05/23/2024
***နွေဦး***
>သွေးအေးသွားတာ မဟုတ်ဘူး
သွေးအေးအေးနဲ့ ဆက်လျှောက်နေတာ>
>အသံတိတ်သွားတာ မဟုတ်ဘူး
တိတ်ဆိတ်စွာနဲ့ ဟစ်ကြွေးနေတာ>
>ငြိမ်ကြသွားတာမဟုတ်ဘူး
တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနေတာ>
>ရပ်တန့်သွားတာမဟုတ်ဘူး
ခြေသံလုံလုံနဲ့ ချီတက်နေတာ>
>နောက်ဆုတ်သွားတာ မဟုတ်ဘူး
နွေဦးပန်းတိုင်ကို အရောက်လှမ်းနေတာ>
>အချို့နေရာတွေ အခုဆို
ဖက်ဒရယ်ယူနစ်တောင် ဖြစ်နေပြီ>