B0LD Media Warmly Welcome

05/04/2024

အယ် မျက်နှာဖုံးတပ်ြပီး ဖုတ်ထာဟ

အဖေပြောတဲ့ ဘဝအိမ်*********************ဖတ်ကြည့်နော်…ဒီမယ် ငါ့သားအိမ် ဆိုတာ ဘာလဲ-?သားသိသလောက် ပြောပါရစေအဖေ…အိမ်ဆိုတာ…လူတွေ...
31/03/2024

အဖေပြောတဲ့ ဘဝအိမ်
*********************
ဖတ်ကြည့်နော်…

ဒီမယ် ငါ့သား
အိမ် ဆိုတာ ဘာလဲ-?

သားသိသလောက် ပြောပါရစေ
အဖေ…

အိမ်ဆိုတာ…
လူတွေရဲ့ တည်ရာ မှီရာ
ခိုလုံရာ
အိပ်စက်ရာ
အဆောက်အဦး တစ်ခုပါ အဖေ။

ဟုတ်ပြီ။
ဒီမယ် သား မင်းမှတ်ထားပါ။

လောကမှာ လူတွေဟာ
သူတို့ရဲ့
အရည်အချင်းတွေ
အဆင့်အတန်းတွေ အလိုက်
အိမ်တွေကို
ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ပြီး
စားသောက်
နေထိုင်ကြတယ် သား။

ဒါပေမဲ့…
လောကကြီးမှာ မိသားစုအများစုကို
လေ့လာကြည့်ရင်
မပျော်ရွှင်တဲ့ မိသားစုအိမ်တွေ
အများကြီး တွေ့ရလိမ့်မယ်။

တချို့အိမ်တွေက…
အဖေနဲ့ သား မတည့်ကြဘူး။

တချို့အိမ်တွေက…
အစ်ကိုနဲ့ ညီ
အစ်မနဲ့ ညီမ မတည့်ကြဘူး။

တချို့အိမ်တွေက…
ချွေးမနဲ့ သမီး
သမက်နဲ့ သား မတည့်ကြဘူး။

တချို့အိမ်တွေက…
ယောက္ခမနဲ့ ချွေးမ မတည့်ကြဘူး။

တချို့အိမ်တွေက…
ယောက္ခထီးနဲ့ သမက်နဲ့ မတည့်ကြဘူး
ငါ့သား…

ဒီလို မိသားစုတွေဟာ
ဘာလို့ မတည့်ကြတာလဲလို့
အကြောင်းရင်းကို ရှာလိုက်ရင်

ဒီအိမ်က မိသားစုတွေဟာ
တစ်ယောက်အပေါ် တစ်ယောက်
မေတ္တာ မထားနိုင်ခြင်း
နားလည် မပေးနိုင်ခြင်း
ခွင့်မလွှတ်နိုင်ခြင်း
စတဲ့ အကြောင်းရာတွေကြောင့်ပဲလို့
ဆိုရမယ် သား။

သားကို
အဖေ အဓိက ပြောပြချင်တာက…
သားဟာ
မြို့ပေါ်က အိမ်မှာပဲ နေနေ
တောရွာက အိမ်မှာပဲ နေနေ
မိမိနဲ့ အတူနေထိုင်တဲ့
မိသားစုတွေ အပေါ်မှာ
မေတ္တာထားပေးနိုင်ရမယ်။

လောကမှာ မိသားစုတစ်စုဟာ
မေတ္တာတရား ခေါင်းပါးလာပြီဆိုရင်
ထိုမိသားစုဟာ
နေ့စဉ် ငရဲခန်းကြီးလို
အမြဲ ပူလောင်နေရတတ်တယ်။

တစ်အိမ်ထဲမှာ နေထိုင်ကြပြီး
တစ်ဦးကို တစ်ဦး
ခွင့်မလွှတ်နိုင်ဘူး
သီးမခံနိုင်ကြဘူးဆိုတဲ့ လူတွေဟာ

ဥပမာ ဘာနဲ့တူသလဲဆိုရင်…

မိမိကိုယ်တိုင်
ဖျော်စပ်ထားတဲ့ အဆိပ်ရည်တွေကို
မိမိတို့ကိုယ်တိုင်
ဖျော်သောက်နေရသလိုပါပဲ။
ကြာလာရင်
ဒီမိသားစုဝင်တွေ အားလုံး
ဒုက္ခတွေ့နိုင်တယ်နော်။

ဒီမယ်သား
လောကမှာ…
စီးပွားရေးလောကပဲ
ကြည့်ကြည့်
ပညာရေးလောကပဲ
ကြည့်ကြည့်
နိုင်ငံရေးလောကပဲ
ကြည့်ကြည့်
စသည် ဘယ်လောကကိုပဲ
ကြည့်ကြည့်
အောင်မြင်နေကြတဲ့ ပုဂ္ဂိုလ်တွေမှာ
သီးခံခြင်းတရားတွေ
မေတ္တာတရားတွေ အားကြီးလို့
သူတို့တွေ
အောင်မြင်နေကြတယ် ဆိုတာ
တွေ့ရလိမ့်မယ် သား။

သားနေတဲ့ အိမ်က မိသားစုတွေ
အပေါ်မှာ
မေတ္တာစိတ်အပြည့်နဲ့ ဆက်ဆံပါ။
ဒါဆို သားဘဝမှာ
ပျော်ရွှင်လာပါလိမ့်မယ်။

နောက် မိမိနေတဲ့အိမ်လေး
နွေးထွေးချင်တယ်
သာယာချင်တယ်ဆိုရင်
ငါဒီနေ့ ဒီအိမ်လေးအတွက်
ဘာလုပ်ပေးရမလဲ။
ငါဘာလုပ်ပေးသင့်သလဲ ဆိုတာ
အမြဲတွေးပါ။

တကယ်လည်း မေတ္တာစိတ်နဲ့
လုပ်ကိုင်ပေးကြည့်။
သား ပျော်ရွှင်လာလိမ့်မယ်။

ဒီမယ်သား…
လောကမှာ ပေးတဲ့လူတွေဟာ
စိတ်ပေါ့တယ်။
စိတ်အေးချမ်းတယ်။

ယူတဲ့လူတွေဟာ စိတ်လေးရတယ်။
စိတ်ပူပင်ရတယ်။

ဘဝမှာ ပေးကမ်းနိုင်သူ
( ဒါမှမဟုတ် )
ပေးကမ်းနိုင်တဲ့လက်ဖြစ်အောင်
အမြဲကြိုးစားပါ သား။

မိသားစုနဲ့ နတေဲ့အခါပဲ
ဖြစ်စေ…
ပတ်ဝန်းကျင်နဲ့ နေတဲ့အခါမှာ
ဖြစ်စေ…
ကိုယ်ရဲ့ အားနည်းချက်ကို
သိပါစေ…
မိမိရဲ့ အားသာချက်တွေကိုလည်း
အများသိအောင် လုပ်ဆောင်ပြပါ။

ဘာဖြစ်လို့လဲဆိုတော့…
လူတိုင်းမှာ အားနည်းချက်တွေ
ရှိသလို
အားသာချက်ဆိုတာလည်း
ရှိပါတယ်။

အဖေတို့ လူသားတွေဟာ
မိမိကိုယ်ကို မိမိ
သိပ်ပြီး အထင်ကြီးနေရင်
တစ်ဖက်လူအပေါ်မှာ
အထင်အမြင် သေးသွားတတ်တယ်
ငါ့သား။

ဒါကြောင့်…ဘယ်အရာကိုမှ
မထီမဲ့မြင် မလုပ်မိစေနဲ့။

နောက်ဆုံးအနေနဲ့
အဖေပြောချင်တာက…
လောကမှာ
ဘယ်လောက်ပဲ သာယာပျော်ရွှင်တဲ့
အိမ်မျိုးဖြစ်နေပါစေ…

ထိုအိမ်ပေါ်ကို
ဘေးသူစိမ်းတွေ ရောလာပြီ
ဆိုရင်…
သွေးကွဲပြီး
ညီအစ်ကို မောင်နှမတွေကြားမှာ
နားလည်မှု မပေးနိုင်ပဲ
နောက်ဆုံး စကားများ
ရန်တွေ ဖြစ်စေတတ်တယ်။
ပြဿနာကြီးငယ်
တက်စေတတ်တယ် ဆိုတာ
သတိထားပါ။

အေး…ဒါကြောင့်
ဘဝမှာ
သာယာ ပျော်ရွှင်တဲ့
ဘဝအိမ်တစ်လုံးကို ပိုင်ဆိုင်ချင်ရင်
အိမ်အတွက်
အလုပ်များများ လုပ်ပါ။
စကားကို နည်းနည်းပြောပါ။
မိသားစုအပေါ်မှာ
မေတ္တာ၊စေတနာထားပြီး
သီးခံစိတ် မွေးပါ။
အသက်ရှင်သန်ချိန်လေးမှာ
ငါသည်
ငါ၏အိမ်အတွက် ဘာပေးရမလဲ
ဆိုတာ
နေ့တိုင်း တွေးထားပါ။

ဒီလိုစိတ်မျိုး
မိသားစုဝင်တိုင်း ရှိနေမယ်ဆိုရင်
သာယာ ပျော်ရွှင်ပြီး
နွေးထွေးတဲ့ ဘဝအိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်မယ်လို့
အဖေ အကြွင်းမဲ့ယုံကြည်မိပါတယ်။

ဟုတ်ကဲ့ပါ အဖေ…
နွေးထွေးသော အိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်အောင်
သား ကြိုးစားပါ့မယ် လို့
ကတိပေးပါတယ် အဖေ။

လောကထဲရှိ မိသားစုများအားလုံး
အတ္တကင်းပြီး
တစ်ဦးပေါ် တစ်ဦး
မတျတော၊စတနောမွားထား၍
ခွင့်လွှတ် သီးခံပြီး
နွေးထွေသည့် အိမ်မျိုး
မိသားစုတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။
Credit:
လေးစားလျှက်ပါ...

ဘောစိကိုတွေ့ရင်ပြောပါ
31/03/2024

ဘောစိကိုတွေ့ရင်ပြောပါ

🚩ငယ်ငယ်တုန်းကတည်းက ဒီနေ့အထိ အရမ်းကြိုက်ခဲ့တဲ့ ဝတ္ထုတိုလေး ရှိတယ်။ ဆရာတာရာမင်းဝေရဲ့ ကြာပွတ်ကင်ဆာဆိုတဲ့ ဝတ္ထုတိုလေး။တခါတုန...
31/03/2024

🚩ငယ်ငယ်တုန်းကတည်းက ဒီနေ့အထိ အရမ်းကြိုက်ခဲ့တဲ့ ဝတ္ထုတိုလေး ရှိတယ်။ ဆရာတာရာမင်းဝေရဲ့ ကြာပွတ်ကင်ဆာဆိုတဲ့ ဝတ္ထုတိုလေး။

တခါတုန်းက လှေသူကြီးတစ်ယောက်နဲ့ လှေအလုပ်သမားတစ်ယောက် ရှိတယ်တဲ့။ လှေအလုပ်သမားကတော့ ဗလတောင့်တောင့် ခွန်အားကောင်းကောင်းပေါ့။

တစ်ရက်တော့ လှေသူကြီးက စိတ်မကြည်လင်တာနဲ့ လှေအလုပ်သမားကိုခေါ်ပြီး အပြစ်မရှိဘဲ ကြာပွတ်နဲ့ သုံးချက်ရိုက်သတဲ့။ ဘာလို့ ရိုက်ရတာလဲမေးတော့ မင်းမှာအခု အပြစ်မရှိသေးဘူး၊ တချိန်ချိန်ကျ အပြစ်ရှိလာမှာပဲမို့ ကြိုရိုက်ထားတာတဲ့။

လှေအလုပ်သမားက မကျေနပ်ဘူး။ ရွာသူကြီးကို သွားတိုင်တယ်။ ရွာသူကြီးက ဖြောင့်မတ်သူဆိုတော့ အပြစ်မရှိဘဲ ရိုက်နှက်တဲ့အတွက် လှေသမားက လှေသူကြီးကို ကြာပွတ်နဲ့ သုံးချက်ပြန်ရိုက်စေဆိုပြီး အမိန့်ချလိုက်တယ်။

လှေသမားက ဗလကောင်းကောင်း ခွန်အားတောင့်တောင့်ဆိုတော့ ပထမဆုံးပြန်ရိုက်တဲ့ တစ်ချက်မှာတင် နှာနှပ်ယူလိုက်ရတယ်။ ဆေးကုပြီး ပြန်ကောင်းလာချိန်မှာ လှေသမားဟာ ဒုတိယတစ်ချက်ကို လာရိုက်သတဲ့။ လှေသူကြီးဟာ အတော်ကို နာကျင်ကြောက်ရွံ့နေတော့တာ။ ဒါပေမယ့် နောက်ဆုံးတစ်ချက်ပြီးသွားရင် ထပ်မနာတော့ပါဘူးဆိုပြီး အားတင်းနေရသတဲ့လေ။

လှေသမားဟာ တတိယကြာပွတ်တစ်ချက်ကို ဘယ်တော့မှ လာမရိုက်တော့ပါဘူး။ ဒါပေမယ့် လှေသူကြီးကို မြင်တိုင်း လှေသမားက ကြာပွတ်ကိုကိုင်ပြီး မကြာခင်လာရိုက်မယ်နော်လို့ အဓိပ္ပါယ်ရတဲ့အကြည့်နဲ့ အမြဲကြည့်နေသတဲ့။

နောက်တော့ လှေသူကြီးလည်း သေသွားပါတယ်။ နောက်ဆုံးကြာပွတ်တစ်ချက်ကိုလည်း ရိုက်ခံမသွားရပါဘူး။ ဒါပေမယ့် သေတဲ့အထိ ဒီနေ့အရိုက်ခံရမလား၊ နက်ဖြန်အရိုက်ခံရမလားဆိုတဲ့ အကြောက်တရားနဲ့ စိတ်ဖိစီးပြီး သေရတာဆိုတော့ လှေသူကြီးသေတဲ့ရောဂါဟာ ကြာပွတ်ကင်ဆာလို့ ဆရာတာရာက ရေးထားတယ်။

ကိုယ်ကလေ နည်းနည်းယုတ်မာသူတွေကို သေသွားစေချင်တယ်။ ဒါပေမယ့် ခွင့်လွှတ်မရအောင် ယုတ်မာသွားသူတွေဆိုရင် မသေစေချင်တော့ဘူး။ သေခွင့်မပေးချင်တော့ဘူးဆိုရင် ပိုမှန်တယ်။

လူဆိုတာကလေ သေသွားရင် ဒီဘဝ ဒီခန္ဓာက ပြီးသွားတာ။ ဘာမှမသိတော့ဘူး။ အဲ့လောက်လေးကကျ မမျှတဘူး မဟုတ်လား။ အသက်ရှင်နေစဉ်မှာပဲ ဒီဘဝဒီခန္ဓာ ဒီနာကျင်မှုနဲ့ပဲ ဒီအကြွေးတွေကို ပြန်လိုချင်တာ။ သေခြင်းတရားကို လိုချင်ချိန်မှာ သေခြင်းတရားကို မရရစေဆိုတာက အပြင်းထန်ဆုံး ကျိန်စာပဲ။

အချို့သော ယုတ်ပတ်မှုတွေက An Eye for An Eye နဲ့ မလုံလောက်ဘူး။

မြင်နေတဲ့ မျက်လုံးတစ်လုံးကို ကန်းစေခဲ့ပြီးမှ နောက်ထပ်အကန်းတစ်ယောက်က ပထမအကန်းကို ပြန်မြင်အောင် လုပ်နိုင်စွမ်းမှ မရှိတာ။

ကြာပွတ်တစ်ချက်စာ အကြွေးချန်ထားပြီး သေသည်ထိ နာကျင်ကြောက်ရွံ့နေရမှ အပြစ်မရှိဘဲ အရိုက်ခံရသူတွေအတွက် မျှတမှာပေါ့။

တရားမျှတမှုဆိုတာက ဘယ်သူကမှ ကိုယ့်လက်ထဲကို လာထည့်မပေးပါဘူး။

ကိုယ်တိုင် ကြာပွတ်ကိုင်ထားရဲဖို့ လိုတာ။

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။
#ဗဟုသုတစာပေများ

ခပ်ချောချောလေးတစ်ယောက်လောက်ရှင်းပြ‌ေပပါလား......
31/03/2024

ခပ်ချောချောလေးတစ်ယောက်လောက်
ရှင်းပြ‌ေပပါလား......

အများပြည်သူ သိရှိစေရန် လျှပ်စစ်မီး ပေးဝေမည့် အချိန်စာရင်းပြည်သူများ စိတ်မပူပါနဲ့ ‌ခုဆို မီးကြောင့် ရေပါ မလာရတော့ပါဘူး
30/03/2024

အများပြည်သူ သိရှိစေရန် လျှပ်စစ်မီး ပေးဝေမည့် အချိန်စာရင်း

ပြည်သူများ စိတ်မပူပါနဲ့ ‌ခုဆို မီးကြောင့် ရေပါ မလာရတော့ပါဘူး

- မောင်ချောနွယ် -
30/03/2024

- မောင်ချောနွယ် -

လူကြီးမင်းခင်ဗျာထမင်းစားတိုင်းလူ မဖြစ်နိုင်ပါ။အောင်ချိမ့်
30/03/2024

လူကြီးမင်းခင်ဗျာ
ထမင်းစားတိုင်း
လူ မဖြစ်နိုင်ပါ။

အောင်ချိမ့်

ချက်စားရင် ဂွတ်ရှယ်
30/03/2024

ချက်စားရင် ဂွတ်ရှယ်

ရှက်တတ်သလား••••••••••••••••••အိမ်နှစ်အိမ်ဘေးချင်းကပ်၊ တစ်အိမ်မှာ အဘွားအိုတစ်ယောက်တည်းနေတယ်။ တစ်အိမ်မှာက သက်လတ်ပိုင်း အရွ...
30/03/2024

ရှက်တတ်သလား
••••••••••••••••••

အိမ်နှစ်အိမ်ဘေးချင်းကပ်၊ တစ်အိမ်မှာ အဘွားအိုတစ်ယောက်တည်းနေတယ်။ တစ်အိမ်မှာက သက်လတ်ပိုင်း အရွယ် လူငယ်တစ်ယောက်နေတယ်။

လူရွယ်က နောက်ရင်းပြောင်ရင်း အဘွားအိုကို တွေ့တိုင်းပြောတယ်

“အဘွား ... အသက်လည်းကြီးပြီ ... အဘွားအိမ်လေးရောင်းရင်ပြောနော်”

“မရောင်းပါဘူးကွယ် ... အဘွားသေရင် မြေးတွေရှိတယ်”

ဘေးအိမ်က အဲဒါကို မကျေနပ်တာ။ သူက တစ်အိမ်တည်း၊ တစ်ဆက်တည်းလိုချင်နေတာ။ အဘွားအိုက မရောင်းဘူးဆိုတော့ အမုန်းတွေပွားပြီး အမြဲပြဿနာရှာ။

အဘွားမနေနိုင်အောင် ငရုတ်သီးတွေလှော်တယ်။ အဘွားက စောင်ခြုံပြီးနေတယ်။

အဘွားမအိပ်နိုင်အောင် ကာရာအိုကေတွေဆိုတယ်။ အဘွားက တရားမှတ်နေတယ်။

အဘွားကို စောင်းမြောင်းဆဲတယ်။ အဘွားက မကြားသလို ပြုံးနေတယ်။

မုန်းနေသူတစ်ယောက်ဟာ ပြုံးပြတဲ့ဒဏ်ကို မခံနိုင်ဘူး။ သူမျှော်လင့်ထားတာက အမုန်းတရားကို အမုန်းနဲ့ တုံ့ပြန်လိုက်ရင် ရန်ပွဲတွေဆင်နိုင်ပြီပေါ့။ ဒါပေမဲ့ မမုန်းတတ်တဲ့နှလုံးသားကို မပြုံးအောင် တားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးပဲ။

ဘယ်လောက်တောင်အမုန်းစိတ်တွေ ပြင်းထန်လာသလဲဆိုရင် တစ်နေ့တော့ သူ့အိမ်က အမှိုက်ပုံးကို အဘွားအို အိမ်ထဲမှာ သွားချထားတဲ့အထိ လွန်ကျူးမိတယ်။

စိတ်ထဲမှာ

“အဘွားကြီး ဘုရားမရှိခိုးနိုင်တော့ဘူး” လို့တွက်ဆပြီးပျော်နေတယ်။

ဒါပေမဲ့ နံနက်မိုးလင်းချိန် အိမ်ပြင်ထွက်လိုက်တော့ အမှိုက်ပုံးတွေ့လိုက်တဲ့အဘွားကြီးက ဘာလုပ်သလဲ

အမှိုက်တွေကိုထုတ်၊ မြေမြှုပ်သင့်တာမြှုပ်၊ မီးရှို့သင့်တာရှို့လိုက်တယ်။ ပြီးတော့ အမှိုက်ပုံးကို ရေနဲ့ပြောင်အောင် ပွတ်တိုက်ဆေးလိုက်တယ်။

“ဒေါက် ... ဒေါက်”

“ဘယ်သူလဲ”

“အဘွားပါကွယ်”

သူကစိတ်ဆိုးမာန်ဆိုး တံခါးဖွင့်ပေးလိုက်တယ်

“သားရေ ... သားအမှိုက်ပုံးက ခွေးဆွဲလာပုံရတယ် ... အဘွားအိမ်ဘက်ကို ရောက်လာတယ် ... သားက အလုပ် များတာပဲ ... အမှိုက်မပစ်နိုင်ဘူးထင်တယ် ... အဘွားအမှိုက်တွေ ပစ်လိုက်ပြီ သိလား။ အမှိုက်ပုံးလည်း ဆေးပေး ထားတယ်။ နောက်ဆိုရင် အမှိုက်မပစ်အားရင် အဘွားခြံရှေ့လာချထား။ အဘွားပစ်ပေးမယ်”

အဘွားကလှည့်ထွက်မယ်လုပ်ပြီးမှ

“သားရေ ဓမ္မဒါနပါ ... စာအုပ်လေးတစ်အုပ် လှူခဲ့ပါရစေ”

အဘွားက သူ့ကို စာအုပ်လေးတစ်အုပ် လက်ဆောင်ပေးသွားတယ်။

(ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် အမျက်ထွက်တတ်၏။ ပြင်းစွာ ပင်ပန်းခြင်းများ၏။

အနည်းငယ်ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏။ အမျက်ထွက်တတ်၏။ စိတ်နာတတ်၏။ ခက်ထန် တတ်၏။

အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြု တတ်၏။

ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့ကို လျစ်လျူရှုထိုက်၏။ မမှီဝဲထိုက်၊ မဆည်းကပ်ထိုက်၊ မချဉ်းကပ်ထိုက်။

မှီဝဲထိုက်၊ ဆည်းကပ်ထိုက်၊ ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း

သီလရှိသောပုဂ္ဂိုလ်

ကောင်းသောသဘောရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်သင့်သည်။

ထိုမှီဝဲသောသူ၏ ကျော်စောသတင်းသည့် ပျံ့နှံ့၍ထွက်၏)

(အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ပုဂ္ဂလဝဂ်၊ ဇိဂုစ္ဆိတဗ္ဗသုတ်)

သူက အဘွားအိုပေးသွားတဲ့ စာအုပ်လေးထဲက စာတစ်ပိုဒ်ကို ဖတ်လိုက်တယ်

စာဖတ်တတ်တာပဲ ... နားလည်မှာပါ။

ဘာပြောပြောပါ သူယုတ်မာသလို ပြန်ပြီး မယုတ်မာတတ်ဘူးဆိုတာတော့ ပြောင်စင်နေအောင် ဆေးပေးထားတဲ့ အမှိုက်ပုံးလေးကိုကြည့်ပြီး ရှက်နေမိတာအမှန်။

တင်ညွန့်

Crd

Oh! My goodness
24/03/2024

Oh! My goodness

I paid...!
24/03/2024

I paid...!

???
24/03/2024

???

Just do it???
23/03/2024

Just do it???

Pro Max????
23/03/2024

Pro Max????

This guy ???
23/03/2024

This guy ???

Trust
23/03/2024

Trust

Short guy
23/03/2024

Short guy

08/06/2022

မတွေ့ဖြစ်ကြပေမယ့် ~ David Derrick & Jewel

18/05/2022

စာမှာရှိသောအလိမ္မာကိုလူတို့ထံပို့ဆောင်ပါ


`အလိမ္မာစာမှာရှိသည်ဟုဆိုကြပါသည်။
လောကီစာပေများကာ တစ္ဘဝတာအတြက္သာ အသုံးချမည့်အသိပညာဗဟုသုတများကို ပေးစွမ်းနိုင်၍
လောကုတ္တရာစာ
ပေများကာ သံသရာတစ်လျောက်လုံးအသုံးဝင်မည့်
ပညာစစ်၊ ပညာမွန္ကို ပေးစွမ်းနိုင်ပါ၏ ။

လောကုတ္တရာစာပေများကို ဟောပြောရေးသားကြသော
ရဟန်းပညာရှိ လူပညာရှိများသည်
စာဖတ်ပရိတ်သတ်များထံသို့ လောကုတ္တရာအသိပညာက်ို ရောက်ရှိအောင်ဆောင်ရွက်နေကြခြင်းဖြစ်သောကြောင့် ကြည်ညိုလေးစားအပ်သော ကျေးဇူးရှင်ကြီးများဟု ဆိုနိုင်ပါသည်။

ဘုရားရှင်၏အဆုံးအမတော်များ
လူသားတို့ထံရောက်ရှိစေခြင်းသည်
လောကကိုငြိမ်းအေးစေ ၊
သာယာစေသောကြောင့် လောကကိုစောင့်ရှောက်ခြင်းလည်းမည်ပါ၏။

လူသားတို့၏အတွင်းသန္တန်၌ ဗုဒ္ဓ၏အဆုံးအမတော်များ ထွန်းပလာသည်နှင့်အမျှ သာသနာတော်သန့်ရှင်းတည်တံ့
ပြန့်ပွားလာမည်သာဖြစ်ပါသည်။
🙏ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင် ပဲခူးမြို့မဆရာတော်ဘုရာကြီးက ဤသို့သြဝါဒချီးမြင့်တော်မူခဲ့ပါသည်။🙏

{အလိမ္မာ စာမှာရှိဆိုသည့်အတိုင်း}
စာမှာရှိသော အလိမ္မာကို
လူတို့ထံရောက်အောင် ဆောင်ရွက်ပေးနိုင်လျှင်
လူလိမ္မာ ၊ ရဟန်းလိမ္မာ တို့ဖြစ်ကြ၍ ၎င်းတို့သည် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် တန်ဖိုးမဖြတ်နိုင်သော
ရတနာများဖြစ်ကြပါသည်။
Credit: ; Mon Mon

13/05/2022

😃ရယ်ချင်ရင် ဖတ်ကြည့်နော်😃

ရွာသူတစ်ယောက်ရေးတဲ့စာ

" ကိုသာအေး "
" ဟေ ...!! ဘာလဲ မိန်းမ ? "
" ရွာက ရှင့်ညီမဆီက စာလာတယ် "

" ဟာ .. ပြဿနာပဲ။ ငါ့မျက်မှန်ကွဲနေတာ မှန်အသစ်မလဲရသေးဘူး။ ဒီလိုလုပ္ကြာ .. မင်းငါ့ကို ဖတ်ပြ "

" မဖြစ်နိုင်ပါဘူးတော်။ ရှင့်ညီမက စာရေးရင် တောင်တစ်လုံးမြောက်တစ်လုံး။ ကျွန်မကလည်း သူငယ်တန်းစာတောင် နှာနှပ်သင်ထားရတာ "

" ငါက မြို့ထဲသွားမှ မျက်မှန်ဝယ်ရမှာ။ ရပါတယ္ကြာ။ အဆင်ပြေအောင် နားထောင်ရမှာပေါ့ "

" ရှင် ဖတ်ပြဆိုလို့ ဖတ်ပြမှာနော်။ ပြီးတော့မှ အရင်တစ်ခါတုန်းကလို ကြ်န္မကို မကန်နဲ့ "

" အေးပါကွာ။ ဖတ်မှာသာဖတ်စမ်းပါ "

" ပြီးရော။ အဟမ်းးး .. ဖတ်ပြီ။
သို့ .. ခိုကြီး နေကောင်းလား "

" ကိုကြီး နေကောင်းလား။ ဟုတ္ပီ ဆက်ဖတ် "

" ဗုန်းကြီးလဲ ခိုကြီးကိုမျှော်နေတယ် "

" ဘုန်းကြီးလဲ ကိုကြီးကိုမျှော်နေတယ် "

" အပျိုကြီးလာတုန်းက သူ့ခြင်ထောင်ထဲကို သခွါးသီးတွေ ထည့်ပေးလိုက်တယ်။ ဖာကောင်းမရှိလို့ "

" ဟမ် .. မြတ်စွာဘုရားးး !!!
သြော် သိပြီ ... အပျိုကြီးလာတုန်းက သူ့ခြင်းတောင်းထဲကို သခွါးသီးတွေ ထည့်ပေးလိုက်တယ်။ လက်ဆောင်ထည့်ပေးလိုက်တာကို ပြောတာပေါ့။ ထည့်ပေးစရာ ဖာတောင်းကောင်းကောင်း မရှိလို့နေမှာ "

" အိမ်သာတွေ ကျွေးလိုက်နော် "

" အိမ်သားတွေ ကျွေးလိုက်နော် "

" ရှေ့အပတ်ကို ကျယ်မလာဖို့ လုပ်ကြည့်သေးတယ်။ နာလို့ မရဘူး "

" အဲ ... အဲဒါ ဘာပါလိမ့်။ သြော် သိပြီ။
ရှေ့အပါတ် ကျွန်မလာဖို့လုပ်ကြည့်သေးတယ်။ နားလို့မရဘူး။
ဒါပြောတာကိုးးးး ဆက်ဖတ် "

" ခိုကြီး ဝက်တွင်းထဲလူးချင်ရင် လာခဲ့လေ "

" ဟာ ... ဘယ့်နှယ် ငါ့ကိုဝက်တွင်းထဲ လူးခိုင်းနေတာတုန်း။
သြော် ... ကိုကြီး ဝါတွင်းထဲလှူချင်ရင် လာခဲ့လေ။ အင်းးး တော်ပါသေးရဲ့ "

" ခွေးမသားလေး "

" ဟာ .. ဆဲတယ်ကြည့်စမ်း "

" သူက အဲလိုပဲရေးထားတာလေ "

" နင်က တစ်ဆက်တည်း ဖတ်မှပေါ့ "

" ခွေးမသားလေးကောင်ပေါက်တယ်တော့ "

" သူ့အိမ်ကခွေးမ သားလေးကောင်ပေါက်တာ။ အဲလို ဖြစ်နေရမှာ ဆက်ဖတ် "

" မနွစ္ကလိုပဲ က်ယ္မ ဆက်ပက် "

" အောင်မလေးးးး ... တစ်ဆက်တည်း ဖတ်ပါဟ "

" ချင်တယ် သင်္ကြန်ကို ရွာမှာ "

" သြော် ... မနွစ္ကလိုပဲ သင်္ကြန်ကို ရွာမှာရေဆက်ပက်ချင်တယ်။
ရေးတဲ့သူကလည်း စောက်ချိုးမပြေ။ ဖတ်တဲ့သူကလည်း ဗရမ်းဗတာ။ ငါ့နှယ်နော် "

" စောက်တုန်းက မေအလိုး ညည အပြင်ထွက်အိပ်တယ် "

" တောက် ... ငါနော် ရူးချင်လာပီ။ ဟူးးး စဉ်းစားစမ်း စဉ်းစားစမ်း။ သြော် ... ဆောင်းတုန်းက မအေးလို့ ညည အပြင်ထွက်အိပ်တယ်။ တော်ပါသေးရဲ့ "

" မေလိုး "

" ဟမ် "

" မြို့ထဲရောက်ရင် လိုး "

" ဟာ "

" ရှင်းဝယ်ခဲ့ "

" မေ့လို့ မြို့ထဲရောက်ရင် လိုးရှင်းဝယ်ခဲ့။
တောက် !!! တော်ပါတော့ မသာမရယ်။ နင့်ဆက်ဖတ်ခိုင်းရင် ငါပါ ဖာတန်းရောက်တော့မယ် "

ကိုသာအေးသည် သူ့မိန်းမအား ပိတ်ကန်လိုက်တော့သည်..
😜😜

Waiyan Soemyint
*စာဖတ်ရင် သေချာဖတ်ပါ အ့ဲလိုဖြစ်တတ်တယ်*

မျှော်လင့်ခြင်းများ
13/05/2022

မျှော်လင့်ခြင်းများ

13/05/2022

ပိုးဖလံနဲ့လူဘယ်သူပိုမိုက်ပါသလဲ
💠💠💠
လူဆိုတဲ့ လူကလည်း
ခက်တော့ အခက်သားကလား၊
`မချစ်ရင်မနေနိုင်တာကလွဲလို့` ဆိုတဲ့အတိုင်း
အနည်းဆုံး တစ်ယောက်ယောက်ကိုမှ
မချစ်ရရင် ဘဝက မပြည့်စုံသလိုပဲ၊
ဟာတာတာကြီးနဲ့ ...
အနည်းဆုံး
တစ်ယောက်ယောက်လောက်ကိုတော့
နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်း ချစ်နေရမှ
လူက နေသာထိုင်သာ ရှိသလိုလို ...
စိတ်ကျေနပ်မှု ရသလိုလို ...။
ပိုးဖလံက မီးကို
ပူမှန်းမသိလို့ မီးထဲ တိုးဝင်တာ ...။
လူက အချစ်ကို ပူမှန်းသိသိကြီးနဲ့
အချစ်မှာ ပျော်ဝင်နစ်မြှုပ်ချင်တာ ...။
ပိုးဖလံနဲ့ လူ ဘယ်သူ ပိုမိုက်ပါသလဲ ...။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

မြတ်ဗုဒ္ဓ၏သာသနာ

ကောင်းကျိုးလိုရာပြည့်ကြပါစေ

10/05/2022

Bal Tot Mha Ma Maey Bu - Dway Connie

မင်္ဂလာပွဲ (၉)ပွဲ ကျင်းပခဲ့တဲ့  "အီတိုး" လည်း ကွဲတာပဲ !!ဝန်ကြီးသမီးနဲ့ရတဲ့   "ရဲလေ" လည်း ကွဲတာပဲ!!၇နှစ်လုံးလက်တွဲခဲ့တဲ့ ...
26/04/2022

မင်္ဂလာပွဲ (၉)ပွဲ ကျင်းပခဲ့တဲ့
"အီတိုး" လည်း ကွဲတာပဲ !!
ဝန်ကြီးသမီးနဲ့ရတဲ့
"ရဲလေ" လည်း ကွဲတာပဲ!!
၇နှစ်လုံးလက်တွဲခဲ့တဲ့
"bunny phyoe" တို့စုံတွဲလည်း ကွဲတာပဲ !!
ဘယ်တော့မှ လက်တွဲမဖြုတ်ဘူးဆိုတဲ့
"ဖြိုးကြီး"တို့လဲကွဲတာပဲ!!
သိပ်ချစ်လွန်းလို့လက်ထပ်ခဲ့ကြတာပါဆိုတဲ့
"ချမ်းချမ်း"တို့လင်မယားလဲကွဲတာပဲ!!
အားကိုးလွန်းလို့ ဘဝနဲ့ပုံအပ်ပြီးချစ်ခဲ့တာပါဆိုတဲ့
" အေသင်ချိူဆွေ" လဲကွဲတာပဲ!!
"ရေဗက္ကာဝင်း"
"မျိုးစန္ဒီကျော်"
"မီးမီးခဲ" အိုးးးအများကြီး မင်္ဂလာကြီးကြီး
ကျယ်ကျယ်ဆောင်ပြီး ကွဲပြဲသွားကြတဲ့စုံတွဲတွေ။
ကိုယ်အလေးချိန်နဲ့ညီတဲ့ ရွှေပိသာချိန်နဲ့တင်တောင်း
ခံရတဲ့ နိုင်ငံခြားကအမျိုးသမီးလည်း အိမ်ထောင်ရေး
အဆင်ပြေပါမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။
တကယ်တော့ လက်ထပ်စာချုပ်ဆိုတာ
စက္ကူတရွက်ပါပဲ။
ခမ်းခမ်းနားနား မင်္ဂလာဆောင်ပီးမှ အိုးဖင်မမဲခင်
ပြတ်စဲကုန်ကြတဲ့ အိမ်ထောင်ရေးတွေမှ တပုံကြီးပါ။
ဘုန်းကြီး (၃) ပါးလောက်ကို မင်္ဂလာဆွမ်း ကပ်ရင်း
နှစ်ယောက်တစ်ဘဝထူထောင်ခဲ့ရပေမယ့်သေတဲ့ထိ
လက်တွဲ သွားကြတဲ့ လင်မယားတွေ ရိုက်သတ်လို
့တောင်မကုန်ဘူး ။
လက်ထပ်စာချုပ်ဆိုတာ ဘာမှန်းမသိ
တရားသူကြီးဆိုတာကို မြင်တောင် မမြင်ဖူးတဲ့
အဘိုးတို့ အဘွား တို့ခေတ်က အိမ်ထောင်သည်တွေလည်း
ကိုယ့်မိန်းမကို ဆိုးဆိုးကောင်းကောင်း
သေတဲ့ထိ ပေါင်းခဲ့ကြတာပဲ။
အိမ်ထောင်တခု ထူထောင်တော့မယ်ဆိုရင်
အချစ်တွေ သံယောဇဉ်တွေ နားလည်မှုတွေနဲ့ အခြေခံပြီး
တည်ဆောက်မှသာ ရေရှည်ခိုင်မြဲနိုင်မှာပါ။
ပကာသနတွေဆိုတာ အပေါ်ယံပါ။
စာရွက်တရွက်ပေါ်လက်မှတ်ထိုးရတာလွယ်ပါတယ်
တယောက်နဲ့တယောက်နားလည်မူကအဓိကမို့
ရာသက်ပန်ချစ်သွားကြဖို့သာမလွယ်တာပါ။
အဓိကနဲ့သာမညကိုခွဲခြားနိုင်ကြပါစေ။
Credit
#ဖိုးထွေး #ဆော်ပစ်ကောင်

ယောက်ျားလေးအများစုက ၁၃ နှစ်သားလောက်ဆို s*x ကို ခံစားဖို့အာသီသရှိလာပါတယ်တဲ့...အဲ့အရွယ်တွေမှာတော့ များသောအားဖြင့်လက်နဲ့အာသ...
26/04/2022

ယောက်ျားလေးအများစုက
၁၃ နှစ်သားလောက်ဆို s*x ကို ခံစားဖို့
အာသီသရှိလာပါတယ်တဲ့...
အဲ့အရွယ်တွေမှာတော့ များသောအားဖြင့်
လက်နဲ့အာသာ ဖြေကြပါတယ်...တဲ့
၁၄/ ၁၅ ရောက်တဲ့အခါ
လက်တည့်စမ်းချင်လာချင်ကြတယ်..
ဘာလို့ဆို ဖုန်းထဲကတစ်ဆင့်
သူငယ်ချင်းအချင်းချင်းကတစ်ဆင့်
s*x ကားတွေကြည့်လို့လွယ်နေတာကိုး
သူငယ်ချင်းအချင်းချင်းမြှောက်ပင့်ပေးကြရာကနေ
s*x အတွက် သားကောင်ရှာပြီး
လက်တည့်စမ်းလာကြတယ်..
#ဒီနေရာမှာဆယ်ကျော်သက်မိန်းကလေးတွေဟာအဓိကသားကောင်ဖြစ်သွားကြရပါတယ်။
ယောက်ျားလေးအများစုရဲ့ စိတ်က
မိန်းကလေးတစ်ယောက်ကို
s*x အတွက် လက်တည့်စမ်းချင်လို့
ချဉ်းကပ်လာခဲ့ပြီး
s*x ကိစ္စ ပြီးသွားတဲ့ အခါ
အဲ့ဒီ ခံစားမူ့ဟာ ဘာမှ မဟုတ်တော့သလို
ခံစားသွားရပါတယ်တဲ့....
မိန်းကလေးနဲ့ ကျ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်.တဲ့
မိန်းကလေးတစ်ယောက်ဟာ..
သူ့ချစ်သူအတွက် စွန့်စားပြီး ဘဝကို ပေးလိုက်ပြီးရင်
အဲ့ဒီ ယောက်ျားလေးအပေါ် အရင်ကထက်
ပိုမို စွဲလန်း ချစ်ခင် သွားတတ်ကြပါတယ်..တဲ့
ယောက်ျားလေးက
သူခံစားချင်တဲ့ s*x အတွက်
အချစ်လို့ ခေါင်းစဉ်တပ်ပြီး
မနက် မောနင်း
ည ဂွတ်နိုက်တွေ
အထိအတွေ့လေးတွေ
ရင်ခုန်မူ့လေးတွေ
သာယာမူ့လေးတွေနဲ့ ဖျားယောင်းတယ်..
မိန်းကလေးဘက်ကကျ
သူ့ရဲ့ မနက်မောနင်း
ညဂွတ်နိုက်လေးတွေကတစ်ဆင့်
အထိအတွေ့ မှာ ရင်ခုန်သာယာနေရတာကို
သူငါ့ကို ချစ်တယ်လို့ ထင်ပြီး
ဘဝကြီး ပေးလိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတယ်...
အခုခေတ်မှာ
s*x အတွက်ကို အချစ်ဆိုပြီး
ခေါင်းစဉ်တပ်နေတဲ့
ယောက်ျားလေးတွေအများကြီး
ရှိလာတဲ့အတွက်
မိန်းကလေးအများစုက
ဘဝပျက်စီးနေကြရပါတယ်...
အဲ့တာကြောင့်မို့
မိန်းကလေးတို့အနေနဲ့
စာများများဖတ်ကြစေချင်ပါတယ်..
စာဖတ်အားကောင်းလာတဲ့အခါ
အချစ်က ဘဝမဟုတ်ဘူး
ဆိုတာ သိလာပါလိမ့်မယ်
စာများများဖတ်ဆိုလို့ fb ပေါ်က
၁၀၀ ဖိုး ၃ ပုဒ်တွေ
ဖတ်စေချင်တာ မဟုတ်ပါဘူး...
အချစ်ကို အဓိပ္ပာယ်ဖွင့်တာ မလွဲစေချင်ပါဘူး
( #ချစ်ရင်ဘာလုပ်လုပ်နားလည်ခွင့်လွှတ်ပေးရမယ်ဆိုတာကလမ်းမှန်မဟုတ်ပါဘူး။ဒါက အတ္တကို အခြေခံပြီး အချစ်ကို အရောင်ဆိုးနေတာပါ။)
ယောက်ျားလေးတွေရဲ့
စိတ်နေစိတ်ထားလေးတွေ
အတတ်နိုင်ဆုံးလေ့လာစေချင်ပါတယ်..
ရည်းစားအများကြီး ထားခိုင်းတာ မဟုတ်ပါဘူးနော်
ယောက်ျားလေးတစ်ယောက်နဲ့
ပတ်သက်ပြီး စိတ်ခံစားချက်တွေ မပြင်းထန်ဖို့
ထိန်းချုပ်တတ်အောင် သတိနဲ့နေစေချင်ပါတယ်
ပုခက် လွှဲတဲ့လက်က
ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတာ
s*x က အသွင်ပြောင်းတဲ့ အချစ်ဆိုတဲ့
စကားလုံးအောက်မှာ နစ်မွန်းနေတဲ့
မိန်းကလေးတွေကို ဆိုလိုတာ မဟုတ်ပါဘူး....
ကိုယ့်အားကိုယ်ကိုးနိူင်တဲ့
အမျိုးကောင်းသမီးကောင်းလေးတွေ ဖြစ်နိူင်ကြပါစေ။
အခုခေတ်ကအဖေစိတ်ရှိတဲ့လူ
တာဝန်ယူမူ့ တာဝန်ခံမူ့ ရှိတဲ့ လူက
တော်တော်လေးကိုရှားပါးနေပါပြီ
သူတို့စိတ်သာယာဖို့ကိုပဲ ဦးစားပေးနေတာပါ။
(မှတ်ချက်)
ယောင်္ကျားတိုင်းကိုမဆိုလိုပါ
ကိုယ်မဟုတ်မနာပါနဲ့ အနာမရှိရင်မစပ်ပါနဲ့။


crd...
အရေးအသားကြိုက်လို့ပါ

💕အချစ် နဲ့ အိမ်ထောင်ရေး💕************************ဖတ်ကြည့်နော်…💕 လူရယ်လို့ဖြစ်လာရင်…အချစ်နဲ့ လွတ်ကင်းနိုင်တဲ့သူရယ်လို့မရှိ...
21/04/2022

💕အချစ် နဲ့ အိမ်ထောင်ရေး💕
************************
ဖတ်ကြည့်နော်…

💕 လူရယ်လို့ဖြစ်လာရင်…
အချစ်နဲ့ လွတ်ကင်းနိုင်တဲ့သူရယ်လို့
မရှိသလောက် ရှားပါးပါတယ်။

💕အချစ်လို့ သုံးနှုန်းလိုက်ပေမဲ့
သမီးရည်းစား
ချစ်သူဘဝအတွက်တော့…
အချစ်က အဓိကအချက် လို့
ထင်ကောင်း ထင်နိုင်ပါတယ်။

💕ဒါပေမဲ့…
အိမ်ထောင်တစ်ခုအတွက်တော့
အချစ်က
ဟို…အရင် ချစ်သူဘဝတွေကလောက်
အရေးမပါတော့ပါဘူး။

💕ဘာကြောင့်လဲဆို
တချို့တွေ
ချစ်သူဘဝမှာ အရမ်းချစ်ခဲ့ကြပေမဲ့
အိမ်ထောင်ရေးမှာ
နားလည်မှုတွေ လွဲကြတဲ့အခါ…
အထစ်အငေါ့တွေနဲ့
နောက်ဆုံး လမ်းခွဲကြတဲ့အထိပါပဲ။

💕တချို့က မချစ်ပေမဲ့
နားလည်မှုနဲ့
အိမ်ထောင်ရေး တည်မြဲနေကြတဲ့သူတွေ
ရှိပါတယ်။

💕ဒါကြောင့်လည်း
ရှေးလူကြီးတွေက
ဆိုရိုးစကား ထားခဲ့ကြခြင်းပဲ
ဖြစ်ပါတယ်။

အိမ်ထောင်ပြု၊ ဘုရားတည်၊
ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး သုံးချက်မပိုင်
နောင်ပြင်ရန် ခက်သည့်အမျိုးတဲ့။

💕ဒီဆိုရိုးစကားအတိုင်းပါပဲ။
အိမ်ထောင်ဖက်ကို ရွေးချယ်မှားကြတဲ့
အခါ
ပြန်ပြုပြင်လို့ မရနိုင်ပါဘူး။

ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်း
ကောင်းကောင်း ဆိုးဆိုး
အိမ်ထောင်ဆိုတဲ့ ထောင်ကြီးထဲမှာ
ဆက်လက်ရှင်သန်ရမယ်။

💕သို့ပေမဲ့…
သဘောထားချင်း မမျှကြတဲ့အခါ
သားတွေ၊
သမီးတွေ မျက်နှာ မငဲ့ပဲ ကွဲကြ၊
ဆလယ်ဝင်အိုး ဖင်မမည်းခင်က
အိမ်ထောင်ရေးတွေ
အချိန်မတန်ပဲ ကွဲကြရတာပါပဲ။

💕နောက်ဆုံး အမည်ခံက
တစ်ခုလပ်
အိမ်ထောင်ကွဲ ဆိုတဲ့
အမည်းစက်ကြီးပဲ ကျန်ခဲ့ပါတော့တယ်။

💕အဲဒါကြောင့်
ယောက်ျားလေး ဖြစ်စေ…
မိန်းကလေး ဖြစ်စေ…
ချစ်သူရွေးလဲ မမှားစေပါနဲ့။
အိမ်ထောင်ဖက်ရွေးလဲ မမှားပါစေနဲ့။

💕အချစ်ကို ယုံလို့
ပုံမအပ်မိပါစေနဲ့။
တစ်ဘဝလုံး
ဒူးနဲ့မျက်ရည် သုတ်နေရမယ်။

အချစ်တစ်ခုကို…
သူကိုယ့်ကို ဘယ်လောက်ထိ
ချစ်နိုင်တယ်ဆိုတဲ့ အပြောနဲ့
မသတ်မှတ်ပါနဲ့။

သူက ကိုယ့်အပေါ်မှာ
ဘယ်လောက်ထိ
နားလည်မှု ပေးနိုင်တယ်ဆိုတာကသာ
အရေးအကြီးဆုံးပါ။

💕တကယ်တမ်းတော့
အိမ်ထောင်ဆိုတာ…
နားလည်မှုအပြည့်နဲ့ ချစ်တတ်တဲ့
ချစ်သူတိုင်း အတွက်တော့
အချစ်စံအိမ်လေးတစ်လုံး ဖြစ်ပေမဲ့…

💕နားလည်မှု မရှိ
သီးခံတတ်မှု
ကိုယ်ချင်းစာနာစိတ် မရှိပဲ
အပေါ်ယံအချစ်နဲ့ ချစ်တတ်တဲ့
ချစ်သူတိုင်း အတွက်ကတော့
လွတ်ရက်မရှိတဲ့
ထောင်တစ်ခု ဖြစ်နေမှာပါပဲ။

နားလည်မှု ရှိတဲ့ အချစ်ရေးနဲ့
နှစ်ယောက်ပေါင်းတဲ့ ဘဝတစ်ခုကို
ပျော်ရွှင်စွာ
❣❣❣တည်ဆောက်နိုင်ကြပါစေ…

MayHsu&ရာမညမြေ
မေတ္တာဖြင့်ပြန်လည် မျှဝေပါသည်။
#ဖိုးထွေး

 #မျက်ရည်တွေ_ထပ်ဖြည့်_ဦးမှာလား~~~~~~~~~~~~~~~~~~~~~~~~~ဗုဒ္ဓကသတ္ထဝါတစ်ဦး သံသရာမှာ ငိုခဲ့တဲ့ မျက်ရည်က သမုဒ္ဓရာ လေးစင်းထဲ...
19/04/2022

#မျက်ရည်တွေ_ထပ်ဖြည့်_ဦးမှာလား
~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓက

သတ္ထဝါတစ်ဦး သံသရာမှာ ငိုခဲ့တဲ့ မျက်ရည်က သမုဒ္ဓရာ လေးစင်းထဲက ရေတွေထက် ပိုပြီး များတယ် တဲ့။

သံသရာမှာ တစ်ဦးနဲ့တစ်ဦး မိဘ, ဆွေမျိုး, ညီအစ်ကိုမောင်နှမ မတော်ဘူးသူ မရှိဘူး။ မရဘူးတဲ့ စည်းစိမ်, မရဘူးတဲ့ ဘဝ မရှိပါဘူး တဲ့။

ဒါပေမဲ့ သာသနာတော်နဲ့ ကြုံဖိုကတော့ အင်မတန်မှကို ရခဲလှပါတယ် တဲ့။ အဲဒီ ရှည်လျားလှတဲ့ သံသရာကို အနားသတ်ဖို့က လူဖြစ်မှ, သာသနာတော်နဲ့ ကြုံမှ ရနိုင်တာ တဲ့။

ကိုယ်က မိဘတွေ ဖြစ်ခဲ့လို့ သားသမီးတွေကို လုပ်ကျွေးရတဲ့ အကြိမ်တွေဟာလည်း များလှပါပြီ။ သူက မိဘဖြစ်လိုက်, ကိုယ်က မိဘဖြစ်လိုက်နဲ့ တလှည့်စီ လုပ်ကျွေးနေရတာလည်း ပင်ပန်း လှပါပြီ။

၃၁-ဘုံမှာ လူ့ခေါင်း အပါအဝင် သတ္တဝါတွေရဲ့ ခေါင်းအမျိုးမျိုး ပြောင်း, ပြောင်းပြီး တပ်နေရတာလည်း များလှပါပြီ, မောပန်း လှပါပြီ။

ခုလို ရခဲလှတဲ့ လူ့ဘဝ, ကြုံခဲလှတဲ့ သာသနာတော်ကိုမှ သံသရာမှ လွတ်မြောက်ဖို့ အကျိုးရှိအောင် အသုံး မချတတ်ရင်တော့ နောင်လည်း ဘဝတွေ အများကြီး ထပ်ပြီး လုပ်ကျွေး ရဦးမယ်။ ခေါင်းတွေ အများကြီး ထပ်ပြီး ပြောင်းပြောင်း, တပ်နေရဦးမယ်။

သမုဒ္ဒရာတွေထဲကို မျက်ရည်တွေ ထပ်ထပ်, ဖြည့်နေ ရဦးမယ်။

ဓမ္မ မိတ်ဆွေတို့ရေ .... သတိ ပေးပါရစေ။
မမော ကြသေးဘူးလား လို့ မေးကြည့် ချင်ပါတယ်။

ဦးမြင့်ခိုင်
🔲🟥🔲🟥🔲🟥🔲🟥🔲🟥🔲🟥🔲🟥🔲

#ကောင်းကျိူးလိုရာပြည့်ကြပါစေ

ပုံထဲက လင်မယား နှစ်ယောက်ကို ကြည့်ပါ... ခင်ပွန်းဖြစ်သူက သူ့ဇနီးလက်ကို ကိုက်နေတဲ့မြွေကို မမြင်ဘူး... ထို့အတူပဲ ဇနီးကလည်း က...
12/04/2022

ပုံထဲက လင်မယား နှစ်ယောက်ကို ကြည့်ပါ...

ခင်ပွန်းဖြစ်သူက
သူ့ဇနီးလက်ကို ကိုက်နေတဲ့
မြွေကို မမြင်ဘူး...

ထို့အတူပဲ ဇနီးကလည်း
ကျောက်တုံးကြီး
ခင်ပွန်းအပေါ် ပိနေတာကို မသိပြန်ဘူး...

ဇနီးက ထင်မယ်...
ငါ့မှာ မြွေကိုက်ခံရလို့ နာကျင်နေရတယ်...
သူ ဘာလို့ အားကုန် အပေါ် ဆွဲမတင်ရတာလဲ... ၊ ခင်ပွန်းအပေါ်
ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကို
သူမ မတွေးမိဘူးလေ...

တဖက်မှာ
ခင်ပွန်းဖြစ်သူကလည်း
ငါ ဒီလောက် အားတင်းပြီး
ဆွဲပေးနေတာကိုတောင်
သူက ဘာလို့ အပေါ် ရောက်လာဖို့
သိပ်မကြိုးစားရတာလဲ?? လို့ တွေးနေမယ်... ဇနီးဖြစ်သူရဲ့ နာကျင်နေမှုကို
သူ မစဉ်းစားမိဘူး...

ဒီပုံလေးက
တကယ့်ဘဝတွေကို
အများကြီး ကိုယ်စားပြုနေပါတယ်...

လောကကြီးထဲမှာ
ဒီပုံ ထဲကလို
စုံတွဲတွေ အများကြီး ရှိနေပါတယ်...

တစ်ဖက်ရဲ့ ပေးဆပ်မှုကို မမြင်ဘဲ
ကိုယ်ပေးဆပ်နေရတာကိုပဲ
တွေးနေ၊ မြင်နေရင်
အဲဒီ လက်တွဲမှုဟာ
ခိုင်မြဲမှု အားနည်းနေပါလိမ့်မယ်...

ဒါကြောင့်
ကျွန်တော်တို့ ဘဝမှာ
ကိုယ့်ရဲ့ လက်တွဲဖော်ကို တွေ့တဲ့အခါ၊ လျှို့ဝှက်ချက်တွေ၊ မာန်မာနတွေ
ဘေးဖယ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းဖို့၊
အပြန်အလှန် နားလည်မှု ပေးကြဖို့
လိုအပ်ပါတယ်...

ဒါမှသာ ခက်ခဲ ကြမ်းတမ်းတဲ့
လောကဓံ ကြားမှာ
လက်တွဲမြဲမြံစွာနဲ့
တူတူ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်...

ที่อยู่

Bankok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ B0LD Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


บริษัทด้านสื่อ/ข่าวสาร อื่นๆใน Bankok

แสดงผลทั้งหมด