12/04/2024
လေဗာကူဆင်တိုက်စစ်မှူး ဗစ်တာ ဘိုနီဖေ့စ်တစ်ယောက် ဂိုးသွင်းပြီးတဲ့အချိန်မှာ ကြေငြာဘုတ်ပေါ်မှာ သွားထိုင်ပြီး အောင်ပွဲခံခဲ့တယ်။ ဒီရာသီမှာ အဆိုပါအောင်ပွဲခံပုံစံမျိုးကို ဝက်စ်ဟမ်းကွင်းလယ်လူ မိုဟာမင် ကူဒုစ်က မကြာခဏ ပြုလုပ်လေ့ရှိတယ်။ ဂိုးသွင်းပြီးရင် ကြေငြာဘုတ်ပေါ်ထိုင်လိုက်၊ ဘောကောက်တွေဆီက ထိုင်ခုံတောင်းလိုက်နဲ့ စသဖြင့်အောင်ပွဲခံတက်တယ်။
ဘိုနီဖေ့စ်က အိမ်ကွင်းမှာ ဦးဆောင်ဂိုးသွင်းပြီး ကူဒုစ်အတိုင်း ပြန်လည်အောင်ပွဲခံသွားတယ်။ ဒီလိုအောင်ပွဲခံမှုဟာ ကစားသမားနှစ်ယောက်ကြားက ကိုယ်စားပြုရာ နိုင်ငံတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဘိုနီဖေ့စ်က နိုင်ဂျီးရီးယားသားဖြစ်ပြီး၊ ကူဒုစ်က ဂါနာနိုင်ငံသား။ ဒီနိုင်ငံနှစ်ခုက အာဖရိကဒေသတွင်းဘောလုံးပြိုင်ပွဲတွေမှာ အစဉ်အလာပြိုင်ဘက်ကောင်းတွေဖြစ်ကြတယ်။ ဒီတော့ ကစားသမားနှစ်ဦးကြားထဲက ပြိုင်ဆိုင်မှုဟာလည်း လိုက်ပါပြင်းထန်သွားပါလေရော။
ဘာပဲပြောပြော ဒီလိုဖြစ်ရပ်တွေဟာ ဘောလုံးလောကရဲ့ အနှစ်သာရတွေထဲက တစ်ခုပါပဲ။