရတော့မယ်။
ကျွန်တော်တို့လဲ Officially အသက်တစ်နှစ် ထပ်ကြီးသွားတော့မယ်။

ဒီကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာအတွက် ကျွန်တော် self – refect ပြန်လုပ်မိတယ်။

အောင်မြင်ခြင်း၊ ရှူံးနိမ့်ခြင်းတွေထက် ပိုစိတ်ဝင်စားမိတာက “ ရင့်ကျက်မှု “

အကောင်း၊ အဆိုး လောကဓံတွေကို ကျွန်တော် ဘယ်လောက်ထိ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့သလဲ။

လာတော့မယ့် 𝟮𝟬𝟮𝟱 ကိုလဲ ခုထက်ပိုပြီး ရင့်ကျက်တည်ငြိမ်စွာ ဖြတ်သန်းနိုင်စေဖို့ စိတ်ခွန်အား ဖြည့်ထားပါတယ်။

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “







#ဗဟုသုတ

12/28/2024

🔺 Social ကောင်းတယ် ဆိုတာ....... 🔼

စကားအလိုက်အထိုက် ပြောတတ်တိုင်းတော့ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ social ကောင်းတယ်လို့ မသတ်မှတ်ကြပါဘူး။🙂🙂
ဒါပေမယ့် Social ကောင်းတယ်လို့ အပြောခံရတဲ့သူတွေကတော့ သင့်တင့်လျောက်ပတ်တဲ့ စကားကို ပြောတတ်ကြတယ်ဗျ။☺☺

Social ကောင်းတယ်ဆိုတာ … …
🔹Common sense ကောင်းလို့
🔹စကားပြော ချိုသာလို့
🔹ကူညီတတ်လို့
🔹အလုပ်တွဲလုပ်ရတာ အဆင်ပြေလို့
🔹ဖော်ဖော်ရွေရွေရှိလို့… …. စသဖြင့် Checklists တွေနဲ့ သတ်မှတ်တတ်ကြပေမယ့်….

⚛ ကျွန်တော့်အမြင်အရတော့…
✅လောကနီတိတရားကို သိနားလည်ပြီး
✅ကိုယ်ချင်းစာစိတ် ရှိသူတွေဟာ….
အမှန်အကန် social ကောင်းတဲ့သူတွေပါပဲဗျာ။


သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “








#ဗဟုသုတ

#စာတို

12/28/2024

🔆 ချမ်းသာခြင်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ……

🤑 ငွေကြေးဥစ္စာ ပြည့်စုံတဲ့သူတွေကို “လူချမ်းသာတွေ” လို့ ကျွန်တော်တို့ အလွယ် ခေါ်တတ်ကြပါတယ်။သူတို့ဟာ အကောင်းဆုံး ဘဝတွေ ပိုင်ဆိုင်ထားတယ်လို့လဲ ယူဆထားတတ်ကြတယ်။

✡ သိပ္ပံနည်းကျ သုတေသနတွေအရတော့ … ငွေကြေးအလွန်အကျွံ ပိုလျှံနေတာဟာ ကြွယ်ဝချမ်းသာမှုရဲ့ အဓိကအကြောင်းရင်း မဟုတ်ပါဘူး။

ဒါ့ကြောင့် သာမာန်လူတွေ ( အလယ်အလတ်တန်းစား ) လူတွေဟာ ဘီလီယံနာမိသားစုများထက် “ ပိုပြီးချမ်းသာတယ်” လို့ ပညာရှင်တွေက ဆိုပါတယ်။ 👍👍

🤔🤔 သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ။

🔹 စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ နေစရာ အိမ်ရှိတယ်။
🔹 ချစ်ခင်ရသူ/ သံယောဇဥ်ရှိသူတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရှိတယ်။
🔹 ရောဂါဝေဒနာ ကြီးကြီးကျယ်ကျယ် မရှိဘူး။
🔹 ရောင့်ရဲတင်းတိမ်တတ်တဲ့ ( Good - Enough Vibe ) ရှိတယ်။
🔹 စိတ်ထိခိုက်စရာတွေ တွေ့ကြုံလာရင်လည်း တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် စီမံနိုင်တယ်။

👆👆ဒီအနေအထားမှာ သင်ပါဝင်နေတယ်ဆိုရင် သင်ကိုယ်တိုင် "ချမ်းသာခြင်း” ကို ပိုင်ဆိုင်ထားပါပြီ။

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “






#ဗဟုသုတ

#စာတို

12/28/2024

❝ ဟင့်အင်း ❞ လို့ ပြောဖို့ မကြောက်ပါနဲ့။ 🤗

ကျွန်တော်တို့ တော်တော်များများ ငြင်းလိုက်ရမှာ အားနာတတ်ပါတယ်။
အဓိက အကြောင်းရင်းကတော့ ဆက်ဆံရေးမှာ အဖုအထစ် မဖြစ်ချင်လို့ပါ။

ဒါပေမယ့် တစ်ခါတလေကျ မငြင်းမိတာကပဲ လူမှုဆက်ဆံရေးမှာ ပိုပြီး စိတ်ကသိကအောက် ဖြစ်စေပါတယ်။

ဆေးပညာအရလည်း ရံဖန်ရံခါ ငြင်းဆန်တတ်ခြင်းဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ 🤡🤡

💢💢 ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျပြီး အေးချမ်းသာယာစေဖို့….
လေးစားသမှုနဲ့ ❝ ဟင့်အင်း ❞ လို့ ပြောတတ်ဖို့ သင်ယူကြပါစို့ 🕹

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “






#ဗဟုသုတ

#မိုတီ

12/27/2024

သင် နောက်ကျတယ်လို့ ထင်နေတုံးပဲလား ❓❓❓

“ကောင်းတာလုပ်တာ… နေ့တိုင်းက ရက်ရာဇာ”
လူကြီးသူမတွေ ပြောလေ့ရှိတဲ့ စကားလေးပါ။
✴ ထပ်ချဲ့ပြီး တွေးလိုက်တဲ့အခါ……..
တစ်ချို့သူတွေဟာ နောင်တနဲ့ ဘဝကို အမှောင်ချပြီး
“ ငါ နောက်ကျပြီ” လို့ ခိုလို ညည်းနေတတ်ကြတယ်။
အမှားကို သိပြီး ပြင်တဲ့နေ့ဟာ Right Time ပါပဲ။✅
ဒါ့ကြောင့်…….ထပ်ပြီး သတိပေးပါရစေ။
💯 လဲကျရင် ပြန်ထပြီး အစက ပြန်စပါ။
ဘယ်တော့မှ နောက်မကျပါဘူးဗျာ။



သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “






#ဗဟုသုတ
#မိုတီ
#ခွန်အားဖြစ်စေမယ့်စာ
#စာတို

သိမ်ငယ်စိတ်..( 𝗜𝗻𝗳𝗲𝗿𝗶𝗼𝗿𝗶𝘁𝘆 𝗰𝗼𝗺𝗽𝗹𝗲𝘅 ) ခုနောက်ပိုင်း နှစ်တွေအတွင်း “ သိမ်ငယ်စိတ် “ ဟာ အဖြစ်များလာတဲ့ စိတ်ကျန်းမာရေး လက္ခဏာ...
12/26/2024

သိမ်ငယ်စိတ်..( 𝗜𝗻𝗳𝗲𝗿𝗶𝗼𝗿𝗶𝘁𝘆 𝗰𝗼𝗺𝗽𝗹𝗲𝘅 )

ခုနောက်ပိုင်း နှစ်တွေအတွင်း “ သိမ်ငယ်စိတ် “ ဟာ အဖြစ်များလာတဲ့ စိတ်ကျန်းမာရေး လက္ခဏာတစ်ခုပါ။

“ သိမ်ငယ်စိတ်/ အငုံစိတ် “ ဝင်နေတဲ့သူတွေဟာ.... .....

🔸ကိုယ့်ကိုယ့်ကိုယ် အထင်မကြီးတော့ဘူး။

🔸ကိုယ့်အရည်အချင်းကို မယုံကြည်တော့ဘူး။

🔸 ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်/အားနည်းချက်တွေကိုပဲ အာရုံစိုက်မိနေမယ်။

🔸 လူအများနဲ့ မဆက်ဆံချင်တော့ပဲ အထီးကျန်စိတ်တွေပဲ လွှမ်းမိုးနေမယ်။

🔸ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး သောကတွေများကာ စိတ်ဓာတ်ကျနေမယ်။

🔸 မအောင်မြင်မှာ/ကျရှူံးမှာကို ကြောက်ရွံ့ပြီး ဘယ်အလုပ်ကိုမဆို လုပ်ဖို့ မဝံ့မရဲ ဖြစ်နေမယ်။

🔸စိတ်မလုံခြုံတာ၊ မနာလိုစိတ် များတာတွေကြောင့် လူမှုဆက်ဆံရေးမှာ အားနည်းလာမယ်။

💛💛ဒီလို စိတ်လက္ခဏာတွေထဲက အနည်းနဲ့အများ ခံစားနေရတတ်ပါတယ်။

📌 မိမိကိုယ်ကိုယ် ခံယူချက်ပြောင်းပြီး
ထိန်းကျောင်း တည်ဆောက်နိုင်မှသာ ဒီ “ သိမ်ငယ်စိတ်/ အငုံစိတ် ” ဝေဒနာကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်။

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။

“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “






#ဗဟုသုတ
#သိမ်ငယ်စိတ်
#အငုံစိတ်

#စိတ်ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ
#စာတို

စိတ်ထွက်ပေါက်   ကျွန်တော်တို့တွေ စိတ်ရှုပ်၊စိတ်ညစ်တဲ့အခါ စိတ်ထွက်ပေါက် ရှာတတ်ကြတယ်။ တချို့က ဆဲဆိုအော်ဟစ်ပြီး စိတ်ထွက်ပေါ...
12/19/2024

စိတ်ထွက်ပေါက်

ကျွန်တော်တို့တွေ စိတ်ရှုပ်၊စိတ်ညစ်တဲ့အခါ စိတ်ထွက်ပေါက် ရှာတတ်ကြတယ်။
တချို့က ဆဲဆိုအော်ဟစ်ပြီး စိတ်ထွက်ပေါက်ရှာတယ်။
တချို့က အရက်သောက်ပြီး စိတ်ထွက်ပေါက်ရှာတယ်။
တချို့က KTV သွားပြီး စိတ်ထွက်ပေါက်ရှာတယ်။
တချို့က ခရီးထွက်ရင်း စိတ်ထွက်ပေါက်ရှာတယ်။
တချို့ကျတော့လဲ တရားထိုင်ရင်း စိတ်ထွက်ပေါက်ရှာတယ်။
ဘာပဲလုပ်လုပ် လက်ရှိအနေအထား စိတ်အဆင်မပြေတာကနေ ကျော်လွှားသွားချင်ကြလို့ပါပဲ။
တကယ်တမ်းကျတော့ ထွက်ပေါက်အများစုက အပြင်မရောက် ဖြစ်တတ်ကြတယ်။
ဝင်္ကပါလို ပိုတောင် လမ်းပျောက်သွားတဲ့ ထွက်ပေါက်တွေလဲ ရှိတယ်။

အဲ့ဒီလို အခြေအနေမှာ ကျွန်တော်တို့ အလုပ်သင့်ဆုံး အရာတစ်ခုကတော့ စိတ်ညစ်၊စိတ်ရှုပ်စေတဲ့ အရင်းအမြစ်ကနေ အခွေရစ်သလို တစ်စစီ ပြန်ဖြည်ပြီး ဖြေရှင်းကြည့်လိုက်ဖို့ပါပဲ။

စဖို့သာ ခက်တာပါ။ လုပ်ရင်းနဲ့ လွယ်သွားပါလိမ့်မယ်။

သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ။
“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “












#ဗဟုသုတ

#စိတ်ထွက်ပေါက်

🔻 မျှော်လင့်ခြင်းဟာ နာကျင်မှုရဲ့ အစပါ။🔻  ✴ တစ်စုံတစ်ရာကို မျှော်လင့်မိတဲ့အခါ အရင်ဆုံး ရလိုက်တာ…ပူလောင်တဲ့ ခံစားချက်ပါ။ ဒ...
12/14/2024

🔻 မျှော်လင့်ခြင်းဟာ နာကျင်မှုရဲ့ အစပါ။🔻

✴ တစ်စုံတစ်ရာကို မျှော်လင့်မိတဲ့အခါ အရင်ဆုံး ရလိုက်တာ…ပူလောင်တဲ့ ခံစားချက်ပါ။
ဒီမျှော်လင့်ချက်ဟာ …လက်တွေ့နဲ့ ကွာဟပြီ ဆိုရင်တော့
စိတ်ဒဏ်ရာတွေသာ တင်ကျန်ခဲ့တော့မှာပါ။

✴ဘာကိုမှ မမျှော်လင့်ဘဲ
လက်ရှိ ပစ္စုပ္ပန်မှာသာ အကောင်းဆုံး ကြိုးစားရှင်သန်ပါ။
အရင်ဆုံး စိတ်ငြိမ်းချမ်းနေတာကို သတိပြုမိပါလိမ့်မယ်။


⭐ ဒါ့ကြောင့်…….
ပြီးခဲ့တဲ့ အမှားတွေ ၊ ဆုံးရှူံးခဲ့တာတွေကို …ပြန်လဲမတွေးနဲ့။
နောင်တနဲ့လဲ ပူဆွေးမနေပါနဲ့။


🍃 ဒီလိုပဲ… … ..
မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးကြောက်မနေပါနဲ့။
ထင်သလို မဖြစ်မှာလဲ စိတ်ပူမနေပါနဲ့။

👉 လာသမျှကို ရင်ဆိုင်ဖြေရှင်းရုံပါပဲ။💪💪


သာယာပျော်ရွှင်သော နေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေ
❝ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 ❞



EQ မရှိရင် စိတ်သန့်သန့်နဲ့  မပျော်ရဘူး  🔸 EQဆိုတာ အမှားနဲ့ အမှန်ကို ခွဲနိုင်တဲ့ ဆင်ခြင်သိစိတ်  🔸 ခံစားမှုကို ထိန်းချုပ်န...
12/13/2024

EQ မရှိရင် စိတ်သန့်သန့်နဲ့ မပျော်ရဘူး

🔸 EQဆိုတာ အမှားနဲ့ အမှန်ကို ခွဲနိုင်တဲ့ ဆင်ခြင်သိစိတ်

🔸 ခံစားမှုကို ထိန်းချုပ်နိုင်တဲ့ ဆင်ခြင်သိစိတ်

🔸 ကိုယ့် အားသာချက်၊ အားနည်းချက်ကို အမှန်မြင်တတ်တဲ့ ဆင်ခြင်သိစိတ်

🔸 လက်ရှိအနေအထားကို လက်ခံပြီး အကောင်းဆုံး ကြိုးစားတတ်တဲ့ ဆင်ခြင်သိစိတ်

🔸 အရာရာကို အကောင်းဘက်ကနေ ရှူမြင်တတ်တဲ့ ဆင်ခြင်သိစိတ်

ဒီလို EQဆိုတဲ့ ဆင်ခြင်သိစိတ်နဲ့ ကျင့်သားရနေပြီဆိုရင် ပျော်စရာဆိုတာ တကူးတက လိုက်ရှာနေဖို့ မလိုတော့ပါဘူး။
❝ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 ❞








#ပျော်ရွှင်ပါစေ

12/13/2024

What money can buy
ငွေဆိုတာ….


🏷️A bed but not sleep.
အိပ်ရာကို ငွေနဲ့ ဝယ်နိုင်ပေမယ့် အိပ်စက်ခြင်းကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️A clock but not time.
နာရီကို ငွေနဲ့ ဝယ်နိုင်ပေမယ့် အချိန်ကာလကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️A book but not knowledge.
စာအုပ်ကို ငွေနဲ့ ဝယ်နိုင်ပေမယ့် အသိပညာ / ဗဟုသုတကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️A position but not respect.
ရာထူးနေရာကို ငွေနဲ့ ဝယ်နိုင်ပေမယ့် လေးစားမှုကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️Medicine but not health.
ဆေးဝါးကို ငွေနဲ့ ဝယ်နိုင်ပေမယ့် ကျန်းမာရေးကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️Amusements but not happiness.
ဖျော်ဖြေရေးပစ္စည်းတွေကို ငွေနဲ့ ဝယ်နိုင်ပေမယ့် ပျော်ရွှင်ခြင်းကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️Acquaintance but not friendship.
အပေါင်းအသင်းတွေကို ငွေနဲ့ ဝယ်နိုင်ပေမယ့် ခင်မင်မှုကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️Obedience but not faithfulness.
နာခံမှုကို ငွေနဲ့ ဝယ်နိုင်ပေမယ့် သစ္စာရှိခြင်းကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။

🏷️A house but not a home.
အိမ်ဆိုတဲ့ အဆောက်အအုံကို ငွေနဲ့ ဝယ်နိုင်ပေမယ့် နွေးထွေးလုံခြုံမှုတွေ၊ သံယောဇဥ်တွေ လွှမ်းခြုံနေတဲ့ အသိုက်အမြုံကိုတော့ ငွေနဲ့ မဝယ်နိုင်ပါဘူး။
Translated from original context
Credit to original uploader


“ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 “







#ဗဟုသုတ
#

11/27/2024

ဘဝခရီးလမ်းမှာ ကျရှုံးမှုတွေ ဒါမှမဟုတ် ဆုတ်ယုတ်ပျက်စီးမှုတွေ ကြုံတွေ့ပေမယ့် ခံနိုင်ရည်ရှိရှိပြန်လည်တည်ဆောက်တာဟာ မိမိကိုယ်ကိုယ်သတ္တိမွေးခြင်းဖြစ်ပြီး တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ သင်ယူမှုအခွင့်မလမ်းတိုင်းကို တွန့်ဆုတ်ကြောက်ရွံ့ပေမယ် မဖြစ်ဖြစ်အောင်လုပ်ခြင်းကတော့ ရဲရင့်ခြင်းပဲဖြစ်ပါတယ်။

" 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐏𝐨𝐰𝐞𝐫 , 𝐒𝐡𝐚𝐫𝐞𝐫 𝐢𝐬 𝐖𝐚𝐢 𝐘𝐚𝐧 "









11/23/2024

ကံထူးရှင်တွေ ထွက်ပေါ်လာပါပြီ ခင်ဗျာ ။

အားပေးဝန်းရံသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။

ကိုယ့်နံပါတ်လေးတွေ ပါရင် Screen Shot ပြပြီး လာထုတ်လို့ ရပါပြီ ခင်ဗျာ။

🎁🎁 𝟎𝟔-𝟑𝟖-𝟓𝟔-𝟕𝟓-𝟕𝟔

Address

436 Ocean Drive
Miami Beach, FL
33139

Website

Alerts

Be the first to know and let us send you an email when Wai Yan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wai Yan:

Videos

Share