Burma Podcast Network

  • Home
  • Burma Podcast Network

Burma Podcast Network Think. Talk. Listen. 1. Burma Podcast Network exists to make a collective social impact through podcasting.

We collaborate with amazing people from different professions for colorful ideas and life stories.
2. Burma Podcast Network is dedicated to promote various podcasts from Myanmar podcasters in one place. Our listeners can easily access their favorite show or episode and contribute their favorite podcasters earn listenership.
3. Burma Podcast Network is founded by two young men who love to think, talk and listen to human’s stories.

17/08/2024

ကမ္ဘာပေါ်မှာ Follower အများဆုံးတွေထဲက ဘောလုံးအသင်းတစ်ခုဖြစ်တဲ့ မန်ယူအသင်းလို တခြား နာမည်ကြီး ဘောလုံးအသင်းတွေရဲ့ ပိုင်ရှင်တွေအကြောင်း၊ ဘောလုံးလောကမှာ အသင်းပိုင်ရှင်တွေက ဘယ်လိုအနေအထားတစ်ခုမှာ ရှိနေလဲ။

Ballcast က podcasters တွေကတော့ ဒီအပတ် ဘောလုံးအသင်းပိုင်ရှင်တွေအကြောင်းကို တင်ဆက် ဆွေးနွေးထားပါတယ်။

မိတ်ဆွေတို့ သဘောကျတဲ့ အသင်းပိုင်ရှင်တွေကရော ဘယ်သူတွေလဲ၊ နားထောင်ရင်း ဝင်ရောက်ဆွေးနွေးပေးကြပါဦးနော်။

Full episode ကို Burma Podcast Network ရဲ့ Youtube, Spotify, MMInfo Podcasts စတဲ့ platform အစုံမှာ ကြည့်ရှု နားဆင် နိုင်ပါပြီ။

Burma Podcast Network ရဲ့ အထက်ဆင်က ငြိမ်းချမ်းမေက နိုင်ငံခြားရေးမူဝါဒ နဲ့ ပတ်သတ်ပြီး Podcast တစ်ခု ဖန်တီးဖို့ ရှိနေပါတယ်...
12/08/2024

Burma Podcast Network ရဲ့ အထက်ဆင်က ငြိမ်းချမ်းမေက နိုင်ငံခြားရေးမူဝါဒ နဲ့ ပတ်သတ်ပြီး Podcast တစ်ခု ဖန်တီးဖို့ ရှိနေပါတယ်။

“နိုင်ငံခြားရေး မူဝါဒ" ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်ပ ဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စတွေအတွက် ချမှတ်တဲ့ မူဝါဒလို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။

BPN က ပရိတ်သတ်တွေကရော "ဖိမနစ်နိုင်ငံခြားရေးမူဝါဒ ဆိုရင် ဘာလို့ထင်ပါသလဲ"
ပရိသတ်များရဲ့ ထင်မြင်ချက်၊ ဘယ်လိုတွေ ကြုံဖူးကြလဲ ဆိုတာတွေကို comment မှာ ပြောပေးခဲ့ပါဦးနော်။

10/08/2024

မြန်မာ့လူ့အဖွဲ့စည်းမှာ "အောင် လံ ထူ စစ် သူ ကြီး ပွဲ" ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့သတ်မှတ်ခံရသူ‌တွေကို သိုက်ကလာခေါ်တတ်တယ်လို့ပြောကြတယ်။
တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါ‌‌ပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆို‌ကြတယ်။
ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။
ပြီးတော့ လူတကာသတ်မှတ်တဲ့ အနက်ရောင်ဟာ တကယ့် အမင်္ဂလာအရာင်လားဆိုတဲ့ အကြောင်းလည်း ဆွေးနွေးတင်ပြ ဉာဏ်သူပုန်ထ ထားပါ‌သေးတယ်။

"သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား" Full episode ကို Burma Podcast Network ရဲ့ Youtube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ နားဆင်နိုင်ပါပြီ။

06/08/2024

မြန်မာပြည်က အကောင်းဆုံး ဘောလုံးကွင်းမှာ ဘောလုံး ကန်ဖူးလား။

ဘောလုံးကွင်းအမျိုးအစား အများကြီးထဲကမှ ဘယ်လိုကွင်းမျိုးကို ကန်ရတာ ကြိုက်လဲ။
မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းတွေထဲက အကြိုက်ဆုံးက ဘယ်ကွင်းဖြစ်မလဲ။
နိုင်ငံတကာမှာရော ဘယ်လိုကွင်းမျိုးတွေကို ကြိုက်နှစ်သက်ကြလဲ။
ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က ဘောလုံးကွင်းတွေအကြောင်း ဘယ်လိုတွေ အားပါးတရ ဆွေးနွေးကြလဲဆိုတာကို ညနေ (၆) နာရီမှာ Burma Podcast Network ရဲ့ Youtube, Spotify, MMInfo စတဲ့ platform အစုံမှာ စောင့်မျှော်နားဆင်နိုင်ပါပြီ။

04/08/2024

ဘုရားသခင်ကို ဆက်သွယ်တဲ့ ဂီတသံလို့ သတ်မှတ်ကြတဲ့ခေတ်၊
အလယ်ခေတ် Western Musicတွေက Orchestra ဝိုင်းတွေနဲ့ တီးရတဲ့ Musicတွေ မပေါ်ခင် ရှေ့ပြေးဖြစ်တဲ့ Musicတွေ ဖြစ်ခဲ့ကြောင်း ကိုမာကျူရီက ဂီတနဲ့သမိုင်းကြောင်းကို ဒီအပိုင်းမှာ ဆွေးနွေးထားပါတယ်။

Full episode ကို ညနေ (၆) နာရီမှာ Burma Podcast Network ရဲ့ Youtube, Spotify, MMInfo စတဲ့ platform အစုံမှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။

30/07/2024

အထက်ဆင် Podcast က ငြိမ်းချမ်းမေ က “Sexual harassment” ဆိုတဲ့ စကားလုံးကို “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားအနှောင့်အယှက်ပေးခြင်း” လို့ ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုတွေဟာ စနစ်တကျ တိုက်ဖျက်ရမယ့် မှုခင်း၊ လူယဉ်ကျေးတွေနေတဲ့ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာမှာ မရှိသင့်တဲ့ အလေ့အထ အဖြစ်အပျက် လို့ ဆွေးနွေးထားပါတယ်။
မိတ်ဆွေတို့ကရော ငြိမ်းချမ်းမေနဲ့ သဘောထားတိုက်ဆိုင်ရဲ့လား။
Full episode ကို ညနေ (၆) နာရီမှာ Burma Podcast Network ရဲ့ Youtube, Spotify, MMInfo စတဲ့ platform အစုံမှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။

28/07/2024

ကိုယ့်လူတို့ရေ ဒီတိုင်းပြည်က လူငယ်မှန်ရင် နှစ်ပြန်ကြော်ကိုတော့ ဖြတ်သန်းဖူးတာပဲ လို့ မောင်ရင်က ဆိုပါတယ်။
မိတ်ဆွေတို့ရော မောင်ရင်နဲ့ အတွေးသဘောထားချင်း ထပ်တူကြရဲ့လား။

လူငယ်တွေ၊ အခြေခံလူတန်းစားတွေအတွက် ပေါင်းကူးတံတားလို ဖြစ်နေတဲ့ နှစ်ပြန်ကြော်ဋီကာ Full episode ကို နားဆင်ချင်တယ်ဆိုရင် Burma Podcast Network ရဲ့ Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

23/07/2024

လတ်ဆက်မှုမရှိတော့တဲ့ Euro 2024

ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အမှတ်တရများစွာကို BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က အားပါးတရ တင်ဆက် ဆွေးနွေး ထားပါတယ်။

Full episode ကို Burma Podcast Network ရဲ့ Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

16/07/2024

ငါတို့ခေတ်ရဲ့ အစုအဖွဲ့

“တကယ်က အစုအဖွဲ့နဲ့ ဆောင်ရွက်ခြင်းဆိုတာ လူမှုရေးသာမက နိုင်ငံရေး ကိစ္စလည်း ဖြစ်ပါတယ် “ လို့ ဉာဏ်သူပုန်က မောင်ရင်က ဆိုထားပါတယ်။

တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြတဲ့ ကာလမှာ အရင်ကတည်းက ဉာဏ်သူပုန်မထခဲ့ကြတဲ့၊ ဉာဏ်သူပုန် မထနိုင်ခဲ့ကြတဲ့ မျိုးဆက်တွေကိုလည်း တရားသံဝေဂယူပြီး သူတို့လိုစိတ်မျိုး မရှိကြဖို့၊ သူတို့လိုစိတ်မျိုး ရှိရင် တော်လှန်ရေးအရပ်ရပ်ဟာ လျှောကျပျက်စီးသွားဖို့ အင်မတန် လွယ်ကူကြောင်းကို မောင်ရင်တို့က ထောက်ပြပြောဆို ဉာဏ်သူပုန် ထထားပါတယ်။

Full episode ကို Burma Podcast Network ရဲ့ Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ တင်ဆက်သွားမှာ ဖြစ်ပါသည်။

နှစ်ခြိုက်သည်ရှိသော် Like , Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော Podcast များဖန်တီးနိုင်ရန် ပံပိုးနိုင်ပါသည်။

14/07/2024

Should Jokes About Women Disappear from Comedy? _ DEBATE

အမျိုးသမီးတွေအပေါ်မှာ ဟာသလုပ်နေတဲ့ ပျက်လုံးတွေ ပျောက်ကွယ်သွားသင့်ပြီ” ဆိုတဲ့ ငြိမ်းချမ်းမေ

“comedian တွေ က အရာအားလုံးကို ဟာသလုပ်နေတာပါပဲ” ဆိုတဲ့ ဘဟိန်း
သူတို့ ၂ ယောက် အကြိတ်အနယ် ဆွေးနွေးကြမယ့် debate live ကို ကြည့်ရှုနိုင်ပါပြီ။

မိတ်ဆွေတို့ရော ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ထင်မြင်ယူဆချက်တွေကို Comment မှာပြောသွားလို့ရပါတယ်။

Like and share ပြုလုပ်ပေးခြင်းဖြင့်လည်း အခြားသူများကြည့်ရှုဖို့အတွက် အကူအညီ ဖြစ်စေပါတယ်။

11/07/2024

မြန်မာပြည်မှာ မကြားဖူးသေးတဲ့ Debate

လာမယ့် ဇူလိုင်လ (၁၄) ရက်နေ့ တနင်္ဂနွေ နေ့ ညနေ (၆) နာရီမှာ "Should Jokes About Women Disappear from Comedy?" ဆိုတဲ့ ခေါင်းစဉ်နဲ့ Debte လုပ်ကြမယ့် ငြိမ်းချမ်းမေနဲ့ ဘဟိန်းတို့ကတော့ အကြိတ်အနယ် ပြင်ဆင်နေကြပါပြီ။

ဒီနေရာမှာ သူတို့နှစ်ဦးအဓိကအကြိတ်နယ် ဆွေးနွေးကြမှာကတော့ Comedy လို့ခေါ်တဲ့ Entertainment ဖျော်ဖြေရေး နယ်ပယ်တွေမှာ ပုံစံမျိုးစုံသော ဟာသတင်ဆက်မှုတွေကြားမှာ အမျိုးသမီးများရဲ့ဝိသေသ လက္ခဏာတွေဟာ ရံဖန်ရံခါဆိုသလို ဟာသ တင်ဆက်မှုအဖြစ် မြင်တွေ့ရတတ်ပါတယ်။
အထက်ဆင်က မငြိမ်းချမ်းမေကတော့ ဒါမျိုးတွေက လုံးဝပျောက်ကွယ်သွားသင့်ပြီဆိုတဲ့ဘက်က နေ ထောက်ပြဝေဖန်ထားသလို ညိုကီ FM က ကိုဘဟိန်းကလည်း "သမ္မတတွေက စလို့ အာဏာရှင်တွေ၊နိုင်ငံရေးသမားတွေ အထိ တောင် ကမ္ဘာ့ဖျော်ဖြေရေးနယ်ပယ်မှာ ဟာသအဖြစ် တင်ဆက်ပြောဆို နေကြတာပါပဲ" လို့ ချေပထားပါတယ်။

မိတ်ဆွေတို့ရော ဒီအကြောင်းအရာကို ဘယ်လိုထင်ပါသလဲ Comment မှာပြောသွားလို့ရပါတယ်။

"Should Jokes About Women Disappear from Comedy?" ဆိုတဲ့ ခေါင်းစဉ်နဲ့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ Burma podcast network ရဲ့ Youtube, Facebook တို့ကနေ Debate live ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ်မှာ ဟာသလုပ်နေတဲ့ ပျက်လုံးတွေ ပျောက်ကွယ်သွားသင့်ပြီ” ဆိုတဲ့ ငြိမ်းချမ်းမေ“comedian တွေ က အရာအားလုံးကို ...
09/07/2024

အမျိုးသမီးတွေအပေါ်မှာ ဟာသလုပ်နေတဲ့ ပျက်လုံးတွေ ပျောက်ကွယ်သွားသင့်ပြီ” ဆိုတဲ့ ငြိမ်းချမ်းမေ
“comedian တွေ က အရာအားလုံးကို ဟာသလုပ်နေတာပါပဲ” ဆိုတဲ့ ဘဟိန်း တို့ ၂ ယောက် စကားဝိုင်းကနေ debate လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီနေရာမှာ သူတို့နှစ်ဦးအဓိကအကြိတ်နယ် ဆွေးနွေးကြမှာကတော့ Comedy လို့ခေါ်တဲ့ Entertainment ဖျော်ဖြေရေး နယ်ပယ်တွေမှာ ပုံစံမျိုးစုံသော ဟာသတင်ဆက်မှုတွေကြားမှာ အမျိုးသမီးများရဲ့ဝိသေသ လက္ခဏာတွေဟာ ရံဖန်ရံခါဆိုသလို ဟာသ တင်ဆက်မှုအဖြစ် မြင်တွေ့ရတတ်ပါတယ်။
အထက်ဆင်က မငြိမ်းချမ်းမေကတော့ ဒါမျိုးတွေက လုံးဝပျောက်ကွယ်သွားသင့်ပြီဆိုတဲ့ဘက်က နေ ထောက်ပြဝေဖန်ထားသလို
ညိုကီ FM က ကိုဘဟိန်းကလည်း "သမ္မတတွေက စလို့ အာဏာရှင်တွေ၊နိုင်ငံရေးသမားတွေ အထိ တောင် ကမ္ဘာ့ဖျော်ဖြေရေးနယ်ပယ်မှာ ဟာသအဖြစ် တင်ဆက်ပြောဆို နေကြတာပါပဲ" လို့ ချေပထားပါတယ်။

မိတ်ဆွေတို့ရော ဒီအကြောင်းအရာကို ဘယ်လိုထင်ပါသလဲ Comment မှာပြောသွားလို့ရပါတယ်။

"Should Jokes About Women Disappear from Comedy?" ဆိုတဲ့ ခေါင်းစဉ်နဲ့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ Burma podcast network ရဲ့ Youtube, Facebook တို့ကနေ Debate live ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

07/07/2024

ဘောလုံးပွဲတစ်ပွဲမှာ တာဝန်ကြီးတာ ဘယ်သူလဲ။

BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဘောလုံးပွဲ တစ်ပွဲရဲ့ တာဝန်အရှိဆုံး၊ တာဝန်အယူရဆုံး ပုဂ္ဂိုလ်အကြောင်း အားပါးတရ တင်ဆက် ဆွေးနွေး ထားပါတယ်။

Full episode ကို Burma Podcast Network ရဲ့ Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

နှစ်ခြိုက်သည်ရှိသော် Like , Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော Podcast များဖန်တီးနိုင်ရန် ပံပိုးပေးနိုင်ပါတယ်။

26/06/2024

အထက်ဆင် ပျံ/ ပြန်လာပြီ။

ပြောစရာတွေက များလွန်လို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။

"လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး" တဲ့။

အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို ငြိမ်းချမ်းမေက သူ့အယူအဆ နဲ့ ရှုမြင် တင်ဆက်ထားပါတယ်။
မိတ်ဆွေတို့ကို တခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ကြည့်ကြပါ။

ငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။

Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။

Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။

နှစ်ခြိုက်သည်ရှိသော် Like , Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ Podcast များဖန်တီးနိုင်ရန် ပံပိုးပေးနိုင်ပါတယ်။
#အထက်ဆင်

19/06/2024

အယ်ဖရက်နိုဘယ် မှသည် အောင်ဆန်းစုကြည်

ဥာဏ်သူပုန် အပိုင်း (၇)

၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာမြေမှာ နိုဘယ်ဆုရှင်တစ်ဦး မွေးဖွားခဲ့ပါတယ်။
အဆိုပါ ရှားရှားပါးပါး မြန်မာပြည်က အာဂအမျိုးသမီးကြီးတစ်ဦး ရဲ့ (၇၉)နှစ်ပြည့်မွေးနေ့အကြောင်းပြုပြီး နိုဘယ်ဆုရှင်တွေအကြောင်းကို မောင်ရင်က ဥာဏ်သူပုန်ထလိုက်ရပါတယ်။

Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။

Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။

နှစ်ခြိုက်သည်ရှိသော် Like , Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ Podcast များဖန်တီးနိုင်ရန် ပံပိုးပေးနိုင်ပါတယ်။

18/06/2024

အယ်ဖရက်နိုဘယ် မှသည် အောင်ဆန်းစုကြည်

ဥာဏ်သူပုန် - အပိုင်း (၇)

၁၉၄၅ ခုနှစ် June 19 မှာ မြန်မာမြေမှာ နိုဘယ်ဆုရှင်တစ်ဦး မွေးဖွားခဲ့တယ်။
အဆိုပါ ရှားရှားပါးပါး မြန်မာပြည်က အာဂအမျိုးသမီးကြီးတစ်ဦး ရဲ့ (၇၉)နှစ်ပြည့်မွေးနေ့အကြောင်းပြုပြီး နိုဘယ်ဆုရှင်တွေအကြောင်းကို မောင်ရင်က ဥာဏ်သူပုန်ထလိုက်ရပါတယ်။

Full episode ကို ဇူလိုင် ၁၉ ရက် နေ့မှာ Burma Podcast Network ရဲ့ Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ တင်ဆက်သွားမှာ ဖြစ်ပါသည်။
နှစ်ခြိုက်သည်ရှိသော် Like , Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော Podcast များဖန်တီးနိုင်ရန် ပံပိုးနိုင်ပါသည်။

12/06/2024

ဂြိုလ်သား ၊ ဝိပသနာ နှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း

အပိုင်း 5 အပြည့်လာပါပြီ။

စံနှုန်းတွေ မချည်နှောင်ပဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တေ့ာ အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်

ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလဲ ဖြစ်နိုင်သလို သရဲတွေက ဂြိုလ်သားတွေများလားဆိုတဲ့မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလဲ ဖြစ်နိုင်ပါတယ်။

BPN မှ ကြည့်ရှုသူများကို အရက်သေစာ​၊မူးယစ်ဆေးဝါးနှင့် Conspiracy Theory များကို Promote လုပ်လိုခြင်း စေတနာ မရှိကြောင်းနှင့် နားထောင်သူတို့ အသံမသွင်းမိသော မနက်လင်းသွားတတ်သည့် တောရောက်တောင်ရောက် စကားဝိုင်းယဥ်ကျေးမှုကို ပြန်လည် ခံစားတင်ဆက်ထားခြင်းသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။

Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။

နှစ်ခြိုက်သည်ရှိသော် Like , Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော Podcast များဖန်တီးနိုင်ရန် ပံပိုးနိုင်ပါသည်။

09/06/2024

ဂြိုလ်သား ၊ ဝိပသနာ နှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း

BPN ရဲ့ ပထမဆုံးသော Video Podcast ကို တင်ဆက်လိုက်ပါတယ်။
အထူးဧည့်သည်အဖြစ်လဲ ညိုကီ အောင်မြင့်မြတ်ကို ဖိတ်ခေါ်ထားပြီး ညိုကီ ဘဟိန်း က ကဏ္ဏအစုံကို အမေးအမြန်းထူထားပါတယ်။

ဒီအပိုင်းမှာ မိတ်ဆွေရင်ထဲကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလဲ ဖြစ်နိုင်သလို သရဲတွေက ဂြိုလ်သားတွေများလားဆိုတဲ့မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလဲ ဖြစ်နိုင်ပါတယ်။

BPN မှ ကြည့်ရှုသူများကို အရက်သေစာ​၊မူးယစ်ဆေးဝါးနှင့် Conspiracy Theory များကို Promote လုပ်လိုခြင်း စေတနာ မရှိကြောင်းနှင့် နားထောင်သူတို့ အသံမသွင်းမိသော မနက်လင်းသွားတတ်သည့် တောရောက်တောင်ရောက် စကားဝိုင်းယဥ်ကျေးမှုကို ပြန်လည် ခံစားတင်ဆက်ထားခြင်းသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Full episode ကို ဇူလိုင် ၁၂ ရက် (ဗုဒ္ဓဟူးနေ့) ည (၉) နာရီBurma Podcast Network ရဲ့ Youtube, Facebook, Spotify, Apple Podcasts စတဲ့ platform အစုံမှာ တင်ဆက်သွားမှာ ဖြစ်ပါသည်။

နှစ်ခြိုက်သည်ရှိသော် Like , Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော Podcast များဖန်တီးနိုင်ရန် ပံပိုးနိုင်ပါသည်။

27/05/2024

မောက်ခမ်းဝါပြောတဲ့ လမိုက်ညတစ္ဆေ နှင့် လွိုင်ကော်လူငယ်များအကြောင်း

ကြယ်ငို ၊ လမိုက်ညတစ္ဆေ ၊ပဲပြုတ် ၊ လူဆိုးလေးများ (BadBoys) တို့ ဆိုတာတွေက ခေတ်စားနေတဲ့ ရုပ်ပြောင် ဖေစ့်ဘွတ်အကောင့်နံမည်တွေမဟုတ်ပါဘူးခင်ဗျာ။
လွိုင်ကော်မြို့က ချစ်ဖို့ကောင်းတဲ့ လူငယ်လေးတွေတကယ့် ကမ္ဘာမှာ စုဖွဲ့ထားတဲ့ မီးပုံပျံအဖွဲ့တွေ ၊ ဂိမ်းစုဆော့တဲ့ လူငယ် အစုအဝေးအဖွဲ့တွေဖြစ်ပါတယ်။ မောက်ခမ်းဝါက ဇာတ်ကြောင်းပြောတဲ့နေရာမှာ အကယ်ဒမီဆုရှင် နံမည်ကြီးတွေကိုလည်း မညှာသလို ၊ လမ်းထိပ်က ကာလသားခေါင်းတွေကိုလဲ မချန်ခဲ့သူ Story Teller တစ်ယောက်ဖြစ်တာ အရှေ့ ၃ ပိုင်းကို နားထောင်ဖူးသူတိုင်း သိကြမှာပါ။ ပင်ပန်းနေတဲ့ တနင်္လာညချမ်းမှာ မြန်မာပြည်ကြီး ငြိမ်းချမ်းခဲ့စဥ်က နယ်မြို့လေးက လူငယ်တွေရဲ့ ဘဝထဲ ဆွေးဆွေးမြေ့မြေ့ ဆွဲခေါ်သွားပါလိမ့်မယ်။ လူတိုင်းက တစ်ချိန်က လူငယ်တွေပါပဲ ဆိုတော့ မိတ်ဆွေများအားလုံး နားဆင်ကြပါအုံးခင်ဗျာ။

17/05/2024

Ballcast Episode (4) - ဘာလို့ ဘောလုံးလဲ?

ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခေတ္တလွတ်မြောက်ဖို့ ဖျော်ဖြေရေးကဏ္ဍဟာ မရှိမဖြစ်လိုအပ်ပြီး အဲ့ဒီထဲမှာမှ အားကစားလည်းဖြစ် ဖျော်ဖြေရေးလည်း ဖြစ်တဲ့ ဘောလုံးကရော ကျွန်တော်တို့ကို ဘာတွေ ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။

ကျွန်တော်တို့တွေ ဘောလုံးဆိုတာကို ဘယ်လိုစပြီးရင်းနှီးခဲ့သလဲ၊ အခြားအားကစားတွေထက် ဘာကြောင့်ဘောလုံးကို အစဉ်တစိုက် ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတာအပြင် ကမ္ဘာ့ အားကစားဇာတ်ခုံပေါ်မှာ ဘောလုံးအားကစား ထင်ပေါ်ရခြင်းအကြောင်းကို BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

Spotify, Apple Podcasts နဲ့ BPN ရဲ့ YouTube channel တွေမှာ Podcast အစအဆုံးကို နားသောတဆင်နိုင်ပါပြီ။ လင့်များကို ကွန်းမန့်မှာဖော်ပြပေးထားပါတယ်။ နားထောင်ပြီး သဘောကျတယ်ဆိုရင် BPN ရဲ့ Facebook နဲ့ YouTube channel တွေကို Like, Subscribe & Share လုပ်ပေးခြင်းအားဖြင့် Quality ဖြစ်တဲ့ Podcast များထပ်မံထုတ်လုပ်ဖို့ရာ support နိုင်ပါတယ်။

မြန်မာပြည်မှာ အမေဖြစ်ရတာမလွယ်ပါဘူး။ ကလေးမွေးလို့လည်း ထပ်တိုးအထောက်အပံ့ဆိုတာ မကြားဖူး ၊ ဖြည့်စွက်အဟာရဆိုတာကလည်း နို့ထွက်က...
13/05/2024

မြန်မာပြည်မှာ အမေဖြစ်ရတာမလွယ်ပါဘူး။ ကလေးမွေးလို့လည်း ထပ်တိုးအထောက်အပံ့ဆိုတာ မကြားဖူး ၊ ဖြည့်စွက်အဟာရဆိုတာကလည်း နို့ထွက်ကောင်းအောင် ဟင်းခါး များများသောက်ပြီး ဖြေရှင်းလိုက်ကြတာပဲ။ ကလေးကြီးလာတော့လည်း ကျောင်းဆရာမ ၊​ကျူရှင်ဆရာမ တွေ ညှင်းဆဲတာခံရ ၊ အမျိုးတွေရဲ့ ဖိအားအဖက်ဖက် နဲ့ ငါတို့ အမေတွေ ကျော့မော့နေတာ အလွန်ဆုံးမြင်ဖူး (၁၀) ခါ ထပ်မပိုပါဘူးထင်ပါတယ်။

တစ်သက်လုံး ကျန်းမာရေးလိုက်စားဖို့ အချိန်မရှိ ၊ အားကစားဘောင်းဘီဝတ်ဖို့တောင် ရှက်နေတတ်တဲ့ အမေတွေ ၂၀၁၉ မှာကိုဗစ်နဲ့ နှုတ်ဆက်သွားခဲ့ကြတယ်။

၂၀၂၁ မှာ တော်လှန်ရေးနဲ့အတူ လူငယ်တွေက ဒီအမေတွေကို ယုံကြည်ရာတွေ တိုက်ပွဲဝင်ဖို့ တစ်ခေါက်နှုတ်ဆက်သွားကြတယ်။ အဘက်ဘက်က ယိုယွင်းမှုတွေကြားမှာပဲ ထောင်ဘူးဝရှေ့မှာ တန်းစီနေတဲ့ အမေတွေမကြာခဏ ထိိခိုက်ကြေကွဲရတဲ့တိုင်းပြည်မှာ Happy Mothers Day လို့ ခေါင်းစဥ်တပ်ဖို့က ခနဲ့သလိုပါပဲ...

အလုပ်အကိုင်ကြောင့်ပဲ ဝေးဝေး ၊ ယုံကြည်ရာတွေ ကိုင်စွဲလျှောက်
လှမ်းနေကြလို့ပဲ ဝေးဝေး “ဟယ်လို အမေ “​လို့ ပြောခွင့်ရှိနေသေးတဲ့အချိန်မှာ အမေကိုဖုန်းဆက်ဖို့ တိုက်တွန်းလိုက်ပါရစေ။

အမေများ လုံခြုံအေးချမ်းသော နိုင်ငံတစ်ခု အား မျှော်လင့်လျှက် မိတ်ဆွေတို့ အမေများနှင့် အတူ ဥာဏ်သူပုန်ထနိုင်ကြဖို့ " ငယ်ဘဝပညာရပ်ဝန်း Episode " ကိုထပ်မံဝေမျှပေးလိုက်ပါတယ်။ Comment တွင် ရှုစားကြပါခင်ဗျာ။

BPN ဝိုင်းတော်သားများ

08/05/2024

ဥာဏ်သူပုန် (၆) - ဝါသနာကို ဖျာကာမရ

ဒီတစ်ခေါက်မှာတော့ လူငယ်တွေ ရှောင်လွှဲလို့မရတဲ့ ပြသနာကြီးများထဲက တစ်ခုဖြစ်တဲ့ ဝါသနာ ဆိုတဲ့ကိစ္စကို မောင်ရင်က အကျယ်တဝင့် ဥာဏ်သူပုန်ထဖြစ်ခဲ့ပါတယ်။ အာကာသထဲ သွားချင်တဲ့မျိုးဆက်ဟာ စာပေးစာယူဆိုတဲ့ ဘာအဓိပ္ပါယ်မှန်းမသိတဲ့ ပညာရေးစနစ်ထဲနစ်မွန်းခဲ့ရတယ်။ တရားခံဟာဘယ်သူပါလဲ?

Podcast အစအဆုံးနားထောင်နိုင်မည့်လင့်များကို comment တွင် ကြည့်ပါ။

29/04/2024

ညိုကီ FM အပိုင်း-၄ လာပါပြီခင်ဗျာ။ တကူးတက မမျှော်နေကြပေမဲ့လည်း တာဝန်သိစွာ တင်ဆက်လိုက်ပါတယ်။

Brad က စာကိုမဖြစ်မနေဖတ်နေရပြီး အားကစားလုပ်ရတာ ခုံမင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ Sammy က တောထဲရောက်လိုက်မြို့ပေါ်ရောက်လိုက်နဲ့ နောက်ဆုံးအိမ်ထောင်ကျသွားတဲ့ တံငါသည်တစ်ပိုင်း Podcaster ၊ Frankie ကတော့ ကျန်းမာရေးလိုက်စားတာနဲ့ ညီမျှအောင်ပြန်သောင်းကျန်းတတ်တဲ့ ဘဝအတွေ့ကြုံများတဲ့ လူလတ်ပိုင်းမိတ်ဆွေတစ်ယောက်ပေါ့။

ဒီလူသုံးယောက်ဆုံပြီဆိုရင် စကားဝိုင်းတစ်ခုက မနက် ၃ နာရီ အထိ ပြောကြဆိုကြ ၊​ ထောက်ခံကြ ၊ ငြင်းခုန်ကြ ၊ နားထောင်ကြနဲ့ နောက်တစ်နေ့ မိုးလင်းမှ အမှားပါရင် စိတ်မရှိဖို့ ဖုန်းဆက်ပြီး တောင်းပန်ကြတာက ဖြစ်ရိုးဖြစ်စဥ်တစ်ခုလိုပါပဲ။

နှစ်သစ်ကူး Jan မှာ Brad က Happy Old Year ဆိုပြီး နှစ်သစ်ကူး Resolution တွေအလုပ်ဖြစ်မဖြစ်ပြောချင်တယ်ဆိုတာနဲ့ လူစုကြ ပုလင်းတစ်လုံးဝယ်ပြီး အသံသွင်းဖို့နေရာကို ဒိုးကြပါတယ်။ မိုက်ဖွင့်ပြီးတာနဲ့ပြောလိုက်ကြတာ ပြောရတာကနေ ပျော်သွားတော့ Edit မဆက်ဖြစ်ပဲ ၄ လပိုင်းအကုန်မှ မြန်မာနှစ်သစ်ကူးနဲ့ရောချပြီး ဒီအပိုင်း ၄ ကို မိတ်ဆွေတို့ဆီ အရောက်ပို့လိုက်ခြင်းဖြစ်ပါတယ်။ အပိုင်း ၅ ကလဲ အသံသွင်းပြီးသားမို့ မကြာမီ လာပါမည်ဗျာ။ နားထောင်သူမိတ်ဆွေများ စိတ်အခန့်မသင့်ရှိခဲ့သော် ညိုကီတစ်သိုက်ကို အပြစ်မပြင် ချစ်စိတ်ဝင်ပြီး နားလည်ပေးကြပါအုံး။

ခင်မင်စွာဖြင့်
ညိုကီများ

20/04/2024

ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီးမှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေဟာလည်း သက်ရှိသက်သေတစ်ဦးဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။ Burma Podcast Network ရဲ့ Spotify နဲ့ YouTube channel တို့မှာ နားသောတ ဆင်နိုင်ပါပြီ။

BPN ကံပိန်း အစီစဥ် စာလုံးပေါင်းအမှားကြီးကို ပြင်မလို့လားမိတ်ဆွေတို့ရေ...ခဏလောက်စိတ်လျှော့ပါ ရှင်းပြပါရစေ!🤓BPN ကိုလုပ်နေတ...
18/04/2024

BPN ကံပိန်း အစီစဥ်

စာလုံးပေါင်းအမှားကြီးကို ပြင်မလို့လားမိတ်ဆွေတို့ရေ...ခဏလောက်စိတ်လျှော့ပါ ရှင်းပြပါရစေ!🤓

BPN ကိုလုပ်နေတဲ့ ဝိုင်းတော်သားတွေက ပင်ပန်းဇာတာ အင်မတန်ပါသူတွေပါ။ ဘယ်သောအခါများမှ ကံစမ်းမဲ ၊ ထီ ၊ အခမဲ့အခွင့်ရေးတွေနဲ့ အကျိုးမပေးကြပါဘူး။ ကွန်ဒိုလဲမပေါက် ၊ iPhone လဲမပေါက် ၊ စစ်မှုထမ်းဖို့ခေါ်မှ ထပေါက်ကြတဲ့ ကံပိန်းကြသူတွေပေါ့။ 🥲

BPN ဝိုင်းတော်သားများ ကိုယ်တိုင်က မချမ်းသာကြပေမယ့် BPN ကို နားထောင်သူ မိတ်ဆွေတွေကို ပျော်စေချင်တဲ့အတွက် ကံပိန်း/မပိန်း စစ်လို့ရမယ့် အစီစဥ်လေးတစ်ခုမျှဝေလိုက်ပါတယ်။ အစီအစဥ်လေးကိုတော့ အောက်မှာအသေးစိတ် ဖတ်ကြည့်ပါ ။ ကံမပိန်းသူ ၅ ယောက်ကတော့ သတ္တိနဲ့သိက္ခာရှိတဲ့ Artists တွေထုတ်ထားတဲ့ ပုံထဲမှာပြထားတဲ့အတိုင်း စျေးမကြီးပေမယ့် လူတိုင်းမရနိုင်တဲ့ အမှတ်တရပစ္စည်းတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒါတွေရဖို့ လုပ်ရမှာကတော့...

1. BPN ရဲ့ Youtube Channel ကို မိတ်ဆွေတို့ သွားပြီး Subscribe လုပ်ပေးပါ။
2. BPN page messenger မှာ ကိုယ် Subscribe လုပ်ခဲ့တဲ့ Screenshot ကို လာပို့ပေးပါ။
3. ကိုယ့်ရဲ့ ကုဒ်နံပါတ်ကို Admin ဆီက တောင်းပါ။
4. နောက်ဆုံးအဆင့်ကတော့ မိမိကိုယ်ကို မှန်ထဲမှာကြည့်ပြီး BPN က Podcastတွေကို ငါနားထောင်တာ ခေသူမဟုတ်ဘူးလို့ အသိမှတ်ပြုပြီး လကုန်အထိ စောင့်ပါ။

ကံပိန်း/မပိန်း ကြေငြာမယ့် ရက်ကိုတော့ BPN ရဲ့ Youtube Channel Subscriber 2,000 ပြည့်တဲ့နေ့မှာ ကြေငြာမှာဖြစ်ပါတယ်။ မြန်မြန်သိချင်ရင် များများ ကူညီပေးဖို့လဲ ဖိတ်ခေါ်ပါတယ်။

အခုအချိန်ခါလို ကြော်ငြာတွေ ၊ အခြား စီပွားရေး ကဏ္ဏတွေရဲ့ အထောက်ပံ့မပါပဲ ဆက်ရပ်တည်နိုင်ဖို့ နားထောင်သူ မိတ်ဆွေတစ်ယောက်ချင်းစီက ပံ့ပိုးပေးကြမယ်ဆိုရင် ခပ်မိုက်မိုက် မြန်မာပြည်မှာ မရှိသေးတဲ့ Podcast အလန်းစားတွေ ဆက်ထုတ်ဖို့က BPN ရဲ့ တာဝန်ထားပါ။

BPN ရဲ့ YouTube channel link ကို ကွန်းမန့်မှာ ဖော်ပြပေးထားပါတယ်။
ပြည်တွင်းက မိတ်ဆွေတယောက်ယောက် ကံမပိန်းပဲ ကံထူးခဲ့ပီး အမှတ်တရပစ္စည်းကို လုံခြုံရေးအခြေအနေအရ လက်ခံလို့မရသေးဘူးဆိုရင်လဲ ပြန်ဆုံနိုင်မဲ့အချိန်တခုအထိ သိမ်းထားပေးပါမယ် ဒါမှမဟုတ်လဲ အဲ့ပစ္စည်းတန်ဖိုးနဲ့ ညီမျှတဲ့ငွေသားကို ပေးအပ်သွားမှာပါ မိတ်ဆွေတို့။

10/04/2024

ဒီအပိုင်းလေးက သွင်းထားတာကြာပါပြီဗျာ။ အချို့ Spotify က မိတ်ဆွေတွေတောင်မှ နားထောင်ပြီးလောက်ပါပြီ။ ဆယ်ကျော်သက် အရွယ်ထဲက အိမ်က ဆင်ပေးတဲ့ အဝတ်အစားတွေကနေ တော်လှန်ပြီး စိတ်ကြိုက် ဖက်ရှင်တွေ ၊​ ဆံပင်ကေတွေ ၊ နားကွင်းတွေ အစရှိသဖြင့် ကိုယ်ဘာကောင်လဲ ဖော်ပြနိုင်ဖို့ နည်းလမ်းပေါင်းစုံကြိုးစားခဲ့ကြသော၊ ​ကြိုးစားနေကြဆဲဖြစ်သော၊ ကြိုးစားခဲ့ပြီးသော
ပုရိသယောကျ်ားများအတွက် ညိုကီ FM က မိတ်ဆွေတွေက တော်ကီဖုတ်ခဲ့ကြပါတယ်။

အမျိုးသမီးများလည်း ဘာဝတ်ရမှန်းမသိနေသော ၊ အမြဲတမ်းဖက်ရှင်အဂွမ်းနဲ့ ပေါ်ပေါ်လာတတ်သော အမျိုးသားများကို ဂရုဏာပွားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။ နားဆင်ကြပါအုံးခင်ဗျာ ။

ဦးငြိမ်းဝေ ( သို့ )​သက်ရှိ ဥာဏ်သူပုန် လွန်ခဲ့တဲ့ ၃ နှစ် တောစခန်းတစ်ခုမှာ ကင်မရာတစ်လုံးလွယ်ပြီး တောင်ဝှေးနဲ့ ကဗျာဆရာတစ်ယေ...
04/04/2024

ဦးငြိမ်းဝေ ( သို့ )​သက်ရှိ ဥာဏ်သူပုန်

လွန်ခဲ့တဲ့ ၃ နှစ် တောစခန်းတစ်ခုမှာ ကင်မရာတစ်လုံးလွယ်ပြီး တောင်ဝှေးနဲ့ ကဗျာဆရာတစ်ယောက် ဟာ တစ်ဘဝလုံး ဖိနှိပ်မှု ပေါင်းစုံကို တော်လှန်ခဲ့တဲ့ အတွေ့အကြုံမြင့် ဥာဏ်သူပုန်ကြီး အဘ ငြိမ်းဝေဖြစ်ပါတယ်။

Burma Podcast Network အနေနဲ့ “ကဗျာဆရာ၏ မှတ်ဥာဏ်များ” ဆိုတဲ့ အသံလွှင့် Podcast အစီစဥ်ကို ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့ပြီး သူရဲ့ တောတွင်း ဖြတ်သန်းမှု ၊​ကဗျာတင်ဆက်မှု ၊ အနုပညာခံစားချက်တွေကို ဂုဏ်ယူစွာ ထုတ်လွှင့်ခဲ့ပါတယ်။

မဲဆောက်မြို့တွင် ဧပရယ် ၄ - ၈ ရက်နေ့အထိ ပြသမယ့် “အသစ်စက်စက် နွေဦး”​တစ်ကိုယ်တော် ပန်းချီ ပြပွဲအတွက်လည်း BPN ဝိုင်းတော်သားများမှ ထပ်ဆင့် ဂုဏ်ယူချစ်ခင်စွာ အသိပေးလိုက်ရပါတယ်။

02/04/2024

ဥာဏ်သူပုန် အပိုင်း-၄ အဆက်ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ပတ်သတ်ပြီးနောက်ပိုင်းခေတ်မှာဘယ်လိုပြောင်းလဲလာသလဲ? စစ်အစိုးရက ဒီကြားခံကိုသုံးပြီး ဘယ်လိုတွေဝါဒဖြန့်ခဲ့သလဲ?

တိုင်းရင်းသားတွေကို သူပုန်လို့သတ်မှတ်ပြီး သမိုင်းပုံဖျက်တာတွေ၊ တပ်ထဲမှာအချင်းချင်းဖိနှိပ်ပြီးဒုက္ခရောက်တာကို လက်အောက်ငယ်သားတွေရဲ့ ကံကြမ္မာလိုလိုအဓိပ္ပာယ်မဲ့ ပုံဖော်ဇာတ်နာပြနေကြတဲ့ကိစ္စတွေ၊ တော်လှန်ရေးရုပ်ရှင်ဆိုရင် ယူနီဖောင်းတွေဝတ်ပြီး ဘာသာရေးနဲ့ ဗမာလူမျိုးကြီးဝါဒ အသားပေးပြောစကားတွေနဲ့ သမာသမတ်ကျသလိုဟန်ဆောင်ပြနေကြတာတွေ၊ အိမ်ထောင်ဦးစီးကြီးစိုးတာတွေ၊ လူကြီးသူမဆို မှန်တာတွေပဲ ပြောပြီးတော့ နောက်မျိုးဆက်တွေက တဇွတ်ထိုးတွေလုပ်နေကြောင်း narrative တွေကိုတောက်လျှောက်သယ်လာကြတဲ့ အကြောင်းတွေ ဆွေးနွေးထားပါတယ်..။ နားဆင်ရင်း မိတ်ဆွေများဥာဏ်သူပုန်ထ နိုင်ကြပါစေလို့ BPN ဝိုင်းတော်သားများက တိုက်တွန်းလိုပါတယ်။

Spotify, Apple Podcasts နဲ့ BPN ရဲ့ YouTube channel တွေမှာ Podcast အစအဆုံးကို နားသောတဆင်နိုင်ပါပြီ။ လင့်များကို ကွန်းမန့်မှာဖော်ပြပေးထားပါတယ်။ နားထောင်ပြီး သဘောကျတယ်ဆိုရင် BPN ရဲ့ Facebook နဲ့ YouTube channel တွေကို Like, Subscribe & Share လုပ်ပေးခြင်းအားဖြင့် Quality ဖြစ်တဲ့ Podcast များထပ်မံထုတ်လုပ်ဖို့ရာ support နိုင်ပါတယ်။

မြန်မာပြည်အကြောင်း Joe Rogan ဘယ်လောက်သိထားသလဲ​? !!! April Fool Alert!!! ချစ်ခင်ရတဲ့ မိတ်ဆွေတို့ရေ ချစ်ခင်စွာ စနောက်ခွင့်...
01/04/2024

မြန်မာပြည်အကြောင်း Joe Rogan ဘယ်လောက်သိထားသလဲ​?

!!! April Fool Alert!!! ချစ်ခင်ရတဲ့ မိတ်ဆွေတို့ရေ ချစ်ခင်စွာ စနောက်ခွင့်ရတဲ့အပြင် စိတ်မဆိုးပဲ အားပေးဖို့ အဆင်သင့်ဖြစ်နေကြတဲ့အတွက် နားထောင်သူမိတ်ဆွေများကို BPN ဝိုင်းတော်သားများက ပိုလို့ သံယောဇဥ် တိုးရပါတယ်။​ဒီထက် အများကြီး ကြိုးစားသွားပါအုံးမယ်။ ချစ်ခင်လေးစားစွာဖြင့် BPN ဝိုင်းတော်သားများ​။

Joe Rogan ဆိုတာကတော့ UFC MMA ပွဲတွေရဲ့ commentator ဖြစ်ပြီးတော့ Joe Rogan Experiences ဆိုတဲ့ Podcast နဲ့ နားထောင်သူ ၁၆ သန်းကျော် ပိုင်ဆိုင်ထားသူ ကမ္ဘာ့အကြီးစား Podcaster တစ်ယောက်ဖြစ်ပါတယ်။ ကျနော်တို့ Podcast Network ရဲ့ ရည်ရွယ်ချက်တစ်ခုက မြန်မာပြည်ကနားထောင်သူတွေကို နိုင်ငံတကာက Podcasters တွေ ၊ သူတို့ရဲ့ သုံးသပ်ချက်တွေ ၊​ဆွေးနွေးတာတွေကို မိတ်ဆက်ပေးဖို့လဲပါဝင်ပါတယ်။ လပေါင်းများစွာ အားထုတ်မှု အပြီးမှာ ကျနော်တို့ အသံသွင်းမှုကို အကောင်ထည်ဖော်နိုင်ခဲ့ပါပြီ။ ညိုကီ FM မှ ကို Bradley ရဲ့ နွေးထွေးစွာ ဖိတ်ခေါ်ပေးမှုနဲ့အတူ မြန်မာနိုင်ငံအကြောင်း Joe Rogan နဲ့ ဆွေးနွေးထားတဲ့အပိုင်းလေး ရင်ခုန်စွာစောင့်မျှော်ပေးကြပါအုံး။

23/03/2024

Fmaj7 - အပိုင်း (၄)
"အာဖရိကန် - အမေရိကန် ဂီတအကြောင်းပြောကြရာဝယ်"

အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေရှိမလာခင်ကတည်း “ဂီတ” ဆိုတာရှိနေခဲ့တာပါ။ တချိန်က ကျွန်တွေဖြစ်ခဲ့တဲ့ လူမည်းတွေဆီကနေစခဲ့တဲ့ ဘလူးစ် ဂီတဟာ African-Americans ယဥ်ကျေးမှုတခုဖြစ်လာခဲ့ပါတယ်။ အခုဆို တကမ္ဘာလုံးမှာပုံစံအမျိုးမျိုးနဲ့ပြန့်ပွားနေတာကိုလည်းတွေ့ရမှာပါ။ လေ့လာလိုက်စားကြတဲ့ နောက် genereation တွေကိုလည်း ကမ္ဘာမှာရော မြန်မာပြည်မှာပါ အစဥ်အဆက် တွေ့နေရဆဲပါပဲ။ Louis Armstrong, B.B King, Sonny Boy Williamson တို့ကနေစလို့ မြန်မာပြည်က အဆိုတော် စီယံ, ညီပု, ထူးအိမ်သင်တို့အပါအဝင်ပါ။ စီယံရဲ့ “စည်းနဲ့ ဝါး”သီချင်း ကိုနားထောင်ကြည့်မယ်ဆိုရင် မြန်မာပြည်က တကယ်ကို ထူးချွန်ပီး အနုပညာအရည်အသွေးရှိတဲ့ ဂီတသမားတယောက်ရဲ့ ပညာနဲ့ တန်ဖိုးကိုသိနိုင်ပါတယ်။

ကိုမာကျူရီရဲ့ Fmaji7 episode-4 ကိုနားထောင်ကြည့်ပီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Podcast အစအဆုံးနားထောင်နိုင်မည့် လင့်ခ်များကို ကွန်းမန့်မှာ ဖော်ပြပေးထားပါတယ်။

Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖို့အတွက် support လုပ်နိုင်ပါတယ်။

Address


Alerts

Be the first to know and let us send you an email when Burma Podcast Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Podcast Network:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share