Kaung Gyee's Backpack Diaries

Kaung Gyee's Backpack Diaries Live A Life You Will Remember !!
(1)

26/06/2024

The Day In Bangkok 🇹🇭🇹🇭

Shots with gopro hero 10 📸📸



Tourist Visa E Extension တိုးနည်း‼️ကိုယ်ရဲ့ Tr Visa က သက်တမ်းကုန်တော့မယ်။ 2 လပြည့်ပြီးလို့ ထပ်တိုးထားတဲ့ 1 လကလည်း သက်တမ်...
22/06/2024

Tourist Visa E Extension တိုးနည်း‼️

ကိုယ်ရဲ့ Tr Visa က သက်တမ်းကုန်တော့မယ်။ 2 လပြည့်ပြီးလို့ ထပ်တိုးထားတဲ့ 1 လကလည်း သက်တမ်းကုန်ခါနီးပြီဆိုရင်တော့ ကျွန်တော်တို့ E Extension တိုးရပါတော့မယ်။

ဒါဆိုဘယ်မှာတိုးရမလဲ ❓❓

ကျွန်တော်က ပထမတခါတုန်းက Government Complex မှာ တိုးခဲ့တာဖြစ်လို့ ဒုတိယတခါကိုလည်း Government Complexမှာပဲ Walk In တိုးခဲ့ပါတယ်။ ဒါဆိုဘာတွေလိုလဲ ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။

ဒါဆိုဘာတွေလိုအပ်လဲ ❓❓

အရင်ဆုံးကျွန်တော်တို့ လိုအပ်တဲ့စာရွက်စာတမ်းလေးတွေ စုရအောင်ဗျ။ လိုအပ်တာလေးတွေကတော့ ကိုယ့်ရဲ့ Passport Bio Copy , ဗီဇာစာမျက်နာ Copy, ပထမတခါတိုးထားတဲ့ Extensionပါတဲ့ စာမျက်နှာ Copy, 4cm * 6cm ပုံတပုံ ,TM 30 , သံရုံးထောက်ခံစာ , ဘတ်ငွေ 1,900 ဒါပါပဲ။

ကျွန်တော်တို့စောစောလေး Government Complex Building B က Gate B ကိုသွားရပါမယ်။ ပြီးရင် ပထမတခါတုန်းကလိုပဲ Immigration Division 1 မှာ လိုအပ်တဲ့ Tm 7 form ယူ ပြီးရင် ဖောင်ကိုဖြည့်၊ပြီးရင် တုံကင်နံပါတ်ယူပြီး တိုးရုံပါပဲ။

ကိုယ်မဖြည့်တတ်ရင်လည်း အဲ့ဒီမှာ မြန်မာလူမျိုးတွေအများကြီးပါပဲ။ မသိတာရှိရင် လိုက်မေးလို့ရပါတယ်။ ဗိုက်ဆာရင် အောက်ထပ်မှာ စားသောက်ဆိုင်တွေအများကြီးပါပဲ။ ကိုယ့်အလှည့်မရောက်ခင် ကောင်တာတွေရဲ့ ရှေ့မှာ အရင်ဆုံး စာရွက်စာတမ်းတွေစစ် ပြီးရင် လက်မှတ်ထိုးရပါတယ်။ ကိုယ့်အလှည့်ရောက်ရင် ကောင်တာကိုအေးဆေးဝင်သွားရုံပါပဲ။

✌️ အားလုံးအဆင်ပြေကြပါစေ။

ဒီဆော့ဝဲလ်မှာဆိုရင်ဖြင့် ခြေညှပ်ဖိနပ်စီးနည်း၊ ခုံဖိနပ်စီးနည်း၊ ဘွတ်ဖိနပ်စီးနည်းတွေအပြင် နောက်ဆုံးပေါ် Aiအကူအညီနဲ့ပါ ဖိနပ...
22/06/2024

ဒီဆော့ဝဲလ်မှာဆိုရင်ဖြင့် ခြေညှပ်ဖိနပ်စီးနည်း၊ ခုံဖိနပ်စီးနည်း၊ ဘွတ်ဖိနပ်စီးနည်းတွေအပြင် နောက်ဆုံးပေါ် Aiအကူအညီနဲ့ပါ ဖိနပ်စီးနည်းတွေကို လေ့လာလို့ရတာဖြစ်လို့ ထိုင်းကိုရောက်ပြီး ဘာမှမလုပ်တတ်တဲ့ ရွှေမြန်မာတွေအတွက် အဆင်ပြေဆုံးဖြစ်မှာပါ လို့ နော် ဟုတ်ကဲ့။

အကယ်၍ ဘန်ကောက်မှာ ဓာတ်ပုံရိုက်ချင်တာဖြစ်ဖြစ် Vlogရိုက်ချင်တာဖြစ်ဖြစ် လိုအပ်တယ်ဆို ကျွန်တော့်ကို မဆက်သွယ်ပါနဲ့။ ကျွန်တော်...
21/06/2024

အကယ်၍ ဘန်ကောက်မှာ ဓာတ်ပုံရိုက်ချင်တာဖြစ်ဖြစ် Vlogရိုက်ချင်တာဖြစ်ဖြစ် လိုအပ်တယ်ဆို ကျွန်တော့်ကို မဆက်သွယ်ပါနဲ့။ ကျွန်တော်မရိုက်တတ်ပါဘူး။


တခါပဲတိုက်ရသေးတဲ့ ထီလက်မှတ်လေး မပေါက်လို့ပြန်ရောင်းချင်ပါတယ်။ ဝယ်တုန်းက ဘတ်100ပေးရပါတယ်။ တဝက်ဈေး ဘတ်50ပဲပေးပါဗျ။  စိတ်ဝင...
16/06/2024

တခါပဲတိုက်ရသေးတဲ့ ထီလက်မှတ်လေး မပေါက်လို့ပြန်ရောင်းချင်ပါတယ်။ ဝယ်တုန်းက ဘတ်100ပေးရပါတယ်။ တဝက်ဈေး ဘတ်50ပဲပေးပါဗျ။ စိတ်ဝင်စားရင် Cb


ဟိုဟာလေ မနက်ဖြန်ထိုင်းထီပေါက်တော့မှာဆိုတော့ I phone 15ပဲဝယ်ကိုင်ရမှာလား  Samsaung 24 ultra ပဲဝယ်ကိုင်ရမှာလားဆိုတာ‌ စဉ်းစ...
15/06/2024

ဟိုဟာလေ မနက်ဖြန်ထိုင်းထီပေါက်တော့မှာဆိုတော့ I phone 15ပဲဝယ်ကိုင်ရမှာလား Samsaung 24 ultra ပဲဝယ်ကိုင်ရမှာလားဆိုတာ‌ စဉ်းစားရခက်နေလို့ ကူစဉ်းစားပေးကြပါဦးဗျ။


25/05/2024

Saturday Night Views 🌃🌃

Shots on Gopro Hero10📷📸


24/05/2024

My sunday memories 📸📸

shots on Gopro Hero 10


12/05/2024

It's a beautiful day 🌤🌤

shots with Gopro hero 10📷

10/05/2024

I'm walking alone to my destination with my backpack 🎒🎒
What next ??

Somewhere in BKK 🇹🇭🇹🇭Shots with Gopro 10 📸📸
05/05/2024

Somewhere in BKK 🇹🇭🇹🇭

Shots with Gopro 10 📸📸


Images of Myanmar migrant workers protesting on International Labor Day🛠️📸On Labor Day, Over 100 Myanmar  workers protes...
02/05/2024

Images of Myanmar migrant workers protesting on International Labor Day🛠️📸

On Labor Day, Over 100 Myanmar workers protested by marching from Bangkok's base to the government ministers' office to get labor rights.

In this Protest, they're request Three main points.

1. To give identity documents to undocumented Myanmar migrant workers.

2. Myanmar evaded the fact that the MOU system workers were not sent back to Myanmar, but issued new certificates in Thailand

3. To help and care for the refugees who fled from Myanmar.

I hope that the Thai government will agree to the exemption as soon as possible🇹🇭🇲🇲

shots with Gopro hero 10


Happy International Labour Day🛠️🛠️I wish all Burmese migrant workers in Thailand realize their dreams as soon as possibl...
01/05/2024

Happy International Labour Day🛠️🛠️

I wish all Burmese migrant workers in Thailand realize their dreams as soon as possible and return to their motherland in prosperity. 🇲🇲🇹🇭


How beautiful are the roads of freedom🌃🌃Shots with Gopro Hero  10📸
28/04/2024

How beautiful are the roads of freedom🌃🌃

Shots with Gopro Hero 10📸


တကယ်တော့ ဘာသာစကားအသစ်ကိုလေ့လာတဲ့အခါမှာ နည်းလမ်းကျမယ်ဆို တတ်မြောက်ဖို့အရမ်းလွယ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဦးနှောက်တွေ...
25/04/2024

တကယ်တော့ ဘာသာစကားအသစ်ကိုလေ့လာတဲ့အခါမှာ နည်းလမ်းကျမယ်ဆို တတ်မြောက်ဖို့အရမ်းလွယ်ပါတယ်။

အဓိကကတော့ ကျွန်တော်တို့ ဦးနှောက်တွေကို မှတ်သားတဲ့အခါမှာ အရမ်းမခိုင်းသင့်ဘူးဗျ။အထူးသဖြင့် ဘာသာစကားအသစ်တခုကို လေ့လာတော့မယ်ဆိုရင် တနေ့မှ နည်းနည်းပဲမှတ်ထားသင့်တယ်။

နေ့စဉ်သံုးလောက်လေးတွေကို တရက်ကို နှစ်လုံး၊သုံးလုံး အများဆုံးငါးလုံးလောက်အထိ မှတ်ထားမယ်ဆိုရင် တလကြာတဲ့အခါ သူလည်းသူ့ဘဝနဲ့သူ နေသားကျသွားမှာဖြစ်ပြီး ကိုယ်ကတော့ စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်ရင်းကျန်ခဲ့မှာဖြစ်ပါတယ်။ နာကျင်စရာတွေဆို ဦးနှောက်က ခိုင်းစရာမလိုပဲ အမြဲမှတ်မိနေတတ်တာကြောင့် တခုခုတိုက်ဆိုင်တဲ့အခါတိုင်းမှာ အမြဲလွမ်းဆွတ်နေရပါလိမ့်မယ်။ အကောင်းဆုံးကတော့ ရောင်နီလာတဲ့နေ့သစ်တိုင်းမှာ ငါဒီနေ့သူ့ကိုမေ့နိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်ဆိုပြီး ရင်ဆိုင်လိုက်မယ်ဆိုရင် သူလည်းသူ့ဘဝနဲ့ပျော်နေမှာဖြစ်ပြီး ကိုယ့်လူကတော့ အတိတ်နေ့ရက်တွေထဲမှာ အရင်လိုပဲ ကျန်ခဲ့မှာဖြစ်ပါတယ်။

's

22/04/2024

What the ❗️❗️ It is Thailand culture❓❓ I'm so surprised about this culture.
BTW, You will see a Liverpool fun guy who has super dancing style in this video.
Ok, hope you enjoy this.😉😉

Shoots with Gopro Hero 10


21/04/2024

How do Myanmar people celebrate Thingyan Festival ( Burmese new year also known as Songkran) in Maha Chai ,Thailand 🇲🇲🇹🇭

14.4.2024 📸📸

Some night views of Thailand Songkran !!What a moment, I'm so surprised about Thailand's culture 17.4.2024
17/04/2024

Some night views of Thailand Songkran !!
What a moment, I'm so surprised about Thailand's culture
17.4.2024

16/04/2024

Wat Si Mueang Monastery in Maha Chai ,Thailand 🇹🇭🇹🇭
Cinematic shots with Gopro Hero 10📸📷
13.4.2023

16/04/2024

Many people dance to the song at Songkran festival.It's so much fun to watch!! Hope you enjoy this.

Crazy Thingyan (Songkran) images of some streets in Maha Chai14.5.2024 📸📸
16/04/2024

Crazy Thingyan (Songkran) images of some streets in Maha Chai
14.5.2024 📸📸

❝ ထိုင်းမှာနှစ်လနေလို့ရမယ့် TR visa ခေါ် Tourist Visa ဘယ်လို‌ေလျှာက်ရမလဲ ❞‼️◾အရှင်းဆူံးနဲ့ တဆင့်ချင်းစီရေးပေးထားပါတယ်။အရ...
03/04/2024

❝ ထိုင်းမှာနှစ်လနေလို့ရမယ့် TR visa ခေါ် Tourist Visa ဘယ်လို‌ေလျှာက်ရမလဲ ❞‼️

◾အရှင်းဆူံးနဲ့ တဆင့်ချင်းစီရေးပေးထားပါတယ်။အရမ်းလွယ်လို့ ဖြစ်နိုင်ရင် ကိုယ်တိုင်လျှောက်စေချင်ပါတယ်‌

◾Tr visaလျှောက်မယ်ဆို ကိုယ့်မှာရှိရမယ့်အရာတွေကို အရင်ပြောပြပေးပါမယ်

◾အနည်းဆုံးသက်တမ်းခြောက်လကျန်ရှိတဲ့ Passport
◾အနည်းဆုံးသိန်းနှစ်ဆယ်ရှိတဲ့ ကိုယ်ပိုင်ဘဏ်စာအုပ်၊ဘဏ်အကောင့် (သိန်းနှစ်ဆယ်မရှိလို့ စိတ်မညစ်ပါနဲ့ နည်းလမ်းရှိပါတယ်)
◾အသွားအပြန် လေယာဉ်လက်မှတ်၊ (ဘိုကင် ဒါမှမဟုတ် ငွေချေပြီး)
◾ဟိုတယ်ဘိုကင် ( အနည်းဆုံး ၁၄ရက်နှင့်အထက်လိုပါတယ်၊ငွေချေထားစရာမလိုပါဘူး)
◾သံရုံးကိုသွင်းဖို့အတွက် ဒေါ်လာ ၄၀
◾ပတ်စပို့ပုံ နှစ်ပုံ
◾လျှောက်လွှာဖောင်

✅Ok ကိုယ့်မှာ ဒါတွေပြည့်စုံသွားပြီဆိုရင် ကျွန်တော်တို့ စလျှောက်လိုက်ရအောင်

1️⃣အရင်ဆုံး ရက်ချိန်းယူရပါမယ်။ https://thaiconsularyangon.com/မှာ ရက်ချိန်းဘိုကင်ယူရပါတယ်။ ရက်ချိန်းယူလို့ရတဲ့ ရက်လေးတွေမှာ စိမ်းနေပါလိမ့်မယ်။ကိုယ်အဆင်ပြေတဲ့ရက်ကိုရွေးပါ။

စိမ်းနေလို့ဆိုပြီး ရွေးမယ်ဆိုလည်းသေချာကြည့်ပါ။စနေ၊တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေဖြစ်နေတတ်ပါတယ်။

ပြီးရင်တော့ကျွန်တော်တို့ အဲ့မှာပဲ ဗီဇာဖောင်ကို downပြီး Printထုတ်ပြီး တခါတည်းဖြည့်ထားပါ။ပြီးရင်နောက်ခံအဖြူနဲ့ရိုက်ထားတဲ့ ပတ်စပို့ပုံနှစ်ပုံကို ကပ်လိုက်ပါဗျ။

2️⃣ရက်ချိန်းရပြီဆိုရင်တော့ ကျွန်တော်တို့ ဘဏ်ကိစ္စလေး စီစဉ်လိုက်ရအောင်ဗျ။

(ကိုယ်က အသက်18နှစ်ပြည့်ပြီးသားသူဆိုရင်တော့ ကိုယ်ပိုင်ဘဏ်အကောင့်ရှိရပါမယ်။ကိုယ်က 18နှစ်မပြည့်သေးရင်တော့ မိဘအုပ်ထိန်းသူရဲ့ ဘဏ်စာအုပ်နဲ့ရပါတယ်)

ကိုယ့်မှာဘဏ်စာအူပ်မရှိသေးရင် သွားဖွင့်ပါ။ ကြိုက်နှစ်သက်ရာဘဏ်မှာဖွင့်လို့ရပါတယ်။ဒီနေ့လုပ်ရင်ဒီနေ့ရပါတယ်ဗျ။

3️⃣ဒါဆို ဘဏ်စာအုပ်ရပြီဆိုရင် ကျွန်တော်တို့ ငွေထည့်ပါမယ်။ သိန်းနှစ်ဆယ်ထည့်ရပါမယ်။ သိန်းနှစ်ဆယ်မရှိဘူးဗျာ ဆိုရင်တော့ မိမိယုံကြည်ရတဲ့သူဆီက ခဏချေးပြီးထည့်လိုက်ပါ။ ဗီဇာရပြီဆိုမှ ပြန်ထုတ်ပီးပေးလိုက်ပါ။အဆင်ပြေပါတယ်။ ချေးပေးမယ့်သူမရှိဘူးဆိုရင် Serviceပေးတဲ့သူတွေရှိပါတယ်။

4️⃣ငွေထည့်ပြီးရင်တော့ Bankstatementထုတ်ရပါမယ်ဗျ။ Bankstatementကိုတော့ သံရုံးမှာ ရုံးမဝင်ခင် တပါတ် သို့မဟုတ် သုံးရက်လောက်အလိုမှထုတ်ရပါမယ်ဗျ၊ ဒီနေ့သံရုံးဝင်မှာမလို့ မနေ့ကထုတ်တာတို့ မနက်ကမှထုတ်လာတို့ဆိုလည်း ရပါတယ်။
မိမိဖွင့်ထားတဲ့ ဘဏ်ကိုသွား Bankstatementထုတ်ချင်လို့ပါလို့ပြောလိုက်ပါ။တစောင်ကို နှစ်ရာပဲပေးရပါတယ်။

5️⃣ပြီးရင်တော့ ကျွန်တော်တို့လေယာဉ်လက်မှတ်ဖြတ်ပါမယ်။ အနည်းဆုံးတော့ အသွားနဲ့အပြန်ကို 14ရက်နှင့်အထက်တော့ဖြတ်ရပါတယ်။ ဘာလို့လဲဆိုတော့ 14ရက်ပဲသွားမယ်ဆိုရင် Visa Freeနဲ့သွားလို့ရနေတာကြောင့်ပါ။
ကိုယ်ကတကယ်သွားမယ့်ရက်ရွေးပြီးပြီဆိုရင်တော့ အသွားရောအပြန်ပါငွေချေပြီး ဖြတ်ထားတာပိုကောင်းပါတယ်။ မဟုတ်ရင်တော့ ဘိုကင်တင်ထားတာနဲ့ လုပ်လို့ရပါတယ်။ လေယာဉ်လက်မှတ်ကို မိမိနှစ်သက်ရာမှာဖြတ်ပါ။ပြီးရင်တော့ Printထုတ်သွားပါ။

6️⃣ဒါဆိုရင်ကျွန်တော်တို့ Hotel Bookingတင်ရအောင်ဗျ။ဟိုတယ်ဘိုကင်ကိုတော့ Agoda ဒါမှမဟုတ် Booking တို့မှာ ကိုယ့်စိတ်ကြိုက်ရွေးတင်လို့ရပါတယ်။ (လေယာဉ်လက်မှတ်လည်း အဲ့ဒီမှာ ဖြတ်လို့ရပါတယ်) အနည်းဆုံးတော့ ဘိုကင်ကို ၁၄ရက်နဲ့အထက်တော့တင်ထားဖို့လိုပါတယ်ဗျ။ ဟိုတယ်ရောက်မှငွေချေ Pay At Hotelရတဲ့ ဟိုတယ်ကိုရွေးပါ။
‼️Chick in လုပ်မယ့် date နဲ့ လေယာဉ်ထွက်မယ့်နေ့နဲ့ တူရပါမယ်နော်။ ပြီးတာနဲ့ ကျွန်တော်တို့အဲ့တာကိုလည်း Printထုတ်ပြီး ယူသွားရပါမယ်။

7️⃣ပြီးရင်တော့ သံရုံးကိုငွေသွင်းဖို့အတွက် ဒေါ်လာလေးဆယ် အရွက်သွားလဲရပါမယ်။ မြန်မာငွေလုံးဝမရပါဘူး။ ဒေါ်လာကိုတော့ ဘယ်လောက်တန်နေနေ သန့်ပြီးခေါက်ရာကင်းတာလေးရအောင်လဲပါဗျ။ တခါတလေကျချေးများတတ်လို့ပါ။ဒေါ်လာ၁၀၀ပေးရင်လည်း ပြန်အမ်းပေးပါတယ်။ တတ်နိုင်သလောက်တော့ ၄၀ရအောင်လုပ်ပါ။

✅ကိုယ့်မှာ အပေါ်ကပြောတဲ့ အချက်အလက်တွေစုံပြီဆိုရင်တော့ ရက်ချိန်းနေ့မှာ ဘာမှကြောက်စရာမလိုဘဲ ဗီဇာသွားလျှောက်ရုံပါပဲဗျ။

✅သံရုံးမှာလုပ်ရတဲ့ Prossesကအရမ်းကိုလွယ်ကူပြီးမြန်ဆန်ပါတယ်။ ကိုယ်မသိဘူးဆိုရှေ့ကလူလုပ်သလိုသာ လိုက်လုပ်လိုက်ပါလို့ပဲပြောချင်ပါတယ်။ ဗီဇာရဖို့က နှစ်ရက်ပဲကြာပါတယ်ဗျ။

‼️ဗီဇာလည်းရပြီဆိုရင်တော့ ကိုယ်ကသိန်းနှစ်ဆယ်ချေးပြီး ထည့်ထားတဲ့သူဆိုရင်တော့ ပြန်ထုတ်ပီး ပြန်ပေးဖို့မမေ့ပါနဲ့‌ဦ‌းနော်

💯ဒီအထိဖတ်ပြီးပြီဆိုရင်တော့ လူကိုယ်တိုင်သွားလျှောက်သွားမယ်လို့ ထင်ပါတယ်။ စာအရှည်ကြီးရေးပေးထားတယ်ဆိုတာက ပွဲစားအားမကိုးဘဲ လူကိုယ်တိုင်သွားလျှောက်စေချင်လို့ပါ။

📌 အဲ့လိုမှ မဟုတ်ဘူး သံရုံးက ရန်ကုန်မှာမလို့ အခက်အခဲရှိတယ်ဆိုတာမျိုး၊ ပိုက်ဆံအရမ်းပေါနေလို့ အလုပ်ရှုပ်မခံနိုင်ဘူးဆိုရင်တော့ ပွဲစားကိုသာ အားကိုးလိုက်ပါ။

‼️ကိုယ်က နိုင်ငံခြားတောင်သွားမယ်လို့ စိတ်ကူးထားတဲ့သူဖြစ်တဲ့အတွက် ဒီလောက်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး ရအောင်လုပ်နိုင်သင့်တယ်လို့ထင်ပါတယ်။

‼️သံရုံးအတွေ့အကြုံကို သိချင်သေးတယ်ဆိုရင်တော့ မန့်ခဲ့ပေးပါဗျ။ မရှင်းတာရှိရင်မေးထားခဲ့နိုင်ပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေဗျ။


ที่อยู่

Mahachai
Samut Sakhon
74000

เบอร์โทรศัพท์

+66948411700

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kaung Gyee's Backpack Diariesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kaung Gyee's Backpack Diaries:

วิดีโอทั้งหมด

แชร์