Independent Mon News Agency

  • Home
  • Independent Mon News Agency

Independent Mon News Agency Independent Mon News Agency - Mon Version Mon News Burmese Version

အခွင့်အရေးချိုးဖောက်မှုနှင့် မတရားမှုခံနေရသည့် မြန်မာသတင်းသမားတို့၏အရေးကို MJC မှ အပြည့်အဝရပ်တည်သွားမည်ဟုဆိုလွတ်လပ်သောမွ...
25/08/2024

အခွင့်အရေးချိုးဖောက်မှုနှင့် မတရားမှုခံနေရသည့် မြန်မာသတင်းသမားတို့၏အရေးကို MJC မှ အပြည့်အဝရပ်တည်သွားမည်ဟုဆို

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၅၊ ၂၀၂၄။

အာဏာသိမ်းကာလအတွင်း အခွင့်အရေးချိုးဖောက်မှုနှင့် မတရားမှုခံနေရသည့် မြန်မာသတင်းသမားတို့၏အရေးကို ပြည်တွင်း၊ ပြည်ပရှိ သတင်းသမားများ စုပေါင်း၍ ဖွဲ့စည်းထားသည့် မြန်မာသတင်းများကလပ် ( Myanmar Journalists Club )မှ အပြည့်အဝရပ်တည်သွားမည်ဟု ဆိုသည်။

MJC မှ အာဏာသိမ်းစစ်တပ်ကြောင့် မြန်မာသတင်းသမားများ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နစ်နာနေကြသည့်အပြင် အခွင့်အရေးချိုးဖောက်မှုပါခံနေရပြီး အဆိုပါမီဒီယာလုပ်သားတို့၏အရေးကို အတူတကွ ရပ်တည်ရန်နှင့် လွတ်လပ်၍တရားမျှတသည့် မီဒီယာလုပ်ငန်းနယ်ပယ် ဖြစ်လာစေရန် ရည်ရွယ်ပြီး သြဂုတ် ၁၇ ရက်နေ့တွင် စတင် ဖွဲ့စည်းလိုက်သည်ဟု လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ထားသည်။

အထူးသဖြင့် လက်ရှိအကျပ်အတည်းကာလတွင် အမျိုးသမီးသတင်းထောက်တို့၏ အခွင့်အရေးတို့ကို မြှင့်တင်ရန်နှင့် သတင်းဌာနများ အခွင့်အရေးချိုးဖောက်မှုမလုပ်ဆောင်နိုင်ရန် ကာကွယ်ဖော်ထုတ်သွားမည်ဟု MJC ပြန်ကြားရေးကော်မတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဥပမာ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီး သတင်းထောက် တယောက်ဟာ maternity leave ကို paid leave ရဖို ခက်ခဲတာမျိုး စတဲ့ အခြေခံ ရပိုင်ခွင့် တွေ နစ်နာနေပါတယ်။ ဒီလို အမျိုးသမီးသတင်းထောက် အခွင့်အရေးတွေကိုလည်း မြှင့်တင် နိုင်ဖို ဒီ အဖွဲက ကြိုးစားသွားမှာပါ။ လုပ်ခ လစာ နည်းပါးမှု ကတော့ အမျိုးသမီးရော အမျိုးသား သတင်းထောက်တွေပါ နစ်နာနေတာမျိုးပဲ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နစ်နာနေကြရတဲ့ သတင်းထောက်တွေ အားလုံးကို ၎င်းတိုရဲ့ သတင်းဌာနတွေကပါ အခွင့်အရေး ချိုးဖောက်မှုတွေ မပြုလုပ်ဖို့အတွက် ဒီအဖွဲက ကြိုးစားဆောင်ရွက် သွားမှာပါ” ဟု ဆိုသည်။

စစ်အာဏာသိမ်းကာလမှစ၍ နိုင်ငံတစ်ဝှမ်း သတင်းမီဒီယာဌာနအများစု ပိတ်သိမ်းခံရခြင်း၊ သတင်းသမားတို့ ဖမ်းဆီးထောင်ချနေခြင်းကြောင့် တိုင်းရင်းသားမီဒီယာသတင်းဌာနတို့အပါအဝင် သတင်းမီဒီယာဌာနအများစု ပြည်ပသို့ပြောင်းရွေ့အခြေစိုက်လာခဲ့ရသည်။

အဆိုပါအခြေအနေတွင် သတင်းဌာနမှ သတင်းသမားတို့ကို အကြောင်းမဲ့အလုပ်ထုတ်ခြင်း၊ ဖိနှိပ်ခြင်း၊ အခွင့်အရေးအပြည့်အဝမရရှိခြင်းတို့ လုပ်ဆောင်နေသည်ဟု အလွတ်တန်း အမျိုးသမီးစစ်မြေပြင်သတင်းထောက်တစ်ဦးက ဆိုသည်။

"ကျမတို့လို စစ်မြေပြင်မှာ သတင်းယူနေတဲ့သတင်းသမားတွေတောင် အထောက်အပံ့ပြည့်ပြည့်ဝဝမရှိဘူး၊ မပေးဘူး အဲလိုကိစ္စတွေ သတင်းသမားအများစုကြုံနေရတယ် ဒီလိုအကြောင်းအရာတွေကို ကျမတို့ထိုးဖောက်ပြီးတော့ ပြောဆိုရမယ်၊ တိုက်ပွဲဝင်သွားရမယ်"ဟု ဆိုသည်။

ထို့ကြောင့် မတရားမှုများကို ပူးပေါင်းအဖြေရှာရန်အတွက် အဖွဲ့ဝင်အသစ်များကိုလည်း MJC မှဖိတ်ခေါ်လျှက်ရှိပြီး လက်ရှိတွင် အဖွဲ့ဝင် အင်အား ၇၀ ခန့်ရှိပြီး အလွတ်တန်းနှင့် တိုက်ပိုင်သတင်းထောက်တို့အပြင် တိုင်းရင်းသားသတင်းထောက်တို့လည်းပါဝင်နေပြီး အခြားအဖွဲ့ဝင်များကို ဆက်လက်ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။

၎င်းအပြင် MJC သည် မည်သည့်ဒိုနာအဖွဲအစည်းများထံမှ ငွေကြေးထောက်ပံ့မှု မယူဘဲအမှီခိုကင်းစွာ လွတ်လွတ်လပ်လပ် ရပ်တည်သွားမည်ဖြစ်သည်ဟု ဆိုသည်။

25/08/2024

နယ်သိမ်းအုပ်ချုပ်ခြင်းနှင့် စစ်တပ်လားရာ

ယခု ငြိမ်းချမ်းရေးသုံးသပ်ချက်စာတမ်းကို ရာမညအင်စတီကျူမှ နိုင်ငံရေး သုတေသီများ ရေးသားထားပြီး IMNA က ရုပ်သံအဖြစ် တင်ဆက် ပေးခြင်း ဖြစ်ပါတယ်။

Youtube Link>> https://youtu.be/7PXkH8KFY9Y

23/08/2024

အစဳဇန်ပ္တိုန်ထ္ၜးပရိုင်လၟေင်တ္ၚဲ နူကဵုဌာန်ပရိုင်ဗၠးၜးမန်ရအဴ။
ဂိတုအဝ်ဂေတ် ၂၃၊ သၞာံ ၂၀၂၄

◼️ပ္ဍဲဍုင်ဇြပ်ဗု ဟိုတ်နူလိုန်ဒးမာင်တိုပ်တိတုဲ ညးဒေသမွဲတၠ ဒးဝပ်သ္ကာတ်မြဟ်

◼️ပ္ဍဲတွဵုရးဍုင်မန်ကဵု ကရေၚ် စွံသတိ ပရေင်ဍာ်ဇၞော် အလန်ဒုတိယညိဂး

◼️ဂကောံပၠန်ဂတးတံ ဖံက်ပ္ကဝ်မံင်အခေါင်အရာမၞိဟ် လ္တူညးဍုင်ကွာန် ဗီုကံင်ဇြဳပၞာန်ကီုဂး

◼️ပ္ဍဲကၟိန်ဍုင်သေံ ဟိုတ်နူက္ၜင်ကျာပြဟ်ဒတုံစှေ်တုဲ မၞိဟ်ချိုတ် (၉) တၠ

◼️UN ကဵု ကံင်ဇြဳပၞာန် သဳကၠဳ ကိစ္စရီုဗင်ဓဝ်ဗ္စာရဏာမၞိဟ်ဂှ် စိုပ်တရဴအောန်ကွေံ KNU ဂး

Youtube Link>>https://youtu.be/WVzyfr4-wmE

စက်သုံးဆီပြတ်လပ်မှုကြောင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ဒေသခံပြည်သူတို့၏ စကားသံလွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၃ သြဂုတ် ၂၀၂၄။မွ...
23/08/2024

စက်သုံးဆီပြတ်လပ်မှုကြောင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ဒေသခံပြည်သူတို့၏ စကားသံ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၃ သြဂုတ် ၂၀၂၄။

မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ လက်ရှိအချိန်အထိ စက်သုံးဆီဝယ်ယူရရှိမှုခက်ခဲနေဆဲဖြစ်ပြီး တစ်လီတာ ၅ ထောင်ကျော်အထိ ဝယ်ယူသုံးစွဲနေရသည်ဟု သိရသည်။

စက်သုံးဆီအခက်ခဲကြောင့် စီးပွားရေး၊ လူနေမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့အပေါ် များစွာသက်ရောက်မှုရှိနေပြီး ကုန်ဈေးနှုန်းအမြင့်ဆုံးမြင့်တက်နေသည့်ကာလတွင် လုပ်ငန်းရပ်နားထားရခြင်းကြောင့် ပြည်သူတို့ စားဝတ်နေရေး ပိုမိုခက်ခဲလျှက်ရှိသည်။

လက်ရှိစက်သုံးဆီရရှိမှုအခက်ခဲကြောင့် ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံအပြင် အခြားမြို့နယ်များမှ ဒေသခံများ၏ စကားသံကို ကောက်နှုတ်တင်ပြထားသည်။

ကိတ်မုန့်ဖုတ်ဆိုင်မှ အမျိုးသမီးတစ်ဦး (ဒူးယားရွာ၊ ရေးမြို့နယ်)

“လောလေဆယ် စက်သုံးဆီးရဖို့က ခက်ခဲနေတယ်၊ ကုမ္ပဏီမီးကလည်း ၂၄ နာရီမပေးတော့ဘူး။ ပြီးတော့ မီတာခကလည်း ဈေးတက်လာနေတယ်။ ခုချိန်မှာက အကုန်လုံးကဈေးတက်နေတယ်။ ကိုယ့်အလုပ်ကလည်း ကိတ်မုန့်ဖုတ်တဲ့အလုပ်ဆိုတော့ လျှပ်စစ်အိုးတွေသုံးရတယ်။ မုန့်တွေထားဖို့ ရေခဲသတ္တာတွေ သုံးရတယ်၊ မီးစွမ်းအားကို အများကြီးလိုတယ်။ သူတို့မီးကို ၂၄ နာရီလုံး မဖွင့်ပေးတော့ မီးလာတဲ့ အချိန်မှာပဲ မြန်မြန် မုန့်လုပ်ရတယ်။ ပြီးရင် မုန့်အော်ဒါလေးတွေ ပိုဖို့အတွက်ကလည်း စက်သုံးဆီ ဝယ်ယူရတဲ့အခက်ခဲနဲ့ ဈေးကြီးပေးပြီးဝယ်ရတာနဲ့ကြုံရပြန်ရော။ မုန့်ဈေးကိုလည်း ဈေးကြီး တင်ရောင်းလို့လည်းမရဘူး။ ဖောက်သည်တွေ ပျောက်သွားမယ်။ အရင်ကဆို အော်ဒါတွေ တစ်နေ့ကို အများကြီး လက်ခံဖြစ်တယ်။ အခုတော့ မီးကပုံမှန်မှ မလာနေတော့ အရင်ကလိုမျိုးအများကြီး လက်ခံလို့မရတော့ဘူး၊ အခြေအနေကြည့်ပြီး လုပ်နေရတယ်။

Websiteတွင် ဆက်ဖတ်ရန်>> https://burmese.monnews.org/2024/08/23/%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%95%e1%80%bc%e1%80%90%e1%80%ba%e1%80%9c%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc%e1%80%b1-2/

Photo by Myit Soe

စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ နိုင်ငံရေး၊ လုံခြုံရေးကိစ္စဆွေးနွေး လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၃၊ ၂၀၂၄...
23/08/2024

စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ နိုင်ငံရေး၊ လုံခြုံရေးကိစ္စဆွေးနွေး

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၃၊ ၂၀၂၄။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နေပြည်တော်တွင် ဩဂုတ် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တာ တွေ့ဆုံခဲ့ကြပြီး NSPNC မှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်အရ သိရသည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက “၂၀၀၈ ခြေ/ဥ ကိစ္စတွေပါတယ်၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စတွေ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေပါတယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက် အဆိုပြုချက်များ၊ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်ပုဒ်မများကို ပြင်ဆင်ဖြည့်စွက်မလဲဆိုသည်ကိုတော့ ဖော်ပြခြင်း မရှိပေ။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် မကုန်ခင် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူမည်ဖြစ်ပြီး လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုထားသည်။

သို့သော်လည်း နိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊ တပ်မ၊ တပ်စခန်းအများအပြားကို တော်လှန်ရေးအင်အားစုတို့က သိမ်းပိုက်ထားသလို မြို့ပေါင်း ၇၀ ကျော်ကိုလည်း သိမ်းယူရရှိထားသည့်အတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ် ဖြစ်နိုၚ်ချေနည်းသည်ဆိုပြီး သုံးသပ်မှုလည်း ရှိနေသည်။

Websiteတွင် ဆက်ဖတ်ရန်>> https://burmese.monnews.org/2024/08/23/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6/

23/08/2024

အစဳဇန် ဗလးရမျာၚ် Monland Podcast

ဂိတုအဝ်ဂုတ် ၊ ၂၃ ၊ သၞာံ ၂၀၂၄

ပရိုၚ်
-------
◾ပ္ဍဲတွဵုရးဍုၚ်မန်ကဵု ကရေၚ် စွံသတိ ပရေၚ်ဍာ်ဇၞော် အလန်ဒုတိယညိဂး
◾ဂကောံပၠန်ဂတးတံ ဖံက်ပ္ကဝ်မံၚ်အခေါၚ်အရာမၞိဟ် လ္တူညးဍုၚ်ကွာန် ဗီုကံၚ်ဇြဳပၞာန်ကီုဂး
◾ပ္ဍဲပွိုၚ်ဍုၚ်ရးတၞၚ်သဳ ဟွံဒှ်ပေဲါဗ္တိုက်ကီုလေဝ် ထောံဖျေံဒၟံၚ်ဗမ်ကဵုက္ၜၚ်ကျာနွံ

ဏ္ဍပလံၚ်ပရိုၚ်
----------
◾ၚုဟ်ဗွဝ်ဖျာ ထ္ပက်တိုန်ကၠုၚ်တုဲ သွက်ညးကၠောန်မွဲတ္ၚဲ စမွဲတ္ၚဲတံ ဒှ်ဒၟံၚ်ခက်ခုဲ

Youtube Link>> https://youtu.be/mZtMSC7RFBU

သံဖြူဇရပ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၃၊ ၂၀၂၄။မွန်ပြည်နယ...
23/08/2024

သံဖြူဇရပ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၃၊ ၂၀၂၄။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာခံတစ်ဦး ဩဂုတ်လ ၂၂ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနေ အသက် ၃၀ နှစ်အရွယ် ကိုစိုးသန်း ဆိုသူသည် ထင်းခုတ်ရန်အသွား ရွာဘုန်းကြီးကျောင်းအနီးရှိ ရော်ဘာခြံတွင် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုစိုးသန်းသည် ခြေထောက်နှစ်ဖက်လုံး ပြင်းထန်သည့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ကိုစိုးသန်းကို လူမှုကူညီရေးအဖွဲ့တို့၏အကူအညီဖြင့် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေသည်။

စစ်ကောင်စီက သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းမကြီးတလျှောက်ရှိ ကျေးရွာနှင့် အနီးနားတဝိုက်တို့တွင် ဝင်ရောက်တပ်စွဲထားသည်လည်း ရှိသည်။

ဒေသတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းကလည်း ရဲတံခွန်ရွာသစ် ဘုရားကုန်းတွင် ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယခု မြေမြုပ်မိုင်းနင်းမိသည် ရဲတံခွန်ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာနေသည့်အပြင် တပ်စွဲထားသည့်နေရာလည်းဖြစ်သည့်အတွက် မြေမြုပ်မိုင်းသည် စစ်ကောင်စီတပ်တို့ ထောင်ထားသည့်မိုင်းဖြစ်နိုင်သည်ဟု ဒေသခံတို့က ပြောသည်။

Websiteတွင် ဖတ်ရန်>> https://burmese.monnews.org/2024/08/23/%e1%80%9e%e1%80%b6%e1%80%96%e1%80%bc%e1%80%b0%e1%80%87%e1%80%9b%e1%80%95%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%99%e1%80%bc%e1%80%af%e1%80%95%e1%80%ba%e1%80%99/

ကြာအင်းဆိပ်ကြီးအခြေအစိုက် ခလရ-၃၂ မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ KNU ထံ ပူးပေါင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၃၊...
23/08/2024

ကြာအင်းဆိပ်ကြီးအခြေအစိုက် ခလရ-၃၂ မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ KNU ထံ ပူးပေါင်း

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၃၊ ၂၀၂၄။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး KNU ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ-၃၂ တပ်ရင်းမှ အသက် ၂၁ နှစ်အရွယ်ရှိ တပ်သား ဇင်မင်းအောင်သည် MA-1 ၁ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်တောင့် ၂၀၆ တောင့်၊ အီနာဂါ ၁ လုံးနှင့် အီကွေးမင့် ၁ စုံတို့ဖြင့် သြဂုတ်လ ၁၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) တပ်ရင်း (၁၇) ထံ လာရောက်ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

တပ်သားဇင်မင်းအောင်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ စစ်အာဏာရှင်ကို ပြန်လည် တော်လှန်သွားမည်ဟု ပြောဆိုကြောင်း KNU က ထုတ်ပြန်ထားသည်။

လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းသော တပ်သား ဇင်မင်းအောင်ကို ကရင်အမျိုးသား အစည်းအရုံး KNU မှ ၎င်းတို့သတ်မှတ်ထားသည့် ထောက်ပံ့မှု ပမာဏအအတိုင်း ကူညီဆောင်ရွက်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့အနီး လေယာဉ်ပျက်ကျ ပါလာသည့် ခရီးသည် ၇ ဦးနှင့် လေယာဉ်မှူး၂ ဦးစလုံးသေဆုံး လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂...
23/08/2024

ဘန်ကောက်မြို့အနီး လေယာဉ်ပျက်ကျ ပါလာသည့် ခရီးသည် ၇ ဦးနှင့် လေယာဉ်မှူး၂ ဦးစလုံးသေဆုံး

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၃၊ ၂၀၂၄။

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောဝ်း(Chachoengsao)ခရိုင်၊ ဘန်ပကုံးမြို့နယ် ဘန်ကောက်မြို့အနီး Wat Khao Din ဘုရားကျောင်းနောက်တွင် ဩဂုတ် ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၈ မိနစ်ခန့်က လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး လိုက်ပါလာသည့် ခရီးသည် ၇ ဦးနှင့် လေယာဉ်မှူး၂ ဦးစလုံး သေဆုံးခဲ့သည်ဟု ထိုင်းသတင်းဖော်ပြချက်အရ သိရသည်။

လေယာဉ်ပျက်ကျမှုကြောင်း သေဆုံးသွားသူ ၉ ဦးအနက် ၅ ဦးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ကျန် ၄ ဦးသည် ထိုင်းခရီးသည် ၂ ဦးနှင့် ထိုင်းလူမျိုးလေယာဉ်မှူး ၂ ဦးတို့ဖြစ်ပြီး ထိုသူအာလုံးအာလုံး၏ ရုပ်အလောင်များပို လက်ရှိအချိန်ထိ မတွေ့ရှိရသေးသည်ဟု ထိုင်းသတင်းတို့က ဆိုထားသည်။

ပျက်ကျလေယာဉ်ငယ်သည် ဒီရေလှောင်ကန်ထဲတွင် ရှိကြောင်းသိရခဲ့ပြီး ယမန်နေ့က ရှာဖွေခဲ့ရာတွင် ထိုင်းမဟုတ်သော အမျိုးသမီး ၃ ဦး၏ အ၀တ်အစားများနှင့် ဓာတ်ပုံအချို့ တွေ့ရှိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြထားသည်။

လေယာဉ်ပျက်ကျရာ နေရာတစ်ဝိုက်တွင် မြေသားတာတမံတစ်ခု တည်ဆောက်ထားပြီး လေယာဉ်ကိုယ်ထည်၏ ပင်မအပျက်အစီးနှင့် ရုပ်အလောင်များကို ရှာဖွေရာတွင် အကျယ် ၈ မီတာနှင့် ၁၀ မီတာခန့်ရှိသည့်အတွက် တွင်းတူးရန်ပင် Backhoes ကားနှစ်စီးကို အသုံးပြုခဲ့သည်။

မနေ့ကရှာဖွေမှုတွင် ခရီးသည်နှင့်လေယာဉ်မှူးတို့ကို မတွေ့ရသော ကြောင့် ဒီနံနက် ၂ နာရီခန့်တွင် ရှာဖွေမှုရပ်နာခဲ့ပြီး ဒီကနေ့နံနက်ပိုင်းနှင့် မွန်လွဲပိုင်းတွင်လည်း သေဆုံးသူအားလုံး၏ ရုပ်အလောင်ကို ဆက်လက်ရှာဖွေနေသည်ဟု သိရသည်။

ပျက်ကျလေယာဉ် အစိတ်အပိုင်းများနှင့် ရှာတွေ့ခဲ့သည် ပစ္စည်းများကို ခေါင်ဒင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးချုပ်သို့ ပို့ဆောင်ထားပြီး မှုခင်းဆေးပညာသိပ္ပံဌာနက မည်သူမည်ဝါဖြစ်သည်ကို အားလုံးဖော်ထုတ်နိုင်ခဲ့သည်။

ထို Cessna Caravan C208 လေယာဉ်သည် ယမန်နေ့က Thai Flying Service ၏ ခရီးစဉ်အမှတ် TFT209 သည် သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ထွက်ခွာခဲ့ပြီး Trat ပြည်နယ် ကိုမိုင်ချိလေဆိပ်သို့ ထွက်ခွာခဲ့ကာ နောက်ဆုံးတွင် သုဝဏ္ဏဘူမိ ထိန်းချုပ်ရေးမျှော်စင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ညနေ ၃ နာရီ ၁၈ မိနစ်တွင် ဘန်ပခေါင်ခရိုင်တွင် ပျက်ကျသွားခဲ့ဖြစ်သည်။

Crd: Thai PBS World နှင့် Bangkok Post သတင်းတို့မှ ကောက်နှုတ်ဘာသာပြန်ထားသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုသတိရှိရန် တိုက်တွန်းလွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၃၊...
23/08/2024

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုသတိရှိရန် တိုက်တွန်း

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၃၊ ၂၀၂၄။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သြဂုတ် ၂၃ ရက်နေ့မှ နောက်နှစ်ရက်အထိ မိုးပိုလာနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည့်နောက် ဒုတိယအကြိမ် ရေကြီးရေလျှံမှုသတိရှိရန် ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး မွန်ပြည်နယ်အပါအဝင် ကမ်းရိုးတမ်းဒေသတစ်လျှောက် ယနေ့သြဂုတ် ၂၃ မှစ၍ နောက် ၃ ရက်အထိ မိုးကြီးလာနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ပြောဆိုထားသည်။

လက်ရှိတွင် မြစ်ရေ ချောင်းရေမြင့်တက်မှုမရှိသေးသော်လည်း ယခင်ရေကြီးရေလျှံမှုဖြစ်ခဲ့သည့် ရေးမြို့နယ်၊ ကျိုက်မရော၊ သထုံနှင့် ဘီးလင်းတို့တွင် ပျက်စီးဆုံးရှုံးမှုနည်းပါးရန် ပြင်ဆင်ဆောင်ရွက်သင့်သည်ဟု ကျိုက်မရောမှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မိုးက ဆက်‌တိုက် သုံး‌လေးရက်လောက် ရွာမယ်ဆိုရင် ရေထက် ကြီးနိုင်သေးတယ်။ ဘာလိုလဲဆိုတော့ အခါတိုင်းဆို ဒီအချိန်မာရေးကြီးရင် ပြန်မကျသေးဘူး။ အခု ဒီနှစ်က ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ရေဆင်းမြန်သွားတယ်။ မနှစ်ကဆို ဩဂုတ်လ ကုန်ခါနီးမှ ဆင်းတယ်။ မနှစ်က နှစ်ပြန်ကြီးတယ်၊ ဒီနှစ်ကတစ်ခါပဲကြီးရသေးတယ်။ အများပြောတော့ ပြန်လာမယ် ပြောတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့်ရေကြီးမှုဖြစ်စဉ်အတွင်း စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုတို့ကြောင့် ရေဘေးသင့်ဒေသခံတို့ အကူအညီရရှိမှုနည်းပါးခဲ့ပြီး လက်ရှိတွင် စားနပ်ရိက္ခာနှင့် ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

Websiteတွင် ဆက်ဖတ်ရန်>> https://burmese.monnews.org/2024/08/23/%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%9b%e1%80%84%e1%80%ba%e1%80%95%e1%80%bc/

23/08/2024

ဟိုတ်နူမာင်တိုပ်တိတုဲ အပ္ဍဲပွိုင် (၆) ဂိတု ကောန်ကွာန်ချိုတ် (၁၀၀) ပြင်

Youtube Link>> https://youtu.be/KMv_JI9P3Lg

23/08/2024

ဟိုတ်နူမံင်အပ္ဍဲဍုင်ဟွံပြေပြံင်ဂှ်ရ သကဵုဒှ်ဇြဟတ်ဓရိုဟ် ကုသၟတ်တိတ်ဍုင်မ္ၚးဂၠိုင်ကၠုင်

Youtube Link>> https://youtu.be/vtgaiy2gcpI

23/08/2024

ပ္ဍဲရုင်ဂဥုဲပရဟိတဂှ် မၞိဟ်ကၠုင်ဝဳယဲဂၠိုင်တုဲ နွံပၟိက်ကၠုင် ကပေါတ်ဝဳယဲကဵု ဂဥုဲဇဗ

Youtube Link>> https://youtu.be/shCnKr0anyI

23/08/2024

ပေဲါဗ္တိုက်ကွာန်ဝါအနာင်ဂှ် စဵုကဵုလၟုဟ် သ္ကာတ်မြဟ်ဒၟံင်ဖိုဟ်

Youtube Link>> https://youtu.be/y3n4wEsu4JE

စစ်ကောင်စီနှင့်နည်းတူ တော်လှန်ရေးအဖွဲ့တို့မှလည်း ပြည်သူတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေလွတ်လပ်သောမွန်သတင်း...
23/08/2024

စစ်ကောင်စီနှင့်နည်းတူ တော်လှန်ရေးအဖွဲ့တို့မှလည်း ပြည်သူတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၃၊ ၂၀၂၄။

စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေကြသည့်ကာလအတွင်း တော်လှန်ရေးအဖွဲ့ဝင်များ ပြည်သူတို့အပေါ် မတရားသတ်ဖြတ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ပြောကြားချက်အရ သိရသည်။

မွန်ပြည်လူ့အခွင်းအရေးဖောင်ဒေးရှင်မှ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်စုဆောင်းနေသည့် မွန်၊ ကရင်၊ တနင်္သာရီတို့တွင် စစ်ရေးအခြေအနေအရ ပြည်သူတို့၏ အခွင့်အရေးချိုးဖောက်မှု၊ သတင်းအချက်အလက်မှားယွင်းမှုကြောင့် ဒလန်အဖြစ်စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်မှု၊ ခရီးသွားလာသူတို့ကိုငွေကြေးအဆမတန်တောင်းခံမှု၊ ရန်ငြိုးကြောင့် ရည်ရွယ်ချက်ရှိရှိကျူးလွန်ခြင်း၊ ပြည်သူတို့၏သွားလာခွင့် ကန့်သတ်ပိတ်ပင်ခြင်းနှင့် မြေမြှုပ်မိုင်းထောင်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ထားဝယ်ဒေသရှိ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ မောင်းမကန်ကျေးရွာတွင်လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြင် ဒေသခံတို့၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ဆိုသည်။

“ပဋိပက္ခဖြစ်ပွားနေမှုနဲ့ စစ်ရေးအခြေအနေအရ ချိုးဖောက်ခံရတာ များတယ်။ ထားဝယ်ဘက်မှာတော်လှန်ရေးအဖွဲ့တစ်ဖွဲ့က မောင်မကန်ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်ပြီးနေအိမ်မီးရှို့ခဲ့တာရှိတယ်။ ကျတော်တို့ဘက်လည်းစုံစမ်းနေတုန်းသူတို့မီးရှို့လိုက်တဲ့အိမ်က စကစသတင်းပေး သူလား၊ မဟုတ်ရင်သာမန်ဒေသခံအိမ်လား၊ သူတို့ရန်သူလားဆိုတာကို သတိထားရမယ်တွေ၊ လက်နက်ကိုင်ထားတော့ information မှားလို့ကျူးလွန်မိတာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်မိကြတာနောက်တစ်ခု က ကိုယ့်ကိုကိုယ်အာဏာ ရှိတယ်လို့ မြင်သွားကြတော့ ပြည်သူတွေအပေါ် ကျူးလွန်တယ်လာတယ်၊”ဟု ၎င်းကပြောသည်။

ဒါ့အပြင် ပြီးခဲ့သည့် မတ်လတွင် သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှအပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးကို စစ်ကောင်စီနှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲပြီး တောင်ညိုစစ်ကြောင်းမှတော်လှန်အဖွဲ့တို့က ဖမ်းဆီးသတ်ဖြတ်ထားသည့်အပေါ် နစ်နာသူ မိသားစုအနေဖြင့် လက်ရှိအချိန်ထိ မျှတသည့်အမှန်တရားမရသေးကြောင်း နိုင်အဲမွန်က ဆက်ပြောသည်။

Website တွင် ဆက်ဖတ်ရန်>> https://burmese.monnews.org/2024/08/23/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ae%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%b0-%e1%80%90/

23/08/2024

“ဘဝပိုဲ ဒးကဵုဏာညးတၞဟ်မးမးဆဍေံ၊ ကောန်ဂကူပိုဲ မုက်မတ်ဟွံဍောတ်တှ်ေ ကေတ်ရ” ဂလာန်ပံက်သြိုဟ် နူအကြာပ် သိုက်လျး (ဗော်ဍုင်မန်တၟိ-အေဒဳ)

22/08/2024

“ဖေက်အိုတ်ဂှ် ဒးဇီုကဵုကောန်ပၞာန်ဗၟာတံဂှ်ရ၊” အစဳအဇန် Youth Talk အလန်ဏံ ကေတ်အဆက် သၟာန်သှ်လဝ် ကုအ္စာပရိုင်ပ္ဍဲမုက်ပၞာန်မွဲတၠ အေဿတာ ဂျေ ရ။

22/08/2024

အစဳဇန်ပ္တိုန်ထ္ၜးပရိုင်လၟေင်တ္ၚဲ နူကဵုဌာန်ပရိုင်ဗၠးၜးမန်ရအဴ။
ဂိတုအဝ်ဂေတ် ၂၂၊ သၞာံ ၂၀၂၄

◼️ပ္ဍဲရုင်ဂဥုဲပရဟိတဂှ် မၞိဟ်ကၠုင်ဝဳယဲဂၠိုင်တုဲ နွံပၟိက်ကၠုင် ကပေါတ်ဝဳယဲကဵု ဂဥုဲဇဗ

◼️ဟိုတ်နူမံင်အပ္ဍဲဍုင်ဟွံပြေပြံင်ဂှ်ရ သကဵုဒှ်ဇြဟတ်ဓရိုဟ် ကုသၟတ်တိတ်ဍုင်မ္ၚးဂၠိုင်ကၠုင်

◼️ဟိုတ်နူမာင်တိုပ်တိတုဲ အပ္ဍဲပွိုင် (၆) ဂိတု ကောန်ကွာန်ချိုတ် (၁၀၀) ပြင်

◼️ပ္ဍဲကၟိန်ဍုင်သေံ စဆဵုကၠုင် လက်သြန်မၞိဟ်ကၠောံယဲဗြန်ကၞုဲ Mpox

◼️ဂကောံပၠန်ဂတးတံ ထိင်ဒဝ်သီဂွံ (၇၇) ဍုင်နွံ NUG ဟီု

Youtube Link>>https://youtu.be/kpjQ0Ekqla8

22/08/2024

အစဳဇန် ဗလးရမျာၚ် Monland Podcast

ဂိတုအဝ်ဂုတ် ၊ ၂၂ ၊ သၞာံ ၂၀၂၄

ပရိုၚ်
-------
◾ ပ္ဍဲရုၚ်ဂဥုဲပရဟိတဂှ် မၞိဟ်ကၠုၚ်ဝဳယဲဂၠိုၚ်ဒၟံၚ်တုဲ နွံပၟိက်ကၠုၚ် ကပေါတ်ဝဳယဲကဵု ဂဥုဲဇဗ
◾ပ္ဍဲကျာ်ထဝ် ဒပ်ကံၚ်ဇြဳပၞာန် ရပ်ဒက်ဏာ ညးရေၚ်တၠုၚ်ဂဗုတ်မွဲတၠ
◾ဟိုတ်နူမံၚ်အပ္ဍဲဍုၚ်ဟွံပြေပြံၚ်ဂှ်ရ သကဵုဒှ်ဇြဟတ်ဓရိုဟ် ကုသၟတ်တိတ်ဍုၚ်မ္ၚးဂၠိုၚ်ကၠုၚ်

ဏ္ဍပလံၚ်ပရိုၚ်
----------
◾ပေဲါဗ္တိုက်ကွာန်ဝါအနာၚ်ဂှ် စဵုကဵုလၟုဟ် သ္ကာတ်မြဟ်ဒၟံၚ်ဖိုဟ်

Youtube Link>> https://youtu.be/5kUklxHKblk

ကျိုက်ထိုမြို့က ရှေ့နေအမျိုးသမီးတစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီး လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၂၊ ၂၀၂၄။ မွန်ပြည်နယ်၊ ကျ...
22/08/2024

ကျိုက်ထိုမြို့က ရှေ့နေအမျိုးသမီးတစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီး

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၂၊ ၂၀၂၄။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်နေ အမျိုးသမီးရှေ့နေတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အမျိုးသမီးရှေ့နေ ဒေါ်စံပယ်သည် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပတ်သက်သည်ဆိုပြီး ဩဂုတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အမျိုးသမီးရှေ့နေ ဒေါ်စံပယ်ကို ကျိုက်ထိုအခြေစိုက် တပ်မ - ၄၄ ဌာနချုပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်းနှင့် မိသားစုနှင့်လည်း တွေ့ခွင့်မရသေးကြောင်း မြို့ခံတို့က ပြောသည်။

ရှေ့နေ ဒေါ်စံပယ်သည် စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံရသူများကို အခမဲ့ အမှုလိုက်ပေးနေသူတစ်ဦးလည်း ဖြစ်သည်။

စစ်ကောင်စီက ဒေါ်စံပယ်၏ ရှေ့နေလိုင်စင်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရုတ်သိမ်းခဲ့ကြောင်း ကျိုက်ထိုမြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တစ်ဦးတို့ကို PDF အဖွဲ့ကို သတင်းပေးနေသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်။

၎င်းပြင် PDF အဖွဲ့ကို ထောက်ပံ့နေသည်ဆိုပြီး ဒေသခံပြည်သူတွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေပြီး လတ်တလောတွင် ဒေသခံ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်။

Websiteတွင် ဖတ်ရန်>> https://burmese.monnews.org/2024/08/22/%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%91%e1%80%ad%e1%80%af%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%80-%e1%80%9b%e1%80%be%e1%80%b1%e1%80%b7%e1%80%94%e1%80%b1%e1%80%a1/

ရော်နယ်ဒို YouTube Channel အသစ်ထောင်ပြီး ၁ နာရီအတွင်း Subscribe ပြုလုပ်သူအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့လွတ်လပ်သောမွန်...
22/08/2024

ရော်နယ်ဒို YouTube Channel အသစ်ထောင်ပြီး ၁ နာရီအတွင်း Subscribe ပြုလုပ်သူအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊၂၂ ဩဂုတ် ၊၂၀၂၄။

ရော်နယ်ဒို၏ "UR-Cristiano" ဟု အမည်ပေးထားသည့် You Tube ရုပ်သံလိုင်းသစ်တစ်ခုကို ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ပြီး ၁ နာရီအတွင်း Subscribe ပြုလုပ် 1 သန်းကျော်သွားကာ သမိုင်းတစ်လျှောက် အမြန်ဆုံး Subscribers ၁ သန်း ပြည့်သူအဖြစ် စံချိန်တင်ခဲ့သည်။

လက်ရှိ ၂၄ နာရီကျော်အတွင်း ၎င်း YouTube Channel တွင် စာရင်းသွင်းသူ ၁၄ သန်းကျော်အထိ ပိုင်ဆိုင်ထားပြီး သူ၏ Channel တွင်လည်း ဗီဒီယို ၁၉ ပုဒ် တင်ထားသည်ဟု သိရသည်။

၎င်းအပြင် You Tube ဘက်မှလည်း Subscriber ၁၀ သန်းပြည့်သည့်အနေဖြင့် ညတွင်းချင်း Golden Button ကို ဂုဏ်ပြုခဲ့သည်ဟု သိရသည်။

လက်ရှိတွင် Subscribers 311 million ပိုင်ဆိုင်ထားသည့် YouTuber Mr Breastကိုတောင် ရော်နယ်ဒိုက ကျော်တက်သွားနိုင်မလားဆိုသည်ကို ပရိသတ်တို့က စိတ်ဝင်စားလျှက်ရှိသည်။

ပြီးခဲ့သည်နှစ်တွင်လည်း ခရစ်စတီယာနို ရော်နယ်ဒိုသည် အင်စတာဂရမ်ပေါ်တွင် followers အများဆုံးသူတစ်ဦးအဖြစ် စံချိန်တင်ခဲ့ပြီး လက်ရှိအချိန်ထိ သူ၏ Instagram တွင် follower 636 သန်းကျော်ဖြင့် စံချိန်တင်ရှိနေဆဲဖြစ်သည်။

အဆိုပါအကြောင်းများကြောင့် ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းDigital ခေတ်ကြီးထဲတွင် ကြီးပြင်းလာသည့် လူငယ်ပရိသတ်တို့ကြာ ရော်နယ်ဒို၏ သြဇာလွှမ်းမိုးမှု မည်မျှကြီးမားသည်ကို လက်ရှိအခြေအနေက သိသိသာသာဖော်ပြလျှက်ရှိသည်။

Forbes ဝက်ဒ်ဆိုဒ်မှ အချက်အလက်အရ ကောက်နှုတ်ရေးသားထားသည်။

မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လောင်းလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၂၊ ၂...
22/08/2024

မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လောင်းလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၂၊ ၂၀၂၄။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာထက်မနည်းကို အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီတပ် လှည့်ပတ်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တို့မှ သြဂုတ်လ ၁၇ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး စတင်ဝင်ရောက်လာခြင်းဖြစ်သည်။

ထားဝယ်-မောင်းမကန် ကားလမ်းရှိ ခလရ ၁၀၄ နှင့် ခမရ ၄၀၃ မှ ပူးပေါင်းစစ်အင်အား ၂၀၀ ခန့် မောင်းမကန်ရဲစခန်းသို့ စတင်ဝင်ရောက်လာပြီး ထိုမှတဆင့် နီးစပ်ရာကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “မောင်းမကန်က KTV တွေ မီးရှို့ခံရတယ်။ အဲဒီနောက်နေ့ပဲ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတယ်။ အဲဒီမှာ သူတို့ဆင်းလာကြတာ။ KTV တွေကလည်း သူတို့အမြဲလိုလိုသွားနေတဲ့ နေရာတွေပေါ့။ အဲ့တာကို PDF အဖွဲ့တွေက မီးတက်ရှို့သွားတာ” ဟု ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ်ရှိ KTV ၆ ခုကို ဘထူးတပ်မတော်မှ ဒေသခံများ၏ တိုင်ကြားမှုအရဟုဆိုကာ မီးရှို့ဖျက်စီးခဲ့သည်။

အဆိုပါဖြစ်စဉ်များအပြီး စစ်ကောင်စီတပ်မှ မောင်းမကန်ရွာနှင့် ပန်းဒက်အင်းရွာသို့ စစ်ကြောင်းထိုးကာ ဒေသခံနေအိမ်များကို ဖျက်စီးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် မောင်းမကန်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပြေးလွှားနေသည့်အမျိုးသားတစ်ဦးကို စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကြောင်းများအပြင် ခလရ ၁၀၄ နှင့် တောမိုးတောင်တွင် အထိုင်ချထားသော တပ်များမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း ဆိုသည်။

Websiteတွင် ဖတ်ရန်>> https://burmese.monnews.org/2024/08/22/%e1%80%99%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%94%e1%80%ba%e1%80%9b%e1%80%b2%e1%80%85%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba/

ထိုင်းနယ်စပ်ရောက် ရေဖြူစစ်ဘေးရှောင်များ ရေရှည်အတွက် စိုးရိမ်းဖွယ်ဖြစ်သည်ဟုဆို လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၂၊ ၂...
22/08/2024

ထိုင်းနယ်စပ်ရောက် ရေဖြူစစ်ဘေးရှောင်များ ရေရှည်အတွက် စိုးရိမ်းဖွယ်ဖြစ်သည်ဟုဆို

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၂၊ ၂၀၂၄။

ထိုင်းနယ်စပ်၊ ခလော့ဂနီမွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ရေဖြူမှ စစ်ဘေးရှောင်များ ရေရှည်အတွက် စိုးရိမ်းဖွယ်ရာဖြစ်နေသည်ဟု အကူအညီပေးနေသည့်အဖွဲ့အစည်းတို့က ပြောသည်။

ပြီးခဲ့သည့် ဇွန်လက တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသ ၁၄၀ ခန့် ထိုင်းနယ်စပ်ရှိ ခလော့ဂနီမွန်ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

ရေဖြူမြို့နယ်အတွင်း တိုက်ပွဲအခြေအနေ ငြိမ်သက်လာသည့်အချိန်တွင် ထွက်ပြေးတိမ်းရှောင်လာသူထဲမှ ထက်ဝက်ခန့်က ပြန်သွားကြသော်လည်း နေအိမ်မီးရှို့ခံရမှုကြောင့် ပြန်စရာနေအိမ်မရှိတော့သည့်သူများက ခလော့ဂနီဒုက္ခသည်စခန်းတွင် ယခုချိန်ထိ ဆက်လက်နေထိုင်နေကြသည်။

“အခုက လူအယောက် ၇၀ လောက် ကျန်နေပါတယ်။ အဲထဲမှာ နေရပ်မပြန်တော့တဲ့လူတွေလည်း ရှိတယ်။ တချို့က အိမ်တွေ၊ ခြံတွေ မရှိတော့၊ ဒီမှာပဲ အခြေချဖို့ စီစဉ်နေကြတယ်။ လောလောဆယ် သူတို့အတွက် ဆန်၊ ဆီ၊ ဆားတွေ စားဖို့သောက်ဖို့က ပေးနေပါတယ်။ ဒါပေမဲ့ အသက်ဆက်ရှင်နိုင်ရုံလေပါပဲ။ ရေရှည်မှာ သူတို့စားဖို့၊ သောက်ဖို့အတွက် ဒီထက် များများ ပိုပေးနိုင်မှာလား။ လျော့သွားမလား။ ဒီအတိုင်းပဲ ဆက်သွားမလားဆိုတာကိုတော့ မသိသေးပါဘူး။ ကျနော်တို့လည်း ကြိုးစားပေးနေဆဲပါ” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ခလော့ဂနီဒုက္ခသည်စခန်းရှိ စစ်ဘေးရှောင်တို့ကို ရေရှည်အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်း လုပ်ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်းလည်း ဆိုသည်။

စစ်ဘေးရှောင်များသည် ရေရှည်စားဝတ်နေရေးအတွက် စီစဉ်ပေးနိုင်သော်လည်း အနာဂတ်ရှေ့ရေးအတွက် စိုးရိမ်းဖွယ်ဖြစ်သည်ဟုလည်း အကူအညီပေးနေသူတို့က ပြောသည်။

Websiteတွင် ဆက်ဖတ်ရန်>> https://burmese.monnews.org/2024/08/22/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%9b%e1%80%b1%e1%80%96%e1%80%bc%e1%80%b0/

ပရဟိတအခမဲ့ဆေးရုံ၊ ဆေးခန်းတို့တွင် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လိုအပ်ချက်များလာလွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၂၊ ၂...
22/08/2024

ပရဟိတအခမဲ့ဆေးရုံ၊ ဆေးခန်းတို့တွင် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လိုအပ်ချက်များလာ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဩဂုတ် ၂၂၊ ၂၀၂၄။

မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးလက်တို့တွင် ဖွင့်လှစ်ထားသည့် ပရဟိတဆေးရုံ ဆေးခန်းတို့တွင် အထွေထွေခွဲစိတ်ကုသခြင်းအပြင် ရိုးရိုးဖျားနာသူတို့ လာရောက်ကုသသူများနေခြင်းကြောင့် ဆေးဝါးနှင့် ဓါတ်ခွဲခန်းကိရိယာများ လုံလောက်မှုမရှိဘဲ လိုအပ်ချက်များလာသည်ဟု အခမဲ့ဆေးရုံအဖွဲ့တာဝန်ရှိသူတို့မှ သိရသည်။

ဆေးဝါးနှင့် ကျန်းမာရေးစရိတ်ဈေးမြင့်တက်နေသည့်ကာလတွင် အခြေခံလူတန်းစားများ မြို့တွင်းနှင့်အခြားဆေးရုံများတွင် ကုသမှုမခံယူနိုင်ဘဲ လူမှုကူညီရေးအဖွဲ့နှင့် သံဃာတော်တို့မှဦးဆောင်ဖွင့်လှစ်ထားသည့် ပရဟိတအခမဲ့ဆေးခန်းတို့ကို ပိုမိုအားကိုးအားထားပြုလာသည်ဟု သိရသည်။

ဆေးဝါးနှင့်ကုသမှုပစ္စည်းကိရိယာများ လုံလောက်မှုမရှိခြင်းကြောင့် လူနာတို့ကို ဆေးအလုံအလောက်မပေးနိုင်သည့်အပြင်အခက်အခဲများ ရင်ဆိုင်နေရသည်ဟု သိရသည်။

ရေးမြို့ ပရဟိတဆေးရုံ တာဝန်ရှိသူတစ်ဦးက “ တချို့ဆေးတွေက နိုင်ငံခြားငွေနဲ့ ဝယ်မှရမယ်။ အဲဒီလိုဝယ်နေရတာကြောင့် အခုချိန်မှာ ဆေးခကတစ်ဝက်လောက်တက်နေတယ်လေ ဝယ်ရခက်နေတယ်။ ကျွန်တော်တို့ ဆေးခန်းမှာဆို ဆေးတွေမကပဲတာဝန်ယူစောင့်ရှောက်ပေးနေတဲ့ဆရာကို ပေးရမယ့် စေတနာခ တွေလဲ ရှိသေးတယ်လေ။ ဟိုတုန်းကဆို လူနာတွေကို တစ်လစာအတွက် ဆေးပေးလို့ရတယ်။ ခုတော့ ၁၅ ရက်စာလောက်ပဲ ပေးနိုင်တော့တယ်။ကိုဗစ်တုန်းက ဆရာဝန်တွေရော ထောက်ပံ့တဲ့သူရောများတယ်။ ခုတော့ သိပ်မရှိသလောက်ပါပဲ။ ဆေးရုံမှာ ကုတင် ၈ လုံးကျော်ကျော်ပဲ ရှိတယ်။ အဲဒီတော့ ၂၀လုံး ၂၅လုံးလောက်လိုအပ်ချက်တွေဖြစ်လာတယ်” ဟု ဆိုသည်။

ဆေးဝါးပိုင်းသာမက ကုသရေးပိုင်းတွင်လည်း ပစ္စည်းကိရိယာ လုံလောက်မှုမရှိခြင်းကြောင့် တချို့လူနာတို့ကိုခွဲစိတ်မှုမလုပ်နိုင်ဘဲ မြို့တွင်းဆေးရုံကိုသာ ပို့နေရသည်ဟု မော်လမြိုင်မှ အခမဲ့ဆေးခန်းဖွင့်လှစ်ထားသူတစ်ဦးက ဆိုသည်။

Websiteတွင် ဆက်ဖတ်ရန်>> https://burmese.monnews.org/2024/08/22/%e1%80%95%e1%80%9b%e1%80%9f%e1%80%ad%e1%80%90%e1%80%a1%e1%80%81%e1%80%99%e1%80%b2%e1%80%b7%e1%80%86%e1%80%b1%e1%80%b8%e1%80%9b%e1%80%af%e1%80%b6%e1%81%8a-%e1%80%86%e1%80%b1%e1%80%b8%e1%80%81%e1%80%94/

22/08/2024

“ပရေင်ညးဗြဴပါလုပ် ဒၞါဲအာက္ဍိုပ် ကေုာံ ဖျေံသ္ဂုတ်သွာတ် ပ္ဍဲကာလပၠန်ဂတး သာ်လဵုမၞုံရော”

အကာဲအရာကၟိန်ဍုင်လၟုဟ်ဝွံ ပရေင်ပဋိပက္ခပေါဲပၞာန် ဇၞော်သၠဲဂၠိုင်တုဲ ကဏ္ဍပရေင်ဍုင်ကွာန်ဂှ် ၜေတ်ဂြက်ကၠုင်မံင်ရ။ အပ္ဍဲကာလမ္ဒးဆဵုဂဗဒၟံင်ကဵုအကြေပ်အဂြတ်ဏံဂှ် ဆက်စပ်ကဵုပရေင်ညးဗြဴတံ ပါလုပ်အပ္ဍဲဒၞါဲအာက္ဍိုပ်ကေုာံ ဒၞါဲဖျေံသ္ဂုတ်သွာတ် သာ်လဵုမၞုံရောဂှ်တုဲ သၟာန်သှ်လဝ် ညးချဳဒရာင်အခေါင်အရာညးဗြဴ ကေုာံ ကောန်င္ရာ် မိသုတဇဝ်ရ။

Youtube Link>> https://youtu.be/flLN01bFxgk

ပြည်တွင်းအဆင်မပြေမှုများကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် တွန်းအားဖြစ်စေဟုဆို လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၂၊ ၂...
22/08/2024

ပြည်တွင်းအဆင်မပြေမှုများကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် တွန်းအားဖြစ်စေဟုဆို

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၂၊ ၂၀၂၄။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရရှိရန် ခက်ခဲခြင်း၊ အလုပ်လက်မဲ့များပြားလာခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ပြီး ဆင်းရဲမွဲတေမှုမြင့်တက်လာခြင်းနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် တွန်းအားဖြစ်စေသည်ဟု ပြည်ပရောက်မြန်မာလူငယ်တို့က ပြောသည်။

နိုင်ငံအတွင်း အလုပ်အကိုင်ရရှိရန် ခက်ခဲလာသည့်အပြင် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို အကြီးအကျယ်ခံစားနေရချိန်တွင် လူငယ်များအတွက် အိမ်မက်သည် ပြည်ပတွင် အလုပ်လုပ်ခွင့် ရရှိရေး ဖြစ်လာခဲ့သည်။

“ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတယ်။ အဲဒီတော့ အလုပ်လုပ်ချင်တဲ့အတွက် ထိုင်းကို ထွက်လာတာ ဖြစ်တယ်။ ပြီးတော့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်မှုမထမ်းချင်တဲ့ အချက်လည်း ပါပါတယ်။ ထိုင်းမှာက အခုလက်ရှိပြဿနာက အလုပ်သမားအင်အားက အရမ်းများလာတယ်။ ပေးနိုင်တဲ့အလုပ်က နည်းလာတာ တွေ့တယ်။ တချို့က အလုပ်မရဘဲနဲ့ လာပြီးတော့မှ ဒီတိုင်းပဲ ဖြစ်သလိုနေနေရတဲ့ လူတွေလည်း အများကြီးပဲ” ဟု ထိုင်းနိုင်ငံရောက် လူငယ်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း ပြည်ပရင်းနှီးမြုပ်မှုများ ထွက်ခွာခြင်း၊ အသစ်ဝင်ရောက် မရင်းနှီးမြုပ်နှံခြင်း၊ စီးပွားရေးအခွင့်အလမ်းများ လျော့ကျခြင်း၊ လုပ်ငန်းများ မတိုးချဲ့နိုင်ခြင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းလာခြင်းတို့ကြောင့် အလုပ်လက်မဲ့ဦးရေ အဆမတန် တိုးပွားလာခဲ့သည်။

ထို့ကြောင့် နှစ်စဉ် ဘွဲ့ရလူငယ် သိန်းနှင့်ချီ ထွက်ရှိနေသော်လည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းများ မရရှိခဲ့ပေ။

Websiteတွင် ဆက်ဖတ်ရန်>> https://burmese.monnews.org/2024/08/22/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%86%e1%80%84%e1%80%ba%e1%80%99%e1%80%95%e1%80%bc%e1%80%b1%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%bb/

22/08/2024

ပ္ဍဲထံင်ဒိုက်ဥူ ကောန်ထံင်ပရေင်ဍုင်ကွာန် ညးဗြဴ (၇) တၠ ဒးဒုင်ၜုင်တက်လဝ်နွံ

Youtube Link>> https://youtu.be/HE-v0Gmmpv4

22/08/2024

ကမ္မယှေန်ပေဲါရုဲမာဲ UEC ကဵု ဗော်ပရေင်ဍုင်ကွာန်တံ ဆဵုဂဗညးသ္ကံဏောင်ဂး

Youtube Link>> https://youtu.be/sEu3p8gY620

22/08/2024

ကၠေင်စက်အရင်ပါ်ပရအ်စၟတ်သမ္တီလဝ်ဂှ် ဟွံဂွံမွဲသာ် ယအ်စှ်ေအာကဝက်

Youtube Link>> https://youtu.be/2a5WysDV4x0

22/08/2024

◾ဒပ်ပၞာန်ဗၟာတအ် စၟဳစၟတ်တေင်ကၠုင်ဒၟံင် ပ္ဍဲကွာန်ကြေဝ်ဏာ ပွိုင်ဍုင်ကျာ်မြဟ်

Youtube Link>> https://youtu.be/YI8YulwpL98

Address


Telephone

+66813659140

Website

https://monnews.org/

Alerts

Be the first to know and let us send you an email when Independent Mon News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Independent Mon News Agency:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Our Story

မွန်သတင်းအေဂျင်စီ MNA ကို ၂၀၀၀ ခုနှစ်တွင် ထိုင်းနယ်စပ်၌ လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းအေဂျင်စီ အသိအမှတ်ပြုခွင့်လက်မှတ်ကို ၂၀၁၄ ခုနှစ်တွင်ရရှိခဲ့ပြီး မော်လမြိုင်မြို့၌ ရုံခန်းဖွင့်လှစ်ထားရှိသည်။ MNA အင်တာနက်သတင်းစာမျက်နှာ Website ပေါ်တွင် မွန်၊ ဗမာနှင့် အင်္ဂလိပ် ၃ ဘာသာဖြင့် သတင်း၊ သတင်းဆောင်းပါးနှင့် အမြင်သုံးသပ်ချက်များကို ပုံမှန်တင်ပြလျက်ရှိပြီး အခြားသတင်းဌာနများနှင့် ချိတ်ဆက်ကာ ရုပ်သံ၊ ရေဒီယို အစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည်။

မွန်ပြည်နယ်ကိုအဓိကထား၍ မြန်မာပြည်တောင်ပိုင်းဒေသသတင်းများ၊ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လွှတ်တော်၊ ရွေးကောက်ပွဲ၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှုင့် အထွေထွေဗဟုသုတဆိုင်ရာများကို Multimedia ဖြင့် ဖော်ပြလျက်ရှိသည်။