Su, A Burmese Filmmaker

Su, A Burmese Filmmaker Filmmaking & Tech Tips | Thailand Education & Lifestyle | Sh*tposting

ဒီနေ့မှာတော့ Project တချို့ရဲ့ Pre-production နဲ့ Distribution ကာလဖြစ်နေတာမို့ ကြုံနေရတဲ့ အခက်အခဲလေးတွေပေါ်မူတည်ပြီး “Co...
29/04/2024

ဒီနေ့မှာတော့ Project တချို့ရဲ့ Pre-production နဲ့ Distribution ကာလဖြစ်နေတာမို့ ကြုံနေရတဲ့ အခက်အခဲလေးတွေပေါ်မူတည်ပြီး “Communication Technology” ဆိုတဲ့အပိုင်းလေးကို ရိုက်ကူးထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။

ချစ်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဘွဲ့ရကျောင်းပြီးခဲ့တာ အနုပညာတက္ကသိုလ်ကမဟုတ်ပဲ ကွန်ပျူတာတက္ကသိုလ်ကနေ ပြီးထားပါတယ်။ ကျောင်းပြီးပြီးချင်းပဲ ၀ါသနာပါတဲ့ ဒီအပိုင်းထဲကို၀င်ပြီး စအလုပ်လုပ်ခဲ့တယ်ပေ့ါ။ စစချင်းကတော့ ကျောင်း(၅)နှစ်ကို အချိန်ပုပ်လိုက်တာလို့ တွေးမိပေမယ့် အလုပ်လုပ်လာရင်းနဲ့ နည်းပညာ Background ရဲ့ အားသာချက်တွေကို သိလာတယ်။

Creative အပိုင်းမှာ ထက် Management အပိုင်းမှာက ဒီဘက်ခေတ်နည်းပညာနဲ့အမှီ သုံးရတဲ့ Tools တွေ၊ Platform တွေ၊ Third Party Software တွေဟာ သုံးတတ်ရင် သုံးတတ်သလောက် အချိန်ကုန် လူပင်ပန်းအရမ်းသက်သာစေပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ Vision ကို တဖွဲ့သားလုံး တသားတည်းကျနေအောင် မျှ၀ေရတဲ့ အပိုင်းမှာပါ။ Portfolio Building နဲ့ Communication အပိုင်းမှာလည်း ဘယ် Platform မှာမဆို ကိုယ့်ကိုရှာတွေ့နိုင်တယ်၊ အလုပ်အပ်နိုင်အောင်လုပ်ထားတယ်။ Data Research လုပ်မလား၊ Sheets တွေနဲ့ Budget တွက်မလား၊ Visual Board တွေ Pitch Deck တွေ ပြင်မလား၊ တချို့ Department တွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါမှာ Technical Terms တွေပါလာရင် ပြင်ဆင်တဲ့အပိုင်းမှာ လွတ်သွားတာမရှိအောင် စသဖြင့် Work Flow တခုလုံးမှာ အားသာချက်တွေရှိလာတာကိုလည်း သတိထားမိတယ်။ (ဒီနေရာမှာ သီးသန့်ကမ္ဘာတခုလို ဖြစ်နေတဲ့ Virtual Wall နဲ့ရိုက်ကူးရေးအပိုင်းတွေအတွက် ဒါကအခြေခံတောင်မဟုတ်သေးပါဘူး)

တဖက်ထဲမှာပဲ အဲ့အပိုင်းတွေကို အားနည်းတဲ့သူတွေဟာ အလုပ်မှာ အားနည်းချက်အဖြစ်ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ Technology Skill Set ကို အပြည့်မလေ့လာချင်ရင်တောင် ကိုယ်ရေရှည်သွားမယ့် Role အတွက်လိုအပ်မယ့် အပိုင်းတွေမှာတော့ လေ့ကိုလေ့လာထားသင့်တာဖြစ်ပါတယ်။ အားလုံးအတွက်အခြေခံကတော့ Team တခုလုံးနဲ့ ဆက်သွယ်ဖို့ Basic Communication Tools တွေဖြစ်တဲ့ GSuite, Social Media Platforms တွေပဲဖြစ်ပါတယ်။

အဲ့မှာမှ ကြုံနေရတာကတော့ နိုင်ငံအလိုက် အသုံးပြုပုံကွာသွားတဲ့ Social Media Platforms ကိစ္စပဲဖြစ်ပါတယ်။ အားလုံးတပြေးညီ information share ဖို့ Group Chat ဖွဲ့တဲ့အခါမှာ(အများစု) မြန်မာတွေက Messenger ၊ ထိုင်းတွေက Line ၊ Westerner တွေက Mail ကွဲတဲ့အခါမှာ Platform တခုထဲမှာ Group ဖွဲ့လိုက်ရင် သုံးနေကျမဟုတ်တဲ့ လူတွေအတွက် information ကနောက်ကျဖြစ်သွားတယ်။ တချို့ဆို အကောင့်မရှိလို့ GP ထဲတောင်ထည့်မရတာက တမျိုးရှိပါသေးတယ်။ GP chat လုပ်တဲ့အခါမှာလည်း ဟို Department ကတခု၊ သရုပ်ဆောင်တွေက သက်သက်၊ Post အတွက် တဖွဲ့ စသဖြင့် Chat တွေကွဲတာလည်းဖြစ်ပေ့ါနော်။

ဒီနေရာမှာ ဘာကိုသတိရမိလဲဆိုတော့ Youtube မှာပြောပြဖူးတဲ့ NFT Film Project မှာ ဒီပြဿနာတွေအားလုံးရှင်းတယ်။ Discord Based Project တွေဟာ Channel ခွဲထုတ်ရ၊ Role ပေးရ၊ Security စစ်ဆေးရ အားလုံးက လွယ်လွယ်ကူကူပဲဖြစ်တယ်။ Web3 Filmmaker တွေအားလုံးကလည်း Discord ကိုအသားကျပြီးသားဖြစ်တယ်။ ရုပ်ရှင် Project တွေဆို နှစ်နဲ့ချီကြာတဲ့အလျှောက် အခုထိ Announcement Channel မှာ Screening Country တွေနဲ့ Date တွေပို့ပေးတုန်း။

ဆိုတော့ ခေတ်အဆက်ဆက်ပြောင်းလဲ တိုးတက်လာတဲ့အခါမှာ Technology ရဲ့ အရေးပါမှုဟာ အမြဲတမ်းထိပ်ဆုံးမှာ ရှိနေဦးမယ်လို့ ထင်ပါတယ်။ တန်းတူရင်ဘောင်မတန်းနိုင်ရင်တောင် မျက်ခြေမပြတ်သွားဖို့ အရေးကြီးနေဦးမှာပါ။

(ဒါက Technology အကြောင်းပြောချင်တာမို့ အဲ့အားသာချက်တွေကိုပဲ ပြောသွားတာပါ။ နောက်Post မှာ ၀ါသနာနဲ့အလုပ်အကိုင်အခွင့်အလမ်းဆက်စပ်ပုံကို သီးသန့်ထပ်ပြောတဲ့အခါကျ အခြား Skill တွေကိုပြောပါ့မယ်)


28/04/2024

Very First MV from Kaset
Stay Tuned!

Bring back to the 2022 Thingyan project breakdown with "Shwin Lan Kar Sate Chan Thar Kya Say" (Official Music Video) by ...
06/04/2024

Bring back to the 2022 Thingyan project breakdown with "Shwin Lan Kar Sate Chan Thar Kya Say" (Official Music Video) by J Fire.
The entire production team did their utmost to convey the History and Culture of Myanmar Thingyan.

Composer : J Fire
Featuring : Khaine Myael Thitsar
Music Producer : Be Bee
Harp : Naung Naung
Flute : U San Lwin
Myanmar Bon : U Min Swe
Violin : San Win Htike
Tracking Doctor & Sound Design : Daniel Saw
Traditional Music Arrange : Naung Naung
Mixing : Brent Kolatalo
Mastering : Randy Merrill

Production Company : EXIT Production

Director, Editor : 1 Dwin
Producer : Aye Chick Su
Director of Photography : Naing Shin Thant
Production Designer : Khon Tha
Costume Designer : Myo Min Soe. Wit Yee
Main Casts : J Fire. Khaine Myael Thitsar. Sue Sha Htoo Kyi. Hmue. Hnin Ei Wint Wah(SNOW). Aung Hsu. Thiri Han. Htar Thit Sar. Su Sandy Htet. Lain Mar Pan Eain. Aung Khant Min. Thant Zaw Oo
Unit Production Manager : Raj
1st Assistant Director : Minn Htet
Shooting Manger : Saii Mon
Camera Operator : Ko Htwe. Yan Lynn. Lin Lin
Gimbal Operator : Moe Thit
1st Assistant Camera : Min Khant
2nd Assistant Camera : Min Khant S.T
Drone : U Win Naing
Continuity : Kaung Sett
Gaffer : Thuwunna
Bestboy Electric : Minn Thant. Kywal Gyi. Kg Lay. Tote Gyi. A Kyine. Ko Chan. Gatone Lay
Lighting House : Aung Pyae Sone
Grip House: Mon Lay
Grip Team : Minn Aung. Zaw Min Lay. Phyu Phway. Arr Ni. Lin Aung. Phoe Chit. Htet Htet. 8 Saw. Aung Ko Latt. Kaung Myat. Nga Myo
Supporting Casts : Ye Yint Linn. Pwint ThinZar
Background Casting : Ko Tun Group
Art Director : Kalan Nge Htoo Thant
Assistant Production Designer : Su M Linn
Prop Master : Ko Bhone Gyi
Set decorator : Zay Yar. Thein Win. Larr Tu. Thet Cho
Stylist : Aung Ko Moe (MOE)
Assistant Stylist : May Zin
Key Hair & MakeUp : Veronica Toan
Assistant Hair & Make Up : Kaung Khant Linn. Nyein
Choreographer : Falcon. Wathone Myat Min
Myanmar Dancer : Yar Lay. Thiri Sandar. Aye Thandar bo. Shwe Yi Win Htet
Bboy Group : Strongest Generation
Bboy Dancers : kohtike. Bipi. Disko. Wai yan phyo. Min thu ka. Arkar paing htut
3D Modeling : Than Naing Soe
3D Rendering : Htoo Aye Win
VFX & Compositing : Ye Wint Lu
Color Grading : Little Bee Lab
DIT : Aung Htet
Still Photographer : Kuki
Behind The Scene Videographer : Nemo. Min Thein Kyaw
Catering : Ma Thida
Transportation Drivers : Oo Bo. Aung Gyi. Aung Chan Thar. Zin Ko Aung. Kyaw Min Oo. Than Oo

Special Thanks To

Akaya Production
Designer Myo Min Soe
Run YGN Clothing
Tun Tun Lin
Thant Hlaing Oo
Win Win Tun
Nyi Zaw
Thar Zaw
Sandar Linn

Reference Photos are copyrighted by Kalan Nge Htoo Thant.


ကနေ့ Varcamp မှာ စိတ်ဝင်တစား လာနားထောင်ပေးကြတဲ့ဘော်ဘော်တွေ အားလုံးကို ကျေးဇူးအထူးပါ🙏🏻ဝင်ရတာအခက်အခဲရှိသွားပြီး မ Join လို...
24/03/2024

ကနေ့ Varcamp မှာ စိတ်ဝင်တစား လာနားထောင်ပေးကြတဲ့ဘော်ဘော်တွေ အားလုံးကို ကျေးဇူးအထူးပါ🙏🏻

ဝင်ရတာအခက်အခဲရှိသွားပြီး မ Join လိုက်ရတဲ့ သူတွေရှိခဲ့မယ်ဆိုရင်လည်း Record Video File လေးကို Youtube Channel မှာပြန်တင်ပေးဖို့ ကြိုးစားပါ့မယ်ရှင့်

ကိုယ်က " Media Industry ကိုစိတ်ဝင်စားတယ် ၊ ထိုင်းမှာ Media နဲ့ အလုပ်လုပ်ဖို့တွေးနေတယ် " ဆိုတဲ့ မိတ်ဆွေ သူငယ်ချင်း ညီကိုမ...
23/03/2024

ကိုယ်က " Media Industry ကိုစိတ်ဝင်စားတယ် ၊ ထိုင်းမှာ Media နဲ့ အလုပ်လုပ်ဖို့တွေးနေတယ် " ဆိုတဲ့ မိတ်ဆွေ သူငယ်ချင်း ညီကိုမောင်နှမတွေကို ရည်ရွယ်ပြီး

Varcamp (Virtual Workshop)ရဲ့
Saturn Room
ညနေ ၃နာရီကနေ ၄နာရီ မြန်မာအချိန်

မှာ ချစ်စု ရှိနေပါ့မယ် ၀င်နားထောင်ရင်း အတူဆွေးနွေးလို့ရပါတယ်။

Varcamp ဆိုတာဘာလဲ? ဘယ်လို Join မလဲ ဆိုတာကို မသိသေးတဲ့သူတွေအတွက်တော့ https://www.facebook.com/Varcamp မှာ လေ့လာလို့ရပါတယ်ရှင့်

Presenting the stunning Stills from the Official Music Video 'All I Might'! Shot in the hearts of Bangkok 2024, by an En...
08/03/2024

Presenting the stunning Stills from the Official Music Video 'All I Might'! Shot in the hearts of Bangkok 2024, by an Energetic Burmese Band "My Brain Is Wet "bringing the house down in Thailand! 🎬
Grateful to work with such incredible talents. Cheers to the entire team for making this journey unforgettable!

All I Might | Official Music Video (2024) ,

Production | Tri-Art Studio
Director | Skyrim
Producer | Aye Chick Su
Director of Photography | Nyein Chan Win Naing, Ambrose
Art Director | Double-A
Mixing | Saw
Mastering | Neonvibes 17
Drum Recording | Feel In Studio
1st Assistant Director | ASett
Drone Operator | Nyein Chan Win Naing
Starrings | Ann, Aung Thi Han
Band Manager | Esther Soe
Stylist | Lu
Hair & MakeUp | Veronica Toan
Best Boys | Thiha, Tak
Translator | Violet
Editor | Skyrim, Nyein Chan Win Naing, Ambrose
Storyboard Artist | Alex
Graphic Designer | Rony
3D Modelling & Animation | Yan Paing Aung
VFX & Compositing | LUTA
Color Grading | Skyrim
Still Photographer | Kito
Special Thanks | Barry, Kaung Khant Thaw, Thiha Soe, Min Thuta, Kaung Sitt Han, Tobi

Music Video in cmt👇


Stoked to present Stills & BTS moments from the Official Music Video 'X Mat Yae A Thet' shot in Bangkok, featuring the B...
01/03/2024

Stoked to present Stills & BTS moments from the Official Music Video 'X Mat Yae A Thet' shot in Bangkok, featuring the Burmese singers Bunny Phyoe & Bobby Soxer. Massive gratitude to everyone who collaborated on this project and trusted in me as a Producer brought this vision to life!

X Mat Yae A Thet | Official Music Video (2024) ,

Production Partner | Greenlight Films Co., Ltd.
Director | GeorgeK
Producers | Nan Yee Aye (Gina) , Aye Chick Su
Executive Producers | Bunny Phyoe , Les Nordhauser
Director Of Photography | Ratana Puttarattanamane (Title)
Art Director | Aw Ya Tha Soe
Editor | Victor Lin
Post Producer & Cam Operator | Lynn Padetha
Unit Production Manager | Paint Jantangsee
1st Assistant Director | Steve
1st AC | Krin Saenpanwattana(Best)
2nd AC | Dice Zee , Hirunkorn Nikornsaen
Equipment Rental House | Baan Film
Key Grip | Subantit Thonglert
Best Boy Grip | Jakkapong Rungsoi
Gaffer | Martin Geissmann
Best Boy Electric | Kittisak Buakuson (Ed)
Costume Designer | Pipatsa Sriyanyong (Daonue)
Assistant Costume Designer | Thiti Somnuek
Key Makeup Artist | Haung Khaung
Assistant Makeup Artist | Kei Ko , Yuna
Production Accountant | Khin Kyawt Kyawt Aung
Storyboard Artist | Aung Thi Han , Alex
Colorist | Mind
Color Lab | Cut, Mix & Color
Production Assistant | Yun Ting Wang , Tak(Ar Kar) , Thin Za Thein
Craft Services | Saruda , Methita Noonoi
Behind The Scene Photographer | Thiha (Somewhere In Art)
Transportation Drivers | Jackie , PEA





Media လောက ကလည်းဖြစ်တယ် ကျောင်းတက်ဖို့ ဘန်ကောက်မှာ ရှာနေတယ်ဆိုတဲ့သူတွေ ခုချိန်မှာ အတော်များများတွေ့လို့ လက်ရှိ Bangkok U...
13/02/2024

Media လောက ကလည်းဖြစ်တယ် ကျောင်းတက်ဖို့ ဘန်ကောက်မှာ ရှာနေတယ်ဆိုတဲ့သူတွေ ခုချိန်မှာ အတော်များများတွေ့လို့ လက်ရှိ Bangkok University မှာ 2nd Year Media Production တက်နေတဲ့သူမို့ Honest Advice ပေးပါရစေ။

မြန်မာကနေ ပြောင်းလာဖို့လုပ်တုန်းက နိုင်ငံအတော်အများကို ရှာခဲ့ပေမယ့် ကုန်ကျစရိတ်အသက်သာဆုံးနဲ့ Industry တိုးတက်မှုအရှိဆုံးက ထိုင်းနိုင်ငံဖြစ်တာမို့ ထိုင်းနိုင်ငံရဲ့ Media နဲ့ ပတ်သက်တဲ့ ကျောင်းတွေကို ရှာခဲ့ပါတယ်။ ထိုင်းမှာ Eng လိုသင်ပြီးတော့ Visa ပေးတဲ့ Media School က လက်ချိုးရေလို့ရပါတယ်။ အဲ့ထဲမှာမှ Mahidol, Assumption နဲ့ Bangkok University လောက်ပဲတွေ့ခဲ့ပြီးတော့ ကျောင်းစရိတ်၊ Curriculum နဲ့ အလုပ်ရနိုင်ခြေရာခိုင်နှုန်းတို့ကို နှိုင်းယှဥ်ပြီး BU ကိုနောက်ဆုံးရွေးခဲ့ပါတယ်။ ဆိုတော့ ကိုယ်လိုမျိုး Bangkok University ကိုရွေးမယ်လို့စဥ်းစားထားရင် ဒီအောက်ကစပြီး သေချာဖတ်နိုင်ပါတယ်နော်

ကိုယ်က ဒီ Industry မှာ နာမည်ရ လူသိများပြီးသားဆိုရင် ၁) ကိုဖတ်ပါ။ မဟုတ်ရင် ၂) ကိုဖတ်ပါ။

၁) ကိုယ်က Social Platform တွေမှာ Influencer ဆိုရင်တော့ တက်တာလုံး၀မမှားပါဘူး။ အခြေအနေကောင်းရင် သေချာပြင်ဆင်ပြီး Scholarship တောင်လျှောက်လို့ရနိုင်ပါတယ်။ Influencer သာဖြစ်၊ ကျောင်းပုံမှန်မတက်ပဲ လုပ်ချင်တာလုပ်နေလည်း ရသလို၊ သူများတွေထက်လည်း အခွင့်အရေးပိုရပါတယ်၊ ကျောင်း Promotion ပွဲတွေမှာတော့ ခဏခဏခေါ်သုံးခံရတာတော့ ရှိတာပေါ့။
ကျောင်းပြီးရင်အလုပ်ရဖို့ကတော့ ကိုယ့်ကိစ္စပေါ့။

၂) ကိုယ်ကအခုမှ Industry ထဲစ၀င်မယ်၊ သို့မဟုတ် Portfolio ကောင်းကောင်းရှိပေမယ့်လည်း လူသိမများဘူးဆိုရင် ကျောင်းသင်ရိုးကို မအပ်ခင် သေချာလေ့လာစေချင်ပါတယ်။ BU မှာ International နဲ့ Thai Program ဆိုပြီး (၂)မျိုးရှိပါတယ်။ Thai Program ကတော့ ထိုင်းလိုပဲသင်ပြီး International မှာမှ English လိုသင်ပါတယ်။Thai Program မှာ Digital Media & Cinematic Arts ဆိုတာရှိပြီး International မှာ Innovative Media Production (IMI) ဆိုပြီးရှိပါတယ်။ သင်ရတဲ့သင်ရိုးချင်း လုံး၀မတူပါဘူး။ ထိုင်း Program က Cinematic ပိုင်းကို စနစ်တကျနဲ့သင်ရတာဖြစ်ပြီး ၊ International Program က Media Industry ကို Overall လေ့လာရတာဖြစ်ပါတယ်။ International Program ဟာ ကျောင်းပြီးရင် အဓိကအားဖြင့် Vlogger, Youtuber, Influencer ဖြစ်ချင်တဲ့လူတွေကို ပိုဦးတည်ပါတယ်။

ဆိုတော့ အသေးစိပ်ဆက်ပြောရရင်

သင်ရိုး
အတော်စုံစုံလင်လင်ကို သင်ပါတယ်။ သိသင့်တဲ့အပိုင်းတွေစုံတာမို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် Assignment တွေက ကျောင်းကိုပြန်အကျိုးပြုမယ့်ဟာတွေ လုပ်ခိုင်းတာတွေများတာမို့ အတော်ဦးနှောက်ဖောက်စားတယ် ခံစားရပါမယ်။ ရိုက်ကူးရေးနဲ့ပတ်သက်တဲ့အပိုင်းတွေသင်တာနည်းပြီး ဟိုဟိုဒိီဒီ Minor Subject တွေအရမ်းများတာမို့ ကျောင်းကိုပဲ အားကိုးနေရင် ဒုတိယနှစ်လောက်ထိ ဘာမှတတ်မှာမဟုတ်ပါဘူး။

လက်တွေ့
ရိုက်ကူးရေးစာတွေအများကြီးမသင်ပေမယ့် လက်တွေ့တွေကိုတော့ မှိုလိုပေါက်အောင်လုပ်ရပါလိမ့်မယ်။ ကျောင်းကထောက်ပံ့ပေးထားတဲ့ Equipment တွေက အရမ်း Limit ဖြစ်ပါတယ်။ ဆရာတွေနဲ့ ရင်းနှီး ကျောင်းက ယုံကြည်မှုရှိပါပြီဆိုပြီး ပေးရင်တောင် အမြင့်ဆုံးရနိုင်တဲ့ Camera က Sony FX9 ပါ။ ပုံမှန်ကျောင်းသားတွေအတွက်ကတော့ Sony A7III ပါ။ ဒါတောင်လုနိုင်မှပါ။ ဆိုတော့ ကျောင်း Assignment လုပ်ဖို့ကို ကိုယ့်ဘာသာ Gear ၀ယ်ရမယ့်ကိစ္စတွေပါ တွဲစဥ်းစားရပါတယ်။ Ipad, Laptop ကတော့ မဖြစ်မနေပေါ့။

ကျောင်းလခ
Semester တဖြတ် (၆လ တခါ) ကျောင်းလခကို ဘတ် ၇သောင်း၀န်းကျင်ကနေ စပြီးပေးရပြီး နှစ်ကြီးလာတာနဲ့အမျှစျေးပိုလာပါတယ်။ (၄)နှစ် Bachelor မို့ စုစုပေါင်း (၈) ခါပေးရမှာပါ။ စုစုပေါင်းပြန်တွက်ကြည့်လိုက်ရင် US,UK ကျောင်းစရိတ်နဲ့ မကွာခြားတော့ပါဘူး။ အလုံးလိုက်ပေးရတာနဲ့ ခွဲသွင်းရတာပဲ ကွာပါတယ်။ ကျောင်းလခကို ကွကိုယ်ကျောင်းတက်နေရင်း ရှာပြီးတက်မယ်လို့ မစဥ်းစားတာ ပိုကောင်းပါတယ်။ Part Time Job ဘာအခွင့်အလမ်းမှ မရှိလို့ပါ။

အထွေထွေအသုံးစရိတ်
ဒါကတော့ ကိုယ်ချွေတာနိုင်ရင် ချွေတာနိုင်သလောက် ရပါတယ်။ ဒါပေမယ့်လည်း အလုပ်အကိုင်အခွင့်အလမ်းအတွက် Network တခုလိုတာမို့ ပိုသွားလာနိုင်လေ ပိုကောင်းလေပါပဲ။ ချွေတာတယ်ဆိုတာလည်း ရောက်ရောက်ချင်း အချိန်အတိုင်းအတာတခုအထိပဲ လုပ်နိုင်ကြတာ များပါတယ်။

အလုပ်အခွင့်အလမ်း
ထိုင်းနိုင်ငံက ထိုင်းဘာသာစကားကို အဓိကထားပြီး သုံးတာကြောင့် ထိုင်းစကားမတတ်ရင် ဒီ Industry မှာ အလုပ်ရဖို့ အရမ်းအရမ်းလုံးပန်းရပါတယ်။ Industry မှာ အလုပ်လုပ်နေတဲ့ Westerner တွေတောင် ထိုင်းလိုမွတ်နေအောင် သင်ထားကြပါတယ်။ Communication သိပ်မလိုတဲ့ Post-Production ပိုင်းကို ၀ါသနာပါတဲ့သူဆိုရင်တော့ ဒီနေရာမှာ ပိုအားသာနိုင်ပါတယ်။ Recommend လုပ်တာကတော့ ကျောင်းကအချိန်ပြည့်တက်ရတာမဟုတ်လို့ ကျောင်းတက်နေရင်း အပြင်အတွေ့အကြုံရမယ့် အခွင့်အလမ်းတွေကို ရှာဖွေနိုင်လေ ကိုယ့်အတွက် ပိုကောင်းလေပါပဲ။ အဲ့အတွက် ပိုက်ဆံရဖို့တော့ စိတ်လျှော့ထားပါ။ ပိုက်ဆံကိုတော့ အခြား ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းတွေနဲ့ နည်းနည်းပါးပါး ရှာလို့ရနိုင်ပါတယ်။

ဆိုတော့ ချုံပြောရမယ်ဆိုရင် ထိုင်း Media Industry ကိုရူးသွပ်လွန်းလို့ လာတက်တာပါ။ ပိုက်ဆံလည်းစိတ်ပူစရာမလိုဘူးဆိုရင် Highly Recommended ပါ။ ကျောင်းကထွက်တဲ့ နာမည်ကြီးတွေ အများကြီးပါ။
မဟုတ်ဘူး Visa ပဲ ရချင်ယုံဆိုရင်တော့ အခြား ဘာသာရပ်တွေကို စဥ်းစားစေချင်ပါတယ်။

အနုပညာမှ အနုပညာပဲ မရဘူးဆိုရင်တော့ အလုံးလိုက်အရင်းလိုက်ပေးရတဲ့ အခြားနိုင်ငံကို ရွေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ BUI ရဲ့ မြန်မာကျောင်းသားအများစုဟာ ကျောင်းပြီးရင် တတိယနိုင်ငံကို ဆက်ကူးဖို့ပဲ တွေးထားနိုင်ကြတာမို့ပါ။ ဟင့်အင်း ကျွန်တော်ကတော့ အနုပညာသမား ရူးရူးမိုက်မိုက်ပဲ ၊ ဒီလောက်ပဲတတ်နိုင်တယ်၊ ကွကိုယ်အပြင်လမ်းကြောင်းတွေကနေလည်း ကြိုးစားဖို့ ယုံကြည်ချက်ရှိတယ်ဆိုရင်တော့ Page မှာ ကိုယ်တိုင် ကျောင်းအပ်လို့ရတဲ့ Process ကိုလည်း တင်ပေးထားပါတယ်။

Welcome ပါ။ Gate မ Keep ပါ။ ကျောင်းမှာ အကုန်လောင်နေကြတဲ့ မြန်မာတွေမနည်းမနောမို့လို့ အတူတူလာလောင်ရင်း ကြိုးစားလို့ရပါတယ်။ အာ့ဆို ဘာလို့ဆက်တက်နေကြတာလဲဆိုရင် တိုးလို့တန်းလန်းနဲ့ ပိုက်ဆံကလည်းအတော်ကုန်ထားပြီး ဘာဆက်လုပ်ကြရမှန်းမသိကြလို့ပါ။



ဒီရက်ပိုင်းတွေမှာတော့ ရိုက်ထားပြီး Edit တွေပုံနေတဲ့ Tutorial Video တွေကို တလှည့်ပြန်တင်သွားချင်ပါတယ်။ မဟုတ်ရင်လည်း ပေ့ချ...
24/10/2023

ဒီရက်ပိုင်းတွေမှာတော့ ရိုက်ထားပြီး Edit တွေပုံနေတဲ့ Tutorial Video တွေကို တလှည့်ပြန်တင်သွားချင်ပါတယ်။ မဟုတ်ရင်လည်း ပေ့ချ်ကို မေ့လို့နေပြီ :3

ပထမဆုံး Video ကတော့ IOS User တွေအတွက် ထိုင်းကိုရောက်လာပြီး App Store ကနေ တချို့ App တွေ Download ဆွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရဲ့ Apple ID ကို ထိုင်း Region ပြောင်းဖို့အတွက် ဘယ်လိုပြောင်းမလဲဆိုတာကို ရှင်းပြထားတဲ့ Tutorial Video ဖြစ်ပါတယ်။


If you cannot download some applications of thailand region from app store , watch this video.

My recent Student Project for Insurance Company Online Ads as a Multi Platform Storytelling Assignment Thanks everyone i...
06/10/2023

My recent Student Project for Insurance Company Online Ads as a Multi Platform Storytelling Assignment

Thanks everyone in the team

29/08/2023

Bangkok University နားတ၀ိုက်ကို စျေးသက်သက်သာသာနဲ့ ဘယ်လိုသွားကြမလဲ?

Thai မှာ Facebook အသုံးပြုခွင့်ပိတ်တော့မယ်ဆိုတာ တိကျသေချာတဲ့ အဆင့်ကိုမရောက်သေးပါဘူးနော်❗️- Facebook ပေါ်ကနေ Scammer တွေန...
26/08/2023

Thai မှာ Facebook အသုံးပြုခွင့်ပိတ်တော့မယ်ဆိုတာ တိကျသေချာတဲ့ အဆင့်ကိုမရောက်သေးပါဘူးနော်❗️

- Facebook ပေါ်ကနေ Scammer တွေနဲ့ Fake Acc, Page တွေကြောင့် ဒီကာလအတွင်း အလိမ်ခံရတဲ့အမှုတွေတောက်လျောက်ဖြစ်နေလို့ ထိုင်းနိုင်ငံရဲ့ Digital Economy & Society ဌာနဘက်က Meta Company ဘက်ကို တောင်းဆိုထားတာတွေရှိပေမယ့် ဟိုဘက်က Mail ကိုချက်ချင်း မလာလို့ Media တွေကနေတဆင့် တရားရုံးတက်တော့မယ်ဆ်ိုပြီးပြောသွားတာပဲရှိပါသေးတယ်။

- Meta ဘက်ကညှိပေးလိုက်ရင် အဆင်ပြေသွားမှာဖြစ်နိုင်သလို တရားရုံးရောက်ရင်တောင် ပိတ်ပစ်လောက်သည်အထိ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းအတော်နည်းတယ်လို့ ယူဆပါတယ်။

- Thai က Covid အပြီးမှာ Digital Nomad အနေနဲ့ ရောက်လာတဲ့ Foreigner တွေအရမ်းများလာသလို Monetization Payout မှာလည်း ထိုင်း Region အောက်ကနေ ထုတ်တဲ့ လူပေါင်းမနည်းတဲ့အတွက် ထိုင်းစီးပွါးရေးအနေနဲ့ ထိခိုက်မှာ မနည်းမနောရှိလာနိုင်မှာ မို့လို့ပါ။

- ဆိုတော့ တထစ်ချကြီးသတ်မှတ်ပြီး ဟိုလူထိုးရောင်း ဒီလူထိုးရောင်းလုပ်နေတဲ့ ISA Service သမားတွေကို သတိထားပြီး တကယ်သာပိတ်ခဲ့ရင် ဘယ် Region အောက်ကလုပ်ကြမလဲဆိုတဲ့ Plan B လောက်ကို ပြင်ဆင်ထားနိုင်ယုံလောက်ဆို လုံလောက်မယ်ထင်ပါတယ်

💢ဒီသတင်းကို စောင့်အကြည့်သင့်ဆုံးကတော့ Thai Region အောက်ကနေ Meta နဲ့ ငွေချေ ၊ ငွေထုတ် လုပ်နေတဲ့ Digital Business သမားတွေပါ။ 💢

ဒါကတော့ Reuters မှာ တင်ထားတဲ့ သတင်း Link ပါ

Thailand's digital minister plans to ask a court to shut down Meta Platforms' Facebook in Southeast Asia's second largest economy unless it takes action over scams that have affected more than 200,000 people, he said on Monday.

ဒီနေ့တော့ အရမ်း Hot ဖြစ်သွားခဲ့တဲ့ barbie ဇာတ်ကားရဲ့ soundtrack တစ်ပုဒ်ဖြစ်တဲ့ Billie Eilish ရဲ့ What was I made For ဆို...
24/08/2023

ဒီနေ့တော့ အရမ်း Hot ဖြစ်သွားခဲ့တဲ့ barbie ဇာတ်ကားရဲ့ soundtrack တစ်ပုဒ်ဖြစ်တဲ့ Billie Eilish ရဲ့ What was I made For ဆိုတဲ့ သီချင်းအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။

1️⃣ How I Feel First

စစချင်းဒီသီချင်းကို စကြားမိတာက အလုပ်လုပ်နေရင်းနဲ့ နောက်ကဖွင့်ထားတဲ့ Youtube autoplay ကနေ စကြားမိတာပါ။ Billie Ellish သီချင်းအသစ်ထွက်ထားတာပဲ ဆိုပြီး MV ပါတွဲပြီးကြည့်ရင်းနဲ့ သီချင်းသာပြီးသွားတယ် Catchy ဖြစ်ကျန်ခဲ့ရော။ Barbie ကလည်း ကြည့်ချင်ပေမယ့် မကြည့်ရသေးတော့ Soundtrack တွေကိုလည်း မသိသေးတော့ ဒီသီချင်းကို Soundtrack မှန်းမသိခဲ့ဘူး။ What Was I Made For ဆိုတဲ့သီချင်းနာမည်ကိုမှ MV က ရိုးရိုးလေးနဲ့ Wardrobe Doll Box ကိုပြသွားတာဆိုတော့ သူ့ Lifestyle ရဲ့ တစ်ခုခုကိုပြောတာပါပဲလေဆိုပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး တလောလေးတင်ပဲ Barbie ကိုသွားကြည့်မိပြီး ထုံးစံအတိုင်း ရှာဖွေရေးတွေစလုပ်တော့တာပဲ။

2️⃣ Behind The Lyrics

ဒီသီချင်းကိုစလုပ်ဖို့ပြောတဲ့သူက Billie Eilish ရဲ့အကို Finneas ပဲဖြစ်တယ်။ Finneas က တေးရေး၊တေးဆို၊ တေးသီချင်းထုတ်လုပ်သူ စသဖြင့် ဘက်စုံတော်တဲ့အပြင် Billie Eilish ရဲ့ သီချင်းတော်တော်များများမှာရော ထွက်ထားတဲ့ Doumentary တွေမှာကအစ အမြဲတွဲပြီးတွေ့ရတဲ့ စိတ်တူ၀ါသနာတူအကိုတယောက်ဖြစ်တယ်ပေါ့နော်။ ဆိုတော့ Finneas က ဒီ Project ကိုသယ်လာပြီးတော့ ငါတို့ Barbie ဇာတ်ကားအတွက် Soundtrack လုပ်ကြည့်ကြမလားဆိုပြီး Billie ကိုမေးပေမယ့် James Bond ရဲ့ No Time To Die လိုမျိုး Themesong နဲ့ ဇာတ်၀င်တေးတွေကို အချိန်အကြာကြီးယူပြီး လုပ်ခဲ့ဖူးတဲ့အတွက် လုပ်ဖို့မလွယ်လောက်ဖူးဆိုပြီး Billie တယောက် ငြင်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း Barbie ဇာတ်လမ်းရဲ့ Scene တချို့ကိုရပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ Personal Lifestyle နဲ့ တိုက်ဆိုင်လွန်းတဲ့အတွက် Mood အရမ်းရပြီးတော့ တညထဲနဲ့ တပုဒ်လုံးနီးပါးကို မောင်နှမနှစ်ယောက်သား ဖန်တီးနိုင်ခဲ့တယ်လို့ Genius ရဲ့ Interview တွေမှာဖြေထားတာကို တွေ့ရပါတယ်။

3️⃣ Music Video Making

MV ကတော့ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် အနုပညာ သက်တမ်းတခုရလာပြီး အရမ်းအားထည့်ထားတဲ့ သီချင်းမျိုးတွေဆို ကိုယ်တိုင် Director ၀င်လုပ်လိုက်ရမှ အားရသွားတဲ့ အဆိုတော်တွေရဲ့ ထုံးစံအတိုင်း Billie ကိုယ်တိုင်ပဲ Directing လုပ်ထားတာကိုတွေ့ရတယ်။ Technically အရဆိုရင်တော့ One Take Style ရိုက်ထားပြီးတော့ အပြင်အဆင်ဘက်မှာတော့ မြင်နေကျပုံစံမဟုတ်တဲ့ 50s Style Fashion & Look ကို Perfect အမျိုးသမီး ဆန်ဆန်မျိုး ပြင်ထားတာကိုတွေ့ရတယ်။ ဒါကလည်း Barbie Character ရဲ့ တစိတ်တပိုင်းပဲဖြစ်တယ်။

Element တွေအနေနဲ့ဆိုရင် 3rd Verse အရောက်မှာ မိုးတွေရွာပြီး လေတွေတိုက်လာတာဟာလည်း အခက်အခဲတွေ ဆိုတဲ့ Element အနေနဲ့သုံးသွားတာကို တွေ့ရတယ်။
နောက်တစ်ခုက Props အဖြစ်သုံးသွားတဲ့ Box ထဲက Outfit တွေကို Billie ကသူတကယ်၀တ်ဖူးတဲ့ Costume တွေအတိုင်း (၁၈)စုံလုံးကို Miniature ပြန်လုပ်ထားပြီးတော့ သူ့ရဲ့ Personality တစ်ခုချင်းစီကို ကိုယ်စားပြုထားတဲ့ element အနေနဲ့ သုံးထားတာဖြစ်ပါတယ်။

ချုံပြောရမယ်ဆိုရင် Designer Made တွေကို၀တ်ရသလိုပဲ လူတွေသဘောကျရတဲ့ Personality တွေအတိုင်း နေရတဲ့အခါ အခက်အခဲတွေဖြစ်လာတဲ့ သူရဲ့ Music Life Career ကို ပြောပြထားတာဖြစ်ပါတယ်။
ဒီအချက်ကို Black Pink ထဲက Jennie ကလည်း ဒီနှစ်ထဲမှာ The Idol နဲ့ပြောပြသွားတာဆိုတော့ နောက်ထပ်ဘယ်သူတွေကရော ဘယ်လိုထပ်ပြီးထောက်ပြသွားဦးမလဲ...

What Were You Made For?

13/08/2023

Bangkokကို Fresher ကျောင်းသားအနေနဲ့ ရောက်လာပြီဆိုရင် ဘာ Card တွေကို စဖွင့်ထားသင့်လဲ?




❕Purin Short Film Camp(2023) Entry Calling❕Thai နိုင်ငံရဲ့ Purin Pictures Film Fund က ဦးဆောင်ပြုလုပ်မယ့် Shortfilm Camp...
10/08/2023

❕Purin Short Film Camp(2023) Entry Calling❕

Thai နိုင်ငံရဲ့ Purin Pictures Film Fund က ဦးဆောင်ပြုလုပ်မယ့် Shortfilm Camp 2023 အတွက် Open Call စခေါ်နေပါပြီ။
SEA Independent Filmmaker တွေကိုဦးစားပေးခေါ်တာဖြစ်လို့ Thailand, Lao, Cambodia နဲ့ Myanmar (၄)နိုင်ငံက Filmmaker တွေလျှောက်လို့ရမှာဖြစ်ပါတယ်။

⬇ Selection Progress

- Project တစ်ခုကို Director နဲ့ Producer (၂)ယောက်Team အနေနဲ့ လျှောက်လို့ရမှာဖြစ်ပြီးတော့ အားလုံးထဲကမှ စုစုပေါင်း(၁၂) Team ကိုရွေးချယ်ပြီး Project Develop လုပ်ဖို့အတွက် Writing, Directing, Producing Training Camp ကို Experienced Mentor တွေနဲ့အတူ Thai နိုင်ငံမှာ December 11 ကနေ 20 အထိ လူကိုယ်တိုင် တက်ခွင့်ရမှာပါ။
- Training ကာလ အဆုံးမှာတော့ Team (၁၂)ဖွဲ့အနေနဲ့ Pitching Competition ကို ၀င်ရမှာဖြစ်ပြီးတော့ (၄)ဖွဲ့ကို Grant အနေနဲ့ USD 5,000 နဲ့အတူ Post-Production Package (၂)ခုကို Color Grading & Sound Process အတွက် ရရှိမှာပါ။
- အဲ့တာအပြင် Runner Up (၂)ဖွဲ့ကိုလည်း Busan Festival 2024 ရဲ့ Platform Busan အတွက် invitation ပေးသွားမှာဖြစ်ပါတယ်။

⬇ Eligibility

အဖွဲ့၀င်(၂)ဦးလုံး အသက်(၃၅)နှစ်အောက်ဖြစ်ရမယ်။
Director အနေနဲ့ Short Film တကားရိုက်ဖူးထားပြီးတော့ Feature, Series စတာတွေကိုရိုက်ထားဖူးခြင်းမရှိရ။
အဖွဲ့လိုက်လျှောက်ထားတဲ့နေရာမှာ Producer အနေနဲ့ Project အကန့်အသတ်မရှိလျှောက်ထားနိုင်ပေမယ့် Director အနေနဲ့ကတော့ Project တခုအတွက်ပဲ လျှောက်ထားလို့ရ။
Student Project/ Thesis Project မဖြစ်ရ။
Documentary / Animation Type Project မဖြစ်ရ။
လိုအပ်တဲ့ Application Material အကုန် Eng လိုဖြစ်ရမယ်။

🌐 ဦးစားပေးအချက်တွေပဲ ရေးထားတာဖြစ်လို့ စိတ်၀င်စားရင် အသေးစိပ်ကို https://www.purinpictures.org/short-film-camp-2023?fbclid=IwAR3VDR8Cpy2XBm1P1a__4nbX_XhY2w7jnhT5mnsxSZcgfzsvgWJhELHYjU8 မှာ ဆက်ပြီးဖတ်နိုင်ပါတယ်။

‼️ Deadline ကတော့ September 20,2023 ဖြစ်ပါတယ်။ ‼️

⬇️ မနှစ်ကမြန်မာနိုင်ငံကနေ Selection ပါခဲ့တဲ့ Team (၄)ခုရှိပြီးတော့ Grant နဲ့ Busan Invitation ရခဲ့တဲ့ Project တွေကို Purin Pictures Page မှာ ပြန်ပြီးလေ့လာနိုင်ပါတယ်။

https://www.facebook.com/purinpictures/posts/pfbid0q33KiC8V4nHRRCkmjWJjshh6cEk9ub68rBZ3d5XJvNoiESVq6XGvSzFEA87KsP6Zl



Canada နိုင်ငံ Vancouver Film School မှာ (၁) နှစ် ကျောင်းတက်ခွင့်ရမယ့် Scholarship! ရုပ်ရှင်လောကကလူတွေအတွက် ရင်းနှီးပြီး...
15/07/2023

Canada နိုင်ငံ Vancouver Film School မှာ (၁) နှစ် ကျောင်းတက်ခွင့်ရမယ့် Scholarship!

ရုပ်ရှင်လောကကလူတွေအတွက် ရင်းနှီးပြီးသားဖြစ် တဲ့Entertainment Arts Institution VFS ဟာဆိုရင် ပထမဆုံးအနေနဲ့ Scholarship ခေါ်နေတာကို တွေ့ရပါတယ်။

Offered Region တွေထဲမှာ Asia Pacific & Southeast Asia Region လည်းပါတာမို့ စိတ်၀င်စားတဲ့သူတွေအနေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်ရှင့်။

- Scholar Type ကတော့ Program တစ်ခုချင်းအတွက်ကို Region တစ်ခုစီကနေ 100% Full Tuition Scholarship (၁)ဆု နဲ့ 50% Half Tuition scholarships (၂)ဆုပေးမှာပါ။

- ရွေးပြီးလျှောက်နိုင်တဲ့ Program တွေကတော့

⚫️ 3D Animation & Visual Effects
⚫️ Classical Animation
⚫️ Film Production
⚫️ Programming for Games, Web & Mobile
⚫️ Game Design
⚫️ Digital Design
⚫️ Sound Design for Visual Media
⚫️ VR/AR Design & Development (8 months)
⚫️ Makeup Design for Film & Television
⚫️ Writing for Film, Television & Games

တို့ဖြစ်ပါတယ်။ Deadline ကတော့ July 31, 2023 နဲ့ Result ကိုတော့ August 18, 2023 မှာပြန်ပြီး အသိပေးမှာပါ။

- လိုအပ်တဲ့ Basic Requirements တွေကတော့

1️⃣ Eng Proficiency
- TOEFL score of 550 (213 Computer-Based Test)
- TOEIC score of 785
- IELTS Band 6.5
- LPI Level 5
- B2 First (Formerly Cambridge English: First (FCE)): Grade A or Grade C depending on the programs you apply to.
- Transcripts from an English-speaking high school or an accredited English- speaking post-secondary institution. Transcripts can be in native language.
- Duolingo English test score of 120 or higher. The Duolingo test is accepted 5 to 7 business days before the contest closes.

2️⃣ University / High School Transcript
3️⃣ (2) Recommendation letters
4️⃣အသက် (၁၉)နှစ်အနည်းဆုံးရှိရပါမယ်
5️⃣ ကိုယ်လုပ်ထားခဲ့ဖူးတဲ့ Portfolio Link နဲ့အတူ ကိုယ်လျှောက်မယ့် Program ပေါ်မူတည်ပြီး ထပ်တိုး Documents တွေရှိတာမို့ အသေးစိပ်ကို အောက်ကလင့်ခ်မှာသွားပြီးဖတ်လို့ရပါတယ်။

ကိုယ်တိုင်ကလည်း Online ကနေတွေ့ပြီး ပြန် Share ပေးတာဖြစ်တာမို့လို့ ချစ်စုကို Chatbox မှာလာမေးတာမျိုးထက် အသေးစိပ်သိချင်ရင် ကိုယ်တိုင် Website မှာပဲဆက်ပြီးလေ့လာတာက ပိုပြီးတိကျသေချာပါလိမ့်မယ်ရှင့် !

ဒီ Scholarship နဲ့ပတ်သက်ပြီး ထပ်သိထားတာရှိရင် Comment မှာ အကြံပေးသွားနိုင်ပါတယ်။
Deadline ကအတော်လေးကပ်နေပြီမို့လို့ စိတ်၀င်စားရင်တော့ ခုကတည်းက ပြင်ဆင်ဖို့အကြံပေးချင်ပါတယ်နော်။




အနုပညာအတွေ့အကြုံသက်တမ်း ဘယ်လောက်ရှိလဲ ဆိုပြီးခဏခဏ ပညာစမ်းခံရလို့ ကြုံတုန်းလေးအားလုံးသိရအောင် မျှဝေလိုက်ပါရစေ ☺️ ✅ဦးရွှေရ...
12/07/2023

အနုပညာအတွေ့အကြုံသက်တမ်း ဘယ်လောက်ရှိလဲ ဆိုပြီးခဏခဏ ပညာစမ်းခံရလို့ ကြုံတုန်းလေးအားလုံးသိရအောင် မျှဝေလိုက်ပါရစေ ☺️

✅ဦးရွှေရိုး၊ ဒေါ်မိုး စုံတွဲအကမှ ဒေါ်မိုးအဖြစ်
(မည်သူ့မှဆုမပေး၍မရလိုက် ၊ မူကြို)

✅ရွှေသွေးဆေးရောင်ခြယ်ကဏ္ဍ
(အမှတ်စဉ်မမှတ်မိ ၊ ပထမဆု)

✅Kid zone ပဟေဠိပေါင်းစုံပြိုင်ပွဲကြီး
(တနိုင်ငံလုံးချုပ် ၊ ပထမဆုNintendo ဂိမ်းစက်ဆုကြီး)

✅မင်္ဂလာမောင်မယ်
(အမှတ်စဉ်မမှတ်မိ ၊ စာစီစာကုံးစာမူရွေးချယ်ခံရ)

✅ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း
(ကျောင်းတွင်းမူလတန်း ၊ ဒုတိဆု)

✅ဒုတိယတန်း Blazon Supermarket
(2nd runner up in Modeling)
(1st prize in Acting)

✅စတုတ္ထတန်း မြို့နယ်စစ်
(ကျောင်းပေါင်းစုံ မြန်မာစာဘာသာ ၊ တတိယဆု)

✅ဒုတိယတန်း
(အင်္ဂလိပ်တီးလုံးဖြင့် စုံတွဲခုတ်က၊ ကဗျာလွတ်က ထူးချွန်၍ ကျောင်းအုပ်ရုံးခန်းတွင် အိုဗာတင်းခေါ်တိုက်ပြီး ဓာတ်ပုံတွဲရိုက်ခံရ)

✅၁၀တန်း CAE နေပြည်တော် တန်ဆောင်တိုင်ပွဲ
(ညတွင်းချင်းလက်တန်းရေးအငြိမ့်တိုက် ၊ ဆရာပျက်ရယ်ပြုမှုဖြင့် အခန်းပိတ်အဆဲခံရ)

✅ကွန်ပျူတာတက္ကသိုလ် Fresher Welcome
(ရက်တိုဖြင့် ပြဇာတ်ရေးပြီး သရုပ်ဆောင် ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီသက်သွင် ကိုယ်တိုင်လာရောက် ချီးကျူးဂုဏ်ပြုစကားပြောကြား)

✅Bunny Phyoe
(အင်တာနက်တေးသီချင်းခေတ် ၊ ပထမဦးဆုံး နယ်ပရိတ်သတ်အဖြစ် အသိအမှတ်ပြုပြန်စာရ)

✅Stars & Models ,John Lwin
(2014 Batch 12 Certificated)

✅မင်္ဂလာမန္တလေးရှိ အဆိုပြိုင်ပွဲကြီးတခု
(Audition မှာတင် ပြုတ်)

✅MV & Short Film Cast
(ကိုယ့် Production မှ Extra မလောက်သည့်အခါများ၊ ဘော်ဒါချင်း သူ့အင်္ကျီကိုယ့်ပေးဝတ် ဇာတ်ရုပ်များ)

✅ထိုင်းနိုင်ငံဘန်ကောက်တက္ကသိုလ်
(Fresher Welcome အဖွဲ့လိုက်တေးသရုပ်ဖော် Game တွင် ငွေဆွဲပြားရ)

* ဆုတွေအရမ်းများတော့လေ သိပ်မမှတ်မိတော့လို့ သတိရရင်ရသလို ထပ်ဖြည့်သွင်းသွားပါမယ်နော် *

08/07/2023

သူငယ်ချင်းများ။ ။ ရောက်တာတနှစ်လောက်ကြာပြီဆိုတော့ နင်ထိုင်းလူမျိုးတွေနဲ့ တော်တော်ပြောတတ်ဆိုတတ်ဖြစ်နေပြီနေမှာနော် 🤩

တကယ်တမ်းမိမိတို့။ ။ 😦🤔😼

ကနေ့မှာတော့ ရုပ်ရှင်အဖွဲ့သားတွေကြား ခေါင်းအစားဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ Project ကို Funding / Grant ရအောင်ဘယ်လိုရှာရမလဲဆိုတဲ...
11/06/2023

ကနေ့မှာတော့ ရုပ်ရှင်အဖွဲ့သားတွေကြား ခေါင်းအစားဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ Project ကို Funding / Grant ရအောင်ဘယ်လိုရှာရမလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး Chat GPT ကိုခေါင်းစားထားတဲ့အကြောင်းကို ပြန်ပြီး Sharing လုပ်သွားချင်ပါတယ်

ကိုယ့်အတွေ့အကြုံတွေရှိရင်လည်း Comment မှာပြန်ပြီး Sharing လုပ်သွားနိုင်ပါတယ်နော်



How to Find Film Grants by Using Chat GPT?

💸 ခြေလေးချောင်း Money Has Four Legs  💸(Not A Movie Review)ပထမဆုံးပြောချင်တာ ဒီPostက ရုပ်ရှင် Review မဟုတ်ပါဘူး။Page မှာ ...
06/05/2023

💸 ခြေလေးချောင်း Money Has Four Legs 💸
(Not A Movie Review)

ပထမဆုံးပြောချင်တာ ဒီPostက ရုပ်ရှင် Review မဟုတ်ပါဘူး။
Page မှာ သဘောကျတဲ့သီချင်းတွေနဲ့ ပတ်သက်ပြီး တင်နေကြပုံစံအတိုင်း ခေါင်းစဥ်(၃)ခုအောက်ကနေ မြန်မာရုပ်ရှင်တစ်ကားကို ပြန်ပြီးမျှ၀ေယုံသက်သက်ဖြစ်ပါတယ်။

1️⃣About The Movie

ခြေလေးချောင်းက ၁နာရီနဲ့၃၉မိနစ်ကြာတဲ့ Feature ရုပ်ရှင်တစ်ကားပါ။
ဇာတ်လမ်းကို 2021 မှာ စတင်ဖြန့်ချီခဲ့ရာကနေ လက်ရှိအချိန်အထိ Locarno, BIFF, VIFF အပါအ၀င်အခြား Film Festivals တော်တော်များများမှာ Screening လုပ်ထားပြီးသလို Nomination & Awards တွေလည်းရရှိထားပါတယ်။ အခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကြည့်လို့ရနေပါပြီ။
ဒါရိုက်တာ Ko Maung Sun နဲ့ ထုတ်လုပ်သူ Ma Eaint အပြင် အခြားသော Myanmar Independent Filmmaker အတော်အများလည်း ပါ၀င်ရိုက်ကူးထားတယ်။ 🇲🇲

2️⃣How I Feel

ဒီရုပ်ရှင်ကို 2020 Busan ရုပ်ရှင်ပွဲတော်မှာ ရွေးခံရကတည်းက စောင့်နေတာ တော်တော်ကြာပြီ။
ဇာတ်လမ်းကျောရိုးအနေနဲ့ မြန်မာရုပ်ရှင်လောကအကြောင်းကို Comedy,Drama ပုံစံနဲ့ မြင်ရမှာမို့ အရမ်းစိတ်၀င်စားပြီးကြည့်ချင်နေတာ။ မြန်မာရုပ်ရှင်အနေနဲ့ အခုလိုနိုင်ငံတကာရဲ့ Mainstream ထဲထိ၀င်ဖို့ အရမ်းခက်ခဲနေတဲ့အချိန်မှာ ဒီရုပ်ရှင်ကို အခြားနိုင်ငံရဲ့ ရုပ်ရှင်ရုံမှာ ကြည့်ရတာက တကယ်ကို စိတ်ခွန်အားတွေ အများကြီးရခဲ့တယ်ပြောရမယ်။ ဖန်တီးသူတွေအနေနဲ့ဆို ကိုယ့်ရုပ်ရှင်ကို ပျော်ပျော်ကြီး ရုံမှာကြည့်နေရမယ့်အချိန်မှာ တလွဲအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာရှိနေရပြီး မကြည့်ရတဲ့အတွက်လည်း တကယ်၀မ်းနည်းအားနာဖြစ်မိတယ်။ 😞

နိုင်ငံရေးအခြေအနေတွေ မဆိုးခင်တုန်းက ရိုက်ခဲ့တဲ့ဇာတ်လမ်းဆိုပေမယ့် Screening ပြတဲ့အချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုထဲပါလို့ဆိုပြီး ထုတ်လုပ်သူ Ma Eaint က (၂)နှစ်၀န်းကျင်ဖမ်းခံရခဲ့ပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပြန်လွတ်မြောက်လာတာပါ။ International Screening ပြနေတဲ့ရုပ်ရှင်မှာ ထုတ်လုပ်သူ မတက်နိုင်ခဲ့တဲ့အပြင် အဖမ်းခံနေရတဲ့အတွက် နိုင်ငံတကာက ပိုအာရုံစိုက်မှုခံရပြီး Speak Out လည်း၀ိုင်းပြီး လုပ်ပေးခဲ့ကြတာကိုလည်း တွေ့ရတယ်။ ကိုယ်တိုင်ကလည်း ထုတ်လုပ်သူတယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့အတွက် Ma Eaint နေရာက၀င်ကြည့်ရမယ်ဆိုရင် တော်ရုံနစ်နာမှုမဟုတ်ဘူးလို့ ပြောရမယ်။

3️⃣How About You

မြန်မာ့ရုပ်ရှင်အဖွဲ့သားတွေရဲ့ အခုအခြေအနေမှာ မျှော်လင့်ချက်က ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာတစ်ခုကို နိုင်ငံတကာက ပိတ်ကားတွေပေါ်မှာ ပြသဖို့ဖြစ်ကြပေမယ့် ကြည့်ရှုသူတွေရဲ့ အမြင်၊ သဘောထား၊ အားပေးမှု စတာတွေကတော့ နိုင်ငံတကာအနေနဲ့ ပြန်ကြည့်ရင် အများကြီးလိုအပ်ပါတယ်။ International Screening ပြထားတဲ့ မြန်မာရုပ်ရှင်တွေကို ကြည့်ရဖို့ အခွင့်အရေးအရမ်းနည်းတဲ့အချိန်မှာ အခုလိုထိုင်းနိုင်ငံမှာ အလွယ်တကူလက်မှတ်၀ယ်ကြည့်လို့ရတာက အရွေ့တခုဖြစ်လာတဲ့အတွက် တတ်နိုင်တဲ့သူတွေအနေနဲ့ အတူတူ၀ိုင်းတွန်းနိုင်ရင် ဖန်တီးသူတွေအတွက် နောက်ထပ်အခွင့်အလမ်းတွေ အများကြီးရှိလာမှာပါ။ ✔️

🗓 ဒီလကုန်အထိ ဘန်ကောက်မြို့ Samyan ရုပ်ရှင်ရုံမှာ ပြသနေဦးမှာဖြစ်ပြီးတော့ ပွဲချိန်တွေနဲ့ လက်မှတ်တွေကို https://www.housesamyan.com/ ကနေ အလွယ်တကူကြည့်ပြီး၀ယ်လို့ရသလို ရုံရှေ့မှာလည်း ၀ယ်လို့ရပါတယ်။ 📍

ကြည့်ပြီးသွားတဲ့ ရုပ်ရှင်ချစ်သူတွေအနေနဲ့လည်း Wikipedia, IMDB, MUBI, Rotten Tomatoes Official Website တွေရဲ့ Money Has Four Legs Page မှာ Contribute ၀င်ပြီးလုပ်သွားလို့ရပါသေးတယ်။ 🎞

Semester တစ်ခုတစ်ခုအလယ်ရောက်တာနဲ့ ပျောက်သွားတတ်တဲ့ မချစ်စု ပြန်လာပါပြီ🫶ဒီတစ်ခါ Semester Break ကတော့ (၃)လဝန်းကျင်လောက်ပိတ...
04/05/2023

Semester တစ်ခုတစ်ခုအလယ်ရောက်တာနဲ့ ပျောက်သွားတတ်တဲ့ မချစ်စု ပြန်လာပါပြီ🫶

ဒီတစ်ခါ Semester Break ကတော့ (၃)လဝန်းကျင်လောက်ပိတ်တာမို့လို့ Page ကို သေချာအချိန်ပြန်ပေးနိုင်အောင် ကြိုးစားပါ့မယ်လို့ 🤢

အခုတော့ ဘန်ကောက်မှာ Covid တွေပြန်ဖြစ်နေတာရော ရာသီဥတု ဂဂျိုးဂဂျောင်တွေရောမို့ အားလုံးပဲ ဂရုစိုက်ကြပါဗျို့

Finally a long wait is over.A Must watch Feature Film! Don't miss this opportunity to watch in Bkk🇹🇭
26/04/2023

Finally a long wait is over.
A Must watch Feature Film!
Don't miss this opportunity to watch in Bkk🇹🇭

ခြေလေးချောင်းရုပ်ရှင် ဧပြီ ၂၇ ရက်နေ့ကစပြီး ဘန်ကောက်မှာ ပြပြီ။
ဧပြီ၂၇ ရက်ကစပြီး နေ့တိုင်း သုံးချိန်ရှိပါတယ်။

• မွန်းလွဲ ၁၂:၃၅
• ညနေ ၆:၄၀
• ညနေ ၁၀:၃၅

အောက်ကလင့်မှာ အွန်လိုင်းကတစ်ဆင့် ဝယ်လို့ရပါတယ်။
linktr.ee/commonmove

နေရာ
House Samyan
https://maps.app.goo.gl/4mrbY42YbNnqbGeT7

ဗမာလိုပြော၊ အင်္ဂလိပ်နဲ့ ထိုင်းလို စာတမ်းထိုး။
Trailer: https://www.facebook.com/CommonMove/videos/583338323541191

တခြားမြို့တွေ
-------------
# ဧပြီ ၂၈ ရက် ညနေ ၇ နာရီ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလ Songkhla ခရိုင်က အမ်ဖိုးမြွံ Amphoe Mueang မြို့က a.e.y.space မှာ ပြမယ်။
Ticket booking: m.me/aeyspace

# ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီ ဆောင်ခလ ခရိုင်က ဟတ်ယိုင် Hat Yai မြို့ Lorem Ipsum မှာ ပြမယ်။
Ticket booking: m.me/HatyaiWant2see

# မေလ ၃ ရက်နဲ့ ၄ ရက် ညနေ ၈ နာရီမှာ ပတ္တာနီ Pattani ခရိုင်က 82 Jabang မှာ ခြေလေးချောင်းရုပ်ရှင်ပြမယ်။
Ticket booking: linktr.ee/82jabang

တခြားပြမယ့်မြို့တွေနဲ့ အချိန်တွေ ထပ်တင်ပေးသွားပါမယ်။







ที่อยู่

Rangsit

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Su, A Burmese Filmmakerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


ครีเอเตอร์ดิจิทัล อื่นๆใน Rangsit

แสดงผลทั้งหมด