Thadin Sone - သတင်းစုံ

  • Home
  • Thadin Sone - သတင်းစုံ

Thadin Sone - သတင်းစုံ fight for freedom !!!!!

တစ်လကို " သိန်းထောင်ချီ " ဝင်ငွေ ရှိနေပေမယ့်လည်း လိုချင်တဲ့ပစ္စည်းကို နှမျောပြီး မဝယ်နိုင်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူ " အော...
09/06/2025

တစ်လကို " သိန်းထောင်ချီ " ဝင်ငွေ ရှိနေပေမယ့်လည်း လိုချင်တဲ့ပစ္စည်းကို နှမျောပြီး မဝယ်နိုင်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူ " အောင်သူ " ကို သူလိုချင်နေတဲ့ သိန်း ၁၀၀ နီးပါးတန် mac book လေး နဲ့ suprise တိုက်ခဲ့တဲ့ " ပိုးအိအိခန့် "

ဆန်ကားပေါ်ကကျတဲ့ " ဆန်ကွဲ " နဲ့ပဲ ဝမ်းရေး အဆင်ပြေအောင် ရပ်တည်နေရတယ် သူတို့ကားပေါ် တင်ရင်းနဲ့ အိတ်ပေါက်ပြီး ကျတာတွေ ဘာတွေ...
09/06/2025

ဆန်ကားပေါ်ကကျတဲ့ " ဆန်ကွဲ " နဲ့ပဲ ဝမ်းရေး အဆင်ပြေအောင် ရပ်တည်နေရတယ် သူတို့ကားပေါ် တင်ရင်းနဲ့ အိတ်ပေါက်ပြီး ကျတာတွေ ဘာတွေရှိတယ် အဲ့တာလေးတွေကို ကားဆရာ တွေကို ခွင့်တောင်းပြီး ကြုံးယူတယ် တစ်ခါလေကျ အပြောဆိုလည်း ခံရသလို မောင်းပါထုတ်ခံရတယ် သူတို့က အယူမခံတဲ့ အခါကျတယ် " စိတ်ထဲမကောင်းဘူး " မိသားစုလည်းရှိတော့ ဒီလိုမလုပ်ရင် မိသားစု ထမင်းငတ် ဖို့ပဲ ရှိတော့တယ် အဲ့တာကြောင့် နေမကောင်းဖြစ်လည်း မနားရဲဘူး အရင်ကတော့ ကုန်စိမ်းကြိုတဲ့ အလုပ်လုပ်တာပါ လို့ ပြောလာတဲ့ အဘ " ဦးအောင်မြင့် "

လုပ်ရက်လိုက်တာ " ဆန်လှူချင်လို့ပါ " ဆိုပြီး မသန်စွမ်းခလေးဆီက အိမ်အထိလာပြီး ဖုန်း နဲ့ ငွေသား အပြင် မှတ်တင်ပုံပါ " ခိုး " ...
06/06/2025

လုပ်ရက်လိုက်တာ " ဆန်လှူချင်လို့ပါ " ဆိုပြီး မသန်စွမ်းခလေးဆီက အိမ်အထိလာပြီး ဖုန်း နဲ့ ငွေသား အပြင် မှတ်တင်ပုံပါ " ခိုး " သွားတယ် သူက အိမ်ပေါက်ရောက်လာပြီး ညီမလေးကို လှူမယ်လို့ ပြောထားတဲ့ တစ်ယောက်ပါဆိုတော့ ကိုယ်လည်း အလှူရှင် ဆိုတော့ မကောင်းလို့ အိမ်ထဲခေါ်ပြီး စကားပြောတယ် သူက စကားပြောတာ အရမ်းကောင်းတော့ ခဏလေးအတွင်းမှာ ရင်းနှီးသွားတယ် သူက အဝတ်စားတစ်စုံ ဝယ်လာပြီး လာညီမလေး ဝတ်ကြည့်ဆိုပြီး အတင်း " အခန်းထဲ " ကို ခေါ်သွားတာ ညီမလေး ကလည်း သတိမထားမိလိုက်ဘူး " အလှူရှင် " အနေနဲ့ လာတာဆိုတော့ ပြီးတော့ ဖုန်းလာသလိုနဲ့ တစ်ခြားနေရာ " လှူဖို့ရှိသေးတယ် ဆိုပြီး " ထွက်သွားပြီးမှ ပျောက်မှန်းသိလိုက်ရတာပါ လို့ ပြောလာတဲ့ " အိသံစဉ်မိုး "

လိုင်းပေါ်က အလှူရှင်တွေ ကျေးဇူးနဲ့ သူမ လိုချင်နေတဲ့ " စက်ချုပ်စက်ကလေး " အပြင်  " ၇၂ သိန်းကျပ် " ကိုလည်း လက်ခံရရှိခဲ့တဲ့ ...
05/06/2025

လိုင်းပေါ်က အလှူရှင်တွေ ကျေးဇူးနဲ့ သူမ လိုချင်နေတဲ့ " စက်ချုပ်စက်ကလေး " အပြင် " ၇၂ သိန်းကျပ် " ကိုလည်း လက်ခံရရှိခဲ့တဲ့ ညီမလေး " မအိသံစဉ်မိုး " ဒီငွေ တွေနဲ့ အလှူရှင်တွေ ရဲ့ အားပေးမှုက သူမ ဘဝအတွက် အလင်းရောင်လေး ပြန်မြင်ရတာ ပါတဲ့ ညီမလေး ကို ထောက်ပံ့ကူညီပေးတာကို " လှိုင်သာယာကိုရီး ကိုဘချစ် " မှ ဦးဆောင်ကူညီ ထောက်ပံ့ပေးခဲ့တာပါ ' စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်နဲ့ဆိုတာ ' တကယ်အမှန်ပါပဲ

မစိုးရိမ်တိုက်သစ်မှာ " ကုဋီ " ဆေးလာတာ " ၂၅ နှစ်ရှိပြီ " အများပြောသလို " ပိုးမွှားတွေ ကူးမယ်ဆို " အမတို့တေတာကြာပြီပေါ့ ဒါ...
05/06/2025

မစိုးရိမ်တိုက်သစ်မှာ " ကုဋီ " ဆေးလာတာ " ၂၅ နှစ်ရှိပြီ " အများပြောသလို " ပိုးမွှားတွေ ကူးမယ်ဆို " အမတို့တေတာကြာပြီပေါ့ ဒါကိုယ့်ရဲ့ ယုံကြည်မှုပဲလေ ဒီနေ့အချိန်မှာ " ကိုဗစ်တွေ ဖြစ်တယ် ၊ ငလျင်တွေဖြစ်တယ် " အဲ့လိုကနေ လွတ်လာတာ " ကုသိုလ် " ကြောင့်ပဲလို့ အမက ယုံကြည်တယ် အမက " ဂုဏ်ပကာသနတွေ မလိုချင်ဘူး ကုသိုလ် ကိုလည်း လူတိုင်းကြိုက်ချင်မှ ကြိုက်မယ်လေ တစ်ချို့က နာမည်ကြီးချင်လို့လား ဂုဏ်လိုချင်လို့လား လို့ ဝေဖန်ကြပြီး သာဓုတောင် မခေါ်နိုင်ကြဘူး လို့ ပြောလာတဲ့ " ကုဋီဆေးပြီး " ကုသိုလ်ယူနေတဲ့ ဒေါ်ခင်သန်းအေး

" ဆရာဝန်က မရတော့ဘူးလို့ ကို ပြောတာ " ဆရာဝန်က မရတော့ဘူး ပြောလိုက် ကိုယ်က ငိုလိုက်နဲ့ " ၃ ခါ " လောက်ကို အသ.က်.ကယ်ထားရတာ " ...
03/06/2025

" ဆရာဝန်က မရတော့ဘူးလို့ ကို ပြောတာ " ဆရာဝန်က မရတော့ဘူး ပြောလိုက် ကိုယ်က ငိုလိုက်နဲ့ " ၃ ခါ " လောက်ကို အသ.က်.ကယ်ထားရတာ " ဆရာဝန် " တွေ တော်လို့ပါ သူက တကယ်မွေးဖို့ " ၂လ " လောက်လိုသေးတယ် အရေး.ပေါ်.ခွဲ.မွေး လိုက်ရတော့ ကလေးကို မွေးပြီးပြီးချင်း ကိုယ်နဲ့လည်း မတွေ့ရဘူး မှန်ပေါင်းချောင်ထဲမှာကို " ၂၅ ရက် " လောက်နေလိုက်ရတယ် " ကလေးကလည်း ကံကောင်းလို့ အသ.က်.ရှင်တာပါ" ဆရာဝန် တွေကိုလည်း ကျေးဇူးတင်ပါတယ် လို့ ပြောလာတဲ့ " ဖက်တီးမ ( အချဉ်ပေါင်း ) "

" အောက်လမ်းပညာ " ကို လူတစ်ချို့က " မကောင်းတဲ့ ပညာရပ် " လို့ပဲ မြင်ကြတယ် အဲ့ဒါကြောင့် ဒီအတွေးက မဟုတ်ကြောင်း သ.က်.‌ေ.သ.ပြခ...
03/06/2025

" အောက်လမ်းပညာ " ကို လူတစ်ချို့က " မကောင်းတဲ့ ပညာရပ် " လို့ပဲ မြင်ကြတယ် အဲ့ဒါကြောင့် ဒီအတွေးက မဟုတ်ကြောင်း သ.က်.‌ေ.သ.ပြချင်လို့ အွန်လိုင်းပေါ်မှာ ကျနော့မျက်နှာချပြပြီး လုပ်ခဲ့တာပါ " မ.ယာ.း.ငယ် ၊ လ.င်.င.ယ် " ကိစ္စတွေကိုတော့ လုပ်မပေးဘူး ကျနော့ကို " ဝမ်းတွင်းပညာရပ် " ပါတယ် လို့လည်း ပြောကြတယ် အဖေ နဲ့ အမေ နဲ့က ကျနော့ကို မှာတယ် " ငါ့သားမင်း အောက်လမ်းပညာရပ်ကို လက်ခံထားပေမယ့် မင်းစိတ်ဓာတ်က အထက်တန်းစား ဆိုရင် အထက်လမ်းပဲ " လို့ ဆုံးမခဲ့တယ် မိန်းကလေးတစ်ယောက်ကို ဗိုက်တစ်လုံးနဲ့ ထားခဲ့တယ် အဲ့လိုလူတွေကို အထက်လမ်းမှာ လုပ်ပေးလို့မရဘူး အဲ့လိုကိစ္စတွေမှာ ကျနော်တို့လို့ အောက်လမ်းပညာရှင်တွေ လက်ဝဲပညာရှင်တွေ ရှိနေမှကို ဖြစ်မှာလို့ ပြောလာတဲ့ " ဆရာခွန်စိုင်း "

ကမ္ဘာကျော် ဘောလုံးသမား မန်ယူ အသင်းရဲ့ အသင်းခေါင်းဆောင် " ဘရူနိုဖာနန်ဒက် " ဆီကနေ လက်ဆောင်ရရှိခဲ့တဲ့ " မန်ယူဂျာစီ " ကို ဂု...
30/05/2025

ကမ္ဘာကျော် ဘောလုံးသမား မန်ယူ အသင်းရဲ့ အသင်းခေါင်းဆောင် " ဘရူနိုဖာနန်ဒက် " ဆီကနေ လက်ဆောင်ရရှိခဲ့တဲ့ " မန်ယူဂျာစီ " ကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး မြန်မာ့နိုင်ငံသို့ ပြန်လာခဲ့တဲ့ " မောင်မောင်လွင် "

" အရမ်းရှ.က်.စရာကောင်းပြီး သိမ်င.ယ်စရာ ကောင်းပါတယ် " သရဖူကို ပြန်အပ်ဖို့လည်း သတ္တိတွေ အများကြီး မွေးခဲ့ရတာပါ ကျမရမယ့် ထေ...
30/05/2025

" အရမ်းရှ.က်.စရာကောင်းပြီး သိမ်င.ယ်စရာ ကောင်းပါတယ် " သရဖူကို ပြန်အပ်ဖို့လည်း သတ္တိတွေ အများကြီး မွေးခဲ့ရတာပါ ကျမရမယ့် ထောက်ပံ့ကြေးတွေကိုလည်း " ပထမဆုံးလသာပေးပြီး ကျန်တဲ့ ပိုက်ဆံကို မပေးခဲ့ပါဘူး " ဘယ်မှလည်း မထွက်ခိုင်းသလို သူတို့ ထားပေးတဲ့ " ဟိုတ.ယ် အခန်းကျဉ်းလေးထဲမှာပဲနေခဲ့ရတာပါ " ဟိုတ.ယ် ကလည်း ဘန်ကောက်မြို့နဲ့ဆို ဝေးပါတယ် အဆက်သွယ်လုပ်ဖို့ " ထိုင်းဆင်းကဒ် " တောင်မပေးပါဘူး စားစရာလည်း မစီစဉ်ပေးလို့ ကိုယ်တိုင် ချက်ပြုတ်စားရပါတယ် ပွဲကလည်း တစ်လနေမှ တစ်ခါလောက်ပဲရှိတာ အဲ့ဒီအချိန်ဆို သူတို့ MGI အဖွဲ့ကရောက်လာပြီး " ဒီနားမှာ အဆီတွေတက်လာတယ် ဟိုနားမှာ ဝနေတယ် ဆိုပြီး ကို.င်ပြီး ပြောတာပါ " အရမ်းရှ.က်.ဖို့ ကောင်းပါတယ် အခုလိုပြောရတာလည်း ကိုယ်ကြုံတွေ့ခဲ့ရသလို ဘယ်သူ့ကပိုမှ ထပ်မကြုံစေချင်တော့လို့ ပြောပြတာပါ " MGI "က အလှမယ်တွေကို ဂရု.မ.စို.က် သလို ရရင်ရသလို အ.သုံ.း.ချ သွားမှာမို့ " MGI " ကို အားပေးဖို့ဆို နှစ်ခါပြန် စဉ်းစားစေချင်ပါတယ် လို့ ပြောလာတဲ့ Crown သိမ်းခံခဲ့ရသော Miss Grand International 2024 အိန္ဒိယအလှမယ် " Rachel Gupta "

" ကိုရင်လေး " တရားဟောလို့ရတဲ့ အလှူငွေတွေ အားလုံးကို မတည်ပြီးတော့ ကျောင်းဆောင်အသစ် လှူဖြစ်တာပါ အရင်က " ကိုရင်လေး " နေတဲ့ ...
30/05/2025

" ကိုရင်လေး " တရားဟောလို့ရတဲ့ အလှူငွေတွေ အားလုံးကို မတည်ပြီးတော့ ကျောင်းဆောင်အသစ် လှူဖြစ်တာပါ အရင်က " ကိုရင်လေး " နေတဲ့ ကျောင်းဆောင်က အဆင်မပြေဘူး မိုးရွာရင်ရေယိုတယ် ဇလုံခံ ပြီး နေနေရတယ် အခု " နိုင်ငံခြားကနေလည်း ယုံကြည်.ကို.း.ကွ.ယ် သူတွေများလာတယ် တ.ရားပွဲ တွေလည်း ခေါ်ကြတော့ နောက်ကျလည်း ကိုယ်တတ်နိုင်သလောက် တံတားတွေ ၊ ရေတွင်းရေကန်တွေ ၊ လမ်းတွေကို လှူဒါန်းပြီး ဒီထက်မက သာသနာပြုသွားပါတယ် လို့ ပြောလာတဲ့ " ကိုရင်လေး ရှင်ဉတ္တမသာရ "

ကျွန်တော့ ဆီမှာ " ပိုင်ဆိုင်မှု ဘာတစ်ခုမှ မရှိဘူး " ကိုယ်ပိုင်ကားလည်း မရှိဘူး တစ်ချို့တွေက ပြောကြတယ် ပရဟိတ လုပ်တယ် ဆိုတာ...
29/05/2025

ကျွန်တော့ ဆီမှာ " ပိုင်ဆိုင်မှု ဘာတစ်ခုမှ မရှိဘူး " ကိုယ်ပိုင်ကားလည်း မရှိဘူး တစ်ချို့တွေက ပြောကြတယ် ပရဟိတ လုပ်တယ် ဆိုတာ ပိုက်ဆံရလို့ လုပ်တယ် ဆိုပြီး ပြောကြတယ် ရတယ်ဆိုရင် ကျနော် တိုက်ဝယ် ကားဝယ် လမ်းသွားရင်တောင် ကိုယ်ပိုင််ကားနဲ့ သွားနေမှာပေါ့ အခုအခြေနေက " ပုတု " လာမယ်လို့ ပြောလိုက်ရင် ကားအကောင်းစားကြီး နဲ့ ရောက်လာမယ်ပေါ့ မျှော်ကြတာ တကယ်လည်း ရောက်လာရော " တက်စီ " နဲ့ ဆိုတော့ တစ်ခါတစ်လေ မျက်နှာတောင် ငယ်ရတယ် ဟိုတစ်လောက ထိုင်းကနေ " ၂၅ သိန်း " တန်ဖုန်း ဝယ်ဖို့ ပို့ပေးတယ် သူ့တိုကိုတော့ ဖုန်းဝယ်ပြီးပြီ လို့ ပြောလိုက်ပေမယ့် တကယ်မှာ ကိုယ်က လှူပလိုက်တယ် အဲ့တာတွေကို ဘယ်သူမှ မသိဘူး လို့ ပြောလာတဲ့ " ပုတု "

" ဘောလုံးအကယ်ဒမီမှာ မရွေးခံရလို့ ဝမ်းနည်းနေတဲ့ " ညီလေးဆီကို သွားရောက်အားပေးဖြစ်ပါတယ် " ဖူဆယ် " ကစားမယ် ဆိုရင်တော့ အကုန်က...
29/05/2025

" ဘောလုံးအကယ်ဒမီမှာ မရွေးခံရလို့ ဝမ်းနည်းနေတဲ့ " ညီလေးဆီကို သွားရောက်အားပေးဖြစ်ပါတယ် " ဖူဆယ် " ကစားမယ် ဆိုရင်တော့ အကုန်ကူညီပေးလို့ရတယ် " ညီလေး " ကို အဓိက မှာခဲ့တာက " ပညာရေး " ကို အဓိက အားစိုက်ပြီး လုပ်စေချင်တယ် " ပညာရေး " ကောင်းသွားရင် ဘာမဆို လုပ်ချင်တာ လုပ်လို့ရတယ် " ဘောလုံးကို ပထမ ဦးစားပေး " အဖြစ် မဆော့စေချင်ဘူး ကျနော့ အသင်းထဲက တစ်ချို့ဆို " ဘောလုံးမှ မကန်ရရင် ဘာမှမလုပ်တတ်တော့ဘူး " ကျနော် အဲ့တာကို ကြောက်တယ် ဒီနိုင်ငံမှာ " ဘောလုံး သမားတွေ " တိုက်ဆောက် ကားစီး နိုင်တာဆိုလို့ လက်တစ်ဆုပ်စာလေးပဲ ရှိတယ် လို့ ပြောလာတဲ့ " မာန်ဟိန်း "

Address


Telephone

+66922237410

Website

Alerts

Be the first to know and let us send you an email when Thadin Sone - သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thadin Sone - သတင်းစုံ:

  • Want your business to be the top-listed Media Company?

Share