09/08/2022
ဘန်ကောက် Don Mueang လေဆိပ်မှာ ATK Test (အမြန်) ကို ဘတ် ၃၀၀ ဖြင့် စစ်ဆေးနိုင်
ပြည်ပမှ မြန်မာနိုင်ငံထဲသို့ ပြန်ဝင်တဲ့အခါ ၄၈ နာရီအတွင်း စစ်ထားသော ATK Test Result ကို တောင်းပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Don Mueang လေဆိပ်မှာ
💉 ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူများအတွက်
📌 ATK Testing + Report ကို ဘတ် 300 ဖြင့် စစ်ဆေးနိုင်ပြီး ၁၀ မိနစ်အတွင်း အဖြေ Result ရရှိပါတယ်။
📌 ATK Test ရယ် Medical Certificate ရယ် ယူလိုပါက ဘတ် ၃၅၀ ဖြစ်ပြီး ကြာချိန် ၁ နာရီ ဖြစ်ပါတယ်
❌ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူဖြစ်ပါက
RT-PCR Test + Report ကို ဘတ် ၁၂၀၀ ဖြင့် စစ်ဆေးနိုင်ပြီး နောက်နေ့တွင် အဖြေ Result ထုတ်ပေးပါတယ်။
လမ်းညွှန်
Don Mueang လေဆိပ်ရဲ့ပြည်တွင်းထွက်ခွာ Terminal 2၊ ဂိတ် (၁၅)၊ တတိယထပ်မှာ
⏰ မနက် (၆) နာရီမှ ည (၈) နာရီထိအတွင်း
ပိတ်ရက်မရှိ စစ်ဆေးပေးနေပါတယ်။
အဆင်ပြေချောမွေ့ပါစေ ဗျ