Monywa Roads Information - MRI

Monywa Roads Information - MRI မုံရွာမြို့ မြေပြင်သတင်းကင်းထောက်များအား ကြိုဆိုပါတယ်ခင်ဗျာ
(202)

27/12/2024

🛑ဘုတလင် စစ်ကြောင်း အခြေနေ🛑

27.12.2024/8:20Pm

ဘုတလင်မြို့နယ်သို့ စစ်ကြောင်းထိုးနေသော အင်အား ၁၂၀ နီးပါးပါသောအကြမ်းဖက် 🐕 အုပ်စုသည် ယခု စီပါရွာထဲသို့ ဝပ်ကျင်းချထားတယ်လို့ သိရ။

အနီးနားရှိ ပြည်သူများ ရှောင်နေကြပါရန် နှင့် စစရာရာ သတိနဲ့ဂရုစိုက်နေကြပါရှင့်🙏

ဘေးကင်းကြပါစေ🙏

27/12/2024

မုံရွာ🛑

27.12.2024/7:40Pm

GTC မှ အကြမ်းဖက် 🐕 အုပ်စုမှ ဂန်းများ ရမ်းပစ်နေတယ်လို့ သိရ။

27/12/2024

🛑 ဘုတလင် စစ်ကြောင်းအခြေနေ 🛑

27.12.2024/7:00Pm

ဘုတလင်မြို့နယ်သို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက် 🐕 အုပ်စုသည် ကဗန်စီရွာသို့ ရောက်ရှိနေတယ်လို့ သိရပါသည်။
စစ်ကြောင်း တလျှောက် အဖမ်းခံရ ပြည်သူ ၁၀၀ ကျော် ရှိတယ်လို့လဲ သိရ။

27/12/2024

ထောက်ပို့ထီလေး လာ၀ယ်ကြပါအုံးရှင့်🙇‍♀️
လကုန်တော့မှာ အစောင်ရေ ၆၀၀ ယူထားတာ ခုထိ ၂၀၀ လောက်ပဲ ရောင်းရပါသေးတယ်ရှင့်😔
လမကုန်ခင် ယူထားတာလေး ကုန်ချင်တာမို့🥺 မိဘပြည်သူများအနေနဲ့ မင်မင်တို့ဆီမှာ လာ၀ယ်ကြပါအုံးနော်🙏
၁စောင်မှ ၂၀၀၀ ပဲ ရှိတာပါရှင့်💙

26/12/2024

မုံရွာ🛑

27.12.2024/8:27Pm

နမခ မှ ထွက်လာသော စခများ ပုလ္လကုန်းရွာသို့ ရောက်ရှိကြောင်း သတင်းရ။


မုံရွာမြို့မ ရဲစခန်း အချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ကျောက်ကပ်ရောဂါ နှင့် အတွင်းအကြော တက်ခြင်း ဝေဒနာ ပြင်းထန်...
26/12/2024

မုံရွာမြို့မ ရဲစခန်း အချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ကျောက်ကပ်ရောဂါ နှင့် အတွင်းအကြော တက်ခြင်း ဝေဒနာ ပြင်းထန်စွာ ခံစားရ သော်လည်း ဆေးရုံတက်ကုသခွင့် မပေး၍ အချုပ်ခန်းအတွင်းတွင် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မ ရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေး အကျဉ်းသား ဘုံဘုံ ကျောက်ကပ်ရောဂါ နှင့် အတွင်း အကြောတက်ခြင်း ဝေဒနာ ပြင်းထန်စွာ ခံစားရသော်လည်း ဆေးရုံတက်ကုသခွင့်မပေး၍ အချုပ်ခန်းအတွင်းတွင် သေဆုံးခဲကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား ဘုံဘုံသည် ရဲစခန်းအချုပ်၌ ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်း၌ ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာလ ဒုတိယအပတ်မှ စ၍ ဘုံဘုံသည် ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မ ရဲစခန်းတာဝန်ရှိသူများကို တင်ပြခဲ့သော်လည်း အချုပ်ခန်းတွင်းပင် ဆလိုင်းချိတ်ကုသပေးမှုများသာ ယာယီပေး၍ ထပ်မံ ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးခံရချိန်မှာလည်း ညည်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတဲ့အပြင် ရဲစခန်းမှာလည်း လူဦးရေ ထူထပ်ကျပ်ညှပ်စွာနဲ့ နေထိုင်ရသူဖြစ်တယ်။ နိုဝင်ဘာလက စပြီး ဆေးဝါးကုသခွင့်တောင်းဆိုပေမယ့် ဆရာဝန်တွေကလည်း ဆေးဝါးတွေကုသစရာမလိုဘူး ဆေးရုံတက်စရာမလိုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲစခန်းမှာပဲ ထပ်ချုပ်နှောင်ခဲ့တယ်။ ရောဂါဆိုးဝါးလာတဲ့အခါမှာလည်း အချုပ်ကနေ မုံရွာဆေးရုံကို ပို့ဖို့ တောင်းဆိုတဲ့အခါမှာလည်း အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတယ်။ ခွင့်မပြုခဲ့ဘူး။ အချုပ်ထောင်ထဲမှာ မသေဆုံးခင် အရေးပေါ်ဖြစ်တဲ့အချိန်တွေမှာလည်း ဘယ်သူမှ ဆေးရုံပို့ဆောင်ခြင်းမရှိဘဲ ဒီအတိုင်းပဲ စောင့်ကြည့်ပြီးမှပဲ သေဆုံးသွားတာဖြစ်ပါတယ်။ ရဲတွေဘက်က ထောင်ပြောင်းဖို့ အချုပ်ခန်းမှ ထုတ်ပြီးတော့ ကုသဖို့လုပ်တဲ့အခါမှာ ဆရာဝန်တွေဘက်က လက်မခံလို့ ဆုံးသွားရတယ်လို့ သတင်းလွှင့်နေတယ်။ တကယ်လက်တွေ့မှ အင်မတန်မှ ရောဂါဆိုးရွားနေတဲ့အခြေအနေမျိုးမှာ ဆေးရုံမပို့ဘဲ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေတယ်ဆိုတာ ရရှိထားတဲ့အချက်အလက်တွေအရ သေချာပေါက်ပြောနိုင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ဆေးကုသခွင့် မရရှိဘဲ ကျဆုံးသွားရသူ ဘုံဘုံသည် အသက် ၃၃ နှစ်ရှိပြီး ဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင် သန်စွမ်းသည့် အရွယ်ဖြစ်ကြောင်း၊ ဖမ်းဆီးခံရချိန် ဖေဖော်ဝါရီလထဲတွင် စစ်တပ်က သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို တက်တူးထိုးထားသည်ဆိုသည့် အကြောင်းပြချက်နှင့် သံကြိုးများနှင့် ခြေထောက်နှင့် လက်များကို အဓမ္မချုပ်နှောင်ခဲ့ကြောင်း၊ ထို့နောက်တွင် အကြမ်းဖက်ပုဒ်မများ ဖြစ်သည့် ၅၂ က၊ ခ များ၊ ထောက်ပို့ ၅၀ ည ပုဒ်မများနှင့် တရားစွဲဆိုကာ ယခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူဖြစ်သော်လည်း အချုပ်ခန်းအတွင်း ချုပ်နှောင်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

ဘုံဘုံ ကျဆုံးရခြင်းသည် မြို့မရဲစခန်း စခန်းမှူးတွင် တာဝန်ရှိကြောင်း၊ ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ ချုပ်နှောင်ထားခြင်းမျိုး ၊ အမိန့်ကျပြီးသား လူများကို ထောင်မပို့ဘဲ ချုပ်နှောင်ထားသည့်အတွက် အချုပ်ခန်းအတွင်း ကျပ်ညှပ်စွာနေရာကာ အောက်ပိုင်းချိနဲ့ အာဟာမရှိခြင်းများ ကြုံနေရကြောင်း၊ အကျဉ်းထောင်ပို့ရမည့် လူများကိုလည်း အချုပ်ခန်းအတွင်း ဆက်မထားဘဲ အကျဉ်းထောင်ကို ပို့ဖို့ လိုအပ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ အကျဉ်းထောင်မပို့ဘဲ ထားနေတာပါ။ ဘုံဘုံဟာ ကျန်းမာရေးအရ ဆုံးပါးတယ်ဆိုပေမယ့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။


ဘုတလင်မှာ စစ်တပ်က လှည်း၊နွားနဲ့ ပြည်သူတချို့ကို ပေါ်တာဆွဲဖမ်းဆီးထား၊ရွာစဉ်လှည့်စစ်ကြောင်းထိုးမှာကို ပြည်သူတွေ စိုးရိမ်နေ...
26/12/2024

ဘုတလင်မှာ စစ်တပ်က လှည်း၊နွားနဲ့ ပြည်သူတချို့ကို ပေါ်တာဆွဲဖမ်းဆီးထား၊ရွာစဉ်လှည့်စစ်ကြောင်းထိုးမှာကို ပြည်သူတွေ စိုးရိမ်နေ

မျက်မှောက်ခေတ်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း ဘုတလင်မြို့မြောက်ပိုင်း ခုံမင်းကြီးရပ်ကွက်ထဲက ပြည်သူနဲ့ လှည်း၊နွား ၉ စီးကိုစစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာလ ၂၆ ရက် မနက် ၃ နာရီ၀န်းကျင်မှာ
ဘုတလင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကရပ်ကွက်အတွင်း၀င်ရောက်လာပြီး လှည်း၊နွားနဲ့ နွားလှည်းမောင်းမယ့် ပြည်သူတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

"နွားလှည်းက ၉ စီး၊ရိက္ခာတချို့ အနည်း၊အကျဉ်းပေါ့ဗျာ၊ ရိက္ခာကတော့ အဲ့ဒါယူသွားတယ်ဗျ၊အခု စာသင်ကျောင်း(ဘုတလင် အထက)ထဲ နွားတွေရော၊လှည်းတွေရော ထားထားတယ်၊သက်ကြီးပိုင်းတချို့တော့ ပြန်လွှတ်ပေးလိုက်တယ်"လို့ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ ဟာ နွားလှည်းနဲ့ လှည်းမောင်းသမားတွေ ဖမ်းဆီးအသုံးပြုပြီး ရွာစဉ်လှည့် စစ်ကြောင်းထိုးတာ၊ရိက္ခာပစ္စည်း လုယက်ယူဆောင်တာတွေ လုပ်ဆောင်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

"အခုဟာက စဉ်းစားရခက်တယ်ဗျ၊ လူတွေပဲဖမ်းတာမဟုတ်ဘဲနွားတွေရော၊လှည်းတွေရောဆိုတော့ သူတို့ (စကစ) ဘာအကြံအစည်ရှိတယ်မပြောတတ်ဘူး၊ဘုတလင်ကနေ ကူတော်စခန်းဘက် သွားဖို့လား၊ဘယ်လိုလဲ မသိသေးဘူး၊အခြေအနေ ကြည့်နေရတာပဲ"လို့ ဘုတလင်မြို့နယ် ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၂၅ ရက်မနက်ပိုင်းက မုံရွာမြို့ န၊မ၊ခ တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ကို စစ်ကြောင်းထိုး၀င်ရောက်လာပြီး တွေ့သမျှပြည်သူတွေဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ပြည်သူအများစုက ကြက်သွန်စိုက်တောင်သူတွေနဲ့ခရီးသွားပြည်သူတွေဖြစ်ကြပြီး အနည်းဆုံး လူ ၅၀ ထက်မနည်း ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားသူတွေကို ဘုတလင်မြို့ပေါ်ကစစ်တပ်အထိုင်ချစခန်းတွေမှာ လူခွဲပြီး နေရာချထားတယ်လို့သိရပါတယ်။

#မျက်မှောက်ခေတ်

26/12/2024

မုံရွာ🛑

26•12•2024/7:24Pm

ခင်မွန်ရွာအဝင်အထွက် ဘက်စုံ စခ့ခွေးခြံတောင်ဘက် ကားလမ်းဘေးက ပြည်သူ့ နေအိမ်(၁)လုံးကို အကြမ်းဖက် စခများမှ ယနေ့ ညနေ ၆နာရီခွဲအချိန်လောက်က မီးရှို့နေကြောင်း သိရ။

26/12/2024

လကုန်ဖို့၅ရက်ပဲလိုတော့တဲ့အချိန်မှာ ထောက်ပို့ထီ၆၀၀မှာအစောင်၁၃၀ပဲရောင်းရသေးလို့ သိန်း၅၀၀ကံထူးဖို့ ထောက်ပို့ထီလေး၁စောင်၂၀၀၀ကျပ်နဲ့ အားပေးကြပါအုံးဗျ🙏🙏

25/12/2024

မုံရွာ နမခ⚠️

25.12.2024/9:17Pm

နမခမှ UAV Drone (1)စီး အနောက်တောင်အရပ်သို့ ပျံတက်။


25/12/2024

မုံရွာ🛑

25.12.2024/7:25Pm

မုံရွာမြို့ထဲမှ ၆ဘီးကား(၁)စီးနှင့် အိမ်စီးကား(၂)စီးတောင်ထွက်သွားကြောင်းသတင်းရရှိ။


25/12/2024

ဖြူဖြူထွေးကိုselတာလဲselတာ​ပေါ့ လကုန်ကာနီး​​နေလို့ ယင်းမာပင်အတွက်၁၀သိန်းလိုနေတာလေးနဲ့ ထောက်ပို့ထီအစောင်ရေ၅၀၀ကျန်နေသေးလို့ လာကူပေးကြပါအုံးဗျို့😢😢😢

24/12/2024

အောင်ဇေယျ⚠

24.12.2024/8:08Pm

မုံရွာဘက်မှထွက်လာသော စစ်ကား(1)စီးသည် ယင်းမာပင်မြို့နယ်၊အောင်ဇေယျမြို့သစ်ရပ်သို့ ရောက်ရှိနေကြောင်းသိရပါသည်။


24/12/2024

လကုန်ဖို့၇ရက်လောက်ပဲလိုတော့ပေမဲ့
ထီအစောင်ရေ၅၀၀ကျော်ကျန်နေသေးလို့ လာဝယ်ကြပါအုံးဗျ🥺🙇‍♀️
ထောက်ပို့ထီ၁စောင်မှ၂၀၀၀ကျပ်ထဲပါဗျ
ထီလေးလဲလာထိုးပြီး ယင်းမာပင်အတွက်၁၀သိန်းလိုတာလေးပါကူပေးကြပါအုံး😢😢😢

ဒါလေးကအခုထိ၃၅၀၀၀ပဲရသေးလို့ဝိုင်းကူပေးကြပါအုံးဗျ🙏🙏ပို့ပြီးရင်လဲ မှတ်တမ်းလေး ပြန်လည်ထုတ်ပေးပါ့မယ်ဗျ ၅၀၀ ၁၀၀၀တတ်နိုင်သလောက်...
24/12/2024

ဒါလေးကအခုထိ၃၅၀၀၀ပဲရသေးလို့ဝိုင်းကူပေးကြပါအုံးဗျ🙏🙏ပို့ပြီးရင်လဲ မှတ်တမ်းလေး ပြန်လည်ထုတ်ပေးပါ့မယ်ဗျ ၅၀၀ ၁၀၀၀တတ်နိုင်သလောက်လေးပါဝင်ပေးကြပါအုံးဗျ

23/12/2024

မုံရွာ🛑

23.12.2024/8:57Pm

မအူဂိတ်မှ အနောက်အရပ်ကို လက်နက်ကြီး ၂ချက် ထုထား။
ဘေးကင်းကြပါစေ🙏

23/12/2024

မုံရွာ🛑

23.12.2024/8:43Pm

မအူဂိတ်မှ အနောက်ကို လက်နက်ကြီး ၁ချက် ထုထား။
ဘေးကင်းကြပါစေ🙏

ကြည်နူးစရာမြင်ကွင်းလေးပါ😍ထီးလင်းမြို့နယ်ဘက်မှာ အင်အား ၈၀နဲ့ စစ်ကြောင်းထိုးနေတဲ့ 🐕 အုပ်စုကို ကြားဖြတ်တိုက်ခိုက်ပီး👏💪🧡ပြန်...
23/12/2024

ကြည်နူးစရာမြင်ကွင်းလေးပါ😍
ထီးလင်းမြို့နယ်ဘက်မှာ အင်အား ၈၀နဲ့ စစ်ကြောင်းထိုးနေတဲ့
🐕 အုပ်စုကို ကြားဖြတ်တိုက်ခိုက်ပီး👏💪🧡
ပြန်လာတဲ့ ရဲဘော်တေကို ပြည်သူတေမှ ဂုဏ်ပြုကြိုဆို😍🍂💗

ที่อยู่

Samut Sakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Monywa Roads Information - MRIผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์