Ghq-201 General headquarters (GHQ-201)
KNU/KNLA Brigade (6)

ခုထိ မင်းအပုံလေးကို မင်းဆီ ငါမပို့ဖြစ်သေးဘူး။ တကယ်စိတ်မကောင်းဘူး သူငယ်ချင်းရေ ငြိမ်းချမ်းစွာအနာယူပြီး ကောင်းရာသုဂတိလားပါ...
17/03/2024

ခုထိ မင်းအပုံလေးကို မင်းဆီ ငါမပို့ဖြစ်သေးဘူး။ တကယ်စိတ်မကောင်းဘူး သူငယ်ချင်းရေ ငြိမ်းချမ်းစွာအနာယူပြီး ကောင်းရာသုဂတိလားပါစေ။

17/03/2024
17/03/2024

ကသံၣ်တၢ်သိၣ်လိ - ကီၢ်လါ(သဝီသီ)

21/09/2023
22/08/2023
(73) ကြိမ်မြှောက် ကရင့်အာဇာနည်နေ့ အခမ်းအနား တပ်ရင်းအမှတ် (201) ထိန်းချုပ်နယ်မြေ။
12/08/2023

(73) ကြိမ်မြှောက် ကရင့်အာဇာနည်နေ့ အခမ်းအနား တပ်ရင်းအမှတ် (201) ထိန်းချုပ်နယ်မြေ။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်း နှင့် တိုက်မိုင်းများကြောင့် အပြစ်မဲ့ပြည်သူ ၁၂ နှစ် သမီးအရွယ် အမျိုးသမ...
29/07/2023

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်း နှင့် တိုက်မိုင်းများကြောင့် အပြစ်မဲ့ပြည်သူ ၁၂ နှစ် သမီးအရွယ် အမျိုးသမီးငယ် တစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ။

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ - ဒူးပလာယာ ခရိုင်။

၂၉ ရက်၊ ၇ လ၊ ၂၀၂၃ ခုနှစ်၊ မနက် ၆ နာရီ ၄၃ မိနစ် အချိန်ခန့်တွင် စကခ(၁၃) လက်အောက်ခံ၊ နဗဟ(၂) မှူး ဗိုလ်မှူးကြီး ကျော်ဇင်ယျ ဦးဆောင်သော ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူနေ ကျေးရွာအနီးသို့ လိုက်လံထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ကေအဲန်ယူ - တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာနေ အဖဦးအောင်လင်း၏ သမီး နှစ်ဦးဖြစ်သော မခင်မာအေး (၁၂) နှစ် (စိုးရိမ်ဒဏ်ရာ)၊ မဌေးမိုး (၁၉) နှစ် နှင့် အဖ ဦးအောင်ဝင်း၏ သမီး မကောက်ချမ်း (၂၂)နှစ် တို့မှာ မျှစ်ရှာမှိုကောက်ရင်း မှိုင်းနင်းမိ ​ပေါက်ကွဲ ဒဏ်ရာရခဲ့ကြောင်း နယ်မြေခံသတင်းပေးပို့ချက်အရ သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း နှင့် မိုင်းများ လိုက်လံထောင်ထားခြင်းကြောင့် နယ်မြေခံပြည်သူများမှာ မိမိတို့၏ ဥယာဥ်ခြံမြေသို့ အလုပ်အကိုင် သွားလာလုပ်ကိုင်ရန် မဝံ့မရဲကြတော့ပဲ စိုးရိမ်ထိတ်လန့်လျှက် ရှိနေရကြောင်း နယ်မြေခံ သတင်းပေးပို့ချက်အရ သိရသည်။

ဤဖြစ်စဥ် သတင်း အချက်အလက် နှင့် ဓာတ်ပုံများမှာ ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ KNLA - တပ်ရင်း (၂၀၁) မှ ပေးပို့ခြင်းဖြစ်သည်။

ဓာတ်ပုံ​ - အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲ ဒဏ်ရာရ အမျိုးသမီးငယ် (၃) ဦး။

ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။

ခက်ခဲတာ ပင်ပန်းတာ ငါတို့ မကြောက်ဘူး။ ပြည်သူတွေရဲ့အမုန်းကိုသာ ငါတို့ကြောက်တယ်။
24/07/2023

ခက်ခဲတာ ပင်ပန်းတာ ငါတို့ မကြောက်ဘူး။ ပြည်သူတွေရဲ့အမုန်းကိုသာ ငါတို့ကြောက်တယ်။

22/07/2023

ရေးမြို့နယ် (၁၄) မိုင် စစ်ကောင်စီ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းတွင်ရှိသော ခမရ (၅၉၁) ဗိုလ်နေလင်းထွန်း ဦးစီးအဖွဲ့အား တော်လှန်ရေး တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေး။

ဇူလိုင်လ (၇) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ - ဒူးပလာယာခရိုင်။

၆ ရက်၊ ၇ လ၊ ၂၀၂၃ ခုနှစ်၊ ည ၁၀ နာရီ ၅၀ မိနစ် အချိန်တွင် ကေအဲန်ယူ - ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ တပ်ရင်း (၂၇) တပ်ခွဲ (၂) နှင့် ပူးပေါင်းတပ်ဖွဲ့များ မှ ရေးမြို့နယ် (၁၄) မိုင် စစ်ကောင်စီ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းတွင်ရှိသော ခမရ (၅၉၁) ဗိုလ်နေလင်းထွန်း ဦးစီးအဖွဲ့အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ ရန်သူ စစ်ကောင်စီတပ်များမှ စခန်းအား စွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အဆိုပါ စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရန်သူထံမှ ရှေ့ထွက်မိုင်း(၃)လုံး၊ MA မဂ္ဂဇင်း (၁၀)​ ဘောက်၊ ကက်သီး (၁၈) လုံး၊ ၅.၅၆ ကျည် (၂၁၈)​တောင့်၊ ၄၀ မမ ကျည် (၂၀)လုံး၊ လက်ပစ်ဗုံး (၂၀)လုံး၊ အီ​ကွေ့မန့် (၂)စုံ နှင့် အခြား ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ပါသည်။

ရန်သူထိခိုက်ကျဆုံးမှုအား စုံစမ်းဆဲဖြစ်ပြီး မိမိတို့ တော်လှန်ရေး တပ်ဖွဲ့များမှာ မိဘ ပြည်သူလူထု၏ ဆုတောင်း မေတ္တာ ပို့သမှုကြောင့် တစ်စုံတစ်ရာ ထိခိုက် ဆုံးရှုံးမှု မရှိကြောင်း ရှေ့တန်းမြေပြင် သတင်းပေးပို့ချက်အရ သိရပါသည်။

ဤသတင်းအချက်အလက် နှင့် ဓာတ်ပုံမှာ ကေအဲန်ယူ - ဒူးပလာခရိုင်၊ တပ်မဟာ (၆)၊ တပ်ရင်း (၂၇) မှ ပေးပို့ထားခြင်း ဖြစ်ပါသည်။

ဓာတ်ပုံ - ရန်သူ စစ်ကောင်စီထံ မှ သိမ်းဆည်းရမိ ပစ္စည်းများ။

ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။

22/07/2023

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင် အိမ်မွေး တိရိစ္ဆာန် နွား (၁၂) ကောင် သေဆုံးခဲ့ပြီး ပြည်သူနေ အိမ် (၂) လုံး ပျက်စီးခဲ့ရ။

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ - ဒူးပလာယာ ခရိုင်။

၂၀ ရက်၊ ၇ လ၊ ၂၀၂၃ ခုနှစ်၊ မနက် ၇ နာရီခန့်တွင် ရတခ လက်အောက်ခံ ခမရ-၉၇ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ - ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာသို့ ကျရောက်ပေါက်ကွဲပြီး အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသစ်ကုန်းရွာနေ စောနဲ့နော်ပဲ့ ၏ အိမ်မွေးနွား (၄) ကောင်၊ မောင်သန်းငွေ ၏ အိမ်မွေးနွား (၆) ကောင်၊ စောဝါးဖိုး ၏ အိမ်မွေးနွား (၁) ကောင် နှင့် ဦးသောချစ် ၏ အိမ်မွေးနွား (၁) ကောင် လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့သည်။

ထို့အတူ ၁၉ ရက်၊ ၇ လ၊ ၂၀၂၃ ခုနှစ်၊ ရက်နေ့တွင်လည်း ကော့ကရိတ် မြို့နယ်၊ ကော့နွယ် ကျေးရွာသို့ ခမရ-၉၇ မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကော့နွယ် ကျေးရွာနေ စောသူးသူး ၏ နေအိမ် (၁) လုံး နှင့် မောင်ဝင်းရီ၏ နေအိမ် (၁) လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ရကြောင်း မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူနေ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင် အိုးအိမ်များ နှင့် အိမ်မွေး တိရိစ္ဆာန်များစွာ နေ့စဥ် နှင့်အမျှ ထိခိုက် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း နယ်​မြေခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ဤဖြစ်စဥ် သတင်း အချက်အလက်များမှာ ကေအဲန်ယူ - ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၆)၊ KNLA - တပ်ရင်း (၁၈) မှ ပေးပို့ထားခြင်းဖြစ်သည်။

ဓာတ်ပုံ - အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့သော အိမ်မွေး နွား တစ်ကောင် (ပုံဟောင်း)။

ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။

မြဝတီမြို့တောင်ဘက်က စစ်ကောင်စီအထိုင်စခန်း ၃ ခု တိုက်ခိုက်ခံရ မြဝတီ၊ မေ(၃၀)ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင...
30/05/2023

မြဝတီမြို့တောင်ဘက်က စစ်ကောင်စီအထိုင်စခန်း ၃ ခု တိုက်ခိုက်ခံရ

မြဝတီ၊ မေ(၃၀)

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတွေကို KNLA KNDO နဲ့ Federal Wings Drone ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် (၉)ဦး သေဆုံးသွားခဲ့တယ်လို့ Federal Wings Drone အဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ(၂၃)ရက်နေ့ကစပြီး မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းကုန်းနဲ့ ကနဲလေးစခန်းတွေကို KNLA တပ်ရင်း(၂၀၁)၊ KNDO တပ်ရင်း(၈)နဲ့ Federal Wings Drone ပူးပေါင်းတပ်ဖွဲ့ တွေက စစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီကနဲလေးစခန်းက တပ်ရင်းမှူး(၁)ဦး အပါအဝင် (၉)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရမှုမှာပါဝင်တဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ မော်ခီးစခန်းတွေမှာ ထိခိုက်မှုတွေရှိပေမယ့် အထိ အခိုက်စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပနွယ်ဖိုးကလိုးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ခရစ် ယာန်ဘုရားကျောင်းနဲ့ ကျောင်းဘော်ဒါဆောင်(၁)ဆောင်၊ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူ(၂၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်ထောက်ပံ့မှုတွေ လို အပ်လျက်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-Federal Wings

27/05/2023

တော်လှန်ရေးပီရင် အတူတူပြန်ဆုံမယ်။ မင်း ပေးထားတဲ့ကတိတွေ ဘယ်ရောက်ကုန်လဲး ။ မပီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ် ။

28/02/2023

ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဘယ်တော့မှ အရှုံးမပေးလိုက်နှင့်။

03/02/2023

Cold-blooded fee

24/01/2023

ငါတို့ ဒါကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုမယ်။

24/01/2023

အတူတူ အဖြေရှာကြစို့။

24/01/2023

ที่อยู่

Tak

เบอร์โทรศัพท์

+66611258144

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ghq-201ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ghq-201:

วิดีโอทั้งหมด

แชร์


เว็บไซต์ข่าวและสื่อ อื่นๆใน Tak

แสดงผลทั้งหมด