Peom
ကဗျာ-ရဲဘော်ဒဂုံ(ထောက်ပံရေးတပ်စု)
ရွတ်ဆိုသူ-ရဲဘော်ဝေကြီး(Sai Lin Aung)
စစ်ကြီးပြီးရင် ချစ်ကြတာပေါ့
အသဲငယ်ရေ
အချစ်အကြောင်းနဲ့ စစ်အကြောင်း
ယှဥ်တွေးရမယ်ဆို စစ်ကိုဘဲ ဦးစားပေးမိမယ်
နားလည်တော့ အချစ်ရယ်
မချစ်လို့မဟုတ်ဘူး အသဲငယ်
မြို့ပြဟာ နာဇီအကျဥ်းစခန်းတွေဖြစ်လာတဲ့နောက်
ကိုယ်ဟာ အသဲငယ်နဲ့ ဝေးရာမှာ
စစ်ကို စစ်နဲ့တိုက်ဖို့
ပေးလိုက်ရတဲ့အသက်တွေကို ပြန်အစားရဖို့
ရိုးမအနှံ့ ခြေဆန့်ခဲ့တယ်
တိုင်းရင်းသားတွေကို ကိုယ်တို့တောင်းပန်ရမယ်
စစ်ဒဏ်ကို ပြည်မထက်ပိုခံပေးနေရတဲ့သူတွေကို
ကိုယ်တို့ မေ့လျှော့ခဲ့မှုကို ပြန်တောင်းပန်ရမယ်
စစ်ကြီးမြန်မြန်ဖြစ်စေချင်တဲ့ လူငယ်တယောက်
အချစ်နဲ့ ကျစိမ့်တခွက်ကို လွမ်းလှပေါ့
"တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့"တဲ့
ကိုယ်အထပ်ထပ်နားထောင်နေတယ်
တောပန်းတွေ သိပ်လှတာဘဲ အသဲငယ်
ပန်ပေးချင်လိုက်တာကွယ်
မင့်ရဲ
#yellbaw Waigyi
သွားတာကခွေးမောင်းဖို့
ခွေးတွေကကြိုပြေးတော့
မမောင်းလိုက်ရဘူးဆိုပါတော့
ရဲဘော် ဝေကြီး
ရှေ့တန်း ခရီး
__________________
မိုးရွက်နုသွန် ဒေါနစွန် ၌
ရွံ့နွံဗွက်အိုင် မိုးတို့ဖြိုင်လည်း
နိုင်ငံတော်အတွက် ရှေ့သို့ချီ....
သြော်....
နိုင်ငံတော်အတွက် ရှေ့သို့ချီ....။
Freedom Of Choice Admin Team
😭😭😭
ကူညီပေးလိုက်ကြပါဗျာ
😭😭😭😭😭😭😭😭
သင်္ကြန်သီချင်းလေး😊😊😊
ဟိတ်
ကျည်စားသလား
တာရာမင်းဝေ
ရွတ်ဆိုသူ - ဝေးလ် ( 2021သူပုန်ကောင် )
ကျောင်းသားအထုပ္ပတ္တိ
--------------------------------- ရွှေဘုန်းလူ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
...ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်၀က်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်။
(၂)
ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က လူ့အခွင့်အရေးဟာ
အကျဉ်းထောင
လက်ရှိ တိုက်ပွဲအခြေအနေ
တပ်မဟာ ( ၆ )
အကြမ်းဖက် ဖက်ဆစ်တပ်တွေနှင့် EAOs ၊ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့မှုပြင်းထန်......။
လက်ရှိအချိန်အထိ ခွေးမိစ္ဆာများ အကျအဆုံးများ
ပြားလျှက်ရှိပြီး လှူဖွယ်ပစ္စည်းများ မနည်းမနော
ရရှိထားဟု သိရ....။
ခွေးများဘက်မှ ဟတ်စကီး အသုံးပြုပြီး
လေကြောင်းပစ်ကူများဖြင့် ပစ်ခက်လျှက်ရှိ...။
အကြမ်းဖက်မိစ္ဆာများ အမြစ်ပြတ်၍ ပြည်သူ့ကာ
ကွယ်ရေးစစ်သည်တို့ ဘေးကင်းကြပါစေ....။
... " စစ်မုန်းနှင်းဆီအတွက် မြရွက်တို့ရဲ့ မော်ကွန်း " ...
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
##ရွှေဘုန်းလူ(ခ)တာရာမင်းဝေ##
1⃣ ..
ကျောက်ဂူထဲက
တလှမ်းခြင်း ထွက်လာတဲ့
ကြေးဝါရောင် ခြင်္သေ့တစ်ကောင်လိုပဲ
၁၉၉၁ ရဲ့ ဒီဇင်ဘာ (၁၀)ရက်ဟာ
နေခြည်မျှင်စတွေကို လည်ဆံမွှေးတွေလို ခါချရင်း
လူ့လောကထဲ တိုးဝင်လာခဲ့ပြီ။
ဖက်စစ်ကလည်း
သူ့ဖိနပ်ကိုကျစ်တဲ့ကြိုးနဲ့
ငါတို့ကိုစိုးမိုးတုပ်ခတ်
ဘီလူးအိပ်မက်မှာ
ညတွေနက်ပြီးရင်းနက်ခဲ့ပြီ။
ငါတို့ရဲ့တော်လှန်နိုင်ငံဟာ
အာရှရဲ့ မုတ်သုန်စီးကြောင်းအောက်မှာ
စစ်ခမောက်တစ်လုံးမှောက်ထားသလို
မီးခိုးညိုတွေအူထွက်
အဲဒီအထဲကမှ ငါကအားယူနိုးထလျှက်ပေါ့။
ဒီနေ့ဟာ
သံလွင်ခက်တွေ သက်ဝင်မဲ့နေ့
ရာဇဝင်မှာ ရွှေလိုစင်ကြယ်တဲ့နေ့ပါပဲ။
ငါ့ရင်ထဲမှာမွှေးမြသင်းရီ ...
ငါ့နိုင်ငံမှာလင်းပစွေးနီ ...
ငါတို့ချစ်သော
အို … အောင်ဆန်းနှင်းဆီ။
2⃣ ..
ဘုန်းကြီးသင်
။ နွေကြယ်ပွင့်များ သို့ ။
လူမဆန်မှုတွေ အကြောင်းကြားရင်
ငိုချင်တဲ့စိတ်
အံကြိတ်ပြီး ထိန်းတယ် ..
မျက်ရည်ကျပြီး အားမပါတော့ရင်
သွေးမြေကျသွားတွေသူကို အားနာရမယ် မဟုတ်လား။
ဘယ်ကောင်းကင်မှာပဲ လင်း လင်း
ကြယ်တွေရဲ့ အဆင်းဟာ တောက်ပနေမှာပဲ
မမျှတတဲ့ ပွဲပါ
ရဲရဲကြီး နွှဲခဲ့တာ မိုက်လို့ မဟုတ်ဘူး
စနစ်အလို မကြိုက်လို့
အမြစ်ကို တိုက်ခဲ့တာ။
ဒီပွဲမှာ
အလင်းဆုံးကြယ်တွေကို အခြွေများတယ်
ဒါပေမယ့်
ငါတို့ ရင်ဘတ်တွေ မကြွေအားသေးပါဘူး။
မလျော်ကန် သမျှတော့
ငါတို့ တော်လှန်ရဦးမယ် ကွယ်။
နိုင်ငံတော်ရဲ့
အနာဆာတွေ ကင်းပြီ ဆိုမှ
ကမ္ဘာမကြေ သီချင်းနဲ့
" ငို " ပါရစေ။ ။
📝 မြဇီဇဝါခိုင်
ငါလိုးမနိုင်ငံတော်
-------------------------------
ဂဲဆွဲ ရေမြုပ်ခံထားရလို့
နွံဖုံးနေတဲ့ နိုင်ငံကို
ရွှေနိုင်ငံလို့ ကင်ပွန်းတပ်ပြ
ဝါးလုံးခေါင်းထဲတောင်
လမသာခဲ့တဲ့
ငါလိုးမနိုင်ငံတော်...။
အရှေ့တောင်အာရှကလည်း မသိ
အနောက်ဥရောပကလည်း မသိ
ဘယ်ကမ္ဘာမှ မသိတဲ့ တာဇံနိုင်ငံကနေ
မျိုးရိုးက အထက်တန်းစားလို့ ကြွေးကြော်
ဘုရားသွားရင်တောင် ဖိနပ်ပျောက်တဲ့
ငါလိုးမ နိုင်ငံတော်...။
ဆယ့်ငါးနှစ် ကျောင်းတက်တဲ့ ဘွဲ့ရက
ငါးလသင်တန်းတက်
ကလေးလောက်
ဘိုစာမတတ်
ထမင်းတစ်လုတ်စာတောင်
မရှာနိုင်တဲ့ဘွဲ့လက်မှတ်ကို
စည်တော်ယွန်း အခမ်းအနားနဲ့ပေး
ဧည့်ခန်းမှာ ရှက်စရာကောင်းတဲ့ ပုံချိတ်ရတဲ့
ငါလိုးမနိုင်ငံတော်...။
ငွေမရှိရင် အမှန်တရားမရှိ
ရာထူးမရှိရင် အမှန်တရားမရှိ
အကပ်ကောင်းနဲ့ စီးပွားရှာ
ခရိုနီလက်အောက် ပြားပြားမှောက်နေတဲ့
ငါလိုးမနိုင်ငံတော် ....။
ဖက်စပ်အရက်ရောင်း လူင
"""တော်လှန်ဖီဆန် ကဗျာဉာဏ် ကဏ္ဍ"""
»»»အလွတ်ကြီးပဲ ထားမှာလား«««
တော်လှန်ရေးသမားတွေက
အညှာကိုကိုင်
အမြစ်က ဆွဲနှုတ်ပစ်ချင်နေပေမယ့်
နိုင်ငံရေးသမားတွေက
အထာကိုင်ထားချင်နေကြတုန်း...
နိုင်ငံရေးသမားတွေကို
ယုံချင်မှ ယုံကြ
တော်လှန်ရေးသမားတွေကိုတော့
အကြွင်းမဲ့ ယုံ
လှူကြ ကူကြ...
တော်လှန်ရေးကာလမှာ
တော်လှန်ရေးဘောင်ကို ချဲ့ပြီး
လက်ဆန့် လက်ဖြန့်ပြီး
လက်နက်တွေကို ကမ်းလိုက်ရင်
နိုင်ငံရေးဘောင်က ကျယ်လာပြီး
အလိုလို ဘောင်ဝင်သွားမှာပဲ
နိုင်ငံရေး ဘောင်ဝင်တန်းဝင်ဖြစ်ဖို့က နယ်မြေစိုးမိုးမှုရှိမှ
နယ်မြေစိုးမိုးမှုရှိအောင် လက်နက်လိုတယ်...
သမိုင်းဆိုတာ
အနိုင်ရသူက ရေးကြစတမ်းပဲ
စာရွက်အလွတ်ကြီးကိုင်ပြီး
ဘာမှမရေးနိုင်တာကို
အဖြူထည်လေးပါဆိုပြီး
စိတ်ကူးယဉ်စံ
လစ်ဘရယ်အတွေးတွေနဲ့ပဲ တော်လှန်နေရင်
ဖုန်ထသလို
အမှုန်အမွှားလေးတွေ ပြန့်ကျဲက
ကျနော်တို့ဟာ ပြည်သူတွေပါ ကျနော်တို့ဟာ လက်နက်မဲ့တွေပါ....
ဘယ်တော့မှ
သွေးမအေးကြပါနဲ့ဗျာ....
ဘယ်တော့မှ......
2021 ခုနှစ် တနှစ်လုံး....ကနေ စပြီး
အာဏာရူးတွေဟာ ခပ်ပေါ့ပေါ့ အတွေးနဲ့ အကြောက်
တရားထည့်ပြီးပြည်သူတွေကို ထိန်းချုပ်ဖို့ကြိုးစားခဲ့
ကြတာ....။
ပြည်သူကိုကာကွယ်ဖို့ နိုင်ငံတော်ကို စောင့်ရှောက်ဖို့
ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် တပ်မတော်ဆိုတဲ့ အဖွဲ့
အစည်းက ပြည်သူကို ရက်ရက်စက်စက် သတ်ပြနေ
လို့ ကျနော်တို့ဟာ.....
ဂန်းကိုင်ခဲ့ရတာပါ.....
ပန်းတွေကြိုင် နေတဲ့အနာဂတ်နိုင်ငံတော်ကြီးကို လိုချင်
ခဲ့လို့ပါ.....
ခွေးကျင့်ခွေးကြံ မအေလိုးသဏ္ဍန်
ယနေ့ 16 February 2022
ညနေ ၄ နာရီ ဝန်းကျင်
အကြမ်းဖက် ဖက်ဆစ်ခွေးတပ်မှ
လေးကေ့ကော် - ဖလူး အပိုင်းကို
ဟတ်စကီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုရုပ်သံ....
video... ရှေ့တန်း ရဲဘော်များ
လေဆန်ငှက်
" တော်လှန်ဖီဆန် ကဗျာဉာဏ် " ကဏ္ဍ
- လေဆန်ငှက် -
ကျည်ဆန်ဟာ
ခေါင်းထဲ ဖေါက်ဝင်ပျံသန်းသွားတော့
ဖွားခနဲ သွေးတွေ
လေထဲ
ပြန့် ကြဲ သွား။
ဒီလို သေပန်း ပွင့်ကြွေပုံလောက်
ရင်နာရတာ ဘာရှိဦးမှာလဲ ?
နိုင်ငံတော်။
မျှော်လင့်ချက်မရှိရင်
ကမ္ဘာကြီးလည်း ပျက်ရမှာပဲမို့
ငါတို့ဟာ မျှော်လင့်ချက်ကို
သဲကြိုးတပ်စီးပြီး လမ်းမထက်ကို
တက်ခဲ့ရတာပါ
ဒီမိုကရေစီ။
လူ့အခွင့်အရေး ဆိတ်သုဥ်းနေတဲ့
နိုင်ငံတော်ရဲ့ အသက်ရှူသံထဲ
တရားမျှတခြင်း ဆိုတာ
အသပြာနဲ့ လိင်ဆက်ဆံရာကနေ
ကူးစက်တတ်တဲ့
ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ခဲ့ပါတယ်။
နိုင်ငံတော်ကို ဆုံးရှုံးလိုက်ရတာနဲ့
ငါတို့ဟာ...
အနာဂတ်ပျောက်သွားတဲ့ ရေနည်းငါးတွေ
အလိုလိုဖြစ်သွားတယ်
ဒီလိုနဲ့ ငါတို့လည်း
အနာဂတ်ပျောက်ကို ပစ္စုပ္ပန်ထဲမှာရှာဖွေတဲ့
တော်လှန်ရေးသမားတွေဖြစ်ခဲ့ရပါတယ်။
အာဏာကို ဖီဆန်လို့
ကျည်ဆန်နဲ့ သေရမယ်ဆို