ဆွေးနွေးပွဲပြီးတာနဲ့ နောင်ချိုကို ဗုံးကြဲလိုက်တဲ့ စစ်ကောင်စီ
ဆွေးနွေးပွဲပြီးတာနဲ့ နောင်ချိုကို ဗုံးကြဲလိုက်တဲ့ စစ်ကောင်စီ
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ရက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့မှုအတွင်း နှစ်ဖက်တပ်တွေ ရောက်ရှိတဲ့နေရာမှာပဲ ရပ်တန့်ထားကာ အပစ်ခတ်ရပ်စဲထားဖို့၊ နှစ်ဖက် ထိုးစစ်တွေပြုလုပ်တာ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာစတဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ထားဖို့နဲ့ နှစ်ဖက်ထိန်းချုပ်ဒေသတွေမှာ ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ဆေးဝါးသယ်ဆောင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့ နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
#CJPlatform #နောင်ချို #TNLA #ကူမင်းမြို့
ပြည်သူ့ အကယ်ဒမီ ဘယ်သူရမလဲ
ပြည်သူ့ အကယ်ဒမီ ဘယ်သူရမလဲ
ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ခဲ့တဲ့ ဒီကမ်ပိန်းမှာ စင်ကာပူ၊ မြန်မာ၊ ယူအက်စ် အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ပါဝင်ထားတာကိုတွေ့ရပြီး လက်ရှိပိတ်သိမ်းခါနီးအချိန်အထိ စင်္ကာပူကဘဲ ဦးဆောင်လျှက်ရှိပြီး သူ့နောက်မှာတော့ မြန်မာနဲ့ ယူအက်စ်အေရှိနေပါတယ်။
ပိုင်ဖြိုးသုအနေနဲ့ ဒီကမ်ပိန်းဟာ သူမအတွက် ပထမဆုံးနဲ့ နောက်ဆုံး ကမ်ပိန်းတစ်ခုလည်း ဖြစ်နိုင်တယ်လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
#CJPlatform #အကယ်ဒမီ #ပိုင်ဖြိုးသု
အသစ်ထွက်လာတဲ့ iPhone 16e ကို Apple User တွေ လှောင်ပြောင်
ဒေါ်လာခြောက်ရာဝန်းကျင်စျေးနှုန်းနဲ့ အသစ်ထွက်လာတဲ့ iPhone 16e ကို Apple User တွေ လှောင်ပြောင်
Apple ဟာ ဖေဖေါ်ဝါရီ ၂၀ရက်နေ့ မနက်အစောပိုင်းမှာ သူတို့ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ iPhone 16e ကို မိတ်ဆက်လာခဲ့ပါတယ်။
OLED display 6.1” နဲ့ iPhone 16e ဟာ အရွယ်အစား သေးငယ်တဲ့အထဲတော့ မပါဝင်ခဲ့ပါဘူး။ A18 chipset, Action Button, Face ID တို့ကိုပါဝင်ခဲ့ပြီး 48MP 2 in 1 camera ကိုလည်း တပ်ဆင်ပေးထားတယ်လို့ Apple ကဆိုပါတယ်။
#CJPlatform #iPhone 16e #Apple
သုံးလအတွင်း ရခိုင်မှာ စစ်ကောင်စီတပ်သား တစ်ထောင်ကျော်သေ
သုံးလအတွင်း ရခိုင်မှာ စစ်ကောင်စီတပ်သား တစ်ထောင်ကျော်သေ
အာရက္ခတပ်တော်က မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေခဲ့တဲ့ ရခိုင်ပြည်မှာ သုံးလအတွင်း စစ်ကောင်စီတပ်သား တစ်ထောင်ကျော် သေဆုံးခဲ့ပြီးတော့ သုံးဆယ်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ဖေဖေါ်ဝါရီ ၁၉ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
ဒါဟာ တိုက်ပွဲဖော်မှု စုစုပေါင်း ၄၀၂ကြိမ်အတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ရတာပါ။ အာရက္ခတပ်တော်ရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေမှာ စစ်ကောင်စီရဲ့ တပ်ရင်း၊ ဗျူဟာကုန်း၊ စစ်ဌာနချုပ်တွေကို ဦးတည်တိုက်ခိုက်မှုဟာ အများဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စုငယ်တွေ တပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်မှုဟာ စုစုပေါင်း တိုက်ခိုက်မှုတွေရဲ့ ၅ဒသမ၉ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
#CJPlatform #ရခိုင်ပြည် #အာရက္ခတပ်တော်
ဖေဖော်ဝါရီလ ၂၀ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဖေဖော်ဝါရီလ ၂၀ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
အားပျော့တဲ့ လာနီညာအခြေအနေဆက်လက်ဖြစ်ပေါ်နေပြီး အရှေ့မြောက်မုတ်သုံလေအားကောင်းနေခြင်းနဲ့ "အိန္ဒိယနီညို" လို့ခေါ်တဲ့ ရာသီဥတု ကူပြောင်းနေတဲ့အခြေအနေကြောင့် ဖေဖေါ်ဝါရီလ ၂၁ ရက်နောက်ပိုင်းကနေ စတင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ကနေ စတင်ကာ ရှမ်းပြည်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်၊ မွန်ပြည်၊ တနင်္သာရီတိုင်းတို့မှာ မိုးအနည်းငယ် ရွာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#CJPlatform #လာနီညာ #မိုးလေဝသခန့်မှန်းချက်
မန္တလေး အရိုးအိုးစေတီအတွင်းက ဘုရားဆင်းတုတော်တစ်ဆူ ခိုးယူခံရ
မန္တလေး အရိုးအိုးစေတီအတွင်းက ဘုရားဆင်းတုတော်တစ်ဆူ ခိုးယူခံရ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂လမ်း၊ ၃၆လမ်းနဲ့ ၃၇လမ်းကြား အရိုးအိုးစေတီတော်အတွင်းမှာ သီတင်းသုံးထားရှိတဲ့ လျောင်းတော်မူ ကျောက်သားဆင်းတုတော်တစ်ဆူဟာ ဖေဖေါ်ဝါရီ ၁၈ရက်နေ့ ညပိုင်းမှာ ခိုးယူခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လာရောက်ခိုးယူသူဟာ သံတူရွင်းတစ်ချောင်းကို အသုံးပြုပြီးတော့ ဆင်းတုတော် သီတင်းသုံးနေတဲ့ ကျောင်းဆောင်သော့တွေကို ဖျက်ဆီးပြီး ယူဆောင်သွားခဲ့တာပါ။
#CJPlatform #မန္တလေး #အရိုးအိုးစေတီ
SRIN Talk Show(184)
🔰နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်မှ စီစဉ်သည့်ဘာသာပေါင်းစုံအတူလက်တွဲစစ်အာဏာရှင် ဖြုတ်ချပွဲစကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (၁၈၄)ကို ဖေဖော်ဝါရီလ (၁၉)ရက်နေ့ည (၉)နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။
🔰ဆွေးနွေးပွဲ စတင်သည့် အချိန်တွင် ဖော်ပြပါ Link မှတဆင့် ဝင်ရောက်နိုင်ပါသည်။
https://bit.ly/41gSJBN
🔰တိုက်ရိုက်ထုတ်လွှင့်ပြသမည့် Pages
✅Mizzima
✅CJ Platform
✅The Tanintharyi Times
✅Compassie Voor Myanmar
✅မောင်း
✅D-Day News
✅လူထုခေတ်
✅မြို့တော်
✅MeKong News - မဲခေါင်သတင်း
✅Unsung Team
✅မျက်မှောက်ခေတ်
✅Red News Agency
✅Chindwinyoma News- Burmese Edition
✅Ayeyarwaddy Times - TV
✅Delta News Agency
✅Independent Mon News Agency
✅သံလွင်ခတ် - Than Lwin Khet News
✅ခေတ်မျက်လုံး-Era's Eye
✅နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်
✅နွေဦးတော်လှန်ရေး
သံဃကွန်ရက်
✅ နွေဦးတော်လှန်ရေး
မြန်မာမွတ်စလင်မ်ကွန်ရက်
✅Learn and Share - လေ့လာဝေမျှ
✅Rehmonnya FM
✅Tun Kyi page
⚠️ပြည်သူများအနေဖြင့် ပါ၀င်ဆွေနွေးနိုင်ပြီး
ဆွေးနွေးသည့် အခါတွင် ခေါင်းစဉ်န
ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပေး
ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပေး စစ်တပ်သတင်းပေးအဖြစ်ပါ ဆောင်ရွက်ခိုင်း
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဉပဒေ ဆိုတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဌာန်းလိုက်တဲ့ ဥပဒေမှာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ပါ ခွင့်ပြုပေးလိုက်ပြီးတော့ ကုမ္ပဏီတွေအနေနဲ့ လုံခြုံရေးဆောင်ရွက်နေချိန်မှာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ သတင်းရရှိပါက စစ်ကောင်စီကို သတင်းပေးပို့ရမှာဖြစ်ပြီး မပေးပို့ပါက နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ ၃သိန်းကျပ်ကိုဖြစ်စေ နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
#CJPlatform #မင်းအောင်လှိုင် #ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ
နွေဦးတော်လှန်ရေးသံဃကွန်ရက်က စီစဉ်သော အပတ်စဥ် ဗုဒ္ဓဟူးနေ့ ဟောရေးပြောရေးအစီအစဉ်
🎤နွေဦးတော်လှန်ရေးသံဃကွန်ရက်က စီစဉ်သော အပတ်စဥ် ဗုဒ္ဓဟူးနေ့ ဟောရေးပြောရေးအစီအစဉ်တွင် “လက်ရှိနိူင်ငံရေးစည်းရုံးမှုစွမ်းရည်နှင့် တော်လှန်ရေးအင်အားစုများ တစုတစည်းဖြစ်နိုင်ဖို့အလားလာ” ခေါင်းစဉ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
#ဟောပြောကြမည့်ဆရာတော်များ
- ဒယ်ဂူးဆရာတော် (တောင်ကိုရီးယား)
- ဓမ္မမေတ္တာ ဆရာတော်
#ဆွေးနွေးမည့်နေ့ရက်
Date: (၁၉၊ ၂၊ ၂၀၂၅)
Time: မြန်မာစံတော်ချိန် - ည (၇း၃၀) နာရီ။
♻️ ဆွေးနွေးပွဲ စတင်သည့်အချိန်တွင်
ဖော်ပြပါ Linkမှတဆင့် ဝင်ရောက်နိုင်ပါသည်။
🔺https://bit.ly/3EDel2i
#ထုတ်လွှင့်မည့် page –
✅နွေဦးတော်လှန်ရေး သံဃကွန်ရက်
✅ Mizzima - News in Burmese
✅သံလွင်ခတ် - Than Lwin Khet News
✅The Tanintharyi Times
✅Compassie Voor Myanmar
✅မောင်း
✅D-Day News
✅လူထုခေတ်
✅မြို့တော်
✅MeKong News - မဲခေါင်သတင်း
✅Unsung Team
✅မျက်မှောက်ခေတ်
✅နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်
✅Red News Agency
✅Chindwinyoma News- Burmese Edition
✅Ayeyarwaddy Times -
အမေရိကန်ကို ဆန့်ကျင်လို့ G20 အစည်းအဝေးကို မတက်ဘူးလို့ ကန်နိုင်ငံခြားရေးဝန်ကြီးဆို
ဖေဖေါ်ဝါရီ ၂၀ရက်နေ့နဲ့ ၂၁ရက်နေ့မှာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘဂ်မှာ ကျင်းပမဲ့ စီးပွားရေး အင်အားကြီး နိုင်ငံပေါင်း ၂၀ ပါဝင်တဲ့ G20 အစည်းအဝေးကို အမေရိကန်နိုင်ငံအနေနဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အီလွန်မက် ပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
တောင်အာဖရိကနိုင်ငံဟာ G20 အစည်းအဝေးကို အသုံးချပြီး မတူကွဲပြားမှု၊ တန်းတူညီမျှမှု၊ အားလုံးပါဝင်မှုတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း Marco Rubio ကဆိုပါတယ်။
#CJPlatform #Marco Rubio #G20
မြန်မာရွေ့ပြောင်းလုပ်သားရေး ကူညီနေတဲ့ AAC ရုံး ပိတ်သိမ်းခံရ
မြန်မာရွေ့ပြောင်းလုပ်သားရေး ကူညီနေတဲ့ AAC ရုံး ပိတ်သိမ်းခံရ
ထိုင်းနိုင်ငံ စမွတ်ခခွန်ခရိုင် မဟာချိုင်ဒေသမှာ ဖွင့်လှစ်ထားတဲ့ AAC ရုံးကို ထိုင်းအာဏာပိုင်တွေက ဖေဖေါ်ဝါရီ ၁၈ရက်နေ့မှာ အဖွဲ့စုံနဲ့ ဝင်ရောက် စစ်ဆေးပြီး ပိတ်သိမ်းခိုင်းခဲ့ပါတယ်။
AAC ရုံးဟာ ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား အလှူငွေ ထည့်ဝင်ငွေတွေနဲ့ တည်ဆောက်ထားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာ တရားဝင် ရုံးဖွင့်ခွင့်အတွက်တော့ မှတ်ပုံတင်ထားတာ မရှိခဲ့ပါဘူး။ထိုင်းအာဏာပိုင်တွေ AACရုံးကို ဝင်ရောက်ရှာဖွေစဉ်မှာ ရုံးအတွင်း စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့ နှစ်နိုင်ငံ သဘောတူညီချက် MOU နဲ့ ရောက်ရှိနေပြီး အလုပ်လက်မဲ့ ဖြစ်နေတာကြောင့် ယာယီမှီခိုနေထိုင်နေကြရတဲ့ ရွေ့ပြောင်း မြန်မာလုပ်သား ၈၆ဦးကိုလည်း တွေ့ရှိခဲ့တာကြောင့် ထိုင်းဥပဒေတွေကို ချိုးဖော
ဖေဖော်ဝါရီလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဖေဖော်ဝါရီလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မလက္ကာ ရေလက်ကြားမှာ လေဖိအားနည်းဆဲလ် အဖြစ် အားလျော့သွားခဲ့ပြီး (၄၈) နာရီအတွင်း အနောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲက ခန့်မှန်းထားပါတယ်။အဲဒီ လေဖိအားနည်းဆဲလ်ရဲ့ အရှိန်နဲ့အတူ ပင်လယ်ဘက်မှ လေနွေးတွေနဲ့ ကုန်းတွင်းက လေအေးတွေ တွေ့ဆုံကြပြီး ဒီကနေ့ကနေ ၂၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး တနင်္သာရီတိုင်းမှာတော့ နေရာကွက်ပြီး မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထ