The News of Basic & Higher Education

The News of Basic & Higher Education To express the basic of basic and higher education news

တန်ဆောင်တိုင် လက်ဆောင်**************************နောက်ဆုံး ဂဏန်း၂လုံး မန့်ပေးပါဥပမာ 12တစ်ယောက်ကို ဂဏန်း၂လုံး ၁ကြိမ်သာ မန်...
11/27/2023

တန်ဆောင်တိုင် လက်ဆောင်
**************************
နောက်ဆုံး ဂဏန်း၂လုံး မန့်ပေးပါ
ဥပမာ 12
တစ်ယောက်ကို ဂဏန်း၂လုံး ၁ကြိမ်သာ မန့်ပေးပါ
Editလုပ်သူများ cancel
ဂဏန်းများစွာ မန့်သူများ cancel ဖြစ်ပါတယ်
အဖြေမှန်သူအား
Kpay /wave 10000ကျပ် ဆုလက်ဆောင်ရယူပါ
Kpay/Wave နှစ်သက်ရာ ယူနိုင်ပါသည်
အဖြေမှန်သူ ရှိပါက
ပထမ ဖြေသူသာ ဆုငွေ ရရှိပါမည်
ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက
ကျွန်တော်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်
မန့်များအား
အဖြေမှန်တွေ့တာနဲ့ ပိတ်ပါမည်။
တန်ဆောင်မုန်း လပြည့်နေ့မှာ ဆေးပေါင်း ခကြပါစေ

11/06/2023

ပါချုပ်ဆရာတော် ဘုရားကြီးကို သဘောကျတာ အဲ့တာတွေကြောင့်ပဲ လူတွေကို ဆုံးမဩဝါဒ ပေးတဲ့နေရာမှာ ဆရာတဆူပဲ

ယနေ့အချိန်ထိ သက်တော် ဝါတော်မနည်းဘူး
ခုချိန်ထိ လူတွေကိုတရားပြတုန်းပဲဗျ

ပါမောက္ခချုပ်ဆရာတော်ကြီး၏အဖိုးတန်သော အဖြေများ

ကျွန်တော်ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပေမယ့် ပါမောက္ခချုပ်ဆရာတော်ကြီးဟာ ကျွန်တော်လေးစားရတဲ့ပုဂ္ဂိုလ်တပါးပါ သူ့ရဲ့ဖြေကြားမှုတွေဖတ်ကြည့်ပါ ‌တချို့အယူလွဲနေတဲ့ရှေးထုံးတွေကိုနားလည်ဖို့ပါ

#ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ #

''အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင်
ဘုန်းနိမ့်ပါသလား ဘုရား""

''နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊
မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး''
ဘာကြောင့်လဲဆိုတော့ ထဘီကြောင့်
နိမ့်တာမဟုတ်ပဲ ''ထင်''ဆိုတဲ့ ဥပါဒါန်ကြောင့်သာ
နိမ့်သွားတယ်လို့ထင်တာပါ...
ပိတ်စတခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စ
တခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။
ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး
''ဘုန်းနိမ့်ပြီဟဲ့''ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ်။
စိတ်အလိုမကျဖြစ်စေတယ်... စိတ္ကို
နောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ''

''ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား''

''အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့တော့
စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး။ရဟန်းတပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး''

''သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.''

''သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ
သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က
မြင့်မြတ်နေတာပါ'ဒကာ။

''ဘာရည်ရွယ်ချက်မို့လို့လဲဘုရား''

''ရောင့်ရဲ ခြိုးခြံလိုခြင်း''

''တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင်
ဘုန်းနိမ့်တယ်လို့
ကြားဘူးထားပါတယ်ဘုရား''

''ဘုန်းဆိုတာကို ရှင်းမှ ရေတာ့မယ်ဒကာ ၊
ဘုန်းဆိုတာအကျိုး သဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။
အားသာချက်လည်းဖြစ်တယ်ဒကာ။
အကျိုး သဘောတရားပေါ့။
ဒါဟာအကြောင်းတရားလုပ်ဆောင်ချက်ကို
မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့
ဖြစ်လာတယ်။

အလေးမခြင်း အကြောင်းဟာ
သန်မာခြင်းအကျိုးကိုရမယ်။
သန်မာခြင်းဟာ ဘုန်းပဲ။

ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ
လူချစ်လူခင်များခြင်း အကျိုးကိုရမယ်။
ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။

ထဘီတန်းအောက်ဝင်ခြင်းအကြောင်းကြောင့်
ဘယ်အကျိုးများ ထိခိုက်စေသလဲ။
ဒကာတွေးကြည့်ပါ။ရက်ကြာကြာဝတ်ပြီး မလျော်မလှန်းထဘီဆိုရင်တော့ အနံ့
အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့''

''ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင်
နိမ့်တယ်ဆို''

''ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။

စိတ်မသက်မသာခံစားရတယ်မဟုတ်လား...
ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့...
စိတ်သက်တောင့်သက်သာဖြစ်တာ မကောင်းဘူးလား''

''ကောင်းပါတယ်ဘုရား''

''မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ''

''ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား... အရှင်ဘုရားလည်း သိမြာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ''

''ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို့လို့လည်း
အမှန်မယူလေနဲ့တဲ့'

''ရှေးထုံးကပယ်သင့်သလားဘုရား''

''ပယ်သင့်ခြင်းမပယ်သင့်ခြင်းဟာ ရှေးထုံးတွေ
ဒီနေ့ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး
အမှန်အမှားပေါ်သာမူတည်ပါတယ်
မှန်ရင်ယူမယ် မှားရင်ပယ်မယ်

အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဉာဏ်ရည်ရှိတယ် ၊
ဆင်ခြင်နိုင်စွမ်းလည်းရှိတယ်
သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ''

''မရှင်းတာတွေမေးဦးမယ်ဘုရား''

''မေးပါ ဒကာ''

''တပည့်တော် တနေ့ကားစီးတော့ ဘုန်းကြီးတပါးဘေးမှာ ထိုင်ဖြစ်တယ် ၊ အဖွားအို တယောက်တက်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ် ၊
ဘုန်းကြီးဘေးမို့မထိုင်ရဲဘူးတဲ့ဘုရား''

ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့အယူအဆကို မှန်တယ်လို့ အရှင်ဘုရားမြင်မိလား''

''ထိုင်ခြင်း ထခြင်းနှစ်မျိုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ
ထခြင်းဟာ ပို အားစိုက်ရတယ်
ဒီလိုဆိုတော့ အင်အားနည်းပါးသူဟာ ထိုင်ဖို့ ပိုလိုအပ်တယ်....
ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်...

အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိ ေန္ဒြပိုထိန်းရသူကို ဦးစားပေးမယ်... ကားအလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင်အိနြေ္ဒထိပါတယ်

သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်
ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို ဦးစားပေးပြီးရင် အိနြေ္ဒဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေးသင့်ပါတယ်''

''ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့''

''အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ်... အားလုံးဟာ ဆင်ခြင်တုံတရားနဲ့ တွေးရင် အဖြေထွက်ပါတယ်ဒကာ''

''ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာနဲ့ မူကွဲနေသလိုပဲ''

''ကွဲဖို့လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို့လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ
ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာ
ရယ်လို့မခေါ်ပါဘူး...
ဘာကိုမှ စွဲနေလို့မရဘူးဒကာ

ဘုန်းဘုန်းတို့က ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ်ခံထားရတယ်...
ဒကာက ဘုန်းဘုန်းလို့ခေါ်တယ်
ဒီပညတ်တွေကို အသည်းအသန်
ငြင်းဆန်ဖို့မလိုလို့ ဒီအတိုင်း လက်ခံထားတယ်... ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့ တွေသင်ကြားရတယ်...

''ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့
လာပြောလို့မရဘူး
အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ်
သဘောတရားကိုတော့ တဦးတယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့ ယူပါတယ်...

မဟာဇနက တကယ်ကူးခဲ့မကူးခဲ့ဆိုတာကို ဘုန်းကြီးမတွေးဘူး

ဘာ messageပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်...
''မသေမချင်း အလျှော့မပေးနဲ့ ''ဆိုတဲ့ message....

ဝမ်းဝအောင်စားတယ်... ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ် ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့်ရှိသမျှ ရှင်သန်ဖို့ ကြိုးစားတယ် မေခလာနဲ့ တွေ့တာ မတွေ့တာနောက်ထား... သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲမဟုတ်လား
survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်...

သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ
အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ messageတွေရှိရဲ့မဟုတ်လားဒကာ''

''ဗုဒ္ဓဘာသာဘုန်းကြီးတပါးက မဟာဇနကဇာတ်ထုတ်တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီစကားတာဝန်မကြီးဘူးလားဘုရား''

''ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူးဒကာ

ယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး
ယုံခြင်း၏ကောင်းကျိုး လည်းမိမိစံ
ယုံခြင်း၏ဆိုးကျိုးလည်း မိမိခံ
ဒါမျှတပါတယ်...

လေ့လာကြည့်ပါ
ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ်
ကိုယ်ကြည်ညိုရာကို သူများလည်း
ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ်
ဒါဟာ အနုမာနသဘောလည်းဖြစ်မယ်။
ကိုယ့်ဘာသာဝင်ကို များစေချင်တဲ့ လောဘလည်း
ဖြစ်မယ်။ဒါမှမဟုတ် ကောင်းရာသို့ အကြံပြု လိုတဲ့ မေတ္တာလည်းဖြစ်မယ်...။

အတ္တာဟိအတ္တနောနာထော
သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။
ဒါသင့်အပေါ်ပဲမူတည်တယ်''

''တင်ပါ့ဘုရား''
နားလည်ပါပြီ ဘုရား... ။
သာဓု သာဓု သာဓု.......... ။
ပီပီသသ သန့်သန့်ပြန့်ပြန့် ဗုဒ္ဓဘာသာ

ဗေဒင်လဲ မမေးဘူး။

ကိန်းဂဏန်းတွေ အစွဲမရွိဘူး။

ရတနာမြတ် ၃ ပါးကိုသာ အလေးထားတယ်။

ဘုရားရောက်တဲ့ အခါ ဘယ်နေ့နံဒေါင့်မှာမှရှိခိုးမယ်လို့လဲ အစွဲမရှိဘူး။

ကြီး ၄ ကြီး၊ကြီး ၉ ကြီးလဲ ပုတီးသွားစိပ်တာမျိုး မရှိဘူး။

ဆုတောင်းပြည့်ဘုရားတို့၊ ပုဂံက စွယ်တော် ၄ ဆူ နေ့ချင်းဖူးရင် ဆုတောင်းပြည့်တယ်တို့၊
ချမ်းသာတယ်တို့၊

ကျိုက်ထီးရိုးဘုရားတနှစ်ထဲမှာ ၃ ခေါက် တက်ရင် ချမ်းသာတယ်တို့
လဲ အယူမရှိဘူး။

ဘုရား ဆိုရင် ဘယ်နေရာက ဘုရား၊ စေတီ၊ ဆင်းတုတော်ကိုမဆို တန်းတူ သဘောထားနိုင်တယ်။

သရဏဂုံတည်မယ်။

၅ ပါး သီလ ကိုထိန်းမယ်။

၈ ပါး သီလကို အခါအားလျော်စွာ စောင့်ထိန်းမယ်။

နေ့စဉ် တရားထိုင်၊တရားအားထုတ်
မယ်။

အဲ့လို လူတွေ ဘယ်လောက်ရှိလဲ ။

စစ်တမ်း လိုက်ကောက်ကြည့်ရင် လူဦးရေ သိပ်များမယ်မထင်ဘူးနော်။

ကံ၊ကံ ၏အကျိုး (ကံ=စေတနာ=အလုပ်)ကို
မယုံဘဲ မင်္ဂလိက ဒိဌိ၊

အယူအလွဲတွေကိုသာ ယုံကြည်နေကြရင် ဗုဒ္ဓဘာသာ မစစ်ဘူးပေါ့။

အညံ့စား ဗုဒ္ဓဘာသာ၀င်တွေပေါ့။

ဒါကြောင့်
"ထေရဝါဒဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့်ဖြစ်နိုင်ကြပါစေ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

#လွတ်လပ်စွာကူးယူမျှဝေနိုင်ပါသည်🙏🙏🙏

11/05/2023

''အခြေခံပညာကျောင်းများတွင်''
လစာနှုန််းထား(၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)ကျပ်ဖြင့်ရုံးအကူ/သန့်ရှင်းရေးအကူ/အစောင့်/လုပ်သားရေမီးများစတင်ခန့်အပ်ပါကြောင်း။
''အသစ်ခန့်(ရုံးအမိန့်စာ)''များ ထွက်ရှိကြောင်းသိရပါတယ်။အားလုံးအဆင်ပြေကြပါစေ....

🚩 #လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...သေလောက်အောင်မုန်းနေလည်းအရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...တစက်ကလေးမ...
11/05/2023

🚩 #လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...

သေလောက်အောင်မုန်းနေလည်း
အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

တစက်ကလေးမှ အဆင်မပြေလည်း
အားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်း
မြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့
မျက်နှာဖုံးကိုစွပ်ပါ...

ချုံးပွဲချပြီး ငိုချပစ်ချင်လည်း
ထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ဒရယ်ပေါက်လို ချိုနဲ့နေလည်း
ကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ...

ဘာတစ်ခုမှ လက်မခံချင်လည်း
အရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ဘာသိဘာသာ နေလိုက်ချင်လည်း
ဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း
ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေ
လူပါးဝလာလေ မျက်နှာဖုံးများလေ
အရေထူလာလေ မျက်နှာဖုံးစုံလေ...

ရှင်းလား...

မျက်နှာဖုံးတွေရဲ့တန်ဖိုးဟာ
Constant ဖြစ်နေကြောင်းကို သိလာတဲ့တစ်နေ့
မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ်
ခံတွင်းတွေ့လာပါလိမ့်မယ်...

ကဲပါ...မထူးပါဘူး...

တဖက်က မျက်နှာဖုံး မစွပ်ချင်ဘူးဆိုရင်တောင်
အခြားတဖက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့
သူတွေနဲ့ပဲ တွေ့နေရမယ့်အတူတူ...

အားလုံးမျက်နှာဖုံးတွေအောက်မှာသာ ပျော်ပျော်ကြီး
အသက်ရှင်ကြတာပေါ့...

အသက်ရှူကြပ်တယ်ဆိုပေမယ့်လည်းလေ...
ဒါပေမဲ့...မျက်နှာဖုံးစွတ်ပါ

#မောင်သာချို

ကလေးက ၅ နှစ်ကျော် ၆ နှစ်လောက်မှ မရောက်သေးရင် ဘာစာမှ မသင်နဲ့။Online ကလဲ မသင်နဲ့။ အိမ်လဲ မခေါ်နဲ့။ ကျောင်းလဲ မပို့နဲ့။ သင်...
11/04/2023

ကလေးက ၅ နှစ်ကျော် ၆ နှစ်လောက်မှ မရောက်သေးရင် ဘာစာမှ မသင်နဲ့။
Online ကလဲ မသင်နဲ့။ အိမ်လဲ မခေါ်နဲ့။ ကျောင်းလဲ မပို့နဲ့။
သင်ချင်သပဆိုရင်
အရုပ် ပုံ များများပါတဲ့ စာအုပ်တွေ ဝယ်ပေးထား။ ( အရုပ် ပုံ များများနော် )
ရွံ့စေးဝယ်ပြီး ကြုံရာ လျှောက်လုပ်ခိုင်း။
စာရွက်အလွတ်တွေ ခဲတံတွေ ချထားပေးပြီး သူဆွဲချင်ရာ ဆွဲပါစေ။
ပုံပြင်ဖတ်ပြ။
ဘလောက်တုံးတွေ ကစားစရာ ပေါင်းစုံဝယ်ပြီး ကစားခိုင်း။
ပြေးလွှားဆော့ကစားပါစေ။

၅ နှစ်မပြည့်သေးတဲ့ ကလေးကို အဲဒါ‌ တွေ ထက် ကောင်းတဲ့ စာသင်နည်း ကမ္ဘာမှာ မရှိသေးဘူး။
ကလေးဆိုတာ ငယ်တုန်း ကစားရမယ်။ အဲဒါမှ ကြီးထွားဖွံ့ဖြိုးမှာ။ စာဆိုတာ မသေမချင်းသင်ရမှာ။ ငယ်တုန်းလေး ကစားရမှာ ။ ကစားပစေ။

၅ နှစ်တောင် မပြည့်သေးတဲ့ ကလေးကို စာသင်ဖို့ ပိုက်ဆံအကုန်မခံနဲ့။ အရုပ်တို့ စာအုပ်တို့သာ နိုင်နိုင်ဝယ်ပေး။
ပိုက်ဆံတွေ အရမ်းပေါနေရင် ကျုပ်ဆီလွှဲပေး။
ကလေးကို စာသင်ခန်းထဲထည့်၊ ကွန်ပျုတာရှေ့ထား ၊ ဆရာမခေါ်ပြီး ဒုက္ခမပေးနဲ့။

၅ နှစ်မပြည့်တဲ့ ကလေးကို စာသင်တာ ကောင်းပါတယ်ဆိုတဲ့ ဆရာမ ရှိရင် ကျုပ်ဆီလာခဲ့။

မရှင်းတဲ့ မိဘတွေ ထပ်ဖတ်။
၅နှစ်တောင် မပြည့်သေးတဲ့ ကလေးကို ပိုက်ဆံရချင်ရုံ သက်သက်နဲ့ ကွန်ပျုတာရှေ့ ဇွတ်ပို့မနေနဲ့။
ဒါပဲ။

တချို့ဆရာမတွေ ကျိန်ဆဲကြတော့မယ်။ 😎😎😎😎😎

; Original Uploader

11/04/2023

အသိပေးကြေညာချက်
=========================
လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)အမှတ်စဥ်(၁၀/၂၃)ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့ပြီးသူများ၏ လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းကို ပညာရေးဒီဂရီကောလိပ်၌ ယနေ့(4-11-2023)တွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်၊၊
#ကျောက်ဖြူပညာရေးကောလိပ်

လက်ရှိတက်ရောက်နေသော BEd ဆရာဆရာများရဲ့စာကျက်နည်းအမျိုးမျိုး😆😆😆ဦးရဲ(ပညာရေး) မှရေးသားသည်။ဆရာ/မအများစုရဲ့ စာကျက်နည်း (၆) နည...
11/04/2023

လက်ရှိတက်ရောက်နေသော BEd ဆရာဆရာများရဲ့စာကျက်နည်းအမျိုးမျိုး😆😆😆

ဦးရဲ(ပညာရေး) မှရေးသားသည်။

ဆရာ/မအများစုရဲ့ စာကျက်နည်း (၆) နည်းရှိတယ်ဗျ။

#တိုက်ကျက်
အသံထွက်ပြီးလည်း မဖတ်။ အဓိပ္ပါယ်လည်း မသိ။ ဘာသာလည်း မပြန်။ စာပိုဒ်ကိုအကြိမ်ကြိမ် ကူးချရေး။ ပြီးရင် ပြန်စစ်/ပြန်တိုက်ရင်း မှတ်မိအောင် ကျက်နေသော ဆရာမ။ အဲ့လိုဆရာ/မကို တိုက်ကျက် ဆရာ/မ လို့ခေါ်တယ်။

#ငိုက်ကျက်
ဥမင်လှိုင်ခေါင်းထဲ ကားဟွန်းတီးသလိုပဲ။ စပြီးကျက်ခါစမှာ စာဖတ်သံက ခပ်ကျယ်ကျယ်ပဲ။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ အသံတိုးလာတယ်။ ပြီးရင် တိတ်သွားတယ်။ ဒါဆိုရင် သေချာတယ်။ ငိုက်ပြီ ကျက်နေပြီ။ စိတ်ထဲပေါ်ရာ ရွတ်ရင်း နားလည်ရခက်တဲ့ စာတွေရေးခြစ်ကျက်နေရင် အဲ့တာ ငိုက်ကျက် ဆရာ/မ။

#မိုက်ကျက်
ရွှေထီးနဲ့ မြေကြီး။ ပါရင်ဖြေမယ်။ မပါရင် မဖြေဘူး။ နံရိုးကို လက်ထောက်။ ကံကောင်းဖို့တွေ ဆုတောင်း။ တစ်ခါတလေ စာပိုဒ်က တစ်ကြောင်းနှစ်ကြောင်း ဖြုတ်ပစ်/ ထုတ်ပစ်။ စာတွေကို ဒီလို ခပ်မိုက်မိုက် ရွေးကျက်တတ်နေရင် သူတို့က မိုက်ကျက် ဆရာ/မ။

#နှိုက်ကျက်
စာသင်ရင် လုပ်ချင်ရာလုပ်။ စားချင်ရာစား။ ငိုက်ချင်ရာ ငိုက်။ စာသင်ချိန်တစ်ချိန်သာကုန်တယ်။ ဘာမှ နားမလည်။ ပြီးရင် သင်ပြတဲ့ဆရာ/မအနားကို ချည်းကပ်။ ဟိုစာကို နားမလည်သလိုလို၊ ဒီစာကိုနားမလည်သလိုလိုနဲ့ မေးခွန်းတွေကို နှိုက်ပြီး ကျက်တတ်သူကို နှိုက်ကျက် ဆရာ/မ။

#လိုက်ကျက်
ကိုယ်ကိုယ်တိုင် ဘာကျက်ရမှန်းမသိ။ စာမေးပွဲနီးမှ သူများ ဘာကျက် ကိုယ် ဘာ ကျက်။ ဟိုတစ်ကွက် ဒီတစ်ကွက်။ တစ်ခါတရံ ဂဠုန်ဆားချက်။ မေးခွန်းထွက်သံကြားတာနဲ့ ဟိုလိုက်/ဒီလိုက်ပြီး ကျက်တယ်ဆိုရင်တော့ အဲ့တာ လိုက်ကျက်ဆရာ/မ။

#ကြိုက်ကျက်
နည်းပြဆရာက ဘာသင်သင်။ ဘာမှလည်း စောဒကမတက်။ သူများတွေ ဘာကျက်ကျက်။ ကိုယ်နဲ့ဘာမှ မပတ်သက်။ ခန့်မှန်းမေးခွန်းတွေကိုလည်း မတွက်ချက်။ ဘုရင့်နောင် ဖောင်မဖျက်။ ကိုယ်ကြိုက်ရာ ကိုယ်ကျက်။ အဲလိုဆိုရင်တော့ ကြိုက်ကျက်ဆရာ/မ။

ဦးရဲ(ပညာရေး) မှရေးသားသည်။


#ဆရာဆရာမများ

ဒီဇင်ဘာပိတ်ရက်ကို ချစ်သောမီးအိမ်ရှင်လေးများအတွက်ဖော်ပြပေးလိုက်ပါတယ်။  #ဒီဇင်ဘာပိတ်ရက်
11/02/2023

ဒီဇင်ဘာပိတ်ရက်ကို ချစ်သောမီးအိမ်ရှင်လေးများအတွက်ဖော်ပြပေးလိုက်ပါတယ်။

#ဒီဇင်ဘာပိတ်ရက်

10/29/2023

မေးခွန်းဖြေဖုန်းဘေယူ

10/29/2023

အစီစဥ်လေးစလိုက်ရအောင်
မီးအိမ်ရှင် လေးတို့ရေ

10/29/2023

Page လေးကို Like နဲ့ Share လေး
လုပ်ထားပါအုံး မီးအိမ်ရှင်လေးတို့ရေ😘😘😘

10/29/2023

ချစ်ရတဲ့မီးအိမ်ရှင်လေးတို့ရေ
ပညာရေးနဲ့ဆိုင်တဲ့မေးခွန်းလေးတွေ
စဥ်းစားထားအုံးနော်

10/29/2023

ချစ်ခင်လေးစားရတဲ့မီးအိမ်ရှင်လေးတို့ရေ
ဒီညမှာ ပညာရေးနဲ့ဆိုင်တဲ့မေးခွန်းလေးတွေဖြေရင်း
သီတင်းကျွတ်မုန့်ဖိုးများပေးမှာဖြစ်ပါတယ်။၁၀ နာရီမှာ ပြန်လည်ဆုံတွေ့ကြပါစို့....
မုန့်ဖိုးယူမယ့်သူလေးတွေက "ယူ" လို့မန့်ပေးခဲ့ပါအုံး...။

09/11/2023

သင်္ကန်းကပ်ရင်းအိပ်ငိုက်ကြမယ်ကလေးတို့အရွယ် 🤣🤣🤣🤣
#အိပ်ငိုက်
#ဟာသ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်မည့်ရက်ကြေညာ #မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
06/06/2023

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်မည့်ရက်ကြေညာ

#မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

Super ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိပြီး အဖျက်စွမ်းအားပြင်းထန်မုန်တိုင်းရဲ့ အဝန်းအဝိုင်းဟာ စစ်တွေကမ်းခြေကိုစတင်ဝ...
05/14/2023

Super ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိပြီး အဖျက်စွမ်းအားပြင်းထန်

မုန်တိုင်းရဲ့ အဝန်းအဝိုင်းဟာ စစ်တွေကမ်းခြေကိုစတင်ဝင်ရောက်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။ ဗဟိုချက်ကတော့ ဒီနေ့နေ့လည် ၁၂နာရီခန့်မှာ စတင်ဖြတ်ကျော်မယ်လို့ခန့်မှန်းရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင် စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်နိုင်ပြီး လေတိုက်နှု...
05/14/2023

မိုခါဆိုင်ကလုန်းမုန်တိုင်း ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင် စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၄၄ မိုင်ဝန်းကျင် တိုက်ခတ်နိုင်

ရန်ကုန်၊ မေ ၁၄

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ နံနက်ပိုင်းမှစတင်၍ ရခိုင်ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်နိုင်ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ဝန်းကျင်တွင် စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်နိုင်ကြောင်း Joint Typhoon Warning Center က တရားဝင် ထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်း မုန်တိုင်းသည် ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၄ မိုင်ဝန်းကျင် ( 125 Knots) ရှိနိုင်ပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း အရှိန်လျှော့လာမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ “မိုခါ”ဆိုင်ကလုန်းသည် ယနေ့နံနက်ပိုင်းမှစ၍ ရခိုင်ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်နိုင်ကာ နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားစစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်းနှင့်အတူ ဖြစ်ပေါ်လာသော မုန်တိုင်းဒီရေကို အဓိက သတိထားရမည်ဖြစ်ပြီး မြေနိမ့်ပိုင်းဒေသများမှ ပြည်သူများအနေဖြင့် အမြန်ဆုံးရွှေ့ပြောင်းကြရန် သတိပေးချက်များ တောက် လျှောက်ဆိုသလို ထုတ်ပြန် လျက်ရှိသည်။
Ref..YKT

05/12/2023


#အားအလွန်ကောင်းသောမိုခါမုန်တိုင်း

နောက်ဆုံးရရှိတဲ့ အချက်အလက်များအရ
အဆိုပါအားအလွန်ကောင်းသော မိုခါ(Mocha)
မုန်တိုင်းဟာ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများကို စတက်ဝင်ရောက်နိုင်ပါကြောင်းသတိပေးနှိုးဆော်အပ်ပါသည်။
၎င်း မုန်တိုင်းသည်မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမည်ဖြစ်၍ အနီရောင်အဆင့်သတ်မှတ်ပါသည်။

#မိုခါ

Updateနောက်ဆုံးရရှိထားတဲ့ Mocha မုန်တိုင်းရဲ့ သတင်းအချက်အလက်ဖြစ်ပါတယ်။မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာဖြစ်တဲ့အတွက် ...
05/12/2023

Update
နောက်ဆုံးရရှိထားတဲ့ Mocha မုန်တိုင်းရဲ့
သတင်းအချက်အလက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာ
ဖြစ်တဲ့အတွက် သက်ဆိုင်ရာဒေသများက
မုန်တိုင်းသတင်းအချက်အလက်များကို
ရယူပြီး ကြိုတင်ပြင်ဆင်နိုင်ပါရန်
နှိုးဆော်သတိပေးအပ်ပါတယ်။
၂၀၀၈ နာဂစ်လိုမျိုးမဖြစ်အောင်သတိထားကြပါ။

12/30/2022

အထက်က ခိုင်းရင် ပြာ
အောက်ကို ခိုင်းရင် မာ
အရည်အချင်းက ချာ
လုပ်သင့်တာဆို ကြာ
လာဘ်လာဘဆို ဆာ
ချီးမြှောက်ဖို့ဆို ဗလာ
သူတို့ လက်အောက်မှာ မသာယာ။

*( ဖတ်ကောင်းလွန်းလို့  တင်ပေးလိုက်ပြီ )*တပည့်လေးထံမှ သင်ယူခြင်းကျောင်းစဖွင့်ဖွင့်ချင်း နေ့မှာတော့ ငါးတန်းရဲ့ အတန်းရှေ့မှ...
12/22/2022

*( ဖတ်ကောင်းလွန်းလို့ တင်ပေးလိုက်ပြီ )*

တပည့်လေးထံမှ သင်ယူခြင်း

ကျောင်းစဖွင့်ဖွင့်ချင်း နေ့မှာတော့ ငါးတန်းရဲ့ အတန်းရှေ့မှာရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့ အစချီလိုက်ပါတယ်။

တခြားဆရာမတွေလိုပါပဲ။ ဒေါ်သီတာဆွေဟာလည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူဟာ တပည့်တိုင်းကို အယုတ်အလတ် အမြတ်မရွေး ချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ ဒါပေမယ့် ဒေါ်သီတာဆွေ့ အနေနဲ့ တပည့်တိုင်းကို အယုတ်အလတ် အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာ မလွယ်လှပါဘူး။

အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ
လျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ တက်တူဆိုတဲ့ ကျောင်းသားလေး တစ်ယောက်ကြောင့်ပါ။

ဒေါ်သီတာဆွေဟာ အရင်နှစ်ကတည်းက တက်တူကို သတိထား မိခဲ့တယ်။ သည်ကလေးက အခြားသော ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားလေ့ မရှိဘူး။ အဝတ်အစား တွေကလည်း ဖိုသီဖတ်သီ။ရေလည်း ချိုးမှ ချိုးရဲ့လားမသိ။ တက်တူကို ကြည့်ရတာ တော်တော့်ကို ကစုတ်ကတ်နဲ့။

ဒီနှစ် သူ့အခန်းထဲကို တက်တူ ရောက်လာတဲ့ အခါမှာတော့ ဒေါ်သီတာဆွေ အတော်စိတ်ပျက် နေတယ်။အဆင်ပြေချင်တော့ တက်တူရဲ့ လေ့ကျင့်ခန်း စာအုပ်တွေကို စစ်ရတဲ့အခါမှာ ဒေါ်သီတာဆွေဟာ သူ့ရင်ထဲက အစိုင်အခဲကို ချေဖျက်ခွင့်ရသွားတယ်။

မင်နီထူထူကြီးနဲ့ ကြက်ခြေခတ် အကြီးကြီးတွေကို ထင်းထင်းကြီး ခြစ်လို့ရသွားတယ်လေ။ တက်တူရဲ့ လပတ်စာမေးပွဲ အဖြေလွှာမှာ "ရှုံး"ဆိုတဲ့ စာလုံးကြီးကို ရေးချလိုက်တာများ အင်မတန်အားရ ကျေနပ်တဲ့ အမူအရာနဲ့။

ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ ကျောင်းမှာ ကကလေးတွေရဲ့ နောက်ကြောင်း မှတ်တမ်းတွေကို ဆရာတွေက မဖြစ်မနေ သုံးသပ်ကြရတယ်။ အခုနှစ် ကလေးတွေရဲ့ နောက်ကြောင်းကို ပြန်စစ်တဲ့အခါ ဒေါ်သီတာဆွေဟာ တက်တူရဲ့ နောက်ကြောင်းကို နောက်ဆုံးမှ စစ်တယ်။

ဒါပေမယ့် နောက်ဆုံးမှ စစ်တဲ့တက်တူရဲ့ နောက်ကြောင်းကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ်အဟောင်းသား ဖြစ်သွား ပါတော့တယ်။

တက်တူရဲ့ ပထမတန်းဆရာမက ဒီလိုရေးထားတယ်။

" မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။ကျောင်းစာများကို သန့်ရှင်းသပ်ရပ်စွာ ရေးမှတ်ဖြေဆိုတတ်ပြီး ယဉ်ကျေးတဲ့သူလည်း ဖြစ်သည်။ သူကား တစ်တန်းလုံးနှင့်လည်း သင့်မြတ်သူ ဖြစ်သည် "

ဒုတိယတန်းဆရာမကျပြန်တော့

" တက်တူသည် အလွန်ထူးချွန်သော ကျောင်းသား တစ်ယောက်ဖြစ်သည်။ သူ့အတန်းဖော်များ ကလည်း သူ့ကို အလွန်ချစ်ခင်ကြသည်။ သို့ရာတွင် သူ့မိခင်မှာ နာတာရှည်ရောဂါကို သေလုမျောပါး ခံစားနေရသည်ဖြစ်ရာ တက်တူမှာ စိတ်ထိခိုက်နေပုံ ရသည်။ တက်တူအဖို့ အိမ်တွင် နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေလောက်ပေသည် "

တတိယတန်း ဆရာမကလည်း

" မိခင်တိမ်းပါးသွားခြင်းက တတ်တူအတွက် ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါလိမ့်မည်။ သူက အရွယ်နှင့်မမျှအောင် သူ့စိတ်သူထိန်းကာ ကျောင်းစာမှာရော ပတ်ဝန်းကျင်နှင့်ပါ အဆင်ပြေအောင် အတက်နိုင်ဆုံး ကြိုးစား အားထုတ် ရှာသည်။ သူ့ဖခင်ကမူ သူ့အပေါ် အလေးထားပုံ မရလှချေ။ သူ့အတွက် ကျောင်းက တစ်ခုခု ပံ့ပိုးမပေးနိုင်လျှင် တက်တူ၏ အနာဂတ် ထိခိုက်လာမည့် အလားအလာများ ရှိပေသည် "

စတုတ္ထတန်းဆရာမ ကျပြန်တော့လည်း

" တက်တူကား တစ်ယောက်တည်း ငေးတိငေးငိုင်သာ နေတတ်လေသည် ကျောင်းစာကိုလည်း စိတ်ဝင်စားပုံ မရပါ။ သူ့မှာ သူငယ်ချင်းလည်း များများစားစားမရှိပါ။တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင်
အိပ်ပျော်နေတတ်ပေသည် "

ဒါတွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဒေါ်သီတာဆွေဟာ တက်တူရဲ့ ပြသာနာတွေကို သဘောပေါက်သွားသလို သူ့ကိုသူလည်း အတော်အရှက်ရသွားတယ်။ပိုဆိုးသွားတာက သီတင်းကျွတ်ကာလမှာ သူ့တပည့်တွေက လာကန်တော့ကြတဲ့ အချိန်မှာပါ။

တပည့်လေးတွေဟာ စက္ကူအရောင် လွင်လွင်လေးတွေ ဖဲကြိုးရောင် လှလှလေးတွေ ထုပ်ပိုးချည်နှောင်ထားတဲ့ အထုပ်ကြီး အထုပ်ငယ်တွေနဲ့ သူ့ကို လာကန်တော့ကြတယ်။တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။ထုပ်ပိုးလာတာကိုက ဖရိုဖရဲနဲ့၊ကုန်စုံဆိုင်မှာဆေး
ဝယ်ရင် ဆိုင်ကထုပ်ပေးတတ်မြဲ စက္ကူအညိုနဲ့ ထုပ်လာတာ။အဟောင်းကို ပြန်သုံးထားတော့ စက္ကူကလည်းတွန့်လို့ ကျေလို့ရယ်။

ဒေါ်သီတာဆွေဟာ အခြားလက်ဆောင် လှလှလေးတွေကြားက တက်တူရဲ့ အထုပ်ကလေးကို ရင်နင့်နင့်နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အခါ ဥဿဖရား လက်ကောက်လေး တစ်ခုနဲ့ ရေမွှေးပုလင်း အဟောင်းလေးတစ်လုံး ထွက်လာတာမို့ ကျောင်းသားတစ်ချို့ ရယ်လိုက်ကြတယ်။ ရယ်ဆို ဥဿဖရား လက်ကောက်လေးမှာက ဥဿဖရား အပွင့်လေးတွေ စေ့စေ့ငှငှ မရှိတော့ပဲ အချို့နေရာတွေမှာ ကွက်တိကွက်ကျား ဖြစ်နေသလို ရေမွှေးပုလင်း ထဲမှာလည်း ရေမွှေးက ဖင်ကပ်သာသာ လေးပုံတစ် ပုံလောက်ပဲ ကျန်တော့တာကိုး။

ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက်လေးက လှလိုက်တာလို့ အသံကျယ်ကျယ် ရေရွတ်လိုက်ပြီး လက်မှာချက်ချင်း ကောက်ဝတ် လိုက်တာမို့ ရယ်နေသူတွေလည်း အရှိန်သပ်သွားတယ်။ လက်ကောက်လေးကို ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့ ရေမွှေးလေးကိုလည်း သူ့လက်ကောက်ဝတ်မှာ ဆွတ်လိုက်ပြန်ပါတယ်။

အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာ ခါတိုင်းလို အတန်းထဲက ချက်ချင်း မပြန်သေးဘဲ ခဏစောင့်နေတယ်။ လူရှင်းတော့ ဒေါ်သီတာဆွေ့ အနားကို ရောက်လာပြီး " ဆရာမရယ်... ဒီနေ့ ဆရာမဆီက ရတဲ့အနံ့က သားမေမေရဲ့ ကိုယ်နံ့အတိုင်းပါပဲဗျာ "လို့ ပြောလေရဲ့။

မောင်တက်တူဟာ သည်စကားကိုပြောပြီးတဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။ ကျန်ရစ်သူ ဒေါ်သီတာဆွေမှာတော့ မျက်ရည်တွေတွေ ကျလာရတဲ့အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့အထိပါပဲ။

အဲဒီနေ့ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊အဖတ်၊အတွက်တွေ သင်ကြားပို့ချ နေတာများကို လုံးလုံးစွန့်လွှတ်လိုက်ပြီး ကလေးငယ်များကို သင်ကြားပို့ချပေးတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။

ထို့အပြင် မောင်တက်တူကိုလည်း သေသေချာချာ ဂရုတစိုက် သင်ကြားပေးပါတယ်။သင်ရင်းနဲ့ မောင်တက်တူရဲ့ ဦးနှောက်ဟာလည်း သိသိသာသာ နိုးကြားလာတာကို ဒေါ်သီတာဆွေ တွေ့လာရတယ်။ ဆရာမက အားပေးလေ ၊တက်တူရဲ့ ဦးနှောက်က သွက်လတ်ထက် မြတ်လာလေပါပဲ။

စာသင်နှစ် ကုန်ဆုံးချိန်မှာတော့ တက်တူဟာ ဒေါ်သီတာဆွေအတန်းရဲ့ အတော်ဆုံး ကလေးတွေထဲက တစ်ယောက် ဖြစ်လာပါတော့တယ်။

တပည့်တိုင်းကို အယုတ်အလတ် အမြတ်မရွေး ချစ်ခင်ပါတယ်ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသားဟာ ယခုဆို မုသားမှန်း ပိုလို့တောင် သေချာသွားပါတယ်။ သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့ အချစ်ဆုံး တပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။

နောက်တစ်နှစ်အကြာမှာတော့ ဒေါ်သီတာဆွေ၏ အခန်းတံခါး အောက်ခြေမှာ တက်တူရဲ့ စာတိုလေးတစ်စောင် ရောက်နေတယ်။စာတိုလေးထဲမှာတော့ဆရာမဟာ သူ့ဘဝမှာ ကြုံခဲ့ဖူးသမျှ ဆရာ၊ ဆရာမတွေ အားလုံးအနက်မှာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။

နောက်ထပ် ခြောက်နှစ်အကြာမှာလည်း ဒေါ်သီတာဆွေဟာ တက်တူဆီက စာလေးတစ်စောင်ရပြန်တယ်။စာထဲမှာ သူဟာ အထက်တန်းကျောင်း ပြီးသွားပြီ ဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယ ရခဲ့ကြောင်းနဲ့ သူ့ဘဝမှာ ကြုံဖူးသမျှ ဆရာ၊ဆရာမများ အားလုံးအနက်မှာ ဆရာမ ဒေါ်သီတာဆွေကသာ အမြတ်ဆုံးဆရာ ပါပဲ လို့ရေးထားပါတယ်။

နောက်ထပ်လေးနှစ်အကြာမှာ ဒေါ်သီတာဆွေ့ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။စာထဲမှာ ဘွဲ့ရ
တော့မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထားပြန်တယ်။

အဲဒီနောက် လေးနှစ်အကြာမှာ စာတစ်စောင် ထပ်ရောက်လာပြန်တယ်။ သည်တစ်ကြိမ်မှာတော့ ပထမဘွဲ့ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစားဖို့အကြောင်း ရေးထားတယ်။ဒါ့အပြင် ဆရာမဒေါ်သီတာဆွေဟာ သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံးဆရာ ဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထားတယ်။

သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာ ထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။" သက်ထွန်းဆက် " MD တဲ့။ ( MD ဆိုတာ ဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။ တက်တူဆိုတာ သူ့ငယ်နာမည်ပဲဟာ။ ကျောင်းနာမည်က သက်ထွန်းဆက်ပဲ။ ဇာတ်လမ်းက မဆုံးသေးပါဘူး။

အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်စောင်ထပ် ရောက်လာပြန်တယ်။ တက်တူဆီကပါပဲ။ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့် အကြောင်း ရေးထားတာပါ။ သူ့ဖခင်က လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန် သွားပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့သားရဲ့ မိခင်အဖြစ် သူတို့မင်္ဂလာဆောင်ကို ကြွရောက်ချီးမြှင့် ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲတဲ့။ ဒေါ်သီတာဆွေလား........

ဟုတ်ကဲ့ တက်တူခေါ် ဒေါက်တာသက်ထွန်းဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ခဲ့တာ အသေအချာပေါ့ ခင်ဗျာ။

ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက်ကျား ဖြစ်နေတဲ့ လက်ကောက်လေးကို ဝတ်သွားတယ်ခင်ဗျ။ ဒါတင်ဘယ်ကမလဲ တက်တူရင်ထဲမှာ တသသနဲ့ အမှတ်ရနေဆဲ သူ့မိခင်ဆွတ်နေကျ ရေမွှေးအမျိုး
အစားကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။

မင်္ဂလာဆောင်ကို ရောက်တဲ့အခါမှာတော့ဒေါက်တာ သက်ထွန်းဆက်နဲ့ ဆရာမဒေါ်သီတာဆွေတို့ဟာ တကယ့်သားအမိလို တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထား မိလိုက်ကြတယ်။ ဒေါက်တာ သက်ထွန်းဆက်က သူ့ငါးတန်းဆရာမကို ခပ်တိုးတိုး ပြောတယ်။

"ကျေးဇူးကြီးလှပါတယ် ဆရာမရယ် ကျွန်တော့်ကို ဆရာမ ယုံယုံကြည်ကြည် ရှိခဲ့တဲ့အတွက် ဆရာမကို ကျွန်တော် အရမ်းကျေးဇူး တင်ပါတယ် ကျွန်တော့်မှာ အစွမ်းအစရှိတယ်၊ကြိုးစားရင် ဖြစ်နိုင်တယ်လို့ ခံစားလာရအောင် လုပ်ပေးခဲ့တဲ့ အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ် ဆရာမရယ် "

မျက်ရည်တွေဝိုင်းနေတဲ့ ဒေါ်သီတာဆွေလည်း ခပ်တိုးတိုး ပြန်ပြောလိုက်ပါတယ်။

"မောင်တက်တူးရယ်...သားမှားနေပြီ ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူးကွယ် သားကသာ ဆရာမကို သင်ပေးခဲ့တာပါ သားကသာ ဆရာမကိုကြိုးစားရင် ဖြစ်နိုင်ပါတယ်လို့ သင်ပေးခဲ့တာပါကွယ် သားနဲ့ မဆုံရခင်တုန်းက ဆရာမ စာမသင်တတ်ခဲ့ဘူး သားရဲ့"

#အတ္တကျော် (မူရင်းရေးသားသူ)
#မောင်တက်တူး #ကြိုးစားရင်ဖြစ်နိုင်ပါတယ်

 #မူပြနှင့်B.Edမူလတန်းပြထဲက ဆရာ/မတစ်ချို့က မေးကြတယ်။“B.Ed ဝင်ခွင့်ကို မူပြတွေက ဘာလို့အခွင့်မရှိတာလဲ..”တဲ့။ကျွန်တော် တိတ်...
12/18/2022

#မူပြနှင့်B.Ed

မူလတန်းပြထဲက ဆရာ/မတစ်ချို့က မေးကြတယ်။
“B.Ed ဝင်ခွင့်ကို မူပြတွေက ဘာလို့အခွင့်မရှိတာလဲ..”တဲ့။
ကျွန်တော် တိတ်တိတ်လေး ဆိတ် နေလိုက်တယ်။
ဖြေစရာစကား ရှာမရလို့ပါ။
ဒါပေမယ့်လည်း အားနာနာနဲ့ တစ်ခွန်းတော့ ဖြေခဲ့ပါတယ်။
“ဌာနမှာ ခေါင်းဆောင်ပီသသူတွေ နည်းလို့ပေါ့ဗျာ” လို့…

ဒီလို ပြောမိလို့ ကိုယ့်ဌာနကို သိက္ခာချတာမဟုတ်ပါဘူး။
“အောက်ခြေကို ငှဲ့ကြည့်ခဲ့ကောင်းပါရဲ့” ဆိုတဲ့အတွေးနဲ့
လက်ညိုးထောင်ပြခြင်းပါ။“စုန်းပြူး” ဖြစ်ချင်လို့လည်းမဟုတ်ပါဘူး။
“စီမံခန့်ခွဲမှု” သင်တန်းတက်ရင်း သိခဲ့ရတဲ့ အသိကြောင့်ပါ။
အဲ့တာက ဘာလဲဆိုတော့
“Boss တွေက အောက်ခြေကို ထိန်းချုပ်ဖို့ပဲ ကြိုးစားတယ်။
Leader တွေက အောက်ခြေကို အခွင့်အလမ်းပေးပြီး
လက်တွဲခေါ်တယ်” တဲ့။
မူပြတွေဟာ အခွင့်အလမ်းဖွင့်ပေးကြမယ့်
Leader တွေရဲ့ တွဲခေါ်လက်တွေကို မျှော်နေကြပါတယ်။

“ဘာလို့ မူပြတွေကို B.Ed မခေါ်တာလဲ” လို့ တွေးမိရင်
ယျေဘုယျ အကြောင်းပြချက် (၂)ချက်ပဲ တွေ့ရပါတယ်။
#ပထမအချက်, မူဆင့်ဆိုတာ အခြေခံအကျဆုံး အုတ်မြစ်။
ဒါကြောင့် သင်ကြားရေးလုပ်သက်ရင့် မူပြတွေ များစေချင်လို့။
#ဒုတိယအချက်, မူပြ ကနေ B.Ed တက်လို့မရဘူး။
ကြားမှာ လယ်ပြ ရာထူး တစ်ဆင့် ခံထားနေလို့။
ဒီမူဝါဒကို မူပြသင်နေတဲ့ ဆရာ/မတိုင်း သိကြတယ်။
နားလည်း နားလည်ကြပါတယ်။ သဘောလည်းပေါက်ကြပါတယ်။

ဒါပေမယ့် ရာထူးမူဝါဒနဲ့ လက်တွေ့မြေပြင်က လွဲနေပြန်တယ်။
(တစ်ချက်ချင်း ရှင်းပါရစေ….)
၁) မူပြစစ်စစ် ဖြစ်ရင် B.Ed တက်လို့ရတယ် လို့ ဆိုခဲ့ကြတယ်။
ဒါပေမယ့် မူပြစစ်စစ်တွေ ဘယ်မှာ B.Ed လျှောက်ခွင့်ရလို့လဲ။
မူဆင့်မှာ မူအုပ် တစ်မျိုးပဲ B.Ed တက်ခွင့်ရတယ်။
၂) ဒုမူပြ နဲ့ ဒုလယ်ဟာ လစာတူမို့ အခွင့်ရေးတူလို့ ဆိုခဲ့ကြတယ်။
ဒါကြောင့်ပဲ လယ် ၂(PJ) တွေ ဒုမူပြကို ရွေးချယ်ခဲ့ကြတယ်။
ဘယ်မှာလဲ။ ဒုမူပြတွေ B.Ed တက်ခွင့်ရကြလို့လား။ No ပါ။
၃) ဒုမူပြ ကနေ မူပြစစ်စစ်ကို အတိုးနဲ့ B.Ed တက်နိုင်သလို
ဒုမူပြ ကနေ ဒုလယ်ကို ပြောင်းပြီး B.Ed ယူနိုင်တယ်လို့ ဆိုခဲ့တယ်။
မေးချင်ပါတယ် “ဒုမူပြ လုပ်သက်ဘယ်လောက်မှာ မူပြဖြစ်မှာလဲ”။
သတ်မှတ်ထားပြီလား။ ဒုမူပြ ကနေ ဒုလယ်ပြ ကိုရော
ရာထူးပြောင်းခွင့် ရနေကြလို့လား။ No ပါ။

ရည်ရွယ်ချက်က မူဆင့်မှာ သင်ကြားရေးလုပ်သက်ရင့်တွေ ရဖို့။
မူပြ မှ လယ်ပြ။ ရာထူး တစ်ဆင့်ချင်းနဲ့ B.Ed တက်စေချင်လို့။
ဟုတ်ပါတယ်။ ဒီလိုရည်ရွယ်ချက်ဟာ ကောင်းပါတယ်။
ဘယ်သူ့အတွက် ကောင်းတာလည်းဆိုရင် ကျူရှင်ရတဲ့ ကျောင်းနဲ့
မြို့ပေါ်မှာ ထိုင်နေကြပြီး မရွှေ့ချင်တော့တဲ့ ဆရာ/မတွေအတွက်ပါ။

လက်ရှိအနေအထားအရ။ သင်တန်းဆင်း ဆရာ/မတွေဟာ
မူဆင့်မှာ စာမသင်ချင်ကြဘူး။ တက်လမ်းမရှိလို့ပါ။
လုပ်ငန်းခွင်ဝင်နေကြတဲ့ လ/ထမူပြ ဆရာ/မတွေက
ဒုမူပြ မလုပ်ချင်ကြဘူး။ တက်လမ်းမရှိလို့ပါ။
ဒုမူပြ ကလည်း မူပြစစ်စစ်ကို မသွားချင်။ B.Ed မခေါ်လို့ပါ။
ဒုမူပြ ကနေ ဒုလယ်ပြ ကိုလည်းပြောင်းလို့မရ။
မူအုပ်ကိုပဲ မျက်လုံးစုံမှိတ် အံကြိတ်ပြီး လုပ်မယ်ဆိုတော့လည်း
B.Ed ခေါ်နှုန်းက ၅% တဲ့။ လမ်းပျောက်နေလေရဲ့။

လူတစ်ယောက်ရဲ့ အရည်သွေးနဲ့ပတ်သက်ပြီး
စကားတစ်ခွန်း ကြားဖူးပါရဲ့….
“တော်နေသူဟာ ပျော်နေဖို့ လွယ်ချင်မှ လွယ်မယ်၊
ပျော်နေသူ ကတော့ တော်ဖို့ မခက်ခဲပါဘူး” တဲ့။

တွေးကြည့်ကြပါအုံးဗျာ….
မူပြကိုလည်း B.Ed တက်ခွင့်မပေးဘူး။
ဒုမူပြကိုလည်း B.Ed တက်ခွင့်မပေးဘူး။
ဒုမူပြ ကနေ B.Ed တက်ခွင့်ရတဲ့ ဒုလယ်ပြကိုလည်း
ရာထူးပြောင်းခွင့် မရဘူး။ စောဒက တက်ခွင့်ရမယ်ဆိုရင်
“မူပြလည်း မူပြအလိုက်။ လယ်ပြလည်း လယ်ပြအလိုက်။
သူ့ level အလိုက် အခွင့်အလမ်းရှိစေဖို့ ရာထူးကို
အစိတ်စိတ်အမွှာမွှာ ခွဲထားတာမဟုတ်ဘူးလား” လို့
မေးလိုက်ချင်ပါရဲ့။ ဒါပေမယ့်လည်း….

တစ်ကယ်တော့ ပြောရမှာ နည်းနည်တော့ စိုးကြောက်ပါတယ်။
ဘာလို့လည်းဆိုတော့ ဆရာ/မတွေရဲ့ ဘဝက
စာသင်ခန်းထဲက ကလေးတွေကိုသာ လွတ်လပ်စွာ ဖြေဆိုခွင့်။
လွတ်လပ်စွာ ပြောဆိုခွင့် ပေးနိုင်ကြတာမျိုးပါ။
ကိုယ်တိုင်ကတော့ဖြင့် လွတ်လပ်စွာ ပြောဆိုခွင့် သိပ်မရှိလှပါဘူး။
အချိန်အခါနဲ့ မျက်ရိပ်မျက်ကဲ ကြည့်ပြီး မျိုသိပ်နေကြရသူတွေပါ။
မော့ကြည့်ရသူတွေထဲမှာ Leader တွေရှိသလို
Boss တွေလည်း ရှိနေကြတယ်လေ။

ဒါကြောင့်….ဆရာ/မများအားလုံး
ပညာပြတတ်သော Boss လိုလူတွေနဲ့ ကင်းဝေးပြီး
ပညာမျှတတ်သော Leader လို လူများနှင့်သာ
တွေ့ဆုံကြုံတွေ့ကြရပါစေ။ အခွင့်အလမ်းတွေ ရပြီး
လိုရာပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေလို့.....
ဆုတောင်းမေတ္တာပို့သရင်း…

အားလုံးကို လေးစားစွာဖြင့်

ဦးရဲ
ပညာရေး

10/09/2022
09/26/2022

အခြေခံပညာဦးစီးဌာန၏ညွှန်ကြားချက်အရ အခြေခံပညာကျောင်းများ၏သီတင်းကျွတ်ပိတ်ရက်အား ၉ ရက်ပိတ်မည်ဖြစ်ပါကြောင်းသိရ

😢 #မင်္ဂလာပါဆရာမ😢၇ တန်းသင်္ချာဆရာမဟာ သိပ်အရိုက်ကြမ်းတယ်တဲ့။အရင်နှစ်တွေက ကျောင်းမှာ ၇ တန်းအောင်ပြီး ၈ တန်းရောက်သွားတဲ့ စီ...
08/07/2022

😢 #မင်္ဂလာပါဆရာမ😢

၇ တန်းသင်္ချာဆရာမဟာ
သိပ်အရိုက်ကြမ်းတယ်တဲ့။
အရင်နှစ်တွေက ကျောင်းမှာ ၇ တန်းအောင်ပြီး
၈ တန်းရောက်သွားတဲ့ စီနီယာတွေ
အဆက်ဆက်က အဲ့လိုချည်းပြောသွားကြတာပဲ။
သူတို့လို ၆ တန်းအောင်ပြီး ၇ တန်းတက်ရမယ့်ကောင်တွေအတွက် သတင်းဆိုးပေါ့။
ကောင်မလေးတွေဆို ၇ တန်း
ဆက်တက်ရမှာ ကြောက်လွန်းလို့
မျက်နှာလေးတွေ ငယ်နေကြတယ်။
ကျောင်းတောင် ဆက်မတက်ချင်တော့ဘူးလို့ ညည်းတဲ့သူတွေကလည်း ညည်းကြရဲ့။
သင်္ချာအားနည်းတဲ့ခင်ချိုဝင်းဆိုရင်
မျက်ရည်လေးတွေတောင် ဝဲလို့...။

၇ တန်း ပထမဆုံး ကျောင်းတက်ရက်မှာ
သင်္ချာချိန်ပါတယ်။မုန့်စားဆင်းပြီး
ပြန်တက်ရတဲ့အချိန်ပေါ့။
သူတို့မှာ မုန့်တောင် ဖြောင့်ဖြောင့်မစားနိုင်ကြဘူး။အရင်ကလို ခေါင်းလောင်းထိုးမှ အတန်းထဲ
ပြန်ပြေးဝင်တာမျိုးလည်း မလုပ်နိုင်ကြဘူး။
သင်္ချာဆရာမက သူ့အချိန်ဆိုရင်
ငါးမိနစ်လောက်စောရောက်နေတတ်ပြီး
သူဝင်ပြီး နောက်မှ အတန်းထဲ
ဝင်လာတဲ့လူတွေကို မှတ်သွားတတ်တယ်တဲ့။

မှတ်သွားပြီး ဘာလုပ်လဲဆိုရင်
သင်္ချာသင်တဲ့အခါ အဲ့မှတ်ထားတဲ့
ကျောင်းသားတွေကိုစာမေးတာပေါ့။
White Board မှာလည်း တပုဒ်လုံး
ထွက်တွက်ခိုင်းသေးတယ်တဲ့။
တတန်းလုံးရှေ့မှာရော၊သင်္ချာဆရာမ
ရှေ့မှာပါ စာထွက်တွက်ရမှာဆိုတော့
တော်ရုံသတ္တိရှိတဲ့လူတွေအတွက်တောင်
ဒူးတုန်စရာမဟုတ်လား။
ဒီတော့ သူတို့မှာ သင်္ချာချိန်ဆို ဆယ်မိနစ်
လောက် အလိုတည်းက အိမ်သာတောင်
မသွားကြတော့ဘူး။
ဆရာမမရောက်ခင် အတန်းထဲမှာရှိနေမှ အန္တရာယ်ကင်းမယ် မဟုတ်လား။

သင်္ချာဆရာမဟာ ဆံပင်တွေဖြူနေပြီ။
မျက်မှန်ကလည်း အထူကြီးပဲ။
စာတွက်ပြတာရော၊ရှင်းပြတာရော
အရမ်းမြန်တယ်။ဆရာမက သူ
ရှင်းပြပြီးရင် ‘ရသလားဟေ့’ လို့
အတန်းကို ‌ပြန်မေးတတ်တယ်။
ကျောင်းသားတွေရဲ့ ‘ရပါတယ်’ဆိုတဲ့
ပြန်ဖြေသံက အားပျော့နေရင်
ဆရာမ မျက်နှာက မာတင်းသွားတာပဲ။ကျောင်းသား တယောက်ချင်းရဲ့မျက်နှာကို ဖြည်းဖြည်းချင်း လိုက်ကြည့်ပြီး ရသလားဟေ့
လို့နောက်တစ်ခါ ထပ်မေးတတ်တယ်။
ဒီလိုဆို အတန်းက အထာပေါက်ပြီလေ။
ရပါတယ်လို့ အသံကုန်အော်ကြရတာပေါ့။

ရရင် ကိုယ့်ဖာသာတွက်၊ဘောကနေ
ကူးမယ်မကြံနဲ့‌နော်၊ကူးချတဲ့ကောင်
ရှေ့မှာ လာတွက်ရမယ်၊ကဲ...တွက်ကြ။

နောက်ဆုံးတန်းမှာထိုင်တဲ့ ဇေယျာတို့
မြတ်မိုးတို့ တိုင်ပတ်ကုန်တာပေါ့။
ဒီကောင်တွေက သင်္ချာအခြေခံ
မကောင်းခဲ့ကြတော့ ဆရာမ တခါလောက်
ရှင်းပြရုံနဲ့ ဘယ်ရကြမလဲသူများတွေက
ရပါတယ်ဆိုလို့လိုက်ပြီး ‘ရပါတယ်’
အော်လိုက်ရတာ၊အခုလည်း
White Board ကနေ မကူးနဲ့၊
ကိုယ့်ဖာသာတွက်ဆိုတော့ သေပြီပေါ့။
ဟိုဟာရေးသလို၊ဒီဟာရေးသလိုနဲ့
ရှေ့ခုံကကောင်တွေ ပြီးအောင်စောင့်နေရတယ်။

ဆရာမကလည်း ကြိမ်လုံးတကိုင်ကိုင်နဲ့
တတန်းလုံး စာတွက်နေတာကို
လိုက်ကြည့်နေတယ်။
ဒီလိုနဲ့ ဇေယျာတို့ ခုံ ရောက်လာတာပေါ့။
အဲ့မှာဆရာမက တွေ့ပြီ။
ဒီကောင်တွေ မေးခွန်းပဲကူးပြီး
တလုံးမှ ဆက်မတွက်ရသေးဘူး။

ဆရာမဟာ ဇေယျာတို့ထိုင်နေတဲ့ ခုံကို
ကြိမ်လုံးနဲ့တဖြန်းဖြန်းရိုက်လိုက်တယ်။
တတန်းလုံး စာတွက်နေတာ ရပ်သွားပြီး
နောက်ဆုံးတန်းကို ဝိုင်းကြည့်ကြတယ်။
ဆရာမက ဇေယျာတို့
တခုံလုံးကို မတ်တပ်ရပ်ခိုင်းတယ်။
ဇေယျာ၊မြတ်မိုး၊လွင်မင်း၊ကျော်‌အောင်
လေးကောင်လုံး လက်‌လေးတွေးပိုက်
မတ်တပ်လေးတွေ ရပ်၊ခေါင်းလေးတွေ ငုံ့ပေါ့။ကြောက်တတ်တဲ့ လွင်မင်းဆို မတ်တပ်ရပ်ရင်း
သူ့တကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။

ဆရာမက ဘာလို့
မတွက်ထားတာလဲလို့ မေးတယ်။
တယောက်မှ ပြန်မဖြေဘူး။
ခေါင်းတွေပဲ ငုံ့ထားကြတယ်။
ဆရာမက ပိုဒေါသထွက်သွားပြီ။
ခေါင်းတွေ မော့စမ်းလို့ အော်လိုက်တယ်။

တတန်းလုံး တိတ်ဆိတ်နေတဲ့အချိန်မို့
ဆရာမ အသံဟာ စာသင်ခန်း
အပြင်ဘက်ထိ ဟိန်းထွက်သွားတယ်။
အပ်ကျသံတောင်ကြားရအောင်
တိတ်ဆိတ်တယ်ဆိုတာမျိုးပဲ။
အသက်ရှူသံတောင် မကြားကြရဘူး။
လွင်မင်း က ခေါင်းငုံ့ထားရင်းက
ကြောက်လွန်းလို့ မျက်ရည်တွေပါ ကျနေပြီ။
ဒါပေမယ့် အသံထွက်ပြီးမငိုရဲဘူး။

အဲ့အချိန် သတ္တိနည်းနည်းရှိတဲ့ ဇေယျာက
‘နားမလည်လို့’ဆိုတဲ့ အကြောင်း အထစ်ထစ်
အငေါ့ငေါ့နဲ့ ဆရာမကို ရှင်းပြလိုက်တယ်။
ဆရာမက ‘ခုနကတော့ နင်တို့ပဲ ရပါတယ်လို့ အကျယ်ကြီး အော်ကြတာ
မဟုတ်လား’ လို့ ပြန်မေးတယ်။
ဇေယျာ မျက်နှာ ပြန်ငုံ့သွားတယ်။
‘ထိုင်၊ထိုင် သေချာပြန်လိုက်ကြည့်’ လို့
ဆရာမက ပြောပြီး အတန်းရှေ့
ပြန်လျှောက်သွားတယ်။

ဇေယျာတို့ ထိုင်ပြီးတော့ ဆရာမက White
Board မှာ တွက်ထားတဲ့အပုဒ်ကို
အကုန်ပြန်ဖျက်ပြီး အစက ပြန်တွက်ပြတယ်။
ဇေယျာတို့‌လေးယောက်နဲ့ တွက်နေရင်း
အမေးအဖြေလုပ်တယ်။
လွင်မင်း ကို မေးတဲ့အချိန်ဆို လွင်မင်း
ပြန်ဖြေတော့ ရှိုက်သံလေးတွေပါ ပါတယ်။
ပါးပြင်မှာလည်း လောလောလတ်လတ်
ကျထားတဲ့ မျက်ရည်စီးကြောင်းက အတိုင်းသား။တတန်းလုံးက လွင်မင်းကိုသနားကြတယ်။
ဆရာမ နောက်တခါ ရှင်းပြပြီးတဲ့အခါ
ဇေယျာတို့အကုန်လုံး ပုဒ်စာကိုနားလည်သွားပြီး ကိုယ်တိုင်တွက်နိုင်သွားကြတယ်။

ဆရာမလည်း သူတို့ကို ဒီလေ့ကျင့်ခန်းက
ကျန်တဲ့ပုစ္ဆာတွေ အိမ်စာတွက်ခဲ့ကြလို့
ပြောပြီး အတန်းထဲက ထွက်သွားတယ်။
သင်္ချာဆရာမက တခြားဆရာမတွေလို
‘မင်္ဂလာပါ ကလေးတို့လို့' ဘယ်တော့မှ
နှုတ်မဆက်ဘူး။
သူတို့ကလည်း ဆရာမကို
“မင်္ဂလာပါ ဆရာမ”လို့နှုတ်မဆက်ချင်ကြပါဘူး။

‘ချစ်၊ကြောက်၊ရိုသေ’ ဆိုတဲ့ သုံးခုမှာ
သင်္ချာဆရာမကို ကြောက်တာပဲ
အလေးသာနေကြတယ်။
ချစ်လည်းမချစ်ဘူး။
ရိုသေတာကတော့ရိုသေကြတယ်ထင်တာပါပဲ။
ဒါပေမယ့် သင်္ချာဆရာမလို့ပြောရင်
သူတို့ကေတာ့
ကြောက်လိုက်တာဆိုတာပဲ သိတယ်။
ဒီတော့ “မင်္ဂလာပါ”လို့
နှုတ်မဆက်နိုင်ကြတာ သိပ်မဆန်းဘူးပေါ့။

ဆရာမကလည်း ပြောပါတယ်။
မင်္ဂလာရှိလာတဲ့ တစ်ရက်ကျမှ
နှုတ်ဆက်ချင် နှုတ်ဆက်ကြပေါ့၊
အခုလို ဆူနေ၊ရိုက်နေရရင်တော့
မင်္ဂလာမရှိဘူး ငါ့ကို
နှုတ်ဆက်စရာလည်းမလိုဘူး တဲ့။

လပတ်စာမေးပွဲမှာ သင်္ချာကလွဲပြီး
ကျန်တဲ့ဘာသာတွေအားလုံး အမှတ်ကောင်းကြတယ်။မကောင်းဘဲ ဘယ်နေမလဲ။
တခြားဆရာမတွေက သဘောကောင်းတော့ စာမေးပွဲမှာ မေးမယ့် ပုစ္ဆာတွေကို
မေးခွန်းသုံးစုံထဲ ထည့်ပေးတာကိုး။
ဒါပေမယ့် သင်္ချာကတော့
မေးခွန်းသုံးစုံလည်းမပေးဘူး။
မေးခွန်း အစုံသုံးဆယ်လည်းမပေးဘူး။
သင်ထားသမျှ အကုန်လုပ်ပဲ။
စာမေးပွဲမှာလည်း မေးခွန်းကို
နည်းနည်းလေး လှည့်ထားလိုက်သေးတယ်။
အတန်းထဲမှာ မြင့်မြတ်မိုး ဆိုတဲ့ ကောင်မလေး
တစ်ယောက်ပဲ သင်္ချာ အမှတ်ပြည့်ရတယ်။
အတန်းထဲက လူ ၇၀ လောက်မှာ
၅၀ လောက်ပဲ သင်္ချာအောင်တယ်။
ကျန်တဲ့ ၂၀ က ကျတယ်။
ဇေယျာတို့ လေးယောက်လုံးလည်း
ကျတဲ့ အထဲပါတာပေါ့။
သင်္ချာဆရာမက သူ့ သင်္ချာ အကျရှိလိမ့်မယ်။
ကျရင်လည်း ပြင်းပြင်းထန်ထန်ဒဏ်ပေးမယ်၊ဒဏ်ပေးမခံချင်ရင်သူ့သင်္ချာကို
သေချာတွက်ထားကြလို့ လပတ်စာမေးပွဲ
မတိုင်ခင်တည်းက သတိပေးထားပြီးသား။
အခုတော့ သတိပေးထားရက်နဲ့ ကျကြပြီ။

Report Card ရတဲ့နေ့က သင်္ချာချိန်မပါဘူး။
ရပြီး နောက်တရက်ကျမှသင်္ချာချိန်ပါတယ်။
အတန်းထဲက မော်နီတာက Report Card တွေ
ပြန်လိုက်သိမ်းတဲ့အချိန် စာရွက်တရွက်နဲ့
စာရင်းလိုက်မှတ်နေတယ်။
ဘာလုပ်နေတာလဲဆိုတော့ သင်္ချာဆရာမက
ကျတဲ့လူတွေကို မှတ်ခိုင်းထားလို့တဲ့။
လာမယ့်သင်္ချာချိန်မှာ
ပွဲကြီးပွဲကောင်းတွေ့ရပြီပေါ့။
လွင်မင်းဟာ စာရေးခုံပေါ်မျက်နှာကြီးအပ်ပြီး
တအီအီနဲ့ ငိုနေတယ်။

ကျော်အောင်က ဆရာမ မလာခင်
ကျောင်းပြေးကြရင် ကောင်းမလား
ဆိုပြီး ဇေယျာနဲ့ မြတ်မိုးကို တိုင်ပင်တယ်။
မြတ်မိုးက ‘စောက်ပေါရာ၊
မင်းပါးစပ်ပိတ်ထားစမ်းပါ၊ဒီနေ့ပြေးတော့ရော မနက်ဖြန် ဆရာမနဲ့တွေ့ရမှာပဲ မဟုတ်ဘူးလား”လို့ ပြောလိုက်တော့ ကျော်အောင် ပါးစပ်
ပိတ်သွားတယ်‘လာမယ့်ဘေး ပြေးတွေ့’ ဆိုတဲ့ စကားအတိုင်း မကြာခင်လာတော့မယ့် သင်္ချာဆရာမကိုတော့ သူတို့ ပြေးမတွေ့ကြပါဘူး။
အတန်းထဲမှာပဲ ဆရာမ အလာကို
ထိုင်စောင့်နေကြတယ်။

ဆရာမက အရင်အတိုင်းပဲ ငါးမိနစ်လောက်
အလိုမှာ အတန်းထဲဝင်လာတယ်။
တတန်းလုံး တိတ်ဆိတ်နေကြတယ်။
ဆရာမကသူ့ခြင်းတောင်း အစိမ်းလေးကို
ဆရာမစားပွဲခုံပေါ်တင်လိုက်ပြီး
‘ကျတဲ့လူတွေ မတ်တပ်ရပ်စမ်း’ လို့
အသံပြတ်နဲ့ ပြောလိုက်တယ်။

ဆရာမဟာ သင်္ချာကျတဲ့လူ
တစ်ယောက်ချင်းကို အတန်းရှေ့ထွက်ခိုင်းပြီး
ဘာလို့ကျတာလဲ လို့ မေးတယ်။
ဘယ်ဖြေတတ်ကြမလဲ။
နားမလည်လို့ပါ ဆိုရင် ဆရာမ
စိတ်ဆိုးသွားမှာကြောက်ရတယ်။
သေချာမတွက်ထားလို့ပါဆိုရင်လည်း
အတီးခံရမှာပဲ တခြားဖြေစရာလည်း
သူတို့ရှာမတွေ့ကြဘူး။

ဒီလိုနဲ့ တယောက်ပြီးတယောက်ကိုသာ
မေးသွားတယ် ဘယ်သူ့ဆီကမှ အဖြေမရဘူး။ဆရာမကလည်း အတော်လေး
ဒေါသထွက်သွားတဲ့ပုံပဲ။
အကုန်လုံးကို လက်ဝါးဖြန့်ခိုင်းပြီး
တယောက်ကို ဆယ်ချက်စီ ရိုက်သွားတယ်။
ဒေါသလည်းပါနေတော့ ရိုက်ချက်ကပြင်းတယ်။

ဇေယျာ့ကို ရိုက်တဲ့အချိန်မှာ လက်သန်းကို မတော်တဆ ရိုက်မိသွားတယ်။
ရိုက်တဲ့ ဆရာမက မသိလိုက်ဘူး။
အရိုက်ခံလိုက်ရတဲ့ ဇေယျာကတော့ သိတာပေါ့။
ဇေယျာ့လက်သန်းဟာ ချက်ချင်းပဲ နီရဲပြီး
ဖောင်းတက်လာတယ်။
နောက် သုံးလေးရက်လောက်ထိ
လက်သန်းဟာအယောင်မကျဘူး။
ဇေယျာဟာ ဆေးလည်းမလိမ်းဘူး။
ပတ်တီးလည်းမစည်းဘူး။
ယောင်ကိုင်းနေတဲ့ လက်သန်းကို
တစိမ့်စိမ့်တော့ထိုင်ကြည့်တယ်။

ဇေယျာဟာ ဒီလိုအရိုက်ခံရတာကို မမေ့ဘူး။
နောက် လပတ်စာမေးပွဲမှာ အရိုက်မခံရအောင်
ဇေယျာ အရွဲ့တိုက်ပြီးသင်္ချာကို ပိုကြိုးစားတယ်။ဆရာမက ‘ရသလားဟေ့’လို့မေးတဲ့အခါ
တတန်းလုံးက ရပါတယ်လို့အော်ကြလည်း
ဇေယျာက သူနားမလည်သေးရင်
‘မရပါဘူးဆရာမ၊နောက်တခါလောက်
ရှင်းပြပါဦး’လို့ လက်ထောင်ပြီး
ခွင့်တောင်းတတ်လာတယ်။
ဆရာမကလည်း ထပ်ရှင်းပြတာပဲ။

ဇေယျာက သင်္ချာအားနည်းတော့ ဆရာမက ထပ်ခါထပ်ခါရှင်းပြရတယ်။
ဇေယျာကလည်း
သူနားမလည်မချင်း မေးတယ်။
အသက် ၆၀ နားကပ်နေပြီဖြစ်တဲ့ ဆရာမဟာ
ရှင်းပြရင်း ရှင်းပြရင်း မောသံပါလာတယ်။
နောက်ဆုံး ဇေယျာက ‘ရပါပြီဆရာမ၊
နားလည်ပါပြီဆရာမ’ လို့
ပြောတဲ့အချိန်မှာ ဆရာမရဲ့ နှုတ်ခမ်းတဝိုက် တံတွေးစက်တွေ သီးနေတာကို
ရှေ့ဆုံးမှာထိုင်တဲ့ မြင့်မြတ်မိုးတို့
ခုံတန်းကပဲ တွေ့လိုက်ကြရတယ်။
ဇေယျာတို့ကတော့ နောက်ဆုံးတန်းမှာ
ထိုင်တာဆိုတော့အဲ့ဒါကို မတွေ့လိုက်ကြရပါဘူး။ဇေယျာက သူနားလည်သွားပြီဖြစ်တဲ့
ပုစ္ဆာကို မျက်မှောင်ကြီးကုတ်ပြီး
ကုန်းတွက်နေတယ်။

ဆရာမဟာသူ့တပည့် စာတွက်နေတာကို
ကြည့်ပြီးတဲ့နောက် White Board
ဘက်လှည့်ပြီး ပြုံးတယ်။
တတန်းလုံးက ဆရာမ ပြုံးတာကို
မမြင်လိုက်ကြရဘူးပေါ့။
ဒါပေမယ့် အဖွားကြီးအိုပေါက်စ ဆရာမရဲ့
တဟွတ်ဟွတ် ချောင်းဆိုးသံကိုတော့
တတန်းလုံး ပီပီသသ ကြားလိုက်ကြရပါတယ်။

နောက် လပတ်တွေ လပတ်တွေမှာ
သူတို့ တတန်းလုံး သင်္ချာမှာ အမှတ်တွေ
ကောင်းလာကြတယ်။
ဆရာမက စာမေးပွဲကျရင် ရိုက်တော့
ကြောက် လန့်ပြီး ဖိတွက်ကြရင်း
သင်္ချာကို နိုင်လာကြတယ်။
သင်္ချာတွက်ရတာမကြောက်တော့ဘူး။
သင်္ချာအားနည်းတဲ့ ခင်ချိုဝင်းတို့၊
လွင်မင်းတို့တောင် လပတ်တခုမှာ
သင်္ချာကို အမှတ်ပြည့်တွေ ဘာတွေ
ရသွားကြသေးတယ်။
ဒါပေမယ့် သူတို့အမှတ်ပြည့်ရတာက
သိပ်တော့မထူးဆန်းပါဘူး။

အဲ့လပတ်မှာ သူတို့ တတန်းလုံးနီးပါး
သင်္ချာအမှတ်ပြည့်ရကြပါတယ်။
အကျလည်း မရှိကြတော့ဘူး။
ဆရာမက ပါမယ့်အပုဒ်တွေ
ရွေးပေးလို့တော့ ဘယ်ဟုတ်ပါ့မလဲ။
ဆရာမက အရင် လိုပဲ သင်ထားသမျှ
အကုန်လုပ်ခိုင်းပြီး မေးခွန်းကိုလည်း
နည်းနည်း လှည့်ထားတာပါပဲ။
သူတို့ကိုက သင်္ချာကို နိုင်လို့ အမှတ်ပြည့်ရကြတာ။အောင်ကြတာ ဒီလိုမျိုးက ဒါကျက်၊ဒါဖြေပြီး
အမှတ်ပြည့်ရတာထက် အများကြီး
ပိုပျော်စရာ ကောင်းတယ် မဟုတ်လား။

နောက်ဆုံးအတန်းတင်စာမေးပွဲကြီး
နီးလာတဲ့အခါ သူတို့ဟာ သင်္ချာချိန်ကိုရော
သင်္ချာဆရာမကိုပါ မကြောက်ကြတော့ပါဘူး။
မကြောက်ကြတော့ဘူးဆိုလို့ ရိုင်းရိုင်စိုင်းစိုင်းဆက်ဆံကြတယ်လို့လည်း မထင်ပါနဲ့။
သူတို့ဟာ သင်္ချာချိန်ဆိုရင်
မြူးထူးတက်ကြွနေကြပြီ။

ဒါပေမယ့် ဆရာမ ဝင်လာတဲ့အခါမှာရော
ပြန်ထွက်သွားတဲ့အချိန်မှာပါ
“မဂၤလာပါ ဆရာမ” လို့ သူတို့
နှုတ်မဆက်ဖြစ်ကြသေးဘူး။
“အားလုံး မတ်တပ်ရပ်၊ဆရာမကို
နှုတ်ဆက်” လို့ တိုင်ပေးရတဲ့
မော်နီတာကလည်း သင်္ချာချိန်ဆို
အရင်အတိုင်းပဲ ထိုင်နေတာပဲ။
ဘယ်သူမှ ဆရာမကို နှုတ်ဆက်ဖို့
စိတ်ကူးမရှိကြဘူး။

ဒီလိုနဲ့အချိန်တွေ
တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။
သင်ခန်းစာတွေဟာ
နောက်ဆုံးပိုင်းကို ရောက်လာကြပြီ။
မကြာခင် အတန်းတင်
စာမေးပွဲဖြေကြရတော့မယ်။
၇ တန်းမှာ သူတို့ဒူးတုန်အောင် ကြောက်ကြရတဲ့
သင်္ချာချိန်ဆိုတာကိုရော၊အသံကြားရုံနဲ့
တုန်နေအောင် ကြောက်ရတဲ့သင်္ချာဆရာမကိုပါ
သူတို့ ကျော်ဖြတ်နိုင်ကြတော့မယ်။
အတန်းဟာစာမေးပွဲကြီးဖြေပြီး
ကျောင်းပိတ်ရက်ရှည်မှာ
အနားယူဖို့ အားခဲနေကြပြီ။

သင်္ချာချိန်တွေမှာဆိုရင် သူတို့ဟာ
အရင်ကလို ကြောက်ရွံ့နေတာ၊
တုန်လှုပ်နေတာ၊မျက်နှာတွေ
ထိုင်းမှိုင်းနေတာမျိုးတွေလည်း မရှိကြတော့ဘူး။ဆရာမ စာရှင်းပြတဲ့အခါ
ဆရာမနဲ့ထပ်ကြပ်မကွာ လိုက်အော်နိုင်ကြပြီ။ဆရာမကလည်း သူတို့ကို ဆူစရာ
ရိုက်စရာမလိုတော့တဲ့အတွက်အရင်လို
မောဟိုက်နေတာမျိုး မရှိတော့ဘူး။
ဒီလိုနဲ့...ဒီလိုနဲ့...၇ တန်းနှစ်ရဲ့
နောက်ဆုံး သင်္ချာချိန်ကို ရောက်လာပါတယ်။

ကဲ...ဒါဆိုရင်တော့ ငါ့ သင်္ချာမှာ
သင်စရာကုန်ပြီ၊နောက် ဆယ်ရက်ဆို
စာမေးပွဲကြီး ဖြေရတော့မယ်။
ငါ့ သင်္ချာမှာ မေးစရာရောရှိကြသေးလား၊
မေးစရာရှိရင် တခါတည်းမေးထားနော်။

တတန်းလုံးငြိမ်နေကြတယ်။
ဆရာမက အားလုံးရဲ့ မျက်နှာကို
လိုက်ကြည့်တယ်။ကလေးတွေရဲ့
မျက်နှာမှာ သင်္ချာနဲ့ပတ်သက်ပြီး
အားရ‌ကျေနပ်မှုကိုပဲ မြင်ရတယ်။
ဆရာမဟာ သူ့သင်္ချာကို ကလေးတွေ
ကောင်းကောင်းရကြမယ်ဆိုတာ ယုံကြည်ပါတယ်။သူတို့လေးတွေ ကောင်းကောင်းရအောင်လည်း
သူ အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီမဟုတ်လား။

ကဲ...ဒီလိုဆို အားလုံး မေးစရာ
မရှိတော့ဘူးပေါ့” လို့ပြောရင်း
ဆရာမဟာ သူ့ခြင်းတောင်းလေးကို
လက်ကိုင်ကနေ မ,လိုက်တယ်။
ဆရာမ ပြန်ထွက်သွားတော့မယ်။
နောက် ဘယ်တော့မှ ဆရာမဟာ
သူတို့ရဲ့ သင်္ချာ ဆရာမအဖြစ် သူတို့ကို
သင်တော့မှာ မဟုတ်ဘူး။
၇တန်းမှာ ဆရာမက စာသင်ရင်း ကျန်ခဲ့မယ်။
သူတို့က နောက်အတန်းတွေ ဆက်တက်သွားရမယ်။

ဆရာမဟာ ခြင်းတောင်းလေးကိုဆွဲပြီး
အတန်းပြင်ကို ထွက်တယ်။
ဆရာမ အတန်းပြင်ကို မရောက်ခင်
ဇေယျာဟာ မတ်တပ်ရပ်တယ်။
အဲ့ဒီနောက်....

“အားလုံးမတ်တပ်ရပ်...” လို့
အတန်းကို အမိန့်ပေးလိုက်တယ်။

ဇေယျာ့အသံကိုကြားတဲ့ဆရာမဟာ
လှမ်းလက်စ
ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်တယ်။

ဇေယျာဟာ မော်နီတာ မဟုတ်ဘူး။
ဇေယျာ့မှာ အတန်းကို အမိန့်ပေးဖို့
တာဝန်မရှိဘူး။
ဒါပေမယ့် တတန်းလုံးဟာ
ဇေယျာ ဘာလုပ်တယ်ဆိုတာ
သဘောပေါက်လိုက်ကြပြီ။
သူတို့အကုန်လုံး မတ်တပ်ထရပ်လိုက်ကြတယ်။
ပြီးတော့ အတန်းရှေ့မှာ မတ်တပ်ရပ်နေတဲ့
ဆရာမဆီကို မျက်နှာမူပြီး
လက်အုပ်လေးတွေ ချီထားလိုက်ကြတယ်။

“ ဆရာမကို....နှုတ်ဆက်...”

နောက်ဆုံးနားလေးမှာ
ဇေယျာ့အသံဟာ တုန်ခါသွားတယ်။
ဇေယျာဟာ သတ္တိရှိတဲ့လူဖြစ်တယ်။
စိတ်မာတယ်။
ဒါပေမယ့် အခု
ဇေယျာ့ အသံဟာ တုန်ခါနေတယ်။
သူကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူဘာဖြစ်နေသလဲ။

“မင်္ဂလာပါ ဆရာမ၊ပဉ္စဂုဏံ အဟံဝန္ဒာမိ၊
အာစရိယဂုဏံ၊အဟံဝနဒှာမိ ပါဆရာမ။ ”

သူတို့အသံတွေဟာ တုန်နေကြတယ်။
သူတို့ဟာ ဆရာမကို နှစ်စတည်းကနေစပြီး
ကျောင်းတက်တဲ့ တစ်နှစ်လုံး
နှုတ်မဆက်ခဲ့ကြဖူးဘူး။
သူတို့ အသံတွေ တုန်နေကြတယ်။
သူတို့ ဆရာမကို ကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူတို့ဘာဖြစ်နေကြသလဲ။
ဘာလို့ အသံတွေ တုန်နေကြသလဲ။

ဆရာမကပြောဖူးတယ်။
မင်္ဂလာရှိတဲ့အချိန်ကျမှ
မင်္ဂလာပါလို့ နှုတ်ဆက်ပါတဲ့။
အခုက ဆရာမပြောတဲ့
မင်္ဂလာရှိတဲ့အချိန်ဟုတ်ရဲ့လား။
ဆရာမက သူတို့
နှုတ်ဆက်တာကို လက်ခံပါ့မလား။
ပြန်တုံ့ပြန် နှုတ်ဆက်ပါ့မလား။

သူတို့လေးတွေရဲ့ မျက်ဝန်းမှာ
မငိုပါဘဲနဲ့မျက်ရည်တွေ ဝဲနေကြတယ်။
ဆရာမကို မျှော်လင့်ချက်မျက်ဝန်းတွေနဲ့
ငေးစိုက်ကြည့်နေမိကြတယ်။
သူတို့မျက်ဝန်းလေးတွေဟာ အရောင်တွေ လဲ့လို့...။
ဆရာမဟာ အတန်းဘက်ကို ချာခနဲလှည့်တယ်။
တနှစ်ပတ်လုံး စာသင်ခန်းထဲမှာ တခါပဲလုပ်ခဲ့ဖူးတဲ့
အပြုအမူတခုကို ဆရာမက လုပ်လိုက်တယ်။

ဆရာမ ပြုံးလိုက်တာပဲ။☺
ဒီတခါတော့အတန်းက မမြင်အောင်
White Board ဘက်လှည့်ပြီး
ကြိတ်ပြုံးတာမဟုတ်တော့ဘူး။
တတန်းလုံးမြင်အောင်
ဆရာမက ပြုံးပြလိုက်တာ။

ကလေးတွေဟာ တခါမှ မမြင်ခဲ့ဖူးတဲ့
ဆရာမရဲ့ အပြုံးကို
ကြည့်မဝအောင်ဖြစ်နေကြတယ်။
ခင်ချိုဝင်းဟာ လက်အုပ်လေး
ချီထားရင်းကနေ ‘အိ’ခနဲ ငိုချလိုက်တယ်။
ဖွင့်ထားတဲ့ သင်္ချာလေ့ကျင့်ခန်းစာအုပ်ပေါ်ကို မျက်ရည်တစက်ကျသွားတယ်။

မင်စိုနဲ့ရေးထားတာမို့ သင်္ချာစာလုံးတချို့
မျက်ရည်နဲ့ထိပြီးမင်တွေပျက်ကုန်တယ်။
ဒါပေမယ့် တခါက သင်္ချာအားနည်းခဲ့တဲ့
ခင်ချိုဝင်းဟာ ပုစ္ဆာ မင်ပျက်သွားလည်း‌
မကြောက်တော့ဘူး။
ဆရာမသင်ပေးထားလို့ သင်္ချာကို
ကောင်းကောင်းရနေပြီ။

ခင်ချိုဝင်းဟာ မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျတဲ့အထိ
အားပါးတရငိုချလိုက်တယ်။
သင်္ချာလေ့ကျင့်ခန်းစာအုပ်လေးဟာ
မင်တွေ ပျက်ယွင်းကုန်တယ်။
ခင်ချိုဝင်း ဘာလို့ ငိုရသလဲ။
သူစာမရလို့လား။
ဝမ်းနည်းလို့လား။
ခင်ချိုဝင်း မသိဘူး။

“မင်္ဂလာပါ ကလေးတို့”
ဆရာမဟာ ပြုံးပြီး နှုတ်ဆက်တယ်။😢
ဆရာမဆီက တခါမှ မကြားဖူးတဲ့
မင်္ဂလာပါဆိုတဲ့ အသံကို
သူတို့ကြားလိုက်ရတယ်။
ခုနက မငိုတဲ့လူတချို့တောင်
ဆရာမအသံကြားပြီး ငိုကြတယ်။
သူတို့ ဘာလို့ ငိုရသလဲ။
သူတို့ စာမရလို့လား။
သူတို့ ဝမ်းနည်းလို့လား။
သူတို့ ဝမ္းသာလို့လား။
သူတို့ သေချာ မသိဘူး။

အားလုံးနီးပါး ငိုနေကြတဲ့ အချိန်မှာ
ဇေယျာဟာမျက်ရည်တွေဝဲနေပေမယ့်
အံကိုတင်းတင်းကြိတ်ပြီး
ဆရာမ ရိုက်လို့ ယောင်ကိုင်းခဲ့ဖူးတဲ့
လက်သန်းလေးကိုငေးစိုက်ကြည့်နေခဲ့တယ်။
သူ့ခေါင်းထဲမှာ
“မင်္ဂလာပါ ကလေးတို့” ဆိုတဲ့ ဆရာမရဲ့
အသံဟာ ပဲ့တင်ထပ်နေပါတော့တယ်။ ။

ဘဝတလျှောက်
ပညာသင်ကြားပေးခဲ့ကြပါသော
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ
အားလုံးကို ရှိခိုးကန်တော့ပါ၏။🙏

မူရင်း ရေးသူအား
လေးစားစွာဖြင့် Credit ပေးပါသည်။

😢😢😢😢😢😥😥😥😥😥😥😥😥😢

Address

England, AR

Alerts

Be the first to know and let us send you an email when The News of Basic & Higher Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in England

Show All