ဓမ္မရောင်ခြည်

(၁)လှူသာလှူပြီး မတိုက်တွန်းဘူးဆိုရင် ဖြစ်လေရာ ဘဝမှာ ချမ်းသာကြွယ်ဝသော်လည်း အပေါင်းအသင်း အခြံအရံ နည်းတယ်။(၂)တိုက်တွန်းသာ တ...
08/06/2024

(၁)လှူသာလှူပြီး မတိုက်တွန်းဘူးဆိုရင် ဖြစ်လေရာ ဘဝမှာ ချမ်းသာကြွယ်ဝသော်လည်း အပေါင်းအသင်း အခြံအရံ နည်းတယ်။

(၂)တိုက်တွန်းသာ တိုက်တွန်းပြီး ကိုယ်တိုင်မလှူဘူး ဆိုရင် ဖြစ်လေရာ ဘဝမှာ အပေါင်းအသင်း အခြံအရံများ သော်လည်း ပစ္စည်း ဥစ္စာရှားပါးတယ်။

(၃)လှူလည်း မလှူဘူး၊တိုက်လည်းမတိုက်တွန်းဘူး ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်လေရာ ဘဝမှာ ဆင်းရဲတယ်။တစ်ကိုယ် တည်းနေရတဲ့ ဘဝမျိုး ရောက်တယ်။

(၄)လှူလည်းလှူ တယ်၊တိုက်လည်း တိုက်တွန်းတယ်ဆိုတဲ့ ကုသိုလ် နှစ်မျိုး လုံး စုံအောင်လုပ်တဲ့ ပုဂ္ဂိုလ် က ဖြစ်လေ ရာ ဘဝမှာ ပစ္စည်း ဥစ္စာလည်း ရတယ်။မိတ်ဆွေ အပေါင်းအသင်း လည်းများတယ် ဆိုတဲ့ အကျိုးကို ရတယ်။

အဲဒီလို လှူ ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ တိုက်တွန်း
ခြင်း ရဲ့ အကျိုးကျေးဇူး ဒီ နှစ်ခုကို ကဿပ ဘုရား ကပရိသတ် မှာ ဟော လိုက်တာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော်

မေတ္တာထားနိုင်လို့ရှိရင် အများကြီးကုသိုလ်ဖြစ်တယ်၊အဲဒီစိတ်ကလေးတောင် မထားနိုင်ဘူးဆိုရင် ဖြစ်လေရာဘဝမှာအတွန့်တွေအတက်တွေ မျက်...
07/06/2024

မေတ္တာထားနိုင်လို့ရှိရင် အများကြီးကုသိုလ်ဖြစ်တယ်၊အဲဒီစိတ်ကလေးတောင် မထားနိုင်ဘူးဆိုရင် ဖြစ်လေရာဘဝမှာအတွန့်တွေအတက်တွေ မျက်နှာမှာ ပေါ်နေမှာပဲ။

စိတ်ထဲက အတွန့်အတက်များရင် မျက်နှာမှာလည်းအတွန့်အတက်တွေ ဖြစ်ကုန်မှာပဲ။ ။

မြတ်စွာဘုရားရဲ့ အဆုံးအမကို Mind Centred
Teaching လို့ ခေါ်တယ်။

စိတ်ကို ဗဟိုပြုပြီး ဆုံးမတာ၊အဲဒါကို သတိထားဖို့နော်။အရာရာကို စိတ်ဓာတ်နဲ့ တိုင်းတာရတယ်။

စိတ်ကောင်းနှလုံးကောင်း မွေးမြူရာမှာ ဒါ အရေးကြီးတယ်။

ဘယ်သူ့အပေါ် ဖြစ်ဖြစ် စိတ်ကောင်းနှလုံး ကောင်း ထားရမယ်။

လူတွေက စိတ်ကောင်းနှလုံးကောင်းထားရင် အရှုံးပေးတယ်လို့ ထင်နေကြတယ်၊အဲဒါကိုက အထင်မှားနေကြတာ၊မိစ္ဆာဒိဋ္ဌိပဲနော်။ ။

အဲဒီမိစ္ဆာဒိဋ္ဌိကို အကြောင်းပြုပြီး ဆိုးကျိုးတွေ
ဖြစ်တယ်။

မိစ္ဆာဒိဋ္ဌိအခေါ်ခံရတယ်လို့ ကြိုက်ချင်မှကြိုက်မှာ
၊မှားတာကို မြင်နေရင် မိစ္ဆာဒိဋ္ဌိပဲလေ။

ဘာကိစ္စပဲဖြစ်ဖြစ် အယာထာဝဒိဠိ-မမှန်မကန်
မြင်တာ၊အမှန်ကို မမှန်ဘူးလို့ မြင်တာမိစ္ဆာဒိဋ္ဌိပဲ။

ဘုရားဟောတဲ့မိစ္ဆာဒိဋ္ဌိဆိုတာ အဲဒါ ပြောတာနော်။

အဲဒီတော့ မှန်မှန်ကန်ကန်မြင်ပြီး ကိုယ့်ကို ကိုယ်
ဆင်ခြင်သုံးသပ်ရမယ်။

ကိုယ့်ကို ကိုယ် အကောင်းဆုံး ဖြစ်အောင် ပြင် ဆင် နိုင်ဖို့ မြတ်စွာဘုရားရဲ့ အဆုံးအမကို ရဖို့ လိုတယ်။

ရဖို့ ဆိုတာ သာသနာနဲ့ကြုံမှသာ ရတာလေ။ အင်မတန်မှ ခဲယဉ်းတယ်၊မမျှော်မှန်းနိုင်လောက် အောင် ခဲယဉ်းတာနော်။

မတော်တဆ ရနေတာကို အဟုတ်ကြီးထင်နေလို့ရှိရင်တော့ အခါကောင်းတွေ လွတ်သွားမှာပဲ။

ဒါက သေချာတယ်အမြဲတမ်း အမှန်တရားဆိုတာ သိခွင့်ရတာ မဟုတ်ဘူး။

ဘုရားပွင့်တဲ့အချိန်တောင် တကယ့်ကို လက်
တစ်ဆုပ်စာလူလေးတွေသာ အမှန်တရားကို သိခွင့်ရတာ။

ကံကောင်းလွန်းလို့ အမှန်တရား သိခွင့်ရတာ။

ပြောမယ်ဆိုရင် ကမ္ဘာ့လူသားတွေထဲက အလွန်သေးငယ်တဲ့ အပြောက်အစက်ကလေးကသာ ဘုရားရဲ့အဆုံးအမကို ရကြတာ။

ဦးရေများပြားလှတဲ့လူသားတွေဟာ ဒီအဆုံးအမကို မရကြဘူးဆိုတာ သေချာတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခ ချုပ်ဆရာတော်
ဒေါက်တာ နန္ဒ မာလာဘိဝံသ

#ပါချုပ်ဆရာတော်

လောကလူသားတွေဟာ ကိုယ်ယဉ်ကျေးမှု၊နှုတ် ယဉ်ကျေးမှု ဆိုတာတွေဟာ စိတ်မပါလို့ရှိရင် ဟန်ဆောင်မှု အသွင်ကိုပဲ ဖြစ်ပေါ်စေတာပေါ့နော်...
05/06/2024

လောကလူသားတွေဟာ ကိုယ်ယဉ်ကျေးမှု၊နှုတ် ယဉ်ကျေးမှု ဆိုတာတွေဟာ စိတ်မပါလို့ရှိရင် ဟန်ဆောင်မှု အသွင်ကိုပဲ ဖြစ်ပေါ်စေတာပေါ့နော်။

“စိတ်ယဉ်ကျေးမှု မပါတဲ့ အပြောအဆို အပြုအမူတွေဟာ ဟန်ဆောင်မှု သက်သက် ဖြစ်သွားနိုင်တယ်။”

ဒါကြောင့်မို့လို့ စိတ်ယဉ်ကျေးမှုကို အဓိက ထားပြီး မြတ်စွာဘုရားဟောတာ “စိတ္တ ဒန္တံ သုခါဝဟံ” ဆုံးမလို့ ယဉ်ကျေးသိမ်မွေ့သွားတဲ့စိတ်ဟာ ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပေါ်စေပါတယ်။

မြတ်စွာဘုရားက စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ပဲ သုတ္တန်မြောက်များ စွာမှာ ဟောကြားထားတယ်။

ဒါအဓိကအရေးပါဆုံး ဖြစ်သော ကြောင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုစိတ်ပိုင်းဆိုင်ရာတိုးတက်မှုစိတ်ပိုင်းဆိုင်ရာအရည်အချင်းတွေကသာလျှင် လူတွေရဲ့ တကယ်လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တယ်။

အပြောအဆို အမူအရာတွေ မည်မျှပင် ယဉ်ကျေး ယဉ်ကျေး စိတ်မယဉ်ကျေးသေးဘူးဆိုရင် ယဉ်ကျေးတယ်လို့ မခေါ်နိုင်သေးသမျှ ကာလပတ်လုံး လူ့ယဉ်ကျေးဆိုတဲ့ အဆင့် အတန်းမျိုးကို မရောက်နိုင်သေးဘူး။

ဒါကြောင့်မို့ လူ့ယဉ်ကျေး ဆိုတာတွေ ဖြစ်ဖို့ရာအတွက် အဓိကအကြောင်းရင်းဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေကို မြတ်စွာဘုရားကလည်း ဟောကြားခဲ့တယ်။

မြတ်စွာဘုရားရဲ့ တပည့် သာဝကတွေ ကိုလည်း ဟောပြောဆုံးမတယ်။

ဒါတွေကို နာယူမှတ်သား ကြရတာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော်ကြီးဓမ္မဒီပသြဝါဒတရားများ စာအုပ်မှ

#ပါချုပ်ဆရာတော်

"ဗုဒ္ဓ ၏ အဆုံးအမကို လက်ဆင့် ကမ်းခြင်း"(၁)°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°မြတ်စွာဘုရားက ဓမ္မကို သိဖို့ အတွ...
04/06/2024

"ဗုဒ္ဓ ၏ အဆုံးအမကို လက်ဆင့် ကမ်းခြင်း"(၁)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြတ်စွာဘုရားက ဓမ္မကို သိဖို့ အတွက် အကြိမ်ကြိမ် အထပ်ထပ် ဓမ္မကို လိုက်နာကြဖို့ ဆိုပြီး ဟောတယ်။

အဲဒီတော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ ဘုရားကို ကိုးကွယ်တယ် ဆိုတာ ဘာအတွက် ကိုးကွယ်တာတုန်း။

ဒီရှုထောင့် ကနေ ကြည့်မယ်ဆိုရင် ဘုရားကို ကိုးကွယ်တယ်ဆို တာ ဓမ္မအသိကို ရဖို့ဖြစ်တယ်။

တခြားနည်းနဲ့ ရည်ရွယ်ချက်နဲ့ ကိုးကွယ်တာ မဟုတ်ဘူး။

သို့သော် ဘုန်းကြီးတို့ခေတ် လူများများက ဘုရားကို ကိုးကွယ်တယ် ဆိုတဲ့နေရာမှာ...

ဘယ်ပုံစံနဲ့ ကိုးကွယ် တုန်းဆိုရင် လာဘ်လာဘ ရချင်လို့ ကိုးကွယ်တယ်။အန္တရာယ်ကင်းချင်လို့ ကိုးကွယ်တယ်။ကြီးပွား တိုးတက်ချင်လို့ ကိုးကွယ်တယ် ဆိုတဲ့ဘက်ကို ရောက်သွားတယ် ပေါ့နော်။

ရွှေတိဂုံဘုရား ပေါ် သွားကြည့်ပေါ့။
ဓာတ်ဘုရားတွေ၊နတ်ဘုရား တွေ ဆိုရင် ကန်တော့ပွဲ တွေ ပြည့်နေတယ်နော်။ ကန်တော့ပွဲတွေ ပြည့်နေတယ်။

အဲဒီလို နာမည်မတပ်ထား ဘူးဆိုတဲ့ ဘုရားရှေ့မှာ ခြောက်နေတယ်။ဘာမှမရှိဘူး။

ပြီးတော့ လူတွေကိုကြည့် ဘုရားကိုးကွယ်တာ ရိုးရိုး ကိုးကွယ်တာမဟုတ်ဘူး။

စနေသားက စနေထောင့်ကဘုရား သွားရှိခိုးတယ်။

ကျန်တဲ့ဘုရား ရှိမခိုးကောင်းဘူးလို ဖြစ်နေ တယ် နော်။

အဲဒီလို စနေသားက စနေထောင့်နော်။ ဗုဒ္ဓဟူးသားက ဗုဒ္ဓဟူး ထောင့်ဆိုတာ ဒီအပေါ်မှာ အစွဲလေး တွေ ရှိနေတယ်။

အင်မတန်မှ ပြင်းတယ်လို့ ပြောရမယ်။

ဗုဒ္ဓ ဘာသာဝင် ဖြစ်လာပေမယ့် လို့ ဒီအစွဲလေးတွေ မကင်းသည့် အတွက် သံသရာထဲ က မထွက်နိုင်ဘူး။

မြတ်စွာဘုရား က အစွဲပြုတ်ဖို့ ဟောခဲ့တယ်။

ဒီအစွဲလေးတွေ မကင်းသည့် အတွက်ကြောင့် သံသရာ ဝဋ်က မလွတ်နိုင်လောက်အောင် ဖြစ်နေတယ်။

လောကလူသား တွေရဲ့ ကိုးကွယ်မှုဟာ အမြဲတမ်း မှန်ကန်တဲ့ လမ်းကြောင်း ပေါ်မှာရှိတယ် လို့ ပြောလို့ မရသေးဘူး။

မှန်ကန်တဲ့ လမ်းကြောင်းကို ပြည့်ပြည့်ဝဝ ရောက်တယ် လို့ ပြောလို့မရ သေးဘူး။

ဘာဖြစ်လို့တုန်း ဆိုတော့ ဓာတ်စွဲ၊ နတ်စွဲ ဒီလို ဟာ မျိုး လေးတွေနဲ့ လူတွေဟာ ယုံကြည်မှု လေးတွေ ရှိနေတယ်။

ဆိုလိုတာက အဓိကဘာလဲဆိုတာကိုသိဖို့လိုတယ်။

အေး ဓာတ်တို့ နတ်တို့ ဟာ အကျိုးမပြုဘူး လို့ ပြောတာ မဟုတ်ဘူး။

သူတို့ အကျိုးပြုတာ အင်မတန် မှ နည်းတယ်။

သံသရာ ဝဋ်က လွတ်အောင် အကျိုးမပြုနိုင်ဘူး။

တစ်ခဏတာ အဆင်ပြေအောင်ကတော့ လူ လူ ချင်း လဲ လုပ် လို့ရတာပဲလေ။ပိုက်ဆံမရှိရင် ပိုက်ဆံ ထုတ် ချေးပေးတယ် ဆို ဒါ အကျိုးပြုတာ ပဲ ပေါ့။

အဲဒီလို လူ လူ ချင်း ကူညီရင်တောင် ရတာ ဆိုတော့ ခုနတုန်းက ကိုယ့် အစွဲလေးတွေက ကိုယ့်ကို မကူညီဘူးလား ဆိုတော့ ကူညီတဲ့နေရာတော့ ကူညီတယ်၊

သို့သော် သူတို့ ကူညီမှုဟာ အတိုင်းအတာ လေး တစ်ခု မျှသာ။

ဒီအပေါ်မှာ ယုံကြည်လို့ ပုံပြီးတော့ အားကိုးဖို့ မဟုတ်ဘူး။ ဒီလိုဆိုလိုတာနော်။

မြတ်စွာဘုရားက မှန်ကန်တဲ့ အဆုံးအမတွေ ပေးခဲ့တယ်။

ဘယ်လို အဆုံးအမတွေပေးလဲ၊ဘုရား အဆုံးအမ ပေးတာလေး တွေကို နည်းနည်း ပြန်ကြည့် လိုက် ပေါ့။

မြတ်စွာဘုရား ဟောထား တာ ဒီအဆုံးအမ လေး တွေ ဟာ "သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ"ဆိုတဲ့ စကားလုံးရှိ တယ်။

ကောင်းတာလုပ်လို့ရှိရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲလို့ ဒီလို ပြောတာ နော်။

ဘယ်နေ့မှ ဥပမာ ဒီနေ့က ပြဿဒါးရက်၊ဒီနေ့က ရက်ရာဇာ ရက် လို့ ဒီလို ရွေးစရာမလိုဘူး။

ကောင်းတဲ့အလုပ် လုပ်တာ မှန်သမျှ ကောင်းတာ ဖြစ်နိုင်တယ်။

"သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ"
"သုခဏော သုမုဟုတ္တောစ၊ သုယိဋ္ဌံ ဗြဟ္မစရိသု"
ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမဟာ အင်မတန် မှ ကောင်းတယ်။

အေး နံနက်ခင်းမှာ ကောင်းသော နံနက်ခင်းဖြစ်ဖို့ ဘာလုပ်ရမလဲ။

ကောင်းသော နံနက်ခင်း ဖြစ်ဖို့ အတွက်က ကောင်းတဲ့ သုစရိုက်တွေ၊ ကောင်းတာတွေ တွေးရမယ်။

အပြစ်ကင်းတာ၊ ကောင်းတာကို တွေးရမယ် ကောင်းတာကိုပြောရမယ်။ကောင်းတာ ကို လုပ်ရမယ်။ဒါမှကောင်းသောနံနက်ခင်း ဖြစ်တယ်။

ကောင်းတဲ့နေ့လည်ခင်း ဖြစ်ဖို့ ဘာလုပ်ရမလဲ။

ကိုယ်တွေးတဲ့ အတွေးပေါ်မှာကိုယ်ပြော တဲ့စကား၊ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာမူတည်တယ်။

ကောင်းသော ညနေခင်း ဖြစ်ဖို့ရာ အတွက် ကိုယ်တွေးတဲ့အတွေး ကိုယ်ပြောတဲ့စကား၊ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ မူတည်တယ်။

အဲတော့ ဆန်းစစ်ရမှာက ကိုယ်ပြောတာ အပြစ်ကင်းတဲ့ စကားလား။ကိုယ်တွေးတာ အပြစ်ကင်းတဲ့ အတွေး လား။ကိုယ်လုပ်တဲ့ အလုပ်ဟာ အပြစ်ကင်းတဲ့အလုပ်လားလို့ ဒါပဲ ဆန်းစစ်စရာ လိုတယ်။

ပြဿဒါး ရက်ရာဇာ ရွေးစရာ သိပ်မလိုပါဘူး။

ဒီလိုပြောလို့ အစွန်းရောက်တယ်လို့ တချို့ ထင်ကောင်းထင်မယ်။

ဒါမြတ်စွာဘုရားဟောတဲ့ အဆုံးအမပဲနော်။

မြတ်စွာဘုရားကို ယုံကြည် တယ်၊အားကိုးတယ် ဆိုလို့ရှိရင် ဘုရားအဆုံးအမအတိုင်း လိုက်နာ ရမှာပေါ့။

လောကရေးရာ ဆိုတာ အများ ယုံကြည်တိုင်း မှန်တယ်လို့လဲ ပြောလို့မရဘူး။

အကုန်လုံးလဲ အမှားချည့်လို့ ဒီလိုပြောတာ မဟုတ်ဘူး။မှန်တာရှိသလို မှားတာလဲ ရှိရင်လဲ ရှိနိုင်တယ်ပေါ့။

မြတ်စွာဘုရားက "နက္ခတ္တံ ပတိမာနေန္တံ အတ္တော ဗာလံ ဥပစ္စဂါ" ဒီနေ့ နက္ခတ်မကောင်းသေးဘူး။ နက်ဖြန်လဲ မကောင်းသေး ဘူး။သန်ဘက်ခါလဲ မကောင်းသေးဘူး။ရွှေဝယ်တာတောင်မှ အမြိတ္တစုတ်ရက်မှ ၀ယ်တယ်။

ရက်ရွေးနေတာနဲ့ စျေးတက်သွားတာနဲ့ သွားကြုံတယ်။ဟုတ်ကဲ့လား၊ အဲဒီလို မကောင်းသေး ဘူးလို့ ရွှေ့ရင်းရွှေ့ရင်းနဲ့ နောက်ကျကျန်နေတယ်။

အဲဒီမှာ ဂါထာလေးက "နက္ခတ္တံ ပတိမာနေန္တံ အတ္တော ဗာလံ ဥပစ္စဂါ" တဲ့။

ကောင်းကျိုးချမ်းသာ တွေဟာ နက္ခကောင်းတဲ့နေ့ ကို မျှော်လင့်စောင့် စားနေတဲ့ အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကို ကောင်းတဲ့ အကျိုးတရားတွေက ကျော်ဖြတ်သွားပြီ။ဆုံးရှုံး သွားပြီလို့ပြောတာပါ။

ဒီနေ့ လုပ်ရမယ့်အလုပ်ဒီနေ့လုပ်မှ၊ပြဿဒါး ရက်ရာဇာကို စောင့်ပြီးတော့ လုပ်နေမယ်ဆိုရင် ဒီနေ့ရ ရ မယ့် အလုပ် မရတော့ဘူး။

အဲဒါလဲ အလေးအနက်ထားဖို့ လိုအပ်တယ် ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

မကောင်းတဲ့အလုပ်နဲ့ ကောင်းတဲ့အလုပ်ကို ဘယ်လို သတ်မှတ် တိုင်းတာသလဲ။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°(၁) မကောင်းတ...
04/06/2024

မကောင်းတဲ့အလုပ်နဲ့ ကောင်းတဲ့အလုပ်ကို
ဘယ်လို သတ်မှတ် တိုင်းတာသလဲ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) မကောင်းတဲ့အလုပ်ဆိုတာ...

လုပ်ပြီးရင် စိတ်ပူနေရတယ်။ ကြောက်လန့်
နေရတယ်။

လုံခြုံမှု မရှိ။လန့်ဖျပ်နေရတဲ့ အနေအထား။

အကျိုးပေါ်လာတဲ့အခါ ရှိုက်ကြီးတငင်ငိုယိုပြီး ဆိုးကျိုးကို ကြိတ်မှိတ်ခံစားရတဲ့ အလုပ်မျိုး။

နှစ်ဦးလုံးကို ပျက်စီးစေတယ်။အကုသိုလ် တိုးပွားစေတယ်။

အဲ့ဒီ အကျိုးတွေ ရစေတာကို မကောင်းတဲ့ အလုပ်လို့ သတ်မှတ်တယ်။

(၂)ကောင်းတဲ့အလုပ် ဆိုတာ...

လုပ်ပြီးရင်ဘယ်တော့မှ စိတ်မပူရဘူး။

လုပ်ပြီးတဲ့ နောက်မှာ...
Resultပေါ်လာတဲ့အခါ နှစ်ခြိုက်ပီတိဖြစ်
အကျိုး ခံစားရတဲ့အလုပ်မျိုးဟာ ကောင်းတဲ့အလုပ်။

ကိုယ်ကော သူတပါးရော မထိခိုက်ဘူး။

ကောင်းတာ မကောင်းတာ ခွဲခြားသိပြီး မလုပ်မိဖို့ စောင့်ရှောက်ရမယ်။

လူတစ်ယောက်က ကြီးပွားတိုးတက်ချင်တယ်။
မကောင်းတဲ့ လုပ်ရပ် မကောင်းတဲ့ အပြုအမူတွေကို မလုပ်မိဖို့ သတိထားရမယ်။

မကောင်းတဲ့ လုပ်ရပ် မကောင်းတဲ့ စိတ်ဓာတ်က ကောင်းတဲ့သူကိုဖျက်ဆီးတယ်။

ငါသည် ငါ့ရဲ့မိတ်ဆွေ ရင်းချာသာ ဖြစ်ရမယ်။

ကိုယ့်ကိုယ်ကိုလေးစားမယ် မြတ်နိုးမယ် တန်ဖိထားမယ်။

မကောင်းတဲ့အတွေးတွေ အပြောတွေ
လုပ်ရပ်တွေ မဖြစ်ပါစေနဲ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

03/06/2024

#မြတ်စွာဘုရားအိပ်စက်ပုံ
ဗဟုသုတအဖြစ်
ပြန်လည်ပူဇော်ပါသည်🙏🙏🙏
#ပါမောက္ခချုပ်ဆရာတော်ကြီး

လူတွေ အထင်ကြီးနေကြတာက အကာတွေပါ။ လောကမှာ လူတွေအများက ဘာတွေအထင်ကြီးသလဲဆိုရင်  ရှိတဲ့ ပစ္စည်းဥစ္စာတွေပေါ်မှာ အထင်ကြီးကြတယ်။...
02/06/2024

လူတွေ အထင်ကြီးနေကြတာက
အကာတွေပါ။

လောကမှာ လူတွေအများက
ဘာတွေအထင်ကြီးသလဲဆိုရင်

ရှိတဲ့ ပစ္စည်းဥစ္စာတွေပေါ်မှာ
အထင်ကြီးကြတယ်။

ရာထူးပေါ်မှာ အထင်ကြီးကြတယ်။

အာဏာပါဝါပေါ်မှာ အထင်ကြီးကြတယ်။

ရာထူးဆိုတာလဲ တစ်ခဏပဲ။

အာဏာပါဝါဆိုတာလဲ တစ်ခဏပဲ။

စည်းစိမ်ဥစ္စာဆိုတာလဲ တစ်ခဏပဲ။

အကန့်အသတ်တွေနဲ့ ချည်းပဲ။

အကုန်လုံး ဘယ်အရာမှ ခိုင်မြဲတာမရှိဘူး။

အဲဒါတွေအပေါ်မှာ လူတွေ နေ့စဉ်နဲ့အမျှ
ရှာဖွေပြီး တပ်မက်နေကြတာ။

လက်လွတ်မခံနိုင်ကြတာ ဒါတွေအတွက်ပဲ။


သဒ္ဓါတရားပျက်သွားလို့၊

ကိုယ်ကျင့်တရားပျက်သွားလို့ ဆိုတာမျိုးကို
စိုးရိမ်သောကရောက်ရမှာကို မသိဘူး။

တကယ်စိုးရိမ်သင့်တာက-

ကိုယ်ကျင့်တရားပျက်ခြင်း

အသိအမြင်ပျက်စီးခြင်း

ဒါတွေကမှ စိုးရိမ်စရာကောင်းတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

အာနာပါနဿတိဘာဝနာဆိုတာက ဗုဒ္ဓမြတ်စွာ ရဲ့ သာသနာတော်မှာ အင်မတန်မှ ထင်ရှားတယ်။သမထနဲ့လည်း သက်ဆိုင် ဝိပဿနာနဲ့လည်း သက် ဆိုင်တဲ့ ...
01/06/2024

အာနာပါနဿတိဘာဝနာဆိုတာက ဗုဒ္ဓမြတ်စွာ ရဲ့ သာသနာတော်မှာ အင်မတန်မှ ထင်ရှားတယ်။

သမထနဲ့လည်း သက်ဆိုင် ဝိပဿနာနဲ့လည်း သက် ဆိုင်တဲ့ ကမ္မဋ္ဌာန်းနည်းတစ်ခုပဲ။

တကယ့်ကို ထူးချွန် ထက်မြက်တဲ့ ပုဂ္ဂိုလ် တွေမှ ပေါက် ရောက် အောင်မြင်အောင် လုပ်နိုင်တဲ့ ကမ္မဋ္ဌာန်း နည်း စနစ်တစ်ခုပဲ။

ပြောရမယ်ဆိုရင် ဘုရားအလောင်းတော်ဟာ ဒီအာနပါနဿတိကမ္မဋ္ဌာန်းကို အားထုတ်ပြီး ဘုရားအဖြစ်သို့ ရောက်သွားတာ။

ကမ္မဋ္ဌာန်း (၄ဝ)ထဲကဘာ ကမ္မဋ္ဌာန်း ပွားပြီးတော့ ဘုရား ဖြစ်သလဲ ဆိုရင် ဒီ အာနာပါန ဿတိ ကမ္မဌာန်း ကို ပွားတယ်လို့ပဲ ဒီလိုပြောရမှာပဲ။

ဒီကမ္မဌာန်းဟာ လူကြိုက်များပြီး ခေတ်စား နေ ပေမယ့် လို့သာမန် ပုဂ္ဂိုလ် တွေ အောင်မြင်နိုင် တဲ့ အနေအထားတော့ မရှိဘူးလို့ ဆိုရမှာပေါ့။

ကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက် များစွာအကျိုးရှိတာတော့ သေချာတယ်။

အတော် ကြိုးစား ရမယ့် ကျင့်စဉ် တစ်ခုပဲ ပေါ့။

သို့သော် ကမ္မဋ္ဌာန်းအာရုံကို ရှည်ရှည်ဝေးဝေးလိုက် လံ ရှာဖွေစရာ မလိုဘဲ ထွက်လေ ဝင်လေကို အ ခြေ ပြုတဲ့ သတိတွေ သမာဓိ တွေ ကောင်းလာ တဲ့ အခါမှာ အဆင့်ဆင့် ဝိပဿနာပညာရပ်တွေ တိုး တက် ပွားများလာပြီး နောက်ဆုံး မဂ် ဖိုလ် နိဗ္ဗာန် ကို တွေ့ရှိသွားနိုင်တဲ့ ကမ္မဌာန်းနည်းစနစ်တစ်ခုပဲ။

ဒီကနေ့ ခေတ်မှာ အာနာပါနကို လူကြိုက် များနေ တာ ဘာဖြစ်လို့တုန်း။(တခြားအကြောင်း တွေ လည်း ရှိကောင်း ရှိမှာပေါ့)။

လူကြိုက်များခြင်းအကြောင်းကတော့ အာနာပါန ဟာ ကျန်းမာရေးအတွက်လည်း အကျိုးပြုတယ်။

အသက်ကို မှန်မှန်ရှူသွင်း ရှူထုတ်ခြင်းဖြင့် လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။

နောက် တစ်ခု ကလည်း မြတ်စွာဘုရား ဟော ကြား ထားတဲ့ ကျင့်စဉ် တွေ ကိုလည်း ဒီ အာနာပါနဿတိ က ခြုံမိ ငုံမိတယ်။

အာနာပါနဿတိဘာဝနာကို ပွားများ အားထုတ် ခြင်း ဖြင့် သတိပဋ္ဌာန်၄-ပါးကိုလည်း ပွားများ အား ထုတ် ပြီးသား ဖြစ်တယ်။

သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပ္ပါဒ် ၄-ပါး၊ဣန္ဒေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်ဆိုတာတွေ လည်း ပွားများ အားထုတ် ပြီးသား ဖြစ်သွားတယ်။

သတိပဌာန်ပွားလိုက်တာနဲ့ ဗောဇ္ဈင် ၇-ပါးလည်း ပွားပြီးသား ဖြစ်သွားတယ်။

ဗောဇ္ဈင် ၇-ပါး ပွားလိုက်တာနဲ့ မဂ်နဲ့ ဖိုလ်လို့ဆိုတဲ့ ဝိဇ္ဇာနဲ့ ဝိမုတ္တိတရားထူး တရားမြတ် နှစ်ခု ကို လည်း ဆိုက်ရောက် ပြီးတော့ မျက်မှောက်ပြု နိုင် တယ် လို့ ဆိုတယ်။

အာနာပါနဿတိကမ္မဋ္ဌာန်းရဲ့ အကျိုးကျေးဇူး တွေ ကိုမြတ်စွာဘုရား ဟောထားတာ ရှိတယ်။

တခြား ကမ္မဌာန်း တွေ မှာလည်းပဲ ဆိုင်ရာဆိုင်ရာ အကျိုးကျေးဇူး တွေ မရှိ မဟုတ်ဘူး။ရှိတယ်။ အားလုံးမှာ အကျိုးကျေးဇူးတွေ ရှိကြတာပဲ။

သို့သော် ဒီကမ္မဋ္ဌာန်းဟာ လူတွေဟာ ၂၄-နာရီ အသက်ရှူ သွင်း ရှူထုတ် လုပ်နေကြတာဖြစ် တော့ ကိုယ်နဲ့ နီးလျက်သားနဲ့ သတိမထား မိတဲ့ အာရုံ လည်း ဖြစ်တယ်ပေါ့။

လူတိုင်း လူတိုင်း ဟာ ၂၄-နာရီ အသက်ရှူ ရပ် သွား တယ်လို့ မရှိဘူး။ရပ်သွားတာ မရှိသော် လည်း ၂၄-နာရီ အသက်ရှုသွင်းနေ တယ် ရှူထုတ် နေတယ် ဆိုတာကို သတိထားမိတာ အင်မတန်မှ နည်းပါတယ်။

ကာယနဲ့ ဆက်စပ်ပြီးတော့ အသက်ရှူသွင်းခြင်း ရှူ ထုတ်ခြင်းလို့ ဆိုတဲ့ ဒီထွက်လေဝင်လေ မိမိတို့ရဲ့ နှာ သီးဖျား အသက်ရှင်မှုအတွက် လေ အပြောင်း အလွဲ လုပ်ပေးနေတဲ့ အပေါ်မှာ အကျိုးအမြတ် တစ်ခု ရအောင် လုပ်သင့်တယ်။

အကျိုးအမြတ်ဆိုတာ သတိတွေ သမာဓိတွေ ဝီရိယတွေ ပညာတွေ တိုးတက်လာအောင် ကျင့်
ဆောင်ရမယ်။

ဒီကမ္မဋ္ဌာန်းမှာ ရှင်းရှင်းလင်းလင်း ဟောကြားထား
တယ် ဆိုတော့ အလွန်လည်း စိတ်ဝင်စားစရာ ကောင်း တယ်။

သို့သော် အာနာပါနဿတိဆိုတာ အင်မတန်မှ သတိ ကောင်းဖို့တော့ လိုအပ်တယ်။

ဒီကမ္မဋ္ဌာန်းမှာ အာနာပါနကမ္မဋ္ဌာန်း လို့ တင် မ ပြော ဘဲ နဲ့ ဘာ့ကြောင့် အာနာပါနဿတိလို့ ပြော ရသလဲ။

ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိတို့မှာ တကယ့် ကို လေးနက်တဲ့ ပရမတ္ထတရားတွေ ဖြစ် လို့ အဲဒီမှာ သတိထည့်ထားတာ။ ဒီ အာနာပါန ကျ တော့ ပရမတ်တရား မဟုတ်ဘူး။ ပညတ် ဖြစ် တယ်။

(သမထကျင့်စဉ် ကျင့်မယ်ဆိုရင် အာနာပါနကို ပညတ်လို့လည်း ခေါ်တယ်နော် ၊ဝိပဿနာကျင့်စဉ် နဲ့သွားမယ်ဆိုရင် ဝါယောဓာတ်ကို အာရုံပြုရင် ပရမတ် ဖြစ်မှာပေါ့)

အာနာပါနဆိုတဲ့ ပညတ်ပေါ်မှာ သတိလေးဟာ အခြေစိုက်ဖို့၊အဲဒီလို အခြေစိုက်ပြီး တော့ အား ထုတ် တဲ့ နေရာမှာ ထွက်လေ ဝင်လေ ဟာ သမာဓိ ကောင်းလာလေလေ ညင်သာသွားလေလေ၊ သမာ ဓိ ကောင်း လာလေလေညင်သာ သွား လေ လေ။

တခြား ကမ္မဌာန်း တွေ နဲ့ မတူတာက အဲဒီ အချက် ပဲ၊တခြားကမ္မဌာန်းတွေက ကြာကြာရှုလေလေ ပိုပြီးတော့ ထင်မြင် လာ လေလေ၊ထင်သာ လာ လေ လေ ဖြစ်တယ်။

ဒီအာနာပါနကျတော့ ကြာကြာရှုလေလေ ညင်သာ သွား လေလေ သိမ်မွေ့သွားလေလေ၊ ဒီလို ဖြစ် တယ်။

အဲဒီလို ဖြစ်တဲ့ အခါ အင်မတန်မှ ကြီးမားတဲ့သတိ ရှိဖို့ လိုတယ်။

နို့မို့ ဆိုလို့ရှိရင် အာရုံဟာ ပျောက်သွားနိုင်တယ်၊ ကိုယ့်ကိုယ်ကို အသက်ရှူနေမှန်း မသိ လောက် အောင် ဒီ ကမ္မဋ္ဌာန်းအာရုံဟာ ကိုယ့်ရဲ့ အသိဉာဏ် စိတ်ရဲ့အာရုံမြင်ကွင်းက ပျောက်သွားနိုင်တယ်။

ဒီလို ပျောက်သွားတာ တွေလည်း အများကြီး ရှိ တယ်။

ဒါကြောင့် မို့လို့ အာနာပါနဿတိကမ္မဌာန်းဟာ တခြားကမ္မဋ္ဌာန်းတွေနဲ့မတူဘူး။

ပိုပိုထင်ရှားလာတာ မဟုတ်ဘဲနဲ့ ပိုပိုပြီးတော့
သိမ်မွေ့သွားတယ်။

အဲဒီလို သိမ်မွေ့သွားရင် သတိတွေ သမာဓိ တွေ
ပညာ တွေကလည်း အာရုံက သိမ်မွေ့ သွားတဲ့ နောက် မှာ လိုက်ပြီးတော့ ဆုပ်မိကိုင်မိရှိနေဖို့ လို အပ်တယ်။

ဒါကြောင့် မို့လို့ သာမန် သတိနဲ့ ဒီ အာနာပါန ကို အား ထုတ် လို့ မရဘူး လို့ ပြောတာ။

သာမန် ကြိုးစား အားထုတ်မှု ဝီရိယနဲ့လည်း ဒီ ကမ္မဌာန်း ကို အားထုတ်လို့ မရဘူး။သာမန် သမာ ဓိ နဲ့ မဖြစ်နိုင် ဘူး။

ဒါကြောင့် မို့လို့ ထူးခြားတဲ့ သတိ ထူးခြားတဲ့ လုံ့ လ ဝီရိယ ထူးခြားတဲ့ သမာဓိ စွမ်းအား တွေနဲ့ သာ လျှင် ဟောဒီ အာနာပါနဿတိကမ္မဋ္ဌာန်းရဲ့ အာရုံ ကို ပိုင်ပိုင်နိုင်နိုင် သိနိုင်တယ်လို့ ဒီလိုဆိုတယ်နော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော်

စိတ်ထဲမှာ အဖြစ်များတာ မှန်သမျှ စရိုက်ပဲ။အဲဒီတော့ အကုသိုလ်နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ရာဂစရိယာတဲ့။စရိုက်ဆိုတဲ့ စကားလုံးကိ...
31/05/2024

စိတ်ထဲမှာ အဖြစ်များတာ မှန်သမျှ စရိုက်ပဲ။

အဲဒီတော့ အကုသိုလ်နဲ့ပတ်သက်ပြီး ပြောမယ်
ဆိုရင် ရာဂစရိယာတဲ့။

စရိုက်ဆိုတဲ့ စကားလုံးကို သုံးလို့ရှိရင် “စရိယာ" ဆိုတာ ကို သုံးရမယ်။

ဒါက အမူအကျင့်ကို ရည်ညွှန်းပြီး ပြောတဲ့အခါမှာ “စရိယ” လို့ ပဲပြောတယ်။

ရာဂစရိယာ၊ဒေါသစရိယာ၊မောဟစရိယာ။

အာရုံနဲ့တွေ့လာ လို့ ရှိရင် တပ်မက်တတ်တဲ့၊
နှစ်သက်စရာ အာရုံ မြင်လိုက်ရင် တွယ်တာတယ်။

နှစ်သက်တယ်ဆိုတဲ့ အကောင်းကြိုက်တယ်၊ အလှ အပ မက်မောတယ်၊ဒါက ရာဂစရိယာ။

စိတ်တိုတယ်။ ထစ်ခနဲရှိရင် ဒေါသထွက်တယ် ၊ ဒေါသစရိယာ-ဒေါသစရိုက်။

ပြောလိုက်ရင် ကိုးရိုးကားယား၊ လုပ်လိုက်ရင် လည်း ကိုးရိုးကားရား၊ ကြောင်းကျိုး ဆီလျော်မှု မရှိဘူး၊တွေးလိုက်ရင်လည်းပဲ ကိုးရိုးကားယား ဆို လို့ ရှိရင် ဒါမောဟစရိယာ-မောဟစရိုက်။

ဒါ မကောင်းတဲ့ စရိုက်ရဲ့အခြေခံ(၃) မျိုးအနေနဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်ဖို့အတွက် လူ တစ် ယောက် ရဲ့ စိတ်နေ သဘောထား ကို ဖော်ပြ တာ။

ကောင်းတဲ့ ဘက် ကပြောမယ် ဆိုလို့ရှိရင်"သဒ္ဓါ "စရိုက်တဲ့။သဒ္ဓါစရိယာ။

ကုသိုလ်ရေး စိတ်ဝင်စား တယ်၊ ကုသိုလ် လုပ်ချင် တယ်၊အလှူအတန်း လုပ်ချင်တယ်၊ သီလ စောင့် ချင် တယ်၊ တရားပွဲသွား တရားနာ ချင် တယ်၊ ကမ္မဌာန်း ဘာဝနာ အားထုတ် ချင်တယ်၊ စိတ်ဝင် စား ဆုံး က ကုသိုလ်ကိစ္စပဲ။

အဲဒီ သဒ္ဓါတရားအဖြစ်များလာတဲ့ပုဂ္ဂိုလ် သဒ္ဓါ စရိုက် ရှိသူ လို့ ခေါ်တယ်။

သဒ္ဓါစရိုက် ဖြစ်ပေါ်မှု အကြိမ်များသူ။

ဗုဒ္ဓါစရိုက်ဆိုတာ ဘယ်ကိစ္စပဲဖြစ်ဖြစ် အလေး
အနက်ထားတယ်၊ စဉ်းစားတယ်၊ မဆင်မခြင် မလုပ်ဘူး။

ဘာပဲဖြစ်ဖြစ် သာမန်လိုမစဉ်းစားဘူး၊ အလေးအနက် ထား စဉ်းစားတယ်။ ဗုဒ္ဓစရိုက်။

အေး- ဝိတက္ကစရိုက်ဆိုတာ ဘာဖြစ်ဖြစ် တွေး နေ တာ၊ အတွေး တွေ လွန် လို့ ညအိပ်မပျော် ဘူး ဆို တာ ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ပဲ။

တွေးတောမှု တွေက အလွန်များတယ်။ အကြောင်းအရာ လေးတစ်ခု မျက်စိက မမြင် လိုက် နဲ့ တွေးပြီ၊နားကမကြားလိုက်နဲ့ တွေးတယ်


အဲဒီလို အတွေးတွေဟာသူများ ထက် ပိုပြီးတော့ များလာတယ်။ဒါဝိတက္ကစရိုက်လို့။

ဟော- မကောင်းတဲ့စရိုက်(၃)မျိုး။ ကောင်းတဲ့
စရိုက်(၃)မျိုး၊ စရိုက်(၆)မျိုးလို့ စာပေ ကျမ်းဂန် တွေမှာ ဆိုတယ်။

ပုဂ္ဂိုလ် ကို ရည်ညွှန်းတဲ့ အခါ ကျ တော့ “စရိတ” ဆိုတဲ့ စကားလုံး ကို သုံးတယ်။

"စရိတ” ဆိုတာ အမူအကျင့် ရှိသူ၊ စရိုက် ရှိတဲ့ ပုဂ္ဂိုလ် ကို 'စရိတ။

ဆိုပါစို့၊

ရာဂ စရိုက် ရှိတဲ့ ပုဂ္ဂိုလ်ကို ရာဂစရိတ၊
ဒေါသ စရိုက် ရှိတဲ့ ပုဂ္ဂိုလ်ကို ဒေါသစရိတ၊
မောဟ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကို မောဟစရိတ ၊
သဒ္ဓါ တရားအဖြစ်များတဲ့ ပုဂ္ဂိုလ်ကို သဒ္ဓါစရိတ၊
တွေးတော ဆင်ခြင်မှုများတဲ့ပုဂ္ဂိုလ်၊ အလေး အနက် ထားပြီး ဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်ကို ဗုဒ္ဓါစရိတ။
အတွေးတွေမှ အကြံတွေများနေတဲ့ပုဂ္ဂိုလ်ကို ဝိတက္ကစရိတ။

ပုဂ္ဂိုလ် ကို ရည်ညွှန်းတဲ့အခါမှာ 'စရိတ” ဆိုတဲ့ စကားလုံးကိုသုံးတယ်။

သို့သော် အဘိဓမ္မတ္ထသင်္ဂဟကျမ်းထဲမှာ စရိုက်
ကို လည်းပဲ 'စရိတ” လို့ ဒီလိုသုံးထားတယ်။

တကယ်တော့ ဖြစ်သင့်တာက တရား ကို ပြောလို့ ရှိရင် “စရိတ”ဆိုတဲ့ စကားလုံးမသုံးဘဲနဲ့ “စရိယာ” ဆိုတဲ့ စကားလုံးနဲ့သုံးမှ ဒီစကားလုံးဟာ စာပေ ကျမ်းဂန် အရ မှန်ကန်တယ်ပေါ့။

မဖြစ်နိုင်တာမဟုတ်ဘူး။အသုံးများ တာ ကြည့် မယ် ဆိုလို့ ရှိရင် “စရိယာ” ဆိုတာက အမူအကျင့် စရိုက်ကို ပြောတာ။

“စရိတ” ဆိုလို့ ရှိရင် အမူအကျင့် စရိုက် ရှိတဲ့ ပုဂ္ဂိုလ် ကို ပြောတာ။

အဲဒီတော့ စာပေကျမ်းဂန်မှာ ဖော်ပြထားတဲ့
စရိုက် တွေထဲက တစ်ခုခုနဲ့ ကင်းတဲ့ပုဂ္ဂိုလ် ဆိုတာတစ်ယောက် မှမရှိဘူး။

ကိုယ့်ကိုယ်ကို သတိ သမ္ပဇညထားပြီး ဆင်ခြင် စဉ်းစားကြည့်မယ်ဆိုရင် "ငါ့မှာ ဘာစရိုက် ရှိ တယ်" ဆိုတာ ထင်ရှားသိလာမှာပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

မြန်မာ စာအုပ်ပေါင်း ( ၃၀၀၀ ) ကျော် ဖတ်ရှုနိုင်ရန်👇အောက် link ကိုနှိပ်ပြီး ကိုယ် လိုချင်တဲ့ စာရေးဆရာနာမည်ကို ရွေးပါ👉 လိုခ...
30/05/2024

မြန်မာ စာအုပ်ပေါင်း ( ၃၀၀၀ ) ကျော် ဖတ်ရှုနိုင်ရန်👇
အောက် link ကိုနှိပ်ပြီး ကိုယ် လိုချင်တဲ့ စာရေးဆရာနာမည်ကို ရွေးပါ👉 လိုချင်တဲ့ စာအုပ်ကို Download ရယူနိုင်ပါပြီ...။👇

http://paw-oo.blogspot.in/2012/07/blog-post_19.html?m=1

26/05/2024

ဒီ ငွေ ၅၀၀.ပြဿနာကို ရှင်းပေးကြပါဦး😍
ကြည့်ရင်းနဲ့ ခေါင်းတွေ မူးလာလို့😉

မဟာဗောဓိမြိုင်ဆရာတော်ကြီးလောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံကျော်လွှားမည်●——————————————————————ကျေးဇူးတော်ရှင် မဟာဗောဓိမြ...
25/05/2024

မဟာဗောဓိမြိုင်ဆရာတော်ကြီး
လောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံကျော်လွှားမည်
●——————————————————————

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးမှာ သီတင်းသုံးစဉ်အခါက သဲဖြူဆရာတော် ဆရာတော်ကြီးထံတော်ပါး သွားရောက် ပြီး သြဝါဒခံယူခဲ့တဲ့ ဗီဒီယိုဖိုင် ကလေးကို ဖူးမြော်ကြည်ညိုခဲ့ရဖူးပါတယ်။ အဲဒီရုပ်သံဖိုင်မှာ မဟာဗောဓိမြိုင် ဆရာတော်ကြီးက သာသနာပြုရာမှာ ခန္တီနဲ့ မေတ္တာအရေးကြီးကြောင်းကို မိန့်မှာတော်မူတာကို နာကြားခဲ့ရပါတယ်။

ဆရာတော်ကြီးက - ''သစ္စာကတော့ လိုအပ်မှဆိုတာ ကောင်းပါတယ်ဘုရား၊

တပည့်တော်တို့ကတော့ ဆိုခဲ့ဘူး။ ဆိုလေ့ဆိုထမရှိဘူး။ သစ္စာက အနိုင်ကျင့်တာကိုးဘုရား။ ကိုယ်လုပ်ချင်တာကို ရှေ့က အဆီးအတားရှိနေရင် သစ္စာနဲ့ ဖြတ်သန်းရတာကိုး။ ဖြတ်ကျော်ရတာကိုး။ ဘုရားတပည့်တော်က လုပ်လေ့လုပ်ထ မရှိဘူး။ တပည့်တော်က ငုံ့ခံတဲ့အမျိုး။ လာချင်တာလာ ငုံ့ခံတာ။

ခန္တီနဲ့ မေတ္တာအရေးကြီးဆုံးပါဘုရား။ ခန္တီမေတ္တာ တာဝန်ယူတာ သီလပါ ဘုရား။ သီလအားကောင်းလေ ခန္တီမေတ္တာတက်လေပဲ အရှင်ဘုရားရဲ့။ သူ့တာ ဝန်က သီလနော်။ သီလဆိုရင် သမာဓိ၊ပညာ ပါပြီးသားပါ'' လို့ မိန့်မှာတော်မူပါတယ်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ 'သူ့ကိုယ်သူ ဘာလုပ် လုပ် တဇွတ်ထိုးစိတ်ဖြင့် အစွန်းထွက်အောင် လုပ်ဆောင်မည့်သူ၊ ဘယ်သူဘာ ပြောပြော ငါသဘောမကျ တစ်ပြားသားမျှ မလိုက်လျောတတ်မည့်သူ'လို့ ဖွင့်ဆိုတော်မူကြောင်း ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုတစ်ဇွတ်ထိုးစိတ် ရှိသူတစ်ဦးရဲ့ ပုတီးသမားခရီးအစမှာ အတိုက်အခိုက်အဟန့်အတားကို သစ္စာနဲ့ ဖြတ်ကျော်ခဲ့ဖူးရာက တစ်စုံတစ်ခုသောအကြောင်းကြောင့် မေတ္တာနဲ့ ခန္တီကို ကူးပြောင်းခဲ့တာဖြစ်တယ်လို့ ဆရာတော်ကြီးကိုယ်တိုင်ရေးသားတဲ့ ဘဝကန္တရ သင်္ကေတကထာမှာ ရေးသားဖော်ပြထားပါတယ်။

၁၃၃၈ ခုနှစ် ဝါခေါင်လ၏ဥပုသ်တစ်နေ့မှာ ရန်ကုန်မြို့၊မိုးကောင်းစေတီ၂ တွင် အဓိဋ္ဌာန်ဝင်ခဲ့စဉ်က ဖြစ်ပါတယ်။ မိုးကောင်းစေတီ စနေထောင့်မှာ အရဟံ သိဒ္ဓိဂုဏ်တော် ၂၇ ပတ် စိတ်ဖို့ အဓိဋ္ဌာန်တင်ပါတယ်။ အဲဒီမှာ ပုတီးစိတ်လို့ မရအောင် အနှောင့်အယှက်များက ဟန့်တားကြုံရပုံကို အခုလိုရေးထားပါတယ်။

'အနောက်ဘက်မျက်နှာမှ စေတီတော်နှင့်ကပ်လျက်တည်ရှိသော အာရုံခံတန်ဆောင်တွင်း၏ စေတီတော်စနေထောင့်နှင့် နီးရာဘက်မှ ဝင်ရောက်က အဓိဋ္ဌာန်ပုတီးစိပ်၏။ မရလေ။ တစ်ပတ်မပြည့်မီ စိတ်လွတ်လျက်ကသာ ရှိ၏။ ပိုကြိုးစား၏။ ပိုမရ။ တိုးကြိုးစားပြန်၏။ ပိုဆိုး။ ကြာသော် ဒေါသဖြစ်လာ၏။ ဒါ အနှောက်ဖြစ်ရမည်။ တစ်ဖက် စွဲချက်တင်မိ၏။

ငါသည် ယခုအဓိဋ္ဌာန် ဖျက်သိမ်းလိုက်ပြီ။ ငါသည် သည့်ထက်အားကောင်း အောင် ကြိုးစားမည်။ ငါ အားကောင်းလာသော ထိုတစ်နေ့ သည်နေရာ သည်ဂုဏ်တော် သည်ပုတီးပတ်ရေအတိုင်း ဆက်ဆက်လာရောက် အားထုတ် မည်။ ယခုသွားပြီ'
ဤသို့စိတ်ဖြင့် ကြုံးဝါးပြီး အိမ်ပြန်လာခဲ့၏။ မကျေမချမ်းစိတ်က လမ်း တစ်လျှောက်မှ အိမ်အထိ လွှမ်းမိုးလာ၏။'
(ဘဝကန္တရသင်္ကေတအထာ၊ စာ-၁၅ဝ)

ဆရာတော်ကြီးဟာ အဲဒီညမှာပဲ ထူးဆန်းတဲ့ အိပ်မက်ကို မြင်မက်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ အိပ်မက်ကတော့ 'မိုးကောင်းဘုရားဝန်းမှာ ဒေါ်စံပမယ်ဆိုတဲ့ ယောဂီဝတ်စုံပြည့်နဲ့ မိန်းမကြီးတစ်ဦးက 'မီးလောင်နေပြီ ထီးယူခဲ့ကြပါ'လို့ ဆိုကြောင်း၊ ဘုရားတစ်ဝန်းလုံးလည်း မီးလောင်နေတာကို အထင်သားတွေ့ရ ကြောင်း၊ ဇနီးဖြစ်သူက မိန်းမဆောင်းထီးပို့ ဖို့ပြောရာမှာ မပို့နဲ့လို့ ဦးငြိမ်း (ဆရာတော်ကြီး)က နေ့လည်က မကျေနပ်စိတ်နဲ့ဆိုကြောင်း၊ အဲဒီအချိန်မှာပဲ 'မီးလောင်နေတုန်း ဝေဒနာပရိတ်မရွတ်ဖတ်ရဘူး။ စနေထီးရိုး မီးညွန့်ကျိုးအောင် သဲမိုးကြီးရွာချတော်မူပါဘုရားလို့ ဆိုရတယ်' လို့ အကြံပေးသံ ကြားခဲ့ရကြောင်း၊ နောက်တော့ ရွှေတိဂုံ နောင်တော်ကြီးက ယောကျ်ားဆောင်း ဖဲထီးကလေးတစ်လက်ပွင့်လျက်က မိုးကောင်းစေတီသို့ ကောင်းကင်မှ ပျံတက်လာပြီး မီးခဏချင်း ငြိမ်းအေးခဲ့တယ်' ဆိုပြီးဖြစ်ပါတယ်။

'အိပ်မက်ကား ယမန်နေ့ကိစ္စက မိုးကောင်းဘုရားတွင်းမှာ ဖြစ်ပေါ်ခဲ့သော ကိစ္စကို သတိပေးခြင်းဖြစ်၏။ ငါမှားတာလည်းပါ၏။ သူတို့ခံရတာလည်းပါ၏။ စိတ်မကောင်းမိ။ နောက်ရက် ဆက်၍သွားရောက်ဖြေသိမ့်ရန် ဆုံးဖြတ်လိုက်၏။ နောင်အခါ ဤကဲ့သို့ စိတ်လိုက်မာန်ပါ မဆင်မခြင် မပြုကျင့်မိစေ ရန်လည်း သတိပြုမိ၏။ မည်သည့်ကိစ္စမဟူ တိုးဝင်လာသော လောကဓံမှန်သမျှ မေတ္တာဖြင့်သာ ခုခံလျက်က ကျော်လွှားမည်ဟူ၍ စိတ်မှလည်း ကြံ၏။ နှုတ်အားဖြင့်လည်း အဓိဋ္ဌာန်၏။

နောက်ရက်တွင်ကား ထိုနောင်တော်ကြီးမှတစ်ဆင့်သာ မိုးကောင်းသို့ သွားခဲ့၏။ မီးဆို ဖယောင်းတိုင်ပင် မပါတော့။ သပြေပန်းစီး လက်ကကိုင်လျက်က စေတီတော်ကြီး၏ စနေထောင့်ကနေ အဓိဋ္ဌာန်ဝင်၏။ ပုတီးအပတ် ၂၇၊ အရဟံ ဂုဏ်တော်ဖြင့်။

လားလား ... ငါ့ရှေ့၌ မှောက်လျက်သား လုံးကြီးပေါက်လှကလေးမ၊ သူ့ကျောပြင်မှာ အရှိုးအဖုဒဏ်ရာတွေနှင့်။ တစ်ကိုယ်လုံးစပ် ထပ်နေပါရောလား။ ငါတို့ စိတ်မကောင်းတော့ပြီ။ မဆင်မခြင် ငါပုတ်ခတ်ဒဏ်သည် တစ်ဖက်၌ မရှုမလှ ခံနေရရှာချေပြီ။

သစ္စာလက်နက်သည် နေကဲ့သို့ ပူပြင်း၍ ဓားတစ်စင်းကဲ့သို့ ရှတတ်သော သဘောကို ငါတို့ နားလည်၍လာ၏။ သို့ကြောင့် သာသနာ့ကိစ္စ အခက်ကြုံလျက်က အကျဉ်းအကျပ်တွေ့သော်မှလည်း မေတ္တာဖြင့်သာ ကျော်လွှားတော့၏။ ငါ့အခက်အခဲကြောင့် တစ်ဖက်စိတ်မဆင်းရဲပါစေနှင့်။ ငါ၏ မပြေသေးသောကြွေး မေတ္တာဖြင့်သာ ပေးဆပ်ချေတော့၏။ စင်စစ် တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ့်ကိစ္စနှင့် ကိုယ်ကောင်းဖို့ရာသာ ကြံခြင်းသည် သူတော်ကောင်းတို့၏ သဘောထားမှန် မဟုတ်ပြီ'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၅၁)

ဒါကတော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သစ္စာကို လက်ကိုင်ထားရာမှ မေတ္တာနဲ့ ခန္တီကိုသာ လက်ကိုင်ထားကျင့်သုံးတဲ့ဘဝကို ကူးပြောင်းခဲ့တဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးထဲကို ၁၃၆၅ တန်ခူးလဆန်းမှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီနှစ်များ သဲဖြူဆရာတော်က သွားရောက်ဖူးမြော်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီမှာ မဟာဗောဓိမြိုင် ဆရာတော်ကြီးပေးတဲ့သြဝါဒက 'သစ္စာကိုလိုအပ်မှသုံးဖို့၊ မေတ္တာနဲ့ ခန္တီကို နာနာသုံးဖို့'ဖြစ်ပါ တယ်။ အဲဒီအချိန်ဟာ မိုးကောင်းဘုရားမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ နှစ်ပေါင်း ၃ဝ နီးပါးကြာခဲ့ချိန်လည်းဖြစ်ပါတယ်။ သြော် နှစ်ပေါင်း ၃ဝ နီးပါကြာချိန်တောင် အဓိဋ္ဌာန်က တည်မြဲတည်လျက်။ ကြည်ညိုဖွယ်ကောင်းလှပေရဲ့။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ မပြေသေးသောကြွေးမှန်သမျှ မေတ္တာဖြင့်သာ ပေးဆပ်မည်ဆိုတဲ့ စိတ်ထားနှင့် မိမိရည်စူးထားတဲ့ အဓိဋ္ဌာန်ပါရမီကို အလေးအမြတ်ထား စောင့်ထိန်းကျင့်ကြံတော်မူခဲ့ပုံများဟာ ကြားသိမြင်တွေ့ရသူတို့အဖို့ အံ့သြမကုန်၊ ကြည်ညိုမဝ ဖြစ်ရပ်များဆိုလျှင် မှားမည်မထင်ဟု ဆိုချင်ကြောင်းပါဗျာ။

ငြိမ်းချမ်းသာ
၈-၁၁-၂ဝ၁၉

ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ (၂ဝ၁၂)

ဘဝဆိုတာ…အဆင်ပြေတဲ့အခါ ရှိတယ်။အဆင်မပြေတဲ့အခါ ရှိတယ်။▪️အဆင်ပြေတဲ့အခါ…မမော်မကြွား ကုသိုလ်လုပ်ဖြစ်အောင် ကြိုးစားပါ။▪️အဆင်မပြ...
24/05/2024

ဘဝဆိုတာ…
အဆင်ပြေတဲ့အခါ ရှိတယ်။
အဆင်မပြေတဲ့အခါ ရှိတယ်။

▪️အဆင်ပြေတဲ့အခါ…
မမော်မကြွား ကုသိုလ်လုပ်ဖြစ်အောင် ကြိုးစားပါ။

▪️အဆင်မပြေတဲ့အခါ… စိတ်ဓာတ်မကျဘဲ
သည်းခံစိတ်ဖြင့် ကောင်းတာလုပ်ပြီး ကျော်ဖြတ်ပါ။

ပါမောက္ခချုပ်ဆရာတော်
(၂၄-၅-၂၀၂၄)

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပုတီးသမားဘဝ ထောက်လှမ်းရေးနဲ့ ကြုံခဲ့ဆုံခဲ့ရပုံများ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬     ကျေး...
24/05/2024

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပုတီးသမားဘဝ ထောက်လှမ်းရေးနဲ့ ကြုံခဲ့ဆုံခဲ့ရပုံများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ပုတီးသမားဦးညိမ်းဘဝနဲ့ ၁၃၃၉ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်နေ့ကစလို့ ဘိုးဝိဇ္ဇာပေးတဲ့ 'ခုနှစ်နေ့ ခုနှစ်နံနေ့အလိုက် ဂြိုဟ်သက်အလိုက် အဓိဋ္ဌာန်ဝင်တဲ့ ကျင့်စဉ်'ကို ကျင့်ကြံ အားထုတ်ခဲ့ပါတယ်။

အားထုတ်ခဲ့တဲ့ စေတီဘုရားများကို ဆရာတော်ကြီးက သံဝေဂလမ်းမှာ အခုလိုရေးသားခဲ့ပါတယ်။
'တနင်္ဂနွေနေ့မှပင် အောင်သိဒ္ဓိကုန်းမှ စတင်တင်ကာ ယင်းတစ်လုံးထိ သိဖြင့်ပင် ဝင်၏။ နောက်လဆန်း ၈ ရက် တနင်္ဂနွေနေ့အထိ ၈ ရက်။ သို့ နှင့် ကျိုက္ကဆံ၊ ဆူးလေ၊ ရွှေတိဂုံ၊ မိုးကောင်း၊ သိရိမင်္ဂလာကမ္ဘာအေး၊ နောင် တော်ကြီးအထိ (၈)ရက်ကျဆီ ဝင်ခဲ့။' (သံဝေဂလမ်း၊ စာ-၅၅)

ဦးညိမ်းဟာ တတိယမြောက်ဘုရားအဖြစ် ဆူးလေဘုရားမှာ အင်္ဂါနေ့အတွက် အဓိဋ္ဌာန်ဝင်ခဲ့ပါတယ်။ ပထမတော့ ဘုရားမှာအိပ်ခွင့်ရခဲ့ပေမယ့် ဂေါပကအပြောင်းအလဲမှာတော့ အိပ်ခွင့်မရတော့တာကြောင့် ဘူတာကြီးမှာ ညအိပ်ကြတဲ့ ခရီးသည်များနဲ့အတူ သွားပြီးအိပ်ရင်းက အဓိဋ္ဌာန်ခရီးကိုဆက်ခဲ့ရပါတယ်။ အဲဒီမှာလည်း ဘူတာကြီးထဲ မအိပ်ရဘူးဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ဘူတာရှေ့မြက်ခင်းပြင်မှာ အိပ်ခဲ့ရပြန်ပါတယ်။ ဘူတာကြီးရှေ့ မြက်ခင်းပေါ်ကက ညများမှာ ဦးညိမ်းရဲ့ သီလ၊ သမာဓိကို မိန်းမနဲ့ စမ်းသပ်တာတွေ ကြုံရပါတော့တယ်။

'ညဦး၌ ပြည့်တန်ဆာမတို့ တစ်အုပ်ကြီးလာရောက် မြူဆွယ်နေကြသည်ကို တွေ့ရ၏။ စိတ်မထကြွ၊ အားမကျမိ။ ခရီးသည်ယောကျ်ားများနဲ့ ၎င်းတို့ကိုကြည့် သနားမိ၏' (ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၇၀)

စမ်းသပ်မှုတွေဟာ အဲဒီမှာတင် ရပ်မနေဘဲ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက် မြင့်လာကာ ခံနိုင်ရည်အားကို ယိုင်နဲ့အောင် လုပ်ကြပါတယ်။ သို့တိုင်အောင်ပဲ ဦးညိမ်းကတော့ နောက်မဆုတ်စတမ်းဆိုတဲ့လမ်းကပဲ မျှော်မှန်းရာ ပန်းတိုင်ကို ဆက်လျှောက်ခဲ့ပါတယ်။ မယားနဲ့ စမ်းခဲ့ပုံကို ဆရာတော်ကြီးက ဒီလိုရေးထားပါတယ်။
'သည့်အတူ မယားစမ်းလည်း ခံခဲ့ရသေး၏။
'သည်လိုသာလုပ်နေ ကိုယ့်မယား သူများမယားဖြစ်သွားမှာပေါ့' ဟူ၍ပင်။
ပြောပါစေ၊ ငါမှားသည်။ သူ့ဘက်က မှန်နေသည်။ ပေါင်းသင်းဖို့ လက်ခံလာကြတုန်းက မဟုတ်ရာလုပ်ကြစို့ ဆိုပြီးကာမှ ယခု ငါ ဟုတ်ရာဘက် ပြောင်းလဲလာခဲ့တာ။ ငါကား သစ္စာဖောက်သူ။ ငါက သစ္စာလည်းဖောက်သေး၊ ငါကပဲ ရန်မူဦးမည်ဆို ငါထပ်မှားဦးတော့မည်ဆိုကာ ကျေကျေနပ်နပ် သည်းခံ ခဲ့ရချေသတည်း။'
(ဘဝကန္တရသင်္ကေတကထာ-စာ၊၁၇၁)

အဲဒီလိုစမ်းသပ်မှုတွေကြားကပဲ အဓိဋ္ဌာန်စခန်းကို မပျက်တမ်းဆက်လက် အားထုတ်နေခဲ့ပါတယ်။ တစ်ည၊ ဘူတာကြီးရှေ့ မြက်ခင်းဘေးက ကွပ်ခေါ် အုတ်ခုံလေးဘောင်ပေါ်မှာ ဘူတာကြီးမျက်နှာစာဘက်က အိပ်ခဲ့ရာ ဦးညိမ်းနဲ့ ခေါင်းချင်းဆိုင်ကာ လူတစ်ဦးလာရောက် အိပ်ခဲ့ပါတယ်။ ဦးညိမ်း အိပ်မောကျ နေတုန်း ငွေတစ်ကျန်ချန်ရစ်ခဲ့ကာ အိတ်နှိုက်ခံရပါတော့တယ်။ အဲဒီကစလို့ ဦးညိမ်း အိမ်ပြန်အိပ်ခဲ့ပါတယ်။

'ပါသွားလေသော အိတ်ကား - ဝေဘူဆရာတော်ကြီး၏ သြဝါဒအချုပ်ကို ပုံနှိပ်ထားသော စာတစ်ရွက်၊ ဆရာတော်ကြီး၏ ဓာတ်ပုံတစ်ပုံ၊ ရွှေတိဂုံစေတီတော်ကြီး၏ အထက်ပစ္စယံပေါ် တက်ရောက်အားထုတ်ခွင့်လက်မှတ်(ကဒ်ပြား) မျှသာတည်း။'
(ဘဝကန္တရသင်္ကေတကထာ၊ စာ-၁၇၁)

ဆူးလေအဓိဋ္ဌာန်ခရီး တတိယမြောက်နေ့မှာတော့ အသက် ၃၅ နှစ်လောက် လူတစ်ယောက် လာပြီး တရားဆွေးနွေးပါတော့တယ်။
'ငါတို့ကား ကျင့်စဉ်တရားမျှသာ ပြောဟောတတ်ခဲ့၏။ ၎င်းကား ဂိုဏ်းစကားများများပြော၏။ လက်ထဲမှာလည်း အင်းပုံစံများချထားသော အင်းလက်ကိုင်ပဝါတစ်ထည်လည်း အဆောင်အဖြစ် ဆောင်ထားသည်ကိုလည်း တွေ့ရ၏။ ၎င်းပြောစကားအရ တြိသီဟောအင်းဆို၏။ ရှင်သူငယ်ဂိုဏ်းက ဂိုဏ်းဝင်ဖြစ်ပြီး ဦးမောင်လေး၏ တပည့်တစ်ဦးပါဆိုလာ၏။ ငါတို့ကား မကျွမ်းနှီးသောအရာဖြစ်သဖြင့် ကောင်းပါတယ်ဖြင့်သာ ဖြည့်ရ၏။ အဓိဋ္ဌာန်ရက် ပြီးခါနီးတစ်ရက်အလို၌ကား ငါတို့ကို ဖိတ်ကြားလျက်က ဆူးလေအနောက်ဘက်မုခ်အထွက်ရှိ အအေးဆိုင်တစ်ဆိုင်တွင် ခေါ်သွားကာ ဒါနပြု၏။
'ကျွန်တော်ထောက်လှမ်းရေးကပါ၊ ကျွန်တော့်နာမည် ကျော်ဟိန်းပါ၊ ဘူတာကြီးမှာ တာဝန်ကျပါသည်၊ နောင်အခါ ဘူတာကြီးမှာ အကူအညီလိုပါက ကျွန်တော့်နာမည်မေးပြီး ကျွန်တော့်ဆီလာပြီး အကူအညီတောင်းပါ ကျွန်တော်ကူ ညီပေးပါမည်'မိတ်ဆက်၏။ ထိုအခါမှ အံ့သြရတော့၏။ ထောက်လှမ်းရေးများကလည်း ဘက်စုံပညာများနှင့်ပေကိုးဟူ၍။'
(ဘဝကန္တရသင်္ကေတကထာ၊၁၇၁)

များမကြာမှီမှာတော့ ဘူတာကြီးမှာ ပျောက်ဆုံးသွားတဲ့ အိတ်ကလေးဟာ စာတိုက်ကတဆင့် မပျောက်မပျက် ပြန်ရောက်လာတယ်လို့ သိရပါတယ်။ သြော် ... ဆရာတော်ကြီးရဲ့ ပုတီသမားဘဝစာမျက်နှာထဲမှာတောင် ထောက်လှမ်းရေးက ဝင်ရောက်နိုင်ခဲ့သေးသကိုးလို့ အံ့သြရပါတယ်။

ဦးညိမ်းဟာ 'ခုနှစ်နေ့ ခုနှစ်နံနေ့အလိုက် ဂြိုဟ်သက်အလိုက် အဓိဋ္ဌာန်ဝင်ကျင့်စဉ်'ကို အထူးအဆန်းတွေ၊ အခက်အခဲတွေ၊ အစမ်းအသပ်တွေ ကြားက အောင်မြင်အောင် ကျင့်ကြံအားထုတ်နိုင်ခဲ့ပါတယ်။ ၁၃၉၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်နေ့မှာတော့ ရွှေတိဂုံစေတီတော် နောင်တော်ကြီးစေတီမှာ အဓိဋ္ဌာန်ပြီးဆုံးအောင်မြင်ခဲ့ပြီး (၅၆)ရက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ အဲဒီ အဓိဋ္ဌာန်ခရီးအပြီးမှာတော့ ဇင်းကျိုက်ရသေ့လေးဘဝနဲ့ကေလာသတောင်မှာ ကျင့်ကြံအားထုတ်၊ ဇင်းကျိုက်ကအပြန်ခရီးမှာ ဆရာတော်ဦးဝိမလနဲ့ဆုံ၊ အဲဒီကမှ တစ်ဆင့် အဘဝိမလရဲ့ညွှန်ကြားမှုနဲ့အတူ မဟာစည်ရိပ်သာရောက်၊ နောက်တော့ ဒုတိယအကြိမ် ရဟန်းဘဝကိုပြန်တက်လှမ်းရင်းက တောထွက်ခရီးကို အသက် ၃၉ နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ သက်တော် ၆ဝ၊ တောဝင်ကာလ ၂၁ နှစ်မှာ 'သံဝေဂလမ်း'ဆိုတဲ့ စာအုပ်ကို ၁၃၆၂ ခုနှစ်၊ တပို့တွဲလမှာ ပဋိပတ်တောစခန်း၊ ပုလဲမှာ ရေးသားခဲ့ပါတယ်။ တောထွက်သက်တမ်း ၂၁ နှစ်စာရှင်းတမ်းလို့ ဆရာတော်ကြီးကဆိုပါတယ်။ အဲဒီစာအုပ်ထဲမှာ -
'ငါသည် အမှားကို မကြောက်။
မှားမှန်းမသိမည်ကိုသာ ကြောက်၏။
ရန်သူမှန်သမျှကိုလည်း ငါမကြောက်။
ငါကြောက်သည်မှာ ရန်သူမှန်း မသိခြင်းကိုပင် ကြောက်၏။
တစ်ဖန် ထိုမသိခြင်းနှစ်ပါးတို့ကိုပင် ငါမကြောက်၊
ငါ ကြောက်သည်မှာ
ငါသည် ရဟန်းဖြစ်လျက်နှင့် ငါ့လက်ရှိသတိမရှိမှာပင်တည်း' လို့ ရေးသားတော်မူခဲ့ပါတယ်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝစာမျက်နှာတွေကို လေ့လာကြည့်ရင် အချိုးအကွေ့တွေ များလှတာကို တွေ့ရပါတယ်။ အချိုးအကွေ့ တွေများသလောက်လည်း ကြမ်းတမ်းခက်ခဲခဲ့ပါတယ်။ သို့တိုင်အောင်ပဲ ထိုထိုသော အခက်အခဲများ၊ အဟန့်အတားများ၊ အနှောင့်အယှက်များထက် ရဟန်းဖြစ်လျက် ကိုယ့်လက်ထဲ သတိမရှိတာသာကိုလျှင် ကြောက်လှကြောင်း ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးက မိန့်ဆိုရေးသား ဆုံးမတော်မူရင်းက လက်တွေ့လည်း ကျင့်ကြံပြလျက်ရှိကြောင်းပါဗျာ။

#မဟာဗောဓိမြိုင်ဆရာတော်
#ငြိမ်းချမ်းသာ
စာပြီးရက်စွဲ/-၂၂-၁၁-၂ဝ၁၉

ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)

■ မဟာဗောဓိမြိုင်ဆရာတော်ကြီးရင်ဆိုင်ကျော်ဖြတ်ခဲ့ရသောဇင်းကျိုက်ဒေသမှ လောကဓံကြမ်းများ______________________________________...
24/05/2024

■ မဟာဗောဓိမြိုင်ဆရာတော်ကြီး
ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသော
ဇင်းကျိုက်ဒေသမှ လောကဓံကြမ်းများ
______________________________________

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၃၄၃ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာတော့ ဇင်းကျိုက်ဒေသကိုရောက်ခဲ့ပြီး ၁၃၄၆ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာတော့ ဇင်းကျိုက်နယ်မြေကို အပြီးစွန့်ခဲ့ပါတယ်။
ဆရာတော်ကြီးက ဇင်းကျိုက်တောင်မှာနေခဲ့တဲ့ သုံးနှစ်ဟာ အကြွေးဆပ်ရန်သက်သက်သွား ခြင်းဖြစ်တယ်လို့ ဥလ္လမ္ပတုဘိက္ခုဘာဝကထာမှာ ရေးသားခဲ့တဲ့အတိုင်းပဲ ဇင်းကျိုက်တောင်မှာနေထိုင်သီတင်းသုံးရင်း တရားရှာမှီးတဲ့ကာလဟာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဇင်းကျိုက်တောင်နေ့ရက်များကို ဒီလိုတွေ့ရပါတယ်။

◉ ဇင်းကျိုက်တောင်ကို ရောက်စမှာ သိမ်တော်ကြီးထဲမှ နေပြီးအားထုတ်ခဲ့ပါတယ်။ နွေကာလအရောက်မှာတော့ တောင်ပေါ်မှာ အရင်ရောက်နေတဲ့ ဆရာတော်က ရေမခပ်စေချင်တာလည်းရှိ၊ နောက် သိမ်ထဲလည်းမနေစေလိုတာကြောင့် ရသေ့မဂူကို ပြောင်းရွေ့ခဲ့ရ ပါတယ်။

◉ အဲဒီမှာလည်း တစ်လကျော်ကလေးသာ ကြာခဲ့ပြီး ဂူကိုလှူခဲ့တဲ့ရသေ့က ဂူကိုပြန်တောင်းတာကြောင့် မင်းတစ်ရာ့တစ်ပါးတောင်ဆီရောက်ခဲ့ရပြန်ပါတယ်။

◉ မင်းတစ်ရာ့တစ်ပါးမှာလည်း တစ်ဝါဆိုပြီးတာနဲ့ ဘုရားပြင်မယ့် ရဟန်း တစ်ပါး ကြွလာလေရာ နေရာထပ်ဖယ်ခဲ့ရပြန်ပါတယ်။

အဲဒီလို အခက်အခဲတွေအပြင် ဖရုံညှာစခန်းမှာ ၉ ပေ၊ ၆ ပေ ဓနိတဲငယ် ကလေးနဲ့ နေပြန်တော့လည်း တရားတဘောင်တွေ ရင်ဆိုင်ခဲ့ရပြန်ပါသေးတယ်။ အဲဒီတရားတဘောင်တွေ၊ စွပ်စွဲချက်တွေအထဲက ကယ်တင်ခဲ့တာကတော့ ဆရာတော်ကြီးရဲ့ ပရိယတ်လေ့လာလိုက်စားခဲ့ဖူးခြင်းဆိုတဲ့ အရာပဲဖြစ်ပါတယ်။

'၁၃၄၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ညနေ နေအဝင်မှာ ဖရုံညှာစခန်းဟူ၍ခေါ်သော ဒေသဝယ် ဦးကျော်ငြိမ်း၊ ဦးရိုင်မိသားစုတို့က ဓနိတဲငယ် ကလေးတစ်လုံး (၉ ပေ- ၆ ပေ) ဆောက်လုပ်လှူဒါန်း၏။ မြေပြင်ဝယ် ကွပ်ပျစ် ငယ်လေးချလျှက်က နေရ၏။
ထိုတဲလေးကို ငါတို့ဆွမ်းခံသွားနေဆဲ ဘုန်းကြီးတစ်ပါးက တက်ရောက် တိုင်းထွာစေသည်ဆို၏။ ဝိနည်း ကုဋိကာရသိက္ခာပုဒ်ဖြင့် စွပ်စွဲရန်တည်း။'
အဲဒီနောက်မှာတော့ သံဃာရုံးတော်ကို ဆင့်ခေါ်ခံခဲ့ရပါတယ်။ ကျေးဇူး တော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ လသားအရွယ်မှာ ကတည်းက နို့စို့ရင်းထောင်ကျ၊ ထောင်ကျရင်းနို့စို့ခဲ့ရသူ ဖြစ်ပါတယ်။ နယ်ချဲ့များက တော်လှန် ရေးသမားဖခင်ကို ဖမ်းမရတာကြောင့် သားသည်မိခင်ကိုဖမ်းစီးခဲ့ရာ ထောင်ကျရ ခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည်လူမှုစီးပွားရေးရှာကြံဆဲ ဘဝမှာလည်းပဲ နှစ်ကြိမ်တရားရင်ဆိုင်ခဲ့ရပါတယ်။
'ယခုတစ်ကြိမ်မှာမူကား ထိုအမှုတို့ကို ကြောက်လန့်လှပါသဖြင့် လွတ် ကြောင်းကျင့်ရာမှ ရလာသော အမှုမျိုးဖြစ်သဖြင့် ရှက်လွန်းလှဘိခြင်း။'(ဘဝကန္တရသင်္ကေတကထာ၊ စာ-၂၉၁) လို့ ဆရာတော်ကြီးက ဆိုပါတယ်။

ဆရာတော်ကြီး တင်ထားတဲ့ စွဲချက်တွေကတော့ ...
၁။ နိဿယမုစ္စက မလွတ်ကင်းသေးဘဲလျက်က တောထွက်ကျင့်သောရဟန်း
၂။ သံဃာထံမပန်ကြားဘဲလျက်က ကျောင်းသစ်ဆောက်သောရဟန်း
၃။ ဆိုင်ရာသံဃာ့အဖွဲ့၏ ခွင့်ပြုချက်မရဘဲလျက်က နယ်မြေတွင်း တိတ် တဆိတ်ဝင်ရောက်နေသောရဟန်း။
၄။ ဆိုင်ရာ ရဟန်းများနှင့် သမာနသံဝါသကမှု မပြုလေသောရဟန်း
အထက်ပါ စွဲချက်လေးမျိုးတို့ဖြင့် ရုံးသို့လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ခံ ရ၏။ ငါတို့လည်း ဘာကိုမျှ ပြန်လှန်မချေပဟူ၍ ဆုံးဖြတ်ကာ ရုံးတော်သို့ သွားရ၏' (ဘဝကန္တရ သင်္ကေတကထာ၊ စာ-၂၉၁)

အဲဒီသတင်းကြားတဲ့အခါမှာတော့ မြို့နယ်ဥက္ကဋ္ဌက သူ့ရဲ့အခြေခံရုံးတာဝန်ခံ များ အခုလိုမိန့်ပါတယ်။
'ဒါငါ့တပည့်ကွ ငါ့အကြောင်းကြားပြီးနေတာ။ ဟ .. ငါးဝါမပြည့်မီ သေသွား ဘယ်လိုလုပ်မတုန်း၊ တောနေ ဧကစာရီရဟန်း ဘုရားချီးမွမ်းပြီးသားပဲ။ ၁၂ ထွာ၊ ၇ ထွာအတွင်း ဘယ်လိုဆောက်ဆောက် မင်းတို့ ပြောနေ ဖို့မလို' အကြောင်းကြားပြီးနေတာဆိုတဲ့အတွက် စွဲချက်(၁) နဲ့ (၃) ပျက်ပါတယ်။ ငါးဝါမပြည့်မီ သေဘယ်လိုလုပ်မတုန်းဆိုတာကတော့ အမှတ်စဉ်(၁)အတွက် မိန့်ကြားချက်ဖြစ်ပြီး တောနေရဟန်းဘုရားချီးမွမ်းတယ်ဆိုတဲ့အတွက် စွဲချက်အ မှတ်(၄)ကလည်း လွတ်ကင်းခွင့်ရပြန်ပါတယ်။ နောက်ဆုံးမိန့်ကြားချက် ကြောင့်လည်း နံပါတ်စဉ်နှစ်လည်းပဲ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

အဲဒီမှာ ဆရာတော်ကြီး အမွန်အဦးပြုခဲ့တာကတော့ ပရိယတ်သာသနာတော် ရဲ့ ကျေးဇူးကိုပဲဖြစ်ပါတယ်။
'ငါတို့ကို ကယ်တင်သွားသည်မှာကား မြို့နယ်ဥက္ကဋ္ဌထံ စာရင်းရေး သွင်းစဉ်က ပထမကြီးတန်းအောင်ပြီး ဓမ္မာစရိယတန်းအထိ တက်ရောက် သင် ကြားခဲ့ဖူးပါသည်ဆိုသော ပရိယတ်စကားကပင်တည်း'လို့ ဆရာတော်ကြီးက သူ့ရဲ့ အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။
'ရုံးတော်က ငါ့အား အနိုင်ပေး၏။ သို့သော် ကာယကံရှင်ကျေနပ်မှသာ အမှုပြီးပြေတော့မည်ဖြစ်၍ ဝါတွင်း-ဝါခေါင်လပြည့်နေမှာပင် ကျောက်ခမောက် တောင်သို့ ပြောင်းရွေ့ပေးခဲ့ရ၏'(ဥလ္လမ္ပတုဘိက္ခုဘာဝကထာ၊ စာ-၇၆) လို့ ဆရာတော်ကြီးက ရေးသားခဲ့ကြပါတယ်။

လောကဓံဟာ ထိုမျှနဲ့တင် ရပ်တန့်မနေပါဘူး။ စိတ်ကိုနာအောင် ညှင်းမရ တဲ့အခါမှာ ရုပ်ကိုနာအောင်လုပ်တဲ့ဘက်က လှည့်ဝင်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ကျိုက်လတ်တောင်မှာ နေစဉ်အတောအတွင်း ၁၃ လတိတိ ဆေးရုံအခေါ် အနာပန်းဆုပ်၊ အရပ်ဓလေ့ အခေါ် ဆင်ငိုလည်ပြတ်နာ များပေါက်ခဲ့သေးပြန်ပါတယ်။
'ဦးခေါင်းပိုင်းမှာ ၁၅ လုံး၊ တစ်ကိုယ်လုံးအနှံ့ ၁၂ လုံး၊ ပေါင်း ၂၇ လုံး တိတိ သွေးမဆင်း၊ ပြည်မထွက်သော အနာပဆုတ်ကြီးများဒဏ်ခံခဲ့ရ၏။ နောက် ထပ်လည်း အနာမျိုးစုံ ပေါက်ရောက်ခံခဲ့ရ၏။ မလုံလဲသော ကျောင်း၌နေရခြင်း၊ ရာသီဥတု မိုးပြင်းထန်ခြင်း၊ စမ်းရေကိုသာ သောက်ချိုးသုံးဆောင်ရခြင်းများက ထိုရောဂါများကို သယ်ဆောင်ထည့်သွင်းပေးခဲ့ကြ၏။ သို့သော် စိတ်ဓာတ်မကျ။ လန်းဆန်းတက်ကြွဆဲသာရှိသဖြင့် တရားအားထုတ်မှုကား မပျက်စေခဲ့။'လို့ ဆရာတော်ကြီးက ဆိုပါတယ်။

ဒါတွေကတော့ ဇင်းကျိုက်ဒေသမှာ ကျေးဇူးတော်ရှင် မဟာဗောဓိ မြိုင်ဆရာတော်ကြီး ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ လောကဓံကြမ်းတွေပဲ ဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝဟာ ကန္တာရလို သွေ့ခြောက်ခက်ခဲလှပါတယ်။ ကြုံဆုံခဲ့ရတဲ့ လောကဓံရေဆန်လမ်းဟာလည်း ကြမ်းရှခက်ထန်လှပါတယ်။ အနုအကြမ်း၊ အချော့အခြောက်တွေနဲ့ နည်းစုံအောင် နှောက်ယှက်ဟန့်တားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီလမ်းဟာ ပါရမီနည်းသူတို့ နောက် ပြန်လှည့်မယ့်လမ်း၊ ဝီရီယနည်းသူတို့ အညံ့ခံမယ့်လမ်း၊ ဉာဏ်ပညာနည်းသူတို့ အရှုံးပေးမယ့်လမ်းပါ။ ဒါပေမယ့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ ကြမ်းရှခက်ထန်လှတဲ့ အဲဒီ လောကဓံလမ်းပေါ်ကနေ ဘုရားရှိရာအရပ် မျက်နှာမူလို့ ခရီးပြင်းနှင်တော်မူခဲ့ကြောင်းပါဗျာ။

#မဟာဗောဓိမြိုင်ဆရာတော်
#ငြိမ်းချမ်းသာ

စာပြီးရက်စွဲ-၂၅-၁၁-၂ဝ၁၉

ရည်ညွှန်းကိုးကား/-
၁။ ဘဝကန္တရသင်္ကေတကထာ(၂ဝ၁၂)
၂။ သံဝေဂ ပဋိသံယုတ္တကထာ (၂ဝဝ၄)
၃။ ဥလ်လမ်ပတုဘိက်ခုဘာဝကထာ (၂ဝ၁၅)

ที่อยู่

Ban Tha Sai
Samut Sakhon

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဓမ္မရောင်ခြည်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဓမ္မရောင်ခြည်:

วิดีโอทั้งหมด

แชร์