People's Post News People's Post news is a media company which report real politic situation news for the people.
(4)

People's Post News is a News Media for Myanmar(Burmese) people and to report right information.(ပြည်သူများနှင့်အတူတသားတည်း တည်ရှိသည့် မီဒီယာ)

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပ...
05/09/2024

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ
-------------------------
-------------------------

၅ စက်တင်ဘာ ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် စက်တင်ဘာလ ၅ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။



05/09/2024

ဓမ္မဖြင့် အဓမ္မကိုတော်လှန်ခြင်း ဓမ္မသာကစ္ဆာစကားဝိုင်း -အပိုင်း(၄၆)

#ဆွေးနွေးမည့်ဆရာတော်များ
ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဆရာ‌တော်ဦးဃောသိတသာရ(မှော်ဘီ)
ကဗျာဆရာပန်းတော်ဆက် တို့ရဲ့ဆွေးနွေးမှု တိုက်ရိုက်ထုတ်လွှင့်ချက်

#စီစဥ်တင်ဆက်သူ
အရှင်တေဇာနန္ဒ(တန့်ဆည်)

#ထုတ်လွင့်သည့်နေ့ရက်
5.9.2024 (ကြာသပတေးနေ့) မြန်မာစံတော်ချိန်ည(၈:၀၀)

Please Like and Share our page

စစ်ကောင်စီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း NUG ထုတ်ပြန်ကြေညာ------------...
05/09/2024

စစ်ကောင်စီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း NUG ထုတ်ပြန်ကြေညာ
------------------------
-------------------------
၅ စက်တင်ဘာလ၂၀၂၄- People's Post News

စစ်ကောင်စီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်လိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှု တို့ကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူလူထုကို လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်ခြင်း၊ လေကြောင်းအင်အား ကိုအသုံးပြု၍ နေရာအနှံ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပါသည်ဟု NUG ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ဆိုးရွားပြင်းထန်စွာကျူးလွန်နေသော ရာဇဝတ်မှုများသည် နိုင်ငံတကာစစ်ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်းဖြစ်ပြီး၊ ကြီးလေးသော စစ်ရာဇဝတ်မှုများအဖြစ် နိုင်ငံတကာ တရားရုံးများနှင့် စစ်ခုံရုံးများတွင် အရေးယူ၍ ထိုက်သင့်သည့်ပြစ်ဒဏ်များကိုချမှတ်ရမည့် စစ်ရာဇဝတ်မှုကြီးများ ဖြစ်သည်ဟုလည်း NUG က စွပ်စွဲပြောဆိုထားသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သား ပြည်သူလူထုအား စစ်ပွဲများတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် ရည်ရွယ်ချက်ရှိစွာဖြင့် အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များကိုလည်းကောင်း၊ အသက် (၃၅) နှစ်မှ အသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုကိုလည်းကောင်း အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာပါသည်ဟု NUG က ပြောသည်။


အကြမ်းဖက်စစ်အုပ်စုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု ၏ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးအစရှိသည့် အကျိုးစီးပွားနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာအား ထိပါးစေသော လုပ်ရပ်များကို ကျူးလွန်နေပြီး၊ မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေသာ အဖွဲ့အစည်းဖြစ်ခြင်း၊ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကို ပျက်စီးထိခိုက်စေသော အဖွဲ့အစည်းဖြစ်ခြင်းတို့ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း ယနေ့မှစ၍ ထုတ်ပြန်ကြေညာလိုက်သည်ဟု NUG ကပြောသည်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အဖွဲ့အစည်းများ၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းလုပ်ရပ်များကို နိုင်ငံတော်နှင့် ပြည်သူလူထုအား သစ္စာဖောက်ဖျက်မှုနှင့် အကြမ်းဖက် စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော ရာဇဝတ်လုပ်ရပ်များအဖြစ် သတ်မှတ်လိုက်ပြီး ပြည်သူလူထုတရပ်လုံးအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမူများကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင် သွားကြရန် NUG က တိုက်တွန်းလိုက်သည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုလိုလားကြသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်သည်။



KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးကျဆုံး၊ ၁၃ ဦး ဒဏ်ရာရ-------------------------...
05/09/2024

KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးကျဆုံး၊ ၁၃ ဦး ဒဏ်ရာရ
--------------------------
--------------------------
၅ စက်တင်ဘာ ၂၀၂၄-People's Post News

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံး ၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်လိုက်သည်။

သြဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးကျဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ တစ်လတာအတွင်း လက်နက်ကြီး၂၂ လုံးပစ်ခတ်ခဲ့ရာ အပြပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခိုင်းနွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်စစ်ကြောင်း ချီတက်--------------------------------------၄ စက်တင်ဘာလ ...
04/09/2024

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်စစ်ကြောင်း ချီတက်
-------------------
-------------------
၄ စက်တင်ဘာလ ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကိုအလိုမရှိ ၊ မတရားစစ်မှုထမ်းဥပဒေအလိုမရှိဟု ကြွေးကြော်ကာ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။



ရွှေဘိုမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို ထောက်ခံပွဲပြုလုပ်-----------------...
04/09/2024

ရွှေဘိုမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို ထောက်ခံပွဲပြုလုပ်
-----------------------
------------------------

၄ စက်တင်ဘာ ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် ပြည်သူများ၊ ကျောင်းသား လူငယ်များ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုရဲဘော်များနှင့် ဒေသအင်အားစုများ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။



ကနီမြို့နယ် ကျေးရွာ၂၅ ရွာရှိ ကလေးများကို ကနီတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့ကသန်ချဆေး တိုက်ကြွေး---------------------------...
03/09/2024

ကနီမြို့နယ် ကျေးရွာ၂၅ ရွာရှိ ကလေးများကို ကနီတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့ကသန်ချဆေး တိုက်ကြွေး
-------------------
-------------------
၃ စက်တင်ဘာလ ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျေးရွာ ၂၅ ရွာရှိ အသက် ၂ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိကလေးငယ် ၄၇၀၀ ဦးကို ကနီတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့တွင် သံချဆေး အခမဲ့တိုက်ကျွေးခဲ့သည်။



ရဲဘော်သန်းထိုက် (ခ) ညီညီ၏ ရက်လည်စျာပနကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ ယာယီဌာနချုပ်တွင် ပြုလုပ်----------------------------...
03/09/2024

ရဲဘော်သန်းထိုက် (ခ) ညီညီ၏ ရက်လည်စျာပနကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ ယာယီဌာနချုပ်တွင် ပြုလုပ်
-------------------
-------------------
၃ စက်တင်ဘာ ၂၀၂၄-People's Post News

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်တိုက်ဖြတ်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာနတာဝန်ခံ၊ ရဲဘော်သန်းထိုက် (ခ) ညီညီအတွက် ရက်လည်စျာပနအခမ်းအနားနှင့် အမိန့်ပြန်တမ်း ဖတ်ကြားခြင်းကို စက်တင်ဘာလ ၂ ရက်နေ့တွင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ ယာယီဌာနချုပ်၌ ကျင်းပခဲ့သည်ဟု Yadanarbon Revolutionary Force - YRF က သတင်းထုတ်ပြန်သည်။

အခမ်းအနားသို့ မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များနှင့် ပြည်သူလူထုတို့ တက်ရောက်ဂုဏ်ပြုပေးခြင်း၊ ဝမ်းနည်းခြင်းပန်းခွေဖြင့် ဂုဏ်ပြုပေးခြင်းများ ပြုလုပ်ခဲ့သည်။

ရဲဘော်သန်းထိုက် (ခ) ညီညီသည် စစ်ကိုင်းတိုင်း အရာတော်မြို့နယ် အိုင်လျား (အိုင်သာ) ကျေးရွာနှင့် ထန်းတောကုန်းကျေးရွာအနီး သြဂုတ်လ ၂၇ရက်နေ့ ညနေတွင် လုပ်ကြံသတ်ဖြတ်ခံရသည်ဟု Yadanarbon Revolutionary Force - YRF က သြဂုတ်လ ၃၀ရက်တွင် ထုတ်ပြန်ခဲ့သည်။



ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တပ်ဖွဲ့ဝင်များကို  အောင်သပြေပန်းများဖြင့် ပြည်သူများ ဂုဏ်ပြုကြိုဆို------------...
02/09/2024

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တပ်ဖွဲ့ဝင်များကို အောင်သပြေပန်းများဖြင့် ပြည်သူများ ဂုဏ်ပြုကြိုဆို
-----------------------
----------------------
၂ စက်တင်ဘာ ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ တိုက်ပွဲများမှပြန်လာသော ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တပ်ဖွဲ့ဝင် ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။



02/09/2024

တန်ဖိုးရှိသောဘဝ

ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

2.9.2024

01/09/2024

LIGHTS OF THE FUTURE-GROUP
(အနာဂတ်အလင်းတန်းများအဖွဲ့)
ထောက်ပို့မိသားစုမှကျင်းပသော(တနင်္ဂနွေ) Online တရားပွဲ

"စိတ်ကောင်းရှိဖို့ ပထမ " အပိုင်း(၇)
ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
1.9.2024

Please Like and Share our page

31/08/2024

LIGHTS OF THE FUTURE-GROUP
(အနာဂတ်အလင်းတန်းများအဖွဲ့)
မှ
အပတ်စဥ်ကျင်းပသော
Online တရားပွဲ
"ဓမ္မဖြင့် မှားယွင်းသောအတွေးအခေါ်များကိုတော်လှန်ခြင်း"အပိုင်း (၄၂)
ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

31.8.2023

Please Like and Share our page

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးကျဆုံး ၊ လက်နက်အချို့ သိမ်းဆည်းရမိ ----------------------...
30/08/2024

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးကျဆုံး ၊ လက်နက်အချို့ သိမ်းဆည်းရမိ
---------------------
--------------------
၃၀ ဩဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာမှထွက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ဩဂုတ်လ ၂၇ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမှတ် ၁ စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ကျည် ၈၃၂ တောင့်၊ ကျည်အိမ် ၃ ခု၊ Equipment ၃ ခု၊ ယူနီဖောင်း ၃ စုံ၊ လက်ထိပ် ၃ ခု၊ ဓား ၁ ချောင်း သိမ်းဆည်းရမိခဲ့သည်ဟု အမှတ် ၁ စစ်ဒေသ၏ သတင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၁၊ ၂ နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု သိရသည်။


30/08/2024

Learn and share လေ့လာ‌‌ဝေမျှသိကြရ Social Media က စီစဥ်တဲ့
ဓမ္မသရဏဂုံနှင့်စပ်လျဥ်း၍ အမေပေးတဲ့ခေါင်း
ဓမ္မသာကစ္ဆာစကားဝိုင်း အပိုင်း -အပိုင်း (၁၁၈)

#ဆွေးနွေးမည့်ဆရာတော်များ
ဆရာတော်ဦးဇဝန(USA)
ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်) တို့ရဲ့ဆွေးနွေးချက်တိုက်ရိုက်ထုတ်လွှင့်မှု

#အစီအစဥ်တင်ဆက်သူ
ဦးကိုကိုလေး(USA)

#ထုတ်လွှင့်မည့်နေ့ရက်
30.8.2024 (သောကြာနေ့) မြန်မာစံတော်ချိန် ည (၉း၀၀) နာရီ

Please Like and Share our page

29/08/2024

ဓမ္မဖြင့် အဓမ္မကိုတော်လှန်ခြင်း ဓမ္မသာကစ္ဆာစကားဝိုင်း -အပိုင်း(၄၅)

#ဆွေးနွေးမည့်ဆရာတော်များ
ဆရာတော်ဦးကောဝိဒ (ဂျာမဏီ)
ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ကိုဖိုးသင်္ကြန် (CDM - ဆိုင်းဆရာ)တို့ရဲ့ဆွေးနွေးမှု တိုက်ရိုက်ထုတ်လွှင့်ချက်

#စီစဥ်တင်ဆက်သူ
အရှင်တေဇာနန္ဒ(တန့်ဆည်)

#ထုတ်လွင့်သည့်နေ့ရက်
22.8.2024 (ကြာသပတေးနေ့) မြန်မာစံတော်ချိန်ည(၈:၀၀)

Please Like and Share our page

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ရွှေရည်ကြည် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ...
29/08/2024

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ရွှေရည်ကြည် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ
------------------
------------------
၂၉ သြဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်အောင်လံလွှင့်မည် ရွှေရည်ကြည် သပိတ်စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂၉ ရက်တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။



ပဲခူးရိုးမတွင် စစ်ကောင်စီတပ်၏စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၂၀ ခန့်ကျဆုံး---------------------------...
29/08/2024

ပဲခူးရိုးမတွင် စစ်ကောင်စီတပ်၏စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကျဆုံး
------------------
------------------
၂၉ သြဂုတ် ၂၀၂၄-People's Post News

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမသို့ အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တို့က သြဂုတ်လ ၂၇ ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

တိုက်ပွဲသည် ၁ နာရီခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ ဒရုန်းအသုံးပြု၍ ဗုံးကြဲမှုများပြုလုပ်ခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သာယာဝတီဂဠုန်တပ်ဖွဲ့ ၊ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ထံမှသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ၄◌င်းတို့နှင့် နီးနေသော နေရာများသို့ သွားလာခြင်းများ ရှောင်းရှားကြရန် ပြည်သူများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က တိုက်တွန်းလိုက်သည်။




#ပဲခူး

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပ...
29/08/2024

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ
------------------
------------------
၂၉ သြဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ယမနေ့ သြဂုတ်လ ၂၈ နေ့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။



သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်မှ ဒုတပ်ရင်းမှူး ၁ ဦးကျဆုံး-------------------------...
29/08/2024

သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်မှ ဒုတပ်ရင်းမှူး ၁ ဦးကျဆုံး
------------------
-----------------
၂၉ ဩဂုတ် ၂၀၂၄-People's Post News

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ စခန်းသိမ်းတိုက်ပွဲအတွင်း ဩဂုတ်လ ၂၆ ရက်တွင် ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစု မှ ဒု-ရင်းမှူး ဆရာစံကျဆုံးခဲ့သည်ဟု ရဲဘော်တစ်ဦးထံမှသိရသည်။



နောင်ချိုမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား၊ စစ်ကောင်းစီတပ်က လေကြောင်းအသုံးပြု၍  ဗုံးကြဲကာ အပြင်းအထန်တိုက်ခိုက်နေ-----...
28/08/2024

နောင်ချိုမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား၊ စစ်ကောင်းစီတပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲကာ အပြင်းအထန်တိုက်ခိုက်နေ
----------------------
---------------------
၂၈ ဩဂုတ် ၂၀၂၄-People's Post News

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲကာ အပြင်းအထန်တိုက်ခိုက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ၉၀၂ တပ်စခန်း၊ ၄၀၆ တပ်စခန်း၊၂၀၆ တပ်စခန်းတို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ယနေ့ နံနက် ၃ နာရီခန့်တွင် စေတီကုန်းရှိ ၄၀၆ တပ်စခန်း၊ နံနက် ၆ နာရီခန့်တွင် တောင်ခမ်းကျေးရွာရှိ ၉၀၂ တပ်စခန်း ၊ နံနက် ၆ နာရီ မှ ညနေ ၅ နာရီ အထိ ၂၀၆ တပ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု TNLA ပြောသည်။

ထို့အပြင် အင်းဖိုကျေးရွာနှင့် တောင်ခမ်းရွာတွင်လည်း စစ်ကောင်စီတပ်၏ ၉၀၂ တပ်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Y12 ဖြင့် ၃ ကြိမ် ၊ ဗုံး ၁၀၀ လုံး၊ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံး ၆ လုံး၊ မိုင်တိုင် ၇ တွင် ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။



ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည်ရွှေရေကြည်  လူထုသပိတ်စစ်ကြောင်း ချီတက်---...
28/08/2024

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း ချီတက်
------------------
------------------
၂၈ ဩဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ် အလိုမရှိ၊နှင့် မတရားစစ်မှုထမ်းဥပဒေအလိုမရှိဟု ကြွေးကြော်ကာ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။



အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဂျပန်နိုင်ငံဆိုင...
28/08/2024

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်များတွေ့ဆုံ
--------------------
-------------------
၂၈ ဩဂုတ် ၂၀၂၄-People's Post News

ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးအတွင်း ဩဂုတ် ၂၄ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်များတွေ့ဆုံခဲ့သည်ဟုမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာက က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

တွေ့ဆုံစဉ် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။



စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယင်းမာပင်ကျေးရွာများသပိတ် ချီတက်------------------------------------------၂၈ သြဂ...
28/08/2024

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယင်းမာပင်ကျေးရွာများသပိတ် ချီတက်
----------------------
--------------------
၂၈ သြဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သြဂုတ်လ ၂၇ ရက်တွင်ယင်းမာပင်မြို့နယ်မြောက်ခြမ်းကျေးရွာများသပိတ် ချီတက် ဆန္ဒပြခဲ့ကြသည်။



သီပေါမြို့ကို စစ်ကောင်စီတပ်က  ဗုံးအလုံး ၅၀ ခန့် ကြဲချတိုက်ခိုက်၊ ဒေသခံ၂ ဦးသေဆုံး၊၂ ဦး ဒဏ်ရာရ--------------------------...
27/08/2024

သီပေါမြို့ကို စစ်ကောင်စီတပ်က ဗုံးအလုံး ၅၀ ခန့် ကြဲချတိုက်ခိုက်၊ ဒေသခံ၂ ဦးသေဆုံး၊၂ ဦး ဒဏ်ရာရ
----------------------
----------------------
၂၇ သြဂုတ် ၂၀၂၄-People's Post News

ရှမ်းပြည်နယ် သီပေါမြို့ကို ယနေ့ သြဂုတ်လ ၂၇ ရက် နံနက် ၁ နာရီမှ ၂ နာရီအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဗုံးအလုံး ၅၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က၃ စာသင်ကျောင်း၊ အမှတ်(၃) အ.ထ.က စာသင်ကျောင်း နှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်ရှိ စာသင်ကျောင်းများနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုသိရသည်။

ဓါတ်ပုံ-TNLA



ဆားလင်းကြီးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ချီတက်--------------------------------၂၇ ဩဂုတ် ၂၀၂၄-People's Post News...
27/08/2024

ဆားလင်းကြီးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ချီတက်
----------------
----------------
၂၇ ဩဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၂၇ ရက်တွင်ချီတက် ဆန္ဒပြခဲ့ကြသည်။



သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်-------------------------------------၂၇ ဩဂုတ် ၂၀၂၄-People's Pos...
27/08/2024

သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်
------------------
-------------------
၂၇ ဩဂုတ် ၂၀၂၄-People's Post News

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူပေါင်းတပ်တို့က ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲကို ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်အမှတ် ၂ တပ်ရင်း၊ အမှတ် ၅၀၉ တပ်ရင်း၊ အမှတ် ၅၁၀ တပ်ရင်း၊ အမှတ် ၅၁၂ တပ်ရင်း၊ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်း ပက‌ဖ၊ အမှတ် (၁) ရွှေဘိုဒရုန်း၊ ကန့်ဘလူခရိုင်ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၆၃ လက်၊ မော်တာ ၅ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ RPG-7 ဒုံးသီး ၃၆ လုံး၊ RPG-7 ပို့ကျည် ၃၁ တောင့်၊ ၆၀ မမ ပြောင်းရှည် မော်တာ ဗုံးသီး ၃၁ လုံး၊ ၆၀ မမ ပြောင်းတို မော်တာ ဗုံးသီး ၁၁ လုံး၊ ဂျန်မာ စက် ၃ လုံး၊ စစ်မြေပြင် ဆက်သွယ်ရေးစက် ၁ ခု သိမ်းဆည်းရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ် ၃ ခု ၏ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စိုးမင်းသူ (ကြည်း-၃၄၅၄၂) ကိုဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌနကပြောသည်။
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။


25/08/2024

LIGHTS OF THE FUTURE-GROUP
(အနာဂတ်အလင်းတန်းများအဖွဲ့)
ထောက်ပို့မိသားစုမှကျင်းပသော(တနင်္ဂနွေ) Online တရားပွဲ

"စိတ်ကောင်းရှိဖို့ ပထမ " အပိုင်း(၆)
ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
18.8.2024

Please Like and Share our page

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည်ရွှေရည်ကြည်သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ--...
24/08/2024

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည်ရွှေရည်ကြည်သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ
---------------------
--------------------
၂၄ ဩဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၂၄ ရက်တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။



ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်းနှစ်ခုပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ------------------------------...
24/08/2024

ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်းနှစ်ခုပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
---------------------
--------------------
၂၄ ဩဂုတ် ၂၀၂၄-People's Post News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းနှင့်ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်စုံသပိတ်တို့ပူးပေါင်းကာ ဩဂုတ်လ ၂၃ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။



24/08/2024

LIGHTS OF THE FUTURE-GROUP
(အနာဂတ်အလင်းတန်းများအဖွဲ့)
မှ
အပတ်စဥ်ကျင်းပသော
Online တရားပွဲ
"ဓမ္မဖြင့် မှားယွင်းသောအတွေးအခေါ်များကိုတော်လှန်ခြင်း"အပိုင်း (၄၁)
ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

24.8.2023

Please Like and Share our page

ที่อยู่

Bangkok
Amphoe Pathiu
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ People's Post Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง People's Post News:

วิดีโอทั้งหมด

แชร์


Amphoe Pathiu บริษัท สื่ออื่นๆ

แสดงผลทั้งหมด