02/04/2025
စစ်မှုထမ်းဥပဒေရှောင်ရှားလိုသူများအား
လူဝီဇာဖောင်ဒေးရှင်း ရုံးခွဲတွင် Volunteer အဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ခြင်း
စစ်မှုထမ်းဥပဒေရှောင်ရှားလိုသူများအနေဖြင့် လွတ်မြောက်ဒေသသို့လာရောက်လိုပါက ဖောင်ဒေးရှင်းမှဖွင့်လှစ်လျက်ရှိသော လူငယ်စွမ်းရည်မြှင့်သင်တန်းများတွင် volunteer အဖြစ်ပါဝင်ကူညီပေးခြင်းဖြင့်ဖြစ်စေ၊ မကြာမီဖွင့်လှစ်မည့်ဆေးသင်တန်းတွင် သင်တန်းတက်ရောက်ခြင်းဖြင့်ဖြစ်စေ လူဝီဇာဖောင်ဒေးရှင်းအခြေစိုက်ရာလွတ်မြောက်ဒေသများတွင် လာရောက်ခိုလှုံနိုင်ပါတယ်။
လာရောက်လိုသူများအနေနှင့် Volunteer လျှောက်လွှာဖောင်နှင့် ဆေးသင်တန်းလျှောက်လွှာဖောင်များကို လူဝီဇာဖောင်ဒေးရှင်း Page messager မှာတောင်းယူပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ လျှောက်ထားနိုင်ပါတယ်။
သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးပြီး ဖောင်ဒေးရှင်းဘက်မှ ပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင်ရန် လူဝီဇာဖောင်ဒေးရှင်း ၏ Telegram acc ကို Page messager မှ လာရောက်တောင်းယူပြီး သိလိုသည်များကို မေးမြန်းစုံစမ်းနိုင်ပါတယ်။
သတင်းနှင့် ပြန်ကြားရေးဌာန
Luísa Foundation of Social Works
#လူဝီဇာ #လူဝီဇာဖောင်ဒေးရှင်း