Let's High

Let's High ........... ⛺🌳🌻🌻

💡 ဘဝကိုတန်ဖိုးထားပြီး ငြိမ်းချမ်းအောင် နေထိုင်နည်း 💡🌿 ၁. မိမိကိုယ်ကို ချစ်ခြင်း (Self-Love)- ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ...
02/01/2025

💡 ဘဝကိုတန်ဖိုးထားပြီး ငြိမ်းချမ်းအောင် နေထိုင်နည်း 💡

🌿 ၁. မိမိကိုယ်ကို ချစ်ခြင်း (Self-Love)
- ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ချစ်နိုင်မှ တခြားသူတွေကလည်း ချစ်ကြမယ်။ မိမိစိတ်ချမ်းသာစေမဲ့ အရာတွေကို လုပ်ပါ။

🛤️ ၂. ရည်မှန်းချက်ရှိပါ (Set Goals)
- ဘဝမှာ ဗဟုသုတတွေအမြဲတမ်း ရယူပြီး မိမိရည်မှန်းချက်အတွက် အဆင့်တိုင်းမှာ ကြိုးစားပါ။

🧘‍♂️ ၃. စိတ်အားထက်သန်မှု (Stay Positive)
- အနာဂတ်ကို ယုံကြည်ပါ။ ဘာပဲဖြစ်ဖြစ် မှန်ကန်တဲ့စိတ်ထားနဲ့ ဖြေရှင်းလိုက်ပါ။

⏳ ၄. အချိန်ကိုတန်ဖိုးထားပါ (Value Your Time)
- အရေးကြီးတဲ့အရာတွေအတွက် အချိန်သုံးပါ။ မိမိဘဝအတွက် အဓိပ္ပါယ်ရှိတဲ့ အခိုက်အတန့်တွေကို တန်ဖိုးထားပါ။

💬 သင်‌ကော ဘယ်လို ဘဝနေထိုင်နည်းကို အားကျလဲ?






#ကျွန်တော်ရဲမြတ်သူပါ

💡 10 Signs You’re Experiencing a Spiritual Awakening 💫1️⃣ You Feel Disconnected From the Old You – အရင်ကလို မထင်မမြင်တော...
02/01/2025

💡 10 Signs You’re Experiencing a Spiritual Awakening 💫

1️⃣ You Feel Disconnected From the Old You – အရင်ကလို မထင်မမြင်တော့ဘူး။

2️⃣ Your Perspective on Life is Changing – အရာအားလုံးကို နောက်ထပ်မြင်ကွင်းအသစ်နဲ့ကြည့်လာတယ်။

3️⃣ You Crave Alone Time – တခြားသူတွေနဲ့ မဟုတ်ဘဲ ကိုယ့်အတွင်းပိုချစ်လာတယ်။

4️⃣ You Feel More Connected to Nature & Energy – သဘာဝ၊ Universe, Vibes တွေကိုပိုသိလာတယ်။

5️⃣ Old Habits & Relationships Start Fading – မလိုချင်တဲ့ Energy တွေကို Auto Cut Off ဖြစ်လာတယ်။

6️⃣ You See Angel Numbers & Synchronicities – 11:11, 333, 777 တွေနဲ့ Universe က Message ပို့လာတယ်။

7️⃣ You Become More Emotionally Aware – ကိုယ့် Emotion, Energy ကိုပိုနားလည်လာတယ်။

8️⃣ You Feel a Deep Purpose Calling You – “There’s More To Life Than This” ဆိုတဲ့ Feeling။

9️⃣ You Start Questioning Everything – Reality, Life, System တွေအားလုံးကို Deep Thinking။

🔟 You Feel More Peaceful & Free – အရင်ကတုန်လှုပ်ခဲ့တာတွေ Peace ဖြစ်လာတယ်။

💭 You Feeling This? Comment below if you're experiencing any of these signs! 🚀✨

👉 Let's High = Spiritual Awakening & Higher Vibes! 💛💫





#ကျွန်တော်ရဲမြတ်သူပါ

✨ 𝑷𝒐𝒔𝒊𝒕𝒊𝒗𝒆 𝑽𝒊𝒃𝒆𝒔 ✨❝ 𝑴𝒂𝒌𝒆 𝒆𝒗𝒆𝒓𝒚 𝒅𝒂𝒚 𝒂 𝒈𝒐𝒐𝒅 𝒐𝒏𝒆! ❞💛 𝒀𝒐𝒖𝒓 𝒔𝒎𝒊𝒍𝒆 𝒄𝒂𝒏 𝒃𝒓𝒊𝒈𝒉𝒕𝒆𝒏 𝒔𝒐𝒎𝒆𝒐𝒏𝒆'𝒔 𝒅𝒂𝒚!💛 𝑳𝒊𝒗𝒆, 𝒍𝒂𝒖𝒈𝒉, 𝒂𝒏𝒅 𝒍𝒐𝒗𝒆 𝒖𝒏𝒂𝒑𝒐𝒍𝒐𝒈...
02/01/2025

✨ 𝑷𝒐𝒔𝒊𝒕𝒊𝒗𝒆 𝑽𝒊𝒃𝒆𝒔 ✨

❝ 𝑴𝒂𝒌𝒆 𝒆𝒗𝒆𝒓𝒚 𝒅𝒂𝒚 𝒂 𝒈𝒐𝒐𝒅 𝒐𝒏𝒆! ❞

💛 𝒀𝒐𝒖𝒓 𝒔𝒎𝒊𝒍𝒆 𝒄𝒂𝒏 𝒃𝒓𝒊𝒈𝒉𝒕𝒆𝒏 𝒔𝒐𝒎𝒆𝒐𝒏𝒆'𝒔 𝒅𝒂𝒚!
💛 𝑳𝒊𝒗𝒆, 𝒍𝒂𝒖𝒈𝒉, 𝒂𝒏𝒅 𝒍𝒐𝒗𝒆 𝒖𝒏𝒂𝒑𝒐𝒍𝒐𝒈𝒆𝒕𝒊𝒄𝒂𝒍𝒍𝒚!
💛 𝑺𝒑𝒓𝒆𝒂𝒅 𝒑𝒐𝒔𝒊𝒕𝒊𝒗𝒊𝒕𝒚, 𝒔𝒉𝒂𝒓𝒆 𝒕𝒉𝒆 𝒍𝒐𝒗𝒆!

#𝑷𝒐𝒔𝒊𝒕𝒊𝒗𝒆𝑽𝒊𝒃𝒆𝒔
#𝑺𝒕𝒂𝒚𝑯𝒂𝒑𝒑𝒚
#𝑮𝒐𝒐𝒅𝑬𝒏𝒆𝒓𝒈𝒚
#ကျွန်တော်ရဲမြတ်သူပါ

Somewhere in Thailand 🍃    #ကျွန်တော်ရဲမြတ်သူပါ
01/30/2025

Somewhere in Thailand 🍃


#ကျွန်တော်ရဲမြတ်သူပါ

ချစ်ပီး မခံစားချင်ရင်- ချစ်မိသွားပီး ပြတ်ကြတဲ့အချိန် မခံစားရအောင် ဘယ်လို လုပ်သင့်လဲ တဲ့။ မခံစားရအောင် လုပ်လို့မရပါဘူး။ ခ...
01/29/2025

ချစ်ပီး မခံစားချင်ရင်

- ချစ်မိသွားပီး ပြတ်ကြတဲ့အချိန် မခံစားရအောင် ဘယ်လို လုပ်သင့်လဲ တဲ့။ မခံစားရအောင် လုပ်လို့မရပါဘူး။ ချစ်ကြပြီးရင် ခွဲခွာတဲ့အခါ ခံစားရမှာ သဘာဝပါ။ မခံစားချင်ရင် မချစ်ပါနဲ့။ ခံစားရတာ သက်သာစေမဲ့ စိတ်ထားနည်းတော့ရှိတယ်။ တချို့အတွက်တော့ အသုံးဝင်မယ်ထင်တယ်။ အိမ်မှာအိမ်မွေးတိရစ္ဆာန်လေးတွေ မွေးဖူးတဲ့သူရင် ပိုနားလည်လောက်တယ်။ အိမ်မှာ ခွေးတို့ ကြောင်တို့ မွေးကြပြီဆိုရင် အဲ့ဒီ ခွေးလေး ကြောင်လေးတွေကို လူလိုပဲ သဘောထားပြီး ချစ်ကြတယ်၊ ဂရုစိုက်ကြတယ်၊ သံယောဇဉ်ဖြစ်ကြတယ်။ မိသားစုလိုပဲ။ ဒါပေမဲ့ စမွေးကတည်းက မွေးတဲ့သူက အရာတစ်ခုကို အလိုလို လက်ခံထားပြီးသား။

- အဲ့တာက သူတို့သက်တမ်းက လူတွေထပ် တိုတဲ့အတွက် လူတွေထက်စာရင် စောစောထွက်ခွာသွားကြလိမ့်မယ် ဆိုတာကို သိထားတယ်၊ လက်ခံထားကြတယ်။ အချိန်တန်ရင် သူတို့လေးတွေ အရင်ထွက်ခွာသွားမှာကိုသိတယ်။ သိသိရက်နဲ့ သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့ကြတယ်။ အချိန်တန်လို့သူတို့ထွက်ခွာသွားကြရင်လည်း ကြေကွဲခံစားရပေမယ့် အများကြီးမမျှော်လင့်ထားကြတော့ ရူးလောက်တဲ့အထိ မဖြစ်ကြဘူးပေါ့။ လူတွေရဲ့အချစ်ကျတော့ ချစ်ကြတာနဲ့စပြီး အတူပေါင်းကြဖို့ ကလေးတွေမွေးကြဖို့အထိ အကောင်းဆုံး ကိုပဲမျှော်လင့်ထားကြတာ။

- ဖြစ်မလာရင် ဘာမှမလုပ်ချင်မကိုင်ချင်၊ စိတ်နဲ့ကိုယ်မကပ်ဘဲ ရူးချင်သလိုလို သေချင်သလိုလိုတွေ ဖြစ်လာကြရော။ အဲလိုမဖြစ်ချင်ရင် ဘယ်သူ့ဆီကမှ အများကြီး
မမျှော်လင့်ထားနဲ့၊ တစ်နေ့ခွဲရမှာပဲလေဆိုပြီး ခွေးလေးတွေ ကြောင်လေးတွေကို စ‌မွေးတုန်းကလို စိတ်ကို ထားထားကြည့်ပါ။ ဒါဆိုမမျှော်လင့်ပဲ ခွဲခွာကြတဲ့အခါ ခံရတာသက်သာနိုင်ပါတယ်။

- ချစ်ရတာကောင်းပါတယ်။ ဘေးနားမှာအတူတူရှိတုန်းသစ္စာရှိရှိနဲ့ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားကြပါ။ ဂရုစိုက်ကြပါ။ ဘေးမှာရှိခွင့်ရတုန်း အကောင်းဆုံးချစ်ပေးကြပါ။

- မထင်မှတ်ထားတဲ့အချိန် ရုတ်တရက်နှုတ်ဆက်ခွဲခွာရတဲ့အခါမျိုးကျရင် အနားမှာရှိတုန်း အကောင်းဆုံးလုပ်ပေးခွင့်ရတဲ့အတွက် ဝမ်းနည်းကြေကွဲခဲ့ရင်တောင် နောင်တမရတော့ ခံသာသွားတာပေါ့။ ဒါကြောင့် ဘယ်သူဆီကမှ ဘာမှမမျှော်လင့်တဲ့လူက အအေးချမ်းဆုံးလူပဲလို့ခဏခဏပြောတာပါ။

👉🏼From Love👈🏼

#ကျွန်တော်ရဲမြတ်သူပါ

- အားကစားပြိုင်ပွဲမှာ အမှန်တကယ်အနိုင်ရဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပြိုင်ပွဲမဝင်ခင် နေ့တိုင်း တစ်ရက်ထက်တစ်ရက် ပိုပြီး အ...
01/27/2025

- အားကစားပြိုင်ပွဲမှာ အမှန်တကယ်အနိုင်ရဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပြိုင်ပွဲမဝင်ခင် နေ့တိုင်း တစ်ရက်ထက်တစ်ရက် ပိုပြီး အရည်အသွေးတောက်ပြောင်လာအောင် ကြိုးစားလေ့ကျင့်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ သင်က အသင်းသား၊ ကစားသမားတိုင်းကို နေ့တိုင်း ပိုကောင်းအောင် လေ့ကျင့်ပေးရာကတစ်ဆင့် အလေ့အထကောင်းတွေ ဖြစ်လာပီဆိုတာနဲ့ အောင်မြင်မှုရဖို့ သေချာနေပါပြီ။ အမျိုးသားဘောလုံးအသင်းရဲ့ Super Bowl Winner ( ကမ္ဘာ့အဆင့်ချန်ပီယံ ) အဖြစ် သုံးကြိမ်ဆက်တိုက် အောင်မြင်မှုရယူပေးသူ ဘောလုံးနည်းပြ 'ဘီလ်ဝေါ့ရှ်' ကအခုလိုပြောခဲ့ဖူးပါတယ်။

"ရမှတ်က သူ့ဘာသာ ဂရုစိုက်ပါလိမ့်မယ်"

From Atomic Habits

#ကျွန်တော်ရဲမြတ်သူပါ

ကိုယ့်ခံစားချက်အတိုင်း ကိုယ့်အရိပ်ထင်မှာပါ- တချို့ကပြောတယ် ပျော်ရွှင်ဖို့ အရမ်းခက်တယ်တဲ့၊ အဲ့လိုပြောတဲ့လူကိုပြန်မေးချင်တ...
01/25/2025

ကိုယ့်ခံစားချက်အတိုင်း ကိုယ့်အရိပ်ထင်မှာပါ

- တချို့ကပြောတယ် ပျော်ရွှင်ဖို့ အရမ်းခက်တယ်တဲ့၊ အဲ့လိုပြောတဲ့လူကိုပြန်မေးချင်တယ်၊ ငိုဖို့ကရော ဘာလို့ ဒီလောက်လွယ်နေတာလဲလို့၊ ပျော်ရွှင်ဖို့ကြ ခက်ခက်ခဲခဲကြိုးစားနေရတယ်ဆို ငိုဖို့ကိုလည်း အလွယ်တကူမစဉ်းစားလိုက်နဲ့ အလျော့ပေးအရှုံးပေးဖို့ကိုလည်း အလွယ်တကူမဆုံးဖြတ်လိုက်ပါနဲ့။

- တကယ်တော့ ပျော်ရွှင်ဖို့ အဲ့လောက်မခက်သလို မငိုမိဖို့ အားတင်းရတာလည်း မခက်ပါဘူး၊ ပျော်ရွှင်တာ မပျော်ရွှင်တာ အားလုံးက ကိုယ့်ခံစားချက်အပေါ်ပဲ မူတည်တာပါ။

- ဘာတွေကိုစိတ်ပူနေတာလဲ ပြုံးထားလိုက်ပါ၊ ကိစ္စတိုင်းက ကိုယ်စိတ်ပူနေရုံနဲ့ပြေလည်သွားတာမှမဟုတ်တာပဲလေ၊ အရိုးသားဆုံးနေပြီး ကိုယ်လုပ်ချင်တာကို တတ်နိုင်သလောက် အစွမ်းကုန်လုပ်ကြည့်ပီး ဖြစ်ချင်တာကို တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစား အကောင်ထည်ဖော်နေရုံပဲ။ စိတ်ကူးနိုင်သ‌လောက် စိတ်ကူးကြည့် ၊ မက်လို့ရတဲ့ အိမ်မက်တိုင်းကလည်း ပိုက်‌ဆံပေးစရာမလို အကန့်အသတ်မရှိပါဘူး၊ အားလုံးမင်းပေါ်ပဲ မူတည်တာပါ။

- ကိုယ့်အရိပ်ကိုကြည့်ပြီးပျော်နေတာမျိုး မြင်ချင်လား၊ ဝမ်းနည်းပြီး စိတ်ဓါတ်ကျတာမျိုး မြင်ချင်တာလား ဆိုတာကတော့ မင်းရွေးချယ်ပါ၊ ကိုယ့်ခံစားချက်အတိုင်း ကိုယ့်အရိပ်ထင်မှာမို့ပါ။

- ကြယ်တစ်လုံး‌ကြွေလို့ ကောင်းကင်ကြီးမမှောင်မိုက်သလို တစ်ခါလဲကျပြီးရှူံးသွားလို့လည်း ဘဝမသေသွားပါဘူး၊ အားတင်းပြီး ပြန်ထရပ်နိုင်သ၍ မျက်ရည်တွေသုတ်ပြီးပြန်ပြုံးနိုင်သ၍ သင်မရှုံးသေးပါဘူး၊ ဘဝမှာအရှုံးက အဲ့လောက်အရေးမကြီးပါဘူး၊ နေရတုန်းခ‌နမှာ မပျော်ရွှင်ပဲ ဘဝကို မဖြတ်သန်းပါနဲ့.။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းနေတဲ့ လူကသာ ဘဝရဲ့ အရှုံးသမားအစစ်ပါ။

👉🏼From ' Manage Yourself '👈🏼

ပုံ Crd

#ကျွန်တော်ရဲမြတ်သူပါ

You have a chance to dream- အိမ်မက်တွေမက် ဖို့ အခွင့်အရေး လူတိုင်းမှာရှိပါတယ်။ တချို့ ဒီအိပ်မက်မက်ဖို့ အလုပ်ကိုတောင် မလု...
01/24/2025

You have a chance to dream

- အိမ်မက်တွေမက် ဖို့ အခွင့်အရေး လူတိုင်းမှာရှိပါတယ်။ တချို့ ဒီအိပ်မက်မက်ဖို့ အလုပ်ကိုတောင် မလုပ်ရဲဘူး၊ မတွေးရဲဘူးတိုရင်တော့ သင်လုံးဝ အောင်မြင်မှာမဟုတ်ပါဘူး၊ ဘာလို့ဆို အလုပ်ကို မစတင်ခင်ထဲက သင်ကြောက်နေပြီးလုပ်ချင်စိတ်ပဲရှိတယ်၊ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ တိကျတဲ့ ခံယူချက်မျိုးမရှိလို့ပါ။

- လဲကျသွားမလားပဲ စိုးရိမ်နေတဲ့ ခြေလှမ်းတွေက သင့်ပန်းတိုင်ကိုရောက်ဖို့ ပိုအလှမ်းဝေးသွားတာပဲဖြစ်စေမှာပါ။ သူများမရိုက်ချိုးခင်ထဲက သင့်မှာကိုယ့်ကိုယ်ကိုထားတဲ့ ယုံကြည်ချက်တွေနည်းနေခဲ့လိုပါ၊ စစ်မတိုက်ဘဲနဲ့တော့ အောင်မြင်မှာမဟုတ်ပါဘူး၊ မတိုက်ချင်ရင် နည်းဗျူဟာကောင်းတွေတော့ရှာပြီး အောင်မြင်အောင်လုပ်ဖို့တော့ လိုပါတယ်....

- တကယ်အောင်မြင်ချင်တဲ့လူက ကိုယ့်အိမ်မက်တွေကို စလုပ်မယ်လို့တွေးပြီး စလှမ်းတဲ့ ပထမခြေလှမ်းထဲက အဆုံးထိသွားဖို့ ယုံကြည်ချက်အပြည့်ရှိတဲ့ လူမျိုးတွေပါ၊
ရှုံးသွားမှာ မကြောက်သလို ဘယ်လိုအခက်အခဲတွေပဲဖြစ်ဖြစ်ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားသူတွေပါ။

- ဒါကြောင့် အိမ်မက်တွေအတွက် ရှင်သန်ရဲတဲ့ သတ္တိကိုမွေးပါ၊ မလုပ်နိုင်ဘူးလို့ထင်တဲ့သူတွေကို ကိုယ်ဘယ်လောက်ထိလုပ်နိုင်ကြောင်းသက်သေပြလိုက်ပါ။ ငါလုပ်နိုင်တယ်လို့လည်း ခြေလှမ်းမစခင်ကတည်းက ကိုယ့်ကိုကိုယ် အပြည့်အဝ ယုံကြည်ထားပါ၊ အဲဒါက အဓိက မရှိမဖြစ်တဲ့ အချက်ပါ။

👉🏼From ' Manage Yourself '👈🏼

#ကျွန်တော်ရဲမြတ်သူပါ

မနက်ခင်းမို့ မြူကျတယ် ထင်နေတာ... မဟုတ်ဘူး ‌air pollution...ဘန်ကောက်ကလူတွေ Mask တပ်ကြပါခင်ဗျ။ #ကျွန်တော်ရဲမြတ်သူပါ
01/23/2025

မနက်ခင်းမို့ မြူကျတယ် ထင်နေတာ... မဟုတ်ဘူး ‌air pollution...ဘန်ကောက်ကလူတွေ Mask တပ်ကြပါခင်ဗျ။

#ကျွန်တော်ရဲမြတ်သူပါ

Hello guys, it's about how I became a Stoner.      ကျွန်တော် ဝေါ်ကိ ကိုဘယ်လိုကြိုက်သွားလဲ ? ဘယ်လိုဖြစ်ပီး stoner ဖြစ်လာလ...
01/22/2025

Hello guys, it's about how I became a Stoner.

ကျွန်တော် ဝေါ်ကိ ကိုဘယ်လိုကြိုက်သွားလဲ ? ဘယ်လိုဖြစ်ပီး stoner ဖြစ်လာလဲဆိုတာ ပြောပြသွားမှာဖြစ်ပါတယ်။

စစတုန်းက မကြိုက်ဘူး။ ဘာလို့လဲဆို မသောက်တတ်တဲ့အချိန်တုန်းက ဂျင်းထည့်ခံဖူးတာကို။ 10 တန်း လောက်မှာ စသောက်ဖူးတာ။ အကိုတယောက်ဆီကနေရလာတာ။ ကျွပ်ကျွပ်အိတ်နဲ့ တထုပ်လုံး။ ဗုံးတွေကော ၊ အရိုးတွေကော ဘာသောက်လို့သောက်ရမှန်းလဲ မသိ။
ဖက်ကြမ်းနဲ့ တစ်တိုင်ပီး တတိုင်ကုန်သွားတယ် ဒီတိုင်းပဲ၊ ဆိုတော့ အဲ့တုန်းက ကျွန်တော့် ခေါင်းထဲ ဝေါ်ကိ က
မကောင်းဘူး လည်ချောင်းစပ်တာပဲ အဖက်တင်တယ် ဖြစ်သွားရော။

ဒီလိုနဲ့ တက္ကသိုလ် တက်တဲ့အရွယ်ရောက်လာ‌တော့ သူငယ်ချင်းက press လာတိုက်တယ်။ အဲ့တုန်းက press လည်းမသိ kush လည်းမသိ local လည်းမသိ ဘာဆိုဘာမှမသိ၊ သိတာဆိုလို့ သောက်ပီး စခွက်ပြောင်မယ်၊ ဟီးဟီးဟားဟားလုပ်မယ် ဒါလောက်ပဲသိတယ်။

အဲ့တုန်းကပြဲတဲ့ အချိန်‌တွေ သတိရ‌သေးတယ်။ အဲ့တုန်းက လက်ကျန်အတိုလေး ကို အထင်သေးမိလို့ ဆိုင်ကယ်တောင်‌ မမောင်းနိုင်ဘူး။ အလယ်ကနေထိုင်ပီး ရှေ့ကကောင်ကို ခါးဖက်ထားတာ၊ ပြုတ်ကျမှာစိုးလို့။ ဘယ်လောက်တောင်ပြဲနေလဲဆို ဘေးက ကျော်သွားတာက စက်ဘီး၊ ပြီးတော့ အကင်တန်းမှာ ခွီတာတွေကော၊ တယောက်မျက်နှာ တယောက်ကြည့်ပြီး ထိန်းမရသိမ်းမရရီတာတွေကော ... တကယ်ပျော်ခဲ့ရပါတယ်။

တက္ကသိုလ်တက်တုန်းကလည်း တခါတလေပဲသောက်ပြီး ပြဲကြတာ။ ဘွဲ့ရပီး အလုပ်ဝင်လည်း တခါတလေပဲသောက်တာ။

ဘယ်မှာ စပြီး ကြိုက်လဲဆိုတော့ ပိုးစိုးပက်စက် အသည်းကွဲတုန်းက။ တကယ်ပါ အဲ့တုန်းက အသက်ငယ်သေးတာရယ် လူတွေအကြောင်းသိပ်နားမလည်သေးတာရယ်ကြောင့် 7 နှစ်ခွဲ relationship ကြီးက လစ်သွားကော။

ငိုတာပေါ့ ပိုးစိုးပက်စက်။ သောက်လိုက်တဲ့ အရက်ဆိုတာ အလုပ်ကလူတွေတောင် ပြောတဲ့အထိပဲ။ တပတ်လောက်နဲ့ ဖောလာလို့။

အဲ့လိုနဲ့ တရက်ကျတော့ ကျွန်တော့်သူငယ်ချင်းက
"ယဖ အသည်းကွဲရင် အရက်မသောက်ရဘူး၊ ဝေါ်ကိသောက်" ဆိုပီး ဖုန်းဆက်လာလို့ သူ့အိမ်သွားပီး chill လိုက်တယ်။ အသည်းကတော့ ကွဲနေတုန်း သူ့ပုံမြင်ရင်ကို မျက်ရည်ကကျပီ အဲ့လောက်စွဲလမ်းခဲ့တာ သူ့ကို။
ရှမ်းတရုတ်မလေးပေါ့ဗျာ။

နောက်တရက်ကျတော့ ကျွန်တော့်‌သူငယ်ချင်းတွေက ရှယ်ပြဲပြီး ဟီးဟီးဟားဟားလုပ်ပီး မောပီး အရင်အိပ်သွားရော။ ကျွန်တော်က မအိပ်ပျော်ဘူး ၊ လောင်နေတာ လွမ်းလို့။ အဲ့လွမ်းနေတာကနေပီး ရုတ်တရက် သူကိုယ့်အပေါ်လုပ်ခဲ့တာတွေ ညာခဲ့တာတွေကို ဇာတ်ကားကြည့်ရသလို တစ်ခန်းပီး တစ်ခန်းမြင်တာ။ "သူတောင်အဲ့လောက် လုပ်ရက်ခဲ့တာပဲ ငါက ဘာလို့လောင်‌‌နေမှာလဲ" ဆိုပီး အဲ့ကနေ move on နိုင်သွားတာပါပဲ။ ဝေါ်ကိခေါ်တိုက်တဲ့ သူငယ်ချင်းကိုလည်း အခုထိ မမေ့ပါဘူး။

လမ်းကြုံလို့ Emotions တွေအလုပ်လုပ်ပုံကို‌ ပြောပြမယ်။‌ လောင်နေတုန်းကဆို မျက်မှာကြီး အိုသိုပြီးတော့ဘူနေတာ ၊ မလောင်တော့တဲ့အချိန်‌ရောက်‌တော့ အလုပ်ကလူတွေတောင် မေးတယ်။ မျက်နှာက အရင်ကလို မှုန်သုန်သုန်မဟုတ်တော့ဘူး ၊ လန်းဆန်းနေတာပဲ အစုံပေါ့။
နောက်ပိုင်း overthinking တွေနည်းလာတယ်၊ positive thinking တွေရဲ့ အကျိုးတွေကို သိလာတယ်။
.......အဲ့လိုကနေစပီး stoner ဖြစ်တာပဲ။ စိတ်ချမ်းသာရတယ်၊ မလောင်ရဘူးဗျာ။ စိတ်ညစ်စရာရှိရင်တောင် ခနပဲ၊ 15 မိနစ်လောက် ဘာမှမတွေးပဲနေလိုက်ရင် ပြဿနာတခုရဲ့ အဖြေကိုတွေ့ရော။ ဆိုတော့....အခုထိလည်း သောက်ပါတယ်။ 24/7 ပြဲကွဲနေအောင်တော့မသောက်ပါဘူး။

နားတဲ့အချိန်ဆို indica လေးသောက်တယ်။
အလုပ်လုပ်ရင် sativa သောက်တယ်။ တခါတလေ hybrid ပေါ့။ အလုပ်လုပ်ရင် indica တော့မသောက်ပါဘူး၊ အလုပ်မပြီးလို့ပါ။

တချို့ကပြောကြပါလိမ့်မယ်။ ဆေးသမားက ကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ်ဆိုပီးတော့။
တခုကြိုပြောပါမယ် - Ma*****na is not a Drug - ပါ။
လောကကြီးကို မျက်လုံးမှိတ်ပြီး မကြည့်ကြပါနဲ့။

Note: This is just for entertainment purposes only. We do NOT buy, sell, or trade anything here.

👺

လှေ- တချို့လူတွေရဲ့‌ လှေတွေ တ‌ဖြေး‌ဖြေးချင်း မြုပ်သွားတာကို‌‌ ဘေးကနေ ထိုင်ကြည့်နေရတဲ့ အချိန်တွေရှိခဲ့ဖူးတယ်။- လှေက ပေါက်...
01/22/2025

လှေ

- တချို့လူတွေရဲ့‌ လှေတွေ တ‌ဖြေး‌ဖြေးချင်း မြုပ်သွားတာကို‌‌ ဘေးကနေ ထိုင်ကြည့်နေရတဲ့ အချိန်တွေရှိခဲ့ဖူးတယ်။

- လှေက ပေါက်နေတယ်။ ဖာရမယ့်နေရာလည်း ပြပေးထားတယ်။ ဖာတာကျ သူ့ဟာသူဖာရမှာ။ ဘေးလာဖာပေးလို့မရဘူးး။

- လှေက ပေါက်ပီးရေတွေ ဝင်နေတယ်။ မဖာရင်မြှပ်တော့မှာလည်းသိတယ်။ သိသိကြီးနဲ့ မဖာဘဲ မပြုပြင်ပဲနေတယ်။ သိပ်မကြာဘူး လှေမြှုပ်သွားတယ်။

- မျက်စိရှေ့မှာတင် အဲ့လို မြှုပ်မယ်မှန်း သိသိနဲ့ ထိုင်ကြည့်နေခဲ့ရတဲ့ လှေတွေ မနည်းဘူး။

- တချို့လှေတွေက Toxic relationship ကြောင့်မြှုပ်တယ်။ တချို့တွေက လောင်းကစားကြောင့်မြှုပ်တယ်။
တချို့လှေတွေကျပြန်တော့ မူးယစ်ဆေးကြောင့်၊ တချို့လှေတွေက အပေါင်းအသင်းကြောင့်၊ အကြောင်းအရင်းအမျိုးမျိုးနဲ့ မြှပ်လုဆဲဆဲတွေ ဖြစ်နေတယ်။

- ကိုယ့်လှေပေါက်တာ ကိုယ်တိုင်ပဲ ဖာလို့ရပါတယ်။ ဘေးလူကဖာပေးလို့မရဘူး။ ဘေးလူက ပေါက်နေတဲ့နေရာမြင်ရင် ပေါက်နေတယ်နော် သတိပေးလို့ရတယ်။

- မြင်သလောက်တော့ သတိပေးပါတယ်၊ ဖာတာ မဖာတာကတော့ သူတို့အပိုင်းဖြစ်သွားပြီ။ ပြောမရတဲ့အဆုံးမြုပ်သွားတာကို လက်ပိုက်ပီး ကြည့်နေလိုက်ရတော့တာပေါ့။ လှေပေါက်မှန်းသိရင် ဖာကြဗျာ။

👉🏼 Love 👈🏼 စာအုပ်မှကောက်နှုတ်ချက်

Boat

-There have been times when I have had to sit back and watch as some people's boats slowly sink.

- The boat is leaking. I have also shown you where to patch it. The patcher has to patch it himself. You can't have someone else patch it for you.

- There are many boats that I have sat and watched, knowing that they would sink right before my eyes.

- Some boats sink because of toxic relationships. Some sink because of gambling. Some boats are sinking because of drugs, some are sinking because of friends, and for various reasons.

- You can only patch your own boat if it's leaking. You can't have someone else patch it for you. If someone else sees a leak, they can warn you.

- As far as I can see, I'm warning them, it's their turn to patch it up.If they don't, I'm just going to have to watch it sink in the depths of the ocean. So if you know it's a leak, patch it up.

#ကျွန်တော်ရဲမြတ်သူပါ

🍀 Stoner alert !!!!       ကျွန်တော့် followers တွေထဲမှာ stoner ‌တွေများတာသိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် အရင်က ဒီ page ...
01/21/2025

🍀 Stoner alert !!!!

ကျွန်တော့် followers တွေထဲမှာ stoner ‌တွေများတာသိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် အရင်က ဒီ page မှာ ဆေးခြောက်နဲ့ပတ်သက်တာပဲတင်တာ။ ပေါက်ကရလေးဆယ်ကော၊ အတည်ပေါက်ကော။ အခု အဲ့အကြောင်းတွေပြန်တင်မလို့ stoner ဘော်ဒါများ အောက်က page ကို like and follow လေးလုပ်ပေးကြပါဦးဗျ...👇🏼👇🏼

https://www.facebook.com/share/15VNdxi9yf/

I know that many of my followers are stoners, because I've only posted about ma*****na on this page before. Now I'm sharing about that in my another page, so stoners..... Please Like and follow my another page. Thanks guys ✌🏻

#ကျွန်တော်ရဲမြတ်သူပါ

Live your life - သူများတွေအတွက် အသက်မရှင်ပါနဲ့၊ ကိုယ့်အတွက်ကိုယ် အသက်ရှင်ပါ။ သူများတွေပျော်ဖို့ အာရုံမစိုက်နဲ့၊ ကိုယ့်ဟာ...
01/21/2025

Live your life

- သူများတွေအတွက် အသက်မရှင်ပါနဲ့၊ ကိုယ့်အတွက်ကိုယ် အသက်ရှင်ပါ။ သူများတွေပျော်ဖို့ အာရုံမစိုက်နဲ့၊ ကိုယ့်ဟာကိုယ်ပျော်ဖို့ အာရုံစိုက်ပါ။ သူများတွေကို အားမကျနဲ့၊ ကိုယ့်ကိုသူများတွေအားကျလာအောင်ကြိုးစားပါ။ သူများတွေကို မသနားခင် ကိုယ့်ဟာကိုယ်အရင်သနားပါ။ ကိုယ်အဆင်ပြေမှ သူများကိုကူညီနိုင်မှာဖြစ်လို့ ကိုယ့်ဟာကိုယ် အဆင်ပြေအောင် အရင်ကြိုးစားပါ။ ပြီးမှသူများကိုကူညီပါ။

- Don't live for others, live for yourself. Don't focus on making others happy, focus on making yourself happy. Don't rely on others, try to make others rely on you.Before you can be kind to others, be kind to yourself first. Only then can you help others. So try to be kind to yourself first. Then help others.

**👉🏼 Love 👈🏼 မှကောက်နုတ်ချက်**

#ကျွန်တော်ရဲမြတ်သူပါ

စာတွေပဲ ဇွတ်တင်နေလို့ ပုံလာတင်တာ 📷  #ကျွန်တော်ရဲမြတ်သူပါ
01/20/2025

စာတွေပဲ ဇွတ်တင်နေလို့ ပုံလာတင်တာ 📷

#ကျွန်တော်ရဲမြတ်သူပါ

*အရာရာကို ထိုင်းချုပ်ချင်တဲ့စိတ်*- ကျွန်တော်တစ်နေ့ bus ကားစီးရင်းနဲ့ ကိုယ့်ကိုကိုယ် စိတ်တွေအရမ်းတိုနေမိတတ်တာကို သတိထားမိ...
01/20/2025

*အရာရာကို ထိုင်းချုပ်ချင်တဲ့စိတ်*

- ကျွန်တော်တစ်နေ့ bus ကားစီးရင်းနဲ့ ကိုယ့်ကိုကိုယ် စိတ်တွေအရမ်းတိုနေမိတတ်တာကို သတိထားမိလာတယ်။

- ဖြစ်ပုံက အဲ့နေ့က ချိန်းထားတဲ့အလုပ်ကိစ္စကလည်းရှိ၊ လိုင်းကား‌တွေကလည်းကျပ်မှကျပ်ပေါ့ဗျာ၊ ဒီကြားထဲ မီးပွိုင့်တွေကပါပျက်သေးဆိုတော့ စိတ်ကဘယ်မတိုပဲနေမလဲ။

- ကျွန်တော်ဘယ်လိုစိတ်တိုလာသလဲဆို "ဟာ ကားသမားကလည်း ဘယ်လိုမောင်းနေမှန်းမသိဘူး၊ ဟော ဒီမီးပွိုင့်ပျက်မှတော့ သေပြီပေါ့" ဆိုပြီး သက်ပြင်းတွေချ တစ်ယောက်ထဲသေတော့မလိုပဲ။

- ဘေးနားမှာထိုင်နေတဲ့တယောက်ကိုကြည့်လိုက်တော့ နားကျပ်လေးတပ်ပြီး ဖုန်းထဲက ရုပ်ရှင်ဇာတ်လမ်းလေးကြည့်လို့ ဘာပူပန်မှုမ မရှိဘူးပေါ့။

-ဒီလိုနဲ့ပဲ ဒေါနဲ့မောနဲ့ပဲ ချိန်းထားတဲ့ client နဲ့တွေ့၊ ဖြစ်ချင်တော့ client နဲ့ပါအဆင်မပြေဖြစ်ပြီး ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ စွမ်းဆောင်‌ရည် ကျလာတော့တာပေါ့ဗျာ။

-ကျွန်တော့်လို ဖြစ်ရပ်မျိုး ဒီစာဖတ်နေတဲ့မိတ်ဆွေမှာလည်းဖြစ်ကောင်းဖြစ်ဖူးပါလိမ့်မယ်။ ကျွန်‌တော်တို့အနေနဲ့ထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာ အတင်းတွေ လိုက်ခစားပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်ကို အပင်ပန်းခံနေကြတာပေါ့။

-ဒီလိုနဲ့ကျွန်တော် ဒီအသိလေးလည်း ရလာရော၊ အစမှာကျွန်တော်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြီးစဉ်းစားကြည့်လိုက်မိတယ်။

- "ကားကျပ်တာကိုငါထိန်းချုပ်လို့ရလား" ကိုယ့်ဟာကိုယ်ပြန်မေးတယ်။ ဘယ်ရမှာလဲ ကိုယ်သွားပြီးကားကိုအပြစ်တင်နေလို့ ဘယ်လိုလုပ်ဖြစ်မလဲ။ ဟုတ်တယ်မလား။

- ဒါဆိုငါဘာကိုထိန်းချုပ်လို့ရလဲ၊ ငါ့ရဲ့စိတ်ကိုထိန်းချုပ်လို့ရတယ်၊ ငါဒီကားကျပ်တာကို စိတ်တိုမဲ့အစား ငါ သီချင်းနားထောင်နေလိုက်မယ်၊ စာအုပ်ဖတ်နေလိုက်မယ် ဆိုပီးပြန်တွေးမိလာတယ်။

- နောက်တခု "ကားဆရာ ကားမောင်းတာနှေးတာကို စိတ်တိုတာ အဓိပွါယ်ရှိလား" ဘယ်ရှိမှာလဲ သူမောင်းတာကိုသွားပီး ခင်ဗျားကနှေးလိုက်တာသွားပြောရင် ကိုယ်ရိုက်ခံရမှာပေါ့။ အဲ့တော့ နှေးတာကို စိတ်တိုနေမဲ့အစား အန္တာရာယ်ကင်းတာပဲ စိတ်ချမ်းသာရပါတယ်လေဆိုပီး ပြောင်းတွေးလိုက်တယ်။

- ဒီလိုနဲ့တဖြည်းဖြည်း ကျွန်တော်ကျင့်သားရလာတော့ကိုယ့်စိတ်ကို ထိန်းချုပ်လို့မရတဲ့အရာတွေ အပေါ်မှာအတင်းကြီးတွေ လိုက်ခံစားမနေတတ်တော့ဘူး။

- ပြောရမယ်ဆို ပတ်ဝန်းကျင်အမြင်မှာ ကျွန်တော်တို့ထိန်းချုပ်လို့ရမှာ မဟုတ်ပါဘူး၊ မနာလိုသူတွေရဲ့ ပါးစပ်တွေကို ထိန်းချုပ်လို့ရမှာ မဟုတ်ပါဘူး၊ သူတို့ကပြောနေအုံးမှာပါပဲ။ အဲ့တော့ သူတို့ပြောတာကို ဂရုစိုက်နေတတ်တဲ့ ကိုယ့်ကိုကိုယ်သာ ထိန်းချုပ်လိုက်တော့ နောက်နောင် ဂရုမစိုက်ဘဲ နေတတ်တာက ကိုယ့်ရဲ့ Style ဖြစ်လာတယ်။

- ဆိုတော့ ဘဝမှာ ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေတိုင်းအတွက် လိုက်ပြီးခံစားနေစရာ ဂရုစိုက်နေစရာမ လိုအပ်ပါဘူး။

- အရေးကြီးတာတွေနဲ့ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေ၊ ကိုယ့်အတွက် အရေးပါတဲ့လူတွေကိုပဲ ဂရုစိုက်ပြီး သူတို့နဲ့ပိုပြီး အချိန်သုံးလိုက်ပါလို့ ဒီစာလေးကနေပဲ ကျွန်တော်မှာချင်ပါတယ်။

- ကျွန်တော့်လိုမလွဲဖို့ ဒီစာလေးကနေ တစ်ခုခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။

👉🏼 အလွဲအချော်များနဲ့ လူငယ်တဦး 👈🏼 စာအုပ် မှကောက်နုတ်ချက်

#ကျွန်တော်ရဲမြတ်သူပါ

*အတွေးလွန် စဉ်းစားလွန်ခြင်း*- စားစရာတွေပိုများလာသလို စားသောက်ကုန်ပစ္စည်းတွေကလည်းများလာပါတယ်။ ဒါပေမဲ့ကျွန်တော်တို့တော်တော...
01/19/2025

*အတွေးလွန် စဉ်းစားလွန်ခြင်း*

- စားစရာတွေပိုများလာသလို စားသောက်ကုန်ပစ္စည်းတွေကလည်းများလာပါတယ်။ ဒါပေမဲ့ကျွန်တော်တို့တော်တော်များများကတော့ ဘာစားရင်ကောင်းမလဲစဉ်းစားလို့မရ ဖြစ်နေတုန်းပါပဲ။

- ဝတ်စရာတွေ အများကြီး ဗီဒိုထဲမှာ ရှိနေပေမယ့် ဘာဝတ်လို့ဝတ်ရမှန်းမသိ ဖြစ်တတ်ကြသလို၊ Fashion store တွင်သွားတိုင်းလည်း ဒီဇိုင်းတွေ စုံလင်နေပေမယ့်ဘာဝယ်လို့ဝယ်ရကောင်းမှန်းမသိ ဖြစ်တတ်ကြပါတယ်။

- စာအုပ်ကောင်းတွေ အများကြီးရှိသလို ကိုယ့်ရဲ့စာအုပ်စင် မှာလည်း စာအုပ်တွေ အများကြီးရှိပါရက်နဲ့ ဘာဖတ်ရင်ကောင်းမလဲ စဉ်းစားနေရင်း ဘာမှမဖတ်တော့တဲ့နေ့တွေလည်း များလာနိုင်ပါတယ်။

- တကယ်တော့ ကျနော်တို့ အလုပ်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် အရမ်းစဉ်းစားတတ်ကြတာ၊ အရမ်းအတွေးများတတ်ကြတာ သဘာဝပါပဲ။

- ဒါပေမဲ့ ဒီလိုလုပ်တာ များလာရာကနေဖြစ်လာမယ့်အကျိုးဆက်က "ဘာမှမလုပ်ဖြစ်သွားတာပါပဲ" ။

- ဒီလိုမဖြစ်ရဖို့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်ချတော့မှာပဲဖြစ်ဖြစ် အလုပ်လုပ်တော့မှာပဲဖြစ်ဖြစ် မြန်မြန်လုပ်တတ်ဖို့လိုပါတယ်။

- တစ်ခါတလေကျ ဆုံးဖြတ်ချက်အမှားတွေ၊ မြန်မြန်လုပ်လိုက်ခြင်းတွေ က ကျွန်‌တော်တို့ကို နှောင့်နှေးစေတာမဟုတ်ပါဘူး။ တကယ်တမ်း နှောင့်‌နှေးစေတာက ဘာမှအလုပ်မဖြစ် အလုပ်မပြီး ထိုင်နေဝေနေ၊ စဉ်းစားနေရင်းနဲ့ နောက်ဆုံးအိပ်ယာထဲပဲ လှဲနေတဲ့ရက်တွေများသွားရခြင်းတွေကြောင့်ပါ။

👉🏼👉🏼 အလွဲအချော်များနဲ့ လူငယ်တစ်ဦးစာအုပ်မှ ကောက်နှုတ်ချက်👈🏼👈🏼

*Overthinking*

- As more food becomes available, so do more food products. But many of us still have trouble deciding what to eat.

- Just like there are so many clothes in the closet, but you don't know what to wear, every time you go to a fashion store, you don't know what to buy even though there are so many designs.

- There are so many good books, and there are so many books on your bookshelf, that there are days when you don't read anything while wondering what to read.

- In fact, it's natural for us to think a lot and have a lot of thoughts when we're about to do something.

- But the consequence of doing this too often is "doing nothing."

- To prevent this from happening, we need to be able to act quickly, whether we are making decisions or working.

- Sometimes it's not the wrong decisions or rushing things that slow us down.What really causes procrastination is the days when you sit around doing nothing, thinking, and finally lying in bed.

#ကျွန်တော်ရဲမြတ်သူပါ

*အတွင်းစိတ်ကို အရင်နိုင်အောင်လုပ်ပါ*- လက်မခံချင်ပေမယ့် လက်ခံရမယ့် အမှန်တရားတစ်ခုရှိတယ်။ အဲဒါက ကျွန်တော်တို့ရဲ့တော်တော်မျ...
01/18/2025

*အတွင်းစိတ်ကို အရင်နိုင်အောင်လုပ်ပါ*

- လက်မခံချင်ပေမယ့် လက်ခံရမယ့် အမှန်တရားတစ်ခုရှိတယ်။ အဲဒါက ကျွန်တော်တို့ရဲ့တော်တော်များများက အပြင်အပိုင်းကိုပိုပြီးအာရုံစိုက်ကြသလို အပြင်အပိုင်းကိုပြုပြင်ဖို့ကိုပဲအားသာကြတယ်။ တကယ့်တကယ် ကိုယ့်ရဲ့အတွင်းစိတ်ထဲက မကောင်းတာကိုတော့ မမြင်တတ်သလို ပြင်ဖို့ကိုလည်း ကြောက်ကြတယ်။

- ထားပါတော့ ဥပမာလေးတစ်ခု အပြင်မှာများသောအားဖြင့် ဆယ်ကျော်သက်တွေကြားမှာ ကွဲလွဲတာလေး တစ်ခုရှိပါတယ်။

- မိန်းကလေးတွေက ယောင်္ကျားလေးချောချောလေးတွေ သဘောကျ ကြတယ်၊ ကိုယ့်ကောင်လေးအဖြစ် တွဲချင်ကြတယ်၊ ပြောရမယ်ဆိုရင် အဆင်လေးတွေပေါ့၊ ဒါပေမဲ့ အဲ့ခပ်ချောချောယောင်္ကျားလေး က တခုခုနဲ့ပတ်သက်ရင် တာဝန်ယူတတ်တဲ့ စိတ်မရှိဘူး၊ တခုခုဆို မိဘဆီကပဲ လက်ဖြန့်တောင်း၊ ပျော်ပါးသောက်စားတာတွေနဲ့ပဲ အချိန်ကုန်၊ သူ့ရဲ့အပြင်ပိုင်း အသုံးအဆောင်တွေကိုပဲ ပိုပြီးဂရုစိုက်တယ်။

- ယောင်္ကျားလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေ မရှိဘူးဆိုရင် ကောင်မလေးဘက်က လက်တွဲဖော်အဖြစ်ရွေးချယ် အားကိုးဖို့ရာ % နည်းသွားနိုင်တယ်။

- ဒီလိုပဲ ယောင်္ကျားလေးတွေကလည်းဆော်အလန်းတွေဆိုရင်သဘောကျကြ၊ ငေးကြတာပဲ၊ ငါ့ကောင်မလေးဖြစ်ရင်တော့ ဆိုတဲ့ အတွေးရှိကြတယ်။

- ဒါပေမဲ့ အဲ့ကောင်မလေးမှာ မိန်းကလေးတယောက်အနေနဲ့ ရှိသင့်တဲ့ အရည်အချင်းမျိုးမရှိဘူး၊ သူ့ဘဝသူ နေချင်သလိုနေပီး၊ အမြဲတမ်း အပြင်အဆင်တွေကိုပဲ အာရုံရောက်ပီး စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာ၊ ကိုယ့်ရဲ့တန်ဖိုး၊ အရည်အချင်းတွေကို မြှင့်ဖို့ ကြိုးစားခြင်းမလုပ်ဘဲ နေနေမယ်ဆိုရင် ‌ယောင်္ကျားလေးဘက်က ချစ်တယ်ဆိုရ်ငလည်း အဲဒီကောင်မလေးရဲ့အလှကိုပဲဖြစ်လိမ့်မယ်။ အလှကအချိန်မရွေး အကြောင်းတစ်ခုခုကြောင့်ဖြစ်သွားနိုင်တာမို့ မလှတော့ဘူးဆိုရင် ပစ်သွားဖို့က % ပိုများတယ်။

- ဆိုတော့ ဒီကနေ အဓိက ပေးချင်တဲ့ message က
ဘာလဲ ဆိုတော့ ကိုယ့်အနေနဲ့ ယောင်္ကျားလေးဖြစ်နေပါစေ၊ မိန်းကလေးဖြစ်နေပါစေ။

- ကိုယ့်ရဲ့အပြင်ပိုင်းတွေကိုပဲပြင်ဆင်နေရင်းနဲ့ အချိန်ကုန်ခံမနေပါနဲ့၊ တစ်ခါတလေကိုယ့်ရဲ့အတွင်းစိတ်ကိုလည်းရင်ဆိုင်ကြည့်ပါ။

- ကိုယ့်ရဲ့ ပျင်းနေတဲ့စိတ်ကို ရင်ဆိုင်ပါ။ကိုယ်က ယောင်္ကျားလေးဖြစ်ပါရဲ့ အမြဲသိမ်ငယ်နေတတ်တဲ့စိတ်ကိုရင်ဆိုင်ရဲပါ။ မိန်းကလေးဖြစ်ပါရက်နဲ့ တန်ဖိုးမထားတဲ့လုပ်ရပ်တွေလုပ်နေမိတာကို ရင်ဆိုင်ရဲပါ။ ရင်ဆိုင်ပီးတော့ ပြုပြင်ကြည့်ပါ။

- ရင်မဆိုင်ပဲ ဒါတွေကိုလွှတ်ထားလိုက်မယ်ဆို ကိုယ်ကဘယ်လောက်ပဲ ကောင်းလှပါပြီ ဆိုတဲ့အသုံးအဆောင်တွေနဲ့ ကိုယ့်ရဲ့အပြင်ပိုင်းကိုအလှဆင်နေပါစေ စိတ်ချလက်ချ ပျော်နိုင်မှာ မဟုတ်ပါဘူး။

- အဲ့တော့ ကိုယ့်ကိုယ်ထဲမှာ ရှိတဲ့ မကောင်းတဲ့အကျင့်တွေမကောင်းတဲ့စရိုက်တွေကို အခုကစပြီး ရင်ဆိုင်ပါ၊ ပြီးရင် လက်ခံပီး မကောင်းတဲ့အရာတွေနေရာမှာ ကောင်းတာလေးနဲ့ အစားထိုး ကြိုးစားကြည့်ပါ။

👉🏼( အလွဲအချော်များနဲ့ လူငယ်တဦး စာအုပ်မှကောက်နှုတ်ချက်)

#ကျွန်တော်ရဲမြတ်သူပါ

*ဒဏ်ခံနိုင်ဖို့လိုတယ်*- ပျော်ရွှင်မှု အစစ်အမှန်ကို လိုချင်ရင်၊ နာကျင်မှုတွေ အခက်အခဲတွေကို ကျော်လွှားမှရမယ်။ အဲ့လိုမဟုတ်ပ...
01/17/2025

*ဒဏ်ခံနိုင်ဖို့လိုတယ်*

- ပျော်ရွှင်မှု အစစ်အမှန်ကို လိုချင်ရင်၊ နာကျင်မှုတွေ အခက်အခဲတွေကို ကျော်လွှားမှရမယ်။ အဲ့လိုမဟုတ်ပဲ သက်သောင့်သက်သာ နေရင်းနဲ့ ပျော်ရွှင်မှုကို လိုက်ရှာရင် အစစ်အမှန်ကို တွေ့ရမှာမဟုတ်ပါဘူး။

- ဆိုတော့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်၊ ပျော်ရွှင်မှုကိုတော့ လိုတော့လိုချင်တယ်၊ ဘယ်လိုအခက်အခဲ နာကျင်မှုတွေကိုရော ကျော်ဖြတ်ခဲ့ပီးပီလဲဆိုတာပေါ့။

- ဥပမာ - မင်းက vlogger ဖြစ်ချင်ရင် တန်းပီး ဖြစ်မလာနိုင်ဘူး။ ကျော်ဖြတ်ရမဲ့ အခက်အခဲက အများကြီးကျန်သေးတယ်၊ ဒီလိုပဲ မင်းက စာရေးပီး လူတွေသိတာခံချင်ရင်လည်း စာတပုဒ်ထဲနဲ့ မင်းကို ဘယ်လိုမှ လူမသိနိုင်ဘူး။

- အဲ့တာတွေအတွက်ဖိအားတွေ၊ အခက်အခဲတွေ၊ တခြားသူတွေက မင်းကို အပြစ်တင်တာမျိုးတွေ ခနခန ကြုံရမယ်၊ ဒါတွေကိုကျော်ဖြတ်နိုင်သွားပီဆိုရင်တော့ မင်းတကယ်ပျော်ရွှင်မှုကို တွေ့လိမ့်မယ်။

- ဒီလိုမှ ဒဏ်မခံနိုင်ရင် မင်းရနေတာက သာယာမှုပဲဖြစ်လိမ့်မယ်၊ ခနနေ ပျောက်ကွယ်သွားဦးမှာပဲ။

👉🏼(အလွဲ‌အချော်များနဲ့ လူငယ်တစ်ဦး စာအုပ်မှကောက်နှုတ်ချက်)

- If you want true happiness, you have to overcome pain and hardship. Otherwise, if you seek happiness while living comfortably, you will not find it.

- So ask yourself, do you really want happiness, and what difficulties and pains have you overcome?

- For example, if you want to be a vlogger, you can't do it right away. There are still many obstacles to overcome. Similarly, if you want to be known as a writer, you can't get known in one article.

- You will have to face pressures, difficulties, and others blaming you for those things, but if you can overcome these, you will find true happiness.

- If you can't bear the pain like this, all you'll get will be pleasure, and it will soon disappear.

#ကျွန်တော်ရဲမြတ်သူပါ

Address

California City, CA

Website

Alerts

Be the first to know and let us send you an email when Let's High posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share