Cele Stars ဆယ်လီအကြောင်းအရာတွေကို celestars.com မှာဝင်ရောက်ကြည့်ရူဖို့ဖိတ်ခေါ်ပါတယ်ရှင့် As a well known online based entertainment Media.

CeleStars (established 2023), CS in shortly aims to serve as the celebrities's news source locally and internationally for Myanmar.

အသံချိုတဲ့ငှက်ဟာ လှောင်အိမ်ထဲ ထည့်ခံရတက်သလို စေတနာပိုလွန်းတဲ့သူဟာ စော်.ကားခံရတက်တယ်တဲ့🩵ဆိုပြီး စာသားလေးတွေနဲ့ ကြော်ငြာရိ...
23/01/2025

အသံချိုတဲ့ငှက်ဟာ လှောင်အိမ်ထဲ ထည့်ခံရတက်သလို
စေတနာပိုလွန်းတဲ့သူဟာ စော်.ကားခံရတက်တယ်တဲ့🩵ဆိုပြီး စာသားလေးတွေနဲ့ ကြော်ငြာရို.က်ကွင်းက ပုံလေးတွေပြန်လည်မျှဝေလာတဲ့ ဖြူဖြူထွေး😍

#ဖြူဖြူထွေး

အကယ်ဒမီ ဆုကြီး (၁၀)ဆုအထိပိုင်ဆိုင်ရဖို့ အလှမ်းမဝေးတော့တဲ့ အကယ်ဒမီများရှင် သရုပ်ဆောင်ရန်အောင်မြနမာ့ရုပ်ရှင်လောကမှာ အကယ်ဒမ...
21/01/2025

အကယ်ဒမီ ဆုကြီး (၁၀)ဆုအထိပိုင်ဆိုင်ရဖို့ အလှမ်းမဝေးတော့တဲ့ အကယ်ဒမီများရှင် သရုပ်ဆောင်ရန်အောင်
မြနမာ့ရုပ်ရှင်လောကမှာ အကယ်ဒမီအများဆုံးဆုရှင်
အဖြစ်စံချိန်ချိုးထားတဲ့ အကယ်ဒမီများရှင်ရန်အောင်ကတော့ အကယ်ဒမီဆုကြီး ၁၀ဆုအထိယူဖို့အစီအစဉ်ရှိပါတယ်။အကယ်ဒမီရန်အောင်က ၂၀၂၃မှာပဲ “စောင်နီလေးတစ်ထည် “ရုပ်ရှင်ကားကြီးနဲ့အကယ်ဒမီအများဆုံးဆုရှင် ညွှန့်ဝင်းရဲ့ စံချိန်ကို ကျော်လွန်သွားပြီး အကယ်ဒမီအများဆုံးအနုပညာရှင်တစ်ဦးဖြစ်လာပါတယ်။ရန်အောင်က အခုလက်ရှိမှာ အကယ်ဓမီဆုကြီး (၇¥ဆုကိုရရှိပိုင်ဆိုင်ထားပြီး သူရခဲ့တဲ့ဆုကြီး(၇)ဆုလုံးဟာလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက်ရထားတဲ့ဆုတွေချည်းပါပဲ။
ပြည်သူချစ်မင်းသားတစ်ဦးဖြစ်တဲ့ မင်းသားဒွေးကတောင် မြန်မာ့ရုပ်ရှင်မှာ အကယ်ဒမီထူးချွန်ဆု တစ်ခုထဲကိုသာပိုင်ဆိုင်ခဲ့ရဖူးပါတယ်။ရန်အောင်ကတော့ အကယ်ဒမီကံကောင်းလွန်းတယ်လိူ့ပြောရလောက်တဲ့အထိ အကယ်ဒမီဆုတွေအများဆုံးပိုင်ဆိုင်ထားသူဖြစ်ပါတယ်။သရုပ်ဆောင်ရန်အောင်က ၁၉၉၁ခုနှစ်မှာ “မယ်သီတာလို မိန်းကလေး”ဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို စရခဲ့တာဖြစ်ပြီး အနုပညာသက်တမ်း၆နှစ်နဲ့အကယ်ဒမီစရခဲ့တာဖြစ်ပါတယ်။ ရန်အောင်က ပထမဆုံးအကယ်ဒမီရပြီး ၃နှစ်ကြာတဲ့အချိန်မှာတော့ “ပုဂံမှာသာတဲ့လ” ရုပ်ရှင်၊ “အလင်းဖျော့ကောင်းကင်”ရုပ်ရှင်တွေနဲ့ နှစ်နှစ်ဆက်တိုက် ထပ်ပြီး အကယ်ဒမီဆုကြီးတွေ ရခဲ့ပြန်ပါတယ်။
ဒီနှစ်တွေကတော့ သရုပ်ဆောင် ရန်အောင်ရဲ့ အနုပညာသက်တမ်းတလျှောက် အအောင်မြင်ဆုံးနှစ်တွေလို့ဆိုရမှာပါပဲ။အဲ့ဒီခေတ်အဲ့ဒီအခါကရန်အောင်ရဲ့ ရုံတင်ဇာတ်ကားအတော်များများ အနုပညာအရရော ငွေကြေးအရရော အောင်မြင်ခဲ့တဲ့အပြင် ရန်အောင်ကလည်း နာမည်ကြီးရုပ်ရှင်မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။အကယ်ဒမီဆုတွေကို နှစ်အနည်းငယ်ဆီသာခြားပြီး
ယူနိုင်ခဲ့တဲ့အထိ ရန်အောင်က အကယ်ဒမီကံကောင်းလွန်းလှပါတယ်။
၁၉၉၆ကနေနောက်ထပ်နှစ်နှစ်ခြားဆီအကြာမှာတော့ရန်အောင်က “ညမင်းသား”ရုပ်ရှင်၊ “မောဟမျဉ်းပြိုင်များ”ရုပ်ရှင် စတာတွေနဲ့ သူ့ရဲ့ (၄)ကြိမ်မြောက်နဲ့ (၅)ကြိမ်မြောက် အကယ်ဒမီဆုကြီးကိုထပ်မံပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ ဒီကနေ နောက်ထပ်(၆)နှစ်အကြာမှာတော့ ရန်အောင်က “ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ”ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ (၆)ဆုမြောက်အကယ်ဒမီကိုရခဲ့တာဖြစ်ပြီး နောက်ထပ် (၁၇)နှစ်အကြာ ၂၀၂၃မှာတော့ ရန်အောင်က “စောင်နီလေးတစ်ထည်”ရုပ်ရှင်ကားကြီးနဲ့ သမိုင်းတွင်မယ့် အကယ်ဒမီကိုရယူနိုင်ခဲ့ပါတယ်။
ရန်အောင်က အသက်၅၀ကျော် ၆၀နီးပါးရောက်လာပြီဖြစ်ပေမယ့် ဇာတ်ဆောင်အနေနဲ့သာရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးနေရတုန်းပါပဲ။
ရန်အောင်က နှစ်ပေါင်း (၁၇)နှစ်အကြာ အသက်ကြီးပြီး လုပ်ကွက်မရတော့တဲ့ အချိန်ကျမှ အကယ်ဒမီဆုကြီးပြန်ရယူနိုင်ခဲ့တာ ပရိတ်သတ်တွေအတွက် အံ့ဩစရာဖြစ်နေပေမယ့်လည်း ရန်အောင်က နောက်ထပ်အကယ်ဒမီဆုတွေကို အလွယ်တကူသိမ်းပစ်နိုင်တဲ့အထိ အနုပညာစွမ်းပကားကြီးလွန်းလှပါတယ်။ကိုယ်တိုင်
သရုပ်ဆောင်လုပ်ပြီး ကိုယ်တိုင် အကဲဖြတ်ဒိုင်ဝင်
လုပ်နေတဲ့ အကယ်ဒမီရန်အောင်ရဲ့အနုပညာအပေါ်
မှာထားတဲ့ပေးဆပ်မှုကြောင့် သရုပ်ဆောင်ရန်အောင်က နေုက်ထပ်အကယ်ဒမီဆုကြီးတွေရဖို့ အလားအလားရှိနေပါသေးတယ်။
ရန်အောင်က အနုပညာသက်တမ်း နှစ်ပေါင်း(၄၀) အတွင်းမှာ အကယ်ဒမီဆုကြီး (၇)ဆုကို ရယူထားနိုင်တဲ့ အာဂအနုပညာရှင်ကြီးပါပဲ။
ဒါ့အပြင် အကယ်ဒမီများရှင် ရန်အောင်က အကယ်ဒမီဆုကြီး လက်၁၀ချောင်းပြည့်အောင် ယူနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသရုပ်ဆောင်တောင်ဖြစ်လာနိုင်တယ်လို့ အနုပညာမောင်နှမတွေကသတ်မှတ်ထားကြပါတယ်။ရန်အောင်က အသက်အရွယ်ကြီးလာပေမယ့် ရလာတဲ့အရွယ်နဲ့ကိုက်ညီတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဇာတ်ကောင်နဲ့လိုက်ဖက်နေဆဲပါပဲလို့ အကယ်ဒမီမေသန်းနုကလည်းချီးကျူးလာပါတယ်။ ရုပ်ရှင်လောကမှာ “စောင်နီလေးတစ်ထည်လိုမျိုး
ဇာတ်ရုပ်မျိုးကို လုပ်နိုင်တဲ့သူတစ်ဦးမှမရှိဘဲရန်
အောင်ကသာ ဒီဇာတ်ရုပ်မျိုးကို လုပ်နိုင်တဲ့တစ်ယောက်တည်းသောသူလည်းဖြစ်ပါတယ်။ဒါ့ကြောင့်အကယ်ဒမီပေးပွဲကို ရန်အောင်ရဲ့အိမ်မှာပဲ တစ်ခါတည်းကျင်းပလိုက်ဖို့တောင်ပရိတ်သတ်ကဆန္ဒပြုနေကြပါတယ်။
၂၀၂၄ခုနှစ်ရဲ့ အကယ်ဒမီရုံတင်စာရင်းထဲမှာတော့ ရန်အောင် အနေနဲ့ ဇာတ်ဆောင်မင်းသားနေရာကပါဝင်ထားတဲ့ ရုံတင်ကားကြီးတွေတော့မရှိသေးပါဘူး။ ရန်အောင်ကတော့ လုပ်ကွက်ရရင်ရသလို သူ့ရဲ့အနုပညာကိုချပြသွားဦးမှာဖြစ်ပါတယ်။
အခုလိုစိတ်ဝင်စားဖွယ် သတင်းအကြောင်းအရာတွေအပြင် နောက်ထပ်လည်းအနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးရှင့်

လတ်တလောမှာ တစ်နိုင်ငံလုံးရဲ့ အချစ်တွေကို သိမ်းပို-က်ထားတဲ့ ပြည်သူချစ်အစီစဉ်တင်ဆက်သူ ဇင်အောင် 😍😍
07/01/2025

လတ်တလောမှာ တစ်နိုင်ငံလုံးရဲ့ အချစ်တွေကို သိမ်းပို-က်ထားတဲ့ ပြည်သူချစ်အစီစဉ်တင်ဆက်သူ ဇင်အောင် 😍😍

ကျန်းမာစွာနဲ့ ထွက်လာခဲ့တဲ့ သရုပ်ဆောင် သဉ္ဇာဝင့်ကျော်
04/01/2025

ကျန်းမာစွာနဲ့ ထွက်လာခဲ့တဲ့
သရုပ်ဆောင် သဉ္ဇာဝင့်ကျော်

(၂၀၂၅)ခုနှစ် ၊ ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများစာရင်းတွင် သရုပ်ဆောင် သဉ္ဇာဝင့...
04/01/2025

(၂၀၂၅)ခုနှစ် ၊ ဇန်နဝါရီလ (၄) ရက်နေ့
လွတ်လပ်ရေးနေ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများစာရင်းတွင် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့ပါဝင်ကြောင်း ကနဦး သတင်းများအရ သိရှိရပါတယ်။

Cele Stars

31/12/2024

Happy New Year

ဆိုင်ဖွင့်တာ တစ်ရက်သာ ရှိသေးတဲ့ မုဆိုးမတို့ရွာ မုန်းဟင်းခါးဆိုင် ပိတ်သိမ်းခံရဒီဇင်ဘာ ၃၀၊ The Nation Voiceသတင်း - 231မန္တ...
30/12/2024

ဆိုင်ဖွင့်တာ တစ်ရက်သာ ရှိသေးတဲ့ မုဆိုးမတို့ရွာ မုန်းဟင်းခါးဆိုင် ပိတ်သိမ်းခံရ

ဒီဇင်ဘာ ၃၀၊ The Nation Voice
သတင်း - 231

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်အပိုင်း ၂ထဲမှာ ဒီဇင်ဘာလ ၂၉ရက် မနေ့က မနက်မှာ ဖွင့်လှစ်ခဲ့တဲ့ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဒီ‌နေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လာပိတ်သိမ်းခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၂၉ရက် မနေ့က မနက် ၈နာရီမှာ ဖိတ်စာနဲ့တကွ ဆိုင်ဖွင့်ပွဲလုပ်ခဲ့တဲ့ မဟာအောင်မြေ မြို့နယ်၊ ၆၃လမ်းပေါ် ၃၈ နဲ့ ၃၉ ကြားက မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဒီနေ့ ဒီဇင်ဘာ ၃၀ရက် မနက် ၁၁နာရီဝန်းကျင်မှာ စစ်တပ်နဲ့ စည်ပင်ဝန်ထမ်းတွေက ဆိုင်ရဲ့ ဆိုင်းဘုတ်တွေ ကြော်ငြာ‌တွေကို ဖြုတ်ချခိုင်းခဲ့ပြီး ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကို စစ်ဆေးပြီး ပိတ်သိမ်းခိုင်းခဲ့တာလို့ သိရပါတယ်။

" ဆိုင်နာမည်ကြားကြားချင်းက အံ့ဩသွားတာ၊ပေါ်တင်ကြီးပါလားပေါ့။ အဲဒီ ဆိုင်ပိုင်ရှင် အမျိုးသမီးက စစ်တပ်ဘက်ကပဲလေ၊ အာဏာသိမ်းပြီး နောက်နှစ်မှာပဲ သူ့ယောက်ျားက တိုက်ပွဲမှာ ကျသွားတာလို့တော့ သိရတာပဲ၊ အခု သတင်းကြားကြားချင်း ဖေ့ဘုတ်ပေါ်က သူ့ဆိုင်ရဲ့ ပေ့ခ်ျကိုရှာတာ မတွေ့တော့ဘူး စစ်တပ်က အရှိုက်ထိသွားတယ် ထင်ပါရဲ့" လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မုန့်ဟင်းခါးဆိုင်ရဲ့ ဝန်ထမ်းအများစုဟာ ခင်ပွန်းသည် ဆုံးပါးသွားတဲ့ မုဆိုးမတွေနဲ့ ဆိုင်ကို ဝိုင်းဝန်းပံ့ပိုး ပေးထားကြလို့ ဆိုင်နာမည်ကို မုဆိုးမတို့ရွာလို့ နာမည်ပေးရတာလို့ လည်း ဆိုင်ရှင်က မုဆိုးမတို့ရွာ ဖေ့စ်ဘွတ်ခ်ပေ့ချ်က ဖော်ပြခဲ့ဖူးတယ်လို့ ‌ဖတ်ရှုရသူ မြို့ခံတချို့က ပြောပါတယ်။

Cele Stars

စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဒီဇင်ဘာ ၃၀ ရန်ကုန်တိုင်း...
30/12/2024

စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီဘက် တော်သား အဆိုတော်ယုန်လေး နေအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူတချို့နှင့် တော်လှန်ရေး UG သတင်းရင်းမြစ်တစ်ခုက အတည်ပြု ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်အချိန် အဆိုတော်ယုန်လေး နေထိုင်ရာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ နေအိမ်အနီးတွင် ဗုံးပေါက် ကွဲမှု ၂ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး စမ်းချောင်းတစ်ဝန်းမှ ပြည်သူများကြားလိုက်ရကြောင်း သိရှိရသည်။

"ဗုံးကွဲတာကတော့ ဟုတ်တယ်။ အသံက နှစ်ချက် ။ အုန်းသံ အကျယ်ကြီးပဲ။ ဖျာပုံလမ်းထဲမှာပေါက်တယ်။ ဖျာပုံလမ်းဘက်တော့ စစ်ဆေးနေတာတွေ တွေ့တယ်" ဟု စမ်းချောင်းမှ ပြည်သူ ၁ ဦးက ဆိုသည်။

ရန်ကုန်မြို့ပြ UG တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကလည်း အဆိုတော် ယုန်လေးသည် ၎င်း၏ ဖျာပုံလမ်းနေအိမ်တွင် ပြန်လည် နေထိုင်နေကြောင်း၊ ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုသည် အဆိုတော် ယုန်လေး၏ နေအိမ်အနီး ပေါက် ကွဲမှုဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

"ဘယ်အဖွဲ့က လုပ်တာလဲတော့မသိဘူး။ ယုန်လေးက စမ်းချောင်းမှာ ပြန်ပြီး နေနေတာကြာပြီ" ဟု အဆိုပါ UG တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုတွင်မူ စမ်းချောင်းမြိုနယ်၊အမှတ် ၃၁ ၊ဖျာပုံလမ်း၊ကျွန်းလယ်ရပ်ကွက်ရှိ ပန်းလှိင်မိသားစု Clinic ရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့်
မော် တော် ယာဥ် ၂ စီး၊မီးစက် ၂ လုံး ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာ ရ ရှိခဲ့မှု မရှိကြောင်း သိရှိရသည်။

အဆိုတော်ယုန်လေးသည် စစ်တပ်နှင့်ပတ်သက်၍ ပွဲများ၊ ဇတ်လမ်းများကို အဓိ က ရိုက်ကူးသည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော သရုပ် ဆောင် နှင့်အနုပညာရှင်တချို့ ပြည်ပထွက်ခွင့်ရရရေးအတွက် စစ်တပ်တာဝန်ရှိသူများနှင့်ချိတ်ဆက်ပေးမှုများ၊ ခံဝန်လက်မှတ်ရေးထိုးရန် ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင်နေသော စစ်တပ်လော်ဘီ၊ စစ်တပ်ဘက်တော်သား ထောက်ခံသူဖြစ်သည်။

Cele Stars

သူနိုင် ကိုယ်နိုင် ဇာတ်လမ်းရဲ့ အမှတ်တရလေးတွေ မျှဝေလာတဲ့ ဝေလာရီ💕💕     #အနုပညာ  #ဝေလာရီ  👉 celestars.com 👈
16/12/2024

သူနိုင် ကိုယ်နိုင် ဇာတ်လမ်းရဲ့ အမှတ်တရလေးတွေ မျှဝေလာတဲ့ ဝေလာရီ💕💕

#အနုပညာ #ဝေလာရီ

👉 celestars.com 👈

ရုပ်ရည်ပိုင်းမှာရော ပညာပိုင်းမှာပါပြည့်စုံတဲ့ သဲစုငြိမ်းကို ဂရုဏာသက်မိလို့ ခေါင်းဆောင်မင်းသမီးဖြစ်အောင် ကူညီပေးမယ်ဆိုတဲ့...
16/12/2024

ရုပ်ရည်ပိုင်းမှာရော ပညာပိုင်းမှာပါပြည့်စုံတဲ့ သဲစုငြိမ်းကို ဂရုဏာသက်မိလို့ ခေါင်းဆောင်မင်းသမီးဖြစ်အောင် ကူညီပေးမယ်ဆိုတဲ့ ဇင်ယော်မောင်မောင်တို့သားအဖ ...

👉 celestars.com 👈

ပရိသ၊တ်တွေရဲ့ ချစ်ခင်အားပေးမှုကြောင့်ကြော်ငြာတွေရို၊က်ကူးလာရပြီဖြစ်တဲ့ သီဟတင်စိုး ရဲ့သားကြီး စစ်နိုင်သီဟဦးစကားမစပ် အသား...
16/12/2024

ပရိသ၊တ်တွေရဲ့ ချစ်ခင်အားပေးမှုကြောင့်ကြော်ငြာတွေရို၊က်ကူးလာရပြီဖြစ်တဲ့ သီဟတင်စိုး ရဲ့သားကြီး စစ်နိုင်သီဟဦး
စကားမစပ် အသားတွေဖြူလာပြီး ချောလာတယ်နော်..

Cele Stars

ခေတ်အဆက်ဆက် မင်းသားမင်းသမီးစီစဉ်ခဲ့တဲ့ မအေးအေးဝင်းသဲသဲလေး ကိုစီစဉ်ပြီပေါ့။😀Cele Stars  #မအေးအေးဝင်း  #သဲစုငြိမ်း👉 celest...
16/12/2024

ခေတ်အဆက်ဆက် မင်းသားမင်းသမီးစီစဉ်ခဲ့တဲ့ မအေးအေးဝင်း
သဲသဲလေး ကိုစီစဉ်ပြီပေါ့။😀

Cele Stars #မအေးအေးဝင်း #သဲစုငြိမ်း

👉 celestars.com 👈

ပုတုဆီကို တစ်ရက်ကို လူဦးရေ ၅၀၀ လောက်က ဖုန်းဆက်ပြီး အကူအညီတောင်းတယ်တဲ့ ပုတုကတော့ ရပ်ကွက်ထဲမှာ က ပြီး လိုအပ်သူများအတွက် အ...
13/12/2024

ပုတုဆီကို တစ်ရက်ကို လူဦးရေ ၅၀၀ လောက်က ဖုန်းဆက်ပြီး အကူအညီတောင်းတယ်တဲ့

ပုတုကတော့ ရပ်ကွက်ထဲမှာ က ပြီး လိုအပ်သူများအတွက် အလှူခံသူမို့ ကျွန်မအနေနဲ့ ဂုဏ်ယူမိတာတော့ အမှန်ပါ။

သူကတော့ ဒုက္ခရောက်နေတဲ့ ကလေးတွေကို အဓိက ထားလှူသူလဲ ဖြစ်ပါတယ်

ရပ်ကွက်ထဲမှာ က လို့ရတဲ့ ငွေနဲ့ လိုင်းပေါ်က အလှူငွေ နဲ့ ပေါင်းပြီး ပြန်လှူပေးရတာကြောင့် တစ်နေ့ (၃) ယောက်လောက်ပဲ ကူညီပေးနိုင်သေးတယ်’ လို့ ပြောပါတယ်

ခေတ်ကာလအခြေအနေအရ ခက်ခဲကြပ်တည်းနေတဲ့ မိသားစုတွေ ဒုနဲ့ဒေး
တက်အားသလောက် ဝိုင်းဝန်းကူညီသူအားလုံးကိုလဲ ကျေးဇူးတင်ရမှာပဲ

ပုတုကိုလဲ လေးစားဂုဏ်ယူမိတာတော့ အမှန်💐

#ပုတု Cele Stars

ကောင်းမွန်တဲ့ သရုပ်ဆောင်မှုများနဲ့အတူ ကြော်ငြာတွေမနားတမ်းရို၊က်နေရပြီဖစ်တဲ့ ညီလေး စစ်နိုင်သီဟ 🥰ဝိုင်းရံပေးကြအုံးနော် . ....
13/12/2024

ကောင်းမွန်တဲ့ သရုပ်ဆောင်မှုများနဲ့အတူ ကြော်ငြာတွေမနားတမ်းရို၊က်နေရပြီဖစ်တဲ့ ညီလေး စစ်နိုင်သီဟ 🥰

ဝိုင်းရံပေးကြအုံးနော် . . .🤍 Cele Stars

မြန်မာနိုင်ငံမှာ ကွမ်းယာရောင်းရင်း လေးထပ်ခွဲတိုက်ကြီး ဆောက်နိုင်ခဲ့တာ ကျနော်ပဲ ရှိမယ်ထင်တယ် ဈေးသည်ဘဝကနေ ဆင်းရဲသား ကိုယ်ပ...
13/12/2024

မြန်မာနိုင်ငံမှာ ကွမ်းယာရောင်းရင်း လေးထပ်ခွဲတိုက်ကြီး ဆောက်နိုင်ခဲ့တာ ကျနော်ပဲ ရှိမယ်ထင်တယ် ဈေးသည်ဘဝကနေ ဆင်းရဲသား ကိုယ်ပိုင်လုပ်ငန်း ‌ကွမ်းယာရောင်းရင်း (၁၈) နှစ်အကြာမှာ အိမ်မက်တောင် မမက်ခဲ့ဖူးတဲ့ လေးထပ်ခွဲတိုက်ကြီးဆောက်နိုင်ခဲ့ပြီး ကြီးပွားလာခဲ့တယ် လို့ ပြောလာတဲ့ Friend ကွမ်းယာဆိုင်ပိုင်ရှင် ဦးမင်း
Cele Stars

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘီယာဆိုင်မှာ သီချင်းဆိုဖို့ ငှားရမ်းလို့ ဖျော်ဖြေပေးခဲ့ပါတယ်၊ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကလည်း ဆိ...
13/12/2024

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘီယာဆိုင်မှာ သီချင်းဆိုဖို့ ငှားရမ်းလို့ ဖျော်ဖြေပေးခဲ့ပါတယ်၊ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကလည်း ဆိုင်လုံးအပြည့်အလျှံကိုဖြစ်သွားတယ်၊ ပွဲငှားတဲ့ မွေးနေ့ရှင်ရဲ့ အဖေက ဘီယာအတူသောက်ဖို့ ဖိတ်ခေါ်တာ အတူမသောက်နိုင်ကြောင်း ငြင်းဆိုရာကနေ ပြ၊သာနာ ဖြစ် စင်ပေါ်ကနှင်ချခံခဲ့ရတာပါ လို့ ပြောလာတဲ့ ဖြူဖြူထွေး

‘1994’ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်မယ့် ထူးအံ့လွင်၊ မီးမီး၊ သဲသဲ*********ဒါရိုက်တာ အာကာစိုးဦး ရိုက်ကူးပြီး သရုပ်ဆောင် တိ...
10/12/2024

‘1994’ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်မယ့် ထူးအံ့လွင်၊ မီးမီး၊ သဲသဲ
*********

ဒါရိုက်တာ အာကာစိုးဦး ရိုက်ကူးပြီး သရုပ်ဆောင် တိုင်ရွန်၊ ထူးအံ့လွင်၊ Double J၊ မင်းသန့်၊ မင်းဟိဏ်း၊ လီလီကျော်ခိုင်၊ မီးမီး၊ သဲစုညိမ်း နှင့် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ ‘1994’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲကို ဒီဇင်ဘာလ (၁၀) ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီတော်တွင် ပြုလုပ်ခဲ့ပါတယ်။

Cele Stars
#တိုင်ရွန်
#ထူးအံ့လွင်
#မင်းသန့် #မင်းဟိဏ်း #လီလီကျော်ခိုင် #မီးမီး #သဲစုညိမ်း #1994

ဒါရိုက်တာရဲ့ အပြစ်မဟုတ်ဘဲ နယ်ပယ်တစ်ခုက​နေ တစ်ခုကို ကူး​ပြောင်းရင် အစက​နေ စရမှာပဲဆိုတဲ့ ဒါရိုက်တာဂျိုး...😱👏
08/12/2024

ဒါရိုက်တာရဲ့ အပြစ်မဟုတ်ဘဲ နယ်ပယ်တစ်ခုက​နေ တစ်ခုကို ကူး​ပြောင်းရင် အစက​နေ စရမှာပဲဆိုတဲ့ ဒါရိုက်တာဂျိုး...😱👏

ที่อยู่

No. 160 Rama II Road, Saem Dam Subdistrict, Bang Khun Thian District
Bangkok
10150

เบอร์โทรศัพท์

+66661050783

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Starsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Cele Stars:

วิดีโอทั้งหมด

แชร์