Healthy Me

Healthy Me Health Media Channel

12/11/2023

Hello

သွားညှိကုသမှုခံယူနေသူတွေ အနေနဲ့ သတိထားရမယ့် အ‌ကြောင်းအရာလေးတွေကို ဒေါက်တာမြတ်က ဒီလိုလေးပြောပြထားပါတယ် 👇👇👇===============...
21/10/2023

သွားညှိကုသမှုခံယူနေသူတွေ အနေနဲ့ သတိထားရမယ့် အ‌ကြောင်းအရာလေးတွေကို ဒေါက်တာမြတ်က ဒီလိုလေးပြောပြထားပါတယ် 👇👇👇
=================================================

🧑‍⚕️သင်ဟာ သွားညှိကုသမှုခံယူ ထားတဲ့သူလား၊ ဒါမှမဟုတ် သွားညှိကုသမှုခံယူဖို့ ပြင်ဆင်နေတဲ့သူလား၊ ဒါမှ မဟုတ်လည်း သွားညှိကုသထားတဲ့လူတွေ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုများ လုပ်ဆောင်ကြတာပါ လိမ့်လို့ တွေးပြီး သိချင်နေတဲ့သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သတိထားရမယ့် ဆောင်ရန်၊ရှောင်ရန် အချက်တွေ၊ သန့်ရှင်းရေးအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကို ပြောပြသွားမှာဖြစ်လို့ ဆက်ဖတ်လိုက်ကြစို့နော်။
အားလုံးသိတဲ့အတိုင်း သွားညှိကုသမှုဟာ အနည်းဆုံး အချိန် ရှစ်လ ကနေ သွားအနေအထားပေါ် မူတည်ပြီးတော့ ကြာမြင့်ပါတယ်။ အဲ့ဒီကာလအတွင်းမှာ Braces လို့ ခေါ်တဲ့ အတုံးလေးတွေနဲ့ညှိထားတဲ့သူဆိုရင် အများဆုံးရင်ဆိုင်ရတာကတော့ သန့်ရှင်းရေးလုပ်ရခက်တဲ့ပြသနာပါပဲ။ တကယ်လို့ သွားသန့်ရှင်းရေးကို သေချာ မလုပ်နိုင်ရင် အစာအကြွင်းအကျန်တွေ ခိုအောင်းနိုင်တဲ့နေရာတွေ များတာမို့ သွားတွေပိုးစားလာပြီး သွားညှိကုသမှုတွေလည်း မအောင်မြင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အောက်မှာ ရေးထားတဲ့အချက်လေးတွေကို သတိထားပြီး လိုက်လုပ်ပေးနိုင်ပါတယ်။
✅၁။ သွားတိုက်တဲ့အခါ ဖြည်းဖြည်း နဲ့ ကြာကြာ တိုက်ပါ။ သွားညှိထားတဲ့ ကိရိယာလေးတွေ ကြားထဲကိုပါ တိုက်ပေးပါ။ တနေ့ကို အနည်းဆုံး ၂ ကြိမ်တိုက်ပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးပါ။

✅၂။ Interdental Toothbrush လို့ ခေါ်တဲ့ သွားကြားထဲထိ တိုက်လို့ရတဲ့ သွားတိုက်တံလေးတွေကို သုံးပါ။

✅၃။ နောက် အစာစားပြီးတိုင်း သွားပွတ်ကြိုး နဲ့ သွားတွေကြားထဲကို သန့်ရှင်းရေးလုပ်ပေးပါ။ သွားညှိကုသမှု ခံယူထားတဲ့လူတွေအတွက်ဆိုရင် Water Flosser လို့ ခေါ်တဲ့ ရေအားနဲ့ သွားကြားထဲကို သန့်ရှင်းရေးလုပ်ပေးတဲ့ စက်ကလေးတွေ သုံးတာဟာလည်း အကျိုးရှိတာမို့ သုံးဖို့ အကြံပေးချင်ပါတယ်။

✅၄။ ချိုပြီး စေးကပ်တဲ့အစား အစာတွေ၊ တအားမာတဲ့ အစားအစာတွေ ကိုရှောင်သင့်ပါတယ်။ စားပြီးရင်လည်း ပလုတ်ကျင်းတာ၊ နောက် သွားပွတ်ကြိုး သုံးပေးတာမျိုးတွေကို မဖြစ်မနေ လုပ်ပေးဖို့လိုပါတယ်။

✅၅။ ပလုတ်ကျင်းဆေးရည် သုံးပေးပါ။ တရက်ကို နှစ်ကြိမ် မှ သုံးကြိမ် အထိ သွားသန့်ရှင်းရေးလုပ်ပြီးတိုင်း ပလုတ်ကျင်းဆေးရည်ကို အသုံးပြုပေး သင့်ပါတယ်။

✅၆။ အရေးအကြီးဆုံးအချက်ကတော့ ဆေးခန်း ရက်ချိန်း မှန်မှန်သွားဖို့ပါပဲ။ ကိုယ့်ကုသမှုရဲ့ တိုးတက်မှုအခြေအနေတွေ၊ သွားနဲ့ခံတွင်းရဲ့ ကျန်းမာရေး အခြေအနေတွေကို သွားဆရာဝန်ကသာ သေချာစစ်ဆေးပေးနိုင်တာမို့ ရက်ချိန်းမှန်မှန် သွားရပါမယ်။

ဒီလောက်ဆိုရင် သွားညှိကုသမှုခံယူထားတဲ့လူတွေ အနေနဲ့ သတိထားလုပ်ဆောင်ရမယ့် အချက်လေးတွေကို သိလောက်ပြီလို့ထင်ပါတယ်နော်။ သွားညှိကုသမှုတွေ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးပြီးတော့ လိုချင်တဲ့ရလာဒ်တွေ ရပြီးတော့ အမြန်ဆုံး လှနိုင်ကြပါစေရှင့်။ နောက် အပါတ်မှာ ပြန်တွေ့ပါမယ်။

ဒေါက်တာမြတ်
သွားဆရာဝန်
Healthy-Me Group

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားညှိကု

မျက်ကပ်မှန်တပ်ဆင်သူများ လိုက်နာရမဲ့အချက်===============================✅မျက်ကပ်မှန်တပ်မယ်ဆိုတဲ့သူတွေဟာ အရင်ဆုံး မိမိမျက်...
18/10/2023

မျက်ကပ်မှန်တပ်ဆင်သူများ လိုက်နာရမဲ့အချက်
===============================

✅မျက်ကပ်မှန်တပ်မယ်ဆိုတဲ့သူတွေဟာ အရင်ဆုံး မိမိမျက်လုံးကို မျက်စိဆရာဝန် နဲ့ ပြသပြီးစမ်းသပ်ကာ သင့်လျော်တဲ့မျက်ကပ်မှန်အမျိုးအစားကိုရွေးချယ်ပါ။
မျက်ကြည်လွှာအခြေအနေ၊ မျက်စိပါဝါ ၊ မျက်သားခြောက်ခြင်းရှိမရှိ ၊ တခြားမျက်စိရောဂါရှိမရှိ စသည်ဖြင့် စစ်ဆေးထားဖို့လိုပါတယ်။

✅မျက်ကပ်မှန်မကိုင်တွယ်ခင် လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုအပ်ပါတယ်။ လက်မသန့်ရှင်းလျှင် မျက်စိပိုးဝင်တတ်ပါတယ်။

✅အလှမပြင်ခင် မျက်ကပ်မှန်ကြိုတပ်ပါ။

✅မျက်ရည်တုဆေးရည်ဗူးကို သွားလေရာဆောင်ထားပါ။ မျက်သားခြောက်တယ်လို့ ခံစားရပါက မကြာမကြာခပ်ပေးပါ။

✅မျက်ကပ်မှန်တပ်ထားစဉ် မျက်လုံးထဲရေမဝင်ဖို့ ဂရုပြုပါ။ ရေမချိုးခင် ၊ မျက်နှာမသစ်ခင် မျက်ကပ်မှန်ကို ပြန်ချွတ်ပါ။

✅မျက်ကပ်မှန်သိမ်းဆည်းရာ ဗူးဖြင့် စနစ်တကျပြန်လည်သိမ်းဆည်းပါ။ ဗူးထဲကဆေးရည် အသစ်လဲဖို့မမေ့ပါနဲ့။

✅မျက်ကပ်မှန်ဆေးကြောတဲ့ဆေးရည်ကို စိတ်ချရတဲ့ တံဆိပ်ထဲကပဲသုံးစွဲပါ။ ကုန်ဆုံးရက်စွဲကို သေချာစစ်ဆေးပါ။ ရက်ကျော်သွားပြီးဆိုပါက လွှင့်ပစ်ဖို့ မနှမြောပါနဲ့။

✅ခဏတဖြုတ်ပဲဖြစ်ဖြစ် အိပ်မယ်ဆိုရင် မျက်ကပ်မှန်ကိုချွတ်ဖို့ မပျင်းပါနဲ့။

✅မျက်စိဆရာဝန်ညွှန်းကြားသည့် မိမိမျက်လုံးနဲ့သင့်လျော်မည့် မျက်ကပ်မှန်ကိုသာသုံးစွဲပါ။ စျေးကွက်ထဲမှာ လွယ်လွယ်ဝယ်လို့ရတဲ့ အပေါစား မျက်ကပ်မှန်တွေကို လျှောက်မသုံးဖို့ သတိပေးပါရစေ။

မျက်ကပ်မှန်တပ်ခြင်းမှာ ပေါ့ဆမိလျှင် မျက်လုံးပိုးဝင်ခြင်း၊ မျက်ကြည်လွှာအနာဖြစ်ခြင်း နှင့် အမြင်အာရုံပျက်စီးခြင်းတွေထိ ကြုံရနိုင်တာကြောင့် အထူးဂရုပြုဖို့ မှာကြားချင်ပါတယ်။

ကျန်းမာစွာလှပနိုင်ကြပါစေ။
Healthy-Me

#မျက်စိကျန်းမာရေး #မျက်လုံးကျန်းမာရေး #မျက်သားတက်ခြင်း #မျက်ရည်တု #မျက်ကပ်မှန်တပ်ခြင်း #မျက်ကြည်လွှာအနာ #မျက်ကပ်မှန်

လူတိုင်းမျက်ကပ်မှန်တပ်လို့ရလား နှင့် မျက်ကပ်မှန်တပ်လျှင် မျက်ကြည်လွှာပေါက်တတ်တယ်ဆိုတာ ဟုတ်ပါသလား?=======================...
17/10/2023

လူတိုင်းမျက်ကပ်မှန်တပ်လို့ရလား နှင့် မျက်ကပ်မှန်တပ်လျှင် မျက်ကြည်လွှာပေါက်တတ်တယ်ဆိုတာ ဟုတ်ပါသလား?
=================================

👁️လူတိုင်း မျက်ကပ်မှန်တပ်လို့ရလားဆိုရင် မရပါဘူးနော်။ မျက်ကပ်မှန်အသုံးပြုမယ်ဆိုရင် အရင်ဆုံးမိမိမျက်လုံးကို မျက်စိဆရာဝန်နှင့် တိုင်ပင်ပြသ စစ်ဆေးပြီး ဆရာဝန်ညွှန်းကြားတဲ့ မိမိနဲ့သင့်တော်မည့် မျက်ကပ်မှန်ကို တပ်သင့်ပါတယ်။

ဘယ်လိုလူမျိုးတွေ မျက်ကပ်မှန်တပ်လို့မရဘူးလဲဆိုတော့ -
☑️မျက်လုံးရောဂါ တစ်ခုခုရှိတဲ့သူ
☑️မျက်လုံးပိုးဝင်ဖူးသူ
☑️ဖုန်ထူ ၊ မီးခိုးငွေ့များထူထပ်တဲ့ နေရာဒေသတွင်နေထိုင်ရသူများ မတပ်သင့်ပါဘူး။

🚨မျက်ကပ်မှန်တပ်ပြီးနောက် မျက်ဝတ်တွေထွက်တာ၊ မျက်လုံးနာကျင်တာ၊ နီရဲတာ နှင့် အမြင်အာရုံပြောင်းလဲတယ်ဆိုရင် မျက်စိဆရာဝန်နှင့် ချက်ချင်းသွားပြသင့်ပါတယ်။

✅မျက်ကပ်မှန်အကြာကြီးတပ်ခြင်းကြောင့် မျက်ကြည်လွှာပေါက်တတ်တယ်ဆိုတာ ဟုတ်ပါတယ်။

🚨မျက်ကြည်လွှာ​ပေါက်သွားခြင်းဖြင့် ကူးစက်ပိုးများ မျက်လုံးအတွင်းထဲကို ဝင်ရောက်နိုင်ပါတယ်။ မျက်ကပ်မှန်ကို သန့်သန့်ရှင်းရှင်း ဂရုမစိုက်မိခြင်းကြောင့်လည်း ပိုးဝင်နိုင်ပြီး မျက်ကြည်လွှာအနာဖြစ်စေနိုင်ပါတယ်။

🚨ဒါကြောင့် မျက်ကပ်မှန်တပ်မယ်ဆိုရင် တင်းတင်းကျပ်ကျပ်လိုက်နာရမဲ့ စည်းကမ်းချက်တွေရှိပါတယ်။ဒါတွေကို သေချာလိုက်နာနိုင်မှ မျက်ကပ်မှန်တပ်ခြင်းကို ရွေးချယ်သင့်ပါတယ်။

မျက်ကပ်မှန်တပ်သူများ မဖြစ်မနေလိုက်နာရမဲ့အချက်လေးတွေကို နောက်ထပ် ဆောင်းပါးမှာ ဆက်လက်ဖော်ပြပေးပါမယ်။
Healthy-Me

#မျက်စိကျန်းမာရေး #မျက်လုံးကျန်းမာရေး #မျက်သားတက်ခြင်း #မျက်ရည်တု #မျက်ကပ်မှန်တပ်ခြင်း #မျက်ကြည်လွှာအနာ

မျက်သားတက်ခြင်းကို ဘယ်လိုကုသနိုင်သလဲ?===============================👀လူတွေအမေးများတဲ့ မျက်သားတက်ရင် ဘယ်လိုကုသနိုင်မလဲဆို...
16/10/2023

မျက်သားတက်ခြင်းကို ဘယ်လိုကုသနိုင်သလဲ?
===============================
👀လူတွေအမေးများတဲ့ မျက်သားတက်ရင် ဘယ်လိုကုသနိုင်မလဲဆိုတာ မပြောပြခင် မျက်သားတက်ခြင်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာလေး အရင်ပြောပြပေးပါမယ်နော်။

☑️မျက်သားဘာကြောင့်တက်ရသလဲဆိုတာသိမှ မျက်သားတက်ခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်မယ်။ မျက်သားခြစ်ထုတ်ပြီးရင်လည်း ထပ်မဖြစ်အောင် ကာကွယ်နိုင်မှာမို့ပဲဖြစ်ပါတယ်။

☑️မျက်သားတက်ခြင်းဆိုတာ မျက်လုံးရဲ့အဖြူသားပေါ်မှာ အသားဖတ်လေးကပ်နေတာမျိုး နှင့် သွေးကြောမျှင်များအစ မြင်နေရတတ်ပါတယ်။တခါတရံ မျက်ဆံအမည်းပေါ်ထိတက်တတ်ပါတယ်။

☑️နေဒဏ်၊ လေဒဏ်၊ ဖုန်မှုန့်တွေကို ကြာရှည်ခံရတဲ့သူတွေမှာ မျက်သားတက်ခြင်းဖြစ်နိုင်ပါတယ်။
✅ပူပြင်းခြောက်သွေ့တဲ့နေရာမှာနေထိုင်ရတဲ့သူတွေ
✅နေရောင်အောက်သွားလာနေရသူတွေ၊ အလုပ်လုပ်နေရသူတွေ
✅ဖုန်၊ အမှုန့် များတဲ့ ပတ်ဝန်းကျင်မှာနေထိုင်ရသူတွေ
✅မီးခိုးငွေ့ ၊ ဆီငွေ့ များ နာရီပေါင်းများစွာ အလုပ်လုပ်ရသူတွေ
✅အသက်ကြီးသူတွေ မှာ အဖြစ်များပါတယ်။

ဒါကြောင့် အောက်ပါအချက်အလက်လေးတွေကို လိုက်နာသင့်ပါတယ်။
✅အပြင်ထွက်ပါက မျက်လုံးကိုနေရောင်တိုက်ရိုက်မကျအောင် ဦးထုတ်ဆောင်းပါ ၊ နေကာမျက်မှန် (UVကို တကယ်ကာကွယ်ပေးတဲ့မျက်မှန်) တပ်ဆင်ပါ။

✅မျက်စဉ်း၊ မျက်ရည်တုများဖြင့် မျက်လုံးရဲ့အစိုဓာတ်ကိုထိန်းသိမ်းပါ။

✅ပတ်ဝန်းကျင်လေထု ညစ်ညမ်းတဲ့ နေရာတွေကို မသွားဖြစ်အောင်ရှောင်ပါ။ မဖြစ်မနေသွားရမယ်ဆိုပါက မျက်လုံးကာတဲ့ မျက်မှန်တပ်ပါ။

✅ဆိုင်ကယ်စီးလျှင် (သို့) မျက်လုံးလေတိုးတဲ့ မည်သည့်ယာဉ်မဆိုစီးလျှင် မျက်မှန်တပ်ပြီ မျက်လုံးကိုကာကွယ်ထားပါ။

ကူးစက်ရောဂါ မဟုတ်သလို ၊ အရမ်းကြောက်စရာကောင်းတဲ့ ရောဂါလည်းမဟုတ်ပါဘူး။ သို့ပေမဲ့ ----
⚡မျက်လုံး ခိုးလို့ ခုလုဖြစ်တာ
⚡မျက်လုံးယားတာ
⚡မျက်လုံးစပ်တာ
⚡မျက်လုံးပူတာ
⚡မျက်လုံးနီတာ
⚡မျက်လုံးခြောက်သွေ့တာ မျိုးဖြစ်လာရင်တော့ အထွေထွေဆရာဝန် နှင့်ပြသပြီး မျက်စဉ်းခပ်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။

🚨ဒီထပ်ပိုဆိုးတဲ့ အခြေအနေဖြစ်တဲ့
☑️မျက်စံ အမဲရောင်နေရာထိ မျက်သားတက်ပြီး အမြင်အာရုံကို အနှောက်အယှက်ပေးလာပါက မျက်စိအထူးကုဆရာဝန်နဲ့ပြသပြီး ခြစ်ထုတ်လိုက်လို့ရပါတယ်။

🚨သတိပြုရမှာက - မျက်သားခြစ်ထုတ်ခွဲစိတ်မှုဟာ (၄၅)မိနစ်လောက်ကြာမြင့်မှာဖြစ်ပြီး၊ တက်နေတဲ့မျက်သားကို ဖယ်ရှားပြီးနောက် မျက်ခွံအတွင်းသား (သို့)ထိန်းသိမ်းထားသည့် ရေမွှာအမြှေး၊အချင်း စသည်တို့ကို အသုံးပြုပြီ ချိုင့်သွားတဲ့နေရာကို အစားထိုးပါလိမ့်မယ်။
ဖယ်ရှားထားလို့ ချိုင့်နေတဲ့နေရာကို အစားမထိုးလျှင် မျက်သားတက်ခြင်းပြန်ဖြစ်နိုင်ခြေ ၅၀% ထိရှိပါတယ်။
Healthy-Me

#မျက်စိကျန်းမာရေး #မျက်လုံးကျန်းမာရေး #မျက်သားတက်ခြင်း #မျက်ရည်တု

မျက်သားခြောက်ခြင်းကို ဘယ်လိုကုသလို့ရလဲ?===============================👁️မျက်လုံး/ မျက်သားခြောက်ခြင်းကို သက်သာစေဖို့အတွက်...
15/10/2023

မျက်သားခြောက်ခြင်းကို ဘယ်လိုကုသလို့ရလဲ?
===============================

👁️မျက်လုံး/ မျက်သားခြောက်ခြင်းကို သက်သာစေဖို့အတွက် ဖြစ်ပွားရတဲ့အကြောင်းအရင်တွေ အရင်ဆောင်းပါးမှာဖတ်ရှုလေ့လာပါ။ ဖြစ်ပွားရခြင်းအကြောင်းအရင်းတွေကို အတက်နိုင်ဆုံးလျော့ချခြင်းဖြင့် ကာကွယ်လို့ရသလို ၊

မျက်သားခြောက်ခြင်းဝေဒနာ စတင်ခံစားရပြီးဆိုရင်လည်း -
✅အရမ်းမပြင်းထန်ဆိုရင် မျက်ရည်တုခတ်ခြင်းဖြင့် သက်သာစေနိုင်ပေမဲ့၊

✅ရောဂါလက္ခဏာတွေပြင်းထန်တယ်ဆိုရင်တော့ မျက်စိခြောက်စေတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး မိမိမျက်လုံးနှင့်သင့်တော်မဲ့ ကုထုံးဖြင့် မျက်စိဆရာဝန်မှ ကုသပေးပါလိမ့်မည်။

🚨မျက်သားခြောက်ခြင်းကို မကုသပဲ ပြစ်ထားမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့
မျက်စိအတွင်းသို့ ရောဂါပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။(မျက်လုံးအပေါ်မှ မျက်ရည်အလွှာဟာ ရောဂါပိုးမဝင်ရောက်အောင် ဟန့်တားပေးထားတဲ့ သဘာ၀ကပေးတဲ့အကာအကွယ်ဖြစ်ပါတယ်။ ထို မျက်ရည်ကြည်အလွှာလေးက ကောင်းစွာအလုပ်လုပ်နေဘူးဆိုရင် တခြားပိုးမွှားများ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်)

🚨မျက်သားအရမ်းခြောက်တဲ့သူတွေဟာ မျက်စိရောင်ရမ်းခြင်း၊ မျက်ကြည်လွှာပွန်းပဲ့ခြင်း ၊ မျက်ကြည်လွှာ အနာဖြစ်ခြင်းကြောင့် မျက်လုံးမျက်နှာပြင်ပျက်စီးနိုင်ပါတယ်။

ဒါကြောင့် မျက်သားခြောက် / မျက်စိခြောက် ခြင်းဖြစ်လာပြီဆိုရင် မပြင်းထန်ခင်မှာ ကုသ သင့်ပါတယ်။
Healthy-Me

#မျက်စိကျန်းမာရေး #မျက်လုံးကျန်းမာရေး #မျက်သားခြောက်ခြင်း #မျက်လုံးခြောက်ခြင်း

မျက်သားခြောက်ခြင်းကြောင့် ဘယ်လိုလက္ခဏာတွေခံစားရလဲ?=================================မျက်သားခြောက်ခြင်းဆိုတာ မျက်လုံးထဲက မ...
14/10/2023

မျက်သားခြောက်ခြင်းကြောင့် ဘယ်လိုလက္ခဏာတွေခံစားရလဲ?
=================================
မျက်သားခြောက်ခြင်းဆိုတာ မျက်လုံးထဲက မျက်ရည်တွေ ချောဆီအနေနဲ့ လုံလောက်စွာ မပံ့ပိုးနိုင်တဲ့အတွက် အစိုဓာတ်မျှခြေပျက်ယွင်းမှုကြောင့် ဖြစ်ရပါတယ်။
မျက်သားခြောက်ပြီးဆိုရင် -
💧မျက်ဝတ်ထွက်ခြင်း
💧အလင်းဒဏ်မခံနိုင်ခြင်း
💧မျက်လုံးနီရဲခြင်း
💧မျက်လုံးထဲ ပူစပ်ခြင်း (သို့) အောင့်ခြင်း
💧မျက်လုံးထဲ ဖုန်ဝင်သလို ခုတုတုခံစားရခြင်း
💧မျက်သားခြောက်ခြင်းကြောင့် မျက်လုံးမှာတုံ့ပြန်တဲ့အနေနဲ့ အရည်တမျိုးထုတ်ပေးခြင်း (မျက်ရည်တွေကျကျနေခြင်း)
💧ညဘက်ကားမောင်းဖို့ ခက်ခဲခြင်း တို့ ကြုံတွေ့ရနိုင်ပါတယ်။
နေ့စဉ် လူနေမှုဘ၀မှာ အနည်းနှင့်အများ အနှောက်အယှက်ဖြစ်စေတာမို့ မပေါ့ဆသင့်ပါဘူး။

မျက်သားခြောက်ခြင်းကို ဘယ်လိုကုသရမလဲဆိုတာ နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရှုပေးပါအုန်းနော် ….
Healthy-Me

#မျက်စိကျန်းမာရေး #မျက်လုံးကျန်းမာရေး #မျက်သားခြောက်ခြင်း #မျက်လုံးခြောက်ခြင်း

14/10/2023
မျက်သားခြောက်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ?==============================👁️မျက်လုံးထဲမှာ ရေ၊ အဆီ ၊အချွဲ ပမာဏ မျှတစွာရှိနေဖို့...
13/10/2023

မျက်သားခြောက်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ?
==============================

👁️မျက်လုံးထဲမှာ ရေ၊ အဆီ ၊အချွဲ ပမာဏ မျှတစွာရှိနေဖို့လိုအပ်ပါတယ်။ ဒီ မျှခြေပျက်ယွင်းသွားရင် မျက်သားခြောက်ခြင်းကို ခံစားရပါပြီ။

မျက်သားခြောက်ခြင်း ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ - မျက်လုံး/ မျက်သားခြောက်ခြင်းဟာ တခါတရံဖြစ်တာဆိုရင်

၁။ ဖုန်ထူ၊ လေအရမ်းတိုက် ၊ လေထုခြောက်သွေ့တဲ့ဒေသတွေမှာ နေထိုင်လို့

၂။ ကိုယ့်မျက်နှာပေါ်မှာလိမ်းတဲ့ ပေါင်ဒါ (သို့) အမှုန့်တွေမျက်လုံးထဲဝင်လို့

၃။ ဖုန်း ၊ကွန်ပျူတာအကြည့်များခြင်းကြောင့် မျက်လုံးအားစိုက်ရတာကြောင့်

၄။ မျက်ကပ်မှန်ပုံမှန် တပ်ဆင်ခြင်း( မျက်ကပ်မှန်ဝတ်ဆင်ရာတွင် မျက်ရည်တုကိုပုံမှန်ထည့်ပေးရန်မေ့လျော့ခြင်း)

၅။ ဗီတာမင် အေ ဓာတ်ချို့တဲ့ခြင်း (သို့) ဗီတာမင် ဒီ ဓာတ်ချို့တဲ့ခြင်း (သို့) အိုမီဂါ 3 အက်ဆစ် စားသုံးမှုနည်းပါးခြင်း

၆။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန် ၊ သွေးဆုံးချိန် နှင့် ဟော်မုန်းအပြောင်းအလဲကာလတွေမှာလည်း မျက်လုံး/မျက်သားခြောက်တတ်ပါတယ်

၇။ စိတ်ကျဆေးတွေ ၊ သွေးတိုးကျဆေးတွေ၊ အလာဂျစ်ပျောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်နေရခြင်းကြောင့်လည်း မျက်သားခြောက်တတ်သလို ၊
သိုင်းရွိုက်ရောဂါများ ၊ ဆီးချိုရောဂါ ၊ မျက်ရည်ထွက်စေတဲ့ ဂလန်းတွေထိခိုက်မိတာ တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

မျက်သားခြောက်ရင် ဘယ်လိုတွေခံစားရလဲ နှင့် ဘယ်လိုကုသရမလဲဆိုတာ နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာ ဆက်လက်ဖတ်ရှုပေးပါအုန်းနော်
Healthy-Me

#မျက်စိကျန်းမာရေး #မျက်လုံးကျန်းမာရေး #မျက်သားခြောက်ခြင်း #မျက်လုံးခြောက်ခြင်း

13/10/2023
12/10/2023
11/10/2023
ကလေးနို့တိုက်ခြင်းကြောင့် မေမေတွေရရှိနိုင်သော အကျိုးကျေးဇူးများနို့တိုက်မိခင် မေမေတို့အတွက် သတင်းကောင်းလေးကတော့ နို့တိုက...
10/10/2023

ကလေးနို့တိုက်ခြင်းကြောင့် မေမေတွေရရှိနိုင်သော အကျိုးကျေးဇူးများ

နို့တိုက်မိခင် မေမေတို့အတွက် သတင်းကောင်းလေးကတော့ နို့တိုက်ခြင်းကြောင့် ကိုယ်အလေးချိန်လျော့ကျသွားခြင်းပဲဖြစ်ပါတယ်။ နို့တိုက်ခြင်းဖြင့် ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေခြင်းကြောင့်ပဲဖြစ်ပါတယ်။

ကလေးနို့တိုက်ခြင်းကြောင့် မိခင်မှာ သားအိမ်ကျုံ့စေပါတယ်။ကိုယ်ဝန်ဆောင်လို့ သားအိမ်အလွန်ကြီးထွားလာပြီး ၊ ကလေးမွေးပြီးနောက် သားအိမ်မူလအရွယ်ပြန်ရောက်ဖို့ အောက်စီတိုစင် ဟော်မုန်းလိုအပ်ပါတယ်။ နို့တိုက်ခြင်းဖြင့် အောက်စီတိုစင်ဟော်မုန်းများလာပြီး သားအိမ်ပြန်ကျုံ့ခြင်း လုပ်ငန်းစဉ်ကို အထောက်အကူပြုပေးပါတယ်။

မိခင်နို့တိုက်ကျွေးသော မိခင်တွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေနည်းပါးပါတယ်။ Postpartum depression(PPD)လို့ခေါ်တဲ့ ကလေးမွေးဖွားပြီးချင်းဖြစ်ပေါ်တဲ့ စိတ်ကျရောဂါကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။ နို့တိုက်မိခင်တွေဟာ နို့မတိုက်တဲ့မိခင်တွေထပ် စိတ်ကျရောဂါဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။

ကလေးနို့တိုက်သော မိခင်များသည် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ နည်းပါးပြီး၊ သွေးတိုး ၊ အဆစ်နာ၊ သွေးတွင်းအဆီများခြင်း နှင့် နှလုံးရောဂါကဲ့သို့သော ရောဂါများလည်း ဖြစ်နိုင်ခြေ နည်းပါးပါတယ်။

ကဲ…..ဒီလောက်အကျိုးကျေးဇူးများတဲ့ “နို့တိုက်ခြင်း လုပ်ငန်းစဉ်”ကို မေမေတို့ လုပ်ဆောင်ကြရအောင်နော်

Healthy-Me

Reference - www.healthline.com

#မိခင်နှင့်ကလေးစောင့်ရှောက်ရေး #နို့တိုက်မိခင် #နို့ထွက်များဖို့ #အစားအစာ -moms

10/10/2023

သွားကျန်းမာရေးဆိုင်ရာ သိလိုရာမေးအစီအစဉ်

နို့တိုက်မိခင်တွေ အစပ်စားလို့ရလား?မေမေတို့ဟာ နို့တိုက်နေတဲ့ကာလအတွင်း အစပ်စားလို့ ရမရ ကို အမြဲဒွဟဖြစ်တတ်ကြပါတယ်။ ကဲ….အစပ်...
09/10/2023

နို့တိုက်မိခင်တွေ အစပ်စားလို့ရလား?

မေမေတို့ဟာ နို့တိုက်နေတဲ့ကာလအတွင်း အစပ်စားလို့ ရမရ ကို အမြဲဒွဟဖြစ်တတ်ကြပါတယ်။
ကဲ….အစပ်စားလို့ရမလားကို ဆက်ဖတ်ကြည့်လိုက်ရအောင်နော်
နို့တိုက်မိခင်တွေမှာ အစပ်စားလို့ရပါသလားဆိုရင် -
Yess….ရပါတယ်တဲ့ရှင့်။
ကိုယ်ဝန်ဆောင်ချိန် နှင့် နို့တိုက်နေချိန်တွေမှာ အစပ်ရှောင်ရမယ်လို့ သက်သေပြစရာ အထောက်အထားမရှိပါဘူး။
သို့သော်… သာမာန်လူတစ်ယောက်တောင် အစပ်စားတာ များရင် ရင်ပူခြင်း ၊ဗိုက်အောင့်ခြင်းများကို ခံစားရနိုင်ပါတယ်။
ဘာအရာမဆို....တန်ဆေး လွန်ဘေးပါ။
super spicyတွေ၊အစပ် levelမြင့်တွေကိုအထူးရှောင်ပေးပါ။ ကင်ချီကဲ့သို့သော probioticအစားအစာများကိုလည်း စားသုံးပေးနိုင်ပါတယ်။
အပျိုတုန်းကလို မာလာရှမ်းကောတို့ ၊ ခေါက်ဆွဲအစပ်နဲ့ကင်ချီတို့ စားသုံးလို့ရပါတယ်။
အမြဲမှတ်ထားဖို့က..... နို့တိုက်မိခင်တွေအနေနဲ့ အာဟာရပြည့်အောင် အရသာအစုံစားပါ၊ အသီးအရွက် သား၊ငါး မျှတစွာစားပါ။ဘယ်အရသာကိုမှ အလွန်အကျူးမစားပါနဲ့ တန်သင့်ရုံ စိတ်ကျေနပ်ရုံစားပါ။
Foodieမေမေလေးများ....ပျော်ရွှင်စွာ စားသောက်နိုင်ကြပါစေ။
Healthy-Me

Reference - www.healthline.com

#မိခင်နှင့်ကလေးစောင့်ရှောက်ရေး #နို့တိုက်မိခင် #နို့ထွက်များဖို့ #အစားအစာ -moms

နို့တိုက်မိခင်များ နို့လိုက်အောင်၊နို့ထွက်များအောင် စားသင့်တဲ့အစားအစာတချို့ မေမေအသစ်လေးတွေမှာ အကြီးမားဆုံးစိန်ခေါ်မှုဟာ ...
08/10/2023

နို့တိုက်မိခင်များ နို့လိုက်အောင်၊နို့ထွက်များအောင် စားသင့်တဲ့အစားအစာတချို့

မေမေအသစ်လေးတွေမှာ အကြီးမားဆုံးစိန်ခေါ်မှုဟာ နို့မလိုက်တာ၊ နို့ထွက်နည်းတာပါပဲ၊
လူသားသေးသေးလေးရဲ့ ဖွဲ့ဖြိုးကြီးထွားမှုအတွက် မိမိမှာတာဝန်ရှိနေတယ်ဆိုတဲ့အသိကလည်း စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေပါတယ်။
ဒီလို စိတ်ဖိစီးမှုများရတဲ့အထဲ ဘယ်လူအဖွဲ့အစည်းမှာဖြစ်ဖြစ် ဓလေ့ထုံးစံတွေရဲ့ ဝင်ရောက်စွက်ဖက်ခြင်းကို နို့တိုက်မိခင်တွေခံကြရပါမယ်။ဥပမာ- အဖွားက ဘာမစားရဘူးပြောတယ်၊ အမေက ဘာနဲ့မတည့်ဘူးပြောတယ်ဆိုတာမျိုးတွေ ကြုံရတတ်ပါတယ်။
ဘယ်အစားအစာကဘယ်လောက်ကောင်းတယ်၊ ဘယ် supplementကဘယ်လောက်ကောင်းတယ်ပြောလည်း မေမေတိုင်းဟာမတူညီကြပါဘူး သူ့ခန္ဓာကိုယ်က ဖြည့်စွက်စာတွေနဲ့ အစားအစာတွေကို ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်ပါလိမ့်မယ်။
ဒါကြောင့် ဆရာဝန်တွေက ဘယ်ဟာစားပါဆိုတာထပ် အစုံစားပါ၊မျှတစွာစားပါလို့ တဖွဖွမှာကြားနေကြတာဖြစ်ပါတယ်။
ဘယ်လိုစုံအောင်စားရမလဲ ဆက်လက်ဖော်ပြပေးပါမယ်နော်....
၁။ Oats
အုတ်မှာ သံဓာတ်၊ အမျှင်ဓာတ်၊ ဇင့်နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်ဟာ အမျိုးသမီးတွေမှာ သံဓာတ်နည်းတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် oats ဟာ ဆုံးရှုံးမှုကို ဖြည့်တင်းပေးနိုင်ပါတယ်။

၂။ ဒိန်ချဉ် ကဲ့သို့သော probioticအစားအစာများ
probioticများသည် အူလမ်းကြောင်းကို ပုံမှန်ဖြစ်စေရန် များစွာအထောက်အကူပြုပါတယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်နှုန်းကို လျှော့ချပေးပြီး gas ထွက်ခြင်းနှင့် လေပွခြင်းကို သက်သာစေပါတယ်။

၃။ ပဲနံ့သာစေ့
နို့ထွက်နှုန်းတိုးရန် ပဲနံ့သာစေ့ ကိုစားသုံးပေးနိုင်ပါတယ်။ ပဲနံ့သာစေ့ဟာ အမှန်တကယ်နို့ထွက်နှုန်းများကြောင်း လုံလောက်အောင် သုတေသနပြုထားခြင်းမရှိသော်လည်း USDAက ပဲနံ့သာစေ့ကို နို့တိုက်မိခင် စားသုံးလို့ရကြောင်း ဘေးကင်းကြောင်း အသိအမှတ်ပြုထားပါတယ်။
ပဲနံ့သာစေ့ ကိုစားသုံးပြီး ၂၄နာရီမှ ၇၂နာရီအတွင်း နို့ထွက်နှုန်းတိုးလာကြောင်း တင်ပြလာကြတဲ့ နို့တိုက်မိခင်တွေအများအပြားရှိကြောင်း The Nursing Mother's Companion ၏စာရေးဆရာ Kathleen E. Huggins၊ RN မှဆိုထားပါတယ်။
နို့ထွက်နှုန်းများအောင် အမြဲစားသုံးနေဖို့မလိုအပ်ပါဘူး....နို့ထွက်နှုန်းကောင်းလာပြီ ဆိုရင် ပဲနံ့သာစေ့ စားသုံးခြင်းကို ရပ်လိုက်လို့ရပါပြီ။

နို့တိုက်မိခင်တွေအနေနဲ့ ကလေးငယ်အတွက်ပဲစဉ်စားပြီး လိုက်စားပေးနေခြင်းမျိုးမဟုတ်ပဲ မိမိခံတွင်းလိုက်အောင် အရသာရှိအောင် ပြုလုပ်စားသောက်သင့်ပါတယ်..ဒါမှသာ စိတ်ဖိစီးမှုမရှိမှာဖြစ်ပါတယ်။

ကလေးငယ်တာဝန်များ၊ အိပ်ရေးပျက်ခြင်း အစရှိသည်တို့ဖြစ် ပင်ပန်းနေရတဲ့အထဲ အစားအသောက်ကိုပါ ကန့်သတ်လိုက်ရင် ပိုဆိုးဖို့ပဲရှိပါတယ်။ ဒါကြောင့် ယခုနောက်ပိုင်း အထက်ဖော်ပြပါ အစားအစာများပါဝင်ပြုလုပ်ထားတဲ့ နို့တိုက်မိခင်သောက်ရန် အအေး၊ နို့တိုက်မိခင် နို့လိုက်အောင်စားတဲ့ ကွတ်ကီး အစရှိသဖြင့် စျေးကွက်ထဲရှိလာပါပြီ။ ဒါကြောင့် မိမိနှစ်သက်သလို အာဟာရပြည့်အောင် ၊ အရသာရှိအောင် နှင့် စိတ်ကျေနပ်အောင် စားသုံးနိုင်ပါပြီ။ နောက်ဆုံးမှာချင်တာကတော့ အစုံစားပါ၊မျှတအောင်စားပါ။

မှတ်ချက်။ ။ မေမေတွေနို့ထွက်နည်းတာဘာကြောင့်လဲ နှင့် နိ့ထွက်များအောင် ဘာတွေစားသုံးပေးရမလဲဆောင်းပါးကို ရှေ့မှာ တစ်ပုဒ်တင်ထားပေးပါတယ်။

Healthy-Me

Reference - www.wellandgood.com

#မိခင်နှင့်ကလေးစောင့်ရှောက်ရေး #နို့တိုက်မိခင် #နို့ထွက်များဖို့ #အစားအစာ -moms

ဒီနေ့ည (၇)နာရီကို Liveရှိပါမယ်နော် 🥰Healthy Me groupရဲ့ သွားဆရာဝန်ဖြစ်တဲ့ ဒေါက်တာမြတ်ဖြေကြားပေးထားတဲ့ အဖြေတွေကို မင်မင်က...
07/10/2023

ဒီနေ့ည (၇)နာရီကို Liveရှိပါမယ်နော် 🥰
Healthy Me groupရဲ့ သွားဆရာဝန်ဖြစ်တဲ့ ဒေါက်တာမြတ်ဖြေကြားပေးထားတဲ့ အဖြေတွေကို မင်မင်က ပြန်လည်ဖြေကြားပေးသွားမှာပါ.......

သွားနှင့်ခံတွင်းဆိုင်ရာ သိလိုရာမေး အစီအစဉ်

နေ့ရက် - အောက်တိုဘာလ (၇)ရက်နေ့

အချိန် - ည (၇)နာရီ

သွားနှင့်ခံတွင်းဆိုင်ရာ သိလိုရာများကို ယခုpostရဲ့ commentမှာမေးမြန်းနိုင်ပါတယ်။

(၇)ရက်နေ့ ည(၇)နာရီတွင် သွားဆရာဝန်ဖြေကြားပေးထားသော အဖြေများကို မင်မင်မှ live လွှင့်ပြီး ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများနှင့်ပက်သက်ပြီး သိလိုရာမေး ဖြေကြားပေးအစီအစဉ်ကို လစဉ် ပထမအပတ်တိုင်းတွင် ပြုလုပ်သွားပေးမှာဖြစ်ပါတယ်ရှင့်

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေးအကြောင်း #သိလိုရာမေး

သင့်ရဲ့ သွားတိုက်တံကို ၃ လ တကြိမ် မဖြစ်မနေ အသစ်လဲပေးသင့် ပါတယ်တဲ့ ။ ဒီလို လဲလှယ်သင့်တဲ့ အဓိက အကြောင်းအရင်း (၅) ချက်က ဘာတ...
06/10/2023

သင့်ရဲ့ သွားတိုက်တံကို ၃ လ တကြိမ် မဖြစ်မနေ အသစ်လဲပေးသင့် ပါတယ်တဲ့ ။

ဒီလို လဲလှယ်သင့်တဲ့ အဓိက အကြောင်းအရင်း (၅) ချက်က ဘာတွေဖြစ်မလဲ။ ဘာတွေဖြစ်မယ် ထင်လဲ။ ဒီဆောင်းပါးလေးမှာ ဆရာမက တိတိကျကျ ပြောပြပေးမှာမို့ အချိန် သုံးမိနစ်လောက်ပေးပြီး ဆက်ဖတ်ကြည့်ရအောင်။

နံပါတ် (၁) မကောင်းတဲ့ ပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သွားတိုက်တံကို လဲလှယ် သင့်ပါတယ် ။

ဆရာမ တို့ရဲ့ ခံတွင်းထဲမှာ အစာချေဖို့ ၊အစားအစာ ကြိတ်ဝါးဖို့ အကူအညီပေးနေတဲ့ ဘတ်တီးရီးယားလေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ ဘတ်တီးရီးယားလေးတွေကပဲ သွားကြားထဲမှာ ကျန်နေတဲ့ အစာအကြွင်းအကျန်တွေနဲ့ပေါင်းပြီး သွားပိုးစားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သွားတိုက်တံရဲ့ အမျှင်လေးတွေမှာလည်း ခိုအောင်းပြီး ရှင်သန်နေနိုင်ပါသေးတယ်တဲ့။ အဲ့ဒီလို ကပ်ညှိနေတဲ့ ဘတ်တီးရီးယားလေးတွေက ခံတွင်းထဲကို ပြန်ရောက်လာတဲ့အခါ သွားနဲ့ခံတွင်းကျန်းမာရေးကို ဒုက္ခပေးနိုင်တာမို့ သွားတိုက်ပြီးတာနဲ့ သွားတိုက်တံရဲ့ အမျှင်လေးတွေကို ရေနဲ့ သေချာဆေးတာ၊ သွားတိုက်တံကို (၃) လ တကြိမ် အသစ်လဲပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

နံပါတ် (၂) အမျှင်တွေ ဖွာထွက်ပြီး ကြမ်းတမ်းနေတဲ့ သွားတိုက်တံကို အသုံးပြုနေမယ်ဆိုရင် သွားကို ဘယ်လောက်တိုက်တိုက် ဘာအကျိုးသက်ရောက်မှုမှာ ရှိမှာ မဟုတ်တဲ့အတွက် လဲလှယ်သင့်ပါတယ်။
သွားတိုက်တယ်ဆိုတာ သွားတိုက်တံရဲ့ အမျှင်လေးတွေနဲ့ သွားကြားတွေထဲကို စနစ်တကျ သန့်ရှင်းရေးလုပ်ပေးတာပဲမဟုတ်လား။ တကယ်လို့ အဲ့ဒီ အမျှင်လေးတွေက ဟောင်းနွမ်း ဖွာထွက် နေတယ်ဆိုရင် သွားကြားတွေထဲထိ သန့်ရှင်းရေး မလုပ်ပေးနိုင်တော့ပါဘူး။ ဒါကြောင့် (၃) လ မပြည့်သေးခင်မှာ ကိုယ့်ရဲ့ သွားတိုက်တံရဲ့ အမျှင်လေးတွေက ဖွာထွက်ပြီး ကြမ်းတမ်းနေမယ်ဆိုရင် လဲလှယ်သင့်ပါတယ်။

နံပါတ် (၃) ကြမ်းတမ်းပြီး အမျှင်တွေဖွာထွက်နေတဲ့ သွားတိုက်တံတွေက သွားရဲ့ မျက်နှာပြင်တွေကို ထိခိုက်စေပါတယ်။

သွားတိုက်တံတွေကို မလဲ ဘဲ ဒီအတိုင်း အသုံးပြုနေမယ်ဆိုရင် သွားတိုက်တံရဲ့ ကြမ်းတမ်းဖွာထွက်နေတဲ့ အမျှင်လေးတွေက သွားရဲ့ အပေါ်ယံကြွေလွှာတွေကို ပွတ်တိုက်ပျက်စီးစေပါတယ်။ အဲ့ဒီအခါမှာ သွားတွေကျဥ်လာတာ၊ သွားမျက်နှာပြင်မှာ အချိုင့်တွေဖြစ်လာတာ၊ နောက် သွားပိုးစား လွယ်တာ ၊ ဒီလိုပြသနာတွေ ဖြစ်လာနိုင်တဲ့အတွက် သွားတိုက်တံတချောင်းကို အများဆုံး သုံးလ ထက်တော့ ပိုမသုံးပါနဲ့နော်။

နံပါတ် (၄) ကတော့ ကိုယ့်ရဲ့ သွားတိုက်တံကို ကိုယ် ဖျားနာပြီးတဲ့နောက်မှာ လဲလှယ်သင့်ပါတယ်။

ဒါကတော့ (၃) လ အသုံးပြုတာ မပြုတာနဲ့ မသက်ဆိုင်တော့ဘဲ မိမိ ဖျားနာပြီးတဲ့နောက်မှာ သွားတိုက်တံတွေကို လဲလှယ်သင့်ပါတယ်လို့ ပြောချင်တာပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိ တုပ်ကွေးဖျားနာ၊ လည်ချောင်းနာ ရောဂါတွေ ဟာ သွားတိုက်တံရဲ့ အမျှင်လေးတွေက တဆင့် ကိုယ့်ကို ပြန်ပြီး ကူးစက်နိုင်လို့ ဖျားနာပြီးလို့ သက်သာလာတာနဲ့ သွားတိုက်တံကို အသစ်လဲလှယ် အသုံးပြုသင့်ပါတယ်။

နံပါတ် (၅) နောက်ဆုံး အကြောင်းအရင်းကတော့ မလဲလှယ်ဘဲ ရေရှည်အသုံးပြုနေတဲ့ သွားတိုက်တံတွေမှာ မှိုတက်နေတာ မျိုးတွေ ရှိနေတတ်တာမို့ဖြစ်ပါတယ်။

သွားတိုက်တံတွေကို ကာလကြာရှည် အသုံးပြုနေတဲ့အခါ သွားတိုက်တံမှာ ငပ်နေတဲ့ မမြင်နိုင်တဲ့ မှိုတက်နေတာတွေ၊ အဲ့ဒီက တဆင့် ပေါက်ဖွားလာတဲ့ မကောင်းတဲ့ ပိုးမွှားတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးကိုသာမက မိမိရဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာမို့ သွားတိုက်တံတွေကို (၃) လ တကြိမ် လဲလှယ်သင့်ပါတယ်။

ကဲ .. ဒီလောက်ဆို သွားတိုက်တံတွေကို ဘာကြောင့်လဲသင့်တယ်ဆိုတာ သေချာသိကြပြီပေါ့နော်။ ဒါဆို အခုပဲ ကိုယ့်ရဲ့ သွားတိုက်တံလေးကို ပြေးကြည့်ကြပါဦး။ အသစ်မလဲတာ ကြာနေရင် ဒါမှမဟုတ် အမျှင်တွေ ဖွာထွက်ပြီး ကြမ်းတမ်းနေရင် အခုချက်ချင်း အချိန် မဆွဲဘဲ အသစ်လဲလိုက်ကြပါစို့နော်။

နောက်အပါတ်တွေမှာလည်း စိတ်ဝင်စားစရာကောင်းပြီး သွားကျန်းမာရေးအတွက် အကျိုးရှိမယ့် ဆောင်းပါးတွေ ဆက်ရေးပေးနေဦးမှာမို့ စောင့်ဖတ်ကြဖို့ မမေ့ပါနဲ့ဦးနော်။

ပြန်ဆုံကြပါမယ်။

Dr.မြတ်
Healthy-Me

#သွားနှင့်ခံတွင်းကျန်းမာရေး

သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်း 💬သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်းဆိုတာ သွားကျောက်များ ခံတွင်းထဲမှာ ကြာရှည်စွာရှိနေခြင်းကြ...
05/10/2023

သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်း

💬သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်းဆိုတာ သွားကျောက်များ ခံတွင်းထဲမှာ ကြာရှည်စွာရှိနေခြင်းကြောင့် သွားအခြေသွားဖုံးသားများနိမ့်ဆင်းလာကာ သွားတွေယိုင်နဲ့လာခြင်းဖြစ်ပါတယ်။

💬ရေစီးကမ်းပြိုသွားဖုံးရောဂါဟာ သက်ကြီးပိုင်းတွေနဲ့ အမျိုးသားတွေမှာအဖြစ်များပါတယ်။
ခံတွင်းသန့်ရှင်းရေးအားနည်းသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ ကွမ်းစားသူတွေနဲ့ ဆီးချိုရောဂါသည်တွေမှာ အရမ်းအဖြစ်များပါတယ်။

💬သွားတွေယိုင်နဲ့လာခြင်းကို ကုသမှုမခံယူပဲ ပစ်ထားမယ်ဆိုရင် သွားများကို ဆုံးရှုံးနိုင်တဲ့အပြင် နောက်ဆက်တွဲ သွားဖုံးနဲ့ဆိုင်သောရောဂါများကို ခံစားရနိုင်ပါတယ်။

💬ဒါကြောင့် သွားကျောက်ဖြစ်တတ်တဲ့သူတွေအနေနဲ့ သွားကျောက်ကို (၆)လတကြိမ် မဖြစ်မနေဖယ်ရှားသင့်ပါတယ်။

ရေစီးကမ်းပြိုလိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေက
😓သွားဖုံးသွေးယိုခြင်း
😓ခံတွင်းအနံ့ဆိုးခြင်း
😓သွားဖုံးများရောင်ရမ်းခြင်း
😓သွားကျောက်တည်ခြင်း တို့ဖြစ်ပါတယ်။

😱ရေစီးကမ်းပြိုရောဂါဟာ သွားတွေ သာမက ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ခံတွင်းရောဂါဖြစ်ပါတယ်။
ဒါကြောင့် သွားနှင့်ခံတွင်းဆေးခန်းသို့ (၆)လတကြိမ် ပုံမှန်သွားရောက်စစ်ဆေးပြီး လိုအပ်လျှင် ကုသမှုများခံယူသင့်ပါတယ်။

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကိုက်ခြင်း #ရေစီးကမ်းပြို #သွားဖုံးရောဂါများ

သွားပိုးစားတာကို ဘယ်လိုကုသကြမလဲ? မိမိသွားပိုးပေါက် အတိမ်အနက်ပေါ်မူတည်ပြီး ✅ပထမအဆင့် - ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးသုံးခိုင...
04/10/2023

သွားပိုးစားတာကို ဘယ်လိုကုသကြမလဲ?

မိမိသွားပိုးပေါက် အတိမ်အနက်ပေါ်မူတည်ပြီး
✅ပထမအဆင့် - ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးသုံးခိုင်းခြင်း
(ဖလိုရိုက်ဟာ သွားကြွေလွှာများကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်)

✅ဒုတိယအဆင့် - သွားဖာခြင်း နှင့် သွားစွပ်စွပ်ခြင်း
(အပေါ်ယံသွားကြွေလွှာလောက်မဟုတ်တော့ပဲ အတွင်း ဆင်စွယ်လွှာထိ ပိုးပေါက်ဖြစ်နေပြီဆို ဒီကုသမှုခံယူရပါတယ်)

✅တတိယအဆင့် - အတွင်းသားများစားပစ်ခြင်း နှင့် အကြောထုတ်ခြင်း
( သွားပိုးပေါက်ဟာနက်ပြီး အတွင်းဘက်တော်တော်များများပျက်စီးနေပြီဆိုရင်တော့ ပျက်စီးနေတဲ့အတွင်းသားတွေကို ဖယ်ရှားပစ်ခြင်း နှင့် သွားအကြောရှိတဲ့နေရာထိရောက်နေပြီဆိုရင် အကြောထုတ်ကုသမှုခံယူရပါမယ်။)

✅နောက်ဆုံးအဆင့် - သွားနှုတ်ခြင်း
(ဘယ်လိုနည်းလမ်းနှင့်မှ ကယ်လို့မရတော့သောသွားများ၊ သွားပိုးစားခြင်း အတော်ခံထားရသောသွားများကတော့ နုတ်ပစ်လိုက်ရတတ်ပါတယ်)

👉ဒါကြောင့် သွားပိုးမစားအောင်၊ သွားပိုးပေါက်မဖြစ်အောင် အထူးဂရုစိုက်သင့်ပါတယ်။

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကိုက်ခြင်း #သွားပိုးပေါက် #သွားရောဂါများ #သွားပိုးစားခြင်း

သွားပိုးပေါက်တွေ ဘာကြောင့်ဖြစ်ရတာလဲ? သွားပိုးပေါက်ဖြစ်ရတာဟာ သွားပိုးစားခြင်းကြောင့်ဖြစ်ပြီး၊သွားပိုးစားခြင်းဟာ အဖြစ်အမျာ...
03/10/2023

သွားပိုးပေါက်တွေ ဘာကြောင့်ဖြစ်ရတာလဲ?

သွားပိုးပေါက်ဖြစ်ရတာဟာ သွားပိုးစားခြင်းကြောင့်ဖြစ်ပြီး၊သွားပိုးစားခြင်းဟာ အဖြစ်အများဆုံး သွားရောဂါတစ်ခုဖြစ်ပါတယ်။
သွားပိုးစားခြင်းဟာ ကလေး လူကြီးမရွေး အင်မတန်အဖြစ်များသော သွားရောဂါတစ်ခုဖြစ်ပါတယ်။

👉သွားပိုးပေါက်အကြောင်းမပြောခင်မှာ သွားတွေရဲ့ တည်ဆောက်ပုံအကြောင်းအရင်ပြောပြချင်ပါတယ်။

🦷အပေါ်ယံကြွေလွှာ (Enamel)
🦷ဆင်စွယ်လွှာ (Dentin)
🦷သွားအတွင်းဆုံးအကြောလွှာ (Pulp) ဆိုပြီး ၃လွှာရှိပါတယ်။

👉သွားပိုးပေါက်ဖြစ်ရခြင်းမှာ - ပါးစပ်အတွင်းမှ ဘက်တီးရီးယားတွေဟာ ကိုယ်စားလိုက်တဲ့အစားအစာရဲ့ ကပ်ငြိကျန်ခဲ့တဲ့စားကြွင်းစားကျန်တွေမှ ကာဗွန်ဟိုက်ဒရိတ်တွေကို စားသုံးပြီ သူတို့ပြန်လည်စွန့်ထုတ်လိုက်တဲ့ အက်ဆစ်တစ်မျိုးကြောင့် သွားရဲ့အပေါ်ယံအလွှာကို တိုက်စားပြီး အပေါက်လေးတွေစတင်ဖြစ်ပေါ်ပါတယ်။

သွားပိုးပေါက်ဖြစ်ပြီဆိုရင် ပိုးပေါက်အတိမ်အနက်ပေါ်မူတည်ပြီး
⚡သွားပေါ်မှာ အဖြူရောင်(သို့) အညိုရောင်၊အမဲရောင် အစက်များပေါ်ခြင်း
⚡သွားကျင်ခြင်း
⚡သွားကိုက်ခြင်း
⚡သွားပေါက်ထဲ အစာဝင်လျှင် (သို့) ပူသော အေးသော အရည်များထိမိလျှင် စူးရှစွာနာကျင်ခြင်း
⚡အစာဝါးလိုက်လျှင် နာကျင်ခြင်း တို့ဖြစ်ပေါ်တတ်ပါတယ်။

👉ဒါကို ဂရုမစိုက်မိပဲ သွားနှင့်ခံတွင်းသန့်ရှင်းရေး အားနည်းမယ်ဆိုရင် ဆက်လက်ပြီး ဆင်စွယ်အလွှာအထိ သွားပိုးပေါက်ဟာနက်လာပါမယ်။ အဲ့ဒီအလွှာရောက်ပြီးဆိုရင် သွားကျင်တာ၊သွားကိုက်တာကို စတင်ခံစားလာရပါပြီ။

👉ဒီထက်ပိုဆိုးလာပြီဆိုရင်တော့ မခံမရပ်နိုင်အောင်သွားကိုက်ခြင်းခံစားရပြီး သွားနုတ်ပစ်လိုက်ရတဲ့အထိ ဖြစ်စေနိုင်တာမို့.........သွားပိုးပေါက်ရှိပြီဆိုရင် နီးစပ်ရာ သွားဆေးခန်းသို့ သွားရောက်ကုသမှုခံယူပါ။
#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကိုက်ခြင်း #သွားပိုးပေါက် #သွားရောဂါများ #သွားပိုးစားခြင်း

သွားကိုက်ခြင်း သွားဘာလို့ကိုက်ရတာလဲ?သွားဖုံးရောဂါများကြောင့် (သို့) သွားပိုးစားခြင်းကြောင့် (သို့) ထိခိုက်မိသောကြောင့် သ...
02/10/2023

သွားကိုက်ခြင်း
သွားဘာလို့ကိုက်ရတာလဲ?
သွားဖုံးရောဂါများကြောင့် (သို့) သွားပိုးစားခြင်းကြောင့် (သို့) ထိခိုက်မိသောကြောင့် သွားများပျက်စီးခြင်းတို့ဧ။် နောက်ဆက်တွဲအနေနဲ့ သွားကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

😰အများအားဖြင့်တော့ သွားပိုးပေါက်ကြောင့် သွားကိုက်ကြတဲ့ %ကပိုများပါတယ်။

✅သွားနာ / သွားကိုက်ရင် အရင်ဆုံး နာနေတဲ့သွားမှာ ပိုးပေါက်ရှိလားကြည့်ပါ။သွားပိုးပေါက်ရှိနေတယ်ဆိုရင် ထိုပိုးပေါက်ထဲမှာအစာဝင်နေလားစစ်ဆေးကြည့်ပါ။ အစာဝင်နေတယ်ဆိုရင်ဖယ်ရှားဖို့အတွက် ပလုတ်ကျင်းတာ၊ သွားကြားထိုးတံနဲ့ကလော်ထုတ်တာ၊ နားဖာကလော်အသန့်လေးနဲ့ ကလော်ထုတ်တာ စသဖြင့် ရနိုင်တဲ့နည်းလမ်းနှင့် ဝင်နေတဲ့ အစာဟောင်းများကို ထုတ်ပစ်ပါ။

✅ဆားရေ ခပ်နွေးနွေးကို ငုံပေးလို့ရနိုင်ပါတယ်။ ( သွားကိုက်တာကိုတော့ မပျောက်နိုင်ပေမယ့် နာကျင်မှုတွေကိုတော့ အနည်းငယ် သက်သာစေနိုင်ပါတယ်)

✅ဆေးခန်းသွားဖို့ အဆင်မပြေသေးတဲ့ အချိန်မျိုးတွေမှာ ပါရာစီတမောလို အကိုက်ခဲပျောက်ဆေးကို တရက် ၄ ကြိမ်အထိ သောက်လို့ရပါတယ်။ ပိုးသတ်ဆေး တွေကိုတော့ ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးတာမျိုးကိုတော့ ရှောင်ကျဥ်ရပါမယ်။

✅ပါးတွေ မေးရိုးတွေ မျက်နှာတွေ မှာ ရောင်ရမ်းလာပြီဆိုရင်တော့ အသက် အန္တရာယ်စိုးရိမ်ရတဲ့ အတွက် ချက်ချင်း နီးစပ်ရာ ဆေးခန်းကို သွားကို သွားရပါမယ်။

👆အထက်ပါ နည်းလမ်းများသည် ရေတို ခဏတာ သက်သာအောင်ပဲပြုလုပ်နိုင်ပြီး အမှန်တကယ် သွားကိုက်/ သွားနာခြင်းကိုပျောက်ကင်းအောင်ကုသဖို့ဆိုရင်တော့ သွားဆေးခန်းမှာကုသမှာပဲ ပျောက်ကင်းနိုင်မှာပါ။

👉🧑‍⚕️သွားအပေါက်တွေဖာဖို့ ၊ သွားပိုးစားထားတဲ့နေရာတွေကို ဖယ်ရှားဖို့၊ လိုအပ်ရင် အစွပ်စွပ်ဖို့အတွက် သွားဆေးခန်းသွားရောက်ပြီး သွားဆရာဝန်နှင့်ကုသခြင်းသည်သာ သွားကိုက်ခြင်းပြန်မဖြစ်အောင် ကုသနိုင်မှာဖြစ်ပါတယ်။
#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကိုက်ခြင်း

သွားနှင့်ခံတွင်းဆိုင်ရာ သိလိုရာမေး အစီအစဉ် နေ့ရက် - အောက်တိုဘာလ (၇)ရက်နေ့ အချိန် - ည (၇)နာရီ သွားနှင့်ခံတွင်းဆိုင်ရာ သိလ...
29/09/2023

သွားနှင့်ခံတွင်းဆိုင်ရာ သိလိုရာမေး အစီအစဉ်

နေ့ရက် - အောက်တိုဘာလ (၇)ရက်နေ့

အချိန် - ည (၇)နာရီ

သွားနှင့်ခံတွင်းဆိုင်ရာ သိလိုရာများကို ယခုpostရဲ့ commentမှာမေးမြန်းနိုင်ပါတယ်။

(၇)ရက်နေ့ ည(၇)နာရီတွင် သွားဆရာဝန်ဖြေကြားပေးထားသော အဖြေများကို မင်မင်မှ live လွှင့်ပြီး ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများနှင့်ပက်သက်ပြီး သိလိုရာမေး ဖြေကြားပေးအစီအစဉ်ကို လစဉ် ပထမအပတ်တိုင်းတွင် ပြုလုပ်သွားပေးမှာဖြစ်ပါတယ်ရှင့်

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေးအကြောင်း #သိလိုရာမေး

🤰သားအိမ်ခြစ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးတွေထဲက ဖြစ်တောင့်ဖြစ်ခဲ (Asherman’s syndrome)လို့ခေါ်တဲ့ သားအိမ်အတွင်း ကျန်ခဲ့...
19/09/2023

🤰သားအိမ်ခြစ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးတွေထဲက ဖြစ်တောင့်ဖြစ်ခဲ (Asherman’s syndrome)လို့ခေါ်တဲ့ သားအိမ်အတွင်း ကျန်ခဲ့တဲ့ အမာရွတ်လေးကြောင့် ကိုယ်ဝန်မခိုင်တာ၊ ကိုယ်ဝန်မရတာတွေဖြစ်တတ်ပါတယ်။
ဒါပေမဲ့ သားအိမ်တွင်း အမာရွတ်ကြောင့် ကိုယ်ဝန်မရတာလို့ ကြိမ်းသေတွက်လို့တော့မရပါဘူး။ Asherman’s syndromeဟာ တော်တော်ဖြစ်ခဲပါတယ်။
ပုံမှန်အားဖြင့်တော့ သားအိမ်ခြစ်ပြီး (၃)လအနားပေးပြီးရင် ကိုယ်ဝန်ပြန်ဆောင်နိုင်ပါပြီ။

Healthy-Me

#အမျိုးသမီးကျန်းမာရေး #သားအိမ်ခြစ်ခြင်း

🤰သားအိမ်ခြစ်ပြီးနောက် ကိုယ်ဝန်ဆောင်ဖို့ (၃)လစောင့်ရပါမည်။ကျွမ်းကျင်ဆရာဝန်များအဆိုအရ ရာသီသွေး(၃)ခါပေါ်အောင်စောင့်သင့်တယ်လ...
18/09/2023

🤰သားအိမ်ခြစ်ပြီးနောက် ကိုယ်ဝန်ဆောင်ဖို့ (၃)လစောင့်ရပါမည်။ကျွမ်းကျင်ဆရာဝန်များအဆိုအရ ရာသီသွေး(၃)ခါပေါ်အောင်စောင့်သင့်တယ်လို့ ဆိုပါတယ်။
Healthy-Me

#အမျိုးသမီးကျန်းမာရေး #သားအိမ်ခြစ်ခြင်း

🔞သားအိမ်ခြစ်ထားပြီးနောက် ထိခိုက်တာတွေ ပွန်းပဲ့ထားတာလေးတွေရှိနိုင်တဲ့အတွက် အနာကျက်ဖို့ အချိန်လိုအပ်ပါသည်။🔞ဒါကြောင့် အတူနေ...
17/09/2023

🔞သားအိမ်ခြစ်ထားပြီးနောက် ထိခိုက်တာတွေ ပွန်းပဲ့ထားတာလေးတွေရှိနိုင်တဲ့အတွက် အနာကျက်ဖို့ အချိန်လိုအပ်ပါသည်။
🔞ဒါကြောင့် အတူနေဖို့ (၂)ပတ်စောင့်ဖို့ လိုအပ်ပါတယ်။
🔞သေချာဂရုမစိုက်လျှင် ပိုးဝင်နိုင်တာကြောင့် အနာမကျက်လျှင် ဒီထပ်ပိုကြာသွားနိုင်ပါတယ်။
Healthy-Me

#အမျိုးသမီးကျန်းမာရေး #သားအိမ်ခြစ်ခြင်း

သွားကျောက်တည်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ? ================================🤐သွားကျောက်ဆိုတာ သွားကြားနဲ့သွားအခြေမှာရှိနေတဲ့ က...
17/09/2023

သွားကျောက်တည်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ?
================================
🤐သွားကျောက်ဆိုတာ သွားကြားနဲ့သွားအခြေမှာရှိနေတဲ့ ကျောက်လွှာပုံစံဖုံးထားတဲ့ အလွှာအဖြစ်တည်ရှိနေပါတယ်။ သွားကျောက်ဟာ စားကြွင်းစားကျန်တွေ၊ တံတွေးမှာပါတဲ့ သတ္တုဓာတ်တွေ အနည်ကျပြီး ဖြစ်တာပါ။
🥺သွားကျောက်ရှိနေခြင်းဟာ သွားဖုံးတွေကို ထိခိုက်စေတဲ့အတွက် သွားဖုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။
👉သွားတိုက်ရင် သွေးယိုတာ
👉သွားဖုံးတွေ နီတာ၊ ကြွတာ
👉သွားဖုံးနာတာ
👉သွားဖုံးပတ်လည် ရောင်ရမ်းတာ
👉သွားတွေကြားပြည်တည်တာ
👉အစာဝါးရင် နာတာ
👉သွားကျွတ်ထွက်တာ စတဲ့ ရောဂါတွေအထိဖြစ်နိုင်ပါတယ်။

🫀🫁ပြည်တည်တဲ့ ဘက်တီးရီးယားတွေ သွေးထဲရောက်သွားရင် နှလုံး နှင့် အဆုတ်ကို ရောက်သွားပြီး ရောဂါတွေဖြစ်နိုင်ပါတယ်။😳

ဒါကြောင့် သွားကျောက်မတည်ဖို့ -
🪥အစားစားပြီးတိုင်း သွားသန့်ရှင်းရေးပြုလုပ်ပါ။

🪥သွားပွတ်ကြိုးသုံးပြီး သွားနှစ်ချောင်းကြား အကြွင်းအကျန်တွေရှင်းပစ်ပါ။

🪥တနေ့ကို နှစ်ကြိမ်သွားပုံမှန်တိုက်ပါ။ အဂျိုးအကြားမကျန် သေချာ စနစ်တကျတိုက်ပါ။

🪥ကိုယ်က သွားကျောက်တည်တတ်တယ်ဆို ပိုဂရုစိုက်ပါ။ သွားကျောက်ကို ဆရာဝန်ဆီမှာ ပုံမှန်ခြစ်ထုတ်ပါ။

🪥ပုံမှန်အားဖြင့်(၆)လတကြိမ်ခြစ်ကြတယ်ဆိုပေမဲ့ - သင့်ခံတွင်းအခြေအနေနှင့် ဆရာဝန်ရဲ့အကြံပြုချက်ပေါ်မူတည်ပါတယ်။

Healthy-Me

#သွားကျောက်တည်ခြင်း #သွားနှင့်ခံတွင်းကျန်းမာရေး

သားအိမ်ခြစ်ပြီးနောက် ရက်ပိုင်းအတွင်း သွေးနည်းနည်းဆင်းတာ၊ ဗိုက်အောင့်တတ်တာမျိုးဖြစ်လေ့ဖြစ်ထရှိပါတယ်။ကြီးကြီးမားမား ဘေးထွက...
16/09/2023

သားအိမ်ခြစ်ပြီးနောက် ရက်ပိုင်းအတွင်း သွေးနည်းနည်းဆင်းတာ၊ ဗိုက်အောင့်တတ်တာမျိုးဖြစ်လေ့ဖြစ်ထရှိပါတယ်။
ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးသိပ်မရှိပါ။ခွဲစိတ်မှုအသေးစားလေးမျှသာဖြစ်သည်။

🚨အခန့်မသင့်ရင်တော့ -

👉သားအိမ်ပေါက်တာ

👉သားအိမ်ခေါင်းကို ထိခိုက်မိတာ

👉သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ်တစ်ရှူးကျန်ခဲ့တတ်တာ (ထို တစ်ရှူးအမာရွတ်ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေအပြင် ကိုယ်ဝန်ခဏခဏပျက်တာမျိုးဖြစ်တတ်ပါတယ်)။ Asherman’s syndromeလို့ခေါ်တဲ့ အမာရွတ်တစ်ရှူးဖြစ်ခြင်းဟာ မဖြစ်တတ်သလောက်ရှားပါတယ်။)

👉သားအိမ်ခြစ်ပြီးနောက် သေချာ သန့်ရှင်းမှုမရှိတဲ့အခါ သားအိမ်တွင်း ပိုးဝင်ခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်သည့်အထိ ဖြစ်တတ်ပါတယ်။အင်မတန်ဖြစ်ခဲပါတယ်။
Healthy-Me

#အမျိုးသမီးကျန်းမာရေး #သားအိမ်ခြစ်ခြင်း

ခံတွင်းအနံ့ဆိုး သက်သာစေဖို့ ====================👄ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ မိမိကိုယ်ကို စိတ်မလုံမခြုံဖြစ်စေသလို မိမိနဲ့...
16/09/2023

ခံတွင်းအနံ့ဆိုး သက်သာစေဖို့
====================
👄ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ မိမိကိုယ်ကို စိတ်မလုံမခြုံဖြစ်စေသလို မိမိနဲ့ပြောဆိုဆက်ဆံတဲ့သူအတွက်လည်း စိတ်အနှောက်အယှက်ဖြစ်စရာပါ။
ဒါကြောင့် ခံတွင်းအနံ့ဆိုးထွက်တတ်သူဆိုရင်တော့ဒါတွေလိုက်နာပါ -👇👇👇
💁Lifestyleကို အပြောင်းအလဲလုပ်ကြည့်ဖို့လိုပါတယ်။
⚡မိမိစားသောက်မဲ့အစားကို ရွေးချယ်စားသောက်ပါ။ မိမိဟာ ခံတွင်းအနံ့ပြင်းသူဆိုရင် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ဟင်းခတ်အမွှေးအကြိုင်များတဲ့အစားစာကို တက်နိုင်သလောက်ရှောင်ပါ။ ချောကလက်၊ ကော်ဖီ စတဲ့ အစားစာတွေဟာလည်း ခံတွင်းအနံ့ပြင်းစေပါတယ်။တက်နိုင်ရင်ရှောင်ပါ။

💧ရေများများသောက်ပါ။ခံတွင်းခြောက်ခြင်းဟာလည်း အနံ့ဆိုးထွက်စေတဲ့အကြောင်းအရင်းတစ်ခုမို့ ရေကို နည်းနည်းနှင့် ခဏ ခဏသောက်ပေးပါ။

🌊အစာစားပြီးလို့ဖြစ်ဖြစ်၊ လက်ဖက်ရည် ကော်ဖီ အအေးသောက်ပြီလို့ဖြစ်ဖြစ် သွားပြန်မတိုက်နိုင်ရင်တောင် ပလုတ်ကျင်းပစ်ပါ။

🪥အနည်းဆုံး တစ်နေ့ကို မနက်တကြိမ်၊ညတကြိမ် တခါတိုက်ရင်(၂)မိနစ်ဖြင့် စနစ်တကျ သွားတိုက်ပါ။ သွားကြိုးသွားကြားမကျန် သေချာစွာ တိုက်ဖို့ လိုအပ်ပါတယ်။

🙅ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းအနံ့ဆိုးရွားစေတာမို့ အထူးရှောင်ရပါမယ်။ခံတွင်းအနံ့ဆိုးတင်မက သွားဖုံးကြွေလွှာတွေ ဆွေးမြေးပါးလာခြင်း၊ ခံတွင်းကင်ဆာဖြစ်ခြင်း ၊ ခံတွင်းထဲ အနာတွေပေါက်ခြင်းစတဲ့ ရောဂါတွေပါဖြစ်နိုင်တာကြောင့် ရှောင်သင့်ပါတယ်။

🧏‍♀️သွားကျောက်တည်လျှင် ခြစ်ထုတ်ပစ်ဖို့ မမေ့ပါနဲ့။ သွားကျောက်ကနေ အနံ့ဆိုးတွေ ထွက်နေတတ်ပါတယ်။

🍭ပူရှိန်းပါတဲ့ ခံတွင်းသန့်စင်ဆေးရည်တွေ၊ သကြားလုံး ပီကေတွေဟာ ခံတွင်းအနံ့ဆိုးကို ခဏပဲ သက်သာစေတယ်ဆိုပေမဲ့ မိမိခံတွင်းကအနံ့ဆိုးမပျောက်သေးခင်မှာ လူအများနှင့်ပြောဆိုဆက်ဆံမယ်ဆိုရင်တော့ ဆောင်ထားသင့်ပါတယ်။

🧑‍⚕️သွားဆရာဝန်ဆီမှာ (၆)လတကြိမ် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးဖို့ မမေ့ပါနဲ့။

🦷ကျန်းမာလှပတဲ့သွားများပိုင်ဆိုင်ပြီး ခံတွင်းအနံ့ဆိုးများ ကင်းဝေးကြပါစေ....
Healthy-Me

#ခံတွင်းအနံ့ဆိုး #သွားနှင့်ခံတွင်းကျန်းမာရေး

Address


Alerts

Be the first to know and let us send you an email when Healthy Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share