Hpj Micheal

Hpj Micheal Up-To-Date News Channel

24/08/2022

အကြမ်းဖက် စကစ ဗုံးကြဲတိုက်ခိုက်မှုကြောင့်
ခြေက်နှစ်ခွဲအရွယ်ကလေးငယ်အပြင်ကိုယ်ဝန်‌ဆောင်မိခင်တစ်ဦးအသက်ဆုံးရှုံး
၂၃၊၈၊၂၀၂၂ ။နံနက် ၁၁နာရီ၄၁မီးနစ်တွင် အကြမ်းဖက်၊အဖျက်သမားစကစက ၊ကောလင်းမြို့နယ် အနောက်ဘက်ခြမ်း ချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်၆နှစ်ခွဲအရွယ်‌မောင်ပြည့်စုံ‌အောင်၊ ကိုယ်ဝန်ကိုးလအရွယ်၊ကိုယ်ဝန်ဆောင်မဖြူဇာဝင်းတို့ အပါအဝင် အရပ်သူအရပ်သား ငါးဉ်ီးအသက်ဆုံးရှုံးခဲ့ရသည်။
။သေဆုံးသူမောင်ပြည်စုံ၏ဖခင်တော်စပ်သူကိုနေလင်းဦးသည်လည်းမစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

မြန်မာ့ဒီမိုကရေစီ‌ခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်ကိုထောင်သွင်းအကျဉ်းချမည်။ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တ...
21/06/2022

မြန်မာ့ဒီမိုကရေစီ‌ခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်ကိုထောင်သွင်းအကျဉ်းချမည်။

မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတော်လှန်ရေး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန် (ဇွန်လ၊ ၂၂ ၊ ၂၀၂၂)ရက်နေ့တွင်နေပြည်တော်ရှိ အချုပ်ထာင်သို့ ပို့‌ဆောင်မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမည့်အချုပ်ထောင်အဆောက်အဦးကို စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ယနေ့ညနေလေးနာရီတွင် လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ အချုပ်ထောင်တွင် (Drone Defense) စနစ်ကိုတပ်ဆင်ထားသည်။ ယနေ့နေ့လည်ခင်းအချိန်တွင် ရဲထောက်ချုပ်ရုံးက ထုတ်ပေးခဲ့သည်။ အဆိုပါ (Drone Defense) စနစ်ကို အစ္စရေးနိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာငွေကျပ် သိန်းတစ်ထောင်ကျော် ကုန်ကျခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတော်လှန်ရေး၏ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မနက်ဖြန် (ဇွန်လ ၂၂၊ ၂၀၂၂)ရက် နေ့လည်သုံးနာရီတွင် ပို့‌ဆောင်မည်ဟု တပ်မတော်ထိပ်တန်းအရာရှိ တစ်ဦးက ပြောပြသည်။

၂၀၁၀ခုနှစ် မတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေဦးဆောင်သော စစ်အုပ်စုက အင်းစိန်အကျဉ်းထောင်တွင် သီးသန့်အဆောက်အဦးဆောက်လုပ်ပြီး အကျဉ်းချခဲ့ဖူးသည်။ ထိုသို့လုပ်ဆောင်ပြီးနောက် နှစ်ဖက်နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်လာသည်။
ယခုလုပ်ရပ်သည်လည်း အားနည်းချိနဲ့နေသည့် စစ်အုပ်စုအနေဖြင့် ဖြစ်ပေါ်လာနိုင်ချေရှိသည့် နိုင်ငံရေးဆွေးနွေး ပွဲများတွင် အသာစီးရယူရန်ကြိုးပမ်းချက်တစ်ခု ဖြစ်နိုင်သည်ဟု Hpj Michael သတင်းအဖွဲ့က ယူဆပါသည်။

21/06/2022

Address


Telephone

+66972671966

Website

Alerts

Be the first to know and let us send you an email when Hpj Micheal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hpj Micheal:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share