Fight For Federal Democracy

  • Home
  • Fight For Federal Democracy

Fight For Federal Democracy only want federal democracy
(1)

မန်းလေးမြို့ ညပိုင်းအခြေနေတွေသိရအောင်စုပေးထားပါတယ်ဗျ မိဘပြည်သူများမဖြစ်မနေသွားရမယ်ဆိုဂရုစိုက်သွားလာကြပါခင်ဗျာ။သတိပြုရန်h...
25/07/2022

မန်းလေးမြို့ ညပိုင်းအခြေနေတွေသိရအောင်စုပေးထားပါတယ်ဗျ မိဘပြည်သူများမဖြစ်မနေသွားရမယ်ဆိုဂရုစိုက်သွားလာကြပါခင်ဗျာ။

သတိပြုရန်

https://www.facebook.com/103352992192590/posts/172875685240320/

ညပိုင်း အစစ်အဆေးနေရာများ

https://www.facebook.com/108219764659934/posts/420874486727792/

https://www.facebook.com/102768058628839/posts/380947300810912/

https://www.facebook.com/102768058628839/posts/380983344140641/

https://www.facebook.com/102768058628839/posts/380979124141063/

https://www.facebook.com/102768058628839/posts/380964827475826/

https://www.facebook.com/102768058628839/posts/380962140809428/

https://www.facebook.com/103352992192590/posts/172874925240396/

Crd to Mandalay Reborn ,Voice Of Mandalay-3 and သပြေညိုသတင်းလွှာ

ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်တိုက်ခိုက်ရေးအလံ၏အဓိပ္ပါယ်ဖွင့်ဆိုချက်=============တူမီး    -ချင်းတို့၏မိမိကိုယ်ကို မိမိစော...
19/07/2022

ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်တိုက်ခိုက်ရေးအလံ၏အဓိပ္ပါယ်ဖွင့်ဆိုချက်
=============

တူမီး -ချင်းတို့၏မိမိကိုယ်ကို မိမိစောင့်ရှောက်
သော သက်စောင့်ပစ္စည်းဖြစ်ပြီးမည်သည့်အန္တရယ်ကိုမဆိုဖြိုခွင်းနိုင်သည့်သ​ေ င်္ကတကိုကိုယ်စားပြုသည်။

ပြောင်ဂျို- ယမ်းဘူးကိုကိုယ်စားပြုသည်။

စက်ဝိုင်းနှင့်အစင်းကွက်-ချင်းတို့၏ကိုယ်မင်းကိုယ့်ချင်းနှင့်နေထိုင်လာခဲ့မှုချမ်းသာကြွယ်ဝမှုကိုကိုယ်စားပြုသည်။

အပြာရောင်-ငြိမ်းချမ်းခြင်း

အနီရောင်-ရဲရင့်ခြင်း

အစိမ်းရောင်-သာယာဝပြောခြင်း

ပန်းတိုင်
======
ချင်းတစ်မျိုးသားလုံး၏မွေးရာပါရပိုင်ခွင့်အခွင့်အရေးနှင့်သက်ဆိုင်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်များအပြည့်အဝရရှိရေး။

16/04/2022
16/04/2022

အသိ​ပေးထုတ်ပြန်​ကြေညာချက်

16/04/2022

မုံရွာမြို့အမှတ်(၂)ရဲစခန်းကို PDFနှင့် ​​ပြောက်ကျား တပ်ဖွဲ့များ မိနစ်၃၀ကြာပူး​ပေါင်းတိုက်ခိုက်

▪️စစ်​​ကောင်စီလက်ပါး​စေ ရဲ ၁၀ဦးထက်မနည်း​သေဟု မုံရွာခရိုင် PDF ထုတ်ပြန်

ရဲခေါင် ၊ ​အောင်​ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အမှတ်(၂)ရဲစခန်းကို ဝင်တိုက်ရာ စစ်​ကောင်စီလက်ပါး​စေ ရဲ ၁၀ဦးထက်မနည်းသေဆုံးကြောင်း မုံရွာခရိုင် PDFတပ်ရင်းများက အသိ​ပေးထုတ်ပြန် သည်။

ယနေ့(ဧပြီ ၁၆ ရက်) နံနက် ၁နာရီခွဲခန့်က စ၍ အဆိုပါ ရဲစခန်းကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) ၊(၃)၊(၄)တို့၏ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၂)၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ - Monywa The Boys ၊ တပ်ခွဲ (၁) - Monywa Ranger group၊ Truth Army ၊ တပ်ခွဲ (၃) - Northwest Plains Revolutionary Forces -NPRF တို့ပူးပေါင်းကာ ထိရောက်သော ထိုးစစ်ဆင်မှု Mission တစ်ခုကိုအောင်မြင်စွာဆောင် ရွက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် RPG(73 mm) ကို ဦးစွာပစ်သွင်းခဲ့ပြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်မှလည်း (၄၀)မမ ဗုံးသီးများ၊လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

"မနက် အစောကတည်းက ပစ်သံတွေက တော်တော်ကို များတယ်။သေတဲ့ရဲတွေရှိတယ်လို့ ကြားရတယ်။အခုလည်း မနက်မိုးလင်းကတည်းက မြို့ထဲမှာညပိုက် စိပ်တိုက် စစ်နေတာ"ဟု မုံရွာမြို့ အမှတ် (၂) ရဲစခန်းအနီး နေသူတစ်ဦးက People's Springသို့ ပြောသည်။

တိုက်ပွဲအတွင်း RPG နှင့်အတူ ကျည်ဆံ ၅၃၀ ကျော် အသုံးပြုခဲ့ပြီး RPG တိုက်ရိုက်ထိမှန်၍ သေဆုံးသွားသော ရဲနှစ်ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကူမလာမီ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

"မနေ့ညကနဲ့ ဒီကနေ့မနက်စောစော ဟိုနေရာအုံးခံရ ဒီနေရာပစ်ခံရနဲ့ စကစတွေဟာ နေ့မနားရ ညမနားရနဲ့ လုံးပါးပါးနေကြပါပြီ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၅ ရက်) သင်္ကြန်အကြတ်နေ့က မုံရွာမြို့အနှံ့ ပေါက်ကွဲမှုများ နေ့​ရော ညပါဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း လမ်းမကြီးများနှင့် ရပ်ကွက်လမ်းကြားများပါမကျန် အစစ်‌အဆေးပြုလုပ်ခြင်း၊ကင်းပုန်းဝပ်ခြင်းများပြုလုပ်နေကြောင်း၊ ထို့အ​ပြင် ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်စီးလာသော ပြည်သူများကိုလည်း ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

"တော်လှန်သင်္ကြန် ဆင်နွှဲနေကြတဲ့ပြည်သူတွေကို လေးစားအသိအမှတ်ပြုပါတယ်""အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သ...
16/04/2022

"တော်လှန်သင်္ကြန် ဆင်နွှဲနေကြတဲ့ပြည်သူတွေကို လေးစားအသိအမှတ်ပြုပါတယ်"

"အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ"

မြန်မာ့နှစ်ကူး အတာသင်္ကြန်အကြတ်နေ့ကို ရဲဘော်ပြည်သူတို့အားလုံး မိသားစုနဲ့အတူ အေးချမ်းစွာ ဖြတ်ကျော်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ တောတွင်းတနေရာနဲ့ မိသားစုနဲ့ အကြောင်းကြောင်းအမျိုးကြောင့်နဲ့ ဝေးကွာခဲ့၊ ဝေးကွာနေတဲ့ ရဲဘော်ပြည်သူတို့လည်း လုံခြုံအေးချမ်းစွာ ဖြတ်သန်းခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒီနေ့မှာ ရဲဘော်ပြည်သူတို့အနေနဲ့ တော်လှန်ရေးပြည်သူအဖြစ် မိမိတို့ လိုလားချက်နဲ့ တော်လှန်ရေးအပေါ် ဘယ်လောက်ထိ ယုံကြည်ပြီး ပါဝင်နေကြောင်း သင်္ကြန်အကြတ်နေ့မှာလဲ မြန်မာနိုင်ငံအတွင်းက မြို့တွေရဲ့ လမ်းမတွေထက်က တိတ်ဆိတ်နေမှုနဲ့ ထင်ထင်ရှားရှားပြသခဲ့တဲ့အတွက် ကျေးဇူးတင်အသိမှတ်ပြုရပါတယ်။ သင်္ကြန်ကာလတလျှောက်လုံးလည်း ယခုကဲ့သို့ တော်လှန်ရေးပြည်သူအဖြစ် မိမိတို့ယုံကြည်ချက်အတွက် ဆက်လက်တိုက်ပွဲဝင်ပေးဖို့ ထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တော်လှန်သင်္ကြန်အဖြစ် ဆက်ဆင်နွှဲဖို့ အောက်ကလှုပ်ရှားမှုတွေမှာ အားလုံးပဲ အင်နဲ့အားနဲ့ပါဝင်ကြရအောင်ပါ။

📅 ဧပြီ ၁၅၊ ၁၆ (အကြတ်၊ အတက်) ရက်တွေမှာ - CDM တပ်သားတွေကို ပိုမိုထောက်ပံ့ကြမယ်၊ ဖေးမကြမယ်၊ အားပေးစကားပြောကြမယ်။
ဒီ(၄)ရက်လုံးမှာ ငွေကြေးအင်အားနဲ့ ထောက်ပံ့မှု မလုပ်နိုင်ရင်တောင် ဖုန်း သို့ လူမှုကွန်ရက် စာမျက်နှာတွေကနေတဆင့် ထုတ်ဖော်ဂုဏ်ပြုကြပါမယ်။

📅 ဧပြီ ၁၇ (နှစ်ဆန်းတစ်ရက်နေ့)မှာ - (၁) ရိုးရာအတိုင်း မကောင်းဆိုးဝါးမိစ္ဆာတွေကို နှင်ထုတ်တဲ့ သံပုံးတီးတာကို အရင်နှစ်တွေထက် ပိုပြီး ကျယ်ကျယ်လောင်လောင် တီးကြမယ်၊
(၂) ပန်းသပိတ်၊ ဆုတောင်းသပိတ်လုပ်ပြီး လူမှုကွန်ရက်စာမျက်နှာကတဆင့် တော်လှန်ရေးတပ်သားတွေနဲ့ အတူရှိကြောင်းနဲ့ တော်လှန်ရေးအဓိဌာန် ဆုတောင်းတွေနဲ့ အချင်းချင်း သတိပေး၊ အားပေး၊ ကတိပေး စာတွေတင်ကြပါမယ်။

သင်္ကြန်တတွင်းလုံးမှာ ရိုးရာအတိုင်း ပြုလုပ်ထားကြမယ့် အတာအိုးတွေမှာလည်း တော်လှန်ရေးအဓိဌာန်၊ တော်လှန်ရေး ကြွေးကြော်သံတွေရေးသားပြီး နှစ်သစ်ကို တော်လှန်ရေးအဓိဌာန်နဲ့ ကြိုဆိုကြပါမယ်။

ဧပြီ၊ ၁၃၊ ၂၀၂၂


#တော်လှန်သင်္ကြန်

#အပျော်သင်္ကြန်_ဒို့ငြင်းဆန်_တော်လှန်သင်္ကြန်_ပြည်သူ့အသံ
#ပေတရာပေါ်မှာ_စီးတဲ့သွေးကို_သင်္ကြန်ရေနဲ့_မဆေးကြော
#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး
#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်
#အရေးတော်ပုံ_အောင်ရမည်

သမ္မတဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရ🇺🇲အနေနဲ့ မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ စစ်အုပ်စုရဲ့ဘဏ္ဍာအရင်း...
16/04/2022

သမ္မတဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရ🇺🇲အနေနဲ့ မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ စစ်အုပ်စုရဲ့ဘဏ္ဍာအရင်းအမြစ် MOGE ကို Sanction ပြုလုပ်ရေးအတွက် ဆက်လက်တောင်းဆိုဖို့လိုအပ်ပါတယ်။🔥

🔥ဒီလို‌တောင်းဆိုတဲ့နေရာမှာ လူထုအင်အားက ဖိအားတစ်ခုဖြစ်စေဖို့အတွက် ပြည်သူလူထုအားလုံး Petition မှာလက်မှတ်ထိုးတောင်းဆိုဖို့တိုက်တွန်းပါတယ်။

🔥Target- 400,000
Petition Link
💸 French & US Petition:
https://bit.ly/oilgasmyanmar

🔥Target- 250,000
💸 Sanctions On Gas Revenue - https://bit.ly/3I8KM5q

🇪🇺ဥရောပသမဂ္ဂ(EU) အနေနဲ့ MOGE အပေါ်အရေးယူပိတ်ဆိုမှုပြုလုပ်ကြောင်းကို ၂၀၂၂ ဖေဖော်ဝါရီ ၂၁ရက်‌နေ့ကကြေညာခဲ့ပါတယ်။ ဒီကြေညာချက်က MOGEကိုအရေးယူပိတ်ဆို့ရေးတောင်ဆိုနေတဲ့ ပြည်တွင်းပြည်ပက ပြည်သူလူထုနဲ့ ကမ်ပိန်းပြုလုပ်သူတွေရဲ့ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

🔴‌ဧပြီ ၇ ရက်နေ့အထိ AAPP ရဲ့ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၁၇၃၃‌ ကိုသတ်ဖြတ်ခဲ့ပါတယ်။ ထိုသတ်ဖြတ်ခံရတဲ့အထဲမှာ ၁၈ နှစ်အောက်ကလေးငယ် ၁၀၀ ကျော်‌ေတာင်ပါဝင်ခဲ့ပါတယ်။ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားကြတဲ့ ပြည်သူ ၁၃၁၃၂ယောက်ကိုဖမ်းဆီးထားပါတယ်။ အသက် 3နှစ်အရွယ်ကလေးငယ်တွေကို ဓားစာခံဖမ်းဆီးမှုတွေအထိမြန်မာစစ်အုပ်စုကကျူးလွန်နေတာဖြစ်ပါတယ်။ အာဏာသိမ်းခံရချိန်ကနေစလို့ ယနေ့အချိန်အထိ ရွေ့ပြောင်းဒုက္ခသည်ပြည်သူပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ကျေးရွာတွေကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကို မင်းအောင်လှိုင်နဲ့သူ့ရဲ့ လက်နက်ကိုအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိနေတာဖြစ်ပါတယ်။

ဒီလို ကျူးလွန်တဲ့ ရာဇတ်မှုမြောက်များစွာအတွက် သမ္မတဘိုင်ဒန်နဲ့ အမေရိကန်အစိုးရ‌အနေနဲ့ ပိုမိုထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေ အမြန်ဆုံးပြုလုပ်ဖို့လိုအပ်ပါတယ်။ အဲ့ဒါအတွက် ပြည်သူလူထုအနေနဲ့ မြန်မာ့ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပိတ်ဆို့အရေးယူခြင်းဖြင့် စစ်အုပ်စုရဲ့ ရာဇဝတ်မှုဆက်လက်ကျူးလွန်ဖို့အတွက်အသုံးပြုနေတဲ့ ငွေကြေးအရင်းအမြစ်ဖြတ်တောက်ပေးဖို့တောင်းဆိုကြရပါမယ်။

🔴🇺🇲မြန်မာပြည်သူလူထုနဲ့အတူရပ်တည်ကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကိုထောက်ခံကြောင်း၊ လူ့အခွင့်အရေး၊တရားမျှတမှုကိုပံ့ပို့ကြောင်း ကြွေးကြော်နေတဲ့ အမေရိကန်အစိုးရကို ၎င်းတို့ရဲ့ကြွေးကြော်ပြောဆိုမှုတွေနဲ့ကိုက်ညီတဲ့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေ အမြန်ဆုံးဆက်လက်လုပ်‌ေဆာင်ဖို့၊ MOGEကိုချက်ချင်း အရေးယူပိတ်ဆို့ဖို့ ဖိအားပေးတောင်းဆိုကြပါစို့။





နာတာရှည် တိုင်းပြည် နှင့် လူစိတ်ပျောက်နေသူများ*****************************************ပြည်သူ များသည် စစ်အာဏာရှင် ဆန့်ကျ...
16/04/2022

နာတာရှည် တိုင်းပြည် နှင့် လူစိတ်ပျောက်နေသူများ
*****************************************

ပြည်သူ များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ရုန်းကန် လှုပ်ရှားမှုကြီး အတွင်း ကျဆုံးသွားခဲ့ရသူများ ကို လေးစားသမှု၊ စာနာထောက်ထားမှုများ ဖြင့် အာဏာသိမ်း အဖွဲ့ မှ စီစဉ်လာသည့် သင်္ကြန် မဏ္ဍပ်များကို ယောင်၍မျှပင် မသီခဲ့ကြသည့် အတွက် ချောက်ချားဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီ ဖြစ်သည်။

လက်ရှိတွင်လည်း စစ်အာဏာရှင်များသည် ၎င်းတို့ အာဏာဆုပ်ကိုင်ထားနိုင်ရေး အတွက် ဆန့်ကျင်မှု မှန်သမျှ ချေမှုန်းသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး အဖွဲ့များနှင့် မြို့ရွာများကို ကျူပင်ခုတ် ကျူငုတ်မကျန် ဖျက်ဆီးသွားရန်၊ မဲမဲမြင်သမျှ ဖမ်းဆီးသွားရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။ လူထုက ၎င်းတို့ အား ဆန့်ကျင်လေလေ ရှုံးမဲ မဲ လာကြပြီ ဖြစ်သည့် သွေးဆာနေသော အကြမ်းဖက် စစ်တပ်သည် ယခင်က ထက်ပင် ပို၍တိုးမြှင့် တိုက်ခိုက်လာကြတော့မည် ဖြစ်သည်ဟု အမေရိကန်ရှိ နိုင်ငံခြား ဆက်ဆံရေး ကောင်စီက ထောက်ပြလာခဲ့သည်။

ထိုသို့ လူထုအား ဆက်လက် သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်နေသော အကြမ်းဖက် စစ်တပ်အား ပြည်သူများက စည်းလုံး ညီညွတ်စွာ ဆန့်ကျင်နေသည့် အချိန်တွင် အနုပညာရှင် ဆိုသူ အချို့မှာစိတ်ပါလက်ပါ ပင် ဝင်ရောက်ထောက်ခံနေကြသည်ကို တွေ့ရသည်။

ယခုအခါ မြန်မာပြည် အထက်ပိုင်း ဒေသများရှိ ပြည်သူများသည် အထိနာဆုံး ဖြစ်နေသည်။ သေချာစွာ စဉ်းစား ကြည့်မည် ဆိုက ထိုသူများသည် ၎င်းတို့ကို အသည်းစွဲ ချစ်ခင်နေကြသော ပရိဿတ် များ ဖြစ်နေကြသည်။ ၎င်းတို့ မိန်းမလို ဝတ်၊ နှုတ်ခမ်းမွှေး ကြီး တပ်ပြီး သရုပ်ဆောင်ကြ၊ သေနတ်ကြီးကိုင် မြင်းကြီး စီးပြီး တော် လှန်ရေး သမား ဆိုကာ ထိုးကြိတ်ပြသကြ သည်ကိုလည်း မိမိတို့ ချွေးနှဲစာ ထဲမှ ခြစ်ထုတ်ကာ ဗီဒီယို ရုံများတွင် အားပေးခဲ့ကြသည်။ အချို့ဆိုလျှင် အိမ်ရှိ ပုဆိုး၊ ထမိန်၊ ဒန်အိုး ဒန်ခွက်များကိုပင် ပေါင်နှံ အားပေး ခဲ့သူများ ဖြစ်သည်။ မိမိတို့ ချစ်ခင်နှစ်သက်သူများ ကို မြင်ရရုံမျှ နှင့် ကျေနပ်ကြသည်။ ၎င်းတို့၏ ‌ပေါ‌တောတော လုပ်ရပ် များကို ခွင့်လွှတ်ခဲ့ကြစမြဲ ဖြစ်သည်။

ယခုအခါ ဤကဲ့သို့ မိမိတို့ ချစ်ခင် အားပေးခဲ့ကြသော အနုပညာရှင် အချို့သည် ကြားနေဖို့ပင် မစဉ်းစား၊ မိမိတို့ မျက်နှာကိုလည်း မထောက်၊ သတ်ဖြတ် လုယက် နေသူများ ဖက်က ပင် စင်ပေါ်တက်ကာ ပြောင်ပြောင်ကြီး ရပ်တည်ပြီး သစ္စာဖေါက်ခဲ့ကြသည်ကို တအံ့တဩ မြင်တွေ့လိုက်ကြရသည်။

သူတို့ ထမင်းရှင်များ၏ မျက်နှာကို ထောက်ရ ကောင်းမှန်း မသိလောက်အောင် ကိုယ်ချင်းစာတရား ခေါင်းပါးပြီး အာဏာရ လူတန်းစားများကို ဖက်လှဲတကင်း လက်အုပ်ချီ ဆက်ဆံလာကြသည်ကို ကျွန်တော် လည်း မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်ရသည်။

ဤလူများသည် လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေသူများ နှင့် မခြားဟု ယူဆရမည်သာ ဖြစ်သည်။ တောင်းစားသူများသည် ၎င်းတို့ ရှေ့ချထားသော ခွက်ထဲသို့ အကြွေစများ မည်သူ ထည့်သွားသွား ဝမ်းပမ်းတသာ လက်ခံကြစမြဲ ဖြစ်သည် မဟုတ်ပါလား။

ထိုသို့သော စိတ်ဓါတ် ရှိသူများက လက်တဆုပ်စာပင် ရှိနေပြီး အများစုသည် ပြည်သူတို့နှင့် တသားတည်း ရပ်တည်နေကြသည်ကို အမေရိကန်ရှိ PEN ခေါ် စာရေးဆရာအသင်းကြီး၏ ထုတ်ပြန်ချက် တွင် မြန်မာပြည်ရှိ အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးထောင်ချခံခဲ့ရသည့် စာရေးဆရာများ၊ အနုပညာရှင်များ၊ တတ်သိ ပညာရှင်များ အရည်အတွက်သည် တရုတ် နှင့် ဆော်ဒီအာရေဗီးယား ပြီးလျှင် မြန်မာသည် တတိယ နိုင်ငံ အဖြစ် စာရင်းဝင် သွားခဲ့ပြီ ဆိုသော အချက်ကို အထင်အရှား တွေ့လာခဲ့ရသည်။

မြန်မာ ပြည်သူတို့၏ စည်းလုံးညီညွတ်စွာ ဆန့်ကျင်နေမှု များကြောင့် ကမ္ဘာနိုင်ငံ အများအပြားက အကြမ်းဖက် စစ်တပ်နှင့် မဆက်ဆံရဲလောက်အောင် လက်တွန့်နေကြသည့် အဖြစ်သည် ၎င်းတို့အတွက် နိုင်ငံတကာတွင် ဝင်တိုး၍ မရအောင် ကြီးမားလှသည့် ထိုးနှက်ချက်ကြီး ဖြစ်လာနေသည်။

လက်ရှိ ကမ္ဘာ ဇာတ်ခုံကြီး ပေါ်တွင် ဦးဆောင်မှု အခန်းက နေရာယူထားသော အမေရိကန်သည် ကမ္ဘာ တဝှမ်းရှိ ဒီမိုကရေစီ ဆန့်ကျင်ရေး အင်အားစုများ ရပ်တန့်အောင် ပြုလုပ်နိုင်စွမ်း မရှိရုံမက ဖာသိဖာသာ ရပ်တည်လာ နေခြင်း ကို အံ့ဩဖွယ် တွေ့နေရသည်။ ယခုအခါ ဖိလစ်ပိုင်တွင် တိုင်းပြည် ငွေ ဆယ် ဘီလီယံ ခန့်ကို လုယူ ထွက်ပြေးသွားကြသည့် အာဏာရှင်ဟောင်း မားကို့စ် မိသားစု ပြန်လည် ခေါင်းထောင်လာခြင်း၊ ပြင်သစ်တွင် လက်ယာစွန်း မေရီ လီပင်းသည် စကာတင် သမ္မတလောင်း နှစ်ဦးတွင် တဦး အပါအဝင် ဖြစ် လာခြင်း၊ အိန္ဒိယ မှ မိုဒီသည် ဒီမိုကရေစီ ဗန်းပြကာ အာဏာရှင် စနစ် သို့ ခြေလှမ်းလာနေခြင်း၊ ဟန်ဂေရီ၊ တူရကီ၊ ဘရာဇီး၊ နိုင်ကာရာဂွာ၊ အာဖဂန်နစ္စတန် တို့တွင် လွတ်လပ်ခွင့် နှင့် လူအခွင့်အရေး များ ဆုံးရှုံးလာ နေသည့် အဖြစ် နှင့် ရင်ဆိုင်နေကြရသည်။

ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်သည် လက်ယာစွန်း သမားများ၏ ဆန့်ကျင်လာမှုကြောင့် လစ်ဘရယ် တန်ဖိုးများကို မျက်ကွယ်ပြုကာ ဒုက္ခသည် အဖြစ် ခိုလှုံလာသူများကို အာဖရိက အလယ်ပိုင်းရှိ ရဝမ်ဒါ သို့ ပို့ဆောင်၍ စခန်းဖွင့်ကာ စီစစ်လက်ခံသွားမည်ဟုပင် ကြေညာလာခဲ့သည်။ ရဝမ်ဒါကလည်း ‌ပေါင်စတာလင် သန်း ၁၅၀ ဖြင့် မစ္စတာ ဂျွန်ဆင်၏ အစီအစဉ်ကို လက်ခံခဲ့ပြီး ဖြစ်သည်။

ယခုအခါ BURMA ACT 2021 သည် အမေရိကန် ဆီးနိတ်တွင် တစ်ဆို့နေပြီ ဖြစ်သည်။ ဤသည်က မည်သည့် အကြောင်းကြောင့်မှန်း တိတိကျကျ မသိရဘဲ မြန်မာပြည်အရေးကို တက်ကြွစွာ ဦးဆောင်ခဲ့သည့် လူနည်းစု ခေါင်းဆောင် မစ်ချ် မက်ကွန်နယ် နှင့် အဓိက တာဝန်ရှိသူ တော့ဒ် ယန်း တို့က ဆန့်ကျင်နေ၍ သူတို့ နှစ်ဦးသည် အမေရိကန် ဆီးနိတ်တွင် ရုရှား နှင့် တရုတ် အလား ယူဆရသည်ဟု Burma Campaign (UK) က ပြစ်တင် ရှုတ်ချ သည့် ကြေညာချက် ထွက်ပေါ်လာခဲ့သည်။

တရုတ်သည် ကွန်မြူနစ် ပါတီ အာဏာရလာချိန်ကစ၍ မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် လာခဲ့သည့် နိုင်ငံဖြစ်သည်။ ပြည်သူအများစု ၏ ထောက်ခံမှု ဆုံးရှုံးသွားသော ဗမာပြည် ကွန်မြူနစ် ပါတီကို ကျောထောက်နောက်ခံ ပေးခဲ့သည့်အပြင် ကိုယ်ထိ လက်ရောက်ပင် ဝင်ရောက် ကူညီတိုက်ခိုက်ပေးခဲ့သည်။ ယခုအခါလည်း ပြည်သူများ က ဆန့်ကျင်တွန်းလှန်နေသည့် အကြမ်းဖက် စစ်တပ်ကို ဗြောင်ကျကျ ထောက်ခံ လာခဲ့ပြန်သည်။

စစ်ကောင်စီ အတွက် ရှေ့လျှောက် မျက်ဖြူဆိုက်စရာ ဖြစ်လာရသည်က ရခိုင်တပ်တော် အေအေ မှ စစ်သံပေး လာခဲ့သောကြောင့်ပင် ဖြစ်သည်။

မြန်မာ ပြည်ရှိ စစ်အာဏာသိမ်း သမားများကို နိုင်ငံတကာ အလယ်တွင် ဝင်ဆန့်၍ မရအောင် တားမြစ်ထား နိုင်ရုံအတွက်သာ တရုတ်တို့ အပေါ် မျှော်လင့်ထားကြရမည် ဖြစ်ပြီး မိမိတို့ အရေးကို မိမိတို့ အောင်မြင်အောင် နည်းမျိုးစုံသုံး၍ တိုက်ပွဲဝင်သွားကြရမည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

(ပုံတွင် မင်းကင်း မြို့နယ် အတွင်းရှိ ကျေးရွာတရွာ အား လတ်တလော မီးရှို့ ခံလိုက်ရသည့် မြင်ကွင်းကို ‌တွေ့နိုင်သည်၊ -- မြန်မာနောင်း)

15/04/2022
15/04/2022

Freedom is everything.

15/04/2022
15/04/2022

တပ်ရင်းတစ်ရင်းမှာ တပ်ရင်းစည်းရုံးရေးကော်မတီ အစည်းအဝေးတစ်ခုမှာ တိုင်းစည်းရုံး ရေးကော်မတီဝင် ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးက ရောက်လာပြီး အထက်ကညွှန်ကြားချက်တွေအတိုင်း အရာရှိစစ်သည်ရဲမေတွေ စည်းစည်း လုံးလုံးနေကြဖိုနဲ့ CRPH နဲ့ NUG CDM ဆိုတာ ဟို ဟာ ဒီဟာ ဘာညာ ရွှီရှောင်ပေါ့ ပြောနေကြအတိုင်း
ဝါဒတွေဖြန့်ပြီး ဒေါ်အောင်ဆန်းစုကြည် မုန်းတီးရေး
လေးလည်း အနည်းငယ်ညှပ်ပြီး မိန့်ခွန်းချွေလို့ပေါ့

ပွဲလည်းပြီးရော ဘာတင်ပြစရာရှိလည်းပေါ့ ဘာမေးစရာရှိလည်းပေါ့ အဲဒီမှာပဲ ရဲမေသုံးယောက်ကထမေးပါသတဲ့..

မိသားစုလိုက်ခွင့်ပြန်ခြင်တာ ဘာလို့ခွင့်မပေးတာလည်းပေါ့ လင်ပြန်ရင်မယားနေ မယားပြန်ရင် လင်နေဆိုတော့ ကျွန်မတို့မှာအဆင်မပြေဖူးပေါ့

နောက်တစ်ယောက်က ကျွန်မအမျိုးသားကလည်း ဆန္ဒပြပွဲတွေတုန်းက ပြည်သူတွေကို ရိုတ်ခဲ့ပစ်ခဲ့တဲ့အထဲမှာပါနေတော့(မှတ်တမ်းဓာတ်ပုံရှိဆိုပဲ) အ ထက် ကခိုင်းတဲ့အတိုင်းလုပ်ရတော့ ကျွန်မတို့ရှုံးသွားရင် ပြစ်ဒဏ်တွေကို ဘယ်လိုခံရမလည်းပေါ့
မလုပ်မနေရခိုင်းတဲ့သူတွေက ဘယ်လိုတာဝန်ယူမလည်းပေါ့ သိချင်ပါတယ်ပေါ့ ရွာကမိဘတွေကအစ
တစ်ရွာလုံးကလည်း ပြန်မလာဖို့ပြောတယ်ပေါ့..

နောက်တစ်ယောက် ရွာတွေကို မီးရှိုတော့ ကျွန်မတို့
မိဘတွေရဲ့ အိမ်တွေပါမီးလောင်တယ်ပေါ့ ရှို့တာ
လည်း တပ်ကနေရှို့နေတာဆိုတော့ တပ်မိသားစုတွေ
ရဲ့မိဘဆွေမျိုးတွေကို ဘယ်လိုကယ်တင်ပေးမလည်းပေါ့..

အဲဒီတော့ ဗိုလ်မှူးချုပ်ကြီးရဲ့အဖြေက ရှုံးမယ်လို့ဘယ်သူပြောလဲ ( ဒေါသသံနဲ့)

တပ်တွင်းထဲနေတဲ့ မိသားစုကပဲ တပ်မိသားစုပဲ အပြင်နေရင်ငါတို့နဲ့မဆိုင်ဘူး အတွင်းထဲတောင်စိတ်ချရတဲ့အခြေအနေမဟုတ်ဘူး မီးရှို့တာဘယ်လိုရွှေးရှို့လို့ရမလည်းပေါ့

ခိုင်းလို့လုပ်တဲ့ကိစ္စက မလုပ်ခင်နည်းနည်းတော့စဉ်းစားပေါ့ လုပ်ပြီးသွားတော့လဲ ဘာတတ်နိုင်မလဲ နောက်ကျ လူကြီး စီစဉ်ပေးတဲ့အတိုင်း လိုက်လုပ် လိုက်နေပေးလိုက်ပေါ့တဲ့

တပ်မတော်ရဲ့လစာနဲ့ရိက္ခာယူထားပြီးပြီပဲခိုင်းရင်လုပ်ရမှာပေါ့တဲ(စိတ်ပိန် -လစာကိုအခုထိဒီအဆင့်ကဘယ်သူကပေးမှန်းမသိတာ🖕)

ခွင့်ပြန်တာကတော့ အထက်လူ ကြီး တွေယုံကြည်အောင်နေရင်တော့ပြန်ရမှာပေါ့တဲ့

အဲဒီမှာ သက်ပြည့်ပင်စင်နီးတဲ့ ဆရာကြီးနှစ်ယောက်ကထပြီးသတင်းပို့ပါသတဲ့ ထွက်ခွင့်ရက်လေးကို အံကြိတ်ပြီး စောင့်နေတာဗျာ ၂ နှစ်ထပ်တိုး
တော့ ကျွန်တော်တို့မှာအဆင်မပြေဘူးလို့ပို့ရော..

ဘာပြောတယ်ထင်လည်း ကာကွယ်ရေးဦးစီးချုပ်တောင် ၆၅ ကျော်အောင် တပ်မတော်အတွက်လုပ်နေတာပဲ အားနာပါအုံးတဲ့..

အဲဒီဆရာကြီးက ပြန်ပြောတယ် တပ်ချုပ်က ပင်စင်မယူလေချမ်းသာလေပဲတဲ့ ကျွန်တော်တို့ကငတ်နေတာ အဘသိရဲ့လားဗျာလို့ပြောတော့ အရာရှိစစ်သည် ရဲမေတွေက ဝိုင်းရယ်ကြပါသတဲ့ အဲတော့
ဗိုလ်မှူးချုပ်ကြီးစကားက..

အေးဗျာ ကျွန်တော်လည်း
ဘာပြောရမယ်မသိတော့ပါဘူး အခြေအနေလေးသာကြည့်လုပ်ကြပေါ့ဗျာ ဟု အသံတိုးတိုးလေး ပြောသွားပါသတဲ့ဗျာ..

min thu ya
ကော်ပီကူးတင်ပါတယ်

15/04/2022
15/04/2022

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-

👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှု

တယ်လီကျန်းမာ ဆေးခန်း (MOH)
https://facebook.com/telehealthmm
-------------------------------------

👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဝန်ဆောင်မှု

တိုင်ပင်ဖော် ဝန်ဆောင်မှု (MOWYCA)
https://facebook.com/taingpinphaw
-------------------------------------

👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှု

Mind Healers -စိတ်ခွန်အားပေးသူများ (MOHADM)
https://facebook.com/MindHealersMM

တော်လှန်ရေးမှာ ပြည်သူတွေရဲ့ တတက်တအားပါဝင်မူဟာ (၁) နှစ်ကျော်လာပြီဖြစ်ပါတယ်။ တော်လှန်ရေးအချိန်ကြာလေလေ ပြည်သူတွေလက်ပန်းကျလေ...
15/04/2022

တော်လှန်ရေးမှာ ပြည်သူတွေရဲ့ တတက်တအားပါဝင်မူဟာ (၁) နှစ်ကျော်လာပြီဖြစ်ပါတယ်။

တော်လှန်ရေးအချိန်ကြာလေလေ ပြည်သူတွေလက်ပန်းကျလေလေ ဖြစ်လာမယ်လို့ လူအချိူ့ကတွေးထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အချိန်ကြာလာတာနဲ့အမျှ အရှိန်ပိုပိုလို့သာ ကောင်းလာတာ တွေ့ကြမြင်ကြရမှာပါ။

ဒါဟာဘာကြောင့်လဲဆိုရင် မတရားမူကို မျက်ကွယ်မပြုနိူင်တဲ့ သူတော်ကောင်းတွေကြောင့်သာဖြစ်ပါတယ်။ ဒီလို ပြည်သူတွေရဲ့ အဓိကပါဝင်မူကြောင့်သာ ခုချိန်ထိ သွေးမအေးပဲ တော်လှန် တွန်းလှန်တဲ့ အင်အား ပိုမိုတောင့်တင်းခိုင်မာလာတာ ဖြစ်ပါတယ်။

ဘယ်သူတွေဘယ်လိုပဲ နှောက်ယှက်တားဆီးနေပါစေ ခံယူချက် ယုံကြည်ချက်အပြည့်နဲ့ မယိုင်းမယိုင် မြဲမြဲခိုင်စွာ တလှမ်းခြင်း တက်လှမ်းနေတဲ့ ပြည်သူများရဲ့ ပေးဆပ်မူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ယူတဲ့အနေနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ ပြည်သူထဲက ပြည်သူတွေ အားလုံး တင်ဆက်ထားတဲ့ 2021 ဆိုတဲ့ တော်လှန်
ရေးသီချင်းကို လာမယ့် နှစ်ဆန်း ၁ ရက်နေ့မှာ စောင့်
မျှော်ကြည့်ရှုနိုင်ပါပြီ။

ပဒေသာ Youtube Channel ကနေ Full Music Video ကို ဝိုင်းဝန်းကြည့်ရှူအားပေးရင်း တော်လှန်ရေးအတွက် ဘတ်ဂျက်အင်အား ဖြည့်ဆည်းနိူင်
ဖို့ ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

ဒီ သီချင်းနဲ့ Music Video ဖြစ်မြောက်လာဖို့ ကူညီပံ့ပိုး ဖေးမပေးကြတဲ့ ပြည်သူတယောက်ချင်းစီကို အထူးအလေးအနက် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

#2021

"နန်းထိုက်အောင်"စစ်ဆင်ရေး ရပ်နားမထားဘဲ ကော့မှူးတွင် တိုက်ခိုက်စစ်ကောင်စီတပ်သားတစ်ဦးသေ၊ အများအပြားဒဏ်ရာရဟု စစ်ဆင်ရေး ခေါင...
15/04/2022

"နန်းထိုက်အောင်"စစ်ဆင်ရေး ရပ်နားမထားဘဲ ကော့မှူးတွင် တိုက်ခိုက်

စစ်ကောင်စီတပ်သားတစ်ဦးသေ၊ အများအပြားဒဏ်ရာရဟု စစ်ဆင်ရေး ခေါင်းဆောင်ပြော

ရဲခေါင်/People's Spring

"နန်းထိုက်အောင်"စစ်ဆင်ရေးရပ်နားမထားဘဲ ပိုမိုအရှိန်မြှင့်သွားမည်ဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးကို ကော့မှူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီးရန်သူ စစ်ကောင်စီတပ်သား တစ်ဦးသေ၊ အများအပြား ပြင်းထန်ဒဏ်ရာရကြောင်း စစ်ဆင်ရေးခေါင်းဆောင်တစ်ဦးက People's Spring သို့ ပြောသည်။

ယနေ့(ဧပြီ ၁၅ ရက်) ညနေ ၅ နာရီခန့်က ညောင်ထောက်ကျေးရွာနှင့် တကူပုံကျေးရွာအကြား စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"နန်းထိုက်အောင်စစ်ဆင်ရေးပါ။ ရန်သူယာဉ်တန်းဖြတ်သန်းမယ့်အချိန်နဲ့ အင်အားအခြေအနေ ကို အတွင်းသတင်းကြိုရထားတော့ စစ်ဆင်ရေး ဆောင်ရွက်ရတာ ပိုကောင်းသွားတာပေါ့။ မြေပြင်ဒေသခံတွေဆီက သိရတာကတော့ အတော်များများ သေမယ်အနေအထားပါပဲ။ အပိုင်ပစ်ရတာကိုး”ဟု အထက်ပါ ခေါင်းဆောင်က People's Springသို့ ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ကျိုက်ထော်၊ ရေကျော်ရွာနှင့် လေ ကြောင်းရန် ကာကွယ်ရေးတပ်တို့မှ စုပေါင်းအင်အား ၁၀၀ ကျော်အသုံးပြု၍ ကစ်ခတ်မှု ဖြစ်စဥ်အနီး တောနင်းရှာဖွေနေသည်ဟု သိရသည်။

ယနေ့ စစ်ဆင်ရေးတွင် ပါဝင်ဆောင်ခဲ့သော ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဘေးကင်း လုံခြုံခဲ့ပြီဟုလည်း စစ်ဆင်ရေး ခေါင်းဆောင်က အသိပေးသည်။

မြို့ပြ စစ်ဆင်ရေး "နန်းထိုက်​အောင်"ကို ရန်ကုန်မြို့တွင် ဧပြီ ၈ရက်ကစတင်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ​ကော့မှုး၊ တွံ​တေး၊ သုံးခွ၊ ​ရွှေပြည်သာ နှင့် လှိုင်သာယာတို့တွင် ပစ်ခတ်ဖောက်ခွဲမှုများပြု လုပ်ထားသည်။

ထိုတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၊ရဲတပ်သားတစ်ဦး အပါအဝင် စစ် ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး နှင့် ဒလန်ငါးဦးထက် မနည်း သေဆုံးခဲ့သည်။

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

15/04/2022

Our Future Nation မှ စီစဉ်သည့် တော်လှန်
နှစ်သစ် ကဗျာ ရွတ်ပွဲကို နှစ်ဆန်း(၁) ရက်နေ့ ၊ ဧပြီလ (၁၇) ရက်၊ နေ့လည် (၁) နာရီတွင် Facebook Live ထုတ်လွင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပါ၀င်ပြီး ကဗျာ ရွတ်သွားကြမယ့်
သူတွေကတော့ …. 🎤

🎙- မောင်တင်သစ်
🎙- မောင်လွမ်းဏီ
🎙- နေဇော်နိုင်
🎙- ဝေမှူးသွင်
🎙- နေအေဒီ
🎙- ချီရွန်
🎙- A မွန်
🎙- စိုးရ
🎙- မင်းငြိမ်
🎙- တပြေသူ မရွှေထား တို့ ဖြစ်ပါတယ်။

🕰ပွဲအတွက် Host အဖြစ်ဆောင်ရွက်ပေးသွားမယ့် သူကတော့ ကိုသက်ဆွေ၀င်းပဲ ဖြစ်ပါတယ်။

📺ယခုကဗျာရွတ်ပွဲကို ခေတ်သစ်မီဒီယာ၊ Federal Freedom Bloc၊ သံလွင်ခက်၊ Myanmar Pressphoto Agency ၊ဖက်ဒရယ် FM၊ Delta News Agency၊ သံလွင်တိုမ်းနဲ့ Myanmar Labour News တို့ရဲ့ Facebook စာမျက်နှာများမှာလည်း Live
ထုတ်လွင့်ပေးသွားမှာ ဖြစ်ပါတယ်။


15/04/2022
15/04/2022
15/04/2022
15/04/2022
15/04/2022
15/04/2022

“ဖိနှိပ်မှုတစ်ခုစီတိုင်းက တရားမျှတမှုကို အရယူဖို့ အင်အားဖြစ်တယ်၊ ဖိနှိပ်ခံခဲ့ရသမျှ အကုန်လုံးအတွက် တရားမျှတမှု ပြန်ယူရမယ်”

လွန်ခဲ့တဲ့နှစ်တွေတုန်းက လက်သမားအလုပ်နဲ့ အသက်မွေးခဲ့တဲ့ “ဇော်ဝင်းလှိုင်” ဆိုတဲ့လူငယ်လေး ကို စစ်တပ်က သူပုန် ဆိုပြီး ဖမ်းဆီးနှိပ်စက်ခဲ့တယ်။

မသေခင်ပြောသွားတဲ့စကား က “အမေ သားကိုရေမတိုက်ပါနဲ့တော့ ကျတော်သိပ်မကြာတော့ဘူးထင်တယ်.. အထဲက ကလီစာတွေလည်း ကြေမွနေပါပြီတဲ့”

မတရားမှုဟာ အမှုအမှတ်မဲ့နေရင် ကိုယ့်အိမ်တံခါး ကို လာခေါက်လိမ့်မယ်။ အခုတော့ တနိုင်ငံလုံး အမှောင် ထဲ ရောက်နေပြီ။

“ဒီကနေ့ရဲ့ ဖိနှိပ်မှုကို ဒီကနေ့ တွန်းလှန်ပါ”

“အာဏာရှင်စနစ်အတွက်
ဤကမ္ဘာမြေပေါ်တွင်နေရာမရှိ”

15/04/2022
"တပ်မတော်သားများသို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ" ကျနော်က သာမန်ဝန်ထမ်းတစ်ဦးပါ။ ဖေဖော်ဝါရီလ မတိုင်ခင်ထိ တပ်မတော်ကို ချစ်...
15/04/2022

"တပ်မတော်သားများသို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ"

ကျနော်က သာမန်ဝန်ထမ်းတစ်ဦးပါ။ ဖေဖော်ဝါရီလ မတိုင်ခင်ထိ တပ်မတော်ကို ချစ်မြတ်နိုးပြီး တိုးတက်စေချင်ခဲ့ပါတယ်။ Military Observer တစ်ဦးလို့ ဆိုရင်လည်း မမှားပါဘူး။

တပ်မတော်နဲ့ ပတ်သက်တဲ့ အတွင်းရေးအချက်အလက်အချို့ထိ ကျနော် ထိုက်သင့်သလောက် သိပါတယ်။ စစ်ရေယာဉ် အောင်ဇေယျ ရေချတာကနေ အခု kilo class ရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့ထိ လေ့လာခဲ့ဖူးတယ်။ Kilo class အတွက် သင်တန်းတွေတက်နေကတည်းက၊ Ming class အတွက် သင်တန်းတွေသွားတက်နေကတည်းက ရေငုပ်သင်္ဘောပိုင်တော့မယ်ဆိုပြီး ပျော်ခဲ့တယ်။ Su 30 SM တွေ အတွက်လည်း ဝမ်းသာခဲ့ဖူးတယ်။ ငယ်ငယ်က စစ်အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ရုရှားကို သွားပြီး ဒုံးပျံနည်းပညာသင်ချင်တာက ကျနော့်အိမ်မက်ပါ။ နိုင်ငံကို ဘေးပတ်ဝန်းကျင်ဒေသတွင်းမှာ ဘယ်သူမှ၊ မထိရဲ၊ မတို့ရဲတဲ့ထိ ဖြစ်စေချင်တယ်။ နောက် နိုင်ငံရေးနဲ့ပတ်သတ်ရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်က No Vote သမား၊ NLD ပဲ မနိုင်စေချင်ခဲ့ဘူး၊ ညွန့်ပေါင်းအစိုးရတက်စေချင်ခဲ့တယ်။ ဒါကတော့ ကျနော့်အကြောင်း တစ်စိတ်တစ်ဒေသကို ဖော်ပြတာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်စောစောနိုးတော့ ကျနော်ဖုန်းကို ကြည့်မိတယ်။ ဖုန်းက လိုင်းမမိဘူး။ အဲ့အချိန် ကျနော်ရောက်နေတဲ့ ဒေသက ဖုန်းလိုင်း ခဏခဏပျက်တတ်လို့ ကျနော် သာမန်ပဲ ထင်ခဲ့ပေမယ့် တကယ့်အဖြစ်အပျက်ကို သိလိုက်ရတဲ့အချိန် အနာဂတ်တွေ ဝေဝါးပျောက်ကွယ်သွားသလိုပါပဲ။ ကျနော် မဖြစ်စေချင်ဘူး။ အဲ့အချိန်တုန်းက ကျနော်ခံယူချက်က နိုင်ငံရေးမတည်ငြိမ်ရင် စီးပွားရေးတည်ငြိမ်မှာမဟုတ်ဘူး။ မူဝါဒတွေ တည်ငြိမ်မှာမဟုတ်ဘူး ရင်းနှီးမြှုပ်နှံမှုတွေ လာရဲမှာမဟုတ်ဘူး။ ဒီလောက်ပါပဲ။

၁/၂၀၂၁ ကြေငြာချက်ထွက်လာတော့ ကျနော် အံ့ဩမိတယ်။ မဲစာရင်းကြောင့်ဆိုပြီး တပ်မတော် ကိုယ်တိုင်က ခြေဥကို ဖောက်ဖျက်ပြီး ဒုသမ္မတကို ယာယီသမ္မတတင်ပြီး မိုက်မိုက်မဲမဲလုပ်ပစ်ခဲ့တယ်။ အဲ့အချိန်ထိ တပ်မတော်အပေါ် ကျနော် မျှော်လင့်ခဲ့သေးတယ်။

ဖေဖော်ဝါရီလရဲ့ နောက်ပိုင်းရက်တွေမှာ တပ်မတော်က လွတ်လပ်စွာဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူကို ရက်ရက်စက်စက်နှိမ်နင်းတဲ့အချိန်မှာတော့ ကျနော် တပ်မတော်ကို တော်တော်ရွံသွားခဲ့ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်ပါပဲနဲ့ ဆန္ဒပြပြည်သူတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်။ ပြီးတော့ တပ်မတော် ထောက်ခံတယ်ဆိုတဲ့ လူတစ်စုကျတော့ တုတ်၊ ဓါး လက်နက်ကိုင်ဆောင်ခွင့်ပေးပြီး လုံခြုံရေးအပြည့်နဲ့ ဆန္ဒပြစေခဲ့တယ်။ Professional မဆန်တဲ့ စစ်သားအရေခြုံ နိုင်ငံရေးသမား တစ်ဦးရဲ့ အသုံးချခံဖြစ်သွားတာကို တော်တော်အံ့ဩမိတယ်။

တကယ်ဆို ပြည်သူက သူတို့ရဲ့ လွတ်လပ်ခွင့်ကို သူတို့ ပိုင်ဆိုင်နေရမယ့်အချိန်မှာ ရက်ရက်စက်စက် သွေးမြေခအောင်နှိမ်နင်းခဲ့တယ်။ တကယ်စဉ်းစားကြည့်ကြပါ။ လိုလို့လား။ တပ်မတော်သားဆိုတာ ပြည်သူက ပေါက်ဖွားတာဆို? တပ်မတော်သားဆိုတာ ပြည်သူနဲ့ တစ်သားတည်းဆို? သစ္စာအဓိဌာန်တွေလည်း ဆိုခဲ့တာပဲ ပြည်သူရဲ့အခွန်အခတွေ တပ်မတော်သားတွေရဲ့ လည်ပင်းထဲ အခုထိ ရှိသေးတယ်။

တကယ်ဆို ပြည်သူဆိုတာ ဘာမှ မသိခင်တုန်းက ရမခ (ကြက်ဥကြော် ဆိုပြီး နာမည်ပြောင်) ပရိုဖိုင်တွေချိန်းခဲ့ကြတာပဲ။ ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ကြတာပဲ။ ခင်ဗျားတို့ သေချာပြန်စဉ်းစားကြည့်ပါ။ ရပ်ကွက်ထဲ မြို့ရွာထဲ ယူနီဖောင်းနဲ့ ဂုဏ်ယူစွာသွားလာနေကြတဲ့ ပြည်သူချစ်တဲ့ဘဝကနေ ယူနီဖောင်းမဝတ်ရဲ၊ စစ်သားဆိုတာ အသိမပေးရဲဘဲ နေနေကြရတဲ့ ပြည်သူရွံတဲ့ ဘဝတွေကို ဘာကြောင့်ရောက်သွားတာလဲ။ ခင်ဗျားတို့ ပြန်စဉ်းစားသင့်တယ်။

အခုချိန်မှာပြည်သူက လက်နက်ကိုင်ပြီးတော်လှန်နေပြီ။ ကိုင်ချင်လို့ ကိုင်ကြရတာမဟုတ်ဘူး။ သာမန်ဆန္ဒထုတ်ဖော်မှုတွေကို လူသတ်နှိမ်နင်းရာကနေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဒိုင်းတွေ ကိုင်ခဲ့ကြတယ်။ ပြီးတော့မှ သေနတ်တွေကိုင်ခဲ့ကြတာပါ။ ခင်ဗျားတို့ချစ်သလို ပြည်သူကလည်း တပ်မတော်ကို တစ်ချိန်က ဖြစ်စေချင်ခဲ့တယ်။

အခုချိန် ပြည်သူပြန်တိုက်နေတာက မြဝတီမှာလွှင့်နေသလို NLD ကြောင့်လည်း မဟုတ်ဘူး။ NUG ကြောင့်လည်းမဟုတ်ဘူး သူတို့ ဆန္ဒပြင်းပြနေလို့ တိုက်နေတာ။ NUG ဆိုတာမပေါ်ခင် CDM တွေနဲ့အစပြုခဲ့တယ်။ ပြီးတော့ PDF ဖွဲ့ခဲ့တယ်။ NUG ဆိုတာ နောက်မှ ပေါ်ပေါက်လာတဲ့ ပြည်သူက ထိန်းကျောင်းလို့ရမယ့် အဖွဲ့အစည်းတစ်ခုပဲ။

အခုဆို ကျနော်တို့နိုင်ငံက ဒီအာဏာသိမ်းမှုဒဏ်ကိုဆိုးဆိုးရွားရွား ခံစားနေရပြီ။ ပြည်သူတွေ ဘဝလည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကြပြီ။ တစ်ချို့တပ်မတော်သားတွေရဲ့ ဆွေမျိုးသားချင်းတွေ အိမ်တွေလည်း မီးထဲပါသွားခဲ့ကြပါလိမ့်မယ်။

သေသေချာချာစဉ်းစားကြည့်ရင် တစ်ဦးတစ်ဖွဲ့ရဲ့ အာဏာမက်မောမှုကနေ ဖြစ်ပေါ်လာခဲ့တဲ့ အာဏာသိမ်းမှုဟာ ပြည်သူတွေအပေါ်ကော တပ်မတော်သားတွေအပေါ်မှာပါ ဆိုးရွားတဲ့အကျိုးဆက်တွေ ပေးနေပါတယ်။
ဘာလို့ တစ်စုံတစ်ဦး တစ်ဖွဲ့ရဲ့ အာဏာမက်မှုလို့ ပြောလည်းဆိုရင်တော့ ရွေးကောက်ပွဲမဲပေးတဲ့ရက်မှာ မအလပြောခဲ့တာ 'ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမှာပါ' ပြောခဲ့ပါတယ်။ တကယ်ဆို အဲ့အချိန်ကတည်းက မဲစာရင်းတွေက ဖောင်းပွနေတာပါ။ ရလဒ်ထွက်ပြီးမှ ဖောင်းပွတာမျိုးမဟုတ်ဘူး။ နောက် ရွေးကောက်ပွဲရလဒ်ထွက်လာတော့လည်း တပ်မတော်ဟာ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်နဲ့မှ နိုင်ငံရေးပတ်သတ်မှုမရှိပါဘူးဆိုတဲ့ ပုံစံ ဇော်မဲလုံးပြောခဲ့တာရှိပါတယ်။

အဲဒီနောက်မှာတော့ NLD နဲ့ ဆွေးနွေးပြီး သမ္မတဖြစ်ဖို့ (သို့) ကာချုပ်သက်တမ်းတိုးပေးဖို့ တောင်းဆိုပြီး NLD က ငြင်းတဲ့အချိန်မှာတော့ မဲစာရင်းမှားတဲ့အကြောင်းအရာကို ဇောင်းပေးပြီး လည်ပင်းညှစ် အကျပ်ကိုင်ခဲ့တာဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။

မည်သို့ပင်ဆိုစေကာမူ အခုအချိန်မှာတော့ နောက်ကြောင်းပြန်လှည့်လိုမရတော့တဲ့ အနေအထားကို ရောက်သွားပါပြီ။ ပြည်သူက မွေးဖွားတဲ့ ပြည်သူ့တပ်မတော်သား ဖြစ်ချင်သူတွေ၊ အကြမ်းဖက်နှိမ်နင်းရေး လုပ်ရပ်တွေကို မကြိုက်တဲ့ တပ်မတော်သားတွေ၊ ပြည်သူချစ်တာကို လိုလားတဲ့၊ တိုင်းပြည်အမြန်တည်ငြိမ်ရေးကို လိုလားတဲ့ တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံပါ။

ကိုယ့်လက်အောက်ငယ်သားကိုတောင် တန်ဖိုးမထားတဲ့ လူတစ်ယောက်ကပြောတဲ့ တိုင်းပြည်ကို တိုးတက်စေချင်တယ်ဆိုတာ ယုံစရာမရှိတဲ့စကားပါ။ ရန်သူ့လက်တွင်း ကျရောက်သွားတဲ့သူတွေကို မကယ်တင်၊ ကိုယ့်လူကိုယ် ထိုးကျွေးနေတဲ့ လူတစ်ယောက်အတွက် မရှင်သန်ချင်ကြပါနဲ့။

တပ်မတော်ကို အခုမှ ခုတုံးလုပ်ခဲ့တာမဟုတ်ပါဘူး။ YMBA မှာ နာမည်ရအောင် တပ်မတော်သားတွေကို ခုတုံးလုပ်ခဲ့တယ်။ လက်အောက်ငယ်သားတွေ ဒုက္ခရောက်တဲ့အချိန်မှာ အနုပညာရှင်ထောက်ပံ့ကြေးဆိုပြီး လုပ်ခဲ့တယ်။ သူ့သားကုမ္ပဏီမှာပဲ အသက်အာမခံတွေထားခိုင်းခဲ့တယ်။ Y 8 ပျက်ကျလို့ ပြည်သူတွေ ပူဆွေးဆုတောင်းပေးနေစဉ်မှာပဲ အသက်အာမခံကြေးထုတ်မပေးတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်။

တကယ်တော့ မအလဟာ သူ့အမျိုးအကျိုးစီးပွားကိုပဲ ကြည့်သူပါ။ AA နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲမှာလည်း ဒုရင်းမှူးပါတဲ့ စစ်ကြောင်းတစ်ခုကို ထိုးကျွေးခဲ့တာလည်း ခင်ဗျားတို့အသိပါ။ အဲ့အချိန်က အကြမ်းဖက်လို့ နာမည်တပ်ခံခဲ့ရတဲ့ AA ဟာ အခုတော့ မအလက ဘောပြန်မနေရတဲ့အဖွဲ့အစည်းဖြစ်နေပါပြီ။ တကယ်တော့ ဗိုလ်ချုပ်တွေဟာ သူတို့အကျိုးစီးပွားအတွက် တပ်မတော်ကို အသုံးချနေတာပါ။ သေသေချာချာစဉ်းစားကြပါ။

ပြည်သူဟာ ခင်ဗျားတို့ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့်နေရက်တွေကို စောင့်ကြိုနေမှာပါ။ ဝမ်းပန်းတသာကြိုဆိုနေမှာပါ။ ကျနော်လည်း မျှော်လင့်နေဆဲပါ။ တပ်မတော်ဆိုတာ ပြည်သူကို ရန်ပြုဖို့အတွက် ဖွဲ့စည်းထားတာ မဟုတ်ကြောင်း၊ ပြည်သူကို ကာကွယ်ဖို့ဆိုတာဖြစ်ကြောင်း၊ ဗိုလ်ချုပ်တွေရဲ့ လက်ကိုင်တုတ် မဟုတ်ကြောင်း၊ အသုံးချခံလူတန်းစားမဟုတ်ကြောင်း သက်သေပြကြပါ။ ကြိုဆိုလျက်ပါ။

(ပြည်သူတစ်ဦးက ပြည်သူ့ပန်းတိုင် page messager သို့ ပေးပို့လာသော စာကို မူရင်းအတိုင်း တင်ပြထားပါသည်။)

15/04/2022
စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ကျည်များ  ထပ်မံသိမ်းဆည်းရမိဟု ကော်ဘရာစစ်ကြောင်း အသိပေး▪️ယမန်နေ့ညတိုက်ပွဲတွင် စစ်ကောင်စီတပ် အလ...
15/04/2022

စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ကျည်များ ထပ်မံသိမ်းဆည်းရမိဟု ကော်ဘရာစစ်ကြောင်း အသိပေး

▪️ယမန်နေ့ညတိုက်ပွဲတွင် စစ်ကောင်စီတပ် အလောင်းပြန်စွဲသွားသည့် အရာများတွေ့ရဟု PDFတပ်မှူးပြော

​မောင်​မောင်/People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသရှိ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ကော်ဘရာစစ်ကြောင်း တပ်စွဲရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၄ရက်) ည ၁၁ နာရီခန့်မှစ၍ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ (ဧပြီ ၁၅ရက်) နံနက် ၃နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့သည်ဟုဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်များ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားရာ ကော်ဘရာစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့နံနက် ကော်ဘရာစစ်ကြောင်း၏ ကနဦးသတင်းထုတ်ပြန်ချက်၌ စစ်ကောင်စီတပ်၏ စစ်အသုံးအဆောင်ပစ္စည်းများ၊ ကျည်များ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ထပ်မံ၍လည်း လက်နက်ကြီးကျည်များအပါအဝင်ကျည်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

“အလောင်းတွေတော့မတွေ့ဘူး။အလောင်းတွေက သူတို့ ပြန်စွဲသွားတယ်။ သွေးကွက် တွေနဲ့ သွေးလမ်းကြောင်းတွေပဲ တွေ့တယ်။ အတိအကျ မသိနိုင်ပေမယ့် အော်သံတွေ ကြားတယ် တော်တော်တော့ထိကြတယ်” ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ပူးပေါင်းတပ်၏ စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်မည်အထင်ဖြင့် ထိုးစစ်ဆင်လာသော်လည်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ ယခု ညပိုင်းအချိန်ထိ စစ်ရေးငြိမ်သက်နေပြီး စစ်ကောင်စီတပ်မှ လှုပ်ရှားမှုကို မတွေ့ရကြောင်း အဆိုပါတပ်မှူးက ပြောသည်။

ကော်ဘရာစစ်ကြောင်းမှ ထပ်မံသိမ်းဆည်းရမခဲ့သည့် ခဲယမ်း၊ ကျည်များမှာ (၆၀)မမ ဗုံးသီး ၁၈ လုံး၊ (၈၁) မမ တစ်လုံး၊ RPG ​လေးလုံး၊ ပို့ယမ်း သုံးထုပ်၊ 5.56 ကျည် ၃၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၀၀တောင့်၊ ခြေနင်းမိုင်း ၁ လုံး၊ MA 1ကျည်အိမ် ၉ ခုတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ကျည်များ ထပ်မံသိမ်းဆည်းရမိဟု ကော်ဘရာစစ်ကြောင်း အသိပေး

▪️ယမန်နေ့ညတိုက်ပွဲတွင် စစ်ကောင်စီတပ် အလောင်းပြန်စွဲသွားသည့် အရာများတွေ့ရဟု PDFတပ်မှူးပြော

​မောင်​မောင်/People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသရှိ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ကော်ဘရာစစ်ကြောင်း တပ်စွဲရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၄ရက်) ည ၁၁ နာရီခန့်မှစ၍ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ (ဧပြီ ၁၅ရက်) နံနက် ၃နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့သည်ဟုဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်များ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားရာ ကော်ဘရာစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့နံနက် ကော်ဘရာစစ်ကြောင်း၏ ကနဦးသတင်းထုတ်ပြန်ချက်၌ စစ်ကောင်စီတပ်၏ စစ်အသုံးအဆောင်ပစ္စည်းများ၊ ကျည်များ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ထပ်မံ၍လည်း လက်နက်ကြီးကျည်များအပါအဝင်ကျည်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

“အလောင်းတွေတော့မတွေ့ဘူး။အလောင်းတွေက သူတို့ ပြန်စွဲသွားတယ်။ သွေးကွက် တွေနဲ့ သွေးလမ်းကြောင်းတွေပဲ တွေ့တယ်။ အတိအကျ မသိနိုင်ပေမယ့် အော်သံတွေ ကြားတယ် တော်တော်တော့ထိကြတယ်” ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ပူးပေါင်းတပ်၏ စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်မည်အထင်ဖြင့် ထိုးစစ်ဆင်လာသော်လည်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ ယခု ညပိုင်းအချိန်ထိ စစ်ရေးငြိမ်သက်နေပြီး စစ်ကောင်စီတပ်မှ လှုပ်ရှားမှုကို မတွေ့ရကြောင်း အဆိုပါတပ်မှူးက ပြောသည်။

ကော်ဘရာစစ်ကြောင်းမှ ထပ်မံသိမ်းဆည်းရမခဲ့သည့် ခဲယမ်း၊ ကျည်များမှာ (၆၀)မမ ဗုံးသီး ၁၈ လုံး၊ (၈၁) မမ တစ်လုံး၊ RPG ​လေးလုံး၊ ပို့ယမ်း သုံးထုပ်၊ 5.56 ကျည် ၃၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၀၀တောင့်၊ ခြေနင်းမိုင်း ၁ လုံး၊ MA 1ကျည်အိမ် ၉ ခုတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

Address


Website

Alerts

Be the first to know and let us send you an email when Fight For Federal Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share