25/12/2022
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ရက်နေ့က ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာနားမှာ စစ်ရှောင်ပြည်သူ၊ ဒေသခံ၊ ခရီးသွားပြည်သူ (၄၀)ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မီးရှို့ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။
တစ်နှစ်ပြည့် အောက်မေ့ဖွယ်အနေနဲ့ မိုဆိုဒေသခံတွေကနေ သတ်ဖြတ်မီးရှို့ခံရတဲ့နေရာကိုသွားရောက်ပြီး ဖယောင်းတိုင်မီးထွန်းတာ ဝိညာဉ်အတွက် ဆု တောင်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
#ဖရူဆို #မိုဆို