Ta'ang Information News -TIN

  • Home
  • Ta'ang Information News -TIN

Ta'ang Information News -TIN တအာင်းဒေသတွင်းသတင်းအချက်အလက်များ မှန်ကန်စွာသိရှိရန်

ယနေ့ည နမ့်ဆန်မြို့ ဗုံးကြဲခံရတအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ (၁၂)ရက်နေ့ ည (၁၁း၄...
12/08/2024

ယနေ့ည နမ့်ဆန်မြို့ ဗုံးကြဲခံရ

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ (၁၂)ရက်နေ့ ည (၁၁း၄၁)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံး (၆)လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေများမသိရသေး"

ကျော;ကပါဝ်းဒဲ့ တားဇိုက့်ဇားအဲစာနံင်ပေဲန်ဘ္လောမ်း တောန်းချှေ; တောန်းအီးအော်...
10/08/2024

ကျော;ကပါဝ်းဒဲ့ တားဇိုက့်ဇားအဲ
စာနံင်ပေဲန်ဘ္လောမ်း တောန်းချှေ; တောန်းအီးအော်...

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် ဒေသခံသေဆုံးမှု (၆)ဦးအထိရှိလာပြီး (၁၀)ဦးဒဏ်ရာရကာ ဆိုင်ခန်း...
07/08/2024

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် ဒေသခံသေဆုံးမှု (၆)ဦးအထိရှိလာပြီး (၁၀)ဦးဒဏ်ရာရကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီး

ကွတ်ခိုင်၊ သြဂုတ် ၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၅) နယ်မြေ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသူ ဒေသခံ(၆)ဦးအထိရှိလာပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီးသွားခဲ့သည်။

သြဂုတ်လ ၅ ရက်နေ့ ညနေ (၃း၀၀)နာရီအချိန် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းနှင့် (၄)ကြိမ် လာရောက်ပြီး ပေါင်(၅၀၀)ဗုံး (၇)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် (၅)နှင့် ရပ်ကွက်(၈)ရှိ ဒေသခံပြည်သူ(၆)ဦးဗုံးစထိမှန်သေဆုံးပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း (၄၀၁)ခန်းလည်း​ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကာ အရပ်သား နေအိမ် (၁၀)အိမ်ထက်မနည်းထိခိုက်ပျက်စီးသွားခဲ့သည်။

အဆိုပါ ဗုံးကြဲချမှုကြောင့် မီးလောင်သွားသည့် မြို့မစျေးတွင် PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး စျေးအတွင်းတွင် ပစ္စည်းများ ခိုးဆိုးလုယက်မှုများ မရှိစေရန်အတွက် PSLF/TNLA တပ်ဖွဲ့က လုံခြုံရေးယူထားပေးခဲ့သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

တိုက်ပွဲဖြစ်ပွားရာဒေသမဟုတ်သည့် နေရာများမှ အပြစ်မဲ့အရပ်သားပြည်သူလူထုများကို လေကြောင်းမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်...
07/08/2024

တိုက်ပွဲဖြစ်ပွားရာဒေသမဟုတ်သည့် နေရာများမှ အပြစ်မဲ့အရပ်သားပြည်သူလူထုများကို လေကြောင်းမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့၏ သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်

:
Channel: 3 Brotherhood Alliance (AA+MNDAA+TNLA)
: ညီနောင်မဟာမိတ် (၃) ဖွဲ့

စစ်အာဏာရှင်ရှိနေပါက အာဏာသိမ်းမှုထပ်ကြုံနေရမည်ဟု TNLA ဒုဥက္ကဋ္ဌပြော◾️စစ်အာဏာရှင်ကင်းစင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး...
03/08/2024

စစ်အာဏာရှင်ရှိနေပါက အာဏာသိမ်းမှုထပ်ကြုံနေရမည်ဟု TNLA ဒုဥက္ကဋ္ဌပြော

◾️စစ်အာဏာရှင်ကင်းစင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သွေးစည်းညီညွတ်ကြရန် တိုက်တွန်း

ဟန်နွေ/People’s Spring

စစ်အာဏာရှင်များရှိနေသည့် ကာလပတ်လုံး စစ်တပ်အာဏာသိမ်းမှုကိစ္စများ ထပ်မံကြုံနေရမည်ဖြစ်၍ မြန်မာပြည်မြေပေါ်မှ စစ်အာဏာရှင် ကင်းစင်ရေးအတွက် မြန်မာပြည်သားတိုင်းမှာ ကိုယ်စီကိုယ်ငှတာဝန်ရှိကြကြောင်း တအာင်းတပ်မတော်(TNLA) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောသည်။

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီး ထူထောင်နိုင်ရေးအတွက် သွေးစည်း ညီညွတ်ကြ"ဟုလည်း ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောသည်။

ယနေ့(ဩဂုတ် ၃ရက်) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက လူမှုကွန်ရက်တွင် ယခုကဲ့သို့ ရေးသားကာ စစ်အာဏာရှင်ဖြုတ်ချရေးအားလုံး၌ တာဝန်ရှိမှုကို အသိပေးခဲ့သည်။

ထို့ပြင်ခေတ်အဆက်ဆက် စစ်တပ်ကတိုင်းရင်းသားအဖွဲ့များနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူလူထုလှုပ်ရှားမှုများအား ဖိနှိပ်ခဲ့မှုအခြေအနေများကိုလည်းအသိပေးခဲ့သည်။

"7 ဇူလိုင်၊ မှိုင်းရာပြည့်၊ ဆင်မလိုက်သင်ဘောကျင်း အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး၊ နွေဦးတောင်လှန်ရေးတို့အပြင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ ပြန်အမှတ်ရကြပါ။ စစ်အာဏာရှင်ရှိနေသေးတဲ့ကာလပတ်လုံး ထပ်မံကြုံတွေ့နေရဦးမယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတို့လို ထပ်မံကြုံတွေ့နေရဦးမယ်” ဟု ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားက ပြောသည်။

ယခင်က ရက္ခိုင်၊ ကိုးကန့်နှင့် တအာင်းလက်နက်ကိုင်တပ်များအပေါ် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုများကိုလည်းမီးမောင်းထိုး ဖော်ပြထားသည်။

" တစ်ချိန်က ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သော ခိုင်မိုးလင်းတို့အဖွဲ့ကို ချင်းပြည်နယ်တစ်နေရာမှာ စစ်အာဏာရှင်စစ်တပ်ရဲ့ အမြစ်ချေမှုန်းပစ်ခံရဖူးတယ်။ စစ်အာဏာရှင်အတွက် ဗကပ ပြိုကွဲအောင်၊ တစ်ပြည်လုံးနီးပါး အတုအယောင် ငြိမ်းချမ်းရေးယူဖြစ်အောင် စွမ်းဆောင်ပေးတဲ့ MNDAA ခေါင်းဆောင် ဖုန်ကြာရှင်နဲ့ ဖုန်ကြာဖူညီအစ်ကိုနှစ်ယောက်ကို သူတို့တည်ဆောက်ထားတဲ့ လောက်ကိုင်မြို့ကြီးမှ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ပြီး ညတွင်းချင်း တိုက်ထုတ်ခံရတယ်။ ဦးအိုက်မုန်းဦးဆောင်တဲ့ PSLO/PSLA တပ်ဖွဲ့ကို ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မန်တုံမြို့၊ မြို့မဘောလုံးကွင်းထဲမှာ စစ်အာဏာရှင်ရဲ့ အတင်းအဓမ္မ လက်နတ်ဖြုတ်သိမ်းခံရတဲ့ ဖြစ်စဥ်တွေ ပြန်ပြောင်းအမှတ်ရကြပါ"ဟု TNLA ဒုဥက္ကဋ္ဌက သတိပေးသည်။

လက်ရှိတွင် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ရက္ခိုင်(AA) တို့ ညီနောင်မဟာမိတ်အဖြစ် စုစည်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်း ရာချီသိမ်းပိုက်ကာ ရှမ်းမြောက်၊ရက္ခိုင်ရှိ မြို့များစွာကို ထိန်းချုပ်ထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် စစ်အာဏာရှင် စစ်ကောင်စီကို အထိနာစေခဲ့ပြီး လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဆက်လက်ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ တစ်ဖက်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီ စစ်ဆင်ရေးများကို တော်လှန်ရေးတပ်ဖွဲ့များက ဖော်ဆောင်လျက်ရှိသည်။

တအာင်းတပ်မတော် TNLA မှမိုးမိတ်မြို့သိမ်းပြီးနောက် လက်နက်ခဲယမ်းမျိုးစုံ 400 ကျော်သိမ်းဆည်းရမိPhoto. The Ta'ang Post
01/08/2024

တအာင်းတပ်မတော် TNLA မှမိုးမိတ်မြို့သိမ်းပြီးနောက် လက်နက်ခဲယမ်းမျိုးစုံ 400 ကျော်သိမ်းဆည်းရမိ

Photo. The Ta'ang Post

ကားသမားဆီက SSPP(SSA)အဖွဲ့.....ငွေတောင်း👉မူဆယ်/သြဂုတ်-၁ရက်နေ့👈နမ့်ခမ်း မူဆယ် လိုင်းဆွဲနေတဲ့ကားသမားပြောပြချက်အရ 👉မူဆယ်အထွက...
01/08/2024

ကားသမားဆီက SSPP(SSA)အဖွဲ့.....ငွေတောင်း👉
မူဆယ်/သြဂုတ်-၁ရက်နေ့👈
နမ့်ခမ်း မူဆယ် လိုင်းဆွဲနေတဲ့ကားသမားပြောပြချက်အရ 👉
မူဆယ်အထွက် ပန်ခမ်းရွာမှာ ရှိနေတဲ့ SSPP(SSA)ရှမ်းအဖွဲ့များ တအာင်းကားသမားဆိုရင် အတက်၅ထောင်
အဆင်း၅ထောင် ပစ္စည်းများရင် များသလို
၁သောင်းအထက်
တောင်းတယ် အမည်မဖော်လိုတဲ့လိုင်းကားသမားက
TIN ပြောပြပါတယ်
ရှမ်းကားတော့မကောက်ဘူးတဲ့
တအာင်းကားဆို တားပြီးပိုက်ဆံတောင်းတယ်

မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ချက် - ဝပြည်နယ်သွေးစည်းည...
30/07/2024

မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်

ထုတ်ပြန်ချက် - ဝပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA

29/07/2024
29/07/2024
29/07/2024
ရူပ်ရာင် ဆီုက်စူမ် MNDAA/MNTJP ကဲ လာည်ဒံန်ခြဲ ခေဲင်ကုင်လာဆေဝ်၊ MNDAA/ MNTJP အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှ လုံခြုံရေးအ...
29/07/2024

ရူပ်ရာင် ဆီုက်စူမ် MNDAA/MNTJP ကဲ လာည်ဒံန်ခြဲ ခေဲင်ကုင်လာဆေဝ်၊

MNDAA/ MNTJP အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှ လုံခြုံရေးအသင်းဝင်များက လားရှိုးမြို့ လုံခြုံရေးအတွက် ကင်းလှည့် လုပ်ဆောင်ကြသည့် ပုံတွေကို The Kokang News ကထုတ်ပြန်လိုက်ပါ သည်။
Photo - The Kokang

လားရှိုးမီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ပြီး အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြ...
29/07/2024

လားရှိုးမီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ပြီး အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ

ဇူလိုင် ၂၉

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ မီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ကြောင်း MNDAA ဘက်က ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် လားရှိုးမီးရထားဘူတာရုံကို MNDAA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။

" ရမခမှာတော့ ဝင်အလုံးခံနေရပြီ။

သိန္နီမှာ အရပ်သားတွေကို ဦးတည်ပြီး စစ်ကောင်စီ ဆက်တိုက်လေကြောင်းတိုက်ခိုက်၊ ကလေးအပါ မိသားစု ၃ ဦးသေဆုံး၊ ကလေးမိခင် ခြေပြတ် ...
28/07/2024

သိန္နီမှာ အရပ်သားတွေကို ဦးတည်ပြီး စစ်ကောင်စီ ဆက်တိုက်လေကြောင်းတိုက်ခိုက်၊ ကလေးအပါ မိသားစု ၃ ဦးသေဆုံး၊ ကလေးမိခင် ခြေပြတ်

ဇူလိုင် ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တဖက်သတ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ ၂၈ရက် မနက် ၂ နာရီကျော်မှာ ရပ်ကွက်-၄ က မူဆယ်နဲ့ ကွမ်းလုံလမ်းခွဲကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချခဲ့တာမှာ ရွှေသိန္နီကားဂိတ်အိမ်ကို ဗုံးကျလိို့မိသားစု ၇ ယောက်ထဲက ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ကလေးမိခင်ဖြစ်သူ ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိန္နီ ရေပူစမ်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လူကြီး ၁ယောက်က နောက်မှသေတာ၊ ဆေးရုံမှာပဲ၊ ကျမတို့တော့ မြို့ထဲ မနေရဲလို့ ရွာတွေဘက် ပြေးကြပြီ။ မြို့ထဲလဲ နေ့ဘက်ပဲ ခဏလောက်နေ ညဘက်ဆို ဓါတ်တော်စေတီမှာ အိပ်ကြတယ်”လို့ သူက ပြောပါတယ်။

ဗုံးဒဏ်ကြောင့် အချို့အိမ်တွေအတွင်း ရေကန်နီးပါးကြီးတဲ့တွင်းတွေ ဖြစ်ပေါ်ခဲ့သလို အိမ်တွေ ပြိုကျပျက်စီးခဲ့ရပြီး ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၅ရက်ကလည်း မြေပဲကုန်းရပ်ထဲ လေယာဉ်ပေါ်ကနေ အရပ်သားအိမ်တွေကို စက်သေနတ်နဲ့ပစ်လို့ အိမ်အတော်များများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီလေယာဉ်ဟာ ပြည်သူတွေ ညအိပ်ချိန်မှာ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး ဗုံးကြဲစက်သေနတ်တွေနဲ့ ပစ်နေတာဟာ ပြည်သူတွေ နားမလည်ဖြစ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမြို့ကိုပဲ အဆက်မပြတ် တဖက်သတ် ပြည်သူတွေကို လာပစ်နေတာ၊ စစ်သားအချင်းချင်းတိုက်ရမှာကို ပြည်သူကိုပဲ လာသတ်နေတာ နားမလည်နိုင်တော့ဘူး”လို့ သူက ပြောပါတယ်။

လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲနေတာ၊ စက်သေနတ်တွေနဲ့ ရမ်းပစ်နေတာ၊ လူထိပြီး နေ့တိုင်းသေနေတာတွေ မရှိစေဖို့ တဖက်သတ် လာတိုက်နေတာကို ရပ်စေချင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီက ညနေပိုင်း ၄နာရီခွဲလောက် စျေးမှာ လူစည်ကားချိန် ပေါင် ၅၀၀ ဗုံးတွေကြဲချလို့ SNLD ပါတီက အတွင်းရေးမှူး သေဆုံးခဲ့ရသလို အမှတ် ၁ရပ်ကွက်က ဒေါ်နန်းအားဝူ အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပါသေးတယ်။

🟢 တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်မဲမြို့အခြေအနေဇူလိုင် ၂၈ ရက်၊ ကျောက်မဲရှမ်းမြောက် ကျောက်မဲမြို့ပြင်ရှိ စစ်ကောင်စီ ခြေမြန်...
28/07/2024

🟢 တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်မဲမြို့အခြေအနေ
ဇူလိုင် ၂၈ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့ပြင်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၅၀၁၊ ၅၀၂ )ကို တအာင်းတပ်မတော်- TNLA နဲ့ ပူးပေါင်းတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေပါတယ်။

ခမရ ၅၀၂ ရဲ့ နေရာတချို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်နိုင်ခဲ့ပေမဲ့ အပြီးသတ် သိမ်းပိုက်နိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။

စစ်တပ်ဘက်ကလည်း စခန်းမကျဖို့ ဒီနေ့ ဇူလိုင် ၂၈ ရက် နေ့လယ် ၂ နာရီမှာ ဂျက်ဖိုက်တာနဲ့ တိုက်ပွဲ ဖြစ်ရာသို့ ၃ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

မြို့တွင်းကိုတော့ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး ရှမ်းတောင်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်ကို TNLA နဲ့ ပူးပေါင်းတပ် တိုက်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိခဲ့ပါတယ်။

ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်
ကတည်းက TNLA နဲ့ ပူးပေါင်းတပ်က စတင်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

၁၀၂၇ ဒုတိယလှိုင်းအတွင်း နောင်ချိုနဲ့ မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်

28/07/2024
လားရှိုးမြို့နေပြည်သူများသို့ ရည်ညွှန်း၍  MNDAA ကြေညာချက်ထုတ်▪︎ပုဂ္ဂလိကနေအိမ်အဆောက်အအုံများမပျက်စီးစေရန် ၊ ပြည်သူများကို...
28/07/2024

လားရှိုးမြို့နေပြည်သူများသို့ ရည်ညွှန်း၍ MNDAA ကြေညာချက်ထုတ်

▪︎ပုဂ္ဂလိကနေအိမ်အဆောက်အအုံများမပျက်စီးစေရန် ၊ ပြည်သူများကိုကာကွယ်ရန် တပ်ဖွဲ့ဝင်များကိုအဓိကညွှန်ကြား

- People's Spring

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က လားရှိုးမြို့ပြည်သူလူထုသို့ ဦးတည်၍ အချက် ၇ ချက်ပါသောထုတ်ပြန်ကြေညာချက် ကိုထုတ်ပြန်လိုက်သည်။

MNDAA တပ်ဖွဲ့ဝင်များအနေဖြင့် ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများကို မကျူးလွန်ရ ချိုးဖောက်ပါက ပြင်းထန်စွာအရေးယူမည် ၊ အရပ်သားနေအိမ်များကို စစ်ရေးအဆောက်အဦးအဖြစ် အသုံးပြုနေထိုင်ခြင်းမပြုရန် ၊ စစ်ရေးဆိုင်ရာလှုပ်ရှားမှု မဟုတ်ဘဲ အရပ်သားနေအိမ်သို့မဝင် ရန် ၊ အရပ်သားကားများကို အတင်းအဓမ္မအသုံးပြုခြင်းမလုပ်ရန် ၊အရပ်သားများထံမှ ငွေကြေးသိူ့မဟုတ် ပစ္စည်းကောက်ခံခြင်းပို့ခိုင်းခြင်းမပြုရန်၊
စစ်ျရးအုပ်ချုပ်မှုကာလအတွင်း မည်သူထံကမျှ အခွန်မကောက်ရန် ၊လူ့အခွင့်အရေးချိုးဖောက်ပါကပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြထားသည်။

ထိုအပြင် ဒုက္ခသည်များကိုကူညီရန် ၊ဒဏ်ရာရသူများကိုကယ်တင်ရန် ၊တိုက်ပွဲကြောင့် ဒုက္ခရောက်ရသူများကိုလည်းကောင်းမွန်စွာပြုစုစောင့်ရှောက်ရန်လည်း ဖော်ပြထားသည်။ထုတ်ပြန်ချက်ရက်စွဲကို ဇူလိုင် ၂၇ ရက်တပ်ထားပြီး ယနေ့(ဇူလိုင် ၂၈)တွင်တရားဝင်ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်သုံ့ပန်းများ ၊လက်နက်ချသူ ၊အလင်းဝင်သူများကိုလည်းကောင်းမွန်စွာဆက်ဆံရန် မည်သည့်အကြောင်းနှင့်မျှ ခွဲခြားဆက်ဆံခြင်း၊နှိပ်စက်လြင်းမပြုရဟု ညွန်ကြားထားသည်။

စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း မူလ တာဝန်ရာထူးဖြင့်ထမ်းဆောင်စေမည်ဟုဖော်ပြသည်။သို့သော် ပြည်သူများကမူ စစ်ကောင်စီဝန်ထမ်းများကို တာဝန်ဆက်လက်ထမ်းဆောင်စေခြင်းမပြုဘဲ စစ်အုပ်စုကို အကြမ်းမဖက်အာဏာဖီဆန်မှုပြုလုပ်နေသော CDM ဝန်ထမ်းများကို ဦးစာပေးတာဝန်ထမ်းဆောင်စေလိုကြောင်းပြောကြသည်။

လားရှိုးမြို့နေ ပြည်သူများ၏ အသက်အိုးအိမ်စ်းစိမ်များကာကွယ်ရန် ၊ပြည်သူများ၏ နေထိုင်ရေး
နှင့် ကုန်ထုတ်လုပ်မှုများ မူလအတိုင်းရောက်ရှိစေရန် ၊ လူ့ဘောင်အဖွဲ့အစည်းတာ်ငြိမ်အေးချမ်းစေရန် MNDAA နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီတို့က ယခုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ပြည်သူလူထုလွတ်လပ်ခွင့်ကိုချိုးဖောက်ခြင်း ၊ ဖမ်းဆီးချုပ်နှောင် ခြင်း နှင့် ရိုက်နှက်စစ်ကြောခြင်းတို့ကို လုံးဝ ကန့်ကွက်သည်ဟုလည်းပါရှိသည်။မြို့ရှိ တိုင်းရင်းသားများ တန်းတူညီမျှအခွင့် အရေးရှိမည်ဖြစ်ပြီး ခွင့်ခြားဆက်ဆံမှု မပြုရဟုဆိုသည်။

ဘာသာရေး နှင့် ဘာသာရေး အဆောက်အုံများကို ဖျက်ဆီးခြင်း ခွဲခြားခြင်းမပြုရဘဲ အထူးဒေသ (၁)ဥပ​ဒေ နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ရန်လည်းဖော်ပြထားသည်။

စစ်ကောင်စီအကာအကွယ် ပေးမှုကြောင့် ဆိုက်ဘာမှုခင်း၊ အွန်လိုင်းလိမ်လည်မှု (ကျဖျင်)လုပ်ငန်းများလားရှိုးမြို့တွင်အကြီးအကျယ်လုပ်ဆောင်နေခြင်းကို တိုက်ဖျက်ပြီး ၊ကျဖျင်လုပ်ကိုင်သောတရုတ်နိုင်ငံသားများဖမ်းဆီးရရှိပါက တရုတ်သို့လွှဲပြောင်းပေးမည်ဟုအသိပေးထားသည်။

စစ်ကောင်စီလက်ထက်တွင် မူးယစ်ဆေးဝါးရောင်းဝါးသုံးစွဲမှုအပေါ် ကြပ်မတ်မှုအားနည်းခဲ့သောကြောင့်လားရှိုးမြို့တွင် မူးယစ်ဆေးဝါးအလွန်ပေါများနေပြီး ၊ဒေသခံများကလည်းမုန်းတီး၍ မူးယစ်တိုက်ဖျက်ရေးကို ဆောင်ရွက်မည်ဟုလည်းဆိုသည်။

28/07/2024

လားရှိုး ခလရ ၆၈ နှင့် ဆင်တောင် စစ်တပ်စခန်း ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ခလရ ၆၈ နှင့် ဆင်တောင်ထိပ်ရှိ စစ်တပ်စ ခန်း ကို MNDAA က သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်အချိန် MNDAAက ခလရ ၆၈ ခြေ မြန်တပ်ရင်းအတွင်းရှိ စခန်းအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ယာဉ် ၁၀ စီး အပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် လားရှိုးမြို့ ဆင်တောင်ထိပ်တွင် တည်ရှိသော စစ်ကောင်စီတပ်၏ အသံလွှင့်ကုန်းမြင့်စခန်းကို MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

28/07/2024
ဝပလောင်လူမျိုးသမိုင်း လေ့လာသူတစ်ဦး၏ ကချင်ဆပ်စတိတ်လုပ်ဇာတ်အကြောင်းကို မျှဝေလိုက်ခြင်း။==================================...
27/07/2024

ဝပလောင်လူမျိုးသမိုင်း လေ့လာသူတစ်ဦး၏ ကချင်ဆပ်စတိတ်လုပ်ဇာတ်အကြောင်းကို မျှဝေလိုက်ခြင်း။
=======================================

ကွတ်ခိုင်နယ်အများဆုံးပါဝင်သည့် ကချင် Sub State နှင့်ပတ်သက်၍ရှင်းလင်းချက်

၁။ ရှမ်းပြည်မြောက်ပိုင်းသို့ကချင်လူမျိုးများစတင်ပျံ့နှံ့ဝင်ရောက်လာခြင်း
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်သည်ထိစပ်နေခဲ့ရာ အေဒီ၁၈ ရာစုခန့်မှစ၍ကချင်လူမျိုးအချို့သည် ဗန်းမော်နယ်၏တောင်ဘက်သို့ တဖြည်းဖြည်းပြောင်းရွှေ့လာကြကာရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းဒေသ တဝိုက်တွင်ရှေးနှစ်ထောင်ချီမှစ၍နေထိုင်ခဲ့ကြသည့်ပလောင်လူမျိုးများနှင့်နီးစပ်စွာ နေထိုင်ခဲ့ကြသည်။ ထိုသို့နေထိုင်ရာမှတဆင့် ယနေ့ကွတ်ခိုင်ဒေသသို့ ဆက်လက်ပျံ့နှံ့ရောက်ရှိပြီး သိန္နီစော်ဘွား၏လက်အောက် တွင်နေထိုင်ကြပြီးအချို့မှာအခြားရှမ်းစော်ဘွားများ၏ စစ်ဘက်ဆိုင်ရာအမှုထမ်းဆောင်ရန်အတွက်ရှမ်းပြည် မြောက်ပိုင်းရှိစော်ဘွားနယ်များသို့လည်းမိသားစုလိုက်ပြောင်းရွှေ့ခဲ့ကြသည်များရှိကြသည်။

၂။ ကချင်လူမျိုးများသိန္နီနယ်တွင် တွင်ကျယ်လာခဲ့ရခြင်းမှာ သိန္နီစော်ဘွားကြီး စဝ်ခွန်စံတုံဟုမ်း နန်းစံ ၁၈၈၈-၁၉၁၅ ၏စော်ဘွားရာထူးရရှိရေး တိုက်ပွဲများတွင်သိန္နီနယ်သားများဖြစ်သည့် ရှမ်း၊ ဝ ၊ပလောင် ၊ကချင် လူမျိုးများမှ ကူညီတိုက်ခိုက်ပေးခဲ့ကြသည်ကိုသမိုင်းအထင်အရှားတွေ့ရှိခဲ့ရသည်။ ထိုတိုက်ပွဲများအပြီး သိန္နီစော်ဘွားကြီးစဝ်ခွန်စံတုံဟုမ်းနန်းစံနေချိန်တွင်ကချင်လူမျိုးများအားအခွန်တော်ငွေတိုးကောက်သည်ကို အကြောင်းပြု၍ယခင်ကူညီခဲ့ဖူးသောကချင်လူမျိုးများမှာအလွန်ပင်ဒေါသထွက်ကြပြီးလက်နက်၊လူစုဆောင်းကာ သိန္နီမြို့အားလာရောက်ဝန်းရံတိုက်ခိုက်ကြသဖြင့်သိန္နီစော်ဘွားကြီးမှာငြိမ်းချမ်းရေးအားဦးတည်သောအားဖြင့် သိန္နီနယ်အတွင်းရှိကချင်ဒူဝါများနေထိုင်သောကျေးရွာများအားအခွန်တော်လွတ်ခံစားခွင့်ပေးခဲ့သည်။ အခွန်တော်လွတ် ခံစားခွင့်ပေးခြင်းဆိုသည်မှာ နယ်မြေပိုင်ဆိုင်ခွင့်ပေးခြင်းမဟုတ်ပဲအခွန်ကောက်ပိုင်ခွင့်ရှိသော စော်ဘွားမှ၎င်းပိုင်ဆိုင်သောနယ်မြေများအတွင်းနေထိုင်ကြသူအချို့အားခြွင်းချက်ဖြင့်ဒူဝါများအားအခွန်ခံစား ခွင့်ပေးခဲ့ခြင်းသာဖြစ်သည်။

၃။ ယခုအခါကချင် Sub State အဖြစ်တောင်းဆိုနေသောကွတ်ခိုင်နယ်နှင့် ပတ်သက်၍ ဗြိတိသျှအစိုးရ၏ ပြန်တမ်းအနေဖြင့်ထုတ်ဝေသည့် အထက်ပါ Gazetteer of Upper Burma and Shan State Part 2 Volume 1 ၁၉၀၁ စာမျက်နှာ ၄၈၉ တွင်ကွတ်ခိုင်နယ်နှင့်ပတ်သက်၍အင်္ဂလိပ်မှတ်တမ်းအားအထင်အရှားတွေ့ရှိရသည်။ ကွတ်ခိုင်နယ်တွင်ပလောင်လူမျိုးများအများစုနေထိုင်ကြပြီး အုပ်ချုပ်သူအကြီးအကဲမှာ ပလောင်လူမျိုးသာ ဖြစ်သည်။

၎င်းပလောင်စော်ဘွားအား Kang ဟုခေါ်သည်။ ၎င်းပလောင်စော်ဘွားမှာသိန္နီစော်ဘွားကြီးလက် အောက်ခံသာဖြစ်သည်။ ကချင်လူမျိုးများအကြောင်းဖော်ပြထားခြင်းလုံးဝမပါရှိပါ။

၄။ မြန်မာနိုင်ငံအားဗြိတိသျှအစိုးရမှဗမာ့နိုင်ငံရေးလွတ်လပ်ခွင့်နှင့်တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများ ပိုမိုပေးအပ်လာခဲ့သော၁၉၃၅ ခုနှစ်တွင်စတင်သည့်Government of Burma Act အရ ဗြိတိသျှမြန်မာနိုင်ငံ အတွင်းရှိတောင်တန်းဒေသများအားအထူးအခွင့်အရေးအနေအဖြစ်စီမံအုပ်ချုပ်သည့်တောင်တန်းဒေသများ စာရင်းတွင်ပါရှိသည့်မြန်မာနိုင်ငံအက်ဥပဒေပုဒ်မ-၁၅၈ စာမျက်နှာ (၆၂) တွင်ကချင်နှင့်ပတ်သက်၍ မြစ်ကြီးနား ဗန်းမော်နှင့်ကသာခရိုင်များကိုသာဖော်ပြခဲ့သည်။ ကွတ်ခိုင်နယ်ရှိကချင်လူမျိုးများအကြောင်းမပါရှိပါ။

၅။ ကချင်လူမျိုးများမှသိန္နီစော်ဘွားနယ်မြောက်ပိုင်းကွတ်ခိုင်ဒေသအား Kachin Sub State အဖြစ်စတင်တောင်း ဆိုလာသည့်အထောက်အထားအနေအဖြစ်ဒူဝါအယ်ခွန်ဆိုင်အငြိမ်းစားခရိုင်ဝန်ကျောက်မဲမြို့မှလက်ရေးဖြင့်ရေး သားထားသောမှတ်တမ်းတခုရှိကြောင်းတွေ့ရှိရသည်။ အဆိုပါမှတ်တမ်းမှာ ၉ ရက် ၁၂ လ ၁၉၄၇ ခုနှစ်တွင် ထိုစဉ်ကသိန္နီစော်ဘွားကြီးစဝ်ဟုန်ဖမှမြောက်ပိုင်းသိန္နီနယ်အတွင်းရှိကချင်တိုက်နယ်များကိုကချင်ဒူဝါများမှလွတ်လပ်စွာအုပ်ချုပ်ပိုင်ခွင့်လွတ်လပ်စွာအခွန် ( ကြေးတော်) ကောက်ခံပိုင်ခွင့်ကိုသိန္နီစော်ဘွားကြီးအနေဖြင့်ပဋိညာဉ် စာချုပ်ချုပ်ဆိုပေးအပ်ခဲ့ပါသည်ဟုစတင်ရေးသားထားသည်။ ထိုစာချုပ်နှင့်ပတ်သက်၍အဆိုပါစာချုပ်၏မူရင်း/ မိတ္တူကိုယနေ့ထက်တိုင်ကချင်လူမျိုးလက်ဝယ်၌သော်လည်းကောင်း၊ သိန္နီစော်ဘွားကြီး၏အဆက်အနွယ်များ လက်ဝယ်၌သော်လည်းကောင်းသက်ဆိုင်ရာမြန်မာဗဟိုအစိုးရ၏လက်ဝယ်၌သော်လည်းကောင်းဖော်ပြနိုင်ခြင်း လုံးဝမရှိပါ။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ State ပြည်နယ် Sub State ပြည်နယ်ခွဲအဖြစ်သတ်မှတ် လိုလျင်နိုင်ငံတော်အဆင့်လွှတ်တော်မှသာသတ်မှတ်နိုင်ခွင့်ရှိပါသည်။ သို့သော်ယင်းစာချုပ်ရှိခဲ့သည်ဟုဆိုခြင်း သည်ပဏာမတွေးတောချက်တခုသာဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူကွတ်ခိုင် ဒေသမှကချင်လူမျိုးများအနေနှင့်သူတို့၏လွတ်လပ်ပိုင်ခွင့်ကိုစည်းရုံးခြင်းစတင်မှုဟုယူဆနိုင်ပါသည်။ တရားဝင်စာချုပ်လုံးဝမဖြစ်ခဲ့ပါ။ အထက်ပါလက်ရေးစာအား Kachin Sub State တောင်းဆိုမှုအလွန်မြင့်မား လာသည့် ၂၀၀၃ ခု ၉ လ ၉ ရက်နေ့နေ့စွဲဖြင့်တွင်ဒူဝါအယ်ခွန်ဆိုင်မှလက်ရေးဖြင့်ရေးသားခဲ့သောထောက်ခံစာ တရွက်သာဖြစ်ပါသည်။

၆။ ကချင် Sub State နှင့်ပတ်သက်၍ ကချင်လူမျိုးများဘက်မှဓာတ်ပုံမှတ်တမ်းအချို့ဖော်ပြလာခြင်းရှိပါသည်။ အဆိုပါဓာတ်ပုံမှတ်တမ်းများမှာ ၁၉၄၇ခုနှစ် ကချင် Sub State စာချုပ်အားအမှီပြု၍ကချင်လူမျိုးများစုပေါင်းကာ မိမိတို့သဘောအလျောက်Kachin Sub Stateအမည်ပေးပြီးကော်မတီဖွဲ့ကာစုပေါင်းဓာတ်ပုံရိုက်ထားသောဓာတ်ပုံ မှတ်တမ်းများသာဖြစ်ကြပါသည်။ ဓာတ်ပုံမှတ်တမ်းများအရ ၁၉၄၇- ၁၉၅၈-၁၉၅၉ ဟုတွေ့ရှိရပြီးကချင်အမျိုး သားဝတ်စုံအနက်ရောင်နှင့်အတူအညိုရောင်ဝတ်စုံဝတ်ထားသူများပါဝင်နေခြင်းကိုလည်းတွေ့ရပါသည်။ သို့သော်ဓာတ်ပုံအောက်ရှိအမည်များအရအညိုရောင်ဝတ်စုံဝတ်သူများမှာလည်းရှမ်းလူမျိုးများမဟုတ်ဘဲကချင်လူမျိုးစစ်စစ်များဖြစ်ကြောင်းဓာတ်ပုံအောက်ရှိအမည်များမှသက်သေခံနေပါသည်။ယနေ့ထက်တိုင်အချို့ကချင် လူမျိုးများသည်ရှမ်းလူမျိုးများကဲ့သိုအညိုရောင်ဝတ်စုံဝတ်ဆင်ကာခေါင်းပေါင်းဖြူပေါင်းသောအလေ့ရှိဆဲဖြစ် ပါသည်။ သိန္နီနောက်ဆုံးစော်ဘွားကြီးစဝ်ဟုန်ဖလက်ထက်တွင်၁၉၅၉ စော်ဘွားအာဏာစွန့်ချိန်ထိစော်ဘွား၏အမတ်ချုပ်မှာကချင်လူမျိုးတဦးဖြစ်ကြောင်းမှတ်တမ်းများအရသိရှိရပါသည်။ အဆိုပါကချင်အမတ်ချုပ်အား ခန့်အပ်ခြင်းမှာသိန္နီနယ်၏အုပ်ချုပ်ရေးအတွင်းကချင်လူမျိုးအမတ်ချုပ်အနေဖြင့်ခွဲဝေတာဝန်ထမ်းဆောင်စေခြင်း မှာထင်ရှားပါသည်။ သို့သော်စော်ဘွားခေတ်ကုန်ဆုံးသည်ထိ ကချင် Sub State ရှိခဲ့ကြောင်း မှတ်တမ်းလုံးဝမကျန်ရှိပါ။

၇။ သို့သော်လည်းလွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်မှစ၍ Kachin Sub State ရှိကြောင်းကိုသက်သေပြလိုသော ကချင်လူမျိုးအချို့မှ Kachin Sub State တွင်အပိုင်း ၂ ပိုင်း ပါရှိကြောင်း ရေးသားလာကြပါသည်။ ကွတ်ခိုင် Kachin Sub State ၊ ကိုးတောင် Kachin Sub State ဟူ၍ပလောင်လူမျိုးအများစုနေထိုင်သည့် နမ့်ခမ်း၊ နမ္မတူ၊ မန်တုံနယ်များကိုပါထည့်သွင်းလာခဲ့ပါသည်။ ထို့အပြင်သိန္နီနယ်တောင်ဘက်အထိနေရာချဲ့ထွင် လာခဲ့ကြောင်း Kachin Sub State မြေပုံအရတွေ့ရှိခဲ့ရပါသည်။ အဆိုပါ Kachin Sub State စာအုပ်အား ကချင်ဘာသာ မြန်မာဘာသာဖြင့် ထုတ်ဝေသည်ကိုလေ့လာတွေ့ရှိရပါသည်။ သို့သော်လည်းအချို့သော သမိုင်းအချက်အလက်များမှာခိုင်မာမှုမရှိပဲကချင်အမျိုးသားရေးဝါဒနောက်ခံဖြင့်ရေးသားထားကြောင်း တွေ့ရှိရသည်။

လုံးဝအမှန်အကန်ဖြစ်တဲ့ အခြေအနေပါ
08/07/2024

လုံးဝအမှန်အကန်ဖြစ်တဲ့ အခြေအနေပါ

တအန်းစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း (Ta'ang Agricultural Institute - TAI) ရဲ့ ၂၀၂၄-၂၅  ပညာသင်နှစ်အတွက် ဖွင့်လှစ်။နမ္...
09/06/2024

တအန်းစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း (Ta'ang Agricultural Institute - TAI) ရဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဖွင့်လှစ်။

နမ္မတူ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့။

တအန်းပြည်နယ်၊ တပ်မဟာ (၄) စစ်ဒေသ၊ နမ္မတူမြို့တွင် တအန်းစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း (Ta'ang Agricultural Institute - TAI) ရဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဇွန်လ ၆ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါအခမ်းအနား၌ PSLF/TNLA ဒုတိယဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂျုတ်ဂျားအပါအဝင် ဗဟိုအထွေထွေအုပ်ရေးမှူး ဗိုလ်မှူးချုပ် ဂုဂျား၊ တွဲဖက်အတွင်းရေမှူး (၂) ဗိုလ်မှူးကြီး ပန်လ၊ တအန်းပြည်နယ်ရဲမှူးကြီး တားကုမ်ခြီးနဲ့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအရာရှိအရာခံများ၊ ကျောင်းသူ/သားများ၊ တိုင်းရင်းသားများစာပေယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော တိုင်းရင်းသားမိဘပြည်သူများ တက်ရောက်ကြပါတယ်။

TAI ကျောင်းတွင် ၂၀၂၄-၂၅ ပညာသင်နှစ်မှာ ကျောင်းသူ ၂၈ ယောက်၊ ကျောင်းသား ၁၅ ယောက် စုစုပေါင်း ၄၃ ယောက်ရှိပြီး သင်ကြားရေးကာလမှာ ၂၇ လကြာမြင့်မယ်ဖြစ်ပါတယ်။ ကျောင်းတွင် စိုက်ပျိုးရေးဘာသာရပ် ၇ ခုနဲ့ အခြားပညာရပ်ဆိုင်ရာ ၅ ခုတို့သင်ကြားသွားမယ်ဖြစ်ပြီး ကျောင်းပြီးဆုံးပါက ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်မယ်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

တအန်းပညာရေးအကယ်ဒမီကျောင်း TEA အပတ်စဥ် (၂) ဖွင့်လှစ်၊ တက်ရောက်လိုသူ ဇွန်လကုန်အထိ လျှောက်ထားနိုင်။ရက်စွဲ - ၂၀၂၄ ခုနှစ်၊ ဇွ...
06/06/2024

တအန်းပညာရေးအကယ်ဒမီကျောင်း TEA အပတ်စဥ် (၂) ဖွင့်လှစ်၊ တက်ရောက်လိုသူ ဇွန်လကုန်အထိ လျှောက်ထားနိုင်။

ရက်စွဲ - ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့။

တအန်းပြည်ပညာရေးကောင်စီ TLEC ရဲ့ တာဝန်ထမ်းဆောင်မယ့် ဆရာ/ဆရာမတွေကို မွေးထုတ်ပေးနေတဲ့ တအန်းပညာရေးအကယ်ဒမီကျောင်း TEC အပတ်စဥ် (၂) ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

သင်တန်းဖွင့်ပွဲကို ဇွန်လ ၃ ရက်နေ့၊ တအန်းပြည်တစ်နေရာတွင် ပြုလုပ်ပြီး လက်ရှိစာရင်းကရ သင်တန်းသား/သူ ၁၃၉ ဦး တက်ရောက်မှာဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ကြာမြင့်မှာ ဖြစ်ပါတယ်။

TEA သင်တန်းတက်လိုသူများအနေနှင့် တက္ကသိုလ်ဝင်တန်းနှင့် သင်ရိုးသစ် (Grate - 12) အောင်မြင်ရမယ်ဖြစ်ပြီး တက်ရောက်လိုသူများ ထပ်ရှိပါက ဇွန်လကုန်အထိ လျှောက်ထားနိုင်ပါတယ်။ အပတ်စဥ် (၁) မှာ ဆရာ/ဆရာမ ၁၂၀ မွေးထုတ်နိုင်ခဲ့ပြီး TLEC ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ တာဝန်ထမ်းဆောင်မယ်ဖြစ်တယ်။

ဒီနေ့ကျင်းပတဲ့ TEA ကျောင်း အပတ်စဥ် (၂) ဖွင့်ပွဲမှာ PSLF/TNLA ဒုတိယဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂျုတ်ဂျားနဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်တို့ တက်ရောက်ကြောင်း သိရတယ်။

03/06/2024
ဝပြည်နယ်ထူထောင်သည့် နှစ်ပတ်လည်နေ့တွင် PSLF/TNLA တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်။============================...
18/04/2024

ဝပြည်နယ်ထူထောင်သည့် နှစ်ပတ်လည်နေ့တွင် PSLF/TNLA တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်။
==============================
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သော ဝပြည်နယ်စတင်ထူထောင်သည့် ၃၅ နှစ်မြောက်အထိမ်းအမှတ်ပွဲသို့ PSLF/TNLA တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ဥက္ကဌ ဗိုလ်ချုပ်ကြီတားအိုက်ဘုန်း၊ ဒုတိယဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုတိယဥက္ကဌ (၂) ဗိုလ်ချုပ် တားခူးလန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးချုပ် ဗိုလ်ချုပ် တားဟိုပလန်၊ တွဲဖက်အတွင်းမှူး ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်းနှင့် မဟာမိတ်ရေးရာဌာနမှူး ဗိုလ်မှူးကြီး တားမိုးဟိန်းတို့ တက်ရောက်ကြောင်း သတင်းရရှိပါသည်။ အဆိုပါအခမ်းအနားထဲ၌ မဟာမိတ်အသီးသီးမှ ပေးပို့သော သဝဏ်လွှာများ ဖတ်ကြားသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီလ ပေးပို့သော သဝဏ်လွှာလည်း ဖတ်ကြားတင်သွင်းသွားကြောင်း သတင်းရရှိပါသည်။

နမ့်ခမ်းမြို့သင်ကြန်။===============၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ တအန်းအမျိုးသားလွတ...
17/04/2024

နမ့်ခမ်းမြို့သင်ကြန်။
===============
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်နေသည့် နမ့်ခမ်းမြို့၏ သင်ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက် အားလုံးသော အတာသင်ကြန်ရက် ၅ ရက်အတွင်း ယခင်နှစ်များနှင့်မတူပဲ အလွန်စည်ကားလျက်ရှိကြောင်းသတင်းရရှိပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအဖွဲ့ ထီးတော်တင်ခြင်းအခမ်းအနားတက်ရောက်ခြင်း။==============================၂၀၂၄ ခုနှစ်၊ ဧ...
10/04/2024

ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအဖွဲ့ ထီးတော်တင်ခြင်းအခမ်းအနားတက်ရောက်ခြင်း။
==============================
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက် ၈း၀၀ နာရီမှ ၉း၃၀ နာရီအထိ နမ့်ခမ်းမြို့နယ်၊ ထက်ပန်ယုတ်ကျေးရွာ၊ ဂေါင်းချလုံးတောင်ထိပ်ပေါ်၌ တည်ထားကိုးကွယ်သော သန္တိသုခစေတီတော်ကြီးမြတ်၏ ထီးတော်ကို PSLF/TNLA တပ်မတော်မှ ဒုတိယဌက္ကဉ (၁)၊ ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအဖွဲ့မှ တက်ရောက်တင်လှူပူးဇော်ကြောင်းသတင်းရရှိပါသည်။

ှံတိုးအီးဒါင်း တံပ်နာန်းတအာင်းကဲ ဟိုက့်ဟြာင်ထီး (စိက်) ကောင်းမူးပါ့် လှံင့်အေဲမ့်ခြီး၊ ခမိုအော်ည်လော၊ ကဇိုင့်မာန်စာက်။==...
03/04/2024

ှံတိုးအီးဒါင်း တံပ်နာန်းတအာင်းကဲ ဟိုက့်ဟြာင်ထီး (စိက်) ကောင်းမူးပါ့် လှံင့်အေဲမ့်ခြီး၊ ခမိုအော်ည်လော၊ ကဇိုင့်မာန်စာက်။
==============================
ဘိူန်းဘည့်ဘာည်း ဆငည့် - 2.4.2024 (ပကျိုဝ်းတိုက့် ဟိုက့် 9 ဆငည့်) တိုးအီးဒါင်းတံပ်နာန်းတအာင်း PSLF/TNLA ကဲအီးမို; ထာမ်းတားတီုင့်အော (1)၊ ထာမ်းခူန်ချုက်ဒါင်း တားဇိုက့်ဇား၊ ခေဲင်းကော်မ်မတီ တီုင့်အောနာန်း၊ ခူန်အောချုက် တားခူန်ဆာ၊ တားတီုင့်တံပ်ဒါင်း (1)၊ ထာမ်းခူန်အောဒါင်း တားစောင်လံမ်၊ ထာမ်းတားတီုင့်ဒါင်း (1)၊ ခူန်အော တားဇီုင့်ခြိူဝ်း၊ တားအိူင်မာန်အော်မ်၊ ခူန်အော တားအော်င်ထူန်း ကာည်း ခူန် ဗါည်းခူန် ကောန်နာန်းကဲ ဟိုက့်ဟြာင်ထီး (စိက်) ကောင်းမူး ဒိဋ္ဌသုခဓမ္မ အီဂေါည် ပါ့်ကဇိုင့်မာန်စာက်၊ ခမိုအော်ည်လော၊ လှံင့်အေဲမ့်ခြီး ဇူ;ဇိုညေး ၈း၀၀ နြီ တော်စာ်မ်း ၉း၃၀ နြီကရီးကတီး။ အာည်,ဟိုက့်ဟြာင်ထီး (စိက်) ကောင်းမူးဒီး ဇိုညေး ၇း၀၀ နြီ ဗက့်ဟိုက့်ပါ့်စောင်စဝ် ဂျေဲပ့်ဖြား၊ ဂျေဲပ့်စဝ်ဒါင်းနားအော် ကာည်း ပံင်ပါင်းရဟာန်းဆံင်ခါကဲ ကမိုန်ဟြာင်နှဲ ဇီုင့်ဆာဆနာ၊ ဇီုင့်ကီုင့်လှံင့်။ ဗါည်းဟောည်, တာ့်ဟြာင်ထီး (စိက်) ကောင်းမူးဒီး ဟိုမ်းပါ့်ပိုမ်းစာက ခေဲင်းပ္လေါည်၊ ဟပ့်ရိူန်းလှူ၊ ကတူ;ကညားဂျေဲပ့်ပါ့်စဝ်ဒါင်းကဲ စိဗီးဟာဝ်းပါ့်ဂေါည်။
++++++++++++++++++++++++++++++
နမ့်ခမ်းမြို့နယ်၊ အွယ်လောကျေးရွာအုပ်စု၊ မန်စက်ကျေးရွာတွင် PSLF/TNLA တပ်မတော်လူကြီးများ ထီးတောင်တင်ခြင်းအခမ်းအနားတက်ရောက်ခြင်း။
==============================
နမ့်ခမ်းမြို့နယ်၊ အွယ်လောကျေးရွာအုပ်စု၊ မန်စက်ကျေးရွာတွင် တည်ထားကိုးကွယ်သော ဒိဋ္ဌသုခဓမ္မစေတီတော်အား ထီးတော်တင်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ နံနက် ၈း၀၀ နာရီမှ ၉း၃၀ အထိ ပင့်သံဃာတော်ကြီးများနှင့်အတူ PSLF/TNLA တအန်းတပ်မတော်လူကြီးများ ဖြစ်ကြသော ဒုတိယဉက္ကဌ (၁)၊ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ စစ်ဦးစီးဌာနမှ ဗိုလ်မှူးချုပ် တားဝိန်မိုင်၊ တပ်မဟာ (၁) တပ်မဟာမှူး ဒုတိယဗိုလ်မှူးကြီး တားကျောင်းလမ့်၊ တပ်မဟာ (၁) ဒုတိယတပ်မဟာမှူး ဗိုလ်မှူး တားဇိင်းခေး၊ မန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူး တားအောင်ထွန်းနှင့် အရာရှိအရာခံများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ထီးတော်မတင်မီ နံနက် ၇း၀၀ နာရီအချိန်တွင် မန်စက်ကျေးရွာဘုန်းကြီးကျောင်း၌ ဝင်ရောက်ပြီး ဘုရားကတော့၊ ပင့်သံဃာတော်များအပါအဝင် နားအော်လေးဆရာတော်ဘုရားကြီးတို့ ရှိခိုးပူးဇော်ရင်း သာသနာရေးဆိုင်ရာကိစ္စအဝဝများကို ရှောက်တင်ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထီးတော်တင်ပြီး ဧည့်ခံကျွေးမွေးသော နေ့လယ်စာစားပြီးနောက် ဝတ္ထုငွေများ လှူဒါန်းပါသည်။ ထိုနောက် ဆရာတော်ဘုရားကြီးများ ရှိခိုးပူးဇော်ပြီး ထိုရွာမှ မပန်လည်ထွက်ခွာကြောင်း သတင်းရရှိပါသည်။
TIN သတင်းဌာန #

ရေဲန့်​ေပ္လါည်ဆငည့် ခြိူဝ်းကောန်အီပန့်ကာမ်ဖာ (IWD) ပါ့်ကီုင့်အေဲမ့်ခြီး (နမ့်ခမ့်)။==============================ဘိူန်းဘ...
09/03/2024

ရေဲန့်​ေပ္လါည်ဆငည့် ခြိူဝ်းကောန်အီပန့်ကာမ်ဖာ (IWD) ပါ့်ကီုင့်အေဲမ့်ခြီး (နမ့်ခမ့်)။
==============================
ဘိူန်းဘည့်ဘာည်း အီုမ်မှေဲဝ်း ဆငည့် 8.3.2024 PSLF/TNLA တီုင့်ကောန်အီပန့်ဟျေ;ဒါင်းဇားကဲ အောရေဲန့်ဒဲ; ပ္လါည်ဆငည့်ခြိူဝ်းကောန်အီပန့်ကာမ်ဖာ (IWD) ပါ့်ကီုင့်အေဲမ့်ခြီး (နမ့်ခမ့်)၊ ဂါင်းဗါ်;လဗါည်းလုည်။ ကဲအီဟိုက့်မို; တားတီုင့်ဒါင်းကော်မ်မတီ (PSLF/TNLA)၊ တားထာမ်းတားတီုင့်အော (1)၊ ထာမ်းခူန်ချုက်ဒါင်း တားဇိုက့်ဇား၊ ထာမ်းတားတံပ်ဒါင်း (1)၊ ခူန်အော တားစိူဝ်းခြိူဝ်း၊ တားလှံင့် တားတော်င်တာန်း၊ တားပလိတ္လှံင့် တားနောရိူန်း၊ ယားတီုင့်ဌာန ခူန်အော ယားဆိူည်နေအူး ကာည်း တီုင့်ကောန်အီပန့်ဟျေ;ဒါင်းဇားပါ်ဒို့ဒို့၊ တားဆရာဝူန်လှံင့်အေဲမ့်ခြီး တားဒေါက်ဒါ တားအော်င်ဇော်ထူန်း၊ ပံင်တေဲကလာင်း ထုင်မှေဲမ်း ကာည်း ဘေဲ,ဘာန်းခြိူဝ်းတအာင်း၊ ခြိူဝ်းချှေဲမ့်၊ ခြိူဝ်းလီဆူ၊ ခြိူဝ်းခိုလုံလီရှော၊ ပံင်တေဲကလာင်း ခြိူဝ်းကောန်အီပန့် လှံင့်ကိုက့်ခည့်၊ လှံင့်အေဲမ့်ခြီး၊ လှံင့်မာဝ်းစဲတ်၊ ပံင့်တေဲကလာင်း တားချှာင်ကဇိုင့် ကာည်း ခမို ခေဲင်းကီုင့်အေဲမ့်ခြီး၊ ခေဲင်းလှံင့်အေဲမ့်ခြီး ပါ်ဒို့ဒို့ နံင်ဂေါည် တားပယာ်;လေ;။ ထာမ်းခူန်ချုက်ဒါင်း တားဇိုက့်ဇား ဒဲ;ကျော;ဗိူဝ်;ဟာဝ်း ပါင်​ေပ္လါည်ဆငည့်ခြိူဝ်းကောန်အီပန့်ကာမ်ဖာ (IWD) နီး ခံပ်ကငီအန့် ဇူ;ဇိုညေး 9 နြီ တော်စာမ်း ဇိုကဒါည်ဆငည့် 12 နြီ စိဟောည်,။ ဗါည်းဟောည်, တာ့်ခံပ်ကငီ ဖုင်တားဇိုက့်ဇားကဲ ဟိုမ်းပိုမ်းဆငည့်တံန်တော, တာ့်ထုင်မှေဲမ်း ကာည်း ဘေဲ,ဘာန်းခြိူဝ်းအီဟည့် ကာည်း တားခမိုဇံင့် ခေဲင်းကီုင့်အေဲမ့်ခြီးကဲ။

Address


Alerts

Be the first to know and let us send you an email when Ta'ang Information News -TIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ta'ang Information News -TIN:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share