Club388 Game Agent

Club388 Game Agent ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Club388 Game Agent, เว็บไซต์ข่าวและสื่อ, Bangkok.

26/01/2025

အခုထိ သဝန်တိုတုန်း🤭

ရှုံးတယ်ပဲ ပြောပြောတုံးတယ်ပဲဆိုဆိုတစ်ဘဝစာ အတွက်သံသရာကို အဆိပ်မခပ်ဘူး။လူလည်ကျမှထမင်းဝမယ်ဆိုအငတ်ခံရင်း သေမယ်။ရိုးသားရတာခက်...
28/11/2023

ရှုံးတယ်ပဲ ပြောပြော
တုံးတယ်ပဲဆိုဆို
တစ်ဘဝစာ အတွက်
သံသရာကို အဆိပ်မခပ်ဘူး။

လူလည်ကျမှ
ထမင်းဝမယ်ဆို
အငတ်ခံရင်း သေမယ်။

ရိုးသားရတာ
ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။

ပက်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့
ကိုယ့်ကိုယ်ကျင့်တရားကို မရင်းဘူး။

မိတ်ဆွေနဲ့ ကိုယ်ကျင့်တရားဆို
မိတ်ဆွေကို စွန့်မယ်။

ချစ်သူနဲ့ ကိုယ့်ကျင့်တရားဆို
ချစ်သူကို စွန့်မယ်။

အသက်နဲ့ ကိုယ်ကျင့်တရားဆို
အသက်ကို စွန့်မယ်။

ကိုယ်ကျင့်တရားမဲ့
လောကကို ဒုက္ခပေးပြီး
ရွံစရာ ဘဝနဲ့ မရှင်သန်ချင်ဘူး။

🌸crd🌸
🌸🌸🌸🌸🌸

17/09/2021
တွဲမစားသင့်တဲ့ အစားအစာများ  Credit.  we food
13/09/2021

တွဲမစားသင့်တဲ့ အစားအစာများ

Credit. we food

ငွေအတွက်ကြီးပဲ အချိန်တွေကို အကုန်မခံပါနဲ့
05/09/2021

ငွေအတွက်ကြီးပဲ အချိန်တွေကို အကုန်မခံပါနဲ့

ချေကြည့်ပါဘဝမှာ လိုချင်တာတွေရဖို့ အောက်ကျို့ခဲ့ရတဲ့အခိုက်အတန့်တွေ ရှိမှာပါ။ ကိုယ်တကယ်လိုအပ်တဲ့အရာအတွက် အောက်ကျို့သင့်ရင်...
03/09/2021

ချေကြည့်ပါ

ဘဝမှာ လိုချင်တာတွေရဖို့ အောက်ကျို့ခဲ့ရတဲ့
အခိုက်အတန့်တွေ ရှိမှာပါ။ ကိုယ်တကယ်
လိုအပ်တဲ့အရာအတွက် အောက်ကျို့သင့်ရင်
အောက်ကျို့ရမှာပါပဲ။

ဒါပေမယ့် မပေးချင်တဲ့သူစီက အတင်းတောင်းဆို
နေမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးကျပါတယ်။

ကိုယ့်အပေါ်အဖက်မလုပ်ချင်တဲ့သူကို ကိုယ့်ဘက်
ကနေ အောက်ကျို့ပြီး အဖက်မလုပ်သင့်ပါဘူး။
သင့်ဘက်က ဘယ်လောက်ပဲ ဂရုစိုက်စိုက်
တစ်ချို့လူတွေက သင့်ကို ပြန်ပြီး ဂရုစိုက်ချင်မှ
စိုက်မှာပါ။

ကိုယ့်ကို စွန့်ခွာသွားတဲ့သူတွေကိုခွင့်လွတ်လိုက်ပါ။
လိုက်ပြီး တွယ်ကပ်မနေပါနဲ့။

ကိုယ့်စကား နားမထောင်ချင်တဲ့သူကို အပင်ပန်းခံ
ပြီး သွားပြောမနေပါနဲ့။

သင့်အပေါ် သဘောမကျတဲ့သူတွေရဲ့ ရှေ့မှာ သူတို့
သဘောကျအောင် ဟန်ဆောင်မနေပါနဲ့။

လူတိုင်းနဲ့ အဆင်ပြေအောင် မကြိုးစားပါနဲ့။
ချေသင့်ရင် ချေလိုက်ပါ။

ဘယ်အရာမှ အလားကားမလိုချင်ပါနဲ့။
ဘယ်အရာမဆို ယူပြီးရင် တစ်နည်းနည်းနဲ့ ပြန်ပေး
ရမှာပါပဲ။

ကိုယ်တိုင်လုပ်လို့ ရတဲ့အရာမှန်သမျှကိုဘယ်သူ့ကိုမှ
အကူအညီမတောင်းဘဲ ကိုယ်တိုင်လုပ်ပါ။ လိုအပ်မှ
အကူအညီတောင်းပါ။ ဖြစ်နိုင်ရင် ကိုယ်တိုင်လုပ်နိုင်
အောင် ကြိုးစားပါ။ သူများကိုလည်း ကူညီတတ်ပါစေ။

ဘယ်သူ့အပေါ်မှ မမှီခိုပဲ ရပ်တည်နိုင်ဖို့ လိုပါတယ်။
ဘယ်သူ့ရဲ့ အကူညီကိုမှ မယူဘဲ နေနိုင်လာတဲ့
အခါ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာ မလို
တော့ပါဘူး။

မာနကြီးခိုင်းတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ
ကိုယ်မရသင့်တာကို မလိုချင်တာအကောင်းဆုံး
ပါပဲ။

“ကိုယ်မရသင့်တာကို ယူမိရင် ကိုယ်မလိုချင်တာကို
ရတတ်ပါတယ်”
- အောင်သင်း

ဒါ့ကြောင့် တစ်ချို့သော အရာတွေအတွက် ခပ်ချေချေ
နေကြည့်ပါ။

ကိုရဲ
crd

လိုသုံးမဖြစ်အောင် ကြိုးစားရဦးမယ်***************************တစ်ခါတလေလည်းမအားဘူး မအားဘူး ဆိုတဲ့လူတွေကတခြားလူတွေနဲ့အားနေတာ ...
03/09/2021

လိုသုံးမဖြစ်အောင် ကြိုးစားရဦးမယ်
***************************

တစ်ခါတလေလည်း
မအားဘူး မအားဘူး ဆိုတဲ့လူတွေက
တခြားလူတွေနဲ့
အားနေတာ မြင်ရတော့

သူတို့အတွက် အမြဲတမ်း အားခဲ့မိတဲ့
ကိုယ်ကိုယ်ကို ပြန်ရှက်မိတယ်။

တစ်ရက်တွေ့ဦးမယ် ဆိုတဲ့ စကားဟာ
ဖုန်းချခါနီး ဝတ်ကျေတမ်းကျေပြောတဲ့
စကားတစ်ခွန်းဖြစ်မှန်းကို
ဘယ်တော့မှ မတွေ့ဖြစ်ကြတော့တဲ့
အခါမှ နားလည်လာတယ်။

ကိုယ်က အားပါတယ်ဆိုတဲ့ စကားဟာ
သိပ်အရေးမကြီးတဲ့ ကိစ္စလေးတွေကို
ရွှေ့လိုက်ပြီး
သူတို့အတွက် အချိန်ပေးလိုက်တာ
ဖြစ်ပေမဲ့

သူတို့အားပါတယ်ဆိုတဲ့ စကားဟာ
ကိုယ့်ဆီက
တစ်ခုခု အကူအညီယူချင်လို့ပဲဆိုတာ
သိလာတယ်။

အပေါ်ယံသက်သက် လာပေါင်းတဲ့
လူတွေအတွက်
ကိုယ်က ဦးနှောက်ထဲ ထည့်ထားပေမဲ့

သူတို့စိတ်ကူးထဲက VIP တွေထဲ
ကိုယ်မပါဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ
တကယ့်ကို
ကျေကျေနပ်နပ်နဲ့ ပြုံးမိတယ်။

လူတွေအကြောင်းကို
လူတွေကပဲ သင်ပေးတယ်

လိုမှ လာခေါက်တဲ့
လက်တွေကို
တံခါးဟာ
စိတ်နာသွားခဲ့ပါပြီ.....

ူရင်းရေးသားသူ

ที่อยู่

Bangkok

เบอร์โทรศัพท์

+6624400835

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Club388 Game Agentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์