ပုလော သွေးချင်းညီအစ်ကိုများအင်အားစု

ပုလော သွေးချင်းညီအစ်ကိုများအင်အားစု စည်းလုံးခြင်းသည်အင်အားတခုပါ

01/03/2024

မအလသား အောင်ပြည့်စုံ တစ်နေ့တည်း ဝန်ကြီးဌာန (၁၃) ခုက တင်ဒါတွေ ရသွားတာ ကြားကြတယ်မဟုတ်လား။

ရခိုင်ဘက် ကျရှုံး (သို့) ပျောက်သွားတဲ့ တပ်သားတွေရဲ့ မိသားစုကို လစာတစ်ဝက်ပဲ ပေးပြီး တပ်သားမရှိတော့လို့ စစ်မှုထမ်းဥပဒေ ပြဌာန်းနေတာရော မြင်ကြလား။

မအလတပ်ဘက်ကနေ စစ်မှုမထမ်းချင်လို့ နိုင်ငံရပ်ခြားကို ရှောင်ထွက်သွားကြတဲ့ လူငယ်ပညာတတ်တွေနှင့် လွတ်မြောက်နယ်မြေထဲ ဝင်မှာစိုးလို့ ခရီးသွားလူငယ်တွေကို ထင်သလို ဆွဲချဖမ်းနေတာရော တွေ့ကြလား။

ရှေ့လ ဖေဖော်ဝါရီ(၂၅) ည (၇)နာရီလောက်က ပုလောမှာ တစ်ယောက်တစ်စီးစီ စီးနေတာတောင် လူငယ်‌အုပ်စုလိုက်စီးနေတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီးလိုင်စင်ပါတဲ့ ဆိုင်ကယ်အကောင်းစား အသစ်ချည်း သိမ်းသွားတာ ပြန်မပေးဘဲ ဘာလုပ်လိုက်လဲဆိုတာရော သိကြလား။

ဘာမြင်မြင် ဘာကြားကြား မိမိမထိသရွေ့ ခေါင်းငုံ့ခံကျေနပ်နေအုံးမယ်ဆိုရင်တော့.........

တော်လှန်ရေးပိုက်ဆံ ဘတ်၆၈၀၀ လိမ်ပြီးခုအချိန်ထိ ပြန်မပေးသော ကျော်ဦး သူဇာတိက ပုလောကုန်းကျေးရွာ သူမိန်းမက မှော်ကြောင်းသူထို...
18/02/2024

တော်လှန်ရေးပိုက်ဆံ ဘတ်၆၈၀၀ လိမ်ပြီးခုအချိန်ထိ ပြန်မပေးသော
ကျော်ဦး သူဇာတိက ပုလောကုန်းကျေးရွာ သူမိန်းမက မှော်ကြောင်းသူ
ထိုင်းမှာအလုပ်လုပ်နေတဲ့ ရွာသားတွေတွေဆီက ကောက်ခံထားတဲ့ပိုက်ဆံတွေပါ ခုချိန်ထိ တာဝန်ရှိသူတွေအကြိမ်ကြိမ်တောင်းသော်လည်း မပေးခဲ့ပါဘူး ခုလက်ရှိ ထိုဂ်းကနေထွက်ပြေးသွားပြီး
ကရသူရီ မြို့မှာရှိနေတယ်လို့သိရပါတယ် ဖြေရှင်းပေးဖို့ဖုန်းအကြိမ်ကြိမ်ဆက်သော်လည်း ဖုန်းမကိုင်ပဲ ပိတ်ပစ်ခဲ့ပါတယ်
ယခု ပုံပါသူအား တွေ့ရှိပါက ဘုတ်ပြင် ပကဖ များဖမ်းဆီးအရေးယူပေးပါရန် ရွာသားများကိုယ်စားတိုက်တွန်းလိုက်ရပါတယ်
မှတ်ချက် ပုလောပကဖ အဖွဲ့များမဖျက်သိမ်းခင် မိုးတိမ်ကာကွယ်ရေးအဖွဲ့က ပိုင်ဆံများဖြစ်ပါသည်
ဒီပိုစ်ကို တွေ့ရှိပါ ခင်ဗျား သက်ဆိုင်ရာတာဝန်ရှိသူကိုဆက်သွယ်ပါ

CDM ရဲများနဲ့ ဖွဲစည်းထားတဲ့ ကရင်နီပြည် ရဲဌာနက ဒေသတွင်း ပြည်သူများကို မူးယစ်ဆေးအန္တရာယ် နှင့် ယာဉ်/လမ်း စည်းကမ်း အသိပညာပေ...
16/02/2024

CDM ရဲများနဲ့ ဖွဲစည်းထားတဲ့ ကရင်နီပြည် ရဲဌာနက ဒေသတွင်း ပြည်သူများကို မူးယစ်ဆေးအန္တရာယ် နှင့် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးဆောင်ရွက်

ဖေဖော်ဝါရီ ၁၅
Radio NUG

ကရင်နီ ပြည်နယ်အတွင်း CDM ရဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည် ရဲဌာနမှ တပ်ဖွဲ့ဝင်များက ဒေသတွင်းပြည်သူများကို မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီပြည် ရဲဌာနမှ တပ်ဖွဲ့ဝင်များက ဒေသခံများ ကား/ဆိုင်ကယ်များ မောင်းနှင်ရာမှာ ယာဉ်/ လမ်းစည်းကမ်း သိရှိပြီး ဘေးအန္တရာယ်ကင်းကာ ယာဉ်များကို အရှိန်လျော့ မောင်းနှင်ရန်နှင့် စည်းကမ်း လိုက်နာရန် လက်ကမ်း စာစောင်များ ဖြန့်ဝေပြီး အသိပညာ ပေးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရ ပါတယ်။

ထို့အပြင် ကရင်နီပြည် ရဲဌာနအနေဖြင့် ဒေသခံ ပြည်သူများကို မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်ပြီး မြိုပေါ် အပါအဝင် ကျေးရွာများအထိ သွားရောက်ကာ အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်နေလျှက် ရှိကြောင်းလည်း သိရပါတယ်။

ကရင်နီပြည် ရဲဌာနအား စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM ရဲ (၃၀၀) ကျော်ဖြင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့က စတင်ဖွဲစည်းခဲ့တာဖြစ်ပြီး ပြည်နယ်တွင်း ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် ပြည်သူ့ရဲ ဝန်ဆောင်မှုများ ပေးနေတာ ဖြစ်ပါတယ်။

ချစ်တဲ့တနသ်ာရီတိုင်းလည်းတစ်နေ့နေ့ဖြစ်လာမှာပါ

14/02/2024

ပုလောမြို့မှ ကိုယ်ချင်းစာစိတ်ရှိတဲ့ မိဘများ သတိထားဖို့

Feb(13) ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မမှတ်မိတတ်သူတွေဟာ Feb (14) ချစ်သူများနေ့ကိုတော့ စွဲစွဲမြဲမြဲ သိနေကြတယ်။‌ ဗစ်နှင့် စစ်ကြောင့် သားသမီးတွေကို ကျောင်းမပို့ကြတဲ့ မိဘတွေ အခြေအနေအမျိုးမျိုးကြောင့် မလွဲမရှောင်သာ ကျောင်းထားလိုက်ရတဲ့ မိဘတွေကိုပဲ အသိပေးချင်ပါတယ်။

New year တုန်းက နေ့ခင်းကြောင်တောင်အချိန်အရက်ဘီယာ ဝိုင်တွေကို ဘုန်းကြီးကျောင်းတွေပေါ်မှာ လူငယ်တွေ သောက်နေကြသလို ကျောင်းစာသင်ခန်းထဲ ဆေးချတဲ့ အကြောင်းကိုလည်း သိကြရဲ့လား မိဘတို့။ကျောင်းစာအုပ်ကြား ဆေးညှပ်ထားပြီး သုံးစွဲနေတဲ့ ကျောင်းသားအချို့မှာ လူတော်အချို့လည်း ပါနေခဲ့တယ်။ဒါကြောင့် မိဘများ သားသမီးတွေကို ပိုဂရုစိုက်ပေးပါ။

မအလကျောင်းမှာ ထားချင်လို့ ထားခဲ့တဲ့ မိဘတွေကိုတော့ သတိပေးစရာ မရှိသလို မနေ့ကလို မအလတွေ ပုလောဈေးထဲ ကျည်ကျအောင် ပစ်နေလို့ ပွဲမှာပါတဲ့ သားသမီးတွေကို သွားခေါ်တာ ပြန်ခေါ်ခွင့် မရတဲ့ မိဘတွေကို တကယ်ဖြစ်လာရင်လည်း သနားစရာ မရှိဘူး။

နိုင်ငံအနှံ့ ကျည်ကြားဗုံးဆံကြား ပြေးကြပုန်းကြ သေ+ဆုံး၊ သွားကြတဲ့ ကလေးတွေကိုမှမထောက် မအလကျင်းပပေးတဲ့ ကပွဲခုန်ပွဲပျော်ပွဲတွေမှာ ဂုဏ်ယူမဆုံး ပျော်နေကြတဲ့ မိဘတွေရဲ့ သားသမီးတွေကိုတော့ တကယ်သနားပါတယ်။ကိုယ်ချင်းစာစိတ်မဲ့ပြီး ကိုယ်ကျိုးပဲ ကြည့်တဲ့ မိဘတွေ ဖြစ်နေကြလို့ပါ။

ဒီကာလမှာ လူငယ်တွေ အနစ်နာဆုံးပဲ။မအလ အာဏာသိမ်းတာကြောင့် နိုင်ငံခြားထွက်မယ့်ဆဲဆဲ လူငယ်အချို့နှင့် နိုင်ငံခြားကနေ ပြန်လာတဲ့ လူငယ်အချို့ တော်၊လှန်၊ရေး၊နယ်မြေထဲ ဝင်သွားကြတယ်။သူတို့ အနာဂတ်အိပ်မက်ကို ရိုက်ချိုးပြီး နိုင်ငံ့အနာဂတ်ကို ဦးစားပေးခဲ့ကြတယ်။

နိုင်ငံတကာမှာ တစ်နိုင်ငံလုံးစစ်မှုထမ်းတယ်ဆိုတာ သူတစ်ပါးနိုင်ငံနှင့် စစ်မက်ဖြစ်မှ ထမ်းကြတာ။အခု မအလတပ်လို တပ်ပြေးတွေ ‌ကျ၊ဆုံးတွေ များလို့ အင်အားဖြည့်ဖို့ ဘယ်နိုင်ငံသားတွေကမှ စစ်မှုဝင်မထမ်းကြဘူး။

" မအလတပ်စစ်မှုထမ်း ခေါ်နေကြပြီ မင်းတို့လည်း စစ်+ခွေး-လို့ အခေါ်ခံရတော့မယ် တပ်ထဲ မင်းတို့ ကြက်၊ဘဲ၊ဝက်တွေ မွေးချင် မွေးနိုင်တယ် အထက်အရာရှိက ပါး+ရိုက်-ကြိုဆိုတာကိုလည်း မင်းတို့ ကြိုတွေးစဉ်းစားထား" ဆိုပြီး တပ်-ဘော+မတွေရဲ့ ရိသဲ့သဲ့အပြောတွေ ငါတို့ မကြားဘူး ထင်နေလား။

အောက်တန်းစားစိတ်နှင့် ကျွန်ခံချင်တာ မင်းတို့ပဲ ခံပါ။ကိုယ်ချင်းစာစိတ်နည်းပြီး မင်းတို့ မထိသေးလို့ သိပ်ပျော်မနေနဲ့။နိုင်ငံဘဏ္ဍာကို မိဘအမွေလို ယူသုံးကြတဲ့ မအလလို ဘယ်မင်းတက်တက် ယူသုံးမှာ။တက်တဲ့မင်း ငါတို့မင်းလို့ ခံယူထားတဲ့ Non CDM တွေစကား ကြားရတာလည်း ခေတ်သစ်ကျွန်စိတ်ကို မြင်လိုက်ရသလိုမို့ တကယ်ရွံတယ်။

13/02/2024

တောင်ယာကမ်းရောက်နေတဲ့ မအလတပ်က တောင်ယာကမ်းဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းကို လှူထားတာလည်း စားသောက်၊ ရွာသူရွာသားတွေကို ဟင်းချက်ပို့ခိုင်းပြီးလည်း ဒုက္ခပေး။

ပြည်သူတွေ ဒီလောက်ကျပ်တည်းနေတာ မင်းတို့ရတဲ့ လစာနှင့် မင်းတို့ဘာသာ ဝယ်စားပါလား။ ဒီလစာလည်း မင်းတို့ အဘ ပေးတာ မဟုတ်ဘူး။ပြည်သူ့ဘဏ္ဍာတွေ။ ပြည်သူ့ဘဏ္ဍာစားပြီး ပြည်သူကို နည်းမျိုးစုံ နှိပ်စက်နေတဲ့ လူမိုက်တွေ။

ပြည်သူ့အိမ်ပေါ်တက် ထမင်းဟင်းစားပြီး အသက် (၆၀)ကျော် အဘိုးအရွယ်ကို ဖမ်းရမယ့်စာရင်းထဲ ပါတယ်ဆိုပြီး အမည်တူရုံနှင့် မီးတိုင်မှာ ကြိုးချည် ဖမ်းခေါ်သွားတဲ့ အယုတ်တမာတွေ ။မင်းတို့ မျိုဆို့ ထားတဲ့ ထမင်းတွေတောင် အစာမကြေသေးဘဲ ထမင်းရှင်ကို စော်ကားရဲသူတွေ။ခွေးတောင် ထမင်းကျွေးတဲ့ လက် ပြန်မကိုက်တတ်ဘူး။အမည်တူရုံနှင့် ဖမ်းတယ်ဆို အမည်တူရှိတဲ့ သင်္ချိုင်းကုန်းက မြေကြီးထဲ ရောက်နေတဲ့ မင်းတို့ အဘိုးတွေ အဖေတွေပါ ပြန်ဖော်ဖမ်းထည့်လိုက်ကြ။ မင်းတို့ အဘခိုင်းတိုင်း လုပ်ပြီး မင်းတို့ အလှည့်ရောက်မှ အသနားမခံကြကြေး။

နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူး၊ငါတို့က ဘယ်ဖက်မှ မပါဘူး၊ ကြားထဲက ပြည်သူစစ်စစ်ပါ ဆိုတဲ့ လူတွေရဲ့ အိမ်တံခါး တက်ခေါက်မဲ့ ဥပဒေ...
10/02/2024

နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူး၊
ငါတို့က ဘယ်ဖက်မှ မပါဘူး၊ ကြားထဲက ပြည်သူစစ်စစ်ပါ ဆိုတဲ့ လူတွေရဲ့ အိမ်တံခါး တက်ခေါက်မဲ့ ဥပဒေ တော့ ထွက်လာပြီ။

ဘယ်လမ်းရွေးမလဲ ဆိုတာပဲရှိမယ်၊ ကြားလူမရှိတော့ဘူး။

08/02/2024

ဆံပင်မွေးလေးတွေ ကြည့်ရင်း
ကိုယ့် ရင်သွေးတွေသာ ဖြစ်ရင်လို့ တွေးမိလိုက်ချိန်

လူငယ်နှစ်ယောက်ပုံ ကြည့်ရင်း
ကိုယ့် ညီလေးတွေသာ ဖြစ်ရင်လို့ ခံစားလိုက်ရချိန်

ဒီလို အချိန်မှာ လေဘဲတစ်ယောက် အဖြစ် ဝင့်ကြွားစိတ်နှင့် တင်ထားတဲ့ ပုလောသား တစ်ဖက်ပိတ် ပိုစ့်အောက် like တွေ အသည်းတွေ ပေးပြီး Congratulations လုပ်ကြတဲ့ အုပ်စုကို အကြီးအကျယ် အံ့ဩမိတယ်။

အစ်ကိုရင်း စခဗိုလ်မှူး အားကိုးနှင့် အုပ်ကီးကို ကြိုးကိုင်ထားတဲ့ ညီအစ်ကိုတွေ ။ငွေသာရရင် အာဏာရှင်အောက် ဒူးပြေးထောက်ရလည်း အရှက်မရှိသူတွေ။ဒီထက် အရှက်မရှိဆုံးကတော့ ဒီလို လူတွေကို ကပ်ဖားနေကြသူတွေပဲ။ဒီလိုလူတွေနှင့် တစ်မြို့တည်းသား ဖြစ်ရတာ အရှက်ရဆုံးပါပဲ။

စခတွေနှင့် ပျူစောထီးတွေ ရက်စက်မှု ဖတ်ရတာနှင့်တောင် တယ်လီဂရမ်ကပုံတွေ မကြည့်ဝံ့ဘူး။ပုလောဘက်က ပြည်သူ့စစ် ပျုတွေလည်း သေနတ်ကိ...
07/02/2024

စခတွေနှင့် ပျူစောထီးတွေ ရက်စက်မှု ဖတ်ရတာနှင့်တောင် တယ်လီဂရမ်ကပုံတွေ မကြည့်ဝံ့ဘူး။

ပုလောဘက်က ပြည်သူ့စစ် ပျုတွေလည်း သေနတ်ကိုင်ပြီး ရိုင်းတာတွေ ကြားထားရတယ်။မင်းတို့ ပျူတွေက တစ်မြို့တည်းသား အချင်းချင်း လက်နက်မဲ့ ပြည်သူတွေကို နှိပ်ကွပ်တာကျ သခင်အားရအောင် ဟောင် -ပေး နေတဲ့ ခွေး၊ထက်ဆိုးတယ်။ရပ်ကွက်ထဲ ဆယ်အိမ်ခေါင်း တာဝန်ယူထားတဲ့လူတွေရော ဘော- ထီး ၊ ဘော -မ တွေပါ အာကျယ်နိုင်သမျှ ကျယ်ထားကြ။အာကျယ်အကုန် လုပ်ရပ်နှင့် မှတ်တမ်းရှိတယ်။သွေးရဲရင် ဆက်ကျယ် ဆက်မိုက်ကြပေါ့။

လေယာဉ်ပေါ်က လေဘဲတွေလည်း စာသင်ကျောင်းက အပြစ်မဲ့ကလေးတွေအပေါ် လုပ်ရပ် မင်းတို့ ရင်သွေးတွေကို မြင်တိုင်း ပြန်ခံစားကြည့်။ဆိုးယုတ်တဲ့ မင်းတို့အဘတွေအပေါ် တော့ ပြန်မကြဲရဲဘူး မဟုတ်လား။

ပုလောမြို့ထဲ ဆယ်ကျော်သက်ကလေးတွေကို ရပ်ကွက်ရုံးခေါ်ပြီး နိုင်ငံရေးသတင်း ပြောသူသိလို့ လာမတိုင်ရင် ဖမ်းမယ်လို့ ခြိမ်းခြောက်တဲ့ အုပ်ကီးလည်း ထမင်းဝဝစားထား။သူတစ်ပါးမျက်ရည်စာစားရဖို့ ကလေးတွေပါမကျန် အမြတ်ထုတ်တတ်တဲ့ အဆင့်မရှိတဲ့ အောက်တန်းစား။

တူရာစုပြီး အသုဘအိမ်နံဘေးမှာ ပွဲတော်ကျင်းပနေတဲ့ ကျက်သရေယုတ် အရိုင်းအစိုင်းတွေ။ဒီခေတ် ဝဋ်ဆိုတာ ဘဝမကူးဘူး။

03/02/2024

သုံးနှစ်ပြည့်ခဲ့ပြီ

မအလ အာဏာသိမ်းလို့ ဝန်ထမ်းတွေ CDM လုပ်ချိန် ပြည်တွင်းပြည်ပ ထောက်ပို့အားနှင့် CDM ဝန်ထမ်းတွေကို စတင် ထောက်ပံ့ခဲ့တယ်။နိုင်ငံခြားရောက်နေသူက CDM ဘယ်အုပ်စုကို ငွေပမာဏ ဘယ်လောက် ထောက်ပံ့ချင်တယ်ဆိုရင် လက်ထဲအရောက် အတိအကျ ပေးကူပြီး ငွေလွဲခတွေ ဆိုင်ကယ်ဆီဖိုးတွေ အိတ်စိုက်ရုံမျှမက ကိုယ့်အိတ်ထဲကပါ ထပ်ကူခဲ့တာ မြို့ထဲနေ ထောက်ပို့တွေ။

လွတ်မြောက်နယ်မြေထဲ ရောက်နေကြသူတွေကို စားနပ်ရိက္ခာကအစ ဆေးဝါးအလယ် ခွေး၊ရိုက်၊တုတ်၊တွေ အဆုံး ဖြည့်နိုင်ဖို့ ပြည်တွင်းပြည်ပ ထောက်ပို့တွေ ကူခဲ့တယ်။ပြည်တွင်းက ထောက်ပို့တွေ အခုချိန်ထိ နည်းမျိုးစုံနှင့် အဖမ်းခံရ‌နေကြဆဲ။အချို့ အဖမ်းခံလိုက်ရတဲ့ ထောက်ပို့မိသားစုတွေရဲ့ ဘဝ ပျက်နေကြဆဲ။

ရဲဘော်ကို ဖုန်းဘီလ် ငါးထောင်ကျပ် ဖြည့်ပေးလိုက်ပြီး ကိုယ်တိုင်ဖုန်းထဲ ငါးရာကျပ်ပဲ ဖြည့်ထားတဲ့ ထောက်ပို့တွေ။အဖွဲ့တစ်ဖွဲ့ကို တစ်ရက်စာ အသားစားစေချင်လို့ ငွေငါးသောင်းကျပ်ကို နှစ်လလောက် စုပြီး လှူပေးကြတဲ့ ထောက်ပို့တွေ။ကိုယ်တိုင်အတွက် လိုအပ်တာတောင် မဝယ်ဘဲ တော်၊လှန်၊ရေးအတွက် လှူနေကြတဲ့ ထောက်ပို့တွေ။ကိုယ်တိုင်အတွက် ဘယ်နေရာမှာမှ မာနမချခဲ့သမျှ တော်၊လှန်၊ရေးကူဖို့အတွက် သူတောင်းစားထက် မျက်နှာငယ်ခံကြတဲ့ ထောက်ပို့တွေ။

နိုင်ငံခြားက သက်ဆိုင်ရာ အချို့ကို မျက်နှာငယ်ခံ ပေးကမ်းပြီး ကိုယ့်နိုင်ငံအတွက် ဖြည့်ပေးနေရတဲ့ ပြည်ပထောက်ပို့တွေ။အလုပ်ထုတ်ခံရ ကျန်းမာရေး ချို့ယွင်းသွားရ ‌တော်၊လှန်၊ရေးအတွက်ပဲ အချိန် ပေးထားလို့ သမီးရည်းစားတွေကွဲရ မိသားစုတွေ အဆင်မပြေဖြစ်ရ သင်ယူနေဆဲ ပညာ‌တွေ ရပ်လိုက်ကြရလည်း ကူနေကြတဲ့ ပြည်ပထောက်ပို့တွေ။

ကိုယ့်ချွေးနှဲစာရော တော်၊လှန်၊ပြည်သူတွေရဲ့ ငွေတစ်ကျပ်ကအစ တန်ဖိုးထားခဲ့သမျှ ထောက်ပို့ငွေတွေ အလဟဿဖြစ်သွားချိန် (ဥပမာ - တုတ်တွေ ဆုံးရှုံးရချိန်၊ မြေပြင်ကို မရောက်ဘဲ အခွင့်အရေးသမားတွေ လက်ထဲ ရောက်သွားချိန်၊အရေးမပါတဲ့ နေရာတွေမှာ ငွေတွေ ပုံသုံးလိုက်လို့ အရေးပါတဲ့ နေရာမှာ သုံးဖို့ မရှိတော့တဲ့ အချိန် ) တွေဟာ စိတ်အပင်ပန်းရဆုံး ကာလတွေပါ။ဒီထက် စိတ်ပိုအပင်ပန်းဆုံး ကာလတွေက မြေပြင်မှာ ကိုယ်တို့ အားကိုးနေသူတွေ လမ်းကြောင်းမမှန်တဲ့ အလုပ်တွေ လုပ်‌တာ သိရချိန်တွေပဲ။စိတ်ဓာတ်အကျဆုံး ကာလကတော့ တော်၊လှန်၊ရေးရဲဘော် ကျဆုံးထိခိုက်ချိန်တွေပေါ့။

ထောက်ပို့တွေ အဖြစ်စေချင်ဆုံးက တော်၊လှန်၊ရေးတပ်သားတွေ အထိခိုက်အကျအဆုံး မရှိဘဲ တော်၊လှန်၊ရေးကို နိုင်စေချင်တာပဲ။ရဲဘော်တွေ ကိုယ်တိုင် အသက်စွန့်ရဲတာတောင် ထောက်ပို့တွေကတော့ ဖခင်တစ်ယောက်လို ထောက်ပံ့ထားကြသူတွေမို့ ဘယ်ရဲဘော်ကိုမှ ကျစေချင်စိတ် မရှိကြဘူး။သုံးနှစ်တာ ခရီးမှာ အားလုံးခက်ခဲခဲ့သမျှ တော်၊လှန်၊ရေးအမြန်ဆုံး အောင်မြင်ဖို့ စစ်မှန်တဲ့ ထောက်ပို့တိုင်းရဲ့ ဆန္ဒပါ။

အရေးတော်ပုံအောင်မည်

မြိတ်(ဘိတ်)မြို့ကတော့ ပူးပေါင်းပါဝင်ပေးပါတယ်ကျန်တဲ့အချိန် အပျော်ပါးရှိပေမဲ့ အရေးကြီးရင်ပူးပေါင်းပါဝင်ပေးတဲ့မြိတ်
01/02/2024

မြိတ်(ဘိတ်)မြို့ကတော့ ပူးပေါင်းပါဝင်ပေးပါတယ်
ကျန်တဲ့အချိန် အပျော်ပါးရှိပေမဲ့ အရေးကြီးရင်ပူးပေါင်းပါဝင်ပေးတဲ့မြိတ်

သာယာဇနား ဘာတဲ့ တပ်တွင်းဟုတ်လား
31/01/2024

သာယာဇနား ဘာတဲ့ တပ်တွင်းဟုတ်လား

အားလုံးပူးပေါင်းပါဝင်ပေးကြပါ
31/01/2024

အားလုံးပူးပေါင်းပါဝင်ပေးကြပါ

31/01/2024
ပြည်သူ့ နွေဦးတော်လှန်ရေးကြီး(3)နှစ်ပြည့် တိုက်ပွဲခေါ်သံSILENT STRIKE (1.2.2014)ကြာသာပတေး နေ့ အသံတိတ်သပိတ်ပုလောမြို့နယ်ပ...
28/01/2024

ပြည်သူ့ နွေဦးတော်လှန်ရေးကြီး(3)နှစ်ပြည့် တိုက်ပွဲခေါ်သံ

SILENT STRIKE (1.2.2014)ကြာသာပတေး နေ့ အသံတိတ်သပိတ်

ပုလောမြို့နယ်ပြည်သူများအားလုံးပူးပေါင်းပါဝင်ပေးကြပါရန်တိုက်တွန်းလိုက်ရပါတယ်

28/01/2024

ကိုယ့်ဂုဏ် ကိုယ်ဖော်
မသူတော် တဲ့

ငါလောက်တယောက်မှ အရည်အချင်းမရှိလို့ ငါအုပ်ချုပ်နေရတာ လို့ ပြောတာ ဟိုမအလ နဲ့ တူလိုက်တာကွာ

ပုလော ppdfဒုတပ်ရင်းမူး ဦးကျော်ထင်အောင် ကျူးလွန်ထားသည့် အာဏာရှင်ဆန်သောလုပ်ရပ်အား အမြန်ဆုံးအရေးယူဆောင်းရွက်ပေးရန် ပြည်ပရေ...
20/01/2024

ပုလော ppdfဒုတပ်ရင်းမူး ဦးကျော်ထင်အောင် ကျူးလွန်ထားသည့် အာဏာရှင်ဆန်သောလုပ်ရပ်အား အမြန်ဆုံးအရေးယူဆောင်းရွက်ပေးရန် ပြည်ပရောက် ထောက်ပို့မဟာမိတ် အဖွဲ့တစ်ဆယ့်လေးဖွဲ့က ဒုတိယ အကြိမ် သဘောထားကြော်ငြာချက် ထုတ်ပြန်လိုက်ပါသည်

NUG /MOD မှာတာဝန်ရှိလူကြီးများ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံလိုက်ပါတယ်🙏🙏🙏🙏🙏

ပြည်သူက တလရ အတွက် ကူညီလိုက်တာ သေနတ်တလက်ဟာ အခုတော့ အချင်းချင်းသတ်နေကြပြီဆိုရင်တော့ဖြင့်မကြာမှီမျှော်
19/01/2024

ပြည်သူက တလရ အတွက် ကူညီလိုက်တာ သေနတ်တလက်ဟာ အခုတော့ အချင်းချင်းသတ်နေကြပြီဆိုရင်တော့ဖြင့်

မကြာမှီမျှော်

PRDF တပ်ဖွဲ့ဝင်ဟောင်းကို မိကျောင်းစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ဟုဆို

Dawei Watch၊ ဇန်နဝါရီ ၁၈

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းက ဇန်နဝါရီလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်အချို့နှင့် ဆွေမျိုးနီးစပ်သူများက ပြောသည်။

အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှ နုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်း တွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

၎င်း၏ အမျိုးသမီး ကလေးမီးဖွားမည့်ကိစ္စဖြင့် မိကျောင်းစစ်ကြောင်းထံ ခွင့်တစ်လယူပြီး ရွာတွင် ပြန်လာနေထိုင်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

အမျိုးသမီးဖြစ်သူမှာ ဗိုက်ခွဲကလေးမွေးထားရသဖြင့် ခွင့်နှစ်လကျော်ကြာသွားခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက်ညပိုင်းတွင် မိကျောင်းစစ်ကြောင်းက ဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင်လူ ရှစ်ဦးခန့်နှင့် ရွာခံသုံးဦးတို့က ကိုပင်လယ်လူကို လာရောက် ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။

“သူအရင်နေခဲ့တဲ့ (PRDF) အဖွဲ့က ကိုသားကြီးက ဖမ်းခိုင်းတယ်လို့ဆိုတယ်။ မိကျောင်းစစ်ကြောင်းက ဝိုင်လူးဆိုတဲ့လူရယ် လူ ၈ ယောက် ရွာခံ ၃ ယောက်ပါတယ်။ ၈ ရက် ည ၈ နာရီခွဲလောက်မှာ လာဖမ်းတယ်။ နောက်တစ်နေ့ ၉ ရက်နေ့မှာ သတ်လိုက်ပြီလို့ ကြားတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးသွားသည့်အကြောင်းအရင်းနှင့် သတ်ဖြတ်ခံရသည့်အကြောင်းအရင်းကိုမူ မိသားစုဝင်များ၊ ဆွေမျိုးနီးစပ်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း မသိကြောင်း ပြောဆိုကြသည်။

မိသားစုဝင်များနှင့် ဆွေမျိုးနီးစပ်သူများက သက်ဆိုင်ရာတာဝန်ရှိသူများ၊ တော်လှန်ရေးအင်အားစုများ၏ အကူအညီဖြင့် အဆင့်ဆင့် လိုက်လံမေးမြန်းစုံစမ်းရာတွင် ဖမ်းဆီးသွားသည့် ညက အပေါ့သွားစဉ် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်သည်ဟု ပြောဆိုကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထပ်မံမေးမြန်းစုံစမ်းရာ ကိုပင်လယ်လူကို ဇန်နဝါရီလ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် သတ်လိုက်ခြင်းဖြစ်သည်ဟု သိရပြီး လဲကျသေဆုံးနေသည့် ဓာတ်ပုံမှတ်တမ်းကို ရရှိထားကြောင်း ၎င်းက ပြောသည်။

“အမှန်တရားလိုချင်တယ်။ တော်လှန်ရေးကာလမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာ တော်လှန်ရေးသမား အချင်းချင်း သတ်တဲ့ကိစ္စတွေကို လက်မခံနိုင်ဘူး။ အမှုမှန်ပေါ်စေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

PRDF က ကိုသားကြီးဆိုသူက ဖမ်းဆီးခိုင်းသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး PRDF ကို ဆက်သွယ်မေးမြန်းရာ ပြန်ကြားရေး တာဝန်ခံက ကိုပင်လယ်လူမှာ နုတ်ထွက်သွားပြီဖြစ်သဖြင့် သက်ဆိုင်မှု မရှိတော့သလို ယခုဖြစ်ရပ်မှာ ၎င်းတို့နှင့် သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုသည်။

ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ကြားသိထားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အဖွဲ့က ခိုင်းစေတာလည်း မဟုတ်ဘူး။ တာဝန်ပေးအပ်တာလည်း မရှိဘူး။ နောက်တစ်ခုက ကျွန်တော်တို့ အနေနဲ့ လက်ရှိဖြစ်ပျက်တဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ အမှုမှန်ပေါ်အောင်ကြိုးစားနေတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

PRDF တပ်ဖွဲ့ဝင်ဟောင်း နောက်တစ်ဦးကလည်း ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်ရန်အတွက် စုံစမ်း နေသည်ဟု ဆိုသည်။

KNU တပ်မဟာ(၄) ၊ KNDO တပ်ရင်း (၇) အဓိက စိုးမိုးနယ်မြေတွင်ရှိသည့် မိကျောင်းစစ်ကြောင်းမှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ဦးဆောင်သူမှာ ဗိုလ်မုတ်ဆိတ်ဖြစ်သည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မိကျောင်းစစ်ကြောင်းကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။ ကိုပင်လယ်လူ ဖြစ်စဉ်နောက်ပိုင်းတွင် အဆိုပါစစ်ကြောင်းကို အဆက်အသွယ် မရဖြစ်နေကြောင်း တော်လှန်ရေးအင်အားစုအချို့ထံမှ သိရသည်။

ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စနှင့်ပက်သက်ပြီး လူသတ်မှုတွင် ပါဝင်သူနှစ်ဦးကို KNDO တပ်ရင်း (၇) က ဖမ်းဆီးထား သည့် သတင်းထွက်ပေါ်နေသဖြင့် KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းကို Dawei Watch က ဖုန်းဆက် သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။

ပုံစာ - ဖမ်းဆီးသတ်ဖြတ်ခံရသူ ကိုပင်လယ်လူ။

Dawei Watch ရဲ့ သတင်းတွေကို

Instagram > https://www.instagram.com/dawei_watch/

Telegram > https://t.me/daweiwatch/

Website > http://www.daweiwatch.com/2024/01/18/news/myeik/69658/

ခေါင်းဆောင်ဆိုတာ===============လူတွေက အမြဲ မေးကြပါတယ်။ခေါင်းဆောင်ဆိုတာ ဘာလဲ။ပုံထဲမှာပါတဲ့ ဝံပုလွေ အုပ်စုကို ကြည့် ကြည့်ပ...
11/01/2024

ခေါင်းဆောင်ဆိုတာ
===============

လူတွေက အမြဲ မေးကြပါတယ်။
ခေါင်းဆောင်ဆိုတာ ဘာလဲ။

ပုံထဲမှာပါတဲ့ ဝံပုလွေ အုပ်စုကို ကြည့် ကြည့်ပါ။
အရှေ့ဆုံးမှာ ၃ ကောင်။
အဲဒီ ၃ ကောင်က အုပ်စုထဲမှာ အသက်ရွယ် အိုမင်းပြီးတော့ နာမကျန်းဖြစ်နေကြတဲ့ အကောင်တွေ ဖြစ်ပါတယ်။
သူတို့ကို ရှေ့ဆုံးမှာ ထားရတဲ့အကြောင်းက အုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက် ဖြစ်ပါတယ်။

၃ ကောင်ရဲ့ အနောက်က ၅ ကောင် ကတော့ အုပ်စုထဲမှာ အသန်မာဆုံးနဲ့ တိုက်ရည်ခိုက်ရည် အကောင်းဆုံး အကောင်တွေပါ။
သူတို့ရဲ့တာဝန်က တကယ်လို့ အရှေ့ကနေပြီးတော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။

၅ ကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာပါတဲ့ အစောင့်ရှောက်ခံ အကောင်တွေ ဖြစ်ပါတယ်။

အတန်းရဲ့နောက်က ၅ ကောင်ကတော့ ရှေ့က ၅ ကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည်အကောင်းဆုံး ၅ ကောင် ဖြစ်ပါတယ်။
သူတို့ကတော့ အနောက်က တစ်စုံတစ်ခု ပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန် ရှိပါတယ်။

ဟိုးအဝေးမှာရှိနေတဲ့ တစ်ကောင်တည်းသော ဝံပုလွေ ကတော့ သူတို့ရဲ့ခေါင်းဆောင်ပါပဲ။
နောက်မှာ ဘယ်သူမှ မကျန်အောင် သူကနောက်ဆုံးကနေ စောင့်ကြည့်တယ်။

အုပ်စုတစ်ခုလုံးကို လမ်းကြောင်း တစ်ခုတည်းမှာပဲ ရှိနေအောင်လည်း ထိန်းသိမ်းထားတယ်။ သူ့ရဲ့နေရာကနေ အုပ်စုရဲ့ ဘယ်နေရာကိုမဆို အလျင်အမြန်သွားပြီး အုပ်စုတစ်ခုလုံးကို ကာကွယ်နိုင်တယ်။

လူတွေက အမြဲ မေးကြပါတယ်။

ခေါင်းဆောင်ဆိုတာ ဘာလဲ။
တကယ်တော့ အရှေ့ဆုံးမှာ ရှိနေမှ ခေါင်းဆောင် မဟုတ်ပါဘူး။
"အဖွဲ့အစည်းတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နိုင်မှသာ ခေါင်းဆောင်" လို့ ခေါ်ဆိုထိုက်ပါတယ်။

Original Uploader
ပြန်လည်မျှဝေပါသည်။

#မောင်နိုင်_ကွမ်းခြံကုန်း

တာဝန်ရှိ လူကြီးများ အမြန်ဆုံးဖြေရှင်းပေရန်အောက်ပါထောက်ပို့အဖွဲ့များမှ သဘောထားမှတ်ချက်ထုတ်ပြန်လိုက်သည်
09/01/2024

တာဝန်ရှိ လူကြီးများ အမြန်ဆုံးဖြေရှင်းပေရန်

အောက်ပါထောက်ပို့အဖွဲ့များမှ သဘောထားမှတ်ချက်

ထုတ်ပြန်လိုက်သည်

08/01/2024

Australia က တနင်္သာရီတိုင်း‌တော်လှန်ရေး ရန်ပုံငွေပွဲ
------

Australia နိုင်ငံရောက် တနင်္သာရီတိုင်းမိသားစုများနှင့် ထောက်ပို့ရဲဘော်များက နွေဦးတော်လှန်ရေး အောင်ပွဲရရှိရေးထောက်ပို့နိုင်ရန် ရံပုံငွေရှာဖွေ ဈေးရောင်းပွဲနှင့် အလှူငွေ ကောက်ခံပွဲကို လာမည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျင်းပရန် ရှိပါသည်။

ရန်ပုံငွေရှာဖွေပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပါ၍ အဝေးရောက် တနင်္သာရီတိုင်းသူတိုင်းသားများနှင့် ပြည်ပရောက်နွေဦးတော်လှန်ရေးရဲဘော်များ တက်ရောက်ဝန်းရံပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ရက်စွဲ- 20.01.2024
နေရာ- Doonside Community centre, Doonside

အချိန်- 9:00 AM TO 1:00 PM

ဈေးရောင်းပွဲတော်ဆိုင်ခန်းဝယ်ယူရန်နှင့် ရန်ပုံငွေပွဲအတွက် ဆက်သွယ်ရန်-

Tin koko
0425222241

Ma Win Win Mu
0401238872

Ko Nay Naing
0434437830

Daw Htwe ( အရီးထွေး)
0466392103

Thida Myint Kennedy
0434503957
---

တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး

07/01/2024

အာဏာသိမ်းတာ တစ်နိုင်လုံးကိုနော် တစ်ပါတီကိုသိမ်းတာမဟုတ်ဘူးနော်
ပါတီ နေရာ တော်လှန်ရေးခွဲသိပါ

 #စာအထဲကစာကို ဖတ်ပြီးအပြင်ကလူတွေကို ကြည့်မိတော့အပျော်လွန်နေသူတွေနဲ့အပျော့လွန်နေသူတွေကို တွေ့ရခေတ်ကလည်းပျော်လွန်းတော့ ပျက...
06/01/2024

#စာ

အထဲကစာကို ဖတ်ပြီး
အပြင်ကလူတွေကို ကြည့်မိတော့
အပျော်လွန်နေသူတွေနဲ့
အပျော့လွန်နေသူတွေကို တွေ့ရ

ခေတ်ကလည်း
ပျော်လွန်းတော့ ပျက်
ပျော့လွန်းတော့ ဝှက် ဆိုသလို

အထဲကစာမှာ
အထဲကလူရဲ့
ဒူးခေါင်းမာနကို တွေ့ရတယ်

အပြင်က တစာစာတွေမှာ
အပြင်က လူတွေရဲ့
ဦးခေါင်းမာနကို မတွေ့ရဘူးလား‼️

▫️ညီမင်းညို
4 1 2024 Thurs pm 4:37

03/01/2024
ပုလော PDFဒု-တပ်ရင်းမှူးက လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ တပ်သားများအပေါ်အပြစ်ပေးဒီဇင်ဘာလ ၂၊ Southern Voice ပြည်သူ့ကာကွယ်ရေး...
02/01/2024

ပုလော PDFဒု-တပ်ရင်းမှူးက လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ တပ်သားများအပေါ်အပြစ်ပေး

ဒီဇင်ဘာလ ၂၊ Southern Voice

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းရဲ့ ဒု-တပ်ရင်းမှူးက လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ တပ်သားများအပေါ်အပြစ်ပေးမှုကြောင့်
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ အရေးယူပေးနိုင်ရန် ကျူးလွန်ခံရတဲ့သူတွေနဲ့ တပ်ရင်းမှတာဝန်ရှိသူတွေက တိုင်ကြားထားတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီမှ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ရက်နေ့၊ ညနေ၃နာရီခွဲဝန်းကျင်လောက်မှာ မွမ်းမံစစ်သင်တန်းမတက်ရောက်ဘဲ ပြန်လာတဲ့ တပ်သား ရဲဘော်ရောင်နီကို ဒု-တပ်ရင်းမှူး Tigerမင်းသားက တွေ့မြင်ပြီး ၎င်းတပ်သားကို သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ပြီးမှ ခေါင်းကွဲပြီး သွေးထွက်နေတဲ့ ရဲဘော်ကို သေနတ်နဲ့ ထပ်မံချိန်ရွယ်ခဲ့တယ်လို့ တပ်ရင်းက အမည်မဖော်လိုသူ ရဲဘော်က ပြောပါတယ်။

ဒု-တပ်ရင်းမှူးလာချိန်မှာ ရဲဘော်ရောင်နီက ဖုန်းသုံးနေတယ်။ အဲအချိန်မှာ ဒု-တပ်ရင်းမှူးက ဆိုင်ကယ်ပေါ်ကနေ ဆင်းလာပြီး ရဲဘော်ရောင်နီကိုသေနတ်နဲ့ ချိန်တယ်။ ပြီးတော့ သေနတ်ဒင်နဲ့ ခေါင်းကို ရိုက်လိုက်တယ်။ ရဲဘော်ရောင်နီခေါင်းကွဲသွားတဲ့အချိန်မှာ သေနတ်နဲ ထပ်ချိန်တယ်။ သေနတ်ချိန်ထားတဲ့အချိန်မှာလည်း ဒု-တပ်ရင်းမှူးရဲ့ လက်ညိုးက မောင်းခလုတ်ထဲမှာ ထားထားတယ်။လို့ တပ်ရင်းမှ အမည်မဖော်လိုသူ ရဲဘော်တစ်ဦးက ပြောပါတယ်။

အခုလိုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ရဲဘော်ရောင်နီကိစ္စနဲ့ ပါတ်သက်ပြီး ဒု-တပ်ရင်းမှူးထံ သွားရောက်ဆွေးနွေးညှိနှိုင်းပေးတဲ့ ဒု-ဘဏ္ဍာရေးမှူး ကိုစံမျိုးအောင်ကိုလည်း ဒု-တပ်ရင်းမှူးက ပါးရိုက်ခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

ဒု-တပ်ရင်းမှူး Tigerမင်းသားက သင်တန်းသားက သင်တန်းစည်းမျဉ်းချိုးဖောက်ပြီးတော့ ထွက်ပြေးလာတယ်။ ထွက်ပြေးလာတော့ ကျွန်တော်ကို အကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း လုပ်ထုံးလုပ်နည်းအရ သူ့ကို ဖမ်းဆီးစစ်ဆေးတာပါ။ တပ်ရင်းမှူးကိုယ်တိုင်လာတာကို သူရဲ့မချေမငံပြုတဲ့ ပုံကိုကြည့်ပြီးတော့ ကျွန်တော်ရဲ့ဖမ်းဆီးပုံစံက နည်းနည်းကြမ်းသွားတာပါ။ အဲဒီအပေါ်မှာ ပြည်သူလူထုက ကျွန်တော်တို့ကို အများကြီး စိတ်မကောင်းဖြစ်နေတာပေါ့လေ။ အဲဒါတော့ ကျွန်တော်အနေနဲ့ကတော့ ဒီအပြုအမူမျိုး ပြည်သူလူထုက မကြိုက်ဘူးဆိုရင် ကျွန်တော်တို့ ရှောင်ကြဥ်ရမှာပါ။လို့ ပြောပါတယ်။

အထက်ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ(CBBE)မှ ဒု-တပ်ရင်းမှူးရဲ့လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၃၀ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ထားပါတယ်။

ပုလောမြို့နယ်၊ CDMကျောင်းဆရာတစ်ဦးက အခုဖြစ်စဉ်မှာ ရဲဘော်ရောင်နီမှာလည်း အပြစ်ရှိသလို ဒု-တပ်ရင်းမှူးမှာလည်း အပြစ်လုံးလုံးရှိတယ်။ နှစ်ယောက်စလုံးက အပြစ်ခံရမယ်။ လောလောဆယ်မှာ ရဲဘော်ရောင်နီတစ်ယောက်ပဲ အချုပ်ချခံထားရချိန်မှာ ဒုတပ်ရင်းမှူးက လုံးလုံးလွတ်မြောက်နေသေးတယ် လို့ ပြောပါတယ်။

တဆက်တည်းမှာ သွားရောက်ညှိနှိုင်းပေးတဲ့ ဆရာစံမျိုးအောင်ကို ပါးရိုက်ခဲ့တာကလည်း မိမိတပ်သားအပေါ်မှာ လေးစားမှုမရှိဘဲ ဆက်ဆံခဲ့တာဖြစ်ကြောင်းနဲ့ ဒု-တပ်ရင်းမှူး Tigerမင်းသားမှလည်း သူကျူးလွန်ခဲ့တာတွေကို ဝန်ခံခြင်းမရှိတဲ့အပြင် တောင်းပန်ခြင်းလည်း မရှိသေးဘူးလို့ CDMကျောင်းဆရာက ပြောပါတယ်။

အခုလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး Southern Voiceမှ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ခံဖြစ်သူ ကိုအဲလစ်ကို ဆက်သွယ်မေးမြန်းခဲ့ရာ သူအနေနဲ့ ဒီကိစ္စအပေါ်မှာ ပြောရေးဆိုခွင့်မပေးထားတဲ့အတွက် မဖြေဆိုပေးနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၁၊ ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ စစ်လက်နက်ကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရန် ညွှန်ကြားချက်ထဲမှာ သေနတ်အတွင်း ကျည်သွင်း၍ အခြားရဲဘော်၊ အရာရှိများအား ချိန်ရွယ်ခြင်းပြုလုပ်ပါက အပြစ်ပေးအရေးယူခြင်းခံရမည်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

#မြိတ်ခရိုင်

credit.. Southern voice မှကူးယူဖော်ပြသည်

31/12/2023

လှေထိုးသား ဘယ်လောက်လောက်ကောဂ်းကောင်းပဲ့ကိုင်မကောင်းရင်လိုရာခရီးကဝေးနေမှာ

" အပမှီနိုင်ငံတော် "ရေပေါ်စာတွေဖတ်ရတာပျင်းလာပြီကမ္ဘာကြီးကမကျန်းမာဘူးနိုင်ငံကအပမှီနေတယ်ရွာတစ်ရွာပြာကျသွားတဲ့သတင်းကကိုယ်ဟန...
25/12/2023

" အပမှီနိုင်ငံတော် "
ရေပေါ်စာတွေဖတ်ရတာပျင်းလာပြီ
ကမ္ဘာကြီးကမကျန်းမာဘူး
နိုင်ငံကအပမှီနေတယ်

ရွာတစ်ရွာပြာကျသွားတဲ့သတင်းက
ကိုယ်ဟန်ပြမယ်ရဲ့ပေါင်တံဖွေးဖွေးကို
မကျော်နိုင်ခဲ့ဘူး

မုဒိန်းကျင့်မီးရှို့ခံလိုက်ရတဲ့ ကောင်မလေးက
clubတက်ပျော်ပါးနေတဲ့မိန်းကလေးလောက်
အရာမဝင်ခဲ့ဘူး

သေမင်းနှုတ်ခမ်းဝကလူကို
အအေးခန်းထဲကလူတွေက
အပြစ်တင်ကဲ့ရဲ့နေကြတယ်

သာသနာပြုဘုန်းကြီးက နိုင်ငံတကာမှာ
ဘုရားလှည့်တည်နေတယ်
နိုင်ငံအတွင်းကစေတီပုထိုးတွေတော့
ဘောင်မဝင်ဘူးထင်ပါရဲ့
ပြာပုံထဲမှာ တုံးလုံးပက်လက်

တစ်ချို့အတွက်မနက်ဖြန်က ရွှေလို
တစ်ချို့ကျ မနက်ဖြန်က မသေချာမရေရာ
ကမ္ဘာကြီးဟာ ပုံမှန်လေးလည်ပတ်နေပေမယ့်
ပုံမှန်မဟုတ်တဲ့နေရာတွေမှာ မုန်တိုင်းဟာ
ကွက်ကြမ်းနေတယ်...

ဒါပါပဲ
အမှန်တရားတွေပြောရင်
အမှားတရားတွေနဲ့အပြစ်ဖို့ကြလိမ့်မယ်
ဒီနိုင်ငံဟာ အပမှီနေတဲ့အတွက်
လူတွေဟာ မကောင်းဆိုးဝါးလိုလို
မကောင်းဆိုးဝါးဟာ လူလိုလိုဖြစ်လိမ့်မယ်။ ။

-ခွန်းနိုင်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပုလော သွေးချင်းညီအစ်ကိုများအင်အားစုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์