နေစကြာနိုင်

နေစကြာနိုင် Burmese Author, Journalist & Editor.

---၂၀၁၁ ခုနှစ်မှ စတင်၍ ပြည်တွင်း ပြည်ပရှိ စာနယ်ဇင်းများတွင် စတင် ရေးသားခဲ့သည်။

---၂၀၁၂ ခုနှစ်၊
ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် MAP-Fm Radio ၏ "လုပ်သားအလင်းအိမ်" အစီ အစဉ်တွင် အသံလွှင့်ဆောင်းပါးများ တင် ဆက်ခဲ့သည်။ အလွတ်သတင်းထောက် အဖြစ်လည်း ရွှေ့ပြောင်းမြန်မာ အလုပ် သမားသတင်းများကို သတင်းအေဂျင်စီ များသို့ သတင်းအပုဒ်ရေ ၂၀၀ ကျော်ခန့် ပေးပို့ရေးသားခဲ့သည်။

---၂၀၁၃ ခုနှစ်၊
ပုဂ္ဂလိကသတင်းစာများ စတင်

ထုတ်ဝေ ခွင့်ရသည့်အချိန်တွင် ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ၌ သတင်းသုံးသပ် ဆောင်းပါးများ၊ အတွေးအမြင် ဆောင်းပါးများနှင့် သရော်စာများကို အဆက်မပြတ်ရေးသားခဲ့သည်။ "ဘဝသစ်" ရသစာပေမဂ္ဂဇင်း၊ "ဆဌမအာရုံ" မဂ္ဂဇင်း တို့တွင် ကဗျာများ၊ အက်ဆေးများ၊ ဆောင်းပါးနှင့် ဝတ္ထုတိုများ လစဉ်ရေးသားခဲ့သည်။

---၂၀၁၄ ခုနှစ်၊
နိုဝင်ဘာလတွင် ထွက်ရှိခဲ့သည့် "ကြက်တူရွေးဒီမိုကရေစီ" စာအုပ်မှာ ပထမဦးဆုံး လုံးချင်း ဖြစ်သည်။

---၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း ထိုင်းနိုင်ငံ၊ အခြေစိုက် "ခေတ် လူများ၏မှတ်စု" လူငယ် စာပေဂျာနယ် ( အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံး) တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ဆောင် ရွက်ခဲ့သည်။ ဟောင်ကောင်တက္ကသိုလ် နှင့် ပူးပေါင်းပြီး မီဒီယာသင်တန်းများကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ "ခေတ်လူများ ၏မှတ်စု" သင်တန်းကျောင်းတွင် စီစဉ် ဖွင့်လှစ်ပို့ချခဲ့ပြီး သုံးနှစ်အတွင်း သင်တန်း သား ၁၅၀ ကျော်ကို ဟောင်ကောင် တက္ကသိုလ်အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ခဲ့သည်။

---၂၀၁၅ ခုနှစ်တွင်
"ခေတ်လူများ၏မှတ်စု" စာပေတိုက်၏ အယ်ဒီတာအဖြစ် "ထီးတစ်လက်ရဲ့ ငါးပြားတန်ဦးနှောက်ပြခန်း" ၊ "ထာဝရ ရွှေဝါရောင်"၊ "ရွေးချယ်မှု၏တန်ဖိုး"၊ "ရွှေဝါရောင်လှိုင်း"၊ "ကြိုးတန်းပေါ်က ဘဝများ" အစရှိသည့် စာအုပ်များကို စီစဉ်တည်းဖြတ်ထုတ်ဝေခဲ့သည်။

---၂၀၁၅ ခုနှစ်
ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ အီတလီ၊ ဆိုဘေးနီးယား၊ ဆွစ်ဇာလန် နှင့် ပြင်သစ် အပါအဝင် ဥရောပ ၉ နိုင်ငံသို့ (၂)လ ကြာ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ ပြီး ခရီးသွားဆောင်းပါးများကို Flower News အပတ်စဉ်ထုတ် သတင်းဂျာနယ် တွင် ရေးသားခဲ့သည်။

---၂၀၁၆ ခုနှစ်
အိုအေစစ် စာပေအနုပညာဂျာနယ်တွင် ရသဝတ္ထုတိုများ အပတ်စဉ် ရေးသား
ခဲ့သည်။

---၂၀၁၇ ခုနှစ်
"ကြောက်ခေတ်ရုပ်ကြွင်းများ" ဝတ္ထုတိုစု မှာ ဒုတိယမြောက်လုံးချင်း
ဖြစ်သည်။

လက်ရှိတွင် "ခေတ်လူများ၏မှတ်စု" စာပေတိုက်၏ စာအုပ်ထုတ်ဝေရေးတွင် အယ်ဒီတာအဖြစ် ဆောင်ရွက် လျှက်ရှိပြီး ပြည်တွင်းပြည်ပရှိ စာနယ်ဇင်းများတွင် လည်း စာပေများကို မပြတ်ရေးသား လျှက်ရှိသည်။

▪️ဒီကာလ တလျောက်လုံး ကျနော့်အနား ရှိနေခဲ့တာက မြင်းလေး တကောင်ပါ။သူ့ နာမည်က Boxer ။ကျနော် လူပျိုပေါက် ဘဝမှာ Animal Farm စာအ...
04/12/2024

▪️ဒီကာလ တလျောက်လုံး
ကျနော့်အနား ရှိနေခဲ့တာက
မြင်းလေး တကောင်ပါ။

သူ့ နာမည်က Boxer ။

ကျနော် လူပျိုပေါက် ဘဝမှာ
Animal Farm စာအုပ်ကတဆင့်
Boxer ကို ရင်းနှီးကျွမ်းဝင်ခဲ့တယ်။

ခြေလေးချောင်းတော်လှန်ရေးမှာ
သူက စကားနှစ်ခွန်းကလွဲပြီး
ဘာဆိုဘာမှ မပြောပါဘူး။

သူ ပြောတဲ့ နှစ်ခွန်းတည်းသော
စကားထဲက I will work harder ကို
ကျနော်လည်း ခဏခဏ ရွတ်မိတယ်။

ပြီးတော့ Boxer ရဲ့ ဘဝကိုလည်း
ကျနော် အများကြီး တွေးဖြစ်တယ်။

မြင်း လေး တကောင်ဆိုပေမဲ့
အလုပ်ပိုကြိုးစားရင် အားလုံး
အဆင်ပြေသွားမယ်လို့
Boxer က ယုံကြည်တဲ့သူပါ။

ဒီတော့ တခြံလုံး လွတ်မြောက်ရေးမှာ
လုပ်နိုင်သမျှက သူ့အလုပ်တွေပဲ။

Boxer ရဲ့ အားထုတ်မှုကို ဝက်တွေက
"ဒါ ... သူ့တာဝန်ပဲလေ" လို့ မြင်ကြတယ်။

ကြက် နဲ့ ဘဲ တွေကလည်း
"မြင်း ပဲဟာ လုပ်နိုင်တာပေါ့" တဲ့။

ဒီ့အပြင် ကျနော် သူ့ကို သတိရနေတတ်တဲ့
နောက်အကြောင်းတခုလည်း ရှိသေးတယ်။

အဲဒါက ...

ပင်ပန်းလွန်းတဲ့ ဒဏ်နဲ့ သေလုမျောပါး
ဖြစ်နေတဲ့ Boxer ကို အသက်ထွက်ခါနီးမှာ
အိမ်ပြန်ပို့မယ်ဆိုပြီး ဝက်တွေက
စက်ရုံတခုဆီ ရတဲ့ဈေးနဲ့ သူ့ကို
သွားရောင်းစားပစ်လိုက်ကြတာပါပဲ။

ဘယ်လောက်အဖြစ်ဆိုးလိုက်လဲ။

Boxer ကိုပဲ ရိုးအ လွန်းတယ်လို့
မကျေမနပ်နဲ့ ကျနော် အပြစ်တင်မိတယ်။

ဒါပေမဲ့ တဖက်မှာလည်း
ဒီမြင်းလေးကို ကျနော့်ဘဝရဲ့
သူရဲကောင်း တဦးလို စွဲလမ်းနေမိရော။

အဲဒါကြောင့်ပဲ ထင်တယ်။

Boxer က ကျနော့်ဆီ
ရောက်ရောက်လာတတ်တယ်။

ကျနော့် အတ္တ နဲ့ အားမနာတမ်း
မအူမလည် မေးကြည့်မိသေးတယ်။

"ဒီမှာ Boxer ၊ သားသတ်ရုံရောက်တော့ ...
ခင်များ ထိုက်တန်တယ်လို့ ခံစားရလား"

ကျနော့်အမေးကို တဟီးဟီးနဲ့ ဟီပြီး
Boxer က ထုံးစံအတိုင်း တခွန်းပဲ -

"I WILL WORK HARDER "


၈ နိုဝင်ဘာ ၂၄

▪️တယောက်ထဲ ပြောနေရတော့ ကျနော့် စကားတွေက အတွေးသက်သက်မျှပဲ။အပြင်ထွက်မရတဲ့သူအတွက်အတွေးဆိုတာကလည်းအတောင်ပံပါတဲ့ ခြေထောက်တွေမိ...
24/11/2024

▪️တယောက်ထဲ ပြောနေရတော့
ကျနော့် စကားတွေက
အတွေးသက်သက်မျှပဲ။

အပြင်ထွက်မရတဲ့သူအတွက်
အတွေးဆိုတာကလည်း
အတောင်ပံပါတဲ့ ခြေထောက်တွေမို့လား။

အဲဒီခြေထောက်တွေကို အားပြုပြီး
ခရီးဝေးကြီးကို ပုံမှန် လျှောက်ဖြစ်တယ်။

အရှေ့ကို လှမ်းနေပေမဲ့ ...
မိုက်ကယ်ရဲ့ လပေါ်လမ်းလျှောက်တဲ့
အကလို အနောက်ကိုပဲ တရွေ့ရွေ့။

ငယ်ငယ်က အတူတူဆော့တဲ့
ဝေါ့်ကီးကို တွေ့တယ်။

အရင်လိုပဲ။
သူ့တကိုယ်လုံးမှာ ရွံ့ဗွက်တွေပေလူးနေတာပဲ။

အိမ်ရှေ့ ရိုးထဲက
မြှုံးတွေထဲ ငါးသွားနှိုက်ပြီး
ပြန်လာတာ ကျနော် သိတာပေါ့။

ကျနော့် မနက်စာ ကောက်ညှင်းပေါင်း
ပေါ်မှာ အဖွားက ပုံပေးထားတဲ့
ငါးစင်းရိုင်းကြော် ငါးကောင်ထဲက
တကောင်ကို ဝေါ့်ကီးဆီ ပစ်ကျွေးလိုက်တယ်။

ဒီကောင် နှာခေါင်းတရှုံ့ရှုံ့လုပ်ပြီးမှ
လျှာနဲ့ ပလက်ကနဲ လျက်ပြီး
တကျွတ်ကျွတ်ဝါးတယ်။

မနက်နေရောင်အောက်မှာ
ရေစိုနေတဲ့ ရွှေဝါရောင်အမွှေးကို
ခါယမ်းပြီး ဝေါ့်ကီး
အစာစားနေတာ ပြန်မြင်ရတော့
ကျနော် သိပ်ပျော်တာပဲ ... ။

အဖွားက နီညိုရောင်အနွေးထည်
ကွက်လေးရဲ့ အစကို
ခါးပုံစထုတ်သလို ဆွဲပြီး
ဇီးသီးတွေကို ကောက်နေတယ်။

မေမေက ရေနွေးအိုးဆူပြီ
ကော်ဖီဖျော်ရတော့မလား
ဖေဖေ့ကို မေးလိုက်တာလည်း
ကျနော် ကြားလိုက်တယ်။

ဖေဖေက ဖွင့်ထားတဲ့
ကက်ဆက်ကို အသံတိုးရင်းက
အိမ်ရှေ့ကနေ မီးဖိုချောင်ဆီ
ဘာပြောတာလဲ လှမ်းအော်မေးတယ်။

အိမ်အောက်က ကျနော်က
ကော်ဖီဖျော်ရမလား မေးတာ ဖေဖေ
လို့ အကျယ်ကြီး အော်လိုက်တော့
ဖေဖေက ကောင်းကွာ
သောက်မယ်ဟေ့ ဖျော်လိုက်တော့ တဲ့။

ဖေဖေ့ အသံကို ကြားရတော့
စိတ်ထဲ တမျိုးကြီးပဲ
ကြားဖူးနေကျပေမဲ့ မကြားရတာကြာပြီလေ။

မန်ကျည်းရွက်နုတွေဝေနေလိုက်တာ
နေရောင်ပွင့်လာလေ စိမ်းဖန့်ဖန့်
အရောင်က စိုတောက်လာလေပဲ။

ကျနော်က ဟေ့ကောင် ဝေါ့်ကီး
ငါတို့ ဘုန်းကြီးကျောင်းဘက် သွားဆော့ကြမလား
ကိုရင်တွေ ဆွမ်းခံပြန်လာရင်
အတူတူ လိုက်သွားကြမယ်။

ဦးဇင်းတွေက ထန်းလျက်ခဲ
စွန့်မှာပါကွ ... အဖွားကိုတော့
ပြောခဲ့မယ်လေ၊ မေမေ့တော့ ပြောဘူး

ဝေါ့်ကီးခေါင်းကို ပွတ်တော့
အမြီးလေး တလှုပ်လှုပ်နဲ့
ပန်းကန်ထဲက ငါးကြော်ပဲ
ဒီကောင် ထပ်တောင်းနေတယ်။

ဇီးသီးတွေကို ​ဇလားထဲပစ်ထည့်ပြီး
အဖွားက ခြံထဲက အပင်တွေကို
ခါးတကုံးကုံးနဲ့ ရေလောင်းနေပြီ။

ကျနော် ဝေါ့်ကီးကို ခေါ်ပြီး
အသာလစ်ထွက်လာလိုက်တယ်။
ဇီးသီးတွေတော့ အိတ်ကပ်ထဲ
ဖြည့်ခဲ့တာပေါ့။ ဘယ်ရမလဲ။

ခြံပြင်ရောက်တာနဲ့
ဝေါ့်ကီးနဲ့ ကျနော် ပြေးကြတယ်။

လမ်းဘေးက
ထန်းပင် ခုနှစ်ပင်လောက်တော့
ဖုန်တထောင်းထောင်းထအောင်
ပြေးရင်း ရေခဲ့လိုက်သေးတယ်။

မောလိုက်တာ။
ခြေထောက်တွေ လေးလာတယ်။
ကျနော့် မြင်ကွင်းတွေလည်း
တရိပ်ရိပ်နဲ့ နှေးသွားတယ်။

အဝေးကြီးပြန်လျှောက်ပေမဲ့
ခြေထောက်က အတောင်ပံတွေ
ညောင်းပြီထင်ပါတယ်။

အိမ်ကို ရောက်ပြီးမှ

အိမ်နဲ့ အဝေးကြီးမှာ ....

ကျနော်ဟာ တယောက်ထဲ

စကားတွေ ပြောနေမိတယ်။

တယောက်ထဲ ပြောနေရတော့

ကျနော့် စကားတွေက

အတွေးသက်သက်မျှပါပဲ။။။

©နေစကြာနိုင်

၆ အောက်တိုဘာ ၂၀၂၄။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ နေစကြာနိုင်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง နေစကြာနိုင်:

แชร์