YAM Entertainment YAM News & Media (Entertainment)
သတင်း၊ဆောင်းပါး၊အားကစား၊ပုံပြင်၊ကာတွန်း၊ချက်မယ်၊ပြုတ်မယ်၊သဘာ၀အလှတရားများစုံစည်းရာ
(16)

ဗဟုသုတ အဖြစ်ပြန်လည်မျှဝေသည်============================5 August 2024(Monday)ကိုယ်တိုင်လည်းအချို့ကိုမှီလိုက်သေးသလိုမမှီတာ...
05/08/2024

ဗဟုသုတ အဖြစ်ပြန်လည်မျှဝေသည်
============================
5 August 2024(Monday)

ကိုယ်တိုင်လည်းအချို့ကိုမှီလိုက်သေးသလို
မမှီတာတွေအများကြီးဆိုတော့ဗဟုသုတရစေ
ချင်လို့ မိတ်ဆွေအားလုံးအတွက် ပြန်လည်မျှဝေ
ပေးလိုက်ပါတယ်ဗျ။မိမိတို့ နောင်လာနောင်သား
တွေပုဖို့ Share ပြီးသိမ်းထားကြပါ။

Credit photos


အခုလိုရာသီမျိုးမှာ ထမင်းစားမြိန်စေမယ့်ဟင်းများ=====================5 August 2024(Monday)ချစ်မိတ်ဆွေများအတွက် အလိုရာသီမျိ...
05/08/2024

အခုလိုရာသီမျိုးမှာ ထမင်းစားမြိန်စေမယ့်ဟင်းများ
=====================
5 August 2024(Monday)

ချစ်မိတ်ဆွေများအတွက် အလိုရာသီမျိုးမှာ ထမင်း
စားလို့ အလွန်မြိန်စေမယ့် ဟင်းချက်နည်း( ၇)မျိုးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်၊မိမိ မိသားစု
မိမိ မိတ်ဆွေ၊သူငယ်ချင်းများနဲ့အတူတူချက်ပြတ်
စားသောက်ကြပေါ့ဗျာ :)

၁။ပိန္နဲသီး ချက်နည်းလေး
၂။ကောလင်းဒေသ ဆူးပုတ်ချက်နည်း
၃။ငါးခြောက်မွှသုပ်စပ်စပ်လေး
၄။ကုလားပဲသုပ်
၅။ဝက်သားမွန်ဟင်း...
၆။ချဉ်ငံစပ်ငါးဖယ် ကင်မွန်းချဉ်ချက်
၇။ရှူးရှူးရှဲရှဲ အပ်မှိုချဉ်ငန်စပ်သုပ်

ပုံတစ်ပုံချင်းထောက်၍ချက်နည်းများကိုလေ့လာပါ။

မူရင်းရေးသားသူများအား အထူးလေးစားလျှက်


စားချင်တယ် ဘယ်ဟာ အကြိုက်ဆုံးလဲ?I want to eat, which is your favorite?
05/08/2024

စားချင်တယ် ဘယ်ဟာ အကြိုက်ဆုံးလဲ?
I want to eat, which is your favorite?




🎉(သူဌေး)▪︎▪︎▪︎ဖြစ်ဖို့ကံ'ပါလာတဲ့ သူကမွေး'ကတည်း ကသူဌေးအိမ်မှာလူဖြစ်လာတယ်အခြားသောသူတွေကတော့လက်တွေ့ ဘဝ'မှာချမ်းသာဖို့ ဆိုရင...
05/08/2024

🎉(သူဌေး)▪︎▪︎▪︎ဖြစ်ဖို့
ကံ'ပါလာတဲ့ သူက

မွေး'ကတည်း က
သူဌေးအိမ်မှာ
လူဖြစ်လာတယ်

အခြားသော
သူတွေကတော့

လက်တွေ့ ဘဝ'မှာ
ချမ်းသာဖို့ ဆိုရင်

ကံ'ကိုချည်း
အားကိုးနေလို့
မရပါဘူး

လုံ့လ'ဝီရီယ နှင့်
ဉာဏ် ကိုလည်း
အားကိုးရမယ်

လူ တော်တော်များဟာ
ကံ'ရှိ စားရမယ်ပေါ့
ကံ'ရှိရင်
ရမယ်ပေါ့ ဆိုပြီး
ကံ'ကို ပဲ
ပုံချနေကြတယ်

အရာရာ မှာ
ကံ'ကိုချည်း
အစွန်းရောက်အောင်
အားကိုးနေလို့
မရဘူး ဆိုတာကို
နားလည်ထားရမယ်

ဘာဖြစ်ဖြစ်
အတိတ်ကံ ကြောင့်ပဲလို့
ယူထားမယ် ဆိုရင်

《ပုဗ္ဗေကတဟေတု ဒိဋ္ဌိ》
ဖြစ်သွားမယ်

💥ဒါကြောင့်

ဘဝ□□□မှာ
ကြီးပွားတိုးတက်ချင်ရင်
ကံ'ကို ချည်း
(အကြွင်း)မဲ့
ပုံယုံထားလို့က
မရပါဘူး

ကြိုးစား'အားထုတ်မှု့
(ဝီရိယ)နှင့်
အသိဉာဏ်'ကိုလည်း
ကောင်းစွာ
အသုံးချတတ်ဖို့ရာ
လိုအပ်တယ်လို့
နားလည်ထားရမယ်၊

(ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး)


အရှင်သရဏ လူထွက်သွားပါပြီ ========================5 August 2024(Monday)လေးစားအပ်သော ဆရာတော်၊ ဆရာလေး၊ ဒကာ ဒကာမ၊ ဓမ္မမိတ်ဆွ...
05/08/2024

အရှင်သရဏ လူထွက်သွားပါပြီ
========================
5 August 2024(Monday)

လေးစားအပ်သော ဆရာတော်၊ ဆရာလေး၊ ဒကာ ဒကာမ၊ ဓမ္မမိတ်ဆွေ နှင့် စိတ်ဝင်စားသော ပုဂ္ဂိုလ်များ အားလုံးသို့။

မြန်မာစံတော်ချိန် ဩဂုတ်လ ၄ ရက်နေ့ မနက် ၂ နာရီ ခွဲမှ စပြီး ဦးဇင်း အရှင်သရဏ ဆိုတာ မရှိတော့ပါ။ အဲ့ဒီ အချိန်မှာ အရှင်သရဏ လူထွက်သွားပြီဖြစ်လို့ Mr. Jansen (ကိုဂျင်ဆန်) လို့ပဲ ကိုယ့်ကို ခေါ်စေချင်ပါတယ်။

အမေးအဖြေ

(က) ဘာကြောင့် အရှင်သရဏက လူထွက်ဖို့ ဆုံးဖြတ်ခဲ့ပါသလဲ။

အရှင်သရဏက အရင်က ကိုရင် အနေနဲ့ သီရိလင်္ကာနိုင်ငံမှာ ၄ နှစ် နေခဲ့ပါတယ်။ ဗုဒ္ဓဘာသာ တက္ကသိုလ်မှာ ဘီအေဘွဲ့လည်း ရပြီး တရားလည်း များများ အားထုတ်ခဲ့ပါတယ်။ တရားလည်း ဟော ခဲ့ပါတယ်၊ တရားလည်း ပြခဲ့ပါတယ်။ ဆုပန်ထားတဲ့ ရဟန္တာမဂ်၊ဖိုလ် ဆုကြီးကို သီရိလင်္ကာနိုင်ငံမှာ မရနိုင်ဘူးလို့ ယုံကြည်ပြီး မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်မှာ ကိုရင်အနေနဲ့ သွားပြီး ရွှေဥမင်တောရမှာ ရဟန်း ဘောင်သို့တက်ခဲ့ပါတယ်။ ရွှေဥမင်တောရမှာ (၅) နှစ်တိုင်တိုင် အပတ်တကုပ် ကြိုးစားအားထုတ်ပြီး တရားလည်း အားထုတ်ခဲ့ပါတယ်၊ စာပေများလေ့လာခဲ့ပါတယ်။ ထို(၅)နှစ်တာအပြီးမှာ စခန်းကြီးတောရမှ နိုင်ငံခြားသားတွေကို တရားပြဖို့ ဖိတ်ခေါ်ချက် လက်ခံခဲ့ပါတယ်။ အဲ့ဒီမှ စခန်းကြီးတောရ (လှည်းကူး) နှင့် ပြီးရင် ရာဟုလာကျောင်း (မှော်ဘီ)မှာ နိုင်ငံခြားသားတွေကို တရားပြခဲ့ပါတယ်။ အဲ့ဒီ အချိန်ထိ အရှင်သရဏက ရဟန်းဘောင်နဲ့ ပျော်ခဲ့ပါတယ်။ ချမ်းသာခဲ့ပါတယ်။ ရဟန္တာ မဂ်၊ဖိုလ် ရောက်ရအောင် အထူးကြိုးစား ခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ရဲ့နိုင်ငံရေးအခြေအနေ အဆင်မပြေတဲ့အခါ အရှင်သရဏက မိမိ လုံခြုံရေးအတွက် ချက်ခ်နိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။ ချက်ခ်နိုင်ငံမှာ ရဟန်းအနေနဲ့ ဝိနည်းစည်းကမ်းများကို လိုက်နာနေရင်းနဲ့ အရှင်သရဏလည်း ဒုက္ခရောက်ရတယ်၊ ဒကာ၊ ဒကာမတွေကလည်း ဒုက္ခရောက်ရကြတယ်။ သီတင်းသုံးဖော်မိတ်ဆွေရဟန်းတစ်ပါးနဲ့မှ မနေရပါဘူး၊ တပည့်တွေလည်း မထားနိုင်ပါဘူး၊ ငြိမ်းငြိမ်းချမ်းချမ်း အားမထုတ်ရဘဲ နေဖို့ နေရာ၊ စားဖို အစားအစာ ရအောင် ကိစ္စ အစုံကို ဝိနည်းနဲ့အညီ ဖြေရှင်းခဲ့ရပါတယ်။ ရဟန်း ဆက်လက်ပြီး ဝတ်နေရင်းနဲ့ လမ်းပေါ်မှာ မနေရအောင် တရား များများ ဟောခဲ့ရပါတယ်၊ တရား ပြခဲ့ရပါတယ်၊ ကျေးဇူးမသိတတ်တဲ့ ပုဂ္ဂိုလ်၊ မိမိပျက်စီးစေရာ ကောလာဟလများ ပြုလုပ်ပေးတဲ့ ပုဂ္ဂိုလ်တို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း နေခဲ့ရပါတယ်။

ချက်ခ်နိုင်ငံမှာ ၁ နှစ် နေပြီးတဲ့အခါ ဗီယက်နမ်နိုင်ငံမှ ဦးဇင်းကို ဗီယက်နမ်နိုင်ငံမှာ တရားပြဖို့ တရားဟောဖို့ ပင့်ခဲ့ကြပါတယ်။ ထို့ကြောင့် အရှင်သရဏက ဗီယက်နမ်နိုင်ံမှာ တစ်နှစ်လောက် တရားလည်း ပြ၊ တရားလည်း ဟော၊ ဒကာ ဒကာမတွေက တိုက်တွန်းပေးတဲ့အတိုင်း တက္ကသိုလ် ဘွဲ့ (မဟာဝိဇ္ဇာဘွဲ့) အွန်လိုင်းမှ သင်ယူလေ့လာခဲ့ပါတယ်။ အထူးပြုဘာသာရပ်ကတော့ ဆွေးနွေးလမ်းညွှန်မှု (counseling) ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လ ထိ အမေရိကန် နိုင်ငံသွားပြီး တရားဟော တရားပြခဲ့ပါတယ်။ ပြီးတော့ ဗီယက်နမ်နိုင်ငံပြန်လာပြီး သာသနာဆက်ပြုခဲ့ပါတယ်။ ဒီလို ဗီယက်နမ် နှင့် အမေရိကန် အသွား အပြန် ၃ ကြိမ်လောက် ဖြစ်ခဲ့ရပါတယ်။ အွန်လိုင်းကနေ ကျောင်းတက်ရင် အလုပ်သင်ဆိုတဲ့ အပိုင်းကို လုပ်ဖို့လိုလာပါတယ်။ အဲ့ဒါအတွက် အွန်လိုင်းကနေ လေ့လာလို့ အဆင်မပြေပါဘူး၊ ကျောင်းအနီးမှာ နေပြီး ကျောင်းခန်းမှာ သွားပြီး ပို့ချချက်များ နားထောင်ရမယ်။ အဲ့ဒါလေးအတွက် အမေရိကန်မှာ နေရာလိုတယ်၊ ကျောင်းလိုတယ်၊ ကပ္ပိယလိုတယ် စသဖြင့် အခက်အခဲ အများကြီး ဖြေရှင်းရပါတယ်။ အကယ်၍ အဲ့လို လုပ်မယ် ဆိုရင် တစ်နှစ် ကျောင်းတက်ခြင်းဟာ ဒေါ်လာ တစ်သိန်းကျပါတယ်။ အဲ့ဒါ အဆင်မပြေပါဘူး။

ဦးဇင်းက ချက်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ သို့မဟုတ် အမေရိကန်နိင်ငံမှာ တရားပြ၊ တရားဟော၊ တပည့်ထား၊ စာပေလေ့လာလို့ အဆင်ပြေပါတယ်။ အဲ့လိုဆို ဘယ်လို လုပ်ရင် ကောင်းမလဲ-
- ထိုနိုင်ငံတွေမှာ ဦးဇင်းကို လက်ခံပြီး သာသနာပြုခွင့်ပေးမယ့် သီတင်းသုံးခွင့်ပေးမယ့် ဘုန်းကြီးကျောင်းလည်း မရှိပါ။
- ကျောင်းအသစ် ဆောက်လို့လည်း အလှူ မရပါ။
- အိမ်ငှားမယ်ဆိုရင် စျေးကြီးပါတယ် (ကပ္ပိယပါ ငှါးရလို့ စျေးအထူးကြီးပါတယ်)
- ဦးဇင်းကို ကူညီပေးတဲ့ ဒကာ ဒကာမတွေက မြတ်စွာဘုရားမှ ညွှန်ကြားထားတဲ့ ဝိနည်း စည်းကမ်းတွေကို နားမလည်တဲ့အပြင် ဝိနည်းအရေးပါမှုအတိုင်းအတာကိုလည်း လက်မခံလို့ ဦးဇင်းကိုတော့ စောင့်ရှောက်ပေး နေရင်းနဲ့ သူတို့လည်း ဒုက္ခရောက်ရကြပါတယ်၊ ဦးဇင်းကို မကောင်းတဲ့ စကားတွေ ပြောပါတယ်၊ ကဲ့ရဲ့ပါတယ်၊ ရှုတ်ချပါတယ်။
- ဒကာ ဒကာမတွေက အဲ့လို ပြုမူနေရင်းနဲ့ ဦးဇင်းဟာ အခုတက်နေတဲ့ တက္ကသိုလ်ဘွဲ့ရပြီးရင် လူဝတ်ကြောင်လိုနေမယ် သို့မဟုတ် လူထွက်တော့မှာပဲလို့ တွေးထင်စိုးရွံ့နေကြတယ်။ အဲ့ဒါကြောင့် ကျောင်းတက်ချင်တဲ့အတွက်လည်း ဦးဇင်းကို ကဲ့ရဲ့ကြပါတယ်၊ ငြိုငြင်ရှုတ်ချပါတယ်။
- ဦးဇင်းက နေဖို့နေရာ ရနိုင်ဖို့၊ စားနိုင်ဖို့၊ ပညာလေ့လာဖို့ ဒကာ ဒကာမတွေ ထောက်ပံ့ကြအောင် အချိန် အများကြီး တရားပြ တရားဟောရပါတယ်။ အဲ့ဒါကြောင့် နိဗ္ဗာန်လမ်းဆက်လက်တိုးတက်ဖို့ရာ တရားအားထုတ်ဖို့ အချိန်မရှိပါဘူး။
- ဦးဇင်း အရှင်သရဏက မြန်မာနိုင်ငံမှထွက်ခွာလာတဲ့ ၂၀၂၁ ဇူလိုင်လဝန်းကျင်ကနေ ဒီနေ့ထိ တစ်ခါမှ မိမိအတွက် အချိန်ပေးကာ တရားစခန်း ၂ ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၀ ရက် မတက်ခဲ့နိုင်ပါဘူး၊ တရားလည်း သေချာ အားမထုတ်ခဲ့ရပါဘူး၊ နိဗ္ဗာန်လမ်းမှာ မတိုးတက်ခဲ့ရပါဘူး။ ပြောင်းပြန်အနေနဲ့ - အခက်အခဲများ ဖြေရှင်းနေရလို့ စိတ်ဖိစီးမှုများ၊ စိတ်ဆင်းရဲမှုများ၊ စိတ်မကောင်းမှုများ ခဏခဏ အများကြီး ခံစားနေရပါတယ်။ တစ်ခါတလေ ဦးဇင်းကို မတော်မတရား လုံးဝ ဝိနည်းနဲ့ဖြောင့်ဖြောင့်ကြီးလွဲနေတဲ့ ကိစ္စတွေ၊ လုံးဝ မမှားမကျူးလွန်ထားတဲ့ ကိစ္စတွေအတွက် မတရား စွပ်စွဲကဲ့ရဲ့တာလည်း နားထောင်ရပါတယ်။
- ဦးဇင်းဘက်က ဆင်းရဲမှုဖြစ်နေတာမကဘဲ ထိုဒကာဒကာမတွေအား ကြီးစွာသောအကုသိုလ်တွေ ပေးနေမိသလိုဖြစ်ပါတယ်။

ဦးဇင်း အရှင်သရဏမှာ ၁၂ ဝါ ရှိနေပါတယ်။ ဝိနည်းစည်းကမ်းများ ၉၁,၈၀၅,၀၃၆,၀၀၀ (ကုဋေ ၉ ထောင်ကျော်) များကို သေသေချာချာ လေ့လာထားပါတယ်၊ ကျင့်ကြံထားပါတယ်။ အခုဆို ၁၀ နှစ် ရှိပြီး ၁၀နှစ်ဆက်တိုက် လိုက်နာနေရင်းနဲ့ တစ်ခါမှ ဝိနည်းစည်းကမ်း အသေးလေးတစ်ခုကိုတောင်မှ တမင်တကာ မကျူးလွန်ခဲ့ပါဘူး။

ကိုယ့်ကြိုးစားမှုအားထုတ်မှုက အဲ့ဒီလောက် အင်မတန်များပေမဲ့ စိတ်ချမ်းသာမှု မတွေ့ပါဘူး၊ ဆင်းရဲမှု တွေ့ရပါတယ်။ ဒကာ ဒကာမတွေ တချို့က အများကြီး ကူညီပေးကြပါတယ်။ အဲ့ဒါအတွက် ဦးဇင်းက ကျေးဇူးတင်ပါတယ်၊ ကျေးဇူးသိပါတယ်။ ဦးဇင်းကို လေးစားတဲ့ ဒကာ ဒကာမတွေကြောင့်၊ ဦးဇင်းဘာလိုအပ်သလဲ နားထောင်ပေးတဲ့ ဒကာ ဒကာမတွေကြောင့်၊ ဦးဇင်းကို အားပေးတဲ့ ဒကာ ဒကာမတွေကြောင့် ဦးဇင်းက မြန်မာနိုင်ငံမှ နိုင်ငံရေး မငြိမ်းချမ်းမှု ကြောင့် ထွက်ခွါတဲ့ အချိန်မှ ဒီနေ့ထိ ရဟန်းဝတ်နဲ့ နေနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဆက်လက် မစွမ်းတော့ပါဘူး။ လူအနေနဲ့ ပိုပြီး ချမ်းသာမယ်၊ ကိုယ်ပြုထားခဲ့ပြီးသမျှ ကုသိုလ်ကောင်းမှုတွေရဲ့ အကျိုးကို တရားဓမ္မလမ်းမှာရော၊ ကိုယ့်ဘဝမှာရော တွေ့မြင်ခံစားရမယ်လို့ ယုံကြည်မိပါတယ်။ ရွေးချယ်လိုက်ရတာ မမှန်ဘူးလို့ သိပါတယ်၊ ဒါပေမဲ့ ကိုယ်ဘက်က အစွမ်းတွေ ကုန်သွားပါပြီ။ ဆောရီးပါ။

(ခ) အရှင်သရဏက လူထွက်တယ်ဆိုတော့ တခြား ရဟန်းတွေလည်း လူထွက်သင့်လား။

မဟုတ်ပါဘူး။ တခြား ရဟန်းတွေက ဦးဇင်းလို အခြေအနေ မရောက်ရပါဘူး။ မြန်မာရဟန်းတွေက မြန်မာနိုင်ငံမှာ နေနိုင်ပါတယ်၊ သီရိလင်္ကာ ရဟန်းတွေက သီရိလင်္ကာနိုင်ငံမှာ နေနိုင်ပါတယ်။ စသဖြင့် ရဟန်းတွေက ကိုယ့်အမိနိုင်ငံမှာ နေပြီး အမိနိုင်ငံမှာ ရှိနေတဲ့ ကျောင်းမှာ နေသင့်ပါတယ်။ ဦးဇင်း အရှင် သရဏက ချက်ခ်နိုင်ငံမှ လာပြီး အမိမြေချက်ခ်နိုင်ငံမှာ ဝိနည်းနဲ့ ညီတဲ့ ကျောင်းတောင်မှ မရှိတော့ ချက်ခ်နိုင်ငံမှာလည်း မနေနိုင်ပါဘူး၊ ဒကာ ဒကာမတွေလည်း မရှိတော့ သူတို့ရဲ့ အစီအစဉ်အတိုင်းလည်း မနေနိုင်ပါဘူး။ ဦးဇင်း သိသလောက် ချက်ခ်နိုင်ငံမှာ ဦးဇင်းလို တရားပြ တရားဟော တက္ကသိုလ်တက် တဲ့ တခြား ချက်ခ်ရဟန်း မရှိပါဘူး။ ကျန်တဲ့ ချက်ခ်ရဟန်းတွေက သာသနာမပြုကြပါဘူး၊ ပြုကြရင် ငြိမ်းချမ်းတဲ့ နေရာမှာ (ချက်ခ်နိုင်ငံ အပြင်မှာ) နေပြီး အနည်းငယ်ပဲ သာသနာပြုကြပါတယ်။ ဦးဇင်းအနေနဲ့ကတော့ သာသနာအကျိုးကို များစွာပြုချင်ပါတယ်၊ တက္ကသိုလ် တက်ချင်ပါတယ်၊ တပည့်များစွာ မွေးထုတ်ချင်ပါတယ်၊ ကျောင်းတွေ ဆောက်ချင်ပါတယ်။
(ဂ) လူထွက်ပြီးရင် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်သေးလား။

ဦးဇင်းက လူထွက်ပြီးရင် တခြား ဒကာ ဒကာမတွေလိုပါပဲ၊ မထူးဆန်းတော့ပါဘူး၊ လူတစ်ဦးဟာ လွတ်လွတ်လပ်လပ် ကြိုက်တဲ့ဘာသာရေးကို ယုံကြည်ခွင့် ရှိပါတယ်။ လူ (ဒကာ၊ ဒကာမ) တွေကို ဘယ်သူမှ ဘာသာရေး ယုံကြည်မှုတွေ အတင်း မယုံကြည်ခိုင်း သင့်ပါဘူး၊ ဒီလိုလုပ်မှာပဲ မမျှော်လင့်ရပါဘူး၊ အတင်းမပြောင်းခိုင်းသင့်ပါဘူး။ လူဝတ်ကြောင် တဖြစ်လဲ ကိုဂျင်ဆန်ကတော့ ထေရဝါဒဗုဒ္ဓဘာသာဝင်အစစ်ပဲဖြစ်ပြီး တခြားလူတွေအတွက် အတုယူစရာ ဖြစ်အောင် အထူး ကြိုးစားအားထုတ်ချင်ပါတယ်။ နေ့တိုင်းလည်း တရားအားထုတ်ဖို့ အစီအစဉ် လုပ်ထားပါပြီ၊ သီလ (၅) ပါး အစဉ်အမြဲ အကြွင်းမဲ့ လိုက်နာမှာပါ၊ လတိုင်းမှာ ဥပုသ်နေ့ ၄ ရက် သတ်မှတ်ပြီး တစ်လ ၄ ရက် ဥပုသ် (၈) ပါး သီလ ဆောက်တည်ပါမယ်။ တရားစခန်းတွေလည်း တစ်နှစ်ကို ၂ ခါ ၃ ခါ ဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ လူဘဝက ခက်ခဲပါတယ်၊ အလုပ်တွေ များပါတယ်၊ ဒါကြောင့် တရားအားထုတ်ခြင်း ကိစ္စမှာ အခြေအနေပေါ်မူတည်ပြီး ကျင့်ကြံမှာပါ။ ကိုဂျင်ဆန်ကလည်း မြန်မာဆရာတော်တွေရဲ့ တရားဓမ္မ အဆုံးအမတွေကို အမြဲ အဓိကထားပြီး တရားဓမ္မတွေ မိမိ တပည့်တွေကို သင်ကြားပြောပြတိုင်း အတိအကျဖြစ်အောင်၊ မြတ်စွာဘုရားရဲ့ တရားတော်ကို အတိအကျ ဝေပေးပြီး သာသနာပြုချင်ပါတယ်။

(ဃ) လူထွက်ပြီးရင် အိမ်ထောင်ကျမလား။

ကိုဂျင်ဆန်က သီလ (၅) ပါး ဆောက်တည်သော လူဖြစ်တဲ့အတွက်၊ အိမ်ထောင်ကျခြင်းလည်း သီလ (၅) ပါးနှင့်ညီတဲ့အတွက် ကိုဂျင်ဆန်ဟာ အိမ်ထောင်ကျမယ်ဆိုရင်လည်း ဘယ်သူကမှ အပြစ် မတင်သင့်ပါဘူး။ မြတ်စွာဘုရားရဲ့ မိန့်မှာချက်များနဲ့အညီ ကြိုးစားပြီး နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တိုင်းကို စိတ်နှလုံးချမ်းသာတဲ့ ဘဝရဖို့သာ အားလုံး ဆန္ဒပြုသင့်ပါတယ်။

(င) ရဟန်းပြန် ဝတ်မလား။

ကိုဂျင်ဆန်က ကိုရင်ဘဝ ၄ ဝါ၊ ရဟန်းဘဝ ၁၂ ဝါ နေခဲ့ပါတယ်။ ရဟန်းဘဝရဲ့အခက်အခဲများကို သိပါတယ်။ ဒါကြောင့်လည်း ကိုဂျင်ဆန်က ကိုရင် နှင့် ရဟန်း၊ သီလရှင်တွေကိုပါ အထူး လေးစား ရှိခိုးပါတယ်။ သာသနာဘောင် ဆိုတာ မလွယ်ပါဘူး။ ကိုဂျင်ဆန်မှ ဒါ ကောင်းကောင်းမွန်မွန် နားလည် သဘောပေါက်လို့ သာသနာ့ဘောင်ဝင် အားလုံးကို အထူး လေးစား အားပေးပါတယ်။ ကိုယ်တိုင်ကတော့ မစွမ်းတော့ဘူးလို့ အခု တွေ့နေရပါတယ်။ နောက်မှ ဘာများဖြစ်မလဲ ဘယ်သူမှ မပြောတတ်ပါဘူး။ လောလောဆယ်တော့ ရဟန်း (သို့) ကိုရင် ဝတ်ဖို့ ဘယ်လိုမှ အစီအစဉ် မရှိပါဘူး။

(စ) လူဘဝမှာ ဘယ်သူထောက်ပံ့မလဲ။ ဘာ အလုပ် လုပ်မလဲ။ ဘယ်မှာ နေမလဲ။ ဘယ်သူနဲ့ နေမလဲ။

ကိုဂျင်ဆန်က လူဖြစ်သွားပြီးရင် ပုံမှန် လူ့ဘဝနှင့် လူတို့သဘောသဘာဝအတိုင်း ပိုင်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးများ ရှိပါတယ်။ ကိုဂျင်ဆန်ရဲ့ လူ့ဘဝ အချက်အလက်များကို ကိုယ့်အယုံကြည်ဆုံး လူတွေကိုပဲ ပြောချင်ပါတယ်၊ မိမိ လုံခြုံမှုကို ကာကွယ်ချင်ပါတယ်။

(ဆ) မြန်မာနိုင်ငံကို ပြန်လာဖို့ အစီအစဉ် ရှိပါသလား။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အဆင်မပြေလို့ အရှင်သရဏက မြန်မာနိုင်ငံကို လောလောဆယ် ပြန်လာဖို့ အစီအစဉ် မရှိပါဘူး။

(ဇ) ဆက်သွယ်ရန် နည်းလမ်းရှိပါသလား။ တရားဓမ္မ မေးခွန်းရှိရင် မေးလို့ ရမလား။

ဘယ်သူမဆို ကိုဂျင်ဆန်ကို အီးမေးလ် ပို့မေးလို့ ရပါတယ် - [email protected] . ကိုဂျင်ဆန်အနေနဲ့ကတော့ စာပြန်ဖြေမလား၊ မဖြေဘူးလား လွတ်လွတ်လပ်လပ် ဆုံးဖြတ်မှာပါ။

ဆရာတော်၊ ဆရာလေး၊ ဒကာ၊ ဒကာမ၊ သတ္တဝါ အားလုံး အမြဲ ကျန်းမာချမ်းသာကြပါစေ။
လူပုဂ္ဂိုလ်အားလုံးဟာ မိမိမိတ်ဆွေအသိပုဂ္ဂိုလ်အားလုံးမှ လေးစားမှု ချစ်ခင်မှု ရရှိနိုင်ပါစေ။
ဆရာတော်၊ ကိုရင်၊ နှင့် ဆရာလေး များ အားလုံး တစ်သက်တာပတ်လုံး သာသနာဘောင် ထိန်းနိုင်ပြီး နိဗ္ဗာန်မဂ်၊ဖိုလ် ချမ်းသာမှုကို အပြည့်အဝ စံစားနိုင်ကြပါစေ။
ကိုဂျင်ဆန် (လူထွက်သွားသော ရဟန်းအရှင်သရဏ)


Thai ဘန်ကောက်မှာ ကွန်ဒို၅ခန်းဝယ်ပြီးပါပြီမြန်မာပြည်မှာတော့ မန္တလေးမှာပဲ အခြေချမှာမို့မြို့ထဲမြေကွက်ရသလောက် လည်းဝယ်ထားတယ်...
05/08/2024

Thai ဘန်ကောက်မှာ ကွန်ဒို၅ခန်းဝယ်ပြီးပါပြီ

မြန်မာပြည်မှာတော့ မန္တလေးမှာပဲ အခြေချမှာမို့
မြို့ထဲမြေကွက်ရသလောက် လည်းဝယ်ထားတယ်။

ရွှေလည်း အခေါက်ရွှေဝယ်စုထားတယ်။

လက်ထဲငွေသားမထားချင်လို့ပါ

မန္တလေးမှာ လုပ်ငန်းချဲ့ဖို့
မြေကွက်၅ကွက်လောက် ထပ်ဝယ်မှာ

ကလောဖက်မှာလည်း အပန်းဖြေဖို့
မြေကျယ်ကျယ် တကွက်ဝယ်ဖို့ စီစဥ်
ထားတယ် ဒီလောက်ပါပဲ။

ဒါတောင် သူငယ်ချင်းက
ဒီမနက်၅:၃၀ ရေတွေတက်နေတယ်ထကြည့်ဦး
လာနိုးလို့ မဟုတ်ရင်တော့ ....
ဘာတွေဆက်ဝယ်ဖြစ်မလဲ မသိ
သေဘူးဗျာ့😂😂😂😂


အလုပ်ပိတ်ရက်;အားလပ်ရက်မှာ DreamWorldကစားကွင်း(ပန်းခြံ)ကို စျေးသက်သာစွာနဲ့သွားပြီးအပန်းဖြေလို့ရမဲ့ နည်းလမ်းလေးကိုပြောပြပေ...
05/08/2024

အလုပ်ပိတ်ရက်;အားလပ်ရက်မှာ DreamWorld
ကစားကွင်း(ပန်းခြံ)ကို စျေးသက်သာစွာနဲ့သွားပြီး
အပန်းဖြေလို့ရမဲ့ နည်းလမ်းလေးကိုပြောပြပေးမယ်
-------------------------------------------------------------------
5 August 2024(Monday)

🚌 ဘန်ကောက်မြို့လယ်(အနုဆဝါရီ)ကနေ
DreamWorldထိ လုတုကား(Ven)စီးလို့ရတယ်
စျေးသက်သာပါတယ်။

🚈 BTSစီးမယ်ဆို အစိမ်းရောင်Sukhumvit Line
Yaek Kor Por Aorဂိတ်ထိ စီးရမယ်။
အစိမ်းရောင်လိုင်း ဂိတ်အဆုံးထိနီးပါး စီးရမယ်နော်
🚖တက္ကစီဖြစ်ဖြစ်
🚎 လိုင်းကားဖြစ်ဖြစ်ထပ်စီးရမယ်
(ဒီလိုသွားရင် စျေးသက်သာတယ်)

☘️ DreamWorldမှာ လည်ပတ်စရာအရမ်းများတော့
စောစောသွားမှ နေရာနှံ့ လည်ပတ်လို့ရမှာနော်

☘️အဲ့လိုမှမဟုတ်ရင် တစ်နေ့သာ ကုန်သွားမယ်
လည်ပတ်စရာတွေ မကုန်ဘူးနော်

တစ်ခါရောက်ဖူးရင် ထပ်သွားချင်တဲ့စိတ်တွေ ဖြစ်ပေါ်
လာမှာ အမှန်ပါပဲ🤩

အဆင်ပြေကြပါစေ

Credit To Unlimited Teach


ဝိတ်ချမယ်ဆိုပြီး အဆီအနှစ်တွေပဲစားမနေနဲ့လေသင်ဝိတ်မကျတာမဟုတ်ပါဘူး❤သင့်ကိုဒါမျိုးလုပ်ကျွေးမယ့်သူမရှိသေးလို့ပါ😋😋★ကိုယ်တိုင်လ...
05/08/2024

ဝိတ်ချမယ်ဆိုပြီး အဆီအနှစ်တွေပဲစားမနေနဲ့လေ
သင်ဝိတ်မကျတာမဟုတ်ပါဘူး❤
သင့်ကိုဒါမျိုးလုပ်ကျွေးမယ့်သူမရှိသေးလို့ပါ😋😋

★ကိုယ်တိုင်လုပ်စားလိုက်ကြပါနော်★


အသားငါးနဲ့ဆိုင်သော အင်္ဂလိပ်ဝေါဟာရများ********** like & follow for more ********
05/08/2024

အသားငါးနဲ့ဆိုင်သော အင်္ဂလိပ်ဝေါဟာရများ
********** like & follow for more ********

စမိုင်လုပ်နည်း အစုံကို စုစည်းပေးထားပါတယ်နော် 😍========================== #ပါဝင်ပစ္စည်းတွေကတော့- စမိုင်ထုပ်ကတော့ city mar...
04/08/2024

စမိုင်လုပ်နည်း အစုံကို စုစည်းပေးထားပါတယ်နော် 😍
==========================

#ပါဝင်ပစ္စည်းတွေကတော့

- စမိုင်ထုပ်ကတော့ city mart မှာဝယ်လို့ရနိုင်တယ်။
- စမိုင်၁ထုပ်ကို နို့ကျိုပြီးသား ရေသန့် ၁ဘူးခန့်လဲ ရပါတယ် (၅၀ကျပ်သား)
- နို့စိမ်း ၁ဘူး
- နို့ဆီ အချိုကြိုက်ရင်နဲနဲထည့်ပါ။
- အအီကြိုက်ရင် ချိစ် ၁ပြားထပ်ထည့်ပါ။
- စပျစ်သီးခြောက်/ သီဟိုဠ်စေ့ခြောက်/ almond စေ့ခြောက် ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။

**************************

စမိုင်လုပ်နည်း (၁)

၁။ စမိုင်ခြောက် (ကြာဇံခြောက်) ကို ထောပတ်လိုသလောက် ထည့်ကာ အရင်ဆုံး လှော်ပြီးနောက် သီးသန့် ဖယ်ထားရမည်။

၂။ ရေကို ဆူအောင် တည်ပြီးပါက အုန်းနို့စိမ်း ၂ ကီလိုဂရမ်၊ လှော်ထားသော မြေပဲ ချိန်ဆထည့်
နို့ဆီ ၁ ဗူး၊ နို့စိမ်းဗူး ၂ ဗူး၊ သကြား တစ်ကီလိုဂရမ်ခွဲ၊ စပျစ်ခြောက် အဖြူ (တစ်ကီလို၏ ၁ဝ ပုံ တပုံ)
တို့ကို ထည့်ရမည်။

(ရေကိုမူ စမိုင် တစ်ကီလိုဂရမ် သုံးမည်ဆိုပါက အနည်းဆုံး ၁ဝ ကီလိုဂရမ် သုံးရသည်။)

⭕️ မှတ်ချက်။ ။စပျစ်ခြောက် အမဲရောင် မသုံးရပါ။ အမဲရောင်သုံးပါက စမိုင်တအိုးလုံး မဲသွားနိုင်သည်။

၃။ လှော်ထားသည့် စမိုင်ခြောက်ကို ဆူပွက်နေသော အိုးအတွင်း ထည့်လိုက်ပြီးနောက် ၅ မိနစ်ခန့်အကြာတွင် အဆင်သင့် စားသုံးနိုင်သော စမိုင် မုန့်ရရှိမည် ဖြစ်သည်။

**************************

နည်း (၂)

စမိုင်ကြိုက်သူများအတွက်
(ဆီးချိုရှိသူများ နှင့် အချိုရှောင်လိုသူများပါ စားလို့ရမယ့်
စမိုင်ကို အိမ်မှာ လွယ်လွယ် နဲ့ မြန်မြန် လုပ်စားကြမယ်)

လိုအပ်သည့်ပစ္စည်းများ
--------------------
( မိသားစု ၅ယောက် အတွက် )

- စမိုင်ခြောက်(လှော်ပြီး) ၅ကျပ်သား
- ထောပတ် ၂ကျပ်ခွဲသား
- အဆီထုတ်ထားသော (non fat) နွားနို့ကြိုပြီးသား ၁လီတာ
- Dawn နို့စိမ်း ဟင်းချက်ဇွန်းကြီး ၂ဇွန်း
- Equal သကြားတု ၁၀ထုပ်
(ချိုတာကြိုက်လျှင် ၁၅ထုပ်)
- စပျစ်သီးခြောက် (ကြိုက်လျှင်) အနည်းငယ်
- ဆား အနည်းငယ်

ပြုလုပ်နည်း👇
----------

▪️အိုးကို မီးပူပေးပါ။ အိုးပူလာပြီဆို ထောပတ်ကို အိုးထဲသို့ထည့်ပါ။

▪️ထို့နောက် စမိုင်ခြောက်ကို ထည့်၍ မီးအေးအေးဖြင့် နှံအောင် မွှေပေးပါ။

▪️ထောပတ် အားလုံး စိမ့်ဝင်သွားပြီ ဆိုပါက နွားနို့၊ နို့စိမ်း၊ Equal သကြားထုပ်၊ ဆား ထည့်၍ မီးပြင်းပြင်းဖြင့် တောက်လျှောက်မွှေပေးပါ ။

▪️ပျစ်လာပြီဆိုတိုင်း ရေနွေး ထပ်ရောမွှေပေးပါ။ မီးပြင်းပြင်းဖြင့် ၁၀မိနစ်ခန့် သေချာ မွှေပြီးပြီဆိုပါက စမိုင် နူးပါပြီ။

▪️ထို့နောက်မှ စပျစ်သီးခြောက်လေးထည့်မွှေ၍ အအေးခံပြီး အရသာရှိရှိ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အိမ်လုပ် ရိုးသားတဲ့ စမိုင်လေး သုံးဆောင်လို့ရပါပြီ။

မူရင်းတင်သူများ

Key Familyတစ်ခုစီအတွက် အသုံးများChordများ(Chord Progression)ကိုမျှဝေပါတယ်ခင်ဗျာ❤️❤️ဇယားကြည့်ပီး ကီးချိန်းတီးခတ်လို့လဲရတာ...
04/08/2024

Key Familyတစ်ခုစီအတွက် အသုံးများChordများ(Chord Progression)ကိုမျှဝေပါတယ်ခင်ဗျာ❤️❤️
ဇယားကြည့်ပီး ကီးချိန်းတီးခတ်လို့လဲရတာမို ကျက်မှတ်သိမ်းဆည်းထားစေချင်ပါတယ်ခင်ဗျာ။


04/08/2024

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏တရားတော်မှတစ်စိပ်တစ်ပိုင်းအား ကောက်နှုတ်တင်ပြသည်။

နေထွက် နေဝင် ကိုးဂုဏ်ရှင်နေ့စဉ်ရှိခိုးမယ် ။အနတ္တငါးပါး ဦးညွတ်တွားပွားများကန်တော့မယ် ။မျက်နှာသစ်ရင် ရေကိူမြင်မြင်စဉ် မေတ္...
04/08/2024

နေထွက် နေဝင် ကိုးဂုဏ်ရှင်
နေ့စဉ်ရှိခိုးမယ် ။

အနတ္တငါးပါး ဦးညွတ်တွား
ပွားများကန်တော့မယ် ။

မျက်နှာသစ်ရင် ရေကိူမြင်
မြင်စဉ် မေတ္တာပွားပါ့မယ် ။

သစ်ရင်း သစ်ရင်းလျော့ယိုယွင်း
ရုပ်ဆင်းသတိထားပါ့မယ် ။

တန်းတူတွေ့ရင် မေတ္တာဝင်
မဝင်နိုင်ကပြိုင်တတ်တယ် ။

ပြိုင်မယ့်အစား မေတ္တာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ် ။

ကိုယ့်အောက်တွေ့ရင် ဂရုဏာဝင်
မဝင်နိုင်က နိုင်တတ်တယ် ။

နိုင်မယ့်အစား ဂရုဏာပွား
စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။

ကိုယ်ထက်သာရင် မုဒိတာဝင်
မဝင်ဣဿာယိုင်တတ်တယ် ။

ယိုင်မယ့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ် ။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ
သုခ နိဗ္ဗာန်တိုင်လိမ့်မယ် ။

#မစိုးရိမ် ပဋ္ဌာန်း ဆရာတော်ကြီး 🙏🙏🙏
#မေတ္တာစေတနာဖြင့်🙏🙏🙏
#မူရင်းရေးသားသူအားရိုသေစွာဖြင့်🙏🙏🙏

"မင်္ဂလာ ညချမ်းလေးပါ မိတ်ဆွေတို့"===========================4August 2024(Sunday)🙏ဗုဒ္ဓံ  မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ...
04/08/2024

"မင်္ဂလာ ညချမ်းလေးပါ မိတ်ဆွေတို့"
===========================
4August 2024(Sunday)

🙏ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏
🙏 သံဃံ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏
🙏 ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏
🙏မာတာပီတုဂုဏံ အနန္တံ အဟံ၀န္ဒာမိပါ အရှင်ဘုရား
🙏အာစရိယဂုဏံ အနန္တံ အဟံ၀န္ဒာမိပါ အရှင်ဘုရား
🙏🙏🙏🙏🙏
⏰ (4.8.2024)တနဂ်နွေနေ့
မင်္ဂလာရှိတဲ့ ညချမ်းအခါလေးမှာ အေးဆက်စွာ
အနားယူနိူင်ကြပါစေ။
🙏🙏🙏🙏🙏
31ဘုံမှာကျင်လည်ကျကုန်သော လူ နတ်ဗြဟ္မာ
ဝေနေယျ သုခိတ ဒုက္ခိတသတ္တာဝါအားလုံး ဘေးရန်ကင်းကြ၍ ကိုယ်ဆင်းရဲကင်းကြပါစေ စိတ်ဆင်းရဲကင်းကြပါစေ
ချမ်းသာသုခ ရနိူင်ကြပါစေ။
🙏🙏🙏🙏🙏


04/08/2024

အလွတ်ကျက်ထားသင့်သော ဝါကျ (၁၅၀)
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥
50% Discount ပေးတာ မနက်ဖြန်နောက်ဆုံးပါ။

1. I've just moved here.
ဒီကို အခုမှ ပြောင်းလာတာ။

2. I've just started working here.
ဒီမှာ အခုမှ အလုပ်စလုပ်တာ။

3. It's been a long time.
မတွေ့တာ ကြာပြီနော်။

4. How have you been?
ဘယ်လိုလဲ အ‌ဆင်ပြေလား?

5. Do you remember me?
ငါ့ကို မှတ်မိလား။

6. We met at the conference.
ငါတို့ အစည်းအဝေးမှာ တွေ့ခဲ့တာလေ။

7. Where are you from?
မင်း ဘယ်ကလဲ?

8. What's your native language?
မင်းရဲ့ မိခင်ဘာသာစကားက ဘာလဲ?

9. Did you grow up here?
မင်းဒီမှာ ကြီးပြင်းတာလား။

10. Is your family here?
မင်းမိသားစုက ဒီမှာလား။

11. Do you have any siblings?
မင်းမှာ မောင်နှမတွေ ရှိလား။

12. How's your family?
မင်းမိသားစု နေကောင်းလား။

13. How are your children?
မင်း ကလေးတွေ နေကောင်းလား။

14. How are your parents?
မင်းမိဘတွေ နေကောင်းလား။

15. What do you do?
မင်း ဘာအလုပ် လုပ်လဲ။

16. How long have you been in your field?
မင်း မင်းရဲ့ အလုပ်နယ်ပယ်မှာ ဘယ်လောက်ကြာပြီလဲ။

17. How are things going at the IT department?
IT ဌာနမှာ ဘာတွေ ဘယ်လိုဖြစ်နေတာလဲ။

18. I was so busy today. How was your day?
ငါ ဒီနေ့ အလုပ် အရမ်းများတာ။ မင်းရော ဒီနေ့ ဘယ်လိုလဲ။

19. What are your plans for the weekend?
ပိတ်ရက်မှာ ဘာအစီအစဉ်တွေ ရှိလဲ။

20. The weather is so nice outside.
အပြင်မှာ ရာသီဥတု သာယာတယ်။

21. What a crazy weather!
ရာသီဥတု အပြောင်းအလဲ မြန်ပါ့လား။

22. It was sunny this morning and now it's pouring.
မနက်က နေသာတယ်၊ အခု မိုးသည်းနေတယ်။

23. Do you play sports?
မင်း sports ကစားလား။

24. What are your interests?
မင်း ဘာတွေ စိတ်၀င်စားလဲ။

25. I love your dress. It looks really nice on you.
မင်းရဲ့ ဂါ၀န်လေးကြိုက်တယ်။ မင်းနဲ့ တော်တော်လိုက်တယ်။

26. Your earrings are unique. Where did you get them?
မင်းနားကပ်လေးက စန်းတယ်နော်။ ဘယ်ကနေ ၀ယ်ခဲ့တာလဲ။

27. Thank you for the cake. It was delicious.
ကိတ်မုန့်အတွက် ကျေးဇူးပါ။ တော်တော်လေးကောင်းတယ်။

28. What was your first-ever job?
မင်းရဲ့ ပထမဦးဆုံးအလုပ်က ဘာလဲ။

29. What do you love about your job?
မင်းရဲ့ အလုပ်နဲ့ပတ်သတ်ပြီး ဘာကြိုက်လဲ။

30. What do you like to do in your spare time?
အားတဲ့အချိန် မင်း ဘာလုပ်ရတာကြိုက်လဲ။

1. Keep quiet. ငြိမ်ငြိမ်နေ
2. Listen to me. ငါပြောတာ နားထောင်
3. Look at me. ငါ့ကိုကြည့်
4. Look here. ဒီကိုကြည့်
5. I forgot. ငါ မေ့သွားပြီ။
6. Why are you not answering?
မင်းဘာလို့ မဖြေတာလဲ။
7. Why are you silent?
မင်းဘာလို့ ငြိမ်နေတာလဲ။
8. What is this? ဒါ ဘာလဲ။
‌9. What happened? ဘာဖြစ်တာလဲ။
‌10. What did you eat?
မင်း ဘာစားခဲ့လဲ။
11. How did you get hurt?
ဘယ်လို ခိုင်းမိတာလဲ?
12. Are you hungry?
မင်း ဗိုက်ဆာလား။
13. Are you thirsty?
မင်း ရေဆာလား။
14. Move aside. ဘေးဖယ်။
15. Your hands are dirty.
လက်တွေ ညစ်ပတ်နေတာပဲ။
16. Never give up.
ဘယ်တော့မှ အရှုံးမပေးနဲ့။
17. No problem. ကိစ္စမရှိဘူး။
18. Shut up. ပါးစပ်ပိတ်ထား။
19. Stand still. မတ်မတ်ရပ်။
20. Take a bite. တစ်ကိုက် ကိုက်။
21. Take a sip. တစ်ငုံသောက်။
22. Walk slowly. ဖြည်းဖြည်းလျှောက်။
23. I am angry with you .
မင်းကို ဒေါသထွက်လာပြီ။
24. What time is it?
ဘယ်နှစ်နာရီထိုးပြီလဲ။
25. It's not your fault.
ဒါ မင်းအမှား မဟုတ်ဘူး။
26. Please don't blame yourself.
ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။
27. Talk to you later.
နောက်မှ မင်းနဲ့စကားပြောမယ်။
28. Please forgive me.
ငါ့ကို ခွင့်လွှတ်ပါ။
29. My watch is slow.
ငါ့နာရီက နှေးနေတယ်။
30. Don't waste your time doing nothing.
ဘာမှမလုပ်ပဲ အချိန်မဖြုန်းနဲ့။

နေ့စဉ်သုံး အင်္ဂလိပ်စကားပြောဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. I usually wake up at 6 am.
ငါ များသောအားဖြင့် မနက် (၆) နာရီမှာနိုးတယ်။

2. I stay in bed about 10 minutes before I get up.
မထခင် ၁၀ မိနစ်လောက် အိပ်ယာထဲ လှဲနေသေးတယ်။

3. I wash my face, brush my teeth and take a shower.
ငါ မျက်နှာသစ် သွားတိုက်ပြီး ရေချိုးတယ်။

4. Then I dry and comb my hair.
အဲ့နောက် ရေသုတ်ပြီး ခေါင်းဖြီးတယ်။

5. I have breakfast around 8.
၈ နာရီလောက် မနက်စာ စားတယ်။

6. You are almost late for school.
မင်း ကျောင်းနောက်ကျတော့မှာ။

7. I'm full, mom.Thanks for the breakfast.
ဗိုက်ပြည့်ပြီ အမေ။ မနက်စာအတွက် ကျေးဇူး။

8. Hurry up or the bus will leave you behind!
မြန်မြန်လုပ် ဘတ်စ်ကားက မစောင့်ပဲနေလိမ့်မယ်။

9. Put your hat on. It's hot outside.
အပြင်က နေပူတယ်။ ဦးထုပ်ဆောင်းထား။

10. Dad's gone to work already.
အဖေက အလုပ်သွားနှင့်ပြီ။

11. Take a few more bites.
တစ်ကိုက် နှစ်ကိုက်လောက် ထပ်စားဦး!

12. We're going far from home today. Get ready in 10 minutes.
ဒီနေ့ အိမ်နဲ့ နည်းနည်းဝေးတဲ့ဆီ သွားမှာ။ ၁၀ မိနစ်အတွင်း အဆင်သင့်လုပ်ထား။

13. Can you stay still for a moment?
ခဏလောက် ငြိမ်ငြိမ်နေပေးလို့ရမလာ?

14. How can we get to the zoo?
တိရိစ္ဆာန်ရုံကို ဘယ်လို သွားလို့ရလဲ?

15. We're going to take the bus to the city.
မြို့ထဲသွားတဲ့ ဘတ်စ်ကားကိုစီးပြီး သွားမယ်။

16. Go get your shoes.
ဖိနပ်သွားယူ။

17. Now, we're at the entrance of the zoo.
အခု ငါတို့ တိရိစ္ဆာန်ရုံ ၀င်ပေါက် ရောက်ပြီ။

18. Did you lock the door before we leave?
ငါတို့ မထွက်ခင် မင်း တံခါး သော့ခတ်ခဲ့လား။

19. I've never seen such a big tiger like that before.
အရင်က အဲ့လောက်ကြီးတဲ့ ကျား တစ်ခါမှ မမြင်ဖူးဘူး။

20. Look! There's an elephant over there.
ကြည့်စမ်း.. ဟိုမှာ ဆင်ကြီး။

21. Wow! I want to look at it more closely.
နည်းနည်းကပ်ပြီး ကြည့်ချင်တယ်။

22. Why don't you listen to me? Is it hurt?
ငါ့စကား ဘာလို့ နားမထောင်တာလဲ? နာလား?

23. I've finished my meal, mom!
ကျနော် စားလို့ပြီးပြီ။

24. Do you want some more?
နောက်ထပ် ယူဦးမလား?

25. There is no sunshine in our shady garden.
ခြံထဲမှာ နေမပူဘူး။

26. Get in the house right now!
အခုချက်ချင်း အိမ်ထဲ၀င်။

27. That's enough TV. Turn it off and do your homework, now!
TV ကြည့်တာ တော်ပြီ။ TV ပိတ်ပြီး အခု အိမ်စာလုပ်တော့။

28. Thanks mom for cheering me up.
ကျနော့်ကို အားပေးတဲ့အတွက် ကျေးဇူးပါအမေ။

29. Have you tidied up your room?
အခန်းသန့်ရှင်းရေး လုပ်ပြီးပြီလား။

30. No more talking, children!
ကလေးတွေ စကားထပ်မပြောတော့နဲ့။

လေဆိပ်သုံး အင်္ဂလိပ်စကားပြောဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. Where are you flying to today?
မင်း ဒီနေ့ဘယ်ကို သွားမှာလဲ။

2. Can I have your passport please?
မင်းရဲ့ Passport လေးကြည့်လို့ရမလား။

3. Do you have any bags to check in?
Check in လုပ်ဖို့ အိပ်တွေ ပါလား။

4. Please place your bag on the scale.
ပေါင်ချိန်စက်ပေါ်မှာ အိတ်ကိုတင်လိုက်ပါ။

5. Your baggage is overweight.
မင်းရဲ့အိတ်က အလေးချိန်ပိုနေတယ်။

6. You can take out some items or pay the overweight fee.
မင်းရဲ့ ပစ္စည်းအချို့ကို ထုတ်ချင်ထုတ်၊ ဒါမှမဟုတ် overweight fee ပေးချင်ပေးပါ။

7. How much do I need to pay?
ဘယ်လောက်ထပ်ပေးရမလဲ။

8. Do you have a carry-on?
လေယာဉ်ပေါ်ယူမယ့် luggage အသေးလေးပါသေးလား။

9. Here's your boarding pass.
ဒီမှာ မင်းရဲ့လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ပါ။

10. Your boarding time is 11:30.
လေယာဉ်ပေါ်တက်ရမယ့်အချိန်က 11 နာရီခွဲပါ။

11. Your gate number is 47.
Gate နံပါတ်က 47.

12. Could I change my seat?
ထိုင်ခုံ ပြောင်းလို့ရသေးလား။

13. window seat - ပြူတင်းပေါက်ဘေးက ထိုင်ခုံ
aisle seat - လျှောက်လမ်းဘေးက ထိုင်ခုံ

14. Do you have any liquids?
မင်းမှာ အရည်တွေပါလား။

15. If you have keys, cell phones and loose change in your pockets, please take them out.
အိတ်ကပ်ထဲမှာ သော့တွေ၊ ဖုန်းတွေနဲ့ အကြွေစေ့တွေ ပါလာရင် ထုတ်ထားပါ။

16. Please take off your belts and shoes.
ခါးပတ်နဲ့ ရူးဖိနပ်တွေကို ချွတ်ပါ။

17. Put them in a tray.
ဗန်းထဲကို ထည့်ပါ။

18. Please put laptops in a separate tray.
လက်တော့ပ်တွေကို ဗန်းနောက်တစ်ခုနဲ့သပ်သပ် ထည့်ပါ။

19. Please raise your hands.
လက်မြှေက်ပါ။

20. There has been a gate change.
ဂိတ်ပြောင်းလဲမှု ရှိပါတယ်။

21. Flight number AF 124 has been changed to gate 42.
လေယာဉ်နံပါတ် AF124 သည် ဂိတ် 42 ကိုပြောင်းလိုက်ပါပြီ။

22. Flight number AF124 to New York is boarding.
New York ကိုသွားမယ့် လေယာဉ်နံပါတ် AF124 လေယာဉ်ပေါ်ကို တက်နေပါပြီ။

23. Fasten your seatbelt.
ခါးပတ် ပတ်ပေးပါ။

24. Move your seat back to the upright position.
မင်းရဲ့ထိုင်ခုံကို ထောင်ပေးပါ။

25. Stow your tray table.
သင့်ရဲ့ စားပွဲဗန်းကို သိမ်းပေးပါ။

26. Raise your window blind.
ပြူတင်းပေါက် အကာကို တင်ပေးပါ။

27. Would you like chicken or fish?
ကြက်သား ယူမှာလား ငါးယူမှာလား။

28. I'll have the fish, please.
ကျနော် ငါးဟင်းယူပါမယ်။

29. Anything to drink?
ဘာသောက်ဦးမလဲ။

30. What kind of drinks do you have?
သောက်စရာတွေ ဘာရလဲ။

31. Have a safe flight!
ဘေးအန္တရာယ်ကင်းပါစေ။

ဟိုတယ်သုံး အင်္ဂလိပ်စကားပြောဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရေးသားသူ - ဆရာချစ် (မြစ်သား)

1. I'd like to make a reservation at your hotel.
ခင်ဗျားတို့ရဲ့ဟိုတယ်မှာ ကျနော် reservation လုပ်ချင်ပါတယ်။

2. What date would you like to make the reservation for?
ဘယ်နေ့အတွက် reservation လုပ်ချင်တာလဲ။

3. It's for July 4th.
ဇူလိုင်လ ၄ ရက်နေ့အတွက်ပါ။

4. How long will you be staying?
ဘယ်လောက်ကြာကြာနေမှာလဲ။

5. I will be staying for 2 nights.
(၂) ည နေပါမယ်။

6. What kind of room would you like?
ဘယ်လို အခန်းမျိုး လိုချင်ပါသလဲ။

7. I would like a single room, please.
တစ်ယောက်အခန်း ယူပါမယ်။

8. I would like 2 adjoining rooms, please.
ကပ်ရက်အခန်း ၂ ခန်း လိုချင်ပါတယ်။

9. What time do I check in?
Check in ဘယ်အချိန်မှာ လုပ်ရမှာလဲ။

10. I'm checking in. I have a reservation under the name of Sayar Chit.
ကျနော် check in လုပ်မလို့ပါ။ Sayar Chit နာမည်နဲ့ reservation လုပ်ထားပါတယ်။

11. I have a confirmation email.
ကျနော့်မှာ confirmation email ရှိပါတယ်။

12. What time is check out?
Check out က ဘယ်အချိန်လဲ။

13. I would like a wake-up call tomorrow at 8 o'clock.
ကျနော် မနက်ဖြန် (၈)နာရီလောက်မှာ wake up call လိုချင်ပါတယ်။

14. Do you offer a shuttle service to the airport?
လေဆိပ်ကို ကားဖယ်ရီ စီစဉ်ပေးလား။

15. Do you offer a dry-cleaning service?
ရေနဲ့ထိလို့မရတဲ့ အင်္ကျီတွေကို လျှော်ပေးတဲ့ ၀န်ဆောင်မှု ပေးလား။

16. I'd like to check out, please.
Check out လုပ်ချင်ပါတယ်။

17. The air conditioner doesn't work.
အဲကွန်းက ပျက်နေတယ်။

18. How much is it per night?
တစ်ည ဘယ်လောက်လဲ။

19. Call your manager. I need to talk to him.
မင်းတို့ရဲ့ မန်နေဂျာကို ခေါ်လိုက်။ ငါ သူနဲ့စကားပြောချင်တယ်။

20. The manager's gone back home, sir.
မန်နေဂျာက အိမ်ပြန်သွားပြီ။

ဆေးရုံဆေးခန်းသုံး အင်္ဂလိပ်စကားပြော
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. How are you feeling?
ဘယ်လို ခံစားနေရလဲ။

2. What are your symptoms?
ရောဂါလက္ခဏာတွေက ဘာတွေလဲ။

3. I'm not feeling very well.
နေလို့ သိပ်မကောင်းဘူး။

4. I have chills.
ချမ်းစိမ့်နေတယ်။

5. I have a sore throat.
လည်ချောင်းနာနေတယ်။

6. I have a stomachache.
ဗိုက်အောင့်နေတယ်။

7. I have nausea.
အန်ချင်နေတယ်။

8. I am dizzy.
ခေါင်းမူးနေတယ်။

9. I have diarrhea.
၀မ်းသွားနေတယ်။

10. I have pain in my back.
နောက်ကျောအောင့်နေတယ်။

11. I've been coughing a lot.
ချောင်း တအားဆိုးနေတယ်။

12. I've been feeling tired these days.
ဒီရက်ပိုင်းတွေမှာ ခြေကုန်လက်ပန်းကျပြီး မောနေတယ်။

13. I can't sleep very well these days.
အခုရက်ပိုင်း အိပ်လို့ မရဘူး။

14. I'm constipated.
၀မ်းချုပ်နေတယ်။

15. I have blood in my stools.
သွေး၀မ်းတွေသွားနေတယ်။

16. I have blood in my urine.
ဆီးသွားတဲ့အခါ သွေးပါနေတယ်။

17. How long have you been feeling like this?
ဒီလိုခံစားနေရတာ ဘယ်လောက်ကြာပြီလဲ။

18. Your blood pressure is fine.
သွေးပေါင်ချိန်က ကောင်းတယ်။

19. Your blood pressure is high.
သွေးပေါင်တက်နေတယ်။

20. Your blood pressure is low.
သွေးပေါင်ကျနေတယ်။

21. My diagnosis is that you have the flu.
ဆေးစစ်ချက်အရ မင်းတုတ်ကွေးဖြစ်နေတယ်။

22. Take 1 tablet 3 times a day.
တစ်ခါသောက် 1 လုံး၊ တစ်နေ့ (၃)ကြိမ်သောက်။
Prescription - ဆေးစာ

23. Apply everyday for 2 weeks.
၂ ပတ်တိတိ နေ့တိုင်းလိမ်းပါ။

24. Let me take your temperature.
အပူချိန် တိုင်းကြည့်ရအောင်။

25. You have a slight fever.
မင်း ငွေ့ငွေ့လေး ဖျားနေတယ်။

26. I have a runny nose and can't stop sneezing.
နှာစေးနေတယ်။ နှာချေတာ မရပ်တော့ဘူး။ ‌တအားပဲ။

27. Open your mouth wide and say Ah!
ပါးစပ်ဟပြီး အာ လို ပြောပါ။

28. I'm writing you the prescription and you can buy the medicine from the pharmacy.
ငါ ဆေးစာရေးပေးမယ်။ ဆေးဆိုင်ကနေ ဆေး၀ယ်လိုက်ပါ။

29. You should have light food and drink lots of water.
အစာကြေလွယ်မယ့်အစာလေးတွေစား၊ ရေများများသောက်။

30. You should get plenty of rest.
ကောင်းကောင်း အနားယူသင့်တယ်။

War & Peace Vocabulary
🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရေးသားသူ - ဆရာချစ် (မြစ်သား)

1. Allies - မဟာမိတ်နိုင်ငံများ

eg. The United Nations is made up of allies working together to avoid war.
ကမ္ဘာစစ်မဖြစ်ပွားအောင် ကမ္ဘာ့ကုလသမ္မဂကို မဟာမိနိုင်ငံများစုပေါင်း၍ ဖွဲ့စီးထားသည်။

2. Civilians - ပြည်သူများ

eg. The civilians took up arms to fight for their country.
ပြည်သူများသည် သူတို့တိုင်းပြည်အတွက် လက်နက်ဆွဲကိုင် တိုက်ခိုက်ခဲ့ကြသည်။

3. Invade - ကျူးကျော်သည်။

eg. The enemy invaded the capital city.
ရန်သူများသည် မြို့တော်ကို ကျူးကျော်၀င်ရောက်ခဲ့သည်။

4. Violate - ချိုးဖောက်သည်။

eg. He violated human rights during the war.
စစ်ပွဲအတွင်း သူသည် လူ့အခွင့်အရေးများကို ချိုးဖောက်ခဲ့သည်။

5. Meddle - ၀င်ရောက်စွက်ဖက်သည်။

eg. The United States has been known to meddle in other country'd politics.
အမေရိကန်ပြည်ထောင်စုက အခြားတိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်လေ့ရှိသည်။

6. Blockade - ပိတ်ဆို့သည်။

eg. The enemy troops formed a blockade around the city.
ရန်သူ့တပ်ဖွဲ့များသည် မြို့တော်ပတ်ပတ်လည်ကို ပိတ်ဆို့ခဲ့သည်။

7. Propaganda - ဝါဒဖြန့်ခြင်း။

eg. Don't believe all of the propaganda distributed by the media.
မီဒီယာက ဝါဒဖြန့်သော သတင်းအားလုံးကို မယုံနဲ့။

8. Disinformation - သတင်းမှား။

eg. The media can manipulate its audiences with some clever disinformation.
မီဒီယာက သတင်းမှားတွေနဲ့ လူ‌တွေကို ကြိုးကိုင်ထိန်းချုပ်နိုင်သည်။

9. Cutting ties - အဆက်အသွယ် ဖြတ်တောက်ခြင်း

eg. A lot of companies and organizations are cutting ties with people who violate human rights.
ကုမ္ပဏီအများအပြားနဲ့ အဖွဲ့အစည်းများသည် လူ့အခွင့်အရေးချိုးဖောက်သောသူများနှင့် အဆက်အသွယ် ဖြတ်တောက်နေကြသည်။

10. Add fuel to the fire - မီးလောင်ရာလေပင့်

eg. Sometimes the media adds fuel to the fire by spreading lies and propaganda.
တခါတလေ မီဒီယာက မုသားတွေနဲ့ ဝါဒဖြန့်ပြီး ပဋိပက္ခတွေ မဖြစ် ဖြစ်အောင် မီးလောင်ရာ လေ့ပင့်တတ်လေ့ရှိသည်။

Don't play dumb with me. I know you took the money.
ငါ့ရှေ့မှာ ရူးချင်ယောင်ဆောင်မနေနဲ့။ ပိုက်ဆံ မင်းယူသွားတာ ငါသိတယ်။

My wife always pouts if she doesn't get what she wants.
ကျနော့်မိန်းမက သူလိုချင်တာမရရင် အမြဲတမ်း နှုတ်ခမ်းစူ တော့တာပဲ။

I paid off my debts.
အင်္ဂလိပ်စကားပြော ဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရေးသားသူ - ဆရာချစ်(မြစ်သား)

1. It's right in front of you.
အဲ့တာက မင်းရှေ့မှာ။

2. It's so much fun.
ပျော်စရာ အရမ်းကောင်းတယ်။

3. It's time for bed.
အိပ်ယာ၀င်ဖို့ အချိန်ကျပြီ။

4. Did you take a shower?
မင်း ရေချိုးခဲ့လား။

5. I feel strange.
ငါ ထူးဆန်းသလို ခံစားရတယ်။

6. This class is boring.
ဒီအတန်းက ပျင်းစရာကြီး။

7. I want to relax at home.
ငါ အိမ်မှာ အနားယူချင်တယ်။

8. The bank is closed.
ဘဏ်ပိတ်ထားတယ်။

9. Stop talking to me.
ငါ့ကို ပြောတာရပ်တော့။

10. I returned home by train.
ငါ အိမ်ကို ရထားနဲ့ ပြန်ခဲ့သည်။

11. This box is full of books.
ဒီသေတ္တာက စာအုပ်တွေနဲ့ ပြည့်နေတာ။

12. How long did you live in England?
မင်း အင်္ဂလန်မှာ ဘယ်လောက်ကြာကြာ နေခဲ့တာလဲ။

13. The supermarket opens at 10 o'clock.
စူပါမားကတ်က ၁၀ နာရီမှာ ဖွင့်တယ်။

14. Give me a hand with this bag.
ငါ့ကို ဒီအိပ်လေး သယ်ကူဦး။

15. I used to take a walk every morning.
ငါ မနက်တိုင်း လမ်းလျှောက်လေ့ရှိတယ်။

16. Read after me.
‌ငါ့နော်က လိုက်ဆို။

17. I met nobody on my way home.
အိမ်ပြန်လမ်းမှာ ငါ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။

18. My wife is preparing dinner right now.
ငါ့ ဇနီးက အခု ညစာပြင်နေတယ်။

19. I fell in love with her at first sight.
ငါ သူမကို မြင်မြင်ချင်း ချစ်သွားပြီ။

20. Don't make so much noise. I'm working.
အရမ်းမဆူနဲ့။ ငါ အလုပ် လုပ်နေတယ်။

21. How many are there in your family?
မင်း မိသားစုမှာ မိသားစု၀င်အရေအတွက် ဘယ်လောက်ရှိလဲ။

22. What would you like to eat?
ဘာစားချင်လဲ။

23. Could you tell me the quickest way to get there?
အဲဒီကို ရောက်ဖို့ အမြန်ဆုံးလမ်းကို ပြောပြနိုင်မလား။

24. Would you please give me a hand?
ကျေးဇူးပြု၍ ငါ့ကို ကူညီပါ့လား။

25. Who do you think you are talking to?
မင်းစကားပြောနေတာ ဘယ်သူလို့ထင်နေတာလဲ။

26. He was absent yesterday. Do you know why?
သူ မနေ့က မလာဘူး။ ဘာလို့လဲ မင်းသိလား။

27. What do you plan to do tomorrow?
မနက်ဖြန် မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။

28. I usually go to bed at about midnight.
ည သန်းခေါင်လောက်မှ ငါ အိပ်ယာ၀င်တယ်။

29. I'm afraid that I have to go.
ငါသွားရတော့မယ်။ အားနာလိုက်တာ။

30. What's the matter with you?
မင်း ဘာဖြစ်နေတာလဲ။

31. Mary gave birth to a baby last week.
လွန်ခဲ့တဲ့အပတ်က မယ်ရီ ကလေးမွေးခဲ့တယ်။

32. He does exercises every day in the morning.
သူ နေ့တိုင်း မနက်မှာလေ့ကျင့်ခန်းလုပ်တယ်။

33. That house is for sale.
အဲ့အိမ်က ရောင်းမှာ။

34. Let me introduce my friend to you.
မင်းကို ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါရစေ။

35. We're planning a tour to Italy this summer.
နွေရာသီမှာ အီတလီကို ခရီးသွားဖို့ စီစဉ်နေတယ်။

36. You should always depend on yourself rather than someone else.
အခြားသူကို အားကိုးတာထက် မင်း ကိုယ့်ကိုယ်ကို အားကိုးသင့်တယ်။

37. I have a lot in common with my sister.
ငါ နဲ့ ငါ့ညီမမှာ တူတာတွေ အများကြီးရှိတယ်။

38. Can you wake me up at 7 o'clock tomorrow morning?
မနက်ဖြန်မနက် မင်း ငါ့ကို နှိုးပေးလို့ရလား။

39. He is taking a walk.
သူ လမ်းလျှောက်နေတယ်။

40. Cut the cake with a knife.
ဓါးနဲ့ ကိတ်မုန့်ကို လှီးလိုက်။

41. Can I keep this?
ဒါလေး သိမ်းထားလို့ရမလား။

42. I can't stand this cold.
ဒီအအေးဒဏ်ကို ငါ မခံနိုင်ဘူး။

43. I will be here from Monday to Thursday.
တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ငါ ဒီမှာ ရှိမယ်။

44. The ship is now in the harbor.
သ‌‌င်္ဘောက အခု ဆိပ်ကမ်းမှာ။

45. He is always friendly to me.
သူက အမြဲတမ်းငါ့ကို ဖော်ရွေတယ်။

46. The train was crowded.
ရထားက လူပြည့်ညှပ်နေတာ။

47. Draw a line on the paper.
စာရွက်ပေါ်မှာ မျဉ်းတစ်ကြောင်း ဆွဲပါ။

48. What did you say?
မင်း ဘာပြောလိုက်တာလဲ။

49. We are out of tissue paper.
ငါတို့ တစ်ရှူးကုန်နေပြီ။

50. Fill out this application form.
ဒီလျှောက်လွှာကို ဖြည့်ပါ။

Sayar Chit (Myittha)

ที่อยู่

Nakhon Pathom
73220

เบอร์โทรศัพท์

+66816726712

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YAM Entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง YAM Entertainment:

วิดีโอทั้งหมด

แชร์


บริษัทด้านสื่อ/ข่าวสาร อื่นๆใน Nakhon Pathom

แสดงผลทั้งหมด