Learn Burmese with Myo Ko

Learn Burmese with Myo Ko Burmese language teaching and knowledge sharings
(8)

03/07/2024

ကျူရှင်မတက်နိုင်သောကလေးများ၊မြန်မာစာအားနည်းသောကလေးများ၊စစ်ရှောင်ကလေးများအတွက်ရည်ရွယ်၍ Grade 10/11/12 သင်ကြားရေးvideosများကိုဖန်တီး၍တင်ဆက်သွားမည်ဆိုပါက သဘောတူညီမှုရှိမရှိ အယောက်(100)ရဲ့အဖြေ....က ?။

Grade 10 English textbook ရဲ့ Unit -3(Zero)အခန်းမှာ Hindu word အနေနဲ့"sûnya" လို့ပေါင်းထားတာတွေ့ရပါတယ်။Sanskrit အနေနဲ့ပေ...
01/07/2024

Grade 10 English textbook ရဲ့ Unit -3(Zero)အခန်းမှာ
Hindu word အနေနဲ့"sûnya" လို့ပေါင်းထားတာတွေ့ရပါတယ်။
Sanskrit အနေနဲ့ပေါင်းတဲ့အခါ"suñña" လို့ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာ။

Sanskrit ကိုမြန်မာလိုဖလှယ်တဲ့အခါ-

s (သ)
u (-ု)
ñ (ဉ)
ñ (ဉ)
ññ(ည)
a (အသရ)
s+u+ññ+a =သုည

လို့သိထားပါတယ်။

ဆရာမကြီး ဂုဏ်ထူးဒေါ်စန်းမြင့် ရေးသားပြုစုသော မြန်မာစာစာအုပ်ကောင်းများကို 100% recommend ပေးပါတယ်ခင်ဗျာ။ကျောင်းသားလေ့လာဖိ...
26/06/2024

ဆရာမကြီး ဂုဏ်ထူးဒေါ်စန်းမြင့် ရေးသားပြုစုသော မြန်မာစာစာအုပ်ကောင်းများကို 100% recommend ပေးပါတယ်ခင်ဗျာ။ကျောင်းသားလေ့လာဖို့ရော၊ဆရာတွေသင်ကြားရေးNotesအဖြစ်အသုံးပြုဖို့ရော အင်မတန်ကောင်းတဲ့စာအုပ်လေးတွေမို့ပါ။G 11,12 ရေးဖို့လုပ်နေရင်း ဆရာမကြီးကျန်းမာရေးမကောင်းလို့ နားထားရပါတယ်ခင်ဗျာ။ဖော်ပြပါစာအုပ်လေးတွေလိုချင်ရင်တော့ကျွန်တော့်‌ဆီဆက်သွယ်မှာယူလို့ရပါတယ်ခင်ဗျာ။

09952398615
ဆရာမျိုးကို(မြန်မာစာ)

22/06/2024

မြန်မာစာဘာသာရပ်နှင့်ပတ်သက်၍မည်သည့်အတန်း‌ကျောင်းသား
မဆိုအခက်အခဲရှိပါကဖုန်းဆက်၍မေးမြန်းနိုင်ပါသည်။ဆရာ/မများသင်ကြားရေးနှင့်ပတ်သက်၍လည်းမေးမြန်းနိုင်ပါသည်။

"ဆရာတစ်ယောက် စာသင် ကောင်း/မကောင်း"......................................................ကလေးတွေကို ဆရာ စာသင်ကောင်းလားလို...
16/06/2024

"ဆရာတစ်ယောက် စာသင် ကောင်း/မကောင်း"......................................................

ကလေးတွေကို ဆရာ စာသင်ကောင်းလားလို့ မေးလို့မှ မဖြစ်တာ။ မင်းတို့သိပြီလား ၊ငါ စာသင်တာ ဒီလိုကွလို့ ပြောရင်လည်း အတော် အူကြောင်ကြောင်နိုင်တဲ့သူ ဖြစ်မှာပဲ။

ကလေးတွေရဲ့ နှုတ်ထွက်စကားဆိုတာကလည်း သိပ်ယုံလို့ရတာ မဟုတ်ဘူး။ ဆရာကို အားနာလို့ဖြစ်စေ ၊ ကြောက်လို့ဖြစ်စေ သူတို့က စာ နားမလည်တာကို နားလည်သလိုလို နေတတ် ၊ဖြီးတတ်တယ်။ ဒါ သူတို့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်။ သူတို့ဝန်းကျင်ရဲ့ ယဉ်ကျေးမှု။ အတန်းစဉ်တလျှောက် သူတို့ကျင့်သုံးခဲ့တဲ့ လမ်းစဉ်။ ခေါက်ရိုးကျိုးနေတဲ့ အကျင့်။

ဆရာကို အားနာခြင်း နဲ့ ကြောက်ခြင်းဟာ ကလေးရဲ့ နားလည်မှု ခရီးမှာ အကြီးမားဆုံး အတားအဆီးပဲ။

ဒီအတားအဆီးတွေကို ကျော်ဖြတ်ဖို့ဆိုရင် ဆရာဟာ အခရာကျ
တယ်။

အားနာခြင်းဆိုတာ တပည့်ကျင့်ဝတ်မှာ မပါဘူး။ မသိရင် မေးပါ လို့ ကြိုဆိုရမယ်။ နှုတ်အားဖြင့်ရော အပြုအမူအားဖြင့်ပါ ဆရာဆိုတာ ကလေးတွေအတွက်အဖော်ရွေဆုံးလူသား ဖြစ်ရမယ်။ ကလေးတွေရဲ့ ရင်ထဲမှာ ဆရာကို ချစ်ခင်လေးစားစိတ် အမြစ်တွယ်နေရင် အကောင်းဆုံးပဲ။

နောက်တစ်ခုက အကြောက်တရား။
အခုခေတ်ကလေးတွေက ဆရာကို ကြောက်ရကောင်းမှန်း မသိဘူး လို့ တချို့က ပြောတယ်။ ဘာလို့ တပည့်က ဆရာကို ကြောက်ရမှာလဲ။ ကြောက်စရာမှ မလိုတာ။ ဘဝမှာ ဘာကို ကြောက်ရမှာလဲ ၊ ဘာကို မကြောက်ရဘူးလဲဆိုတာ ဆရာကိုယ်တိုင်က ခွဲခြား သိထားရမှာပါ။

တကယ်တော့ တပည့်ကျင့်ဝတ်ထဲမှာလည်း ဆရာကို ကြောက်ရမယ်လို့ မပါ ပါဘူး။ ဆုံးမ နာယူ လို့တော့ ပါတယ်။ ဒါပေမဲ့ စာနဲ့ပတ်သက်ပြီး ဆုံးမတာကို မနာယူတိုင်း အဲဒါ မကြောက်လို့ပဲလို့ ပြောမဖြစ်ပြန်ပါဘူး။ ကလေးကို ဘယ်လိုဆုံးမလဲဆိုတာက ဒီနေရာမှာ အရေးကြီးလာပါပြီ ။ အဲဒါက စာသင်ကြားခြင်းအပေါ် အကျိုးသက်ရောက်နိုင်လို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျောင်းဆရာတစ်ယောက်အတွက် ငါ စာသင်ကောင်းလားဆိုတဲ့ အဖြေကို သိဖို့ရာ အတော်ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအဖြေက သူ့ဆီမှာ မတွေ့နိုင်လို့ပဲ။ အဲဒီအဖြေက ကလေးတွေရဲ့နှလုံးသားထဲမှာ ရှိတာလေ။

အဲဒီနှလုံးသားတွေကို ခင်ဗျား မြင်ချင်ရင်တော့ သူတို့ရဲ့ မျက်လုံးတွေကို အကဲခတ်လိုက်ပါ။

ခင်ဗျားစာသင်တုန်းမှာ သူတို့ရဲ့မျက်လုံးလေးတွေဟာ အကြောက်တရားရဲ့အောက်မှာ အသက်မဲ့နေသလား၊ ငြီးငွေ့ခြင်းမှိုင်းမိပြီး အိပ်ငိုက်နေသလား။ ခင်ဗျားစာသင်ပြီးချိန်မှာလည်း ခင်ဗျားကို အထူးအဆန်းသတ္တဝါတစ်ကောင်ကို ငေးသလို ငေးနေလား။ အဲဒါဆိုရင် သေချာပြီ။ သူတို့ရဲ့နှလုံးသားတွေက မှတ်ချက်ပြုလိုက်ပြီ။ ခင်ဗျားဟာ စာသင် မကောင်းသူပဲ။

ဒါမှမဟုတ်

ခင်ဗျားစာသင်နေတုန်းမှာ သူတို့ရဲ့မျက်လုံးလေးတွေဟာ စူးစမ်းသိလိုစိတ်နဲ့ အသက်ဝင်နေသလား၊ သက်တောင့်သက်သာရှိခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကြောင့် မျက်လုံးလေးတွေက တောက်ပရွှန်းလက်နေလား။ ခင်ဗျားစာသင်ပြီးချိန်မှာလည်း သူတို့ရဲ့မျက်လုံးလေးတွေက
ကြယ်လေးတွေလို ခင်ဗျားကို အစွမ်းကုန် ပြုံးပြနေသလား။
အဲဒါဆိုရင် သေချာပြီ။ သူတို့ရဲ့နှလုံးသားတွေက ကမ္ဗည်းထိုးလိုက်ပြီ။ ခင်ဗျားဟာ စာသင်ကောင်းသူပဲ။

12/06/2024

မြန်မာစာ
----------
ကလေးတွေစာမေးပွဲတွေဖြေပြီးလို့ အမှတ်ခြစ်တွေခေါ်။ငြင်းတဲ့သူကငြင်း။ငွေနဲ့အစားထိုးသူထိုး။ဒီလိုနဲ့တက္ကသိုလ်အသီးသီးသွားစစ်ကြ။သတ်မှတ်ရက်(၁၀)ရက်။ရက်ပြည့်အောင်ဘယ်သူမှမနေချင်ကြ။စာစစ်နေရင်းဖင်တကြွကြွ။စာစစ်သူထဲ တိုက်စစ်မှူးကြသူ၊ပညာပြချင်သူ၊ဆရာကြီးအထာနဲ့နေသူ၊ရေသာခိုသူ မျိုးစုံတွေ့ရ။စာစစ်နေရင်း(၆၅)မှတ်အထက်ဆို စာစစ်မှူးချုပ်တင်ရ။‌လက်ထောက်စာစစ်မှူး‌အချို့ကအလုပ်ရှုပ်မခံချင်။ဒီတော့ အဖြေလွှာစစ်သူ ထက်ပြ၊ကထိက တွေကို အကျပ်ကိုင်။အကျပ်ကိုင်တော့ကလေးတွေကနစ်နာ။စာစစ်မှူးအမိန့်ဆိုပြီး"ပို၍မရ လို၍မရ အမှတ်ပေးစည်းမျဉ်းနဲ့ကွက်တိချ"။စည်းမျဉ်းထဲမပါမပေးရ။စစ်သူကစစ်၊ခြစ်သူကခြစ်၊ရန်ဖြစ်သူကဖြစ်။အဆိုးဆုံးက လုပ်တတ်သူပိုအခိုင်းခံရ။အချို့က ရေသာလည်းခိုကြသေး နောက်ကြောင်းလည်းမအေး စာစစ်တော့လည်းနှေးကွေး။အထုပ်တကြွကြွ လှုပ်လှုပ်ရွရွ (၁၀)ရက်ကို ငရဲကျနေသလို ‌ဖြစ်နေကြသူကတစ်မျိုး။ကျုပ်တို့လို စာစစ်မှူးနဲ့အတိုက်အခံလုပ်သူကတစ်ဖုံ။မလှုပ် မရှုပ် မပြုတ် အထက်ဖား အောက်ဖိစတိုင်တွေက ဟိုတစ်စု ဒီတစ်စု။ဒီလိုနဲ့ အိမ်က ကလေး၊မယား၊ဇနီး၊သား စိတ်မချလို့ ရက်မပြည့်ဘဲခိုးပြန်ကြသူကတစ်ဖွဲ့။ အလုပ်ပိုလုပ်နိုင်သူတွေ နေခဲ့။နောက်ဆုံးတော့ ဒီလိုရလာဘ်တွေဖြစ်လာကြတော့တာပါပဲ။

သင်ရိုးသစ်အထိမြန်မာစာကိုပါမောက္ခပေတံနဲ့တိုင်းစစ်ကြတုန်းလား။အထူးထုတ်ကိုင်ပြီး စာခေါ်ပေးတဲ့ခေတ်ဟာကုန်နေပါပြီ။ကလေးတွေကိုဉာဏ်ဖွင့်ခွင့်ပေးတာဟာ အမိန့်စာမှာတင်မဟုတ်ဘဲ လက်တွေ့စာစစ်ရင်လည်း တိုက်စစ်မှူးလုပ်တာ‌တွေရပ်တန်းကရပ်ကြပါတော့။ကလေးတွေခမျာ မေးခွန်းရှည်တွေမှာ ပါမောက္ခစား (၃)မှတ်လောက်ယူထားခံရတဲ့အပြင် ဂုဏ်ထူးထွက်နေရင်တောင် စာစစ်မှူးချုပ်ဆီ တင်ရမှာအလုပ်ရှုပ်လို့ဆိုတဲ့ လက်ထောက်တွေခန့်ထားတော့ သွားပြီပေါ့။
ဂုဏ်ထူးမထွက်‌တိုင်း မြန်မာစာRoleမြင့်နေတာမဟုတ်ပါဘူး။
ကလေးတွေကိုဘာသာရပ်နဲ့ဝေးရာအရပ်ကိုတွန်းပို့နေတာဆိုတာလည်းတွေးကြပါဦး။သိချင်ရင်ဘယ်ဘာသာရပ်ကိုအချစ်ဆုံးလဲလို့ ကလေးအယောက်(100)ကိုစစ်တမ်းကောက်ကြည့်ပါ။မြန်မာစာကိုအချစ်ဆုံးဆိုတဲ့ကလေးဟာ အလွန်ဆုံး(၁၀)ယောက်ပေါ့။သူတို့ရင်ထဲ စာကို‌လေ့လာရင်း အမှတ်ပေးသဘောကိုသိသွားကြတဲ့အခါ တဖြည်းဖြည်းမုန်းသွားကြတာမဆန်းပါဘူး။အတန်းထဲကဗျာကို အသံနေအသံထားနဲ့ရွတ်ပြရင်တောင် ဆရာ့ကိုအရူးလိုလှောင်ကြတာဟာ မြန်မာ့ကလေးငယ်တွေဖြစ်ပြီး မြန်မာစာနဲ့ဝေးနေကြလို့ပေါ့။

Grade10-အလင်္ကာအနှစ်ချုပ် လေးကို အဆင်ပြေသလို လက်တန်းသင်လိုက်ပါတယ်။
09/06/2024

Grade10-အလင်္ကာအနှစ်ချုပ် လေးကို အဆင်ပြေသလို လက်တန်းသင်လိုက်ပါတယ်။

28/05/2024

ကျွန်တော့်page reachကျနေလို့
ယခုပိုစ့်အောက်မှာ ရင်ထဲကစကားလေးတွေ၊ကျွန်တော့်ကိုပြောချင်နေတဲ့စကားလေးတွေကို မန့်ပြီးတဲ့အခါ shareပေးခြင်းဖြင့်ကူညီပေးကြပါဦးခင်ဗျာ....။

ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

27/05/2024

"ပတ္တမြားရွှေဂူ"
***********
လေးဆစ်ကဗျာ
မန်လည်ဆရာတော်
ရွတ်ဆိုသူ-ဆရာမျိုးကို

21/05/2024

မြန်မာပြည်စာမေးပွဲတွေမှာက" စာဖြေသူများလိုက်နာရန်စည်းကမ်း"ဆိုပြီးသာတခုတ်တရလုပ်နေကြတာ စာမေးပွဲကျင်းပသူ(အထူးသဖြင့်)မေးခွန်း
ထုတ်သူများ လိုက်နာရန်စည်းကမ်းတွေကိုကျတော့မေ့လျော့နေကြတယ်။
ပြောပြမယ်ဗျ....
ဆရာ/ဆရာမလောက(အထူးသဖြင့်)သင်‌ကြားရေးလောကမှာ
ဒေါက်တာဘွဲ့ပဲရထားပါစေ Educational Psychology(Test and measurements )မှာ ကဏ္ဍတစ်ရပ်အနေနဲ့ပြဋ္ဌာန်းထားတဲ့" စာမေးပွဲကျင်းပသည့်အခါလိုက်နာရမည့်မေးခွန်းကောင်းသဘောလက္ခဏာအင်္ဂါရပ်"ဆိုတာကို ကျွမ်းကျင်ပိုင်နိုင်ဖို့လိုပါတယ်။မေးခွန်းထုတ်တဲ့သူဟာ ပါမောက္ခဆိုရင် ပါမောက္ခပေတံနဲ့စာဖြေသူကိုမတိုင်းတာရပါဘူး။အခြေခံပညာမှာဆိုရင်လည်း အချို့ဆရာမတွေဟာ သူတို့ထုတ်လိုက်တဲ့မေးခွန်းကို ‌ပညာပြတဲ့သဘောနဲ့ထုတ်တာတွေရှိပါတယ်။ဒါဟာအင်မတန်ကြီးမားတဲ့လွဲမှားမှုပါ။လိုရင်းပြောရရင် အဲ့လိုဆရာ/မ မျိုးဟာ ဆရာအတတ်ပညာအကုန်မတတ်သေးပါဘူး။"ငါထုတ်တဲ့မေးခွန်း သူတို့မဖြေနိုင်လေ ကောင်းလေပဲ"ဆိုတဲ့စိတ်ဓာတ်ကတော့အင်မတန့် အင်မတန်အောက်တန်းကျတဲ့ဆရာတွေရဲ့လုပ်ရပ်ပါ။
ဒီတော့ကာ မေးခွန်းတစ်ခုထုတ်တဲ့အခါ-
နံပါတ်(၁) ငါ့မေးခွန်းဟာ စာဖြေသူတွေအတွက်တအားလွယ်လွန်းနေသလား။အောင်မှတ်အထက်နဲ့ဂုဏ်ထူးမှတ်တွေပလူပျံနေသလား။
နံပါတ်(၂)ငါ့မေးခွန်းဟာ စာဖြေသူတွေ ဘဲဥမကွဲရှိနေကြသလား။အင်မတန်တော်တယ်လို့ချီးမွမ်းခံရသူတောင်အောင်ရုံပဲလား။
နံပါတ်(၃)ငါ့မေးခွန်းဟာ ‌စာဖြေသူတိုင်း အညီအမျှဖြေနိုင်ရဲ့လား။
ဆိုတဲ့အချက်တွေကိုလိုက်နာရပါတယ်။

နိဂုံးချုပ်အနေဖြင့်ပြောရရင် - ဆရာတို့ ဆရာမတို့အားလုံးစာမေးပွဲ မေးခွန်းတစ်စုံကိုထုတ်တဲ့အခါ တော်တဲ့ကလေးကိုလည်းဂုဏ်ထူးအတွက်ကျစ်ထားရမယ်။အသင့်ကလေးတွေလည်းအထိုက်အလျောက်ဖြေနိုင်ရမယ်။ညံ့တဲ့ကလေးတွေလည်းစာပါအောင်ဖြေ‌နိုင်ရမယ်။
အဲ့လိုရှုထောင့်အစုံကစဉ်းစားပြီး တော်/သင့်/ညံ့ ဉာဏ်ရည်အလိုက် ထုတ်ကြပါလို့အကြံပြုပါရစေ....။

နိုင်ငံ‌တော်အဆင့်တက္ကသိုလ်၀င်စာမေးပွဲမေးခွန်းတွေကိုနမူနာကြည့်ပါ။တော်သင့်ညံ့ ကလေးအားလုံးဖြေနိုင်အောင်ရှူထောင့်အစုံပါပါတယ်။အပေါစားဆန်လွန်းတာ၊ပညာပြလွန်းတာတွေမပါ၀င်ဘဲ သူ့အိုးနဲ့သူ့ဆန် အံ၀င်ဂွင်ကျဖြစ်လို့နေပါတယ်။

မေတ္တာဖြင့်
ဆရာမျိုးကို

ရူဠှီနှင့်အနွတ္ထ*********မြန်မာဘာသာစကားပညာရှင် ဒုတိယ‌ကျော်အောင်စံထားသည်စကားလုံးတို့ကို ပညတ်ခေါ်ဝေါ်ရာတွင် 'ရူဠှီ' နှင့် ...
20/05/2024

ရူဠှီနှင့်အနွတ္ထ
*********

မြန်မာဘာသာစကားပညာရှင် ဒုတိယ‌ကျော်အောင်စံထားသည်စကားလုံးတို့ကို ပညတ်ခေါ်ဝေါ်ရာတွင် 'ရူဠှီ' နှင့် 'အနွတ္ထ' ဟူသော အခြေခံ သဘောမတူသည့် ပညတ်ခြင်း နှစ်မျိုးဖြင့် စကားလုံး နှစ်မျိုး နှစ်စား ရှိကြောင်းကို (၁၈)ရာစုက တင်ပြခဲ့သည်။

‘ရုဠှီ' ဟူသည်မှာ အကြောင်းမဲ့ခေါ်ဝေါ်ခြင်းပင် ဖြစ်သည်။ ကြောင်းကျိုး ဆက်စပ်မှု မရှိဘဲ အမည်ခေါ်ဝေါ်သတ်မှတ်ရုံမျှ အမည်ပေးထားခြင်းကို ခေါ်သည်။
သာဓကအားဖြင့် ‘မဖြူ ၊ ‘မညို” ပါပဲနှင့် ‘မိဖြူ’ ''မိညို” ဟု ခေါ်ခြင်းမျိုး၊ အလွန် ဆင်းရဲသောသူကို ဦးချမ်းသာ” ဟု ခေါ်ခြင်းမျိုးတို့နှင့် အကြောင်းရင်းခံမရှိဘဲ အမှတ် သညာ တစ်ခုအဖြစ် လူ၊ ခွေး၊ သစ်ပင်၊ ပင်လယ် စသည်ဖြင့် ခေါ်ဝေါ်ရုံမျှ အမည်ပေး ထားခြင်းမျိုး ဖြစ်သည်။ စကားလုံးနှင့် အနက်အဓိပ္ပာယ် (ပညတ်ခံ)တို့ ကြောင်းကျိုး ဆက်သွယ်မှု မရှိသော စကားလုံးအနောက်တို့သည်ဆရာတော်၏ "ရူဠှီ" ပင် ဖြစ်ကြသည်။

အနွတ္ထ' ဟူသည်မှာမူ အနက်အဓိပ္ပာယ်သို့ အစဉ်လိုက်သော စကားလုံးမျိုး၊ အနက်အဓိပ္ပာယ်ဖြင့် ခေါ်ဝေါ်ခြင်းမျိုး ဖြစ်သည်။

အနု + အတ်ထ = အနှတ်ထ

အစဉ်လိုက်ခြင်း + အနက်အဓိပ္ပာယ် = အစဉ်လိုက်သော အနက်အဓိပ္ပာယ်၊ အနက်သို့ အစဉ်လိုက်ခြင်းဖြစ်သည်။

ဂုဏ်နှင့်ဒြပ်တို့၏ ကြောင်းကျိုးဆက်စပ်မှုကို အရင်းခံ၍ အမည် သညာ မှည့်ခေါ်ထားခြင်းမျိုးကို ဆိုလိုသည်။ သာဓကအားဖြင့် ချမ်းသာသောသူကို ဦးချမ်းသာ ဟု ခေါ်ခြင်းမျိုး၊ အရပ်ရှည်သောကြောင့် ‘အရှည်ကြီး’ ပ်ကြီး” ဟု 'ဟု ခေါ်ခြင်းမျိုး၊ ညဘက်တွင် မွှေးသောကြောင့် ‘ညမွှေးပန်း ဟု ခေါ်ခြင်းမျိုး ဖြစ်သည်။

(Fontကြောင့်အချို့စကားလုံးများမှားနေခြင်းသည်းခံပါ။)

20/05/2024

စစ်ကိုင်းမေးခွန်းကဆရာထုတ်တာလားတဲ့။
ဆရာပေးတဲ့အပုဒ်တွေချည်းပါကုန်လို့တဲ့။(ဘာမှမသိရပါ။)
ရန်ကုန်ကတော့နည်းနည်းပညာပြတာတွေပါပါတယ်။ပညာပြတယ်ဆိုတာကလည်း ဖြေဆိုသူဆရာ/ဆရာမတို့ ဘက်ကကြည့်ရင်ပေါ့လေ။တကယ်တမ်း မြန်မာစာကိုချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ဆိုရင်YUOEမေးခွန်းဟာအင်မတန်လှပါတယ်။
ဘာသာပြန်ကျတော့လည်း ဆရာပေးတဲ့(၅)ပုဒ်ထဲကပဲကွက်တိပါပဲ။(ဒေါက်တာအောင်မြင့်ဦး၏ဘာသာပြန်သဘောတရား၊ဘာသာပြန်အတတ်ပညာစာအုပ်ထဲကနမူနာစာပိုဒ်ပါ။)ဒွေးချိုးစပ်နည်းကလည်းမခဲယဥ်းပါ။အချိန်မလောက်ခဲ့လို့မသင်ပေးခဲ့ရတာပဲရှိပါတယ်။
မည်သို့ပင်ဆိုစေကာမူ.....
အချိန်တိုအတွင်းသင်ရတာ‌ကြောင့်ရယ်၊စာကျက်ချိန်နည်းတာရယ်ကြောင့်အချို့သူတွေကျတော့လည်း ဟုန်ပြီးမဖြေနိုင်ကြဘူး‌ပေါ့။ဘာမှအားမငယ်ကြပါနဲ့။လောကမှာ အနိုင်နဲ့အရှုံးနှစ်မျိုးပဲရှိတယ်။ကိုယ်မသိသေးရင်ထပ်လေ့လာ။ပညာရပ်ဆိုတာလေ့လာလို့မကုန်ပါဘူး။တစိုက်မတ်မတ်သာလေ့လာကြ။
မနက်ဖြန်ကပြီး ဆရာ့pageမှာလည်းသင်ခန်းစာအလွယ်မှတ်နည်းတွေ၊ကဗျာရွတ်တာတွေတင်သွားဦးမှာမို့ဆက်လက်supportပေးကြပါဦးခင်ဗျာ။

18/05/2024

Grade10,11,12(မြန်မာစာ)
ကလေးတွေအတွက်သင်တန်းဖွင့်ပေးမယ်လို့ဦးတည်ထားသော်လည်း လတ်တလော သင်တန်းအပ်သူများမှာ ဒေသအသီးသီးက ဆရာ/ဆရာမတွေချည်းဖြစ်လို့နေပါတယ်။ဒါ့ကြောင့် ကျွန်တော့်ဆီ အမှန်တကယ်သင်တန်းတက်ချင်ပါတယ်ဆိုပါသော အထက်တန်းဆင့်သင် မြန်မာစာပြ ဆရာ/ဆရာမများအနေဖြင့် messengerမှာ ဆက်သွယ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ။Teaching Methods တန်းခွဲဖွင့်ပေးပါ့မယ်။

ဆရာမျိုးကို(မြန်မာစာ)
BEd(Myan,Phys,Bio)

ထွေထွေထူးထူး မပြောလိုပါ...ယုံကြည်လျှင်အပ်နှံနိုင်ပါတယ်ခင်ဗျာ။အထူးခံစားခွင့်-သင်တန်းအပ်ပြီးရင် တစ်သက်တာစာမေးခွင့်၊ဆွေးနွေ...
17/05/2024

ထွေထွေထူးထူး မပြောလိုပါ...
ယုံကြည်လျှင်အပ်နှံနိုင်ပါတယ်ခင်ဗျာ။
အထူးခံစားခွင့်-သင်တန်းအပ်ပြီးရင် တစ်သက်တာစာမေးခွင့်၊ဆွေးနွေးခွင့်ရှိပါမယ်။

"ယောက်ျားအမှန်၀တ္ထုတိုသည်ဇာတ်လမ်းကောင်းအင်္ဂါရပ်နှင့်ကိုက်ညီမှုရှိပါသလား။သုံးသပ်ဖြေဆိုပါ။"ဆိုတဲ့ အင်မတန်ကောင်းတဲ့မေးခွန်...
14/05/2024

"ယောက်ျားအမှန်၀တ္ထုတိုသည်ဇာတ်လမ်းကောင်းအင်္ဂါရပ်နှင့်ကိုက်ညီမှုရှိပါသလား။သုံးသပ်ဖြေဆိုပါ။"
ဆိုတဲ့ အင်မတန်ကောင်းတဲ့မေးခွန်းလေးကိုအကူအညီတောင်းလို့ဗျာ။မှတ်မှတ်ရရ ကျွန်တော်တို့ BEd (တတိယနှစ်)၀တ္ထုတိုပိုင်းမှာ ဆရာမကြီးဒေါက်တာခင်ဌေးမြင့်၏ အသင်အပြပိုင်နိုင်မှုတို့ကြောင့် ခုချိန်ထိတိုင် ရင်ထဲကျန်ရှိနေခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုလည်းမမှားပါဘူး။

🎉 Facebook recognized me as a top rising creator this week! Supportပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျန်းမာချမ်းသာ...
13/05/2024

🎉 Facebook recognized me as a top rising creator this week!

Supportပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျန်းမာချမ်းသာကြပါစေ။❤️🙏

ဆရာဇော်ဂျီရဲ့ ဟောဒီ"နွေဦးကျက်သရေ" ရသစာတမ်းကိုသင်ခဲ့ဖူးသူတိုင်းအခုဆို ကလေး(၂)ယောက်လောက်တော့ရကြရောပေါ့။😁ဘယ်အတန်းမှာသင်ခဲ့ရ...
13/05/2024

ဆရာဇော်ဂျီရဲ့ ဟောဒီ"နွေဦးကျက်သရေ" ရသစာတမ်းကိုသင်ခဲ့ဖူးသူတိုင်း
အခုဆို ကလေး(၂)ယောက်လောက်တော့ရကြရောပေါ့။😁
ဘယ်အတန်းမှာသင်ခဲ့ရတာလဲ...မှန်မှန်ဖြေ...။

နောက်ဆုံးတော့လည်း ကျွန်တော်အင်မတန်မြတ်နိုးတန်ဖိုးထားရပါသော"စိတ်ကြိုက်မြန်မာစာ"ဘာသာတွဲကို ဘယ်အစိုးရတက်တက် အရာမသွင်းခံခဲ့ရ...
12/05/2024

နောက်ဆုံးတော့လည်း ကျွန်တော်အင်မတန်မြတ်နိုးတန်ဖိုးထားရပါသော
"စိတ်ကြိုက်မြန်မာစာ"ဘာသာတွဲကို ဘယ်အစိုးရတက်တက် အရာမသွင်းခံခဲ့ရပါဘူးဗျာ....။စာအရဆိုဖြုတ်ပစ်လိုက်တဲ့သဘောပါပဲ။တစ်ယောက်ရွေးချယ်ခဲ့ရင်အဲ့တစ်ယောက်ကိုသင်ပေးမယ်လို့စိတ်ကူးခဲ့ပေမယ့် အခုတော့ ........😢။

Diploma in Education ၀င်ခွင့် ဖြေဆိုမည့် သူများတောင်းဆိုထားသောအထက်တန်းဆင့် စိတ်ကြိုက်မြန်မာစာပါ--သု၀ဏ္ဏသာမဇာတ်မင်စာ-ကဗျာ...
12/05/2024

Diploma in Education ၀င်ခွင့် ဖြေဆိုမည့် သူများတောင်းဆိုထားသောအထက်တန်းဆင့် စိတ်ကြိုက်မြန်မာစာပါ-
-သု၀ဏ္ဏသာမဇာတ်မင်စာ
-ကဗျာ့နာရီသဘောကို လေ့လာခြင်း .....(၂)ပုဒ်ကို ပညာဒါနအဖြစ်ရေးသားမျှဝေပါသည်။

(အမြန်ရိုက်ထားရလို့အချို့နေရာ သတ်ပုံအမှားအယွင်းရှိပါက ပြင်ပါရန်။)

11/05/2024

Grade12(မြန်မာစာ)
----------------------------
တစ်မှတ်တန်(အလွယ်ကျက်)




10/05/2024

ရန်ကုန်ပညာရေးတက္ကသိုလ်
-------------------------------

၂၀၂၄ -၂၅ပညာသင်နှစ်( ပညာရေးဒီပလိုမာ စာပေးစာယူ)
ပထမနှစ်သင်တန်းဝင်ခွင့်စာမေးပွဲ အချိန်ဇယား

ဘာသာရပ်အားလုံး (၂၀.၅.၂၀၂၄) တွင် နံနက် (၉:၀၀ မှ ၁၂း၀ဝ)အထိ သတ်မှတ်ထားသောစာစစ်ဌာနအသီးသီး၌အချိန်နှင့်တပြေးညီဖြေဆိုကြရပါမည်။

ပုံ
မော်ကွန်းထိန်း

09/05/2024

ကျောင်းသင်ရိုး၀င်မြန်မာကဗျာများကိုခေတ်အလိုက်ချဥ်းကပ်ခြင်းနည်း
----------------------------------------------------------------------------------
(Grade 10,11,12)

(မြန်မာစာရပ်၀န်းကညီအစ်ကိုမောင်နှမ၊ဆရာသမားများအနေဖြင့်အမှားပါလျှင်ခွင့်လွတ်ပါဟုဂါရ၀ပြုလျက်။အစီအစဉ်မရှိဘဲလက်တန်းရိုက်ထားရလို့ပါ။)


#မြန်မာစာ



08/05/2024

"ယဉ်ကျေးချေငံမှုဆိုင်ရာလမ်းညွှန်များ"
---------------------------------------------
Grade(12)တက္ကသိုလ်၀င်တန်းမှာမေးဖို့ရာနှုန်းအများဆုံးအပုဒ်ဖြစ်သည်။
(ရှင်းပြထားတဲ့စာအုပ်လေး၀ယ်ချင်ရင်တော့ ဆရာကြီး‌ဒေါက်တာရဲအောင်ပြုစုရေးသားထားပြီးပဉ္စဂံစာအုပ်တိုက်ကဖြန့်ဝေထားပါတယ်ခင်ဗျာ။နီးစပ်ရာမှာ၀ယ်ယူအားပေးနိုင်ပါတယ်။)


.Ed

#မြန်မာစာ
#အင်းလယ်ကရွှေကြာပန်းကဗျာ

(ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း၊ပုံနှိပ်ဖြန့်ဝေရောင်းစားခြင်းများတွေ့ရှိပါက ခွင့်မလွတ်ပါ။)ကျွန်တော်ကိုယ်တိုင်ရေးသားပြုစုထ...
05/05/2024

(ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း၊ပုံနှိပ်ဖြန့်ဝေရောင်းစားခြင်းများတွေ့ရှိပါက
ခွင့်မလွတ်ပါ။)
ကျွန်တော်ကိုယ်တိုင်ရေးသားပြုစုထားပြီး ဘယ်မှာမှရှာမရနိုင်တဲ့ BEd (First year+Second year) course
(ကဗျာ+စကားပြေ) မေးခွန်းရှည်များကို ပညာဒါနအဖြစ်မျှဝေပေးလိုက်ရပါတယ်။

"အ၀မြို့"တစ်ပုဒ်က စာရိုက်နေတုန်းပါ။ကျန်ခဲ့လို့။

ဆရာမျိုးကို(မြန်မာစာ)
BEd(Myan,Phys,Bio)

B.Ed course (မြန်မာစာ) (First year +Second year)ကဗျာနှင့်စကားပြေ လေ့လာစရာမေးခွန်းရှည်ဖြေဆိုမှုများဆရာ့ဆီမှာရရှိနိုင်ပါပြ...
03/05/2024

B.Ed course (မြန်မာစာ) (First year +Second year)
ကဗျာနှင့်စကားပြေ လေ့လာစရာမေးခွန်းရှည်ဖြေဆိုမှုများဆရာ့ဆီမှာရရှိနိုင်ပါပြီ။

ဆရာမျိုးကို(မြန်မာစာ)
BEd(မြန်မာစာ၊ရူပဗေဒ၊ဇီဝေဗေဒ)

03/05/2024

Terminology on Education and Educational Research
(ပညာရေးနှင့် ပညာရေးသုတေသန အသုံးအနှုန်းများ)

A
Abnormal persons စိတ်မူမမှန်သူများ
Achievement test တတ်မြောက်မှုစစ်ဆေးခြင်း။ တတ်မြောက်မှု စစ်ဆေးလွှာ။ ထမြောက်အောင်မြင်မှု စစ်ဆေးလွှာ။
Action research လုပ်ငန်းသုတေသန
Analogy အနည်းငယ်တူသော ဥပမာ၊ ဥပမေယျကို နှိုင်းယှဉ်ဆင်ခြင်ခြင်း
Analysis of assembled specimens စုဆောင်းထားသော နမူနာများကို စိစစ်ချက်
Analysis of characteristics လက္ခဏာများကို စိစစ်ချက်
Analytical survey အသွင်အပြင်၊ အဖြစ်အပျက်ကို စိစစ်လေ့လာမှုပြုသည့် ဆာဗေး
Anecdote ဖြစ်ရပ်မှန်အထောက်အထား
Applied research အသုံးချသုတေသန
Approach ချဉ်းကပ်မှု
Aptitude test အထုံဝါသနာစစ်ဆေးလွှာ
Attitude သေဘာထား
Attitude scale သဘောထားစကေး
Attitude studies သဘောထားလေ့လာမှု

B
Basic research အခြေခံသုတေသန
Behaviour အပြုအမူ။ အမူအရာ။
Behavioural condition အပြုအမူအခြေအနေများ
Behaviour studies အမူအရာလေ့လာမှု
Bibliographical index ကျမ်းကိုးအညွှန်း
Bibliographical note ကျမ်းကိုးစာရင်းမှတ်စု
Bibliography ကျမ်းကိုးစာရင်း
Building survey အဆောက်အအုံဆာဗေး

C
Case clinical စိတ်ကုခန်းဆိုင်ရာ ဖြစ်ရပ်လေ့လာမှု
Case history / case study ဖြစ်ရပ်လေ့လာနည်း
Causal comparative အကြောင်းရင်းနှိုင်းယှဉ်လေ့လာနည်း
Characteristics of a good sample ကောင်းမွန်သောနမူနာကောက်ခြင်း၏ လက္ခဏာများ
Check-list စစ်ဆေးစာရင်း
Clinic စိတ်ကုခန်း
Clinical စိတ်ကုသခြင်း
Clinical interview စိတ်ကုခန်းဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း
Closed or fixed alternative ရွေးချယ်ခွင့်ပေးအပိတ်မေးခွန်း
Closed questions/ close-ended question ဟုတ်ပါသည်၊ မဟုတ်ပါဟူ၍ ဖြေဆိုရန်သာ လိုအပ်သည့် အပိတ်မေးခွန်း
Comparison with scaled specimens စံနမူနာပုံစံများနှင့် နှိုင်းယှဉ်ခြင်း
Compiling a bibliography ကျမ်းကိုးစာရင်းပြုစုခြင်း
Completion item ဖြည့်စွက်မေးခွန်းပုံစံ
Conception အတွေးအခေါ်အယူအဆ
Constituent elements/ parts အကျုံးဝင်သော အရာများ/ အစိတ်အပိုင်းများ
Constituent survey ခြုံငုံအကျုံးဝင်သော ဆာဗေး
Content analysis ပါဝင်သောအကြောင်းအရာများကို စိစစ်ခြင်း
Control factor ထိန်းချုပ်မှုအကြောင်းအရာ
Critical incidence technique အရေးကြီးသော ဖြစ်ရပ်ကြောင်းခံကြည့်ရှုလေ့လာနည်း
Criticism of data အချက်အလက်များကို ဝေဖန်ဆန်းစစ်ခြင်း
Cross questioning အပြန်ပြန်အထပ်ထပ် မေးမြန်းခြင်း
Cross-sectional research အုပ်စုကူးလေ့လာသုတေသန
Cross-sectioned ကန့်လန့်ဖြတ် လေ့လာနည်း
Curriculum studies သင်ရိုးညွှန်းတမ်းလေ့လာမှု
Curriculum validity သင်ရိုးညွှန်းတမ်းဆိုင်ရာ ခိုင်လုံမှု

D
Data အချက်အလက်များ
Data collection/ Collection of data အချက်အလက်များစုဆောင်းခြင်း
Dependent variable မှီကိန်းရှင်
Depth စိတ်ကို အတွင်းကျကျ လေ့လာခြင်း
Derivation of conclusion ထင်မြင်ချက်၊ အဆုံးအဖြတ်၊ ယေဘုယျသဘော ခြုံငုံတင်ပြခြင်း
Descriptive survey သရုပ်ဖော်လေ့လာမှုဆာဗေး
Diagnostic ရောဂါရင်းမြစ် စိစစ်ခြင်း
Directed interview လမ်းညွှန်မှုပြုသော တွေ့ဆုံမေးမြန်းခြင်း
Documentary-frequency studies အထောက်အထားများကို စိစစ်လေ့လာမှု
Documents မှတ်တမ်းများတွင် ပါဝင်သည့် အထောက်အထားများ
Double-paralleled question အချက်အလက်နှစ်ခုစလုံးကို အလေးပေးထားဟန်ရှိသော မေးခွန်း
Double negatives “မ” နှစ်ခုပါသော စကားစုများ

E
Eclectic theory of interpreting အဓိပ္ပာယ်ဖွင့်ဆိုမှု၏ ညွန့်ပေါင်းနည်း သီဝရီ
Educational index ပညာရေးအညွှန်း
Encyclopedia of educational research ပညာရေးသုတေသနစွယ်စုံကျမ်း
Equivalent parallel-group design တူညီယှဉ်ပြိုင်သော အုပ်စုဒီဇိုင်း
Errors due to bias ဘက်လိုက်မှုကြောင့် မှားတတ်သော အမှား
Evaluation အကဲဖြတ်ခြင်း
Experimental designs လက်တွေ့စမ်းသပ်မှုဒီဇိုင်းများ
Experimental factor လက်တွေ့စမ်းသပ်မှုအကြောင်းအရာ
Experimental method လက်တွေ့စမ်းသပ်သုတေသနပြုနည်း
External behavior ပြင်ပအပြုအမူ
External criticism အပြင်ဝေဖန်ဆန်းစစ်မှု။ ပြင်ပဝေဖန်ဆန်းစစ်မှု။
Extrapolation ဆက်စပ်မှန်းဆမှု
F
Filter question အခံမေးခွန်း
Final examination အပြီးသတ်စစ်ဆေးမှု
Financial studies ဘဏ္ဍာရေးလေ့လာမှု
Focus group discussion အုပ်စုလိုက် စူးစိုက်တွေ့ဆုံဆွေးနွေးခြင်း
Focused စူးစိုက်တွေ့ဆုံ မေးမြန်းခြင်း
Focused interview စူးစိုက်တွေ့ဆုံမေးမြန်းခြင်း
Follow-up studies နောက်ဆက်လုပ်ငန်းလေ့လာမှု
Formal education ကျောင်းတွင်းပုံစံကျပညာရေး (ကျောင်းသင်ပညာရေး)
Frequency count of events အဖြစ်အပျက် ကြိမ်နှုန်း ရေတွက်မှု
Function လုပ်ဆောင်ခြင်း
Funnel approach ဗဟိုစုမေးခွန်းမေးနည်း
Funnel question ဗဟိုစုမေးခွန်း
G
Generalization ယေဘုယျပြုခြင်း။ ယေဘုယျသဘော။
Genetic method မျိုးရိုးဗီဇလေ့လာနည်း
H
Halo affect ထိုက်သင့်သည်ထက် အမှတ်ပို၍ ပေးလိုသည့်စိတ်
Higher criticism အဆင့်မြင့်ဆန်းစစ်မှု
Higher level of mental power အဆင့်မြင့်မြင့် စဉ်းစားနိုင်သည့် အရည်အချင်း
Historical method သမိုင်းကြောင်းသုတေသနပြုနည်း
Historical research သမိုင်းကြောင်းသုတေသန
Historical perspective သမိုင်းအမြင်
Horizontal research အလျားလိုက်လေ့လာသုတေသန
Hypothesis ကြိုတင်မှန်းဆချက်ကို တင်ပြခြင်း
I
Imagination ကြံဆတီထွင်ဥာဏ်
Incidental sampling အမှတ်မဲ့ နမူနာ ကောက်ခြင်း
Independent variable လွတ်ကိန်းရှင်
Individual interviewee တစ်ဦးချင်းအပေါ် လေ့လာခြင်း
Inference ဆင်ခြင်မှု
Information အချက်အလက်များ
Inquiry form မေးခွန်းပုံစံစာရွက်ဖြင့် စုံစမ်းမေးမြန်းခြင်း
Instruments နည်းလမ်းများ
Intelligence test ဥာဏ်ရည်စစ်ဆေးလွှာ
Interest inventory စိတ်ဝင်စားမှုစစ်ဆေးလွှာ
Internal-consistency method of item analysis - စုံစမ်းခံတစ်ဦးစီရရှိသော စုစုပေါင်းရမှတ်တွင် ယင်းအဆိုပြုချက်ရမှတ်ကို နှုတ်ပြီးနောက် ပေါ်ထွက်လာသော ရမှတ်နှင့် ယင်းအဆိုပြုချက် အတွက် ရသောအမှတ်တို့ နှိုင်းယှဉ်ဆက်စပ်ကာ စီစစ်မှုနည်းလမ်း
Internal criticism အတွင်းဝေဖန်ဆန်းစစ်မှု
Interpretation အနက်ကောက်ခြင်း
Interpretation of data အချက်အလက်ကို အနက်ကောက်ခြင်း
Interview တွေ့ဆုံမေးမြန်းခြင်း
Interviewee/ respondent ဖြေဆိုသူ
Interviewees in group အုပ်စုလိုက်ကို လေ့လာခြင်း
Interviewer နှုတ်မေးခွန်းများဖြင့် မေးမြန်းသူ။ တွေ့ဆုံမေးမြန်းသူ။
Interviewer’s bias တွေ့ဆုံမေးမြန်းသူ၏ ပုဂ္ဂိုလ်စွဲလွှမ်းမိုးမှုမကင်းခြင်း
Inventory စစ်တမ်း
J
Judgement အဆုံးအဖြတ်
Jury technique အတိုင်ပင်ခံလူကြီးတစ်စု၏ ဆုံးဖြတ်နည်းနိဿယကို အသုံးပြုခြင်း
K

L
Large-scale research အကြီးစားသုတေသန
Leading question ရေလာမြောင်းပေး မေးခွန်း
Library card catalogue စာကြည့်တိုက်ကတ်ပြားစာရင်း
Likert’s method of summated ratings လိုင်းကတ်၏ အကဲဖြတ်တန်ဖိုးများပေးထားသော သဘောထားစစ်ဆေးလွှာ
Likert’s scale လိုင်းကတ်သဘောထားစစ်ဆေးလွှာ
Loaded words ပြင်းထန်သော စကားလုံးအသုံးအနှုန်းများ
Long-term research နှစ်ရှည်သုတေသန
Lower criticism အဆင့်နိမ့်ဆန်းစစ်မှု

M
Matching item တူရာတွဲမေးခွန်းပုံစံ
Median scale value တစ်ဝက်ကိန်းစကေးတန်ဖိုး
Method-notes နည်းနိဿယမှတ်စု
Multi-disciplinary research ပညာရပ်စုံသုတေသန
Multiple-choice item အဖြေအများမှ အမှန်ဆုံးတစ်ခု ရွေးသည့်ပုံစံ

N
Negative criticism အပြစ်ရှာမှုသဘောဆောင်သည့် ဝေဖန်မှု
Negative internal criticism အပြစ်ရှာသည့် အတွင်းဝေဖန်ဆန်းစစ်မှု
Non-directive interview လွတ်လပ်စွာ ဖြေဆိုခွင့်ပေးသော တွေ့ဆုံမေးမြန်းခြင်း
Non-directive/ free response လွတ်လပ်စွာ ဖြေဆိုခွင့်ပေးခြင်း
Non-formal education ကျောင်းပြင်ပ ပညာရေး
Non-participant observation လေ့လာကြည့်သူအဖြစ် လေ့လာကြည့်ရှုခြင်း
Non-standardized test စံပြုမထားသော စစ်ဆေးခြင်း
Normative studies အခြေအနေမှန်ကို လေ့လာခြင်း
Normative survey ပကတိအခြေအနေမှန်ကို လေ့လာသည့် ဆာဗေးနည်း

O
Objective observation ဓမ္မဓိဋ္ဌာန်ကျ ရှုမှတ်ခြင်း
Observation ကိုယ်တိုင်ကြည့်ရှုလေ့လာခြင်း
Open-ended or unrestricted questions ဖြေဆိုသူက လွတ်လပ်စွာ ဖြေဆိုနိုင်သော အဖွင့်မေးခွန်းများ
Opinionnaire or Attitude Scale ထင်မြင်ချက် (သို့မဟုတ်) သဘောထားစစ်ဆေးလွှာ

P
Panel interviewers မေးမြန်းသူများက စုပေါင်းစစ်ဆေးနည်း
Paraphrasing စကားပြေပြန်ခြင်း
Participants ပါဝင်သူများ
Participant observation ပါဝင်သူအဖြစ် လေ့လာကြည့်ရှုခြင်း
Periodic test ကာလပိုင်းအလိုက် စစ်ဆေးမှု
Personality measures ကိုယ်ရည်ကိုယ်သွေးစစ်ဆေးတိုင်းတာချက်များ
Personality test ကိုယ်ရည်ကိုယ်သွေးစစ်ဆေးလွှာ
Phenomena ဖြစ်ရပ်များ
Physical condition ရုပ်အခြေအနေ
Pilot research ရှေ့ပြေးသုတေသန
Positive criticism အပြုသဘောဆောင်သည့် ဝေဖန်မှု
Positive internal criticism အပြုသဘောအတွင်း ဝေဖန်ဆန်းစစ်မှု
Power test & speed test နားလည်စွမ်းရည်စစ်ဆေးခြင်းနှင့် အမြန်နှုန်းစစ်ဆေးခြင်း
Practice လက်တွေ့ကျင့်သုံးမှု
Primary source ပင်ရင်းအထောက်အထားအရင်းအမြစ်
Primary and secondary sources ပင်ရင်းနှင့်တစ်ဆင့်ခံ အထောက်အထား အရင်းအမြစ်များ
Probable error formula ဖြစ်နိုင်ဖွယ် အမှားတွက်ဆမှု ပုံသေနည်း
Problem of sampling နမူနာကောက်ယူမှုပြဿနာ
Program of survey ဆာဗေးအစီအစဉ်
Prognostic research ကြိုတင်ခန့်မှန်းသုတေသနလုပ်ငန်း
Proposed scoring key ယာယီအမှတ်ပေးစနစ်
Psychological tests စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း
Purposive sampling ရည်ရွယ်ချက်တစ်ခုဖြင့် နမူနာကောက်ခြင်း

Q
Questionnaire စုံစမ်းမေးမြန်းလွှာ
Quotation ကောက်နုတ်ချက်
R
Random sampling ကျပန်းနမူနာ ကောက်ခြင်း
Random sampling error ကျပန်းနမူနာကောက်အမှား
Ranking of human beings အတန်းအစားခွဲခြားခြင်း
Rating of specimens နမူနာပုံစံဖြင့် အကဲဖြတ်ခြင်း
Rating scale အကဲဖြတ်စကေး
Reasoning အကြောင်းပြမှု
Reconnaissance ကြိုတင်ကြည့်ရှုလေ့လာခြင်း
Reliability ကိုးစားနိုင်မှု
Remains / relics အတိတ်ကာလမှ ကြွင်းကျန်ရစ်သော ရုပ်ကြွင်းများ

Research သုတေသန
Research interview သုတေသနအတွက် တွေ့ဆုံမေးမြန်းခြင်း
Results အကျိုးသက်ရောက်ချက်များ
Results of learning လေ့လာသင်ယူမှု၏ အကျိုးသက်ရောက်ချက်များ
Review of educational research ပညာရေးသုတေသနသုံးသပ်ချက်စာတမ်း
Roles ကဏ္ဍများ
Rotation-group design အလှည့်ကျအုပ်စုဒီဇိုင်း
Rote memory အလွတ်ကျက်မှတ်ဥာဏ်

S
Sample surveys နမူနာကောက်ဆာဗေးများ
Scaled specimen နမူနာစကေး
Schedule မေးခွန်းစာရင်း
School appraisal ကျောင်း၏လုပ်ငန်းကို အကဲဖြတ်ခြင်း
Score and rating scale အမှတ်ပေးကတ်ပြားနှင့် အကဲဖြတ်စကေး
Score card အမှတ်သွင်းကတ်ပြား။ အမှတ်ပေးကတ်ပြား။
Secondary source တစ်ဆင့်ခံအထောက်အထားအရင်းအမြစ်
Selection and organization ရွေးချယ်ဖွဲ့စည်းခြင်း
Short-term research အချိန်တိုသုတေသန
Single-group design တစ်ခုတည်းသော အုပ်စုဒီဇိုင်း
Single interviewer မေးမြန်းသူတစ်ဦးချင်းက စစ်ဆေးနည်း
Small-scale research အသေးစားသုတေသန
Social distance scale လူမှုရေးအရ တစ်ဦးနှင့်တစ်ဦး နီးစပ်မှုခန့်မှန်းခြင်းစကေး
Social phenomenon လူမှုဖြစ်ရပ်
Sociogram ဆက်ဆံရေးပြပုံစံ
Sociometric ဆက်ဆံရေးတိုင်းတာနည်း
Sociometric or social measures လူမှုဆက်ဆံရေးတိုင်းတာခြင်း
Sources အရင်းအမြစ်များ
Sources of historical evidence သမိုင်းအရင်းအမြစ်အထောက်အထားများ
Stakeholders ပတ်သက်ဆက်နွှယ်သူများ
Standardized test စံပြုစစ်ဆေးခြင်း။ စံပြုစစ်ဆေးလွှာ။
Statements ဖွင့်ဆိုချက်များ
Statistical validity စာရင်းအင်းဆိုင်ရာ ခိုင်လုံမှု
Status studies အခြေအနေလေ့လာမှုများ
Status survey အခြေအနေလေ့လာအကဲဖြတ်ရေး ဆာဗေး
Steps in historical research သမိုင်းကြောင်းသုတေသနလုပ်ငန်းစဉ်
Stratified sampling အလွှာခွဲနမူနာ ကောက်ခြင်း
Study of current practice လက်ရှိလက်တွေ့ကျင့်သုံးမှုဆိုင်ရာလေ့လာခြင်း
Style of writing ရေးသားသည့်ဟန်
Subject ဘာသာရပ်အကြောင်းအရာ
Subject-note ဘာသာရပ်မှတ်စု
Summarizing အကျဉ်းချုပ်လေ့လာမှုများ
Summary အကျဉ်းချုပ်ခြင်း
Survey method ဆာဗေးနည်း
Survey testing ဆာဗေးစစ်ဆေးခြင်း
Synthesis ပေါင်းစည်းပေးခြင်း
T
Tally တာလီ
Technique နည်းနိဿယ
Testimony သက်သေသာဓကများ
Test-retest method စစ်ဆေးလွှာတစ်ခုတည်းဖြင့် နှစ်ကြိမ်စစ်ဆေးနည်း
The guess-who technique မှန်းဆခြင်း
Thinking စဉ်းစားမှု
Thurdstone’s technique of scaled values သာ့စ်တုန်း၏ စကေးတန်ဖိုးများ ပေးထားသော စစ်ဆေးလွှာ
Tools သုတေသနတွင် အသုံးပြုသည့် ကိရိယာများ
Tools for data collection အချက်အလက်များ ဖော်ထုတ်ရယူစုဆောင်းသည့် ကိရိယာများ
Trends ဖြစ်ပေါ်မှုလမ်းကြောင်းများ
Trends of development ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ
True/False item မှန်-မှား ဖြေဆိုရသည့်ပုံစံ

U
Unbiased ယိမ်းယိုင်မှုမရှိခြင်း
Unbiased estimator မယိမ်းယိုင်သော ခန့်မှန်းခြေ
Uncontrolled experimentation ထိန်းချုပ်မှုမရှိသော လက်တွေ့စမ်းသပ်ခြင်း
V
Validity ခိုင်လုံမှု
Validity of instruments နည်းလမ်းများ၏ ခိုင်လုံမှု
Values တန်ဖိုးထားမှု
Vertical research ဒေါင်လိုက်လေ့လာသုတေသန
Viva voce/ oral test နှုတ်မေးနှုတ်ဖြေ
Vocabulary analysis ဝေါဟာရ စိစစ်ချက်
W

X

Y

Z
Zero correlation ဆက်စပ်မှု လုံးဝမရှိခြင်း
ရည်ညွှန်းကိုးကားသော စာအုပ်များ................................
ဒေါက်တာခင်ဇော်နှင့်သုတေသီများ (၂၀၀၀) ပညာရေးသုတေသန
ဒေါက်တာသန်းထွန်း (-) သုတေသနထုံး
လေးစားမှုဖြင့်
ထွန်းမင်း (ပညာရေးတက္ကသိုလ်)
၃၁.၁၀.၂၀၁၈ (ဗုဒ္ဓဟူးနေ့)

ที่อยู่

Bang Naun
590-0975

เบอร์โทรศัพท์

+959952398615

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Learn Burmese with Myo Koผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


ครีเอเตอร์ดิจิทัล อื่นๆใน Bang Naun

แสดงผลทั้งหมด