30/04/2024
မန်ယူဂျာစီကလွဲလို့ တခြားအင်္ကျီကိုဆွဲဝတ်ဖို့ အဆင်မပြေဘူးလို့ ရက်ရှ်ဖို့ဒ် ဖွင့်ဟ
💢 April 28 2024 💢
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကထွက်ခွာဖို့အလားအလာရှိနေပေမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့တော့ ကြီးမားတဲ့အရိပ်အမြွတ်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်တယ်။ နွေဈေးကွက်အတွင်း သရဲနီတွေရဲ့အပြောင်းအလဲကိစ္စရပ်တွေမှာ အင်္ဂလန်ကြယ်ပွင့်ကို ထွက်ခွာနိုင်ခြေစာရင်းထဲထည့်သွင်းထားပါတယ်။ လတ်တလောမှာတော့ အမ်ဘာပီနေရာအတွက် ပီအက်စ်ဂျီကခေါ်ယူနိုင်တယ်လို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်က "ကျွန်တော့်အတွက်တော့ မန်ယူကလွဲလို့ ဘာကိုမှမကြည့်ပါဘူး။ ငယ်ငယ်ကတည်းကမကြည့်တာပါ။ စိတ်ထဲမှာ တခြားအင်္ကျီကိုဆွဲဝတ်ဖို့ အဆင်မပြေပါဘူး။ ကျွန်တော်ဒီမှာရှိစဉ်အတွင်း အကောင်းဆုံးလုပ်ပေးချင်တယ်။ အချိန်အကြာကြီးကို မျှော်လင့်တာပါ။ ကျွန်တော် ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်သားလောက်အရွယ်ကတည်းက လေ့ကျင့်ရေးကို မိဘတွေလိုက်ပို့ခဲ့ရတာမရှိပါဘူး၊ ယူနိုက်တက်နဲ့ပတ်သက်သူတွေကသာ အကြိုအပို့လုပ်ပေးခဲ့တာပါ။ တခါတရံမှာ လူတွေထင်တာထက်ပိုပြီးနက်ရှိုင်းပါတယ်။ အားလုံးက စီနီယာအသင်းထဲရောက်လာတဲ့နှစ်တွေကနေ အခုအချိန်အထိ အကြောင်းအရာတွေကိုပဲသိကြမှာပါ။ ကျွန်တော် ဒီမှာကြီးပြင်းခဲ့တယ်။ ငယ်ငယ်ကတည်းက ဒီကလပ်အတွက်ကစားပေးခဲ့တယ်။ မိသားစုဝင်တွေဟာ တခြားငွေရမယ့်လမ်းကြောင်းကိုတောင် ငြင်းပယ်ခဲ့လို့ ဒီအမှတ်တံဆိပ်ကို ကျွန်တော်ဝတ်ဆင်နိုင်ခဲ့တယ်" လို့ ရှင်းပြထားပါတယ်။