🎇လူဆိုတာ အလုပ် လုပ်ရတယ်🎇
လူတိုင်း လူတိုင်းဟာ အလုပ်လုပ်တာချည်းပါပဲ။
တို့ဒီဘုံလောကကြီးက အလုပ်လုပ်ရတဲ့ ဘုံကြီးပဲ၊
အလုပ်မလုပ်တဲ့သူဟာ အောက်ကျနောက်ကျ ဖြစ်သွားတယ်။
မိခင်ဝမ်းကကျွတ်လာတဲ့ မွေးကင်းစ ကလေးသူငယ်ဟာ သူ ဝမ်းဝဖို့အတွက် မိခင်နို့ စို့ရတယ်။
ဒါလည်း အလုပ်ပဲပေါ့။ စို့ယူရတဲ့ အလုပ်ပေါ့။
အူဝဲ--အူဝဲ ငိုနေရုံနဲ့ မပြီးသေးဘူး။
စို့ယူရတဲ့အလုပ်ကို လုပ်မှ ဝမ်းဝပြီး အဆာပြေမယ်။
ဒါကြောင့် ကြီးပွားလိုသူတိုင်း နေ့စဉ် အလုပ်လုပ်ကြပါ။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ)
Dhamma Pada ( Words of Buddha )
✅ဣန္ဒြေတို့ကို ဆုံးမလျက်မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းအဝတ်နှင့် ထိုက်တန်၏။
✅အိမ်ကို ကောင်းစွာ မိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ, ဝိပဿနာတို့ဖြင့်) ကောင်းစွာ ပွါးထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။
✅ကောင်းမှုပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန်ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း ဝမ်းမြောက်ရ၏။ ထိုကောင်းမှုပြုသူသည် မိမိ၏စင်ကြယ်သော ကံကို သိမြင်ရ၍ ဝမ်းမြောက်ရ အလွန် ဝမ်းမြောက်ရ၏။
#မြတ်ဗုဒ္ဓ ( ဓမ္မပဒ)
မတင့်တယ်ဟု အဖန်ဖန်ရှု၍ နေသော ဣန္ဒြေတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် မနှိပ်စက်နိုင်။
မြတ်ဗုဒ္ဓ ( ဓမ္မပဒ)
#Posted_by_Words_of_Buddha
မှတ်သားဖွယ်ရာ ဆုံးမစာ 🙏🙏🙏
မှတ်သားဖွယ်ရာ ဆုံးမစာများပါ
🙏🙏🙏