15/08/2024
🇵🇹ပေါ်တူဂီ “D” ဗီဇာများအကြောင်း
………………….
ဥရောပနိုင်ငံများကို ကူးချင်တဲ့သူများအတွက် ပေါ်တူဂီနိုင်ငံက D7 visa အကြောင်းကို သိပြီးကြတဲ့သူများပါတယ်။ အခြား D visa type အကြောင်းကို သေချာမသိသေးတဲ့သူများအတွက် ပေါ်တူဂီမှ D visa များအကြောင်း အသေးစိတ်လေး ရေးပေးလိုက်ပါမယ်။
🔹D1: work visa
ဒီက ကုမ္ပဏီတွေက အလုပ်ခေါ်စာနဲ့အတူ လျောက်ရတဲ့ ဗီဇာပါ။
အမှန်အကန်ခေါ်တာရှိသလို အလုပ်ရှင်နဲ့ အေးဂျင့်တွေ ပေါင်းပြီး ဗီဇာ ရောင်းစားတာလဲရှိတယ်။ အေးဂျင့်နဲ့ လုပ်တာတွေက ဒီဖက်က ကုမ္ပဏီက နာမည်ပျက်ရှိရင် ၊ လုပ်ငန်း မခိုင်မာရင် ဗီဇာ မရပါ။
🔹D2: Entrepreneur Visa
IT လုပ်ငန်းတွေလိုမျိုး နိုင်ငံတွင်း အကျိုးပြုမယ့် စွန့်ဦးတီထွင် ကုမ္ပဏီတွေကို ထုတ်ပေးတဲ့ ဗီဇာပါ။ ဒီ ဗီဇာ အတွက် ကုမ္ပဏီထောင်ဖို့ လိုအပ်ပြီး project plan တွေ ပြဖို့လိုအပ်ပါတယ်။ အကယ် အကျိုးပြုစီးပွါးရေးတွေဆို ၅ နှစ်ခန့်အထိ tax ကင်းလွတ်ခွင့်ပါပေးပြီး ၊ ရုံးခန်း အခမဲ့ပေးတာလိုမျိုး လိုအပ်တာတွေ ထောက်ပံ့ပေးပါတယ်။
🔹D3: Highly qualified Activity Visa
ပညာရှင်တွေကို ပေးတဲ့ ဗီဇာပါ။ ဥပမာ: ဆရာဝန်၊ သိပ္ပံပညာရှင်
🔹D4: Student Visa
Vocational school လိုမျိုး (၃)လနဲ့ အထက် တက်ရောက်ရန် လိုအပ်တဲ့ ကျောင်းသားတွေအတွက် ပေးတာပါ။
🔹D5: High Education Visa
တက္ကသိုလ်ကျောင်းသားတွေ အတွက် ထုတ်ပေးတဲ့ ဗီဇာပါ။
🔹D6: Family Unification Visa
ပေါ်တူဂီမှာ တရားဝင်နေထိုင်တဲ့သူများရဲ့ မိသားစုဝင်များ လျောက်ထားရမယ့် ဗီဇာပါ။ ပေါ်တူဂီက နေထိုင်သူက ထောက်ခံပေးရပါတယ်။ ဒီအတိုင်းသံရုံး သွားလျောက်တာထက် ဒီဖက်မှာရောက်နေသူက visa assurance ဖြစ်အောင် လုပ်ပြီး ခေါ်မှ ပိုမြန်တာပါ။
🔹D7: Retirement Visa
ပင်စင်စားများ၊ မိမိကိုယ်တိုင် အလုပ်လုပ်ရန် မလိုသောဝင်ငွေရှိသူများ လာရောက်နေထိုင်ဖို့ လျောက်ထားနိုင်တဲ့ ဗီဇာပါ။ ပုံမှန်တစ်လ ၁၅၀၀$ လောက် အနည်းဆုံး ဝင်ငွေပြနိုင်ရပါတယ်။
🔹D8: Digital Nomad Visa
အွန်လိုင်းကနေ ဝင်ငွေရသူများ၊ အိမ်မှာတင် အလုပ်လုပ်လို့ ရသူများ လျောက်ထားနိုင်သောဗီဇာ အမျိုးအစား ဖြစ်ပါတယ်။ ပုံမှန် တစ်လ ၃၀၀၀$ ခန့် ပြရန် လိုအပ်ပါတယ်။
🔹D9: Golden Visa
သူဌေးများ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဗီဇာ ဖြစ်ပါတယ်။ ပေါ်တူဂီမှာ golden visa ကို အိမ်ခြံမြေအတွက် မပေးတော့ပါ။ တခြားစီးပွါးရေးလုပ်ငန်းများအတွက်သာ အကျုံးဝင်ပါတယ်။ ဒေါ်လာ ၅ သိန်းခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါတယ်။
ထပ်မံသိချင်တာများရှိရင်တော့ chat box ကနေမေးမြန်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ 🥰