House of Myanmar Everyone can be a HERO creator
လူတိုင်း အစွမ်းအစရှိသူဖြစ်နိုင်ပါတယ်

01/02/2025

အနုပညာကို ဝါသနာပါကြတဲ့ မျက်နှာသစ်လေးတွေအတွက် Kantana Studio မှာ သရုပ်ဆောင်ပညာရပ်တွေသင်ကြားရင်း ဘာတွေသိရှိခဲ့ကြရလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်...

#

01/02/2025

Casting Workshop Day (1) မှာ ဘယ်လိုအတွေ့အကြုံတွေရရှိခဲ့ကြလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်...

#

31/01/2025

Casting Workshop Day (1) မှာ ဘယ်လိုအတွေ့အကြုံတွေရခဲ့ကြလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်...

#

31/01/2025

Bang Yai ရှိ Kantana Studio မှာ ပြုလုပ်ခဲ့တဲ့ House of Myanmar ရဲ့ Casting Workshop Training, Day (1)

#

ကြီးကျယ်ခမ်းနားလှတဲ့ ပန်းပြပွဲအဖြစ် ပြုလုပ်သွားမယ်လို့ဆိုထားတဲ့ "Chiang Mai Flower Festival 2025" ကို ဖေဖော်ဝါရီလ (၇) ရက...
30/01/2025

ကြီးကျယ်ခမ်းနားလှတဲ့ ပန်းပြပွဲအဖြစ် ပြုလုပ်သွားမယ်လို့ဆိုထားတဲ့ "Chiang Mai Flower Festival 2025" ကို ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ချင်းမိုင်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Floral Wonderland အဖြစ် သရုပ်ဖော်ထားမယ့် Nong Buak Hat Public Park မှာဆိုရင် အပူပိုင်းဒေသတွေမှာ ဖူးပွင့်ကြတဲ့ Local ပန်းမျိုးစိတ်များသာမက Internatiional ပန်းမျိုးစိတ်များအပါ ပန်းမျိုးစိတ်ပေါင်း (၁၀၀) ကျော်ရဲ့ ပန်းအလှပေါင်း (၁) သန်းကျော်ကို တွေ့မြင်ကြရမှာပါ။

ဒါ့အပြင် ပန်း ပန်းပုရုပ် (၁၀) ခု၊ လေဆာလှိုဏ်ခေါင်း (၁) ခုလည်း ရှိနေမှာဖြစ်ပြီး ဂီတဖျော်ဖြေပွဲများ၊ Glow-in-the-dark Body Painting Activitiy များ၊ Local Product များရောင်းချနေတဲ့ ဈေးဆိုင်များလည်း ရှိနေမယ့်အပြင် ညပိုင်းမှာဆိုရင်လည်း ပန်းခြံတစ်ခုလုံးကို မီးအလှများ ဆင်ထားမှာဖြစ်ပါတယ်။

Source : The Nation Thailand

Acting Workshop Day (1) မှာ ဆရာမများမှ သရုပ်ဆောင်ပညာရပ်များကို ပြောပြပြီးတဲ့အခါ Workshop တက်ရောက်ကြတဲ့ သရုပ်ဆောင် ဝါသနာရ...
29/01/2025

Acting Workshop Day (1) မှာ ဆရာမများမှ သရုပ်ဆောင်ပညာရပ်များကို ပြောပြပြီးတဲ့အခါ Workshop တက်ရောက်ကြတဲ့ သရုပ်ဆောင် ဝါသနာရှင်များအားလုံး Script များကိုယ်တိုင်စဉ်းစား၍ သရုပ်ဖော်ခဲ့ကြပြီး နောက်တစ်ပတ် Workshop မှာ လေ့ကျင့်ဖို့ Script များကိုလည်း ဆရာမများနဲ့ အတူတူဖတ်ကြပုံလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

#

Acting Workshop Day (1) မှာ သရုပ်ဆောင်ပညာရပ်တွေကို မသင်ကြားခင် Warm up လုပ်နေကြပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ ...
29/01/2025

Acting Workshop Day (1) မှာ သရုပ်ဆောင်ပညာရပ်တွေကို မသင်ကြားခင် Warm up လုပ်နေကြပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

#

Happy Chinese Lunar New Year 🎉🧨Gong Xi Fa Cai🎊မင်္ဂလာရှိတဲ့ မြွေနှစ်တစ်နှစ်လုံး HOM ချစ်သူလေးများအားလုံး စီးပွားလာဘ်လာဘမ...
28/01/2025

Happy Chinese Lunar New Year 🎉🧨
Gong Xi Fa Cai🎊

မင်္ဂလာရှိတဲ့ မြွေနှစ်တစ်နှစ်လုံး HOM ချစ်သူလေးများအားလုံး စီးပွားလာဘ်လာဘများ ပေါကြွယ်ဝပြီး ဝင်ငွေတွေ ဒီရေအလားတိုးတက်ကြပါစေလို့ HOM မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

မြွေနှစ်ကို ကူးပြောင်းဖို့ သိပ်မလိုတော့တာကြောင့် တရုတ်နှစ်ကူးကို ဘန်ကောက်မှာ လျှောက်လည်ဖို့ဆိုရင်တော့ အခုပြောမယ့်နေရာလေး...
28/01/2025

မြွေနှစ်ကို ကူးပြောင်းဖို့ သိပ်မလိုတော့တာကြောင့် တရုတ်နှစ်ကူးကို ဘန်ကောက်မှာ လျှောက်လည်ဖို့ဆိုရင်တော့ အခုပြောမယ့်နေရာလေးတွေကို သွားကြည့်သင့်တယ်နော်...

🧨 ICONSIAM (Jan 24 - Feb 2)
ICONSIAM မှာဆိုရင် Cultural Show တွေရှိနေမယ့်အပြင် မီးပုံးလေးတွေနဲ့လည်း အလှဆင်ထားပါတယ်။ ပြီးတော့ "Little China" လို့အမည်ရတဲ့ Street Market လေးကလည်း ရှိနေဦးမှာပါ။

🧨 Siam Paragon (Jan 28 - Feb 2)
Dunhuang မြို့ရဲ့ ယဉ်ကျေးမှုအငွေ့အသက်တွေရရှိအောင် ပြင်ဆင်ထားတဲ့အပြင် ဖျော်ဖြေပွဲတွေ၊ အနုပညာလက်ရာတွေလည်းရှိတဲ့အပြင် Fortune-telling Charity Event လည်းရှိနေမှာပါ။

🧨 Siam Center & Siam Discovery (Jan 15 - Feb 2)
"A Celebration of Luck & Love" ဆိုတဲ့ Theme နဲ့ အနုပညာလက်ရာမြောက်တဲ့ အရုပ်တွေဖြင့် အလှဆင်ကာ အရှေ့တောင်အာရှရဲ့ ပထမဆုံး "TOYZEROPLUS WORLD" အဖြစ် တရုတ်နှစ်ကူးအတွက် ပြင်ဆင်ထားမှာဖြစ်ပါတယ်။

🧨 Yaowarat Road (Jan 19 - Feb 9)
တရုတ်အငွေ့အသက်တွေပြည့်နေတဲ့ ဘန်ကောက်မြို့ရဲ့ တရုတ်တန်းမှာတော့ မီးပုံးတွေနဲ့ အလှဆင်ထားပြီး ရိုးရာအကအလှဖျော်ဖြေမှုတွေလည်း ရှိနေမှာဖြစ်ပါတယ်။

🧨 Wat Mangkon Kamalawat (Jan 29)
တရုတ်နှစ်ကူးစစ်စစ်က ဘယ်လိုမျိုးလဲဆိုတဲ့ အတွေ့အကြုံတွေကို ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဘန်ကောက်မြို့မှာ အကြီးဆုံး Chinese Buddhist Temple ဖြစ်တဲ့ Wat Mangkon Kamalawat ကို သွားသင့်ပါတယ်။

Acting Wokshop Day (1) ကို တက်ရောက်ခွင့်ရရှိသူများ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပုံလေးတွေကို မျှဝေပေးလိုက်ရပါတယ်။    #
28/01/2025

Acting Wokshop Day (1) ကို တက်ရောက်ခွင့်ရရှိသူများ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပုံလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

#

Acting Workshop မှာ သရုပ်ဆောင်ပညာရပ်တွေကို သင်ကြားပေးခဲ့တဲ့ ဆရာမကြီး Khun Tum Rossarin Chanthra နဲ့ လက်ထောက်ဆရာမ Kun Nuc...
27/01/2025

Acting Workshop မှာ သရုပ်ဆောင်ပညာရပ်တွေကို သင်ကြားပေးခဲ့တဲ့ ဆရာမကြီး Khun Tum Rossarin Chanthra နဲ့ လက်ထောက်ဆရာမ Kun Nuch Piyanuch Thepsawong

Bang Yai ရှိ Kantana Studio မှာ အနုပညာဝါသနာရှင်လေးတွေကို သရုပ်ဆောင်ပညာရပ်တွေ ပိုမိုကျွမ်းကျင်ပိုင်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးတဲ့ Workshop မှာ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Khun Tum Rossarin Chanthra မှ ဆရာမအဖြစ်နဲ့ အနုပညာအတွေ့အကြုံများစွာရှိတဲ့ Kun Nuch Piyanuch Thepsawong မှ လက်ထောက်ဆရာမအဖြစ် သင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။

အသက် (၆၃) နှစ်ရှိပြီဖြစ်တဲ့ Khun Tum Rossarin Chanthra ဟာ အနုပညာလမ်းကြောင်းထဲကို အသက် (၁၈) နှစ်ခန့်အရွယ်ကတည်းက စတင်ဝင်ရောက်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ အနုပညာသက်တမ်း (၄၆) နှစ်အတွင်းမှာ Moive (၁၂) ကား၊ TV Drama ပေါင်း (၁၀၀) ကျော်၊ Drama Series ပေါင်း (၆) ကား၊ Music Video (၁) ပုဒ်တို့ ရိုက်ကူးထားသူတစ်ဦးဖြစ်ပြီး Outstanding Achievements ပေါင်း (၁၄) ခုပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

Acting Workshop ရဲ့ ပထမရက်ဖြစ်တဲ့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာလည်း ဆရာမနှစ်ဦးစလုံးမှ သရုပ်ဆောင်ပညာရပ်တွေကို မျှဝေပေးခဲ့သလို့ ဒုတိယရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာလည်း ဆက်လျက်သင်ကြားပေးသွားမှာဖြစ်ပဲဖြစ်ပါတယ်။

#

ဘန်ကောက်မှာ ထိုင်းနိုင်ငံသားတွေသာမက နိုင်ငံခြားသား ခရီးသွားတွေပါ စိတ်ဝင်စားမှု ပိုလာမယ့် Modern 3D Metaverse Museum တစ်ခ...
26/01/2025

ဘန်ကောက်မှာ ထိုင်းနိုင်ငံသားတွေသာမက နိုင်ငံခြားသား ခရီးသွားတွေပါ စိတ်ဝင်စားမှု ပိုလာမယ့် Modern 3D Metaverse Museum တစ်ခုဖြစ်တဲ့ Space & Time Cube+ ကို Seacon Bangkae ရဲ့ Basement Floor မှာ ဇန်နဝါရီလ (၁၈) ရက်နေ့က ဖွင့်လှစ်လိုက်ပါပြီ...

Space & Time Cube+ မှာဆိုရင် ထိုင်းနိုင်ငံရဲ့ Culture and Art ကို Technology နဲ့ပေါင်းစပ်ထားပြီး ကောင်းကင်ယံမှ နက်ရှိုင်းတဲ့ ပင်လယ်ထဲအထိ စူးစမ်းရှာဖွေနေရတဲ့ ခံစားမှုမျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။ ဒီ Museum ကို Zone အားဖြင့် (၃) ခုခွဲခြားထားပြီး Street Cherry Dark, Wisdom Prologue, Parallel Room, Dream Spiral Staircase, Mirror Maze, Charm Subway, Golden Waterfall, Ocean of Stars, Planetary Wanderers, Cube Enchantment, and Stream of Light and Moon Lanterns စတဲ့ အခန်းတွေအပါအဝင် အခန်း (၂၇) ခန်းပါရှိပါတယ်။

အသစ်အသစ်တွေကို အမြဲရှာဖွေစူးစမ်းပြီး Innovative and Creative ဖြစ်တဲ့ Experiences မျိုးတွေ ရရှိချင်တယ်ဆိုရင်တော့ ကမ္ဘာ့အဆင့်မီပြတိုက်တစ်ခုဖြစ်တဲ့ Space & Time Cube+ ကို သွားကြည့်သင့်တယ်နော်...

Source : The Nation Thailand

&TimeCubePlus &Creative

ချင်းမိုင်၊ Phrao District က Mae Ngat Somboon Chon ဆည်ထဲရှိ ရေပြင်ပေါ်မှာ အုံ့ဆိုင်းနေတဲ့ သစ်ပင်အိုကြီးတွေဟာ ဒီနှစ်ပိုင်...
26/01/2025

ချင်းမိုင်၊ Phrao District က Mae Ngat Somboon Chon ဆည်ထဲရှိ ရေပြင်ပေါ်မှာ အုံ့ဆိုင်းနေတဲ့ သစ်ပင်အိုကြီးတွေဟာ ဒီနှစ်ပိုင်းတွေမှာ နိုင်ငံခြားသား ခရီးသွားတွေ စိတ်ဝင်တစား လာကြည့်ကြမယ့် နေရာတစ်ခုပဲဖြစ်ပါတယ်။ ရာစုနှစ်ကြာသက်တမ်းရှိတဲ့ ဒီသစ်ပင်အိုကြီးတွေဟာ ဆည်ထဲမှာ ရေတက်နေချိန်ဆိုရင် သစ်ပင်ပင်စည်နဲ့ အမြစ်တွေဟာ ရေအောင်မှာရောက်နေပြီး သစ်ပင်ရိပ်တွေနဲ့ သစ်ကိုင်းသစ်ရွက်တွေဟာတော့ ရေမျက်နှာပြင်ပေါ်မှာ ထပ်ဟပ်နေလျက်ရှိပါတယ်။

ရေတွေမကျသေးခင်အချိန်ဖြစ်တဲ့ ဆောင်းရာသီမှာပဲ အခုလိုမြင်ကွင်းမျိုးကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီသစ်ပင်ကြီးတွေကို မြင်နိုင်ဖို့ဆိုရင်တော့ Mae Pang ဆိပ်ကမ်းလေးမှတဆင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လှေငယ်လေးတွေ စီးသွားလို့ရပါတယ်။

Source : The Nation Thailand

ဝါရင့်သရုပ်ဆောင် ထိုင်းမင်းသမီးကြီးကိုယ်တိုင် သရုပ်ဆောင်ပညာရပ်တွေကို သင်ကြားပေးမယ့် Acting Workshop ပထမရက် (26.1.2025) စ...
26/01/2025

ဝါရင့်သရုပ်ဆောင် ထိုင်းမင်းသမီးကြီးကိုယ်တိုင် သရုပ်ဆောင်ပညာရပ်တွေကို သင်ကြားပေးမယ့် Acting Workshop ပထမရက် (26.1.2025) စတင်နေပါပြီ😍😍

ချင်းရိုင်ရှိ Singha ပန်းခြံမှာ လာမယ့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ International Balloon Fiesta 2025 ကို ကျ...
25/01/2025

ချင်းရိုင်ရှိ Singha ပန်းခြံမှာ လာမယ့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ International Balloon Fiesta 2025 ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Valentine's Day ဖြစ်တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာလည်း Balloon Flight စီးခွင့်ရတဲ့ ကံထူးရှင်စုံတွဲလေးတွေကိုရွေးချယ်ကာ သူတို့ရဲ့ချစ်ခြင်းတွေကို ကမ္ဘာတစ်ခုလုံးသိအောင် ထုတ်ဖော်ပြသနိုင်မယ့် အခွင့်အရေးလေးတွေလည်း ဖန်တီးပေးထားပါသေးတယ်။

ASEAN မှာ အကြီးဆုံးပွဲတစ်ခုအဖြစ် စီစဉ်မယ့် ဒီ Balloon Festival မှာတော့ နိုင်ငံပေါင်း (၁၃) နိုင်ငံမှ ဘောလုံးအလှပညာရှင်ပေါင်း အယောက် (၃၀) ကျော်က ပါဝင်အားဖြည့်ကြမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေမှုများ၊ ရိုးရာအကအလှများလည်းရှိနေမှာဖြစ်ပါတယ်။ ထိုင်းမြောက်ပိုင်း အစားအစာများ၊ ဒေသကော်ဖီများကိုလည်း စားသောက်လို့ရမယ့်ဆိုင်တွေရှိနေမယ့်အပြင် လှပတဲ့ ပန်းခင်းကြီးတွေကိုလည်း ကြည့်ရှုခံစားနိုင်မှာပါ။

Source : The Nation Thailand

ဝါရင့်သရုပ်ဆောင် ထိုင်းမင်းသမီးကြီးကိုယ်တိုင် သရုပ်ဆောင်ပညာရပ်တွေကို သင်ကြားပေးမယ့် Acting Workshop ကို မနက်ဖြန် ဇန်နဝါရ...
24/01/2025

ဝါရင့်သရုပ်ဆောင် ထိုင်းမင်းသမီးကြီးကိုယ်တိုင် သရုပ်ဆောင်ပညာရပ်တွေကို သင်ကြားပေးမယ့် Acting Workshop ကို မနက်ဖြန် ဇန်နဝါရီလ (၂၆) ရက်နေ့၊ မနက် (၁၀) နာရီ၊ Bang Yai ရှိ Kantana Studio မှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့...

Workshop ကိုတက်ရောက်ခွင့်ရရှိသွားကြတဲ့ သရုပ်ဆောင်ဝါသနာရှင်လေးများအားလုံး မနက်ဖြန် Kantana Studio မှာစုံကြမယ်နော်...

Loei’s Dan Sai District ရှိ Phu Hin Rong Kla National Park ထဲက Phu Lom Lo တောင်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှစလို့ ချယ်ရီပ...
24/01/2025

Loei’s Dan Sai District ရှိ Phu Hin Rong Kla National Park ထဲက Phu Lom Lo တောင်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှစလို့ ချယ်ရီပန်းတွေနဲ့ ထိုင်းဆာကူရာပန်းတွေ ဖူးပွင့်လို့ တောင်တစ်ခုလုံး ပန်းရောင်လေးနဲ့ လှပနေပါပြီ။ ဒီပန်းတွေဟာ နှစ်စဉ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ အမြဲဖူးပွင့်လေ့ရှိပါတယ်။ တောင်ထိပ်မှာဆိုရင်လည်း အပူချိန်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ 5.5°C မှ 11°C လောက်သာ ရှိနေပါတယ်။

Source : The Nation Thailand

ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုဟာ တစ်နေ့တစ်ခြား ပိုဆိုးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် လေထုညစ်ညမ်းမှုတွေ လျော့ချနိုင်...
24/01/2025

ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုဟာ တစ်နေ့တစ်ခြား ပိုဆိုးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် လေထုညစ်ညမ်းမှုတွေ လျော့ချနိုင်ဖို့ Bangkok Mass Transit Authority - BMTA လက်အောက်တွင်ရှိကြတဲ့ BTS, MRT နှင့် Bus များအားလုံးကို ဇန်နဝါရီ (၂၅) ရက်မှ ဇန်နဝါရီ (၃၁) ရက်နေ့ အထိ အခမဲ့စီးခွင့်ပေးထားမည်ဖြစ်ကြောင်း‌ ကြေငြာထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့မှာ လေထုညစ်ညမ်းမှုဟာ ပိုမိုဆိုးရွားလာတာကြောင့် အပြင်ထွက်ဖို့ လိုအပ်လာတဲ့အခါ Mask တပ်ဖို့ မမေ့ကြပါနဲ့နော်...

Source : The Nation Thailand

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ House of Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์