People's Radio Myanmar

People's Radio Myanmar Independent community radio born out of Myanmar's Spring Revolution, supporting a democratic and pluralistic Myanmar.

Listen to us on the Simple radio app, available on the App store and Google Play, or on our website (below).

သံဖြူဇရပ်တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်ထန်ဒဏ်ရာရမတ် ၁၁၊ ၂၀၂၅မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ...
12/03/2025

သံဖြူဇရပ်တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်ထန်ဒဏ်ရာရ

မတ် ၁၁၊ ၂၀၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဝဲခမိကျေးရွာအနီး အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်နှင့် ဒေသခံများထံမှ စုံးစမ်းသိရှိရသည်။

ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့က နေ့လည်ပိုင်းအချိန် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာနေ အသက် (၄၃) နှစ်အရွယ် ကိုနန္ဒာထွန်းသည့် ကျေးရွာအနီး မိမိဥယျာဉ်ခြံကို ခြံရှင်းလင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင်း ကိုနန္ဒာထွန်းတွင် ဘယ်ဘက်ခြေကျင်းဝတ် ပြတ်ဒဏ်ရာရရှိသည့်အပြင် ညာဘက်ခြေသလုံး၊ ဘယ်ဘက်လက်ဖျံနှင့် ဘယ်ဘက်မေး အောက် မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာများများ ရရှိခဲ့သည်။

“အခုမြေမြှုပ်မိုင်းနင်းမိတဲ့သူက မော်လမြိုင်ပြည်သူဆေးရုံးကြီးမှာ ပြောင်းရွှေဆေးကုသမှု ခံယူနေရပြီး ခြေထောက်တစ်ဖက်ကဖြတ်လိုက်ရကာ ကျန်တစ်ဖက် (Plate) ပြားထည့် ဆေးထည့်နေရတယ်” ဟု မိသားစုဝင်နဲ့ နီးစပ်နေတဲ့ ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံများအဆိုအရ ဝဲခမိကျေးရွာနှင့် ပေါ်တော်မူဘုရာရွာ ဥယျာဉ်ခြံသွားလမ်းကို သံဖြူဇရပ်မြို့နယ် ဖောင်စိန်းကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (၆၂) တပ်မှ သွားလာလှုပ်ရှားနေပြီး ယခု မြေမြှုပ်မိုင်းကို ၎င်းတို့ဘက် ထောင်ထားခြင်းဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

“သံဖြူဇရပ်ဘက် ခြံထဲမှာရော၊ သွားတဲ့လမ်းမှာပါ မကြာခဏ မိုင်းနင်းမိပြီး ထိခိုက်နေတာ၊ အခုထိတဲ့အခေါက်ဆိုရင် လက်ရော၊ခြေထောက်ရောက ထိခိုက်မှုပို့များတယ်၊” ဟု သံဖြူဇရပ် ဝဲခမိကျေးရွာအနီး ခြံသမားတစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောမြို့နယ် အတွင်းက ဒေသခံပြည်သူများ မြေမြုပ်မိုင်းအန္တရာယ် ဆိုးရွာစွာ ရင်ဆိုင်ကြုံတွေ့နေရသည်။

ဒါအပြင် ၂၀၂၄ ခုနှစ်မှစတင်ကာ စစ်ရေးတင်းမာနေသည့် သံဖြူဇရပ်- ရေးကားလမ်းအနီးတဝိုက်ရှိ ဝဲခမိကျေးရွာ၊ အတွင်းစခန်းကြီး၊ ရဲတံခွန်နှင့် အေးသာယာကျေးရွာများတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး ဝမ်းရေးအတွက်ထင်းခုတ်၊ မှိုရှာ၊ ဝဥတူးနေရသည့် ဒေသခံပြည်သူများကို အသက်အန္တရာယ်ခြိမ်းခြောက်နေသည်။

မင်္ဂလာပါ People's Radio Myanmar ရဲ့ နေ့စဉ်သတင်းတင်ဆက်မှု အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ မတ်လ 11ရက်နေ့ မနက်ပိုင်းအထိ Peopl...
11/03/2025

မင်္ဂလာပါ People's Radio Myanmar ရဲ့ နေ့စဉ်သတင်းတင်ဆက်မှု အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ မတ်လ 11ရက်နေ့ မနက်ပိုင်းအထိ People's Radio Myanmar ရဲ့‌‌ေနာက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ ဒီအစီအစဉ်ကနေ နားဆင်ရမယ့် သတင်းအကြောင်းအရာတွေက‌တော့

ဂွတွင် စစ်ကောင်စီ ဗုံးကြဲ ၊မိသားစု၃ဦးတွင် ၁ဦးသေဆုံး၊၂ဦး ဒဏ်ရာရတဲ့သတင်း

စစ်မှုထမ်းကြေးဆိုပြီး မတရားငွေကောက်ခံတဲ့ မင်းလှနယ်က ရာအိမ်မှုးသတ်ခံရတဲ့သတင်းနဲ့

ရေးမြိုနယ်မှာ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့‌ေအာင်သူခရပ်ကွက် နယ်ထိန်းရဲ မျိုးသူ ပစ်ခတ်ရှင်းလင်းခံရတဲ့သတင်းတွေအပြင် နိုင်ငံပြင်ပသတင်းမီဒီယာတွေရဲ့ သတင်းကောက်နှုတ်ချက်တွေကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို နေ့စဉ်နေ့တိုင်း တင်ဆက်ပေးနေတာဖြစ်သလို မိဘပြည်သူများအနေဖြင့် အားပေးနားဆင်ဖို ဖိတ်မံဓက ပြုအပ်ပါတယ်။ ကျွန်တော်တိုရဲ့ People's Radio Myanmar ကိုနားသောသဆင်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကပ်ဘေးအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ ခင်ဗျား။ PRM ကို ယခုအခါ www.peoplesradiomyanmar.com ကသာမက Simple Radio App က နေလည်း နားဆင်နိုင်ပါတယ်ခင်ဗျ။Simple Radio App ကို Google Play Store သိုမဟုတ် iOS App Storeကနေအခမဲ့ download ဆွဲယူနိုင်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ် ခင်ဗျား။

မင်္ဂလာပါ People's Radio Myanmar ရဲ့ နေ့စဉ်သတင်းတင်ဆက်မှု အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ မတ်လ 11ရက်နေ့ မနက်ပိုင်းအထိ People's Radio Myan...

မင်္ဂလာပါ တနင်္သာရီတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ ဒေသတွင်းလူမှုစီးပွားအခြေအနေတွေ စတ...
11/03/2025

မင်္ဂလာပါ တနင်္သာရီတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ ဒေသတွင်းလူမှုစီးပွားအခြေအနေတွေ စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို Mergui Voice အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ ထားဝယ်မြိုနယ်မှာ ပြည်သူ့ကာကွယ်‌ေရးစခန်းတစ်ခုသိမ်းခံရပြီး ရဲဘော်နှစ်ဦးကျဆုံးတဲ့သတင်းနဲ့ သရက်ချောင်းမှာ ကားနှစ်စီးတိုက်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ၊အမျိုးသားတစ်‌ဦးဒဏ်ရာရတဲ့သတင်းတိုကိုတင်ဆက်ပေးသွားမာပါ။

မင်္ဂလာပါ တနင်္သာရီတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ ဒေသတွင်းလူမှုစီ.....

11/03/2025

"မိစ္ဆာနိဂုံး ဖာပွန်ဒရုန်း" မြေပြင်ရဲဘော်များကမ်ပိန်းစကားဝိုင်း Live

Topic - စစ်မှုထမ်းမလား တော်လှန်မလား

Speaker - ရဲဘော်ရွှေချော၊ ရဲဘော်ပွကြီး၊ ရဲဘော်ဂျူလိုင်၊ ရဲဘော် O2
Guest Speaker - CDM ပညာရေးဝန်ထမ်း

ကမ်ပိန်းအကြောင်းအသေးစိတ် Link
https://www.facebook.com/share/v/14syJrKMzUU/

ရဲဘော်တွေဆီကို တိုက်ရိုက်ကူညီလိုပါက page messenger link
m.me/rebelbeesuavforce

#မိစ္ဆာနိဂုံးဖာပွန်ဒရုန်း
#ကျပ်သိန်းတထောင့်လေးရာကမ်ပိန်း
#ဒရုန်းသုံးစီးဝယ်ယူရန်

#ဖာပွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#ပြည်သူနှင့်အတူ

ဝက်လူးရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂၅ ဦးသေပြီး လက်နက်များစွာရရှိ- ဗိုလ်မှူး ဝင်းလှိုင်ဦးနှင...
11/03/2025

ဝက်လူးရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂၅ ဦးသေပြီး လက်နက်များစွာရရှိ

- ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ

By - ထက်မြတ်
Date - March 11 , 2025

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ် ။

တပ်မ-၁၀၁ လက်အောက်ခံဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၉ ရက်နေ့မှာ အင်အား (၂၀၀)ဝန်းကျင် နဲ့ ဝက်လူးရဲစခန်းကနေထွက်လာချိန် ကျတွင်းဘိုးရွာ အနောက်တောင်ဘက်အရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၄၄ လက်ရရှိခဲ့တယ်လို့လည်း ရေးသားထားပါသေးတယ် ။

သိမ်းဆည်းရရှိတဲ့လက်နက်တွေကတော့ လက်နက် (၄၄) လက် (MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး တို့ပဲဖြစ်ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦးကို အရှင်ဖမ်းဆီးရမိထားသလို ပစ်ခတ်ချိန်မှာ မိတ္ထီလာ နဲ့ တံတားဦးမှ တက်လာတဲ့ ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း (၂) ကြိမ် တိုက်ခိုက်ခဲ့လို့ နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ဦး ကျဆုံးသွားပါသေးတယ် ။

ပစ်ခတ်မှုကို မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်

The Military Council Troops Ordered Shutdown of Three Private Hospitals in Dawei11 March, 2025In Dawei, Tanintharyi Regi...
11/03/2025

The Military Council Troops Ordered Shutdown of Three Private Hospitals in Dawei

11 March, 2025

In Dawei, Tanintharyi Region, the military council troops ordered the shutdown of three private hospitals, according to local residents and sources close to the hospitals.

The hospitals that have been ordered to close by the military council troops are Myae Di Lan Hospital on Ka Myaw Khin Road, Hsar Du Wah Hospital at the end of New Town (4) Road, and Aye Hospital, as reported.

The hospital will be closed for two months from March to the end of April due to the major renovations and training for staff being carried out, a staff member said.

“I will have to go to work for those two months. They said, will also receive a basic salary. However, I will not be accepting patients. I understand that the hospital will also be renovated inside," he said.

Similarly, Sardo Wah Hospital at the end of New Town (4) Road can only resume operations once all the necessary documents for the hospital are complete, as instructed by the military council troops, a source close to the hospital said.

“Hospital officials are also working to complete the necessary steps," he said.

Aye Hospital has announced that it is not accepting patients due to ongoing renovations inside the hospital.

Myae Di Lan Hospital is expected to reopen on May 1, while Hsar Du Wah and Aye hospitals may remain closed indefinitely, according to reports.

The closure of these private hospitals by the military council troops is due to the appointment of CDM doctors and nurses, according to local residents.

In addition, locals are facing difficulties when they fall ill and have to seek treatment at other hospitals due to the closure of the hospitals, a resident of Dawei said.

"We go to clinics where specialists are present and other hospitals. In Myint Mo Oo, there aren’t even enough beds. We have to wait for a long time at the clinic," he said.

There are five private hospitals in Dawei, but currently, only Myint Mo Oo Hospital and Chan Myae Hospital are open.

Since around February 2025, the Regime troops have ordered the closure of at least 10 private hospitals in Mandalay and Yangon, according to local news sources.

သရက်ချောင်းမှာ ကားနှစ်စီးတိုက်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ၊ အမျိုးသားတစ်ဦး ဒဏ်ရာရ−By- နော်အယ်နီးDate- March 11, 2025တနင...
11/03/2025

သရက်ချောင်းမှာ ကားနှစ်စီးတိုက်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

By- နော်အယ်နီး
Date- March 11, 2025

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာ ပန်းပြင်ရွာမှာ ကားနှစ်စီးတိုက်မိတာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

မတ်လ ၁၀ရက်နေ့၊ ညနေ ၃နာရီခွဲလောက်မှာ သရက်ချောင်းမြို့နယ်ရှိ ပန်းပြင်နဲ့ သရက်နှစ်ခွ ရွာကြားမှာ မြိတ်ဘက်ကနေ လာတဲ့ ကုန်တင်ယာဉ်နဲ့ ထားဝယ်ဘက်ကလာတဲ့ Townace ကားတို့ မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်မသိဘူး။ ကျနော်တို့ ရောက်သွားတော့ Townaceက ကားခေါင်းပိုင်းကြေနေတာ။ ကားကြီးကတော့ လမ်းဘေးထိုးကျနေတယ်ဗျ” လို့သူက အခုလိုပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် Townaceကားရဲ့ ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့ ကနက်သီရိရွာက အမျိုးသမီးနှစ်ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးရဲ့ အလောင်းကိုတော့ သရက်ချောင်းဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ အထက်ပါ အဖွဲ့ဝင် ကဆက်ပြောပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ မြက်တောတွေ မီးလောင်နေပြီး မီးခိုးတွေကြောင့် လမ်းကို သေချာမမြင်ရတာကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

“ ကျနောတို့ ထားဝယ်ကို တက်လာတော့ လမ်းဘေးမှာ မြက်တွေ မီးလောင်နေတာ။ မီးခိုးတွေနဲ့ သေချာမမြင်ရလို့ လမ်းတစ်လျှောက် ကားဟွန်းတီးပြီး သွားရတယ်” လို့ သရက်ချောင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာအပြင်းအထန်ရရှိတဲ့ အမျိုးသားကိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ထားဝယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အခုလက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ပုံ− ယာဉ်တိုက်မှုမြင်ကွင်း (ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့−ထားဝယ်)

ထားဝယ်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုသိမ်းခံရပြီး ရဲဘော်နှစ်ဦးကျဆုံး−By- နော်အယ်နီးDate- March 11, 2025တနင်္သာရီတ...
11/03/2025

ထားဝယ်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုသိမ်းခံရပြီး ရဲဘော်နှစ်ဦးကျဆုံး

By- နော်အယ်နီး
Date- March 11, 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စခန်းတစ်ခု သိမ်းခံရပြီး ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ရဲဘော်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၇ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ အရှေ့တောဒေသရှိ ညာဖျားရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မနက် ၈နာရီလောက်မှာတော့ အဆိုပါရွာအနီးမှာရှိတဲ့ ထားဝယ်ခရိုင် တပ်ရင်း(၁) ရဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရှေ့တောဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီနောက် မနက် ၁၀နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ အဆိုပါစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လည် ၁၂နာရီလောက်မှာတော့ စစ်တပ်ဘက် K8W တိုက်လေယာဉ်နံ ဗုံးကြဲတိုက်ခိုက်တာကို ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“ စစ်ကြောင်းက အဲ့နေရာကို ဦးတည်ပြီးလာတာမျိုး။ သတင်းအတိအကျ ရထားတာ ဖြစ်နိုင်တယ်။ နှစ်ဖက်ပစ်ကြသေးတယ်။ မီးရှို့တာက မီးခိုးလုံးတွေတက်နေတာကို လှမ်းမြင်နေရတယ်လေ။ မွန်းတည့်ရောက်တော့ လေယာဉ်လာတာဘဲ့”လို့သူက အခုလိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ညာဖျားရွာနဲ့ စခန်းအနီးတဝိုက်ကို ဗုံးသီးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဗုံးချတာက T1 ရဲ့ သင်တန်းကွင်းနေရာကိုက တစ်လုံး၊ ညာဖျားနဲ့ဆိပ်ချောင်းရွာ စပ်ကိုကတစ်လုံး ကြဲသွားတာ။ လူတစ်ယောက်ကတော့ ခြေထောက်ပြတ်သွားတယ်လို့ ကြားရတယ်” လို့သူက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိခဲ့တယ်လို့ ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရယ်ချာနယ်တွေမှာလည်း PDF အလောင်းနှစ်လောင်း၊ MA-4 သေနတ် ၁လက်၊ ပစ္စတို ၁လက်၊ ကျည်ဆံတွေကို သိမ်းဆည်းရမိပြီး လူနေတဲ ၉လုံး၊ ထမင်းချက်ဆောင် ၁ခုနဲ့ ကင်းတဲ ၁ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ထားဝယ်ခရိုင်တပ်ရင်း ၁ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ကလည်း ကင်းကုန်းရွာအနီးက ဒေသတော်လှန်ရေးတပ်တခုရဲ့ စခန်းကို စစ်ကောင်စီတပ်တွေက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေရဲ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ပုံ− ထားဝယ်ခရိုင်တပ်ရင်း၁ရဲ့ စခန်းကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးနေပုံ

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) ရဲ့ ဖမ်းဝရမ် လက်ခံရရှိပြီးနောက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ဖမ်းဆီးလိုက...
11/03/2025

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) ရဲ့ ဖမ်းဝရမ် လက်ခံရရှိပြီးနောက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ဖမ်းဆီးလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒူတာတေးသည် ဟောင်ကောင်သွားပြီး ပြန်လည် ရောက်ရှိလာချိန် မနီလာလေဆိပ်မှာ ဒီကနေ့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာပါ။

ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံတကာရဲအေဂျင်စီ အင်တာပိုလ်မှတစ်ဆင့် ICC တောင်းဆိုမှုကို လက်ခံရရှိခဲ့ကြောင်း အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒူတာတေးဟာသူ သမ္မတတာဝန်ယူနေစဉ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းစဉ်အောက်ကနေ “လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု” ဟူသော စွပ်စွဲချက်များနှင့် icc ဆရားရုံးမှာ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိတွေကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားပါတယ်။

အာဂျင်တီးနားတရားရုံးဟာ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး စနစ်ကိုအခြေခံထားပြီး ရာဇဝတ်မှုတွေကို စစ်ဆေးတဲ့ ဖယ်ဒရယ်တရားရုံးဖြစ်ပါတယ်။

11/03/2025

လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်တွေရဲ့ စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံ။

ဂွတွင် စစ်ကောင်စီ ဗုံးကြဲI မိသားစုဝင် ၃ ဦးတွင်  ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရBy- သဇင်ခိုင်Date- March 10 , 2025ရခိုင်ပြည်နယ်၊ ဂ...
10/03/2025

ဂွတွင် စစ်ကောင်စီ ဗုံးကြဲI မိသားစုဝင် ၃ ဦးတွင် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

By- သဇင်ခိုင်
Date- March 10 , 2025

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဘဝင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်ထဲသို့ ကျရောက်ပြီး မိသားစု တစ်စုထဲမှ တစ်ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင့် သိရသည်။

ယမန့်နေ မတ်လ ၉ ရက်နေ့ ည ၁ နာရီ ၄၀ မီနစ် အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဘဝင်ကျေးရွာသို့ ကျရောက်ပြီ ထိခိုက်သေဆုံးသွားကြောင့် ဂွဒေသခံ တစ်ဦးက ဆိုသည်။

“ည သန်းခေါင်းလောက်မှာ လာပစ်ချတာပါ။ အိမ်က ရွာပြင်လောက်မှာ ရှိနေတာပေါ့။ မိသားစုထဲက အဖေဖြစ်သူက ပွဲချင်းပြီး သေဆုံးသွားတယ်။ အိမ်ကလည်း တစ်ဆောင်လုံး ပြိုသွားတယ်။ ” ဟု ၎င်းက ဆိုသည်။

သေဆုံးသွားသူမှာ ဖခင်ဖြစ်သူ ဦးထွန်းအောင်သိန်း (၆၀ )နှစ်နှင့် ဒဏ်ရာ ရရှိသွားသူမှာ သမီးဖြစ်သူ မ မေသဇင် (၂၆)နှစ်နှင့် သားဖြစ်သူ မောင်ဖြိုးဝေစိုး (၁၂)နှစ်တို့ ဖြစ်ကြကြောင်း သိရသည်။

‘သမီးဖြစ်သူနဲ့ သားဖြစ်သူ နှစ်ယောက်လုံး ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်။ အခုကတော နီးစပ်ရာ ဆေးခန်းတွေကို ပိုထားတယ်လို့လည်းသိရတယ်။ ’ ဟု ဆိုသည်။

ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်နေကြောင်းလည်းသိရသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်တွင် ရှုံးမဲ့မဲ့ကာ အပြစ်မဲ့ အရပ်သားပြည်သူများအား လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် စစ်တွေ၊ ကျောက်ဖြူတို့ဖက်မှ ရမ်းသန်းပစ်ခတ်နေမှုများအား ဆက်တိုက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဆက်တိုက်ဆိုသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည့်အတွက် အရပ်သားသေဆုံးမှုမှ မြင့်တက်နေကြောင်းလည်း သိရသည်။

စစ်မှုထမ်းကြေးဆိုပြီး မတရားငွေကြေးကောက်ခံတဲ့ မင်းလှနယ်က ရာအိမ်မှူးသတ်ဖြတ်ခံရBy - ထက်မြတ်Date - March 10 , 2025ပဲခူးတိုင်...
10/03/2025

စစ်မှုထမ်းကြေးဆိုပြီး မတရားငွေကြေးကောက်ခံတဲ့ မင်းလှနယ်က ရာအိမ်မှူးသတ်ဖြတ်ခံရ

By - ထက်မြတ်
Date - March 10 , 2025

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထန်းပင်ကုန်းအုပ်စုမှာ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေဆီကနေ မတရားငွေကြေးကောက်ခံတဲ့ ရာအိမ်မှုးတစ်ဦး မတ်လ ၈ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃ ဆီကသိရပါတယ် ။

နတ်ထမင်းကျေးရွာက ရာအိမ်မှူးဖြစ်တဲ့ အငယ်လေး (ခ) သက်နိုင်စိုးဟာ ရပ်ရွာထဲက စီးပွားရေးအဆင်မပြေတဲ့ ဒေသခံတွေဆီကနေ ငွေကြေးများအတင်းအကြပ်ကောက်ခံပြီး ငွေကြေးမပေးသူများကို
စစ်ကောင်စီထံမဟုတ်မမှန်သတင်းပေးကာ ဖမ်းဆီးခိုင်းတာမျိုးတွေပြုလုပ်တဲ့အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၎င်း ရဲ့ နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပဲဖြစ်ပါတယ် ။

"ရာအိမ်မှူး အငယ်လေး အိမ်အောက်မှာ ထိုင်နေတာကို အိမ်ထဲဝင်ပြီး ခေါင်းတည့်တည့်ကို ကျည်၃တောင့်ပစ်ခတ်ရှင်းလိုက်တာပါဒေသခံအများစုက တစ်နေ့လုပ်တစ်နေ့စား သမားတွေဆိုတော့ စားဖို့တောင်အနိုင်နိုင်မို့ သူတောင်းတဲ့ငွေမပေးနိုင်ကြလို့ စခခေါ်ပြီး ဖမ်းခိုင်းတယ် " လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃ မှတာဝန်ရှိသူ ၁ ဦးက ပြောပါတယ် ။

ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ အခုလိုစစ်မှုထမ်းကြေးအတွက် ကောက်ခံတာ နဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေထဲက မည်သည့်အဖွဲ့အစည်းကို တိုင်တိုင် ဂရုမစိုက်ကြောင်းကိုလည်းစိန်ခေါ်ထားသူတစ်ဦးဖြစ်ပါတယ် ။

" သူခုလိုလုပ်နေတာကို ရွာခံတချို့က PDFဆီတိုင်တယ်ကြားတော့ သူ့အကြောင်း ဘယ်PDFတိုင်တိုင် အထက်ကခိုင်းလို့လုပ်တာ ဘယ်သူ့တိုင်တိုင် ဂရုမစိုက်ဘူး ကြိုက်တဲ့ PDFလာခဲ့ဆိုပြီး စိန်ခေါ်နေတာ" လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ် ။

အခုလိုငွေကြေးကောက်ခံတဲ့အတွက် ဒေသခံတစ်ချို့ဟာ ကျေးရွာထဲမှာ မနေကြတော့တဲ့အတွက် အလုပ်မလုပ်ရတော့ပဲ စားဝတ်နေရေးအတွက်အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ် ။

အဆိုပါရာအိမ်မှူးကြောင့် မတရားဖမ်းဆီခံရသူ ၃ ဦးခန့်ရှိပြီးဖြစ်ပါတယ် ။ ၎င်းဟာ ဒေသခံတွေကို မတရားဒုက္ခပေးနေတဲ့အတွက် အခုလို သွားရောက်ရှင်းလင်းရတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃၊ တပ်ခွဲ၂ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ် ။

ရေးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ အောင်သုခရပ်ကွက် နယ်ထိန်းရဲ မျိုးသူ ပစ်ခတ်ရှင်းလင်းခံရBy- ကိုဖြိုးDate- ...
10/03/2025

ရေးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ အောင်သုခရပ်ကွက် နယ်ထိန်းရဲ မျိုးသူ ပစ်ခတ်ရှင်းလင်းခံရ

By- ကိုဖြိုး
Date- 10.March.2025

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ အောင်သုခရပ်ကွက် နယ်ထိန်းရဲ မျိုးသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ဆီက သိရပါတယ်။

မတ်လ ၉ ရက်နေ့ ညနေ ၆နာရီဝန်းကျင်လောက်က အောင်သုခရပ်ကွက်ရှိ အရက်ဆိုင်မှာ ထိုင်နေစဉ် သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရတာကြောင့် ထွက်ပြေးရင်းနဲ့ အရက်ဆိုင်ရဲ့ မလှမ်းမကမ်းမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

“ သူက ပြည်သူတွေကို စစ်မှုထမ်းခိုင်းတဲ့ ဥပဒေတစ်ရပ်မှာလည်းသူပါတယ်၊ ပြည်သူအပေါ်လည်း မတရားဖိနှိပ်မှုတွေပြုလုပ်တယ်၊ PDF တွေကို လိုက်ပစ်ခတ်လေ့ရှိတယ်၊” လို့ ပြောပါတယ်။

နယ်ထိန်းရဲ မျိုးသူကို ရေးဘီလူးအဖွဲ့ ရှင်းလင်းဖို့အတွက် စောင့်ကြည့်နေတာ ၁နှစ်ကျော်ကြာနေပြီဖြစ်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာအပြင် မြို့တွင်းမှာ ပစ်ခတ်မှုဖြစ်ပွားတိုင်း ဂိတ်ချစစ်ဆေးတာတွေကိုလည်း လုပ်ဆောင်လေ့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

“ မြို့တွင်း mission တွေမှာဆိုရင် လမ်းကင်းတွေကို လိုက်ပိတ်လေ့ရှိတယ်ဗျ၊ မနှစ်တုန်းကဆိုရင် ထိပ်တိုက်တွေ့ထားဖူးတယ်မြို့ထဲမှာ၊ သူ့ကိုတော့ လိုက်နေတာကြာပြီး၊ ဒီနှစ်မှာတော့ သူ့ကိုအဆုံးသတ်နိုင်ခဲ့တယ်၊” လို့ပြောပါတယ်။

ရေးဘီလူးအဖွဲ့က ရေးမြို့နယ်အတွင်းရှိ ပြည်သူတွေကို ဖိနှိပ်တဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မကြာခဏပစ်ခတ်ရှင်းလင်းတာတွေပြုလုပ်လေ့ရှိပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း ရေးမြို့တစ်ဝိုက်ကို စစ်ဆေးရေးတင်းကြပ်တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရေးဘီလူးအဖွဲ့က အန္တရာယ်ကင်းကင်း ပြန်လည်ထွက်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ− ပစ်ခတ်ရှင်းလင်းခံရတဲ့ အောင်သုခရပ်ကွက် နယ်ထိန်းရဲ မျိုးသူ

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ-By- နော်အယ်နီးDate- March 10, 2025တနင်...
10/03/2025

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ
-
By- နော်အယ်နီး
Date- March 10, 2025

တနင်္သာရီတိုင်းဒေသကြီး၊ လောင်လုံမြို့နယ်၊ စခန်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၈ရက်နေ့၊ နေ့လည် ၁၂နာရီလောက်မှာ လောင်းလုံမြို့နယ်၊ကမြောကင်းရွာရှိ ခလရ (၁၀၄) တပ်ရင်းကနေ စခန်းကြီးရွာထဲကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါရွာထဲကို လက်နက်ကြီး ၅လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လောင်းလုံဒေသခံတစ်ဦးက ဆိုပါတယ်။

“ စခန်းကြီးမှာကတိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ ဟိုနေ့ကလောင်းလုံဟိုဘက်မှာ တိုက်ပွဲဖြစ်တာ။ သူတို့က လျှောက်ပတ်ပတ်ပြီး ပစ်နေတာ။ ၁၀၄ကပစ်တာတော့ စခန်းကြီးမှာ လာကျတာပေါ့” လို့သူက အခုလိုပြောပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ စခန်းကြီးရွာထဲနဲ့ ဘုန်းကြီးကျောင်းတွေအနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ အသက် ၁၂နှစ်အရွယ် ကလေးမလေးရဲ့ လည်ပင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ အထက်ပါ ဒေသခံကဆက်ပြောပါတယ်။

“ အိမ်ရှေ့မှာ ကလေးတွေဆော့နေကြတာ။ လက်နက်ကြီးလာကျတော့ ကလေးမလေးကို လာစင်တာ။ လက်နက်ကြီးအစက လည်ပင်းမှာ လာစိုက်နေတာ။ တခြားကလေးတွေတော့ မထိဘူး” လို့ သူက ပြောပြပါတယ်။

ဒဏ်ရာရရှိတဲ့ ကလေးငယ်ကို ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ရန်ကုန်ဆေးရုံကို ပြောင်းရွှေ့ကုသနေတယ်လို့ သိရပါတယ်။

မတ်လ ၈ရက်နေ့က လောင်းလုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရဲ့ စရဖရုံး၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေကို ဒေသတော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ပုံ− စခန်းကြီးရွာ

မင်္ဂလာပါ တနင်္သာရီတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ ဒေသတွင်းလူမှုစီးပွားအခြေအနေတွေ စတ...
10/03/2025

မင်္ဂလာပါ တနင်္သာရီတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ ဒေသတွင်းလူမှုစီးပွားအခြေအနေတွေ စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို Mergui Voice အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ‌‌ေကြာင့် ကလေးငယ်တစ်ဦးအပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။

မင်္ဂလာပါ တနင်္သာရီတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ ဒေသတွင်းလူမှုစီ.....

10/03/2025

“Vitamin-D လုံလောက်စွာမရရှိပါက တွေ့ရှိရတဲ့လ‌က္ခဏာများ”

အစားအသောက်များမှရရှိတဲ့ အာဟာရဓာတ်များစွာရှိတယ့်ထဲက ဗီတာမင်တွေဟာလည်း မိမိရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ဗီတာမင်တိုင်းမှာ ၎င်းတိုကိုယ်စီ တာဝန်ယူရတဲ့အပိုင်းတွေရှိပြီးတော့ ခန္တာကိုယ်ကောင်းမွန်စွာလည်ပတ်နိုင်ဖို လုံလောက်တဲ့ဗီတာမင်ပမာဏကိုရရှိဖို့လိုအပ်ပါတယ်။

10/03/2025

မင်္ဂလာပါရှင် ....
ကျွန်မတို ရာမညပြည်သူ့ FM မှ ပုံမှန်တင်ဆက်ပေးနေတဲ့ မွန်ပြည်နယ်အတွင်း တပတ်တာသတင်းအစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ပြည်တွင်းပြည်ပရောက် မွန်ပြည်နယ်သူမွန်ပြည်သားတွေက စုပေါင်းတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
ဒီကနေ့ နားသောတစင်ရမယ့် အစီအစဉ်တွေထဲမှာတော့ မွန်ပြည်နယ်အတွင်းက တပတ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ မတရားဖမ်ဆီးခံနေရတဲ့ အခြေအနေတွေအပြင် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေးကြပ်တည်းမှုတွေ အစရှိတဲ့ တပတ်အတွင်းထူးထူးခြားခြားဖြစ်ပွားခဲ့သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်...။
ဒီအစီအစဉ်ကိုတော့ အပတ်စဉ် စနေနေ့တိုင်း People Radio Myanmar Facebook Fage နဲ့ ရာမညပြည်သူ့ FM Facebook Fage စာမျက်နှာကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


#တစ်ပတ်အတွင်းသတင်း

10/03/2025

မ္ၚဵုရအဴ…..
ဒုၚ်တၠုၚ်ဏာ နူအစဳဇန်ဘာသာမွန် ဌာန်ပရိုၚ် People’s Radio Myanmar ရ။

မွဲကရောံကဵုပရိုၚ်တၟေၚ်စပ်ကဵုအကာဲအရာ ပရေၚ်ဍုၚ်ကွာန်၊ ပရေၚ်ပၞာန်၊ ပရေၚ်ဂကူ၊ ပရေၚ်ဖေတ်ဒရေဝ် မက္တဵုဒှ်ဒၟံၚ် ပ္ဍဲဍုၚ်မန်ကီု သီုအလုံမွဲကၟိန်ဍုၚ် ပွိၚ်မွဲသတ္တာဟတအ်ဂှ် ပ္တိုန်ထ္ၜးဏာ နကဵုဘာသာမန်ရ။

အစဳဇန်ဏံဂှ် ပ္တိုန်ထ္ၜးဒၟံၚ် မွဲသတ္တာဟ မွဲဝါနွံတုဲ သြဝ်မၚ်ကလၚ်ထံၚ်သောတအိုတ်ညိဂှ် ဘိက်ပၟိၚ်ဏာရ။

“ Mon Podcast “ People’s Radio Mynamar

ที่อยู่

Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ People's Radio Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง People's Radio Myanmar:

วิดีโอทั้งหมด

แชร์