ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား Jericho စစ်ဆင်ရေးမှတ်တမ်းဗီဒီယို
ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား Jericho စစ်ဆင်ရေးမှတ်တမ်းဗီဒီယို
ချင်းဂျာနယ်၊ ဒီဇင်ဘာ ၃ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ Jericho စစ်ဆင်ရေးအမည်ဖြင့် နို၀င်ဘာ ၂၂ရက်နေ့နဲ့ ဒီဇင်ဘာ ၃ရက်နေ့အကြားမှာ သိမ်းပိုက်ခဲ့ပါတယ်။
စစ်ရေးအရအချက်အချာကျတဲ့ ပွိုင့် ၃ စခန်းကို နို၀င်ဘာ ၂၅ရက်နေ့မှာ ချင်းပြည်အစိုးတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး နို၀င်ဘာ ၃၀ရက်နေ့မှာ ဟားခါးမြို့အနီး ရွာဗာဇုန် (Ruavazung) စစ်တပ်စခန်း၊ သီမစ်ချောင်းတံတားအနီး အွန်ပူပွက်နာခ်တောင် (Umpupuaknak Tlang) နဲ့ နောင်ထလော့ဘို (Nawnthlawk Bo) စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။
သီမစ်ချောင်းအနီး ဟားခါးဖက်ခြမ်းမှာရှိတဲ့ ကေဗန်ဇွန် (Keivangzuan) စစ်ကောင်စီစခန်းက စစ်သားတွေအကုန်ထွက်ပြေးလို့ သေနတ်ပစ်ဖောက်စရာမလိ
တိုက်ပွဲကြောင့် ချောက်ကပ်လာတဲ့ ဖလမ်းမြို့ လက်ရှိအခြေအနေ
တိုက်ပွဲကြောင့် ချောက်ကပ်လာတဲ့ ဖလမ်းမြို့ လက်ရှိအခြေအနေ
ချင်းဂျာနယ်၊ နို၀င်ဘာ ၂ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်မှာ ချင်းအမျိုးသာကာကွယ်တပ်ဖွဲ့ (CNDF) နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီနောက် ဖလမ်းမြို့ဒေသခံ ၉၅% ကျော်က မြို့ကိုစွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။
အောက်တိုဘာလ ၂၅ရက်နေ့မှ ၂၈ရက်နေ့အထိ ဖလမ်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သောလက်နက်ကြီးကြောင့် ပြည်သူ ၄ဦး ဒဏ်ရာရရှိကာ အသက် ၃၈နှစ်ရှိ ကျောင်းဆရာမတစ်ဦး လက်နက်ကြီးကျည်ထိလို့ သေဆုံးခဲ့ပါတယ်။
ဖလမ်းမြို့ပေါ်မှာနေထိုင်တဲ့ လူဦးရေ တစ်သောင်းကျော်ဟာ နီးစပ်ရာကျေးရွာများ၊ ဟားခါးမြို့၊ ကလေးမြို့နဲ့ မီဇိုရမ်ဖက်သို့ ထွက်ပြေးကြပြီး လက်ရှိမြို့ပေါ်မှာ လူအနည်းငယ်သာ ကျန်ရှိကြောင်း သိရပါတယ်။
The Chin Journal
“ကောင်းကင်ကြီးကို… ပိတ်” ဆွေးနွေးပွဲစကားဝိုင်း
မြန်မာနိုင်ငံရှိ လေကြောင်းတိုက်ခိုက်မှုများ၏ အဓိကတရားခံ အစိုးရများ၊ ကုမ္ပဏီများ၏ အထောက်အပံ့များနှင့် လေကြောင်းအန္တရာယ် ရပ်တန့်ရေး “ကောင်းကင်ကြီးကို… ပိတ်” ဆွေးနွေးပွဲစကားဝိုင်း။
ပြည်သူလူထုမှ သိရှိလိုသော အကြောင်းအရာများကို တိုက်ရိုက် မေးမြန်းနိုင်သော အမေးအဖြေကဏ္ဍလဲ ပါ၀င်မှာ ဖြစ်ပါတယ်။
📌 ကောင်းကင်ကြီးကိုပိတ် စကားဝိုင်းကို ကိုမိုက် (သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု) မှ Moderator အဖြစ် ဦးဆောင်သွားမှာ ဖြစ်ပြီး
( ၁ ) ဆုဂျင်း - Woman Activist
( ၂ ) ကိုဇေယျ - CDM လေတပ်သား
( ၃ ) ဒေါက်တာ ရဲဇော် - CDM ဆရာဝန်
( ၄ ) မေ - Human Rights Defender တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
📌 ဆွေးနွေးမည့်ရက် - အောက်တိုဘာလ ၂၄ ရက် (ကြာသပတေးနေ့)။
🕕 အချိန် - မြန်မာ စံတော်ချိန် ညနေ ( ၆ )နာရီ
#AirBus2AirStrikes #Airbusted
#BusinessAndHumanRights #WarCrimes
#WhatsHappeninglnMyanmar #AVIC
#BloodMoneyCampaignMM
ထန်တလန် စကစတပ်ကုန်းကို ချင်းပြည်အစိုးရတပ်သိမ်း
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ရဲ့ အမာခံစခန်း ခလ၇ (၂၆၉) တပ်ကုန်း ကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့မှ မနေ့ ဩဂုတ် ၅ရက်နေ့က သိမ်းပိုက်လိုက်တဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ်။
#TheChinJournal
မတူပီမြို့ စစ်တပ်မိသားစုဝင် ၁၀၀ ကျော်ကို ချင်းညီနောင်အဖွဲ့မှ ကယ်ဆယ်ထိန်းသိမ်းထား
မတူပီမြို့ စစ်တပ်မိသားစုဝင် ၁၀၀ ကျော်ကို ချင်းညီနောင်အဖွဲ့မှ ကယ်ဆယ်ထိန်းသိမ်းထား
ချင်းဂျာနယ်၊ ဇူလိုင် ၂၀
ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ် မိသားစုဝင် ၁၀၀ ကျော်ကို ကယ်ဆယ်ထိန်းသိမ်းထားကြောင်း ချင်းညီနောင်အဖွဲ့မှ ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
"ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များမှ (Operation CB) မတူပီမြို့သိမ်းတိုက်တွင် စစ်ကောင်စီ နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားသည့်အပြင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ဦးကိုလည်း ချင်းညီနောင် ဖက်မှ ကျွေးမွေး ပြုစုထားလျက်ရှိသည်။ တောထဲသို့ ထွက်ပြေးစဉ် လမ်းခရီးတွင် ခရီးလမ်း ကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးခဲ့ရသော ကလေးငယ်များပါ ပါဝင်သည်" ဟု ချင်းညီနောင်
အဆိုတော် David Lai မင်္ဂလာဆောင်ပြီ
ဇူလိုင်လ ၆ ရက်၊ ချင်းဂျာနယ်
နိုင်ငံကျော် အဆိုတော် David Lai ဟာနော်ဝေးမှာနေထိုင်တဲ့ ချစ်သူချင်းအမျိုးသမီးလေးနဲ့မင်္ဂလာဆောင် အခမ်းအနားကို ဘန်ကောက််မြို့မှာ ဒီနေ့ ဇူလိုင် ၆ ရက်နေ့ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#TheChinJournal
တီးတိန်မြို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စကစတပ်ရဲ့ မီးရှို့မူကြောင့် နေအိမ် ၄၀ကျော် ပျက်စီးသွတယ်လို့ သိရပါတယ်။
Video: PDF-Zoland
ဟားခါးမြို့ လွတ်လပ်ရေးကျောက်တိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို CDF-Hakha မှ ဇွန်လ ၁ရက်နေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ပါတယ်။
စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တီးတိန်မြို့ပေါ် လူနေအိမ်တွေ မီးလောင်နေ
ထန်တလန်မြို့ စစ်ကောင်စီတပ်ကို ၈၁မမဖြင့် ၅ကြီမ် ပစ်ခတ်၊ ထိခိုက်သေဆုံးမှုရှိနိုင်
မေလ ၂၁၊ ချင်းဂျာနယ်
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ကုန်းကို ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င်များက မနေ့ မေလ ၂၀ရက်နေ့မှာ ၈၁မမဖြင့် ၅ကြီမ်ပစ်ခတ်ခဲ့ပြီး စခန်းထဲမှာ ကျရောက်ပေါက်ကွဲမှုတွေရှိတာကြောင့် ပျက်စီးမှုနဲ့ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိထန်တလန်မြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့၊ CDF-Thantlang နဲ့ CNA တပ်ဖွဲ့၀င်များ လှုပ်ရှားလျှက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ CNA/CDF-Thantlang တပ်ဖွဲ့အကြား ချောင်းမြောင်းပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
#TheChinJournal
စစ်ကောင်စီမှ ရဟက်ယာဉ် ၃စင်းဖြင့် တွန်းဇံမြို့သို့ စစ်ကူအင်အားပို့
စစ်ကောင်စီမှ ရဟက်ယာဉ် ၃စင်းဖြင့် တွန်းဇံမြို့သို့ စစ်ကူအင်အားပို့
မေလ ၂၀ရက်၊ ချင်းဂျာနယ်
ချင်းပြည်ကောင်စီအဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ့များလက်ထဲ တွန်းဇံမြို့ မကျရေးအတွက် စစ်ကောင်စီတပ်မှ လေကြောင်းနဲ့အပြင်းအထန် တိုက်ခိုက်နေပြီး ယနေ့ မေလ ၂၀ရက်နေ့တွင် ရဟက်ယာဉ် ၃စင်းဖြင့် တွန်းဇံမြို့သို့ စစ်ကူအင်အားပို့လိုက်တယ်လို့ သိရပါတယ်။
ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီတပ်ဖွဲ့၀င်များက ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့ကို မေလ ၁၆ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ရက်နေ့တွင် တွန်းဇံမြို့ထဲရှိ စစ်တပ်စခန်းနဲ့ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
တွန်းဇံမြို့နယ်ထဲရှိ ကျီခါးမြို့ကို မေလ ၁၉ရက်နေ့ မနေ့က ချင်းပြည်ကောင်စီအဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ
ချင်းပြည်နယ်၊ ကျီခါးမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဗင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDFs) များကသိမ်းပိုက်ပြီး စကစစခန်းကို မီးရှို့
Video: The Tedim Times