Mae Sot Myanmar Media

Mae Sot Myanmar Media မဲဆောက်ရောက် မြန်မာများအတွက် ရည်ရွယ်ပါတယ်
(1)

Curve 33မဲဆောက်ရောက်ရင် သွားလည်သင့်တဲ့ နေရာလေးတစ်ခုပါသဘာဝအလှတွေခံစားရင်း ဓါတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးLocation link ...
01/01/2024

Curve 33

မဲဆောက်ရောက်ရင် သွားလည်သင့်တဲ့ နေရာလေးတစ်ခုပါ
သဘာဝအလှတွေခံစားရင်း ဓါတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေး

Location link လေး ချပေးထားပါတယ်

https://maps.app.goo.gl/kCLygLbeRngm28kT6?g_st=ic

ထိုင်းနိုင်ငံက မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်ခံဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားမြန်မာနိုင်ငံဘက်ခြမ်းမှာတိုက်ပွဲတ...
04/12/2023

ထိုင်းနိုင်ငံက မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်ခံဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောကြား

မြန်မာနိုင်ငံဘက်ခြမ်းမှာတိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်ခံဖို့ အတွက် အစိုးရအနေနဲ့ နယ်စပ်တစ်လျှောက်မှာ ဒုက္ခသည်စခန်းတွေဆောက်လုပ်ဖို့ အဆင်သင့်ရှိ ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရက မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း အတည်ပြုခဲ့ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးက ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲဖို့နဲ့ အမြန်ဆုံး ညှိနှိုင်းဆွေးနွေးဖို့ တောင်းဆိုထားကြောင်း ဝန်ကြီးက ဒီဇင်ဘာလ ၃ ရက်က ဆိုပါတယ်။

“ အခုကစလို့ စစ်ပွဲတွေက အခြေအနေ ပြင်းထန်လာမယ်ဆိုရင် ထိုင်းနိုင်ငံတင်မဟုတ်ပဲ တခြား နေရာတွေအားလုံးကိုပါ စစ်ဘေးဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်သွားရမှာပါ။ ဒုက္ခသည်တွေ လမ်းကြောင်းပေါင်းစုံကို ရောက်သွားမှာပါ” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က မြဝတီမြို့မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နယ်စပ်မြို့မှာ စီးပွားရေးသမားတွေရဲ့ ကုန်တင်ကားတွေ အများအပြား သောင်တင်နေခဲ့ကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တာ့ခ်ခရိုင်၊ မဲဆောက်ကနေ ၁၀ ကီလိုမီတာခန့်အကွာမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေက ထိုင်းနိုင်ငံအပေါ် ထိခိုက်မှု မရှိသေးသော်လည်းပဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေ ရှိလာပါက လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးမယ်လို့ တပ်မ ၃ မှ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီးက Prasarn Saengsirirak ပြောကြားခဲ့ပါတယ်။

Ref:bangkokpost

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး ဘာတွေပါလဲ.?   ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးမှာ🍃 ကလိုရိုဖီး ကယ...
26/11/2023

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး ဘာတွေပါလဲ.?

ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးမှာ🍃


ကလိုရိုဖီး

ကယ်လ်ဆီယမ်

သံဓာတ်

နီကာဆင်

ဘိုင်အိုတင်

ဖောလစ်အက်ဆစ်

မဂ္ဂနီဆီယမ်

ဖော့စဖရိတ်

ပိုတက်ဆီယမ်

​ဗီတာမင် C

​ဗီတာမင် D

​ဗီတာမင် E

​ဗီတာမင် K တို့ပါဝင်နေပါတယ်။

မယ်ဇလီဖူးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချိုဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။

မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုရော အရေပြားကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးနိုင်တာပါ။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။

မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင်တစ်ခုက လေဒီလေးတွေရဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာပါ။ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။



ဝမ်းမှန်စေတယ်။

မယ်ဇလီဖူးက သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။

မယ်ဇလီဖူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေတာပါ။ ရာသီသွေးကို မှန်စေပြီး သွေးတွေ အများကြီး ဆင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းကိုလက်စထရော ကျစေတယ်။

မယ်ဇလီဖူးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးသင့်ပါတယ်။ အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။

အရေပြား ကျန်းမာစေတယ်။

မယ်ဇလီဖူးက အရေပြားပေါ်က အမာရွတ်တွေ၊ အမညစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အခြောက်ခံ အမှုန့်လုပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်လို့ အရေပြားပေါ်မှာ လိမ်းပေးလို့ ရသလို စားပေးလို့လည်း ရပါတယ်။

ကိုယ်နံ့ကင်းစေတယ်။

ကိုယ်နံ့ပြင်းတာကြောင့် စိတ်ညစ်နေတယ်ဆိုရင် သဘာဝဆေးနည်းလေးဖြစ်တဲ့ မယ်ဇလီဖူးကို စားပေးပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေမှာပါ။

ဘာတွေ သတိထားရမလဲ

လူတိုင်း စားလို့ ရပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားမယ်ဆိုရင် ဝမ်းသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိနေသူတွေလည်း အများကြီး စားတာမျိုး မလုပ်ပါနဲ့။

ဘယ်သူတွေ မစားသင့်ဘူးလဲ.? ❌

မယ်ဇလီဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်

* ရောဂါတစ်ခုခု ရှိတာကြောင့် ဆေးသောက်နေရသူတွေ
* ရောဂါအခံ ရှိသူတွေ
* ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

မြန်မာတန်ဆောင်တိုင်နဲ့ ဆင်တူတဲ့ ထိုင်း လွိုင်ကထုံပွဲတော်အတွင်း မဲဆောက်မြို့ရောက် ရွှေ့ပြောင်း မြန်မာတွေ အလွန်အကျွံ မူးယစ...
24/11/2023

မြန်မာတန်ဆောင်တိုင်နဲ့ ဆင်တူတဲ့ ထိုင်း လွိုင်ကထုံပွဲတော်အတွင်း မဲဆောက်မြို့ရောက် ရွှေ့ပြောင်း မြန်မာတွေ အလွန်အကျွံ မူးယစ်ပြီး ယာဉ်မောင်းတာတွေ မလုပ်ကြဖို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲမှူးကြီးက သတိပေးလိုက်ပါတယ်။

မြန်မာတန်ဆောင်တိုင်နဲ့ ဆင်တူတဲ့ ထိုင်း လွိုင်ကထုံပွဲတော်အတွင်း မဲဆောက်မြို့ရောက် ရွှေ့ပြောင်း မြန်မာတွေ .....

မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆုဘတ်(6)သန်း ပထမဆုကြီးဆွတ်ခူးကံထူးခဲ့ ထီဆုငွေများအား လုံခြုံစိတ်ချစွာ ရရှိစေ...
08/10/2023

မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆု
ဘတ်(6)သန်း ပထမဆုကြီးဆွတ်ခူးကံထူးခဲ့ ထီဆု
ငွေများအား လုံခြုံစိတ်ချစွာ ရရှိစေရန် ကိုရဲမင်း
ဦးဆောင်သော MHAC မဟာမိတ်အဖွဲ့မှ အောင်မြင်
စွာ ငွေများထုတ်ယူပေးနိုင်ခဲ့….
____________________________________
———————————————

ထိုင်းနိုင်ငံ လာအိုနယ်စပ်မှာ ဆောက်လုပ်ရေး
အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား
တိုင်းရင်းသား ကံထူးရှင်ဇနီးမောင်နှံဟာ
အလုပ်သွားရင်း ထီတစ်စောင် ကံစမ်းခဲ့ရာ ထိုလက်မှတ် မှ အမြင့်ဆုံး ဘတ်ခြောက်သန်းဆု
ယခုလ (1)ရက်နေ့က ဆွတ်ခူးခဲ့တာပါ…

သူတို့ ထီပေါက်မှုသတင်းဟာ လုပ်ငန်းခွင် တစ်ခုလုံးကနေ အလုပ်ရှင်သဌေးအထိ့ သိရှိသွားပြီး အထောက်အထားမပြည့်စုံတဲ့အပေါ် အခွင့်
ကောင်းယူပြီး ထီလက်မှတ်ကို သူထံပေးဖို့ သူထုတ်ပေးမှ ရမယ်ဆိုပြီး အမျိုးမျိုး ပြောဆို
ခဲ့ပေမဲ့ ဆောက်လုပ်ရေးသဌေး အကြောင်းကို
သိနေတဲ့ ကံထူးရှင်မောင်နှံနဲ့ မြန်မာလုပ်သားများ
ဟာ ကိုရဲမင်းဦးဆောင်တဲ MHAC မဟာမိတ်အဖွဲ့ကို ဆက်သွယ်ပြီး အမြန်လာရောက်ကူညီထုတ်ပေးဖို့ တောင်းဆိုလာသဖြင့် …..

အဖွဲ့သားများသည် ကံထူးရှင်ဇနီးမောင်နှံရှိရာ လာအိုနယ်စပ်သို့ အသွားအပြန် ၁၆ နာရီခရီးကို စတင်
ထွက်ခွာခဲ့ပြီး ညအချိန်တွင် သူဌေးလူယုံများနှင့် ဂိတ်စောင့်တို့ အလစ်အငိုက်ဖြစ်ချိန်ကို စောင့်ဆိုင်း ခေါ်ထုတ်လာနိုင်ခဲ့ကာ လမ်းခရီးရှိအခက်အခဲများကို ရှောင်ဖယ်ပြီး ကံထူးရှင်ဇနီးမောင်နှံအား နေ့ချင်းပြီး ထီဆုငွေများ အပြည့်အဝရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ကိုရဲမင်း အဖွဲ့ အနေဖြင့် AAC မှသည် MHAC အထိ့
ထိုင်းထီပထမဆုကံထူးရှင် 47 ဦးအထိ ထီဆုငွေ
ထုတ်ယူပေးခြင်းဖြစ်သလို….
MHACရုံး စတင်တည်ထောင်သည့်အချိန်မှသည်
အဖွဲ့အနေအဖြင့် (6)ကြိမ်မြှောက်ထုတ်ယူပေးခြင်းဖြစ်ပြီး 2လအတွင်း 3 ကြိမ်မြောက်ထုတ်ယူပေးခြင်းလည်းဖြစ်ပါသည်။

ပုံ-ထိုင်းထီပထမဆုကံထူးရှင် ဇနီးမောင်နှံအား
MHAC အဖွဲ့ တာဝန်ရှိသူများနှင့်အတူ ထီဆုငွေ
ထုတ်ယူပြီးနောက် 3/10/2023 ရက်နေ့က တွေ့ရစဉ်

MHAC မဟာမိတ်အဖွဲ့
မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ
မဟာချိုင်အခြေစိုက် ထိုင်းနိုင်ငံ
7/10/2023

MSMM page မှာ ဘာမှသိပ်မတင်ဖြစ်တာ တော်တော်ကိုကြာသွားခဲ့ပါပြီဒီ page လေးကို ကျွန်တော် မဲဆောက်ရောက်ကာစ 2022 စက်တင်ဘာလ 9 (9....
07/10/2023

MSMM page မှာ ဘာမှသိပ်မတင်ဖြစ်တာ တော်တော်ကိုကြာသွားခဲ့ပါပြီ
ဒီ page လေးကို ကျွန်တော် မဲဆောက်ရောက်ကာစ 2022 စက်တင်ဘာလ 9 (9.9.2022)က စပြီးဖွင့်ဖြစ်ခဲ့တာပါ
မဲဆောက်မှာရှိနေဆဲကာလတွေမှာ နေရာစုံသွားလာရင်း ပုံတွေ နေရာတွေရိုက်ပြီးတင်ပေးဖြစ်ခဲ့တာပါ ရည်ရွယ်ချက်က ကိုယ့်လိုရောက်ကာစလူတွေသွားရလွယ်ကူစေဖို့နဲ့ သတင်းအချက်အလက်တွေဝေမျှဖို့ပါ

Page မှာ ဘာလို့ post တွေဆက်မတင်ဖြစ်တော့လဲဆိုရင် 2023 မတ်လက စပြီး မဲဆောက်မှာမရှိတော့လို့ပါ
နေခဲ့တဲ့ ၆လကျော်အတွင်း မဲဆောက်ဟာအမှတ်တရတွေအများကြီးပေးခဲ့ပါတယ်

Mae Sot Myanmar Media page မှာ မဲဆောက်အကြောင်းတွေသာမက ထိုင်းနိုင်ငံရဲ့ တခြားနေရာအကြောင်းလေးတွေလည်း တင်ခွင့်ပြုပါလို့ လေးစားစွာ တောင်းဆိုပါတယ်

MSMM Admin
(ပုံလေးက မဲဆောက် စရောက်တဲ့နေ့က တောင်ပေါ်ကနေရိုပ်ထားတဲ့ပုံလေးပါ)

မဲဆောက်မှာ မြန်မာအစားအသောက် ရယ်ဒီမိတ်လေးတွေ စျေးသက်သက်သာသာ နဲ့ တစ်နေရာထဲစုံစုံလင်လင်ရနိုင်တဲ့ ကောင်းကြိုက် Page လေးပါဘတ်...
30/09/2023

မဲဆောက်မှာ မြန်မာအစားအသောက် ရယ်ဒီမိတ်လေးတွေ စျေးသက်သက်သာသာ နဲ့ တစ်နေရာထဲစုံစုံလင်လင်ရနိုင်တဲ့ ကောင်းကြိုက် Page လေးပါ

ဘတ်ဂျက်သမားတွေအတွက်လည်း သင့်တော်ပါတယ်
ဥပမာ တစ်လစာ ကိုယ့်ဘာသာတွဲစပ်ပြီး ဝယ်ထားမယ်ဆိုရင် ကော်ဖီထုပ် ရှမ်းခေါက်ဆွဲထုပ် လက်ဖက်အကြော်စုံ ဆိတ်မွှကြော် ငပိကြော် စတာတွေကို ဘတ်ဂျက်တွက်ပြီး ဝယ်လို့ရပါတယ်

အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုလေးရှိသလို စားစရာအမျိုအစားတွေကလည်း အများအပြား အစုံအလင်ရနိုင်တာကြောင့် ကောင်းကြိုက် ရဲ့ Page မှာသာ ဝင်ကြည့်လိုက်ပါ
Page link :
https://www.facebook.com/profile.php?id=100086270408494&mibextid=LQQJ4d

မြ၀တီ- ကော့ကရိတ်  အာရှလမ်းပိုင်း ရင်ကွဲတောင် တောနော်ရေတံခွန်အနီး တောင်ပြိုမှုကြောင့် လမ်းပျက်စီးသွားပုံမြင်ကွင်း Credit-...
07/08/2023

မြ၀တီ- ကော့ကရိတ် အာရှလမ်းပိုင်း ရင်ကွဲတောင် တောနော်ရေတံခွန်အနီး တောင်ပြိုမှုကြောင့် လမ်းပျက်စီးသွားပုံမြင်ကွင်း

Credit-ZweNaingWin Facebook,CJ

ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က Move Forward ပါတီ အနိုင်ရကြောင်း ကြေညာထိုင်း ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့ နံနက်ပိုင...
15/05/2023

ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က Move Forward ပါတီ အနိုင်ရကြောင်း ကြေညာ

ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့ နံနက်ပိုင်းမှာ မဲရေတွက်တာ ပြီးဆုံးသွားပြီ ဖြစ်ပြီး မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ Move Forward ပါတီ အနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြီးအကဲ Ittiporn Boonpracong က Move Forward ပါတီဟာ လွှတ်တော် အမတ် နေရာ ၁၁၂ နဲ့ ပါတီ အမတ်နေရာ ၃၉ ရခဲ့တယ်လို့ ပြောပါတယ်။ Pheu Thai က လွှတ်တော် အမတ်နေရာ ၁၁၂ နဲ့ ပါတီအမတ်နေရာ ၂၉ ရခဲ့ပါတယ်။ Bhumjaithai က လွှတ်တော်အမတ်နေရာ ၆၈ နဲ့ ပါတီအမတ်နေရာ ၃ ၊ Palang Pracharath က လွှတ်တော်အမတ်နေရာ ၃၉ နဲ့ ပါတီအမတ်နေရာ ၁ ၊ United Thai Nation က လွှတ်တော် အမတ်နေရာ ၂၃ နဲ့ ပါတီ အမတ်နေရာ ၁၃ ရခဲ့ပါတယ်။
Ittiporn က မဲပေးခွင့်ရတဲ့ ထိုင်း နိုင်ငံသား အားလုံးရဲ့ ၇၅.၂၂ ရာခိုင်နှုန်း မဲပေးခဲ့ကြပြီး ၂၀၁၁ ခုနှစ်က ၇၅.၀၃ ရာခိုင်နှုန်းထက်များတယ်လို့ ပြောပါတယ်။
Ref : bangkokpost

O2 Water Parkမဲဆောက် ကနေ သိပ်မဝေးတဲ့နေရာလေးမှာ ရှိပါတယ်နာရီဝက်ကျော်ကျော်မောင်းရင် ရောက်ပါပြီနွေရာသီမှာ အပန်းဖြေဖို့ကောင်...
17/03/2023

O2 Water Park

မဲဆောက် ကနေ သိပ်မဝေးတဲ့နေရာလေးမှာ ရှိပါတယ်
နာရီဝက်ကျော်ကျော်မောင်းရင် ရောက်ပါပြီ
နွေရာသီမှာ အပန်းဖြေဖို့ကောင်းတဲ့ နေရာလေးတစ်ခုပါ

Speed Boat , Banana Boat တွေလည်းစီးလို့ရပါတယ်
Banana Boat က လူ ၅ယောက် တစ်ခါစီးရင် ဘတ် ၅၀၀ ပါ Speed Boat ကတော့ တစ်နာရီကို ဘတ် 2500 ပါ

O2 Water Park ကဝင်ကြေးမပေးရပါဘူး
အထဲရောက်မှ ကိုယ်ကစားချင်တဲ့ တစ်ခုချင်းစီအလိုက် ပေးရတာမျိုးပါ
အစားအသောက်မရလို့ သွားမယ်ဆိုရင် အစားအသောက်တွေ ဝယ်သွားပါ

နားဖို့ တဲလေးတွေပေးထားပါတယ်

Google Maps:
https://maps.app.goo.gl/Mnbit7MW9zus9Q7X6?g_st=ic

ဘတ် ၁ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ မြန်မာစားသောက်ကုန်များအား ထိုင်းအာဏာပိုင်များ ဖမ်းဆီးထိုင်းနိုင်ငံ ရနောင်းနှင့်...
16/02/2023

ဘတ် ၁ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ မြန်မာစားသောက်ကုန်များအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ ရနောင်းနှင့် ချမ်ဖွန်ပြည်နယ်ကြားနယ်နိမိတ်တွင် မြန်မာနိုင်ငံဖက်မှတင် သွင်းလာသည့် တရားမဝင်စားသောက်ကုန်ပစ္စည်း ၁၅ မျိုးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ဆေးဖမ်း ဆီးခဲ့ကြောင်း ရနောင်းအခြေစိုက် အမှတ်(၂၅) ခြေလျင်တပ်ရင်းအထူးတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာ တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

အခွန်ရှောင်ခိုးသွင်းလာသည့် ထိုင်းဘတ် ၁၂၄,၉၀၈ တန်ဖိုးရှိ စားသောက်ကုန် ၁၅ မျိုးကို မြန်မာ နိုင်ငံသား ယာဉ်မောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံသူအမျိုးသမီးနှစ်ဦးက ထိုင်းနိုင်ငံ Prachuap Khiri Khan ခရိုင်ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများရှိရာသို့ သွားရောက်ရောင်းချရန် အနက်ရောင်ပစ်ကပ်ကားတစ်စီးဖြင့် မှောင်ခိုတင်သွင်းလာစဉ် ရနောင်းခရိုင်အကောက်ခွန်နှင့် သီလစလပ်စစ်ဆေးရေးဂိတ်တွင် အမှတ် (၂၅) ခြေလျင်တပ်ရင်းအထူးတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာစားသောက်ကုန်များကို ထိုင်းနိုင်ငံရှိ ရနောင်းခရိုင်အတွင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်မှဝယ်ယူ လာခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူနှစ်ဦးကထွက်ဆိုကြောင်း အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့ ကဆိုသည်။

သိမ်းဆည်းရမိသော ကုန်ပစ္စည်များတွင် ဖယောင်းတိုင်၊ မြန်မာဟင်းအနှစ်မှုန့်၊ ဆန်ခေါက်ဆွဲ၊ မုန့်ဖတ်၊ ငါး ချဉ်၊ ပဲဆီ၊ လက်ဖက်ခြောက်၊ ကော်ဖီမှုန့်၊ မြန်မာကြက်သွန်ဖြူ အပါအဝင် သီးနှံနှင့်အချိုရည်များဖြစ် ကြောင်း သိရသည်။

ထိုင်းဉပဒေများအရ ယခုကဲ့သို့ အကောက်ခွန်ငွေပေးချေမှုစာရွက် စာတမ်းမရှိဘဲ ကုန်ပစ္စည်းသယ်ဆောင် ခြင်းအတွက် (၅)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် အကောက်ခွန်ပါပြီး ကုန်ပစ္စည်းများ၏ စျေးနှုန်းထက် လေးဆဒဏ်ရိုက်ခြင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်ကြောင်း အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

တူရကီနဲ့ဆီးရီးယားက ငလျင်ကြီးကြောင့် သေဆုံးသူ ၈၇၀၀ ကျော်သွားခဲ့ပါပြီတူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လ...
08/02/2023

တူရကီနဲ့ဆီးရီးယားက ငလျင်ကြီးကြောင့် သေဆုံးသူ ၈၇၀၀ ကျော်သွားခဲ့ပါပြီ

တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ငလျင်ကြီး ၂ ခုမှာ အသက်ရှင် ကျန်ရစ်သူတွေကို အချိန်လု ကယ်ဆယ်နေချိန်မှာပဲ နှစ်နိုင်ငံပေါင်း သေဆုံးသူ ၈၇၀၀ ကျော်အထိမြင့်တက်လာခဲ့ပါတယ်။

တူရကီမှာ ငလျင်သင့်ဒေသတွေကို အရေးပေါ် အခြေအနေ ကြေညာထားသလို ဆီးရီးယားနိုင်ငံထဲက သူပုန်တွေထိန်းချုပ်ထားတဲ့ ငလျင်သင့်ဒေသတွေကို အကူအညီတွေရောက်ဖို့ ခက်ခဲနေပါတယ်။

စိတ်ကောက်နည်းအသစ်ပါမချော့ရင်မဆင်းဘူး ဒါပဲအလွန်အကျွံစိတ်ကောက်အောင်မလုပ်ကြပါနဲ့ 😁Photo Crd : Thai News
06/02/2023

စိတ်ကောက်နည်းအသစ်ပါ
မချော့ရင်မဆင်းဘူး ဒါပဲ

အလွန်အကျွံစိတ်ကောက်အောင်မလုပ်ကြပါနဲ့ 😁

Photo Crd : Thai News

မဲဆောက်ရဲ့ အလှတရားတချို့မဲဆောက်ကိုရောက်ခဲ့ရင် သွားလည်သင့်တဲ့နေရာတွေပါမသွားတတ်တဲ့သူတွေအတွက် link လေးတွေပြန်တင်ပေးထားပါတယ်...
06/02/2023

မဲဆောက်ရဲ့ အလှတရားတချို့

မဲဆောက်ကိုရောက်ခဲ့ရင် သွားလည်သင့်တဲ့နေရာတွေပါ
မသွားတတ်တဲ့သူတွေအတွက် link လေးတွေပြန်တင်ပေးထားပါတယ်

Tarayawan Park (တာရာရဝန်ပန်းခြံ)
https://m.facebook.com/story.php?story_fbid=108881708632274&id=100085313362144

Mae KaSa Waterfall
https://m.facebook.com/story.php?story_fbid=110258228494622&id=100085313362144

Thararak Waterfall သို့ Pha Chan Waterfall
https://m.facebook.com/story.php?story_fbid=126610383526073&id=100085313362144

O2 Water Park
https://m.facebook.com/story.php?story_fbid=168511612669283&id=100085313362144&mibextid=qC1gEa

Rocha Cafe
https://m.facebook.com/story.php?story_fbid=111123231741455&id=100085313362144

Wisdom Field
https://m.facebook.com/story.php?story_fbid=136941855826259&id=100085313362144&mibextid=qC1gEa

Si Fah Cave သဘာဝကျောက်လိုင်ဂူ
https://fb.watch/gdWoR4qI3d/

Par Wai Mountain (ပါဝိုင်တောင်တန်း)
https://fb.watch/gdWF7gtmik/

Wat Luang Pho Tanjai (လုံဖော့ထန်ကျိုင်)
https://m.facebook.com/story.php?story_fbid=120632334123878&id=100085313362144

Thao Wes Suwanno (ဦးယက္ခ)
https://m.facebook.com/story.php?story_fbid=120984714088640&id=100085313362144

Waterfall Restaurant
https://m.facebook.com/story.php?story_fbid=122744660579312&id=100085313362144

Mae Sot View 360 (Coffee Shop)
https://m.facebook.com/story.php?story_fbid=129612043225907&id=100085313362144

Mae Sot မြို့ရဲ့ Night Life နေရာတချို့

De Corner
https://m.facebook.com/story.php?story_fbid=108980358622409&id=100085313362144

The Loft
https://fb.watch/gdWmikDr28/

Mae Sot Night View
https://fb.watch/gdWBPevtpr/

บ้านอมตะ(Baan amata)မဲဆောက်ဆည်ကိုသွားတဲ့ နောင်ပွါးဘက်သွားတဲ့ လမ်းမပေါ်ကခြံဝန်းထဲမှာ ဖွင့်ထားတဲ့ ဆိုင်လေးပါညနေဘက်တွေ ညဘက်...
04/02/2023

บ้านอมตะ(Baan amata)

မဲဆောက်ဆည်ကိုသွားတဲ့ နောင်ပွါးဘက်သွားတဲ့ လမ်းမပေါ်ကခြံဝန်းထဲမှာ ဖွင့်ထားတဲ့ ဆိုင်လေးပါ

ညနေဘက်တွေ ညဘက်တွေ အေးအေးဆေးဆေးလေးထိုင်ချင်တဲ့သူတွေအတွက် Unplugged လေးနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ

ထိုင်းဆိုင်လေး ဖြစ်ပေမယ့် မြန်မာလိုပြောတတ်တဲ့ Watier လေးတွေရှိပါတယ်
အစားအသောက်တွေ အမြည်းတွေ အစုံရနိုင်သလို သောက်စရာတွေလည်းစုံပါတယ်

တစ်ခေါက်လောက် Relax လုပ်ချင်ရင် သွားကြည့်သင့်ပါတယ်

Google Map :
https://maps.app.goo.gl/PxHNSscdZiRu8zEU7?g_st=ic

တောင်ကြီးရှမ်းလက်ရာ အရသာတွေအတိုင်း မြည်းစမ်းနိုင်မယ့် ဆိုင်လေးပါ။စားစရာတွေအစုံရပေမယ့် ကျွန်တော် recommend ပေးချင်တာကတော့...
26/01/2023

တောင်ကြီးရှမ်းလက်ရာ အရသာတွေအတိုင်း မြည်းစမ်းနိုင်မယ့် ဆိုင်လေးပါ။
စားစရာတွေအစုံရပေမယ့် ကျွန်တော် recommend ပေးချင်တာကတော့ ရှမ်းခေါက်ဆွဲ အသုပ် နဲ့ အရည်ပါ။
တော်တော်လေးစားကောင်းပါတယ်။
ကျွန်တော်က ရှမ်းခေါက်ဆွဲအသုပ်ကို အချိုနည်းနည်းထပ်ထည့်စားပြီး ရှမ်းခေါက်ဆွဲအရည်ကိုတော့ အစပ်နည်းနည်းထပ်ထည့်စားပါတယ်။ မုန်ညင်းချဉ်နဲ့ဟင်းချိုကအစ ရေနွေးကြမ်းအဆုံး လိုက်ဖက်နေတဲ့အပြင် အမဲခေါက်ကြော်လေးပါထပ်တွဲစားလိုက်တော့ Perfect ပါပဲ။

ဆိုင်နာမည်က Noodle House ပါ
ဆေးရုံကြီးနားမှာ ရှိပါတယ် (Gas အိုးဆိုင်ဘေး ကပ်လျက်လေးပါ)
တခြားစားသောက်စရာတွေလည်း ရပါတယ်
ဆိုင်ဖွင့်ချိန်က မနက် ၆နာရီကနေ ည ၉နာရီထိပါ
ညနေပိုင်းစားစရာတွေထဲကဆိုရင် ခေါက်ဆွဲကြော်ကို recommend ပေးပါတယ် ဆီအရမ်းမများ အသားနိုင်နိုင်နဲ့ အိအိလေးကြော်ထားတာ အရမ်းစားကောင်းပါတယ်။ ကျွန်တော်ကတော့ ကြက်သွန်ချဉ်အစား ဘိတ်ချဉ်ထပ်တောင်းပါတယ်။

ရနိုင်တဲ့ Menu လေးတွေတင်ထားပေးပါတယ်
သောကြာနေ့တိုင်း Special Menu ရှိပြီး မနက်ဖြန်သောကြာကတော့ ဒန်ပေါက် ပါ

Location:
https://maps.app.goo.gl/b44q1CdezdFZbJYL7?g_st=ic

29/12/2022

၂၀၂၂ ကုန်ခါနီးပြီဖြစ်သလို ၂၀၂၃ ကိုစတင်ဖို့ အားသစ်အင်သစ်တွေနဲ့လည်း လန်းဆန်းတက်ကြွနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်
မဲဆောက်ကို အကြောင်အမျိုးမျိုးကြောင့်ရောက်လာကြသူတွေ နိုင်ငံရေးခိုလှုံတွေ စစ်ဘေးရှောင်တွေ CDM တွေ ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်

၂၀၂၂ တစ်နှစ်လုံး စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့သမျှတွေကို သင်ခန်းစာယူစရာရှိတာယူပြီး မေ့ပစ်စရာရှိတာတွေ မေ့ပစ်လိုက်ပါ စိတ်ဖိစီးမှုတွေကို ဝန်ထုပ်ဝန်ပိုးအဖြစ်မထမ်းပိုးထားပဲ လွှတ်ချခဲ့လိုက်ပါ

ဘဝဆိုတာ အတက်အကျ အနိမ့်အမြင့်နဲ့ ရှင်သန်နေခြင်းဖြစ်လို့ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်အောင်သာ ကြိုးစားပါ

မဲဆောက်မှာ အလုပ်အကိုင် စီးပွါးရေးတွေ ခက်ခဲကြမယ်ဆိုတာ နားလည်ပါတယ် အလုပ်ရှာရခက်ခဲသလို အထောက်အထားကြေး နေထိုင်စရိတ် စားစရိတ် အစစအရာရာ ကုန်ကျစရိတ်များပါတယ်
ရေရှည်ရပ်တည်ဖို့ အလုပ်လုပ်ကြရတဲ့အခါ တချို့က ရရာအလုပ်လေးတွေ ဝင်လုပ်ကြရတယ် ပန်းရံ စက်ချုပ် စားပွဲထိုး အိမ်အကူ သန့်ရှင်းရေး စတာတွေဝင်လုပ်တာတွေလည်း တွေ့ရပါတယ် တချို့က စားသောက်စရာတွေ ပစ္စည်းလေးတွေ Delivery လိုက်ပို့တယ် တချို့က တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်ကုန်လေးတွေလုပ်ရောင်းတယ် တချို့က ငွေလဲလုပ်ငန်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ငန်းလေးတွေ လုပ်ကြတယ်
တချို့က စားသောက်ဆိုင် အသေးကနေ အကြီးတွေထိဖွင့်ကြပြီး လုပ်ကိုင်ရပ်တည်ကြရတယ်

နေထိုင်ရပ်တည်ဖို့ အဆင်ပြေနေတဲ့သူတွေရှိသလို အဆင်မပြေခက်ခဲနေသူတွေလည်း အများကြီးရှိပါတယ်

ဒီစာလေးက အဆင်မပြေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်
ပထမဆုံးက ကြောက်စိတ်ကို ဖယ်ပါ (ရဲဖမ်းခံရမှာကြောက်တာ တခြားသူတွေအထင်သေးခံရမှာကြောက်တာ .. အစရှိသဖြင့်) ကြောက်စိတ်ဟာ ပထမဆုံးကာထားတဲ့ အတားအဆီးတစ်ခုပါ
အဲဒါကို ဖယ်ပြီး လုပ်ကြည့်ပါ တဖြည်းဖြည်း အဆင်ပြေလာပါလိမ့်မယ်

ဒုတိယတစ်ခု ပတ်ဝန်းကျင်လေ့လာမှု လုပ်ပါ
အရင်က ဘာတွေပဲတတ်ခဲ့လုပ်ခဲ့ပါစေ အခု ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်အကြောင်း ကောင်းကောင်းသိဖို့လိုပါတယ် ဒါမှသာ အံဝင်ဂွင်ကျ အလိုက်သင့်လည်ပတ်နိုင်မှာပါ ရောမရောက်ရင် ရောမလိုသာကျင့်ပါ

တတိယတစ်ခုက သူတို့ဥပဒေတွေ ယဉ်ကျေးမှုတွေ စည်းကမ်းတွေ ဓလေ့တွေကိုလေးစားလိုက်နာပါ အဲ့အချက်ကိုကောင်းကောင်းနားလည်ရင် အလုပ်အကိုင်စီးပွါးရေး ပိုဖြစ်ပါလိမ့်မယ်

စတုတ္ထအချက်က ဂျာအေးသူ့အမေရိုက်နေတဲ့ အချက်ပါ
အလုပ်လုပ်ဖို့ အရင်းအနှီးမရှိဘူး အရင်းအနှီးရှိဖို့လည်း အလုပ်မလုပ်ဘူး
အထောက်အထားမရှိလို့ အလုပ်မရဘူး အလုပ်မရှိဝင်ငွေမရှိလို့ အထောက်အထားမလုပ်နိုင်ဘူး ဆိုပြီး ဂျာလည်ရိုက်နေတာပါ လမ်းကြောင်းရှာပါ မျက်စိဖွင့် နားစွင့်ပါ တတ်ကျွမ်းသူတွေဆီ အကူအညီအကြံဉာဏ်ယူပါ

နောက်တစ်ချက်က မိတ်ဆွေကောင်း မရှာတာပါ
တူရာတူရာစုနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ပေါင်းသင်းပါ ပွင့်လင်းပါ ရိုးသားပါ
ကိုယ် ဘာကစလုပ်နိုင်မလဲ စဉ်းစားပါ

ခြုံပြောရရင် ကြောက်စိတ်ကိုဖယ် ပတ်ဝန်းကျင်လေ့လာ စည်းနဲ့ဘောင်နဲ့နေ အရင်းအနှီးစိုက်မယ့်သူနဲ့ လုပ်အားစိုက်မယ့်သူ ပူးပေါင်းလုပ် ယုံကြည်ရတဲ့မိတ်ဆွေကောင်းတွေရှာပြီး တတ်နိုင်သလောက်ကနေ စလုပ်ကြည့်ပါ
အလုပ်ရှာတဲ့အခါမှာလည်း ကိုက်ညီတဲ့အလုပ်တွေ မေးစမ်းလုပ်ကြည့် မှားရင်တစ်ခါ နှစ်ခါပါပဲ
ဘာမှမလုပ်ရင်တော့ ဘာမှအဆင်ပြေမလာပါဘူး

နှစ်သစ်မှာ အခွင့်အလမ်းတွေ အလုပ်အကိုင်တွေ စီးပွါးရေးတွေ ပိုမိုတိုးတက်ကြပါစေ

ริมน้ำ คาเฟ่ (Rimnam Cafe)လုံဖော့ထန်ကျိုင် ဘုန်းကြီးကျောင်းနားက ဆိုင်လေးပါအေးအေးဆေးဆေး အပန်းဖြေလို့ကောင်းပြီး စားလို့ကော...
28/12/2022

ริมน้ำ คาเฟ่ (Rimnam Cafe)
လုံဖော့ထန်ကျိုင် ဘုန်းကြီးကျောင်းနားက ဆိုင်လေးပါ
အေးအေးဆေးဆေး အပန်းဖြေလို့ကောင်းပြီး စားလို့ကောင်းတဲ့ဆိုင်လေးပါ
စျေးလေးတွေလည်း သင့်ပါတယ်
ပုံထဲကပါတဲ့ စားစရာတွေ အအေးတွေအားလုံးမှ 700฿ မကျော်ပါဘူး
ထမင်းကြော် ၃ပွဲ
ပုဇွန်အစိမ်းသုပ် ၁ပွဲ
ဆယ်လမွန်သင်္ဘောသီးထောင်း ၁ပွဲ
Cheese Ball ၂ပွဲ
ကြက်ကြော်ဆလပ် ၁ပွဲ
အအေး နဲ့ ရေခဲ
စုစုပေါင်းမှ 653฿ ပဲကျပါတယ်

သွားရလွယ်အောင် Google Map Link လေးထည့်ပေးထားပါတယ်

ริมน้ำ คาเฟ่-Rimnam Cafe
https://maps.app.goo.gl/Ct9APsV7EU3pDL9V9?g_st=ic

27/12/2022

မဲဆောက် မြူနီစပယ်ရုံး(ထေ့စဘမ်း) နောက်ကွင်းပြင်မှာ ကျင်းပနေတဲ့ ပွဲစျေး

19/12/2022

မြန်မာအလုပ်သမားလေး နဲ့ ထိုင်းမလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးနဲ့ ပုံဖော်ထားလို့ အမှတ်တရ တင်ပေးလိုက်ပါတယ်

ยีนดี
Boy Imagine သီဆိုထားတဲ့ သီချင်းလေးပါ

15/12/2022

ယနေ့ည ဒီဇင်ဘာ ၁၅ ရက်နေ့ ညပိုင်း
မြန်မာနိုင်ငံ နေရာအတော်များများမှ မြင်တွေ့ခဲ့ရသည့် ကောင်းကင်မှ အလင်းတန်း ပုံရိပ် ဖြစ်ပါတယ်

14/12/2022

Robinson ရှေ့ကွင်းပြင်မှာ December 14 ရက် ကနေ December 18 ထိ ကျင်းပမယ့်
Jumping Land ပွဲတော် မြင်ကွင်း

ထိုင်း​ကျောင်းသူကို အာသာ​ဖြေပြသည့် မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရဒီဇင်ဘာ ၉၊ ၂၀၂၂စမွတ်ပရာကန်ခရိုင် ဘန်ဖလီမြို့ ​ထေဖာရတ်...
09/12/2022

ထိုင်း​ကျောင်းသူကို အာသာ​ဖြေပြသည့် မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ
ဒီဇင်ဘာ ၉၊ ၂၀၂၂

စမွတ်ပရာကန်ခရိုင် ဘန်ဖလီမြို့ ​ထေဖာရတ်ရှိ နာမည်ကြီးကုန်တိုက်တစ်ခု​ရှေ့တွင် ထိုင်း​ကျောင်းသူကို အာသာ​ဖြေပြသည့် အသက် ၂၅ ရှိသူ မြန်မာအမျိုးသားတစ်ဦးကို တာဝန်သိပြည်သူများက ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးပြီး နယ်​မြေရဲစခန်းထံအပ်လိုက်သည်ဟု စမွတ်ပရာကန်အ​ခြေဆိုက်သတင်းဌာနတစ်ခုက​ဖော်ပြထားသည်။

08/12/2022

မဲဆောက် တာ့ခရိုင် မှာ ယနေ့ ဒီဇင်ဘာ ၈ရက် နေ့လည်က ဖြစ်ပွါးခဲ့တဲ့ ရွှေဆိုင်လုယက်ပစ်ခတ်မှုဖြစ်စဉ်

ရွှေဆိုင်ပိုင်ရှင်မှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခုခံကာကွယ်ခဲ့သဖြင့် လုယက်သူ ၄ဦးထဲမှ တစ်ယောက်ထိမှန်ခဲ့ပါတယ်

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mae Sot Myanmar Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Mae Sot Myanmar Media:

วิดีโอทั้งหมด

แชร์


คุณอาจจะชอบ