New Day News

New Day News News Day News @ media

ဒေါ်အောင်စုကြည် နှင့် တွေ့ဆုံရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု  မွန်ပြည်သစ်ပါတီကပြောမွန်- အောက်တိ...
15/10/2022

ဒေါ်အောင်စုကြည် နှင့် တွေ့ဆုံရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ဟု မွန်ပြည်သစ်ပါတီကပြော

မွန်- အောက်တိုဘာ ၁၅

လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ဒေါ်အောင်စုကြည် အပါအဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ ဆုံရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ယနေ့ အောက်တိုဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းနှင့် မွန်ပြည်သူများက သွားရောက် မတွေ့ဆုံရန် ပြောဆိုနေသည့်ကြားက အောက်တိုဘာလ (၁၁)ရက်နေ့က တွေ့ဆုံ၍ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်း၊ ပဋိပက္ခများဖြေရှင်းနိုင် ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုဆက်လက် မဖြစ်ပေါ်စေရေးအတွက် ပါဝင်သင့် ပါဝင်ထိုင်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွား ရန်လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

စစ်ကောင်စီ၏ အစစ်အဆေးတင်းကြပ်မှုကြောင့် ရန်ကုန်-မော်လမြိုင်-ဘားအံ ကားလမ်းတလျှောက် ခရီးကြန့်ကြာမှုများ ဖြစ်ပေါ်ရန်ကုန်၊ အေ...
14/10/2022

စစ်ကောင်စီ၏ အစစ်အဆေးတင်းကြပ်မှုကြောင့် ရန်ကုန်-မော်လမြိုင်-ဘားအံ ကားလမ်းတလျှောက် ခရီးကြန့်ကြာမှုများ ဖြစ်ပေါ်

ရန်ကုန်၊ အောက်တိုဘာ ၁၄။

စစ်ကောင်စီလက်ပါးစေများ၏ အစစ်အဆေးတင်းကြပ်မှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် ခရီးစဉ်ကြန့်ကြာမှုများကြုံတွေ့နေရသည်ဟု ခရီးသွားများထံမှ သိရသည်။

ထို့အတူ ဘားအံ- ရန်ကုန် လမ်းပိုင်းတွင်လည်း အစစ်အဆေးများ တင်းကြပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အထူးသဖြင့် သံလွင်တံတား (ဘားအံ) တွင် ခရီးသည်တင်ကားတစ်စီးလျှင် အနည်းဆုံး မိနစ် ၂၀ ခန့်မှ ၁ နာရီခွဲနီးပါး အထိ အစစ်ဆေးခံရန် စောင့်ဆိုင်းနေရသည်ဟု ခရီးသည်များကပြောသည်။

ဖမ်းမိသစ်များကို နေအိမ်မီးရှို့ခံရသည့် ပြည်သူများအတွက် အသုံးပြုမည်ဟု ယင်းမာပင် PDF ပြောယင်းမာပင်- အောက်တိုဘာ ၁၄စစ်ကိုင်း...
14/10/2022

ဖမ်းမိသစ်များကို နေအိမ်မီးရှို့ခံရသည့် ပြည်သူများအတွက် အသုံးပြုမည်ဟု ယင်းမာပင် PDF ပြော

ယင်းမာပင်- အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်ခိုးထုတ်တာတွေကို တားဆီးအရေးယူရာမှာ ဖမ်းဆီးရမိတဲ့ သစ်တွေကို ဒေသတွင်းရှိ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးမှာ ယာယီနေအိမ်တွေ ဆောက်လုပ်ဖို့ အသုံးချသွားမယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁ က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တာဝန်ပေးချက်အရ အလောင်းတော်ကဿပနယ်မြေ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းရတာဖြစ်ပြီး သစ်တောအတွင်း သစ်ခိုးထုတ်သူတွေဆီက ဖမ်းဆီးရမိတဲ့သစ်တွေကို CDM ပြုလုပ်ထားတဲ့ ဆင်တွေနဲ့အတူ ဆင်ဦးစီးတွေရဲ့ အကူအညီနဲ့ ဆွဲယူစုဆောင်းနေတယ်လို့ သိရသည်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ စတုရန်းမိုင် ၆၁၆ ဒသမ ၈၄၃ မိုင် ကျယ်ဝန်းကာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းမှာ တည်ရှိပြီး အာဆီယံအမွေအနှစ် အဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသားဥယျာဉ်လည်း ဖြစ်ကြောင်းသိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင်  Express ယာဉ်(၂)စီး တိုက်မိရန်ကုန်- စက်တင်ဘာ ၁၄ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး...
14/10/2022

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Express ယာဉ်(၂)စီး တိုက်မိ

ရန်ကုန်- စက်တင်ဘာ ၁၄

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင် အမှတ် (၂၃၀/ဝ) နှင့် (၂၃၀/၁)ကြားတွင် Express ယာဉ်(၂)စီး တိုက်မိရာမှ ယာဉ်ပေါ်ပါ (၂၁)ဦးအနက် အမျိုးသား(၂)ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးပေါ်တွင် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က Express ယာဉ်(၂)စီး တိုက်မိရာမှ ယာဉ်ပေါ်တွင်ပါသည့် အမျိုးသား(၁၇)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၂၁)ဦး အနက် အမျိုးသား(၂)ဦးမှ သေဆုံးသွားပြီး (၅)ဦးမှ မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုမှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ပန်းတင်အမြန်လမ်းရဲစခန်းပိုင် သူနာတင်ယာဉ်(၁)စီးနှင့် တံတားဦး လူမှုကူညီရေး(၁)စီးတို့ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

လှိုင်သာယာမှာ ပစ္စည်းပို့တဲ့ ဒလီဗာရီသမား လုယက်သတ်ဖြတ်ခံရလှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာ ၁၂ ရက်နေ...
14/10/2022

လှိုင်သာယာမှာ ပစ္စည်းပို့တဲ့ ဒလီဗာရီသမား လုယက်သတ်ဖြတ်ခံရ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာ ၁၂ ရက်နေ့ညနေပိုင်းက ပစ္စည်းပို့တဲ့ ဒလီဗာရီသမား ကိုရဲဇော်ဟာ လူတစ်စုရဲ့ လုယက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူ့ရဲ့နာရေးကို ဒီကနေ့အောက်တိုဘာ ၁၄ ရက်မှာ ပြုလုပ်ဖွယ်ရှိနေသည်။

ကိုရဲဇော်ဟာ BeeXprss ကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းက စက်မှုဇုန်အနီး မီးသတ်အဝိုင်းအနီး အဝိုင်းမှတ်တိုင်အရောက်မှာ လူတစ်စုက ကိုရဲဇော်ရဲ့ရင်ဘတ်ကို စကေဘာနဲ့ထိုးပြီးနောက် ဖုန်းနဲ့ပိုက်ဆံတို့ကို လုယက်ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါသည်။ လုယက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရသည်။

လောင်းလုံးမြို့ မောင်းမကန်ရွာ ပျူစောထီးအဖွဲ့ဝင်ကို PDF အဖွဲ့က ပစ်ခတ် ရှင်းလင်း လောင်းလုံ- အောက်တိုဘာ ၁၀တနင်္သာရီတိုင်း ထ...
10/10/2022

လောင်းလုံးမြို့ မောင်းမကန်ရွာ ပျူစောထီးအဖွဲ့ဝင်ကို PDF အဖွဲ့က ပစ်ခတ် ရှင်းလင်း

လောင်းလုံ- အောက်တိုဘာ ၁၀

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာနေ လက်နက် ကိုင်ဆောင်သူ ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရ သည်။

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာနေ စစ်ကောင်စီ လက်ပါးစေ ပျူစောထီး အဖွဲ့ဝင် ကိုဇော်ဝင်းရှိန် ဆိုသူကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ ဖြစ်သည့် လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) ၊ ထားဝယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (DGRF) နှင့် T. PDF ရဲဘော်တို့က သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်း တချို့ကိုပါ သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်

မသောက်မိသော မိုးခါးရေ ရုပ်ရှင် ဂျပန်တွင် ပြသ၊ လက်မှတ်ဖိုးများကို မြန်မာနိုင်ငံအနှံ့ လိုအပ်သည့်နေရာများသို့ ပေးပို့သွားမည...
10/10/2022

မသောက်မိသော မိုးခါးရေ ရုပ်ရှင် ဂျပန်တွင် ပြသ၊ လက်မှတ်ဖိုးများကို မြန်မာနိုင်ငံအနှံ့ လိုအပ်သည့်နေရာများသို့ ပေးပို့သွားမည်
ဂျပန် အောက်တိုဘာ ၁၀
ဂျပန်နိုင်ငံရှိ တိုကျို၊ အိုဆာကာနှင့် နာဂိုယာမြို့တို့တွင် ဒါရိုက်တာကိုပေါက်၏ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသလျက်ရှိပြီး၊ ဂျပန်ရောက်မြန်မာများက သက်ဆိုင်ရာကိုယ်စားလှယ်များထံတွင် လက်မှတ်ဝယ်ယူ၍ လာရောက်ကြည့်ရှုကြသည်ဟု သိရသည်။
အဆိုပါရုပ်ရှင်ကို ဖန်တီးသူ ဒါရိုက်တာကိုပေါက်သည် လွတ်မြောက်နယ်မြေတစ်ခုတွင် ရောက်ရှိနေပြီး၊ အဆိုပါ ဒေသတွင် ရှိသည့်ပစ္စည်းနှင့် CDMလုပ်ခဲ့သည့် ဗိုလ်ကြီးတစ်ဦးအကြောင်းကို အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်သည်။
ယခု ရုပ်ရှင်အတွက် လက်မှတ်ခများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ရောင်းချပြီး၊ ရရှိလာသော လက် မှတ်ဖိုးများကို ငွေစာရင်းသေချာစိစစ်၍ မြန်မာနိုင်ငံအနှံ့ လိုအပ်သည့်နေရာများတွင် အသုံး ပြုသွားမည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်းရှမ်း- အောက်တာတိုဘာ ၁၀ ရှမ်းပြည်နယ်နှ...
10/10/2022

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်း

ရှမ်း- အောက်တာတိုဘာ ၁၀

ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်းဖြစ်ပွားနေသော နိုင်ငံရေးစစ်ရေး ပဋိပက္ခများကိုဖြေရှင်းနိုင်ရေး ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေး‌နွေးကြရန် ကမ်းလှမ်းကြောင်း RCSS က ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ရေးနှင့်နိုင်ငံရေး ပဋိပက္ခများကြောင့် စစ်ပြေးရှောင် များပြားလာခြင်း၊ စီးပွားရေးကျဆင်းလာခြင်းနှင့် ဈေးကွက်မရှိခြင်း၊ ပြည်သူများစားဝတ်နေရေး ကြပ်တည်းခြင်း၊ ခရီးသွားလာရခက်ခဲခြင်းများကြောင့် ပြည်သူများအတိဒုက္ခ ရောက်နေရသည့်အတွက် ယခုကဲ့သို့ကမ်းလှမ်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

လပြည့်နေ့ ရွှေတိဂုံဘုရားရင်ပြင်တွင် လူငယ်အချို့ ဆန္ဒထုတ်ဖော်ခဲ့ရန်ကုန်၊ အောက်တိုဘာ ၉ရက် သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်မ...
09/10/2022

လပြည့်နေ့ ရွှေတိဂုံဘုရားရင်ပြင်တွင် လူငယ်အချို့ ဆန္ဒထုတ်ဖော်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၉ရက်

သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဓမ္မဝါဒီအတွက် “ အရေးတော်ပုံ အောင်ရမည် “ ဟူသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း Yangon Revolution Force - YRF ( ရန်ကုန်တော်လှန်ရေးအင်အားစု ) က သတင်းထုတ်ပြန်ခဲ့သည်။

ဤလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ရေးအင်အားစုက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီးရွှေတိဂုံဘုရားရင်ပြင်များ ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် စစ်ကောင်စီတပ်ဖွဲ့များ စောင့်ကြပ်နေသည့်ကြားမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

လူထုအားကိုယုံကြည်သည့်အတွက် ယခုကဲ့သို့ လူအများကြားတွင် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့ကဆိုပြီး အရေးတော်ပုံအောင်မှသာလျှင် အိပ်မက်များ တောင်းဆုများပြည့်ဝမည်ဖြစ်ကြောင်း သတိချပ်စေလိုသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပွင့်ဖြူမှာ ဖြတ်သန်းသွားလာသူတွေကို ဓာတ်ပုံနဲ့တိုက်ပြီး စစ်ကောင်စီတပ် စစ်ဆေးနေပွင့်ဖြူ၊ အောက်တိုဘာ ၉ရက်မကွေးတိုင်းဒေသကြီး...
09/10/2022

ပွင့်ဖြူမှာ ဖြတ်သန်းသွားလာသူတွေကို ဓာတ်ပုံနဲ့တိုက်ပြီး စစ်ကောင်စီတပ် စစ်ဆေးနေ

ပွင့်ဖြူ၊ အောက်တိုဘာ ၉ရက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေ ကို ဓာတ်ပုံနဲ့တိုက်ပြီး စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့သိရသည်ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကစပြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းအဝင်၊ ပွင့်ဖြူ ကိုဗစ်စစ်ဆေးရေး ဂိတ်နဲ့ မဲဇလီတံတားတို့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေးနေတာပါ။

ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးရာမှာ မှတ်ပုံတင် စစ်တာ၊ ဓါတ်ပုံနဲ့တိုက်စစ်တာ၊ ပါလာသမျှ ပစ္စည်းတွေကို ဖောက်စစ်တာအပြင် ကားသမားတွေဆိုရင် မှောက်ခိုင်းပြီး စစ်ဆေးတာတွေ လုပ် ဆောင်နေတယ်လို့ သိရသည်။

အာဏာသိမ်း စစ်ကောင်စီဟာ ပွင့်ဖြူမြို့နယ်ကို ဖြတ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDFတွေက လက်နက်သယ်ယူမယ်ဆိုတဲ့ သတင်းရပြီးနောက် အခုလို စစ်ဆေးလာတာဖြစ်တယ်လို့ သိသည်။

Address


Alerts

Be the first to know and let us send you an email when New Day News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Day News:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share